ညကအရှိန်တွေကြောင့် seokjin ရဲ့မနက်ခင်းလေးဟာ ခေါင်းကိုက်ခြင်းများနဲ့ စတင်ခဲ့ရသည်~
jin- အား...ကျွတ်စ်...ကျွတ်စ်...
nj- ဟာ...jin မင်းနိုးလာပြီလား?ညကတော်တော်များသွားတယ်နော် ဘာလဲ မင်းစိတ်ညစ်စရာတွေဘာတွေ ရှိနေလို့လား?
jin- မဟုတ်ပါဘူးကွာ မင်းတို့နဲ့မဆုံတာကြာတော့ မသောက်ဖြစ်တာလည်း ကြာပြီလေ အဲ့ဒါကြောင့်ပါ
nj- အေးပါကွာ ဒါဆိုလည်း ငါမင်းအတွက် သံပုရာရည်ဖျော်ပေးမယ် မင်းနည်း''ခေါင်းကိုက်သက်သာအောင်လို့
jin- ကျေးဇူးပဲ joon ရာ
nj- မလိုပါဘူးကွာ ပြီးရင်ဆင်းလာခဲ့
jin- ommm
Seokjin ခေါင်းကိုက်လို့အစောကြီး နိုးခဲ့သည် ခဏလေး မျက်စိမှိတ်ပြီး ငြိမ်ငြိမ်လေးထိုင်နေရင်း အတွေးထဲ jungkook ရောက်လာသောကြောင့် မျက်လုံးများကိုမြန်မြန်ပြန်ဖွင့်ကာ
*ဒီအချိန်လောက်ဆို ငါ့ကိုဒေါသတွေထွက်နေလောက်ပြီ ကောင်းတယ် မင်းငါ့ကိုများများဒေါသထွက်မှ ကြာလာရင် ငါ့ကိုမုန်းသွားမှာ ဒါမှငါလည်းမင်းရဲ့လက်ကနေအမြန်လွတ်မြောက်မှာ*
Seokjin အတွေးများကြောင့် ခပ်ရွဲ့ရွဲ့ပြုံးကာ အောက်သို့ဆင်းလာခဲ့သည်~
nj- လာ jin ဒီမှာမင်းအတွက်
jin- ကျေးဇူးပဲ joon
nj- jin ဒါနဲ့မင်းဘယ်အချိန်ပြန်မလဲ?ငါလိုက်ပို့ပေးမယ်လေ
"အိမ်ရောက်ရင် သူ့ကိုဒေါသတွေနဲ့ကြိုဆိုနေမယ့်သူရှိတာကြောင့်"
jin- အာ...မလိုပါဘူး joon.. ငါပြန်မောင်းနိုင်ပါတယ်
nj- သေချာလို့လား jinရဲ့
jin- jinပါမသေချာရင် မပြောဘူး ok?
nj- ဟုတ်ပါပြီကွာ တစ်ခုခုဆိုလည်း ငါ့ကိုအချိန်မရွေးခေါ်နော် ငါဒီမှာပဲရှိမှာ
jin- ဟင်?မင်းက ဟိုကိုမပြန်သေးဘူးလား?
nj- အဟက်...မပြန်ဖြစ်သေးဘူးကွ ငါလည်း ပြန်မရောက်ဖြစ်တာကြာတော့ ဒီတစ်ခါ ကြာကြာနေမလားလို့ ဒါပေမယ့် ဒီတစ်ခေါက်ပြန်လာတာ မင်းကမဂ်လာဆောင်သွားပြီဆိုတော့ အရင်လို သွားချင်တိုင်းသွား လာချင်တိုင်းလာလို့မရတော့ဘူး
jin- မင်းကလဲကွာ ဘာလို့မရရမှာလဲ?မင်းတစ်နေရာရာသွားချင်ရင် ငါ့ကိုခေါ်လိုက် ကြားလား ငါလည်းအားနေတာပဲ
nj- အေးပါကွာ ကျေးဇူးပဲ jin
************
nj- jin ဖြေးဖြေးလည်းပြန်မောင်းသွားအုံးနော် အိမ်ရောက်ရင်လည်း phဆက်အုံး
jin- အေးပါ joon ငါသွားပြီ bye..
မနက်အစောကြီးအိမ်ရှေ့မှာကားဟွန်းတီးသံကြားတာကြောင့်
?- အကိုလေး seokjin ပြန်ရောက်ပြီထင်တယ် မြန်မြန်ခြံတံခါးသွားဖွင့်ပေးလိုက်..
??- ဟုတ်.. ဟုတ်ကဲ့
Seokjin ကားကိုခြံထဲမောင်းဝင်လာပြီး အိမ်ရှေ့မှာကားကို ဘရိတ်ပြင်းပြင်းနင်းကာ ရပ်လိုက်သည် seokjin ကားထဲကထွက်လာတော့
?- အား...အကိုလေး အကိုလေး အရက်တွေသောက်လာတာလား?
jin- ဟုတ်တယ်လေ ဘာလဲဒီအိမ်ကလူတွေက အရက်သောက်ဖို့ပါ တားမြစ်ထားလို့လား?
