Dɪᴠᴏʀᴄᴇ Sᴄᴇɴᴀʀɪᴏ [KOOᗰOՏ]

By JeonKooKooD

71.9K 3.3K 139

🌳လမ်းခွဲပြတ်ဆဲခြင်းဇာတ်လမ်း🌳 🌳Divorce Scenario 🌳 ငါတို့ချစ်ခဲ့ကြတယ် ငါတို့တွေ့ဆုံခဲ့ကြတယ် မဖျေ... More

🧷Introduction 🧷
🌳Episode 1🌳
🌳Episode 2🌳
🌳Episode 3🌳
🌳Episode 4🌳
🌳Episode 5🌳
🌳Episode 6🌳
🌳Episode 7🌳
🌳Episode 8🌳
🌳Episode 9🌳
🌳Episode 11🌳
🌳Episode 12🌳
🌳Episode 13🌳
🌳Episode 14🌳
🌳Episode 15🌳
🌳Episode 16🌳
🌳Episode 17🌳
🌳Episode 18🌳
🌳Episode 19🌳
🌳Episode 20🌳
🌳 Ending 21🌳
🧷ကျေးဇူးတင်လွှာ🧷

🌳Episode 10🌳

2.9K 150 6
By JeonKooKooD

"အိုး Jungkook ကမပြောင်းလဲသေးပါ့လား ဟ ဟ"

အလယ်ကသူကမျက်မှန်ချွတ်ကာ Jungkook ဘေးမှ ခပ်ငယ်ငယ်ဂျပန်မလေးကို မေးဆပ်ပြကာ ခပ်ဩဩအသံဖြင့်ပြောလာတော့ jungkook မှာသွေးပျက်သွားသည်။

"ထယ်..."

အချိန်အတန်ကြာငေးကြည့်နေမိသည်။

ဟုတ်သည်...
ထယ်မှထယ်ပဲ...

         🌳 Divorce Scenario 🌳

"Hello "

ထယ်ယောင်းတို့စကားတပြောပြောနှင့် ကားများဆီလျှောက်သွားကြတော့ အနောက်မှခေါ်သံတခုကြောင့် အားလုံးရပ်တန့်သွားကြသည်။

"Oh.
အန်ဝူပဲ
ဘာလဲ ထပ်ရှုံးချင်လို့လား ဟ ဟ"

ဟိုဆော့က ပခုံးတချက်တွန့်လျှက် နှုတ်ခမ်းတွန့်ချိုးစွာမေးလေသည်။

"အာ နောက်မှပေါ့
အခုတော့ လာနှုတ်ဆက်တာပါ"

အားလုံးကမျက်မှန်တွေနှင့်မို့ Jungkook ခုချိန်ထိသေချာမသိသေးချေ။

အန်ဝူကအနီရောင်နှင်းဆီပန်းစည်းကြီးကို အလယ်ကသူထံသို့ပေးလိုက်သည်။

"ဒါကကျနော့လက်ဆောင်ပါ
ဒီစတော်ဘယ်ရီတွေက V ကြိုက်မယ်ထင်လို့"

ခပ်တည်တည်နှင့်အလယ်ကလူဘေးမှသူကဖြတ်ယူလိုက်သည်။

"ကင်မ်တယောက်တည်းအတွက်ပဲလား
ငါတို့ကရော"

"အော် ဟီး.."

"အိုကေ ယူထားလိုက်မယ်
ငြင်းရအောင်ငါတို့ကမိန်းကလေးမှမဟုတ်တာ ဟုတ်တယ်ဟုတ်"

"ဟုတ်တာပေါ့ လက်ခံပေးတာကျေးဇူးဗျာ"

"မလိုပါဘူး"

အဖွဲ့ထဲဝယ် ခပ်ပုပုလုံးလုံးနှင့်တယောက်ကဝင်ပြောလေသည်။

Jungkook သတိထားမိသည်က မိမိမျက်စိရှေ့မှ သူများကိုရင်းရင်းနှီးနှီးမြင်ဖူးနေသလိုလိုရယ်...

