THE FIRST TIME WE MET🌊 [COMP...

Galing kay ARIA_K95

76.9K 6.9K 647

အချစ်ဦးလေးအားပင်လယ်ပြင်၏ကမ်းစပ်နားလေးတွင်စတင်တွေ့ရှိခဲ့သည် အခ်စ္ဦးေလးအားပင္လယ္ျပင္၏ကမ္းစပ္နားေလးတြင္စတင္ေတြ႕႐... Higit pa

Part.1🌊
Part.2 🌊
Part.3🌊
Part.4🌊
Part.5🌊
Part.6🌊
Part.7🌊
Part.8🌊
Part.9🌊
Part.10🌊
Part.11🌊
Part .12🌊
Part .13🌊
Part . 14🌊
Part . 15🌊
Part . 16 🌊
Part . 17🌊
Part . 18🌊
Part . 19🌊
Part . 21🌊
Part. 22 🌊
Part . 23🌊
[ FINAL ]🌊
AT WEDDING DAY_[ Taehyung's POV]

Part . 20 🌊

2.4K 219 26
Galing kay ARIA_K95

Unicode

Flashback_
ဂျောင်ဂုနှင့်စားသောက်ဆိုင်မှာတွေ့ဆုံခဲ့အပြီး ပြည့်ကျပ်သိပ်နေသောအတွေးပေါင်းများစွာဖြင့်အိမ်ပြန်လာခဲ့သည်။ ချစ်ရသူနဲ့အတူလက်တွဲနိုင်တော့မည့်အရေးမှာ ဘယ်သူကတော့မပျော်ပဲရှိလေပါ့မလဲ။ သို့သော် ထင်သလောက်ခရီးပေါက်ဖို့ရာအတွက်ခဲယဉ်းလွန်းလှသည့်နှစ်ဦးသားရဲ့အချစ်ရေးအားတွေးပူနေမိ၏။ လတ်တလော မျက်နှာလေးရွှင်နေသည့်ဂျောင်ဂုကိုစဥ်းစားမိတော့ ဘယ်လိုအရာတွေပင်ကြုံလာပါစေ သူတစ်ယောက်တည်းရဲ့မျက်နှာကိုပဲကြည့်ပေးချင်မိပြန်ပါတယ်။ အစမကောင်းခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်ဟာ အဆုံးသတ်လေးမှာ,လှရင်တော့ဖြင့်အနည်းဆုံးကြည့်လို့ကောင်းမယ်ထင်ပါရဲ့။

အပြင်ကပြန်လာတဲ့အဝတ်အစားတွေကိုမလဲပဲ ဆိုဖာပေါ်မှာပက်လက်ကြီးလှဲနေမိသည်မှာနာရီဝက်ပင်ပြည့်တော့မည်။ မအိပ်ပဲကြာကြာလှဲနေပါကခေါင်းမူးတတ်သည့်အကျင့်ရှိတာမလို့ အတင်းကုန်းရုန်းထပြီးရေချိုးရန်ပြင်ဆင်တော့သည်။ အပေါ်ထပ်လေးချွတ်ယုံရှိသေး ဖုန်းသံမြည်လာသည်မလို့ ဧည့်ခန်းထဲသို့တစ်ဖန်ပြေးထွက်လာရ၏။

"ဟင် ဖေဖေ.."

ကျောင်းဆရာဘဝမှအနားယူပြီးဖြစ်သော ဖခင်ဟာ မိဘမဲ့ဂေဟာတစ်ခုရဲ့ပညာဒါနကျောင်းအုပ်အဖြစ်လုပ်ကိုင်လျက်ရှိသည်။ ကလေးတွေကိုစာသင်ရသည့်အချိန်များဆိုလျှင် အတောက်ပဆုံးပြုံးနေတတ်သည့်ဖေဖေရဲ့အပြုံးတွေကိုလွမ်းမိသည်။

"ဟယ်လို...ဖေဖေ"

"သားငယ်.."

အနည်းငယ်ဖျော့တော့နေသည့်အသံက သူ့ရင်အားပူလောင်သွားစေသည်။ ဘာလို့များလဲ။ ဖေဖေနေမကောင်းတာလား ဒါမှမဟုတ် မေမေတစ်ခုခုဖြစ်လို့လား။
ရှုပ်ထွေးလာသည့်အတွေးတွေအားလျစ်လျူရှုပြီး_

"သားကိုပြောစရာရှိလို့လား"

လေလှိုင်းထဲကနေတောင်ထိုးဖောက်ပြီးဝင်‌ရောက်လာသည့် ဖေဖေရဲ့သက်ပြင်းချသံဟာ နီးကပ်နေသယောင်ပင်ထင်ရ၏။ တံထွေးတစ်ချက်မျိုချမိသည်။ ကျေးဇူးပြုပြီးမိဘနှစ်ပါးဘေးကင်းပါစေ။

"သား မေမေ...မူးလဲလို့"

"ဗျာ!"

ခေါင်းတွေချာချာလည်ကုန်သည်။ အမြဲတမ်းဒေါင်ဒေါင်မြည်အောင်ကျန်းမာနေခဲ့သည့်မေမေကဘယ်လိုဖြစ်ပြီးမူးလဲသွားရတာလဲ။

"ဘယ်လို...ဘယ်လိုဖြစ်တာလဲ ဖေဖေရယ်"

"မနေ့ကတင် အမျိုးသမီးကြီးတစ်ယောက် ဖေဖေတို့ဆီလာတွေ့သွားခဲ့တယ်"

အမျိုးသမီးကြီး? ဘယ်သူလဲ။ မဟုတ်ဘူးမလား ဒီလိုမဖြစ်ရဘူး။ မဟုတ်ဘူး မဖြစ်နိုင်ဘူးလေ။

"အိမ်ထောင်ရှိပြီးသား သူ့ရဲ့မြေးကို ငါ့သားကမြူစွယ်နေတယ်ဆိုပြီး ဖေဖေတို့ရှေ့မှာတင်ပြောဆိုခဲ့တော့တာပါပဲကွယ်..."

"........."

"နားနဲ့မဆံ့ရအောင်ကြားလိုက်ရတဲ့ ကြမ်းကြုတ်တဲ့စကားတွေကို သားရဲ့မေမေဟာ ခံနိုင်ရည်မရှိခဲ့ဘူး။ သူ့သားငယ်လေးကိုဘယ်လောက်တောင်မှချစ်လိုက်သလဲ။ တစ်ချိန်လုံးအငိုမရပ်ပဲ နောက်ဆုံးမေ့မျောသွားတဲ့အထိဖြစ်သွားတယ်"

ဖုန်းကိုင်ထားသည့်လက်ဟာတုန်ယင်လာသည်။ ဒါတွေအကုန်လုံးအိပ်မက်ဖြစ်ခဲ့ရင်သိပ်ကောင်းမည်ဟုတွေးလိုက်မိသည်။ ဖေဖေဟာ သူ့ကိုအိပ်မက်ထဲမှာ စကားပြောနေသလိုပင် အသံတွေဟာ နီးလာလိုက် ဝေးသွားလိုက်ဖြင့်။ တင်းကျပ်လာသည့်ရင်ဘတ်ဟာ ဆုတ်ဖြဲခံလိုက်ရသလိုနာကျင်သည်။ အသုံးမကျတဲ့သားကြောင့် မိဘတွေအပြောအဆိုခံခဲ့ရပြီ။

"အခုမေမေ ဘယ်လိုနေသေးလဲဟင်"

"သိပ်ပြီးစိတ်မပူပါနဲ့ ရုတ်တရက်သွေးပေါင်ချိန်ကျသွားယုံပါပဲ။ သားအမေမှာ ကြီးကြီးမားမားရောဂါမျိုးမရှိတာမို့အရမ်းကြီးစိတ်ထဲမထားနဲ့နော်"

အခုမှ ရင်ထဲကအပူလုံးကြီးဟာလျှောခနဲကျဆင်းသွားသည်။ မေမေတစ်ခုခုသာဖြစ်သွားခဲ့ရင် ကိုယ့်ကိုယ်ကိုဘယ်တော့မှခွင့်လွှတ်နိုင်လိမ့်မည်မထင်ပါ။

"ဟိုကောင်လေးများလား သား.."