?- အဲ့..အဲ့လိုမဟုတ်ပါဘူး အကိုလေး အကိုလေး jungkook ရှိတော့..
jin- ကျွန်တော့်ဘာသာကျွန်တော် အရက်သောက်တာတောင် သူ့ခွင့်ပြုချက်ယူရအုံးမှာလား?
?-မ..မဟုတ်ပါဘူး
အလုပ်သမားတွေလည်း သူတို့နှစ်ယောက်ရန်ဖြစ်ကြအုံးမည်ဆိုတာ သိတော့ ကိုယ့်လုပ်စရာရှိတာကို လုပ်ဖို့သွက်သွက်လေး ထွက်ခဲ့ကြသည် ဘေးမှာရှိရင်တော့ သေချာတယ် ဂျောင်ကုရဲ့ ဒေါသတွေသူတို့အပေါ်ကျလာမယ်ဆိုတာ မလွဲဧကန်ပင်~
Seokjin ခြေလှမ်းကျဲကျဲလှမ်းကာ အိမ်ထဲဝင်တော့ သူထင်ထားတဲ့အတိုင်း ဧည့်ခန်းထဲမှာ သူ့ကိုလက်ပိုက်ပြီး ဝါးစားတော့မည့်အတိုင်း စူးစိုက်ကြည့်ကာ ထိုင်စောင့်နေသော သူတစ်ဦးကိုတွေ့လိုက်ရသည် seokjin ဂရုမစိုက် ပဲအိမ်ပေါ်ထပ်တက်ရန် သွားနေတုန်း
jk- မင်းညကတော်တော်မှ ပျော်ခဲ့ရဲ့လား kim seokjin?
jungkook ရဲ့စကားကြောင့် seokjin ခြေလှမ်းများ ရပ်တန့်သွားကာ နောက်ပြန်လှည့်ပြီး jungkook ရဲ့ စူးရှလွန်းတဲ့ မျက်လုံးနှစ်စုံကိုကြည့်ပြီး
jin- သိပ်ပျော်တာပေါ့..(ခပ်ရွဲ့ရွဲ့လေးပြုံးကာ)
jk- ဘာ!!!
jungkook ဒေါသထွက်ပြီး seokjin နားကို လျှောက်လာခဲ့သည် seokjin နားရောက်တော့ အရက်နံ့ေတွမွှန်ထွန်လွန်းတာကြောင့်
jk- ဘာအခြေအမြစ်မှမရှိတဲ့ အလုပ်တွေလုပ်နေရတာ သိပ်ပျော်တယ်ဟုတ်လား? ဘယ်တုန်းကရော ဒီလောက်ထိသောက်တက်သွားရတာလဲ? ဟမ်!!!??
jin- အခြေအမြစ်မရှိဘူးဟုတ်လား?haha..ဒီမှာပိတ်လှောင်နေပြီး သူများနေခိုင်းသလိုနေ သွားခိုင်းသလိုသွား စားခိုင်းသလိုစားနေရတဲ့ဘဝထက် ငါမင်းပြောတဲ့ ဟိုအခြေအမြစ်မရှိဘူးဆိုတဲ့ ဘဝကိုပိုသဘောကျတယ်
jk- အား....
Seokjin ရဲ့ကော်လံကိုဆဲွဲပြီး seokjin ရဲ့မျက်နှာကို လက်သီးဖြင့်ရွယ်လိုက်မိသည်
jin- ထိုးလိုက်လေ ထိုးလိုက်!!
jinရဲ့ထိုးလိုက်ဆိုတဲ့စကားကြောင့် seokjin ကိုရွယ်ထားတဲ့လက်သီးရော seokjin ရဲ့ကော်လံကိုဆွဲထားတဲ့ လက်ကိုရော မကျေနပ်ကာချလိုက်သည်
jk- တောက်စ်!!!
jin- မင်းမထိုးဘူးလား? ဘာလဲ ငါ့ရဲ့ပါးကမင်းရဲ့လက်နဲ့မတန်လို့လား ဟုတ်လား?
jk- kim seokjin မင်းပါးစပ်ကိုပိတ်ထားလိုက်!!!
jin- မပိတ်တော့ မင်းကဘာလုပ်ချင်လို့လဲ?ကွာရှင်းချင်လို့လား??
jk- ဘာ...မင်းဘာပြောလိုက်တာလဲ kim seokjin?မင်းပြောနေတဲ့စကားရဲ့ အဓိပ္ပါယ် ကိုရော မင်းသိရဲ့လား?ဟမ်!!!??
jin- သိတာပေါ့ သိလို့ပဲပြောနေတာလေ မင်းကွာရှင်းချင်ရင် အချိန်မရွေးပဲနော်..
Seokjin ရဲ့အေးစက်လွန်းတဲ့စကားလေးတစ်ခွန်းကြောင့် jungkook ရင်ဘတ်ထဲ မီးတောင်ထပေါက်သွားသလိုပင် ခံစားလိုက်ရသည်
Seokjin ပြောပြီးအိမ်ပေါ်ထပ်ကိုတက်ဖို့လုပ်တော့ seokjin ရဲ့လက်ကို jungkook အတင်းဆွဲလိုက်ကာ ကြမ်းတမ်းသော အနမ်းများဖြင့် seokjin ရဲ့နှုတ်ခမ်းဖူးဖူးရဲရဲလေးတွေကို အပြစ်ပေးလိုက်သည်
seokjin အမူးများပင်ပြေသွားကာ သတိရတော့မှ jungkook ကိုအတင်းတွန်းထုတ်လိုက်သည်
jin- မင်း ဘာလုပ်တာလဲ? မင်း ရူးနေပြီလား jungkook!!!
jk- မင်း နောက်တစ်ခါ ကွာရှင်းဖို့ထပ်ပြောရင် ဒါထက်ပိုဆိုးသွားလိမ့်မယ် အဲ့ဒါမင်းသိထား!!!
jin- အဟက်.. ဒါကဖြေရှင်းတဲ့နည်းလမ်းတစ်ခုပဲလား jungkook? မင်းနဲ့ငါက မိဘတွေ သဘောတူလို့သာ လက်ထပ်ခဲ့ကြတာ တကယ်တော့ မင်းရောငါရောက ဘာပတ်သတ်မှုမှမရှိဘူး.. ပြီးတော့ ဘာနွေးထွေးမှုမှမရှိတဲ့ အိမ်ထောင်ရေးကို ငါစိတ်ကုန်နေပြီ မင်းလည်းစိတ်ကုန်နေလောက်ပြီပေါ့ အဲ့ဒါကြောင့် မင်းရောငါရော နှစ်ဦးသဘောတူ ကွာရှင်းရအောင် jungkook
jk- မင်းဘာတွေပြောနေတာလဲ? မင်းစိတ်မှမှန်သေးရဲ့လား? ဟမ်? မင်းသိထားဖို့ငါပြောလိုက်အုံးမယ် jungkook ဆိုတဲ့သူကသူသဘောမကျတဲ့အရာတွေကို ဂရုတောင်မစိုက်တဲ့ကောင် မင်းကို ငါကိုယ်တိုင်ကိုကချစ်လို့ လက်ထပ်ခဲ့တာ မင်းမှတ်ထား
jin- အဟက်...အဟက်...ချစ်လို့ဟုတ်လား?အဟက်...jungkook အချစ်ဆိုတာ နူးညံ့လွန်းတဲ့အရာ မင်းလိုကြမ်းတမ်းပြီး တစ်ကိုယ်ကောင်းဆန်တဲ့သူတွေက အချစ်ဆိုတဲ့အရာနဲ့ အဝေးကြီး အဲ့တာမင်းသိလား?
jk- မင်းကငါ့ကိုလာသင်ပြနေရအောင် အချစ်အကြောင်းတော်တော်သိနေတာလား?
Seokjin သည်းမခံနိုင်တော့ jungkook ကလည်းတစ်ချိန်လုံး သူ့အပေါ်အနိုင်ယူနေခဲ့တော့ seokjin ဆက်မပြောနိုင်တဲ့အဆုံး မျက်ရည်များဝဲတက်လာကာ ပါးပြင်တစ်ဖက်ချင်းဆီမှာ ပူနွေးသောရေ စီးကြောင်းလေးများ ဖြစ်ပေါ်လာရတော့သည် seokjin မျက်ရည်များကို အမြန်သုတ်လိုက်ကာ
jin- ငါအချစ်အကြောင်းကိုသေသေချာချာ မသိပေမယ့် အချစ်ကဒီလိုမကြမ်းတမ်းလွန်းဘူးဆိုတာတော့သိတယ် ငါမင်းနဲ့နေနေသမျှ ကာလပတ်လုံး ငါလုပ်ချင်တာကိုဘာတစ်ခုမှစိတ်တိုင်းကျ မလုပ်ခဲ့ရဘူး မင်းပြောတဲ့အချိန်မှာ စားရတယ် အပြင်ထွက်ခိုင်းလည်း မင်းပြောတဲ့အချိန်ပြန်မလာရင်ဆူတယ် ငါကြိုက်တဲ့ဟင်းတွေလည်း ချက်စားခွင့်မပေးဘူး အဲ့တာမငိးပြောတဲ့အချစ်လား jungkook မင်းဘေးမှာ ငါ့ကိုအရုပ်တစ်ခုလိုသဘောထားပြီးနေခိုင်းတာ အချစ်လား jungkook... ဟမ်!??
မျက်ရည်များကျလာကာငိုသံလေးနဲ့ ပြောနေတဲ့သူရှေ့ကလူကိုကြည့်ပြီး
*ကိုယ့်အချစ်တွေကိုမင်းနည်းနည်းလေးမှ မမြင်ဘူးလား seokjin *
Seokjin မေးပြီး အပေါ်ထပ်ကိုပြေးတက်ခဲ့သည်
Jungkook ရဲ့မနက်ခင်းလေးဟာ ချစ်ရသူရဲ့ ကွာရှင်းဖို့တောင်းဆိုလာတဲ့ စကားကြောင့် အမှောင်ကျနေရတော့သည်~