"အော် ဒါကကျနော့သူငယ်ချင်း JKပါ"

Jungkook လည်းမျက်မှန်ချွတ်ကာခေါင်းညိတ်ပေးလိုက်တော့...

အဖွဲ့ထဲမယ်အရပ်အရှည်ဆုံးနှင့် အလယ်က‌တယောက်နှင့်ပုံစံတူတထပ်တည်းဝတ်ထားသောသူက...

"Jeon Jungkook မဟုတ်လား"

"ဟမ်"

Jungkook လည်းကြောင်သွားရသည်။ကိုရီးယားတနိုင်ငံကလွဲပြီးကျန်နိုင်ငံမှသူများက မိမိကို JK ဟုသာသိခြင်း။

"အိုး Jungkook ကမပြောင်းလဲသေးပါ့လား ဟ ဟ"

အလယ်ကသူကမျက်မှန်ချွတ်ကာ Jungkook ဘေးမှ ခပ်ငယ်ငယ်ဂျပန်မလေးကို မေးဆပ်ပြကာ ခပ်ဩဩအသံဖြင့်ပြောလာတော့ jungkook မှာသွေးပျက်သွားသည်။

"ထယ်..."

အချိန်အတန်ကြာငေးကြည့်နေမိသည်။

ဟုတ်သည်...
ထယ်မှထယ်ပဲ...

အရင်ကနှင့်မတူလုံးဝပြောင်းလဲသွားသည့် မျက်တောင်ရှည်တွေ...
ကော်ဖီရောင်ဆံပင်တွေကြားကအပြာနုရောင်ဖောက်ထားသောလိုင်းများ...
အနောက်သို့သိမ်းတင်ထားကာ ဆွဲဆောင်မှုရှိလာသည်။
နှုတ်ခမ်းမှ အကွင်းလေးတခု...
အနက်ရောင်ဝတ်စုံနှင့် ထယ့်အသားအရည်ဟာပိုမိုဝင့်ထည်စေသည်။
ကျန်‌ 4 ယောက်လိုဘောင်းဘီရှည်မဟုတ် အတိုကိုပေါ့ပေါ့ပါးပါးဝတ်ဆင်ထားသည်မို့ ခြေသလုံးမှအဆီပိုမရှိအမွှေးနုလေးတွေကလေတိုက်တိုင်း ခပ်လှုပ်လှုပ်ရယ်နှင့်။

ဘာရယ်မဟုတ် ဘေးမှကောင်မလေးလက်အားဖြုတ်ချပစ်လိုက်မိသည်။

အလိုက်မသိသည့်သူမကလည်း အတင်းဖက်တွယ်ပြန်၏။

"အိုး...
သိနေကြတာလား"

အန်ဝူက Jungkook ၏မျက်လုံးကျွတ်ထွက်မတတ်ကြည့်ခံနေရသော crush အားကြည့်ကာမေးမိတော့ crush ကခပ်ပြုံးပြုံးပင်...

"အင်း..အင်း...
သူ..."

Jungkook ၏ထစ်အအ စကားတွေကြောင့် နမ်ဂျွန်းကပဲဆက်လက်၍...

"သူအဖေနဲ့ ငါတို့အဖေတွေနဲ့ကစီးပွားဖက်တွေလေ။
အာ့ထက်မပိုပါဘူး"

"အော်..
ဒါ့ကြောင့်ကိုး"

အန်ဝူကတော့ သူငယ်ချင်းဖြစ်သူ၏သွေးပျက်နေသောမျက်နှာကြောင့် သူတို့ကြားထဲမှာတခုခုရှိမည်ဆိုသည်ကိုတော့အတတ်သိလေသည်။

သို့သော်အရိပ်အကဲသိသူပမာ ဘာမှဆက်မေးမနေတော့ဘဲ စကားလမ်းကြောင်းလွှဲကာ နှုတ်ဆက်၍ ပြန်လာခဲ့လိုက်သည်။