"ဟုတ်ပါတယ် ဖေဖေ"

"အင်း...ကံကြမ္မာက ငါ့သားငယ်လေးအတွက်ရက်စက်လွန်းလှချည်ရဲ့ကွယ်"

ဘူဆန်မှပြန်လာပြီးသည့်နောက်ပိုင်း ခဏခဏ ဖေဖေ့ဆီမှာ သူ့အတွက်ဖုန်းကောလ်လေးဝင်နေမလားဆိုပြီး နေ့စဉ်မပျက်မေးခဲ့ဖူးသည်။ ထိုအချိန်တုန်းက ဖေဖေဟာဤသို့ဆိုခဲ့သည်။

"ငါ့သားက ဘူဆန်မှာသဘောကျတဲ့သူရှိလာပြီထင်တယ်"

အာ့လိုပြောတိုင်း တစ်ခါမှငြင်းဆန်ခြင်းမရှိပဲ အပြုံးနှင့်သာတုံ့ပြန်ခဲ့ဖူး၏။ ငယ်စဉ်အခါက သဘောကျခြင်းဆိုတာဟာ သူငယ်ချင်းဖြစ်ချင်တာဟုထင်မှတ်ခဲ့သော်ငြားလဲ နောက်ပိုင်းမှသိလိုက်ရသည်မှာ ချစ်ခြင်းတရားဆိုသည်, ထိုကောင်လေးဆီမှအရင်းခံ၍ပေါက်ဖွားလာခြင်းပင်ဖြစ်လေတယ်ဆိုတာကိုပါပဲ။

(A/N အစပိုင်းမှာ ဂျောင်ဂုနဲ့ပတ်သက်ပြီး ထယ်ယောင်းဟာဖခင်ဖြစ်သူကိုသာပြောပြခဲ့ဖူးတယ်ဆိုတဲ့အကြောင်းပါ,ပါတယ်နော်။ သတိထားမိကြလားတော့မသိ)

ဒီကြားထဲ ဖေဖေ့ဆီရင်တွင်းခံစားချက်တစ်ချို့ဖွင့်ဟခဲ့သေးသည်။ ငယ်စဉ်ကတည်းက သူငယ်ချင်းလိုတစ်မျိုး၊ဖခင်လိုတစ်မျိုး‌ပြုစုစောင့်ရှောက်လာခဲ့သည့်အတွက် တစ်စုံတစ်ခုကိုဖော်ပြဖို့ရာဝန်လေးမနေ။ အမြဲတမ်းသက်တောင့်သက်တာရှိစေပြီး နွေးထွေးတဲ့ရပ်ဝန်းဟာဖေဖေ။
ဆူငေါက်ခြင်းအနည်းငယ်တောင်မရှိခဲ့ပါပဲ လေသံအေးအေးဖြင့်ပြောဆိုဆုံးမတတ်သည်။ ဂျောင်ဂုနှင့်ပတ်သက်မှုကိုသိသွားပြန်တော့လဲ တစ်ဖက်ကလေးအတွက်စိတ်မကောင်းဘူး မင်ဂူလေးဟာသူ့မြေးအရွယ်ပဲဟုပြောခဲ့ရုံမှအပ ပြစ်တင်ဝေဖန်ခြင်းတစ်စိုးတစိတောင်မရှိခဲ့သည့် ဖေဖေ့ရဲ့နှလုံးသားဟာ ဘယ်အတိုင်းတာလောက်ထိများနွေးထွေးနေပါသလဲ။

"သားဘာဆက်လုပ်ရတော့မလဲ...သူ့ကိုချစ်တယ် အရမ်းချစ်နေမိပြီ။ ဒီလုပ်ရပ်တွေက မှားနေတယ်လို့ဖေဖေထင်လားဟင်။ သားကတကယ်ပဲ မကောင်းတဲ့သူလား"

ရှိုက်သံတွေထွက်လာသည့် သားဖြစ်သူရဲ့အသံဟာ ဒီဖအေရဲ့နှလုံးအိမ်ထဲဆူးနဲ့ထွင်းသလိုနာကျင်ရပါတယ်။
အိမ်ရဲ့ဆည်းလည်းလေးတစ်သက်လုံးပျော်ရွှင်ဖို့ကိုမျှော်လင့်ပေမယ့် အခုလိုမျိုး ပေါ်ပေါ်ထင်ထင်စော်ကားသွားသည့်လုပ်ရပ်နှင့်အညီ နောင်တစ်ချိန်သားလေးအပေါ်ဒီထက်ဆိုးသည့်အရာတွေကြုံလာရမှာကိုတော့ ဖခင်တစ်ယောက်ဖြစ်တဲ့သူဟာစိုးရိမ်မိ၏။

"မကောင်းတဲ့သူဆိုတာ သူတစ်ပါးအပေါ်ယုတ်မာတတ်တဲ့လူမျိုးပါ။ စကားနဲ့ဖြစ်စေ ကိုယ်ထိလက်ရောက်ဖြစ်စေ နာကျင်အောင်ပြုလုပ်တဲ့လူကမှ မကောင်းတဲ့သူပါကွယ်။ ဖေဖေ့သားလေးက ဘယ်သူတွေအတွက်များနာကျင်စေလို့လဲ"

"........."

ကျွန်တော်တို့မိသားစုဝင်တွေအားလုံးအပြုံးအရီမပျက်ခဲ့ကြတာဟာ အားလုံးဖေဖေ့ကြောင့်ပါ။ အမှားကျူးလွန်ခဲ့ရင်တောင် ဖြစ်သင့်တာနဲ့ဖြစ်နိုင်တာကို ဝေဖန်ပိုင်းခြားပြီးဆုံးမတတ်သည့်အပြင် အခုလိုအချိန်မျိုးမှာလိုအပ်နေသည့် စကားလုံးတွေကိုလဲ ဖေဖေဟာရက်ရက်ရောရောပင် ကျွန်တော့်အပေါ် စွန့်ကြဲခဲ့ပါတော့တယ်။ တစ်သက်လုံးနေထိုင်လာခဲ့သည့် ဖခင်ရဲ့အရိပ်ဟာ မည်မျှပင်နွေးထွေးကြောင်း တစ်စုံတစ်ယောက်လေးကိုပြောပြချင်တယ်။ ဖေဖေဟာ ထိုကောင်လေးအပေါ်မှာလဲမေတ္တာမပြတ်ဆက်ဆံပေးလိမ့်မည်ဆိုတာကိုလဲ အလိုအလျောက်ခံစားမိ၏။

"လောလောဆယ် ဒီကိုအမြန်ပြန်လာမှဖြစ်မယ်။ သားမေမေကအခုအရမ်းတွေ့ချင်နေတာ။ သားရဲ့အသံကိုကြားရင်ပိုငိုချင်တယ်ဆိုပြီးအိပ်ယာထဲကတောင်ထမလာဘူး"

"ဟုတ်ကဲ့ ကျောင်းကိုခွင့်တိုင်ပြီး အမြန်ဆုံးလာခဲ့ပါ့မယ်"

Flashback end_

မနက်ခင်းမှာ ပထမဆုံးမြင်လိုက်ရသည့် မျက်နှာလေး။
လက်မောင်းပေါ်မှာ ဘေးတစ်စောင်းလေးအိပ်နေသည့်ပုံစံဟာပကတိအေးချမ်းလျက်။ ဂျောင်ဂုတစ်ချက်ပြုံးရင်း နဖူးပြင်ပေါ်အနမ်းခြွေလိုက်သည်။ လှုပ်လှုပ်ရှားရှားဖြစ်လာသည့်မျက်ခွံလေးများက သိပ်မကြာခင်မှာနိုးလာတော့မည်ဆိုတဲ့သဘော။ ခန်းစီးလိုက်ကာဆီမှ တစ်စွန်းတစ်စဝင်ရောက်လာသည့်နေရောင်ခြည်နုနုဟာ ဝါဝင်းနေသော အစ်ကို့ရဲ့ပခုံးသားလေးပေါ်သို့ပွတ်တိုက်နေသည်။ အိပ်မောကျနေဆဲဖြစ်သည့် အရှေ့ကမျက်နှာလှလှလေးကို တစ်စိမ့်စိမ့်ထိုင်ကြည့်ပေးနေလိုက်၏။

ဆံပင်များကို တစ်စုံတစ်ယောက်ကထိတွေ့နေသည်ဟုခံစားမိတာကြောင့်အိပ်မှုန်စုန်မွှားဖြင့်ထလာရသည်။ မျက်စိနှစ်လုံးပွင့်ပွင့်ချင်း ပြုံးနေသည့်ဂျောင်ဂုရဲ့မျက်နှာကြောင့်မနက်ခင်းဟာ လှပနေတော့တာ။ ချစ်ရသူနှင့်အတူနိုးထခွင့်ရသည့်နေ့ရက်တိုင်းကပျော်စရာကောင်းနေလိမ့်မည်မှာအမှန်။

"morning အချစ်!"

ထိုနာမ်စားကြောင့်ပါးပြင်လေးနှစ်ဖက် ရဲပတောင်းခတ်သွားသည်မှာထယ်ယောင်း။ ဒီကောင်လေးဟာ ဘယ်တုန်းကများ အာ့သလောက်ထိ ရဲတင်းသွားတာပါလိမ့်။ ငြိမ်ငြိမ်မနေသည့်လက်တွေဟာလဲ ဆံပင်ကိုင်လိုက်၊ပါးကိုထိလိုက်၊ နှာခေါင်းကိုလာညှစ်လိုက်ဖြင့် လူကို လေးနှစ်သားများမှတ်နေသလား။

"ထတော့ မင်းအလုပ်သွားရမယ်မလား ပြီးတော့ဒီနေ့ မင်ဂူလေးမွေးနေ့လေ"

"အင်း...ညနေလာမယ်မလား မွေးနေ့ပွဲကို"

ချက်ခြင်းတုံ့ပြန်ဖို့ရာခဲယဉ်းနေသည့် ကျွန်တော့်ပုံစံအားဂျောင်ဂုရိပ်မိသွားမည်ဆိုး၍ မသေမသပ်အပြုံးတစ်ခုနှင့်အမြန်ဖုံးကွယ်လိုက်ရသည်။

"လာခဲ့ပါ့မယ်"

"ကျွန်တော်လာခေါ်မယ်လေ"

"နေပါစေ!"

ရုတ်တရက်အသံမြင့်သွားသည့်ကျွန်တော့်ကို စိုက်ကြည့်လာသည့်ဂျောင်ဂု။

"ဟို...အစ်ကို့ဘာသာပဲလာလိုက်မယ်နော်"

ထိုမှသာ ခေါင်းအသာငြိမ့်ပြရင်း လူကိုရင်ခွင်ထဲဆွဲဖက်ထားသည်။ အင်္ကျီမဲ့နေသည့် ရင်ဘတ်ပေါ်တင်ထားမိတဲ့ကျွန်တော့်၏လက်ဖဝါးအား အသာယူရင်းသူ့နှုတ်ခမ်းဖြင့်တရှုံ့ရှုံ့နမ်းနေသေး၏။ နီးကပ်နေသည့် လည်တိုင်ပေါ်အနမ်းပေးမိတော့ လှည့်ကြည့်လာသည်။

"နောက်တစ်ခေါက်လား?"

ပြုံးစစဖြင့်ခနဲ့လာသည့်ထိုကောင်လေးရဲ့မျက်နှာဟာဖြီးလို့။ ခေါင်းခေါက်ချင်စိတ်တွေကိုထိန်းထားရသည်။ တကယ်လဲမခေါက်ရက်ဘူး။

"ထွက်သွားတော့ နှာဘူး!"

ချစ်စရာကောင်းတဲ့ရန်တွေ့သံကြောင့် အခန်းငယ်အတွင်း ဂျောင်ဂု၏သဘောတကျရီသံများမှာပျံ့လွင့်နေလေသည်။ အစ်ကိုမရှိလဲ မင်းဒီလိုပဲပျော်ပေးနိုင်မလား။ သေချာပေါက် မရဘူးလို့ပြောလာမှာပေါ့။ ခက်ခဲလိုက်တာ....ဘာလို့များအစ်ကိုတို့ကျမှဒီလိုတွေဖြစ်ရသလဲ။ မင်းနဲ့ဝေးသွားခဲ့ရင်လို့ တွေးမိလိုက်တိုင်းရင်ဘတ်ထဲကအသေနာကျင်တယ်။

"ဂျောင်ဂု...."

"အင်း"

"ငါမင်းကိုသိပ်ချစ်တယ်နော်"

"သိတယ်။ သိတာမလို့ ခဏခဏကြီးမပြောပါနဲ့ မတွေ့ရတော့မယ့်လူတွေလိုမျိုး"

ရင်ဘတ်ထဲဒိန်းခနဲပင်။ ဧကန္တ ဂျောင်ဂုတော့မသိလောက်ဘူးမလား။ ဟုတ်ပါတယ် သိသွားခဲ့ရင် အခုလိုမျိုးဘယ်လိုလုပ်အေးဆေးနေနိုင်ပါ့မလဲ။ ကျွန်တော့်လို ယောက်ယက်ခတ်နေတော့မှာ။

"ငါ မင်းအနားမှာရှိနေမှာပါ"

"တစ်သက်လုံးလား?"

"အင်း...ဖြစ်နိုင်ရင် တစ်သက်လုံးပေါ့"

"အစ်ကို့စကားကဘာကြီးလဲ။ မရေမရာနဲ့"

"ဘဝဆိုတာ အရင်တည်းက ဘာမှမသေချာဘူးလေ"

"ဟုတ်ပါပြီ ဆရာကင်မ်ထယ်ယောင်းခင်ဗျ...လက်မြှောက်အရှုံးပေးပါတယ်"

ရင်ခွင်ကျယ်ကြီးထဲ ဝင်နိုင်သမျှ အနေအထားထိပိုတိုး၍ခိုလှုံမိသည်။ နောက်တစ်ခါ ဒီရင်ခွင်ဆီပြန်လာဖို့အခွင့်မသာတော့ရင် အနည်းဆုံးသူ့ရဲ့ရင်ငွေ့ကိုအမှတ်တရရှိနေအောင်ပါ။ တစ်ချိန်ချိန် ဝေးသွားကြမယ်ဆိုရင်တောင် အမုန်းတွေနဲ့မဝေးကွာချင်ဘူး ငါ့ကောင်လေးရယ်။

THE FIRST TIME WE MET 🌊

.

.

.
မုသား‌တွေကိုတောင်ယုံလွယ်တတ်သည့် ကောင်ငယ်လေးဟာ ပျော်ရွှင်စွာနဲ့ပဲ ဒီမနက်တင်ကျောခိုင်းထွက်ခွာသွားခဲ့သည်။ အံဆွဲထဲက စာရွက်အလွတ်တစ်ခုအားယူပြီး ဘောပင်ဖြင့်ထပ်ပြီး မုသားစကားလုံးတွေကိုပုံဖော်နေ၏။

အဝတ်အစားအနည်းငယ်ယူပြီး luggage ထဲသို့ထည့်လိုက်သည်။ ရေမိုးချိုးပြင်ဆင်ပြီးတာနှင့် စာရွက်လေးတစ်ရွက်အား စားပွဲပေါ်၌တင်ထားလိုက်၏။ ဂျောင်ဂုပြန်ရောက်လာအုန်းမည်ဆိုတာသိလို့ မြင်သာလောက်မည့်နေရာမှာထားခဲ့မှဖြစ်မှာ။ အခန်းထဲမှထွက်ခါနီး မနေ့ညကအဖြစ်အပျက်တစ်ချို့တွေးမိပြန်တော့ ရှက်လဲရှက် ပျော်လဲပျော်သည်။ ရေနွေးနွေးဖြင့်စပ်ချိုးလိုက်၍ မနေ့ကထက်စာရင် နာကျင်မှုတွေဟာလျော့နည်းသွားသည်။ ဂျောင်ဂုကိုယ်တိုင်ဆင်းဝယ်ပေးခဲ့သည့်ဆေးထုပ် တစ်အုံတမကြီးကိုကြည့်ရင်း ရီနေမိတာ။ ကျွန်တော်သက်သာအောင်ဆိုပြီး အသိဆရာဝန်ဆီ လုံးစေ့ပတ်စေ့တွေသွားမေးနေသည်ကြောင့် ဘေးမှထအော်ရသေး၏။ ငိုရင်းရီနေတဲ့ကျွန်တော်ဟာ ပုံမှန်စိတ်မဟုတ်တော့ဘူးထင်ရဲ့။

"ထပ်တွေ့ချင်တယ်....သေချာပေါက်"

THE FIRST TIME WE MET 🌊
.

.

.
ကျစ်!

စိတ်ရှုပ်ထွေးမှုများကြောင့် ခေါင်းငိုက်ဆိုက်ဖြင့်ထိုင်နေမိသည်။ မနက်ဖြန်အလုပ်ကိစ္စဖြင့်ဂျပန်ကိုသွားရမည်။ ရုတ်တရက်ကြီးနေမကောင်းဖြစ်လာသည့်အဖွားကိုပြုစုရန်မင်ဟီးက အာ့ဒီအိမ်မှာတစ်နေကုန်နေရသည်။ ညနေ ရုံးဆင်းတော့ ခွေးကောင်‌လေးရဲ့မွေးနေ့ရှိသည်မို့ လက်ဆောင်အဖြစ်သူသဘောကျစေမယ့် စာအုပ်တစ်ချို့အားဝင်ဝယ်လိုက်၏။ စာအုပ်တွေမြင်တော့ အစ်ကို့ကိုသတိရသွားသည်။ အားလပ်ချိန်တွေဆိုစာဖတ်ခြင်းဖြင့်သာကုန်ဆုံးလေ့ရှိတဲ့အစ်ကိုက ပွင့်လွှာဖတ်လေးလိုနူးညံ့ပြီးတည်ငြိမ်သည်။ စာပေမလိုက်စားတဲ့သူ့အဖို့ ဘယ်လိုစာအုပ်မျိုးတွေဟာ အစ်ကိုသဘောကျစေမယ်ဆိုတာကိုနားမလည်။ ရောက်လက်စဖြင့်ကုန်တိုက်တစ်ပတ်ပတ်လိုက်သေးသည်။ လက်တစ်ဖက်မှာက မင်ဂူအတွက်လက်ဆောင်။ တစ်ဖက်မှာက အစ်ကို့အတွက် မာဖလာအညိုရောင်လေး။ ဆောင်းတွင်းရောက်တော့မှာမလို့ ဒီလက်ဆောင်က အစ်ကို့အတွက်အသုံးဝင်မှာ။

ထုံးစံအတိုင်း passwordရိုက်ထည့်ပြီးဝင်လာတော့တစ်အိမ်လုံးတိတ်ဆိတ်နေသည်။ အစ်ကိုမရှိဘူးများလား။ ဒီနေ့ကျောင်းပိတ်ရက်ကိုဘယ်တွေသွားနေတာလဲ။ ဝယ်လာသည့်အထုပ်များအားဧည့်ခန်းထဲရှိစားပွဲပေါ်သို့တင်မည်အပြုစာရွက်တစ်ရွက်ကိုပန်းအိုးအောက်ခြေနှင့်ဖိထားခဲ့သည်မို့ လှမ်းယူလိုက်သည်။

ဂျောင်ဂု_

အစ်ကိုမိသားစုကိစ္စလေးရှိလို့ နယ်ဘက်ခဏဆင်းမယ် ဒီကြားထဲအဆက်အသွယ်လုပ်နိုင်လောက်ဘူး
မင်ဂူလေးရဲ့မွေးနေ့ကိုလာနိုင်လို့တောင်းပန်ပါတယ်
စ်ကို့ရဲ့အိပ်ခန်းထဲမှာ လက်ဆောင်ထုပ်လေးယူသွားပေးပါ...
အစားပုံမှန်စားနော်ခေါင်းလျှော်ပြီးရင်လဲရေခြောက်အောင်သုတ်ပြီးမှအိပ်ပြီးတော့ laptopကြည့်ရင်တပ်ဖို့မျက်မှန်ကစာအုပ်စင်မှာရှိတယ် အသစ်ဝယ်ပေးထားတာယူသွားလိုက်အမြဲတမ်းမျက်လုံးနဲ့ screenမခွာလို့ကြာရင်မျက်ရိုးကိုက်လိမ့်မှာစိုးလို့ မင်းဟာလေ ငါ့စကားဆိုဘယ်တော့မှနားမထောင်ဘူးဒီတစ်ခါတော့ နားထောင်ပါ မျက်မှန်တပ်ရင်ရုပ်ဆိုးတယ်လို့ဘယ်သူပြောလဲငါ့မျက်လုံးထဲမှာတော့အရမ်းကြည့်ကောင်းနေတာကို

ပြန်လာခဲ့မယ်နော်.....ချစ်တယ်//

စာလေးကဤမျှသာ။ သို့ပေမယ့်အပြုံးတွေကမရပ်တန့်နိုင်။ အသံလေးကြားချင်လာလို့ဖုန်းဆက်ပေမယ့် ဆက်သွယ်မှုဧရိယာပြင်ပသာဖြစ်နေတာမလို့ မက်ဆေ့ခ်ျပဲပို့လိုက်သည်။

မြန်မြန်ပြန်လာ‌ပါ အချစ်...

အခုဆိုလျှင်ဖြစ်နေမည့်အစ်ကို့ရဲ့မျက်နှာလေးအားမြင်ယောင်ရင်း ရင်ခုန်သံတွေဟာထိန်းမနိုင်သိမ်းမရ။
နာရီပိုင်းလေးနဲ့တင်လွမ်းလှပြီ။ ဂျပန်မှာတစ်လသွားနေရရင်ဘယ်လိုများလုပ်ရပါ့။ ထပ်ပြီး မက်ဆေ့ခ်ျပို့လိုက