Wild Rose(complete)

LahPhan_85 tarafından

2.4M 202K 29.3K

"ခင်ဗျားက ဟီရိုးအင်းလိုပဲ မကောင်းမှန်းသိနေပေမဲ့လည်း လူကိုအရူးအမူး စွဲလမ်းစေတယ်" ... Daha Fazla

Intro
part1(Unicode)
part1(Zawgyi)
part 2(Unicode)
part3(Unicode)
part3(Zawgyi)
part4(Unicode)
part4(Zawgyi)
part5(Unicode)
part5(Zawgyi)
part6(Unicode)
part6(Zawgyi)
part7(Unicode)
part7(Zawgyi)
part8(Unicode)
part8(Zawgyi)
part9(Unicode)
part9(Zawgyi)
part10(Unicode)
part10(Zawgyi)
part11(Unicode)
part11(Zawgyi)
part12(Unicode)
part12(Zawgyi)
part13(Unicode)
part13(Zawgyi)
part14(Unicode)
part14(Zawgyi)
part15(Unicode)
part15(zawgyi)
part16(Unicode)
part16(Zawgyi)
part17(Unicode)
part17(Zawgyi)
part18(Unicode)
part18(Zawgyi)
part19(Unicode)
part19(zawgyi)
part20(Unicode)
part20(Zawgyi)
part21(Unicode)
part21(Zawgyi)
part22(Unicode)
part22(Zawgyi)
part23(Unicode)
Part23(Zawgyi)
part24(Unicode)
Part24(Zawgyi)
part25(Unicode)
Part25(Zawgyi)
part26(Unicode)
part26(Zawgyi)
part27(Unicode)
part27(Zawgyi)
part28(Unicode)
part28(Zawgyi)
part29(Unicode)
part29(Zawgyi)
part30(Unicode)
part30(Zawgyi)
part31(Unicode)
part31(zawgyi)
part32(Unicode)
part32(zawgyi)
part33(Unicode)
part33(zawgyi)
part34(unicode)
part34(zawgyi)
part35(Unicode)
part35(Zawgyi)
part36(Unicode)
Part36(Zawgyi)
Part37(Unicode)
Part37(Zawgyi)
Part38(Unicode)
Part38(Zawgyi)
Part39(Unicode)
Part39(Zawgyi)
Part40(Unicode)
Part40(Zawgyi)
part41(Unicode)
part41(Zawgyi)
part42(Unicode)
part42(Zawgyi)
part43(Unicode)
Part43(Zawgyi)
part44(Unicode)
Part44(Zawgyi)
Part 45(Unicode)
Part45(Zawgyi)
Part 46(Unicode)
Part46(Zawgyi)
❤🌹
part 47(Unicode)
part 47(Zawgyi)
Part 48(Unicode)
Part 48(Zawgyi)
Part 49(Unicode)
Part 49(Zawgyi)
Final(unicode)
Final(zawgyi)
Extra
Extra(Zawgyi)
Announce📍📍📍

part2(zawgyi)

13.6K 604 10
LahPhan_85 tarafından

ဆိုင်ထဲသို့ လျှောက်ဝင်သွားရင်းဖြင့် အရှေ့မှကျောက်ရုပ်လိုမျိုး ရှိနေသောလူအား ဆိုင်းလော့ဒ် မြင်ဖူးသလိုမျိုး ခံစားရ၍ မသိမသာအကဲခတ်ကြည့်မိသည်။၅ပေ၈သာသာ အရပ်အမောင်းဖြင့် ထိုလူက ပိန်သွယ်လွန်းလှသည်။အပေါ်အောက် နက်စွေးနေသော ဝတ်စုံ​က ထိုယောက်ျား၏ နို့နှစ်ရောင် အသားအရည်အား ပို၍မီးမောင်းထိုးပြထားသလိုပင်။ဘောင်းဘီ အပြင်ထုတ်ဝတ်ထားသော ရှပ်အင်္ကျီအား ရင်ဘတ်ကြယ်စေ့ သုံးလုံးလောက်ဟထားသောကြောင့် ညှပ်ရိုးဖြူဖြူလေးကလည်း တစ်စွန်းတစ လှစ်ဟလျှက်ရှိလေသည်။အပျော့သားဘောင်းဘီက အကျောပြိုင်းများထနေသော ခြေဖမိုးပ်ါသို့ ပုံကျနေသော်ငြား ညှပ်ဖိနပ်လေးသာ စီးထား၍ ဖြူဥရဲနေသော ခြေ​ချောင်းသွယ်များကိုတော့ မြင်နေရ၏။

နားရွက်အောက်ဂုတ်ပေါ် ဝဲနေသော အလယ်ခွဲဆံပင်အား ကိုးရီးယားမင်းသားတွေလိုမျိုး အထပ်ထပ်လေး ဖြစ်အောင်ပုံသွင်းထားသည်။မကျဉ်းလွန်း မကျယ်လွန်းပဲ ပြေပြစ်သောနဖူးပြင်ပေါ် ဆံစတွေဟိုတစ်စ ဒီတစ်စကျနေပုံက အတော်လေး ကြည့်ကောင်းလှသည်။အရာလေးသာ ထင်းနေသော မထူမပါး မျက်ခုံးတန်းများအောက်မှ ခပ်စင်းစင်း မျက်တောင်ရှည်များကိုတော့ မနီးမဝေးကတောင် အတိုင်းသား မြင်နေရ၏။ရှည်သွယ်သော မျက်အိမ်ပေါ်၌ မျက်ရစ်ပါးပါးလေးသာထင်ကာ မျက်ဝန်းတွေက မဟူရာလိုနက်မှောင်နေ၏။နှာရိုးမြင့်မြင့်ဖြင့် ဖြောင့်စင်းချွန်မြနေသော နှာခေါင်းထိပ်လေးက အနည်းငယ်ပန်းရောင်သန်းချင်နေ၏။ယောက်ျားတန်မဲ့ နီရဲနေသောနှုတ်ခမ်းလွှာတို့ကလည်း နှင်းဆီငုံလေးလို ဖူးပြည့်လို့နေသည်။အောက်နှုတ်ခမ်းထောင့်နား၌ ထင်းနေသော မှဲ့နက်လေးသည်လည်း ထိုအမျိုးသား၏ အလှကို ပို၍ ပံ့ပိုးပေးနေသလိုမျိုး။ရှည်သွယ်သော မျက်နှာကျဖြင့် ထိုယောက်ျားဟာ လှရက်လွန်းသည်။

လှသည်ဆိုသည့် စကားအား ယောက်ျားတစ်ယောက်အတွက် မသုံးနှုန်းသင့်သော်ငြားလည်း ထိုယောက်ျားကတော့ လှသည်ဆိုသည့် စကားအပြင် ဘယ်စကားနှင့်မှ ဖော်ပြလို့မရတာမျိုး ဖြစ်သည်။လှသည်ဆို၍ နုနွဲ့နှောင်းနေတာမျိုးမဟုတ်ပါပဲ အစိတ်အပိုင်းတစ်ခုစီတိုင်းက ယောက်ျားဆန်စွာ လှပနေတာမျိုးဖြစ်သည်။ပြုံးသည်တည်သည်မမည်ပဲ ခံစားချက်တို့ ကင်းစင်၍ ရှင်းလင်းတည်ငြိမ်နေသော မျက်နှာထားဟာလည်း တော်ဝင်ဆန်သော အရှိန်အဝါတို့ဖြင့် လွှမ်းခြုံနေလေသည်။လှသည်ဆိုသည့်အထဲ ထိုယောက်ျား၏အလှကတော့ သီးသန့်ဆန်စွာ အများနှင့်မတူ တမူထူးခြားနေတာမျိုး ဖြစ်လေသည်။

!ရွှေဆိုင်ကိုလာတဲ့ ဧည့်သည်များလား...!

ဆိုင်းလော့ဒ် တွေးရင်းဖြင့် ဒီမျက်နှာကို ဘယ်နေရာမှာများ တွေ့ဆုံခဲ့ဖူးသလဲ အသဲအသန် ပြန်စဉ်းစားနေမိသည်။ဒီလိုမျက်နှာမျိုးဆိုတာ တခါတွေ့ဖူးယုံဖြင့် အလွယ်တကူ မေ့ဖျောက်လိုက်လို့ရမည့် ရုပ်ရည်သွင်ပြင်မျိုးမှ မဟုတ်ပဲ။မှတ်ဉာဏ်တို့အား ပြန်ဖော်ကြည့်ပေမဲ့ အချည်းအနှီးသာ။ထို့ကြောင့် သမီးဖြစ်သူအား လက်မောင်းမှ အသာအယာဆွဲယူ၍ ပွေ့ချီလိုက်ပြီးမှ...

"ဆောရီး အကို သမီးက ဆိုင်ကိုလာလည်နေကြမလို့ပါ အနှောင့်အယှက်ဖြစ်သွားရင် ဆောရီးပါဗျ.."

ဆိုင်းလော့ဒ် ခေါင်းကိုအသာဆတ်၍ ကိုယ်ကိုရို့ကာ ပြောပေမဲ့လို့ ထိုလူကတော့ ဘာမှမတုံ့ပြန်သလို မျက်နှာအမူအယာသည်လည်း ဘာတစ်ခုမှ အပြောင်းအလဲမရှိပေ။သူများဆိုင်ထဲလည်း ကြာကြာမနေချင်တာမလို့ ပြောပြီးတာနှင့် ဆိုင်းလော့ဒ် အသာအယာပဲ ပြန်လှည့်ထွက်ခဲ့လိုက်တော့သည်။

လှည့်ထွက်သွားသော ကျောပြင်ကျယ်အား ရှင်းခန့်တချက်လိုက်ကြည့်ပြီးမှ ကျောခိုင်းလိုက်သည်။မနေ့ညက ဖုန်းဆိုင်အရှေ့က သားအဖဆိုတာကိုတော့ စိတ်ထဲမှတ်မှတ်ထင်ထင် ဖြစ်သွားလေသည်။

"ကိုဆိုင်းလော့ဒ်ကြီးက ချောလိုက်တာဟယ် ဝူရိဖန်လိုလို ဘာလိုလိုနဲ့ အနီးကပ်ကြည့်လေ ပိုချောလေပဲ..မုဆိုးဖိုသာဆိုတယ် အလတ်ကြီးရှိသေးတာ နှမြောစရာကြီး အဟိ"

"..."

"ဟဲ့ အဲ့ဒါ ဘာဖြစ်နေတာလဲ နင်က.."

"အသက်ပါသွားတာ ခေါင်ရည်လေးဆီမှာ ရီဝေယစ်မူး..အဟိ ဟိ.."

"ကောင်မ တော်တော်ဖြစ်.."

"နင်ရော မဖြစ်ဘူးလား.."

"ဖြစ်တယ်လေ ဒါပေမဲ့ငါက အပိုဆုလေးပါရအောင် သမာဓိလေးနဲ့ ဖြစ်တာ.."

"ကြည့်စမ်း အကြံကြီးချက်က အဲ့ဒါမို့ နိုရာလေးလာရင် ဖူးဖူးမှုတ်နေတာလား..."

"ကောင်မတွေ ညည်းတို့ပိုးနေလည်း ဟိုကလှည့်တောင်မကြည့်ဘူး တော်ကြတော့ ဟိုမှာ သူဌေးရှိနေတယ် ညည်းတို့ အလုပ်ပြုတ်ချင်နေပြီလား.."

တီးတိုးတီးတိုး အသံတွေက မန်နေဂျာမမွန် ခပ်ကြိတ်ကြိတ်ငေါက်တော့မှ တိတ်ကျသွားလေသည်။ထိုဆိုင်းလော့ဒ်ဆိုတဲ့ ကောင်လေးက တကယ်လည်း ငယ်ငယ်ချောချောလေးမို့ ကလေးတစ်ယောက်အဖေ မုဆိုးဖို ဖြစ်နေသော်ဆိုင်ကကောင်မလေးတွေ ကဲသဲနေကြတာမဆန်းပေ။အခုခေတ်က ပျိုပျိုအိုအို ချောချောလှလှဆိုရင်ကို မျက်နှာပွင့်တဲ့ခေတ်မဟုတ်လား။

ရှင်းခန့် မသိလိုက်မသိဖာသာဖြင့်သာ ပန်းထိမ်ဖိုရှိရာ အနောက်ထဲသို့ ထွက်ခဲ့လိုက်သည်။အနောက်ဖက်ခြမ်းမှာလည်း သူ့လက်သူခြေဖြင့် ပြင်ဆင်ချင်တာတွေ ရှိလို့နေသေးသည် မဟုတ်ပါလား။ဖိုထဲသို့ရောက်တော့ အလုပ်သမားတွေက စုရုံးစုရုံးဖြင့် ရှိနေတာမို့လို့ ရှင်းခန့်၏ မျက်ခုံးတို့ တွန့်သွားရသည်။အလုပ်အချိန်ကြီး စုရုံးနေစရာ ဘာအကြောင်းရှိလို့လဲ။ရုတ်တရက်ကြီး ရှင်းခန့် ခပ်တည်တည် မျက်နှာထားဖြင့် ဖိုထဲသို့ဝင်ချသွားတော့ လူစုစုဖြစ်နေသော ပန်ထိမ်းသမားတွေ လန့်သွားကြတော့သည်။စုရုံးနေရာမှ ချက်ချင်းလူကွဲသွားတော့ အလယ်မှာ အရက်ဝိုင်းသာ ထီးထီးကြီး ကျန်ခဲ့လေသည်။

!အလုပ်ချိန်ကြီး အရက်သောက်နေကြတယ်တဲ့လား!

အတွေးနှင့်အတူ ရှင်းခန့်မျက်နှာ တင်းကနဲဖြစ်သွားရသလို အကြည့်ကလည်း ချက်ချင်း ပန်းထိမ်ဆရာကြီး ဦးသန်းဇော်ဆီသို့ စူးကနဲ ရောက်သွားရသည်။

"အလုပ်အချိန်ကြီး ဒါက ဘာလဲ ဦးသန်းဇော်.."

ရှင်းခန့်၏ မာထန်သော လေသံပြတ်ပြတ်ကြောင့် ဦးသန်းဇော်၏ ခေါင်းတို့ငုံ့ကျသွားပြီးမှ...

"ဟို ဟို ကျွန်တော်တို့..."

"ကျွန်တော့် မွေးနေ့မို့လို့ နည်းနည်းပါးပါး သောက်ကြမလို့ပါ..ဘာများဖြစ်လို့လဲမသိဘူး"

ရှင်းခန့် မေးတာကို ဦးသန်းဇော်က ပြန်မဖြေနိုင်ပေမဲ့လို့ လူငယ်တစ်ယောက်က ရှေ့တိုးလာကာ ဝင်ဖြေသည်။ဆံပင်တိုတိုထောင်ထောင် နှုတ်ခမ်းမွှေးစစဖြင့် လူငယ်က သူ့ထက်ငယ်ရွယ်မှာ သေချာနေပေမဲ့ အနည်းငယ်ရင့်ရော်ကြမ်းတမ်းသော အသွင်ရှိသည်။ပညာရှင်ဆိုသည့် မာန်မာအရိပ်အယောင်များကလည်း အထင်းသား။ပန်းထိမ်ဆရာထဲ ဟိုအရင်လူဟောင်းဆိုလို့ ဦးသန်းဇော်တို့ ကိုမျိုးတို့လောက်သာ ရှိကြတော့ပြီး ကျန်တာက အသစ်တွေချည်းဖြစ်လေသည်။ထို့ကြောင့် သူ့ကို ပညာစမ်းချင်ကာ အားလုံးက ထီမထင်ဒီဇိုင်းများ ဖြစ်နေတာဖြစ်သည်။ရှင်းခန့် အတွေးနှင့်အတူ မျက်နှာအား ပို၍တင်းပစ်လိုက်ကာ...

"ဘာဖြစ်လို့လဲ..ဟက်လား.အေး..အလုပ်အချိန်မှာ အလုပ်မလုပ်ပဲ တခြားကိစ္စလုပ်တာ ငါမကြိုက်လို့ပဲ ပြီးတော့ ငါ့လုပ်ငန်းခွင်မှာ အရက်ဝိုင်းလာဖွဲ့တာမျိုး မကြိုက်ဘူး ဒါပထမဆုံးနဲ့ နောက်ဆုံးဖြစ်ပါစေ.."

ရှင်းခန့်ပြောတော့ ထိုလူ၏ မျက်နှာက တင်းသွားတော့သည်။

"အားလုံးကို အခုတစ်ခါထဲ ပြောထားမယ် အခုအချိန်ကစပြီး ဒီလုပ်ငန်းတစ်ခုလုံးကို ငါဦးစီးတော့မှာမို့လို့ အားလုံးက ငါ့စည်းကမ်းအတိုင်းပဲ။မနက်၈နာရီဆိုရင် အားလုံးဖိုထဲရောက်နေရမယ်။အလုပ်ချိန်အတွင်းမှာ တခြားပြင်ပကိစ္စတွေ လုပ်တာမျိုးခွင့်မပြုဘူး။ပြီးတော့ မင်းတို့ရဲ့ အပြင်အပ်ထည်တွေကို ဖိုထဲလာလုပ်တာလည်း ခွင့်မပြုဘူး။အထည်တွေကို ဘယ်နေ့ဘယ်ရက် အပြီးအပ်ရမယ်ဆိုရင် အဲ့နေ့ကို အပြီးလာအပ်ရမယ်။ဆင်ခြေဘာညာ မလိုချင်ဘူး။အလုပ်ကို အလုပ်နဲ့တူအောင်လုပ်။အေး မလုပ်နိုင်ဘူးဆိုရင် အခုတစ်ခါထဲထွက်...."

ရှင်းခန့်၏ ခပ်ပြတ်ပြတ်စကားကြောင့် အားလုံး၏ ခေါင်းတို့ငုံ့ကျသွားပေမဲ့ ထိုလူငယ်၏ မျက်နှာက ပို၍တင်းမာလာကာဖြင့်...

"ဘာလဲ အခုကျွန်တော်တို့ကို ခင်ဗျားရဲ့အလုပ်သမားလိုမျိုး ဆက်ဆံလိုက်တာလား..."

ထိုလူငယ် ရှုးရှုးရှားရှား ထဖြစ်တာကို ရှင်းခန့်က အေးအေးဆေးဆေးသာ မျက်လုံးစင်းကြည့်၍....

"ဟုတ်ပါတယ် မင်းတို့က ပညာရှင်တွေပါ ဒါပေမဲ့ မင်းတို့ရဲ့ပညာကို ငါကပိုက်ဆံပေးဝယ်ထားတာကိုလည်း မမေ့နဲ့.."

"ဘာပြောတယ် ခင်ဗျား..."

"စည်သူ...တော်စမ်း.."

စည်သူ၏ လက်မောင်းအားဆွဲ၍ ဦးသန်းဇော်က ကျောဖက်သို့ ပို့ပြီးမှ တင်းမာနေသော အခြေအနေအား ဝင်ထိန်းလေသည်။

"ဒီကလေးက လူသစ်မို့လို့ စကားအပြောအဆိုမတက်တာ စိတ်မရှိပါနဲ့ ကိုလေးရှင်းခန့် ကျွန်တော်ကပဲ ကြားထဲကတောင်းပန်ပါတယ်.."

ရှင်းခန့်ကတော့ ဦးသန်းဇော်၏ စကားအား ခေါင်းညိတ်ပြပြီးမှ မျက်နှာအမူအယာအား ဘာတစ်ခုမှ အပြောင်းအလဲ မရှိစေပဲဖြင့်...

"ကျွန်တော်နားလည်ပါတယ်..."

ဦးသန်းဇော်အား ပြောပြီး ဦးသန်းဇော်၏ နောက်ရှိ ဒေါသတွေ ရှုးရှုးရှားရှားဖြစ်နေသော စည်သူအား ကျော်ကြည့်ပြီးမှ...

"ပညာမာနတက်ပြီး ပညာကိုအသုံးချခွင့်ပေးထားတဲ့ ထမင်းရှင်ကို အခြေခံလေးစားမှုလေးတောင် မပေးနိုင်ဘူးဆိုရင်တော့ မင်း အချိန်မရွေး အလုပ်ထွက်လို့ရတယ်နော်..ကဲ အားလုံး ကိုယ့်အလုပ်ကိုယ်ပြန်လုပ်လို့ရပြီ..."

ရှင်းခန့် ခပ်အေးအေး ပြော၍အားလုံးအား တချက်ဝေ့ကြည့်ပြီး ဖိုထဲမှပြန်ထွက်ခဲ့လိုက်သည်။

"ဟာကွာ!...တောက်!"

"ဟျောင့် စိတ်လျှော့နော် သွားမလုပ်နဲ့ ဟိုကလူသတ်မှုနဲ့ ထောင်ကထွက်လာတာ မင်းထက်ပိုမိုက်တယ်ကွ..."

နောက်ပါးဆီမှ ခပ်ကြိတ်ကြိတ် တောက်ခေါက်သံတစ်ခုရယ် တီးတိုးထွက်ပေါ်လာသော စကားသံတစ်ခုရယ်ကြောင့် ရှင်းခန့်၏ မျက်နှာထားက ပို၍အေးစက်ကာ တောင့်တင်းသွားရသည်။အထဲမှာ ရှိနေစဉ်ထဲက ခံစားချက်တို့ကို နည်းနိုင်သမျှနည်းအောင် လေ့ကျင့်ယူခဲ့ပြီးပြီမို့ ဒီလိုစကားတွေက သူ့ကိုမထိခိုက်စေနိုင်တော့ပါ။ထောင်ထွက်ဆိုပြီး ရွံတာကြောက်တာ သီးခြားကမ္ဘာက လူလိုမျိုးဆက်ဆံကြတာဟာ သူ့အတွက်တော့ သိပ်ပြီးမထူးဆန်းတော့ပေ။တခြားလူရဲ့ ခံစားချက်တွေကို သူဂရုစိုက်နေစရာမလိုပေ။သူ့အနီးဝန်းကျင်မှ လူတချို့ဟာ ဥပေက္ခာတရားနှင့်သာ ထိုက်တန်သည့်လူများဖြစ်လေသည်။

~~~~

နေ့တစ်နေ့ရဲ့ စိတ်အေးချမ်းမှု အရှိဆုံးအချိန်ဟာ သူ့အတွက်တော့ ဒီလိုညချမ်းမှာ ဝရံတာသို့ထွက်ရပ်၍ ဟိုဖက်အိမ်က ဖွင့်တဲ့ဂီတထဲ စီးမျောရသည့် အချိန်သာဖြစ်လေသည်။တိတ်ဆိတ်ခြင်းက တခါတရံမှာ ငြိမ်းအေးစေသည်။ဒီနေ့က တနင်္ဂနွေနေ့ဖြစ်သည်။ထူးဆန်းစွာပဲ ထိုဖုန်းဆိုင်မှ သီချင်းသံတို့ တိတ်ဆိတ်နေသလို အရင်လိုမျိုး ဆိုင်ရှေ့မှာ ထွက်ထိုင်နေတက်တဲ့ သားအဖနှစ်ယောက်ကိုလည်း မတွေ့ရပေ။

!ဘယ်များသွားနေကြပါလိမ့်...!

ရှင်းခန့် တွေးမိပြီးမှ ဝရံတာ၌ ခတ္တသာရပ်ပြီး အထဲသို့ပြန်ဝင်ခဲ့လိုက်သည်။အမြဲတမ်း ကြားနေရကျ သီချင်းသံကို ရုတ်တရက်မကြားရတော့ဘူးဆိုတော့ တစ်ခုခုတော့ လစ်ဟာနေသလိုလိုပင်။ရှင်းခန့် အခန်းထဲသို့ ပြန်ဝင်ခဲ့ရင်း ဘာအလုပ်မှလည်း လုပ်စရာမရှိပါပဲ ယောင်ချာချာဖြစ်နေလေသည်။သီချင်းဖွင့်ဖို့ စိတ်ကူးမိပေမဲ့ ဘယ်တုန်းကမှ သီချင်းနားထောင်တက်သည့် အလေ့အကျင့်မရှိသူမို့ ဘာကိုဖွင့်ရမှန်းမသိပေ။ထို့ကြောင့် တီဗီကိုသာ ခပ်ကျယ်ကျယ်ဖွင့်၍ onlineသုံးဖို့ စိတ်ကူးမိလေသည်။ခုနစ်နှစ်စလုံး ဒီအတိုင်း ရှိနေခဲ့တဲ့ သူ့၏facebook accက ဘာမှတော့ထူးထူးခြားခြား ​မရှိပါ။ယုတ်စွဆုံး message notiတစ်ခုတောင်ရှိမနေ။သေချာပြန်စဉ်းစားကြည့်တော့လည်း သူ့ဆီမှာ အပေါင်းအသင်း သူငယ်ချင်းဆိုတာ တစ်ယောက်မှမရှိခဲ့တာပဲ။onlineဖွင့်ပြီးတော့လည်း သူ့အတွက် ဘာမှလုပ်စရာ ထွေထွေထူးထူး ရှိမနေတာမို့လို့ ဖုန်းကိုပြန်ချရခြင်းသို့သာ ရောက်လေတော့သည်။

~~~~

ညဖက်တွေ ဘာမှလုပ်စရာမရှိပဲ အားနေမည့်အတူတူ ရှင်းခန့်ဟိုဟိုဒီဒီ ကားလိုက်မောင်းဖြစ်သည်။ညဖက်မုန့်ဈေးတန်းတွေ တွေ့ရင်လည်း တစ်ခါတစ်ရံ ကားရပ်၍ မုန့်လေးဘာလေး ဆင်းစားဖြစ်သည်။တစ်ခါတစ်ရံတော့လည်း ဖေဖေတို့ အိမ်ရှေ့မှာ ကားသွားရပ်ရင်း အချိန်ဖြုန်းနေဖြစ်သည်။ဖေဖေတို့ အခန်းမီးလင်းနေတာကို ထိုင်ကြည့်သည်။ပြီးတော့ မှောင်မဲနေသည့် ဒေါန၏ အခန်းကိုလည်း ထိုင်ကြည့်သည်။ကြားတာကတော့ ဒေါနက ကိုကိုတို့အိမ်မှာပဲ နေသည်တဲ့။သူပြန်ထွက်လာတာ တစ်လကျော်ပြီဖြစ်ပေမဲ့ အခုအချိန်အထိ ဒေါနနှင့်မတွေ့ရသေးပေ။အန်ကယ်နေစစ်၏ ကုမ္ပဏီမှာ ဝင်လုပ်နေသည်ဟု သိထားပေမဲ့ သူ အရိပ်အယောင်တောင် သွားမကြည့်ဖြစ်ပါ။ဒေါနကို မြင်လိုက်ရလျှင် အနည်ထိုင်နေတဲ့ သူ့ခံစားချက်တွေကို ထိန်းချုပ်နိုင်ပါ့မလား မသေချာ၍ ဖြစ်လေသည်။

ရှင်းခန့် တွေးနေဆဲ ကိုကိုတို့ခြံရှေ့မှာ ကားတစ်စီးက ရှောကနဲရပ်လို့လာလေသည်။ကားပေါ်မှ ရင်းနှီးနေသော အရိပ်လေးတစ်ခု ဆင်းလာတာကြောင့် ရှင်းခန့်၏ ခန္ဓာကိုယ်မတ်ကနဲ ဖြစ်သွားရသည်။

"ဒေါန...."

ခုနစ်နှစ်ဆိုတဲ့ အချိန်က ဒေါနကို ဘာမှထူးထူးခြားခြား မပြောင်းလဲသွားစေပေ။အရင်လိုမျိုး အရင်အတိုင်း နုသစ်မှုများဖြင့်။ရှင်းခန့်ကြည့်နေဆဲ မြင်ကွင်းထဲသို့ ကိုကိုပါဝင်ရောက်လို့သည်။ကိုကိုက ဒေါန၏ ပခုံးလေးအားဖက်တွယ်ကာ ကားထဲမှ လူများအား နှုတ်ဆက်နေလေသည်။ကားထွက်သွားတော့မှ ကိုကိုက ဒေါနအား ခပ်ပြုံးပြုံးလေးကြည့်ကာ နှာခေါင်းထိပ်ဖျားလေးအား ခပ်ဖွဖွဆွဲညှစ်လေသည်။ပြီးမှ နှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်၍ ရယ်မောကြပြီး ခြံထဲသို့ ဝင်သွားကြလေ၏။ဆွတ်ပျံ့ဖွယ် မြင်ကွင်းကို တွေ့မြင်လိုက်ရပေမဲ့ ရှင်းခန့် မကြည်နူးနိုင်ပဲ ရင်ဘတ်ထဲ တစစ်စစ်နာကျင်နေရသည်။ခံစားချက်တွေဟာ ဟိုတုန်းကလောက် မပြင်းထန်တော့သော်ငြားလည်း မတည်ငြိမ်နိုင်သေးတာလည်း အမှန်ပဲဖြစ်သည်။

ကားစီယာရင်ကို ခပ်တင်းတင်း ဆုပ်ကိုင်၍ မျက်ဝန်းတို့အား မှိတ်ချကာ အသက်ကိုခပ်မှန်မှန်ရှု၍ စိတ်ကိုငြိမ်အောင် ပြန်ထိန်းလိုက်ရသည်။

!အရာအားလုံးကို ဥပေက္ခာပြု အေးစက်လိုက်နိုင်ပေမဲ့ ဒေါနနှင့်ပတ်သတ်လာလျှင်တော့ သူဟာ ဆောက်တည်ရာမရနိုင်သေးပေ!

ခံစားချက်တို့ အတန်ငယ်ငြိမ်သက်သွားတော့မှ ကားကိုပြန်မောင်းထွက်ခဲ့လိုက်သည်။အိမ်ပြန်ချိန်တန်ပြီ မဟုတ်ပါလား။ကားကို ဖြေးဖြေးမှန်မှန်သာ မောင်းခဲ့ရင်း အိမ်ပြန်ရောက်တော့ ည၉နာရီထိုးပြီ ဖြစ်သည်။ခြံတံခါးဆင်းဖွင့်ဖို့ ကားပေါ်မှ အဆင်းမှာပဲ သီချင်းသံသဲ့သဲ့ကို ကြားလိုက်ရတာကြောင့် မျက်လုံးက ဖုန်းဆိုင်ရှေ့သို့ အော်တိုရောက်သွားလေသည်။ဆိုင်းလော့ဒ်က ဆိုင်ရှေ့ခုံတန်းလေးမှာ စီးကရက်လက်ကြားညှပ်၍ ထိုင်နေရင်းဖြင့် ဖုန်းသုံးနေလေ၏။ကလေးလေးကိုတော့ မတွေ့ရပေ။ဖုန်းမှ မျက်စိအကြည့်ကို မခွာပဲ ဆေးလိပ်ကို တချက်ဖွာပြီးမှ ခုံစောင်းဖြင့် ပြာတို့ကိုတောက်ထုတ်သည်။မျက်ခုံးတို့အား တွန့်၍ တစ်စုံတစ်ခုကို စိတ်ဝင်စားနေသည့် ဟန်ပန်က အတော်ကြီးကို ကြည့်ကောင်းလေသည်။ဒီလောက်အထိ ချောနေလို့လည်း အပိုဆုနဲ့မုဆိုးဖို ဖြစ်နေတာတောင် မျက်နှာပွင့်နေတာ ဖြစ်မည်။

ရှင်းခန့် အမှတ်တမဲ့ ကြည့်နေမိဆဲ ဆိုင်းလော့ဒ်က မော့ကြည့်လာတာမို့လို့ မျက်ဝန်းအကြည့်တို့ ခလုတ်တိုက်မိကာ ရှင်းခန့် အိုးတိုးအမ်းတမ်း ဖြစ်သွားရသည်။ဆိုင်းလော့ဒ်ကတော့ ဖော်ရွေသော အပြုံးတို့ဖြင့် သွားတန်းများပေါ်အောင် လှမ်းရယ်ပြပေမဲ့ ရှင်းခန့် ဘာမှမတုံ့ပြန်ဖြစ်ပေ။လူမှုရေးအရ ပြန်ရယ်ပြသင့်တာ သိသော်ငြားလည်း
မျက်နှာပေါ်မှာ လောက်လောက်လားလား အပြုံးတို့ဖြစ်ထွန်းမလာပဲ အကြည့်တချက်ပေးပြီးမှ မျက်နှာလွှဲမိသည်။

!အခုနှစ်ပိုင်းတွေမှာ သူ့အတွက်တော့ လူစိမ်းများနှင့် ရင်းနှီးဖို့ ခက်ခဲနေပြီ ဖြစ်သည်!

အိမ်နီးပါးချင်းမို့လို့ မျက်နှာချင်းဆိုင်ဆုံ၍ ရယ်ပြတာကို ခပ်တည်တည်ကြည့်၍ မျက်နှာလွှဲသွားသောလူကြောင့် ဆိုင်းလော့ဒ်၏ ဒေါသတို့ထောင်းကနဲ ဖြစ်သွားရသည်။

!ဒီလူကဘာလဲ xင်ခေါင်းကျယ်တာလား လူမှုရေးအရ ရယ်ပြပြုံးပြတာကို မတူသလိုမတန်သလိုနဲ့ သူကဘာတန်မို့လို့လဲ...ချီး.!"

ဆိုင်းလော့ဒ် မကျေမလည်တွေးနေဆဲ ထိုလူကတော့ ကားကိုခြံထဲသို့ မောင်းဝင်သွားပြီဖြစ်သည်။ဟိုတစ်နေ့က မမွန်ကဆိုင်မှာ ဖုန်းလာပြင်တော့ ပိုင်ရှင်၏သားဆိုင်လာထိုင်နေသည်ဟု ပြောပြနေသေးသည်။သူဌေးသားမို့လို့ Xင်ခေါင်းကျယ်ပြီး အောက်ချေလွတ် ဘဝင်ခေါင်ခိုက်နေတာဖြစ်လိမ့်မည်။နောက်ဆို သမီးကို အဲ့ဒီဆိုင်ဖက်မသွားစေဖို့ တင်းကျပ်ထားမှ ဖြစ်ပေတော့မည်။

~~~~
"ဗိုက်ဆာရင် အုပ်ဆောင်းအောက်မှာ ယူစားနော် မီးမီး ဒီမှာ ဒယ်ဒီအလုပ်များနေလို့..."

"ဟုတ်ကဲ့ ဒယ်ဒီ နိုရာမဆာသေးပါဘူး..."

ဒီညနေ ကာစတန်မာကိုပေးရမည့် ကြော်ငြာ logo artကို လက်စသတ်နေရင်းဖြင့် ဆိုင်းလော့ဒ်ပြောတော့ နိုရာက အရုပ်မလေးဖြင့် ဆော့ကစားနေရင်းဖြင့် ပြန်ပြောလေသည်။အဖေတစ်ခု သမီးတစ်ခုဘဝမှာ ပြေလည်တယ်ဆိုသော်ငြား ပိုလျှံတာမျိုးတော့ မရှိပေ။Dagital artistဘဝဖြင့် ရှာဖွေစုဆောင်းရင်း အနူး(အမေ)ရဲ့ အထောက်အပံ့အနည်းငယ်ဖြင့် သမီးလေး၅နှစ်အရွယ်မှာ ဖုန်းနှင့်ဖုန်းအပို ပစ္စည်းရောင်းသော ဆိုင်သေးသေးလေးကို
ခြစ်ကုတ်၍ ဖွင့်နိုင်ခဲ့တာဖြစ်သည်။အဝါး(အဖေ)ဆုံးတော့ မိသားစုတွေ မြစ်ကြီးနားကို အပြီးတိုင်စွန့်ခွာကာ ရန်ကုန်သို့ပြောင်းလာခဲ့တာ ဖြစ်သည်။နဂိုထဲက အမေက ရန်ကုန်သူမို့လို့ သူ့အမျိုးတွေကြားထဲ ခေါင်းချချင်တာဖြစ်သည်။

ဇနီးဖြစ်သူနှင့်က ရန်ကုန်ရောက်တော့မှပဲ ဆွေမျိုးတွေစပ်ဟပ် ပေးစားကြတာဖြစ်သည်။၁၈နှစ်မှာ ဘာမှန်းညာမှန်းမသိ အိမ်ထောင်ကျခဲ့ပြီး အသက်၂၀မှာတော့ ကလေးတစ်ယောက်အဖေ မုဆိုးဖိုဖြစ်နေခဲ့ရပြီ။အမဖြစ်သူကလည်း အိမ်ထောင်ကွဲပြီး အနူးနှင့်ပဲ အတူတူနေကာ စတိုးဆိုင်လေး ဖွင့်သည်။ထို့ကြောင့် သမီးကို အနူးတို့နှင့်ထားကာ ဖားကန့်မှာကျောက်တူးဖို့ ထွက်ဖြစ်ခဲ့သေးသည်။ဟိုလိုလိုဒီလိုလိုဖြင့် ဖားကန့်မှာ၃နှစ်လောက်ကြာပြီး ထင်သလောက် စုဆောင်းနိုင်ခဲ့ခြင်းလည်း မရှိပါပဲ ရန်ကုန်ပြန်ရောက်ခဲ့သည်။ထိုမှစ၍ နဂိုဝါသနာပါသော dagital artistအလုပ်ကို သေချာဇောက်ချ လုပ်ကိုင်ဖြစ်ခဲ့တာ ယခုအချိန်အထိဖြစ်သည်။မချမ်းသာသော်လည်း သူ့ဟာနှင့်သူတော့ ချောင်လည်လေသည်။

"ဟိုဖက်ဆိုင်ကို သွားမရှုပ်ရဘူးနော်..."

ဖခင်ဖြစ်သူ၏ စကားကြောင့် နိုရာ့မျက်နှာလေး ရှုံ့မဲ့သွားပြီးမှ...

"တီတီမွန်က မီးမီးကို မုန့်လာစားဖို့ သေချာမှာထားတာကို.."

"ဒယ်ဒီက မသွားနဲ့ဆို မသွားရဘူးပေါ့ နိုရာသွားရင် မမတွေ အလုပ်ပျက်မယ် အလုပ်ပျက်ရင် အလုပ်ရှင်ကဆူမယ် နိုရာ့ကြောင့် မမတွေအဆူခံရတာ ကောင်းလား..."

ဖခင်ဖြစ်သူ၏ စကားကြောင့် နိုရာ မျက်လုံးလေးပေကလက် ပေကလက်ဖြင့်ရှိနေလေသည်။

"မနေ့ကလည်း သွားသေးတယ် မဟုတ်လား ဒီနေ့ထပ်မသွားနဲ့တော့ ထမင်းစားပြီးရင် ဒယ်ဒီကာတွန်းကား ဖွင့်ပေးမယ်.."

သမီးဖြစ်သူက ဘာမှမပြောတော့ပဲ ငြိမ်သက်နေတာကြောင့် ဆိုင်းလော့ဒ် အလုပ်ထဲသို့ အာရုံပြန်စိုက်လိုက်စဉ်...

"လူသတ်သမားဆိုတာ ဘာလဲဟင် ဒယ်ဒီ.."

"ဘာ..."

သမီးဖြစ်သူဆီမှ ရုတ်တရက်ထွက်ပေါ်လာသော စကားကြောင့် ဆိုင်းလော့ဒ် ဘာကနဲဖြစ်သွားရကာ ကိုယ်ဟန်ပါမတ်သွားရသည်။ကွန်ပျုတာမှ အကြည့်အားခွာ၍ ချက်ချင်း သမီးဖက်သို့ လှည့်ရခြင်းသို့ ရောက်သည်။

"အဲ့ဒီစကားကို ဘယ်ကကြားခဲ့တာလဲ နိုရာ ဘယ်သူပြောတာလဲ.."

"တီတီမွန်တို့ ပြောတာ..."

"ဘာရယ်..."

ဆိုင်းလော့ဒ်နားမလည်နိုင်စွာဖြင့် သမီးရှိရာသို့ လျှောက်လာလိုက်သည်။မမွန်က ကလေးတစ်ယောက်ကို ဒီလိုမကြားသင့် မကြားအပ်တဲ့စကားတွေကို လက်လွတ်စပယ် ပြောမည့်သူမဟုတ်ပေ။ဆိုင်းလော့ဒ် တွေးနေရင်းဖြင့် သမီး၏အနားထိုင်ချပြီးမှ...

"ဒယ်ဒီ့ကို သေချာပြောပြ ဘယ်လိုပြောတာလဲ သမီးကိုပြောပြတာလား.."

ဆိုင်းလော့ဒ်မေးတော့ နိုရာက ခေါင်းကိုခါယမ်းပြီးမှ...

"တီတီမွန်နဲ့ မမသရဖီတို့ ပြောနေကြတာ သူတို့ပြောတာက ဟိုကိုကိုကလေ လူသတ်သမားတဲ့ အဲ့ဒါ ဘာကိုပြောတာလဲဟင် ဒယ်ဒီ.."

သမီးဖြစ်သူ၏ စကားကြောင့် ဆိုင်းလော့ဒ် မျက်မှောင်ကြုတ်သွားရပြီးမှ....

"ဘယ်က ကိုကိုလဲ..."

"ဟိုတစ်နေ့က ချောတဲ့ကိုကိုလေ ဒယ်ဒီတောင် ဆောရီးပါလို့ ပြောလိုက်တာလေ.."

သမီးဖြစ်သူ၏ စကားကြောင့် ဆိုင်းလော့ဒ်၏ အာရုံထဲ အေးစက်၍ ခံစားချက်မဲ့သော မျက်နှာတစ်ခုက အရိပ်ထင်လာရတော့သည်။

!လူသတ်တယ် ...!!ဟင်!..ဟိုလူ..!

"အဲ့ဒါ ဘာကိုပြောတာလဲလို့ ဟင် ဒယ်ဒီ..."

သမီးဖြစ်သူက လက်ကိုလှုပ်ကိုင်၍ မေးတော့မှ ဆိုင်းလော့ဒ် အတွေးများနေရာမှ သတိပြန်ကပ်သည်။တပြိုင်နက်ထဲ ရင်ထဲမှာ မနှစ်မြို့သော ခံစားချက်များလည်း ဖြစ်ထွန်းလာလေသည်။

"အဲ့ဒါမကောင်းတဲ့လူဆိုးလို့ ပြောတာပေါ့ အဲ့ဒါမို့လို့ လူဆိုးကြီး ရှိတဲ့ဆီကို သမီးကထပ်မသွားရဘူးနော်..."

"ကိုကိုက လူဆိုးမဟုတ်ပါဘူး ကိုကိုကမင်းသားပါ..."

သမီးက လက်မခံနိုင်သလို ခပ်စူးစူးလေးအော်သည်။ဒီကလေးက ငယ်ငယ်ထဲက တွယ်မိတွယ်ရာ တွယ်တက်တဲ့ကလေးဖြစ်၍ ဆိုင်းလော့ဒ် စိတ်ညစ်သွားရသည်။

"ဆိုးလို့ပဲ လူသတ်ခဲ့တာလေ..."

"မဟုတ်ဘူး ကိုကိုက လူဆိုးမဟုတ်ဘူး ဒယ်ဒီလိမ်နေတာ ကိုကိုက မင်းသား..."

နိုရာက သူမဆွဲကိုင်ထားရာကိုသာ ခပ်စူးစူးလေး အော်ဟစ်ပြီးမှ ဆိုင်အနောက်ဖက်ခန်းထဲသို့ ပြေးဝင်သွားလေတော့သည်။နိုရာက သူမလက်မခံနိုင်တဲ့ကိစ္စတွေကို ထိုကဲ့သို့ဆန့်ကျင်တက်လေသည်။ဆိုင်းလော့ဒ် သက်ပြင်းချ၍ ခေါင်းကိုသာခါယမ်းမိပြီးမှ....

"သမီးနော် ဒယ်ဒီက မသွားရဘူးဆို မသွားရဘူးနော် ဒယ်ဒီ့စကားကို နားထောင်စမ်း.."

"ဒုန်း.!"

ကြည့်စမ်း! တံခါးကိုပါ အသံမြည်အောင်ပိတ်ပစ်တယ်။နိုရာဆိုင်းပန်တို့ ခေါင်းကြောမာချက်က ဖအေကိုတူလေသည်။

~~~~

AN.စောစောရေးပြီးလို့ တင်ပေးလိုက်တာပါ။နောက်ရက်တော့ ၂ရက်ခြားနော်💛

Okumaya devam et

Bunları da Beğeneceksin

155K 7.9K 32
Start date : 22.3.2023 ဆန်းကြယ်တဲ့ချစ်ခြင်းမေတ္တာတရားတွေကလည်း လောကကြီးရဲ့တစ်စိတ်တစ်ပိုင်းပဲလို့ ပြောရင် ယုံကြမလား...အသွင်မတူတဲ့သူနှစ်ယောက်ရဲ့ချစ်ခြင်...
4.7K 463 7
ကိုယ့်ဖူးစာရှင်က ကိုယ်နဲ့ ၂၇လှမ်းပဲဝေးတဲ့နေရာမှာရှိနေမယ်လို့ တွေးကြည့်မိဖူးလား ...👣
170K 4.5K 64
ပူပြင်းတဲ့မီးပင်လယ်တောင် အချစ်နဲ့ပက်ဖြန်းလိုက်ရင် သိပ်လှတဲ့နှင်းဆီခင်းအဖြစ်ဖူးပွင့်သွားတက်တယ် Aug. 28.2020
882K 57.5K 54
Title : APo Hsu Genre : Own Creation / BL Tags : Romance Cover Artist : Moon U Author : Ya...