လမ်းတလျှောက်စကားမပြောဘဲ တိတ်ဆိတ်နေသူ jungkook ကြောင့် ပို၍ပင်သံသယဝင်မိတော့သည်။

အလာတွင်ခေါ်လာသောကောင်မလေးကိုလည်းလက်ကိုလိမ်ချိုးကာ ပိုက်ဆံပေးလိုက်သည်။

ထပ်မပတ်သတ်ရန်ပြောသည်။
ဒေါသလည်းထွက်နေသည့်ပုံပင်။

ဟုတ်သည်။
4နှစ်ရှိပြီ...
Jungkook ကယောကျာ်း/မိန်းမအကုန်တွဲတတ်ပေမယ့် တခါမှအိပ်လေ့မရှိချေ။အသားတောင်အထိမခံ။ဘာ့ကြောင့်များ အသားမထိဘဲ ရည်းစားတွေထားနေလဲတော့ ကျနော်မပြောတတ်။

တခါတခါမူးနေရင် Jungkook က"ထယ့်ကိုချစ်လိုက်တာကွာ"လို့ပြောသံကိုတော့ခဏခဏကြားဖူးခဲ့သည်။

ဂျပန်နှင့် ကိုရီးယားကိုကူးနေသူမို့ Jungkook အကြောင်းသူအကုန်သိသည်။

"Jungkook ahh"

အန်ဝူခေါ်လိုက်တော့ jungkook ကကားမောင်းရင်းလှည့်ကြည့်သည်။

"မင်းပြောတဲ့ crush ကအလယ်ကတယောက်လား"

"ဟုတ်တယ်လေ ဘာလို့လဲ Jungkook"

"မင်းမလိုက်နဲ့တော့"

"ဘာလို့လဲ"

"အာ့တာငါ့ကောင်လေး"

"ဟ ဟ"

အန်ဝူကရယ်သည်။"ဂရုမစိုက်ဘူး"ဆိုသည့်သဘော။

"ဟုတ်တယ်
ငါအတည်ပြောတာ
ငါသူ့ကိုတကယ်ချစ်မိသွားတာ"

"ဟမ်း ချက်ချင်းကြီး"

"လွန်ခဲ့တဲ့6နှစ်တုန်းကငါတို့တွဲခဲ့ဖူးတယ်"

"အာ့တာအရင်ကလေ
အခုမှမဟုတ်တာ ဟ ဟ"

"အန်ဝူ ငါတကယ်ပြောတာ
ငါအကုန်ပြင်မှာ သူ့ကိုငါပြန်လိုက်တော့မှာ"

"လိုက်လေငါကဘာပြောလို့လဲ?
ငါလည်းလိုက်မှာပဲ"

"အန်ဝူ"

Jungkook ကကားကို ဘရိတ်အုပ်ကာ အသံပြင်းပြင်းဖြင့်အော်လေသည်။

"Jungkook
V ကမင်းသိခဲ့တဲ့သူလို့ထင်နေတာလား
ငါသိတဲ့ V က Official ပြောပြီးသား
ရည်းစားရှုပ်တဲ့သူတွေကိုသူကရွေးချယ်မယ်မထင်ဘူး"

ဟူး!!

ဟုတ်တာပေါ့...
အရင်ကလည်းအာ့တာကြောင့်ပဲ သူတို့လမ်းခွဲခဲ့ကြသည်မဟုတ်လား?

ဒီတခါတော့ကျနော့်အတွက်သေချာသွားပြီ။
4နှစ်လုံးလုံး တခြားသူတွေနှင့်မအိပ်ခဲ့သလို 4နှစ်လုံးလုံးနောင်တရခဲ့သည်။

အသက်တွေကြီးလာကြလို့လားမသိ!
နက်နက်နည်းနည်းတွေးဖြစ်လာသည်။
4နှစ်လုံးလုံး အဖြေရှာခဲ့သည့် အဖြေက "ထယ့်ကိုပဲချစ်သည်"တဲ့လေ။

ကြားကြားချင်း နယ်သာလန်ကိုရောက်ဖြစ်ခဲ့တယ်။
မြေလှန်ရှာခဲ့တယ် မတွေ့ခဲ့ရဘူး။

18နှစ်ပြည့်ပြီးနောက်ပိုင်း အရာရာပိုတိကျလာတယ်။
နှလုံးသားက ထယ့် ကိုတောင့်တနေသည်လေ။

သူများပြန်လာလေမလားရယ်နှင့် Mr.Kimဆီတပါတ်တခါပုံမှန်သွားဖြစ်ခဲ့သည်။
ရောက်မလာခဲ့သူပါလေ။

4နှစ်အတွင်း Mr.Kim နှင့်တော့ရင်းနှီးမှုတွေရသင့်သလောက်ရခဲ့ပေသည်။

အခုထိ ကောင်လေး/ကောင်မလေးတွဲနေတုန်းလားဆိုတော့..
မဟုတ်ဘူး...
ထယ့် ကိုများမေ့နိုင်မလားလို့တွဲကြည့်တာ။

အဆင်မပြေခဲ့ဘူး။
သူတို့နဲ့တွဲနေရင် ထယ့် မျက်နှာလေးကိုမြင်ယောင်လာတယ်။
ကျနော့်အသားကို ကိုင်ခွင့်တောင် သူတို့ကိုခွင့်မပြုခဲ့ဘူး။
နမ်းရှုံ့တာဆိုးဝေးပေါ့။

ခုနကတယောက်ရဲ့ ထယ့်‌ ရှေ့မှာ ကျနော့လက်ကိုလာချိတ်သည့်သူမကြောင့်သတ်ပစ်ရလောက်အောင်ကိုဒေါသထွက်မိသည်။

ထယ့်ရှေ့မှာသာမဟုတ်ရင် ကျနော်ကသူမကို သတ်ပစ်ပြီးနေလောက်ပြီပင်။

ထယ်က သူ့ကိုယ်ခန္ဓာ ကိုတန်ဖိုးထားသူမို့ ကျနော်လည်း ကျနော့ကိုယ်ခန္ဓာကို ဒီ4နှစ်အတွင်းစောင့်ထိန်းခဲ့သည်။

ဒါကိုသူမ၏ ညစ်ပတ်သည့်လက်နှင့်လာထိသည်မို့ လက်ကိုတခါတည်းလိမ်ချိုးခဲ့မိသည်အထိလုပ်ပစ်ခဲ့လိုက်သည်။

ထယ့် နှုတ်ခမ်းကိုသာ သိသိသာသာလွမ်းနေခဲ့မိတာ။
ထယ် ပြောတာမှန်ခဲ့တယ်။
Love is Sex တဲ့။
Love ဆိုတာရှိမှ Sex ဆိုတာဖြစ်သင့်တာ။
Sex ရှိလို့ Love ဆိုတာက တဏှာတခုပဲဆိုတာ ကောင်းကောင်းသိခဲ့ရတယ်။

အဆင်မပြေခဲ့ဘူး။
ဒီ4နှစ်အတွင်းအရူးတယောက်လိုပဲ။
အခုတော့ ထယ့် ကိုတွေ့ရှိခဲ့လေပြီ။
ဒီတခေါက်တော့ ကိုယ်လုံးဝအဆုံးရှုံးမခံတော့ဘူးထယ်။

"သိပ်ချစ်တယ်ထယ်
နက်နက်နဲနဲကိုချစ်မိတာပါထယ်"

🌳 Divorce Scenario 🌳
Episode_11
Coming Soon 🔜


Continue Reading

You'll Also Like

3.6M 289K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
5.9K 77 10
Naruto meets the Kyuubi after Jiraiya pushes him off the cliff. Read along to see Naruto's journey of becoming a legendary ninja Naruto x fem Kyuubi
1.5M 111K 42
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
1.4M 34.4K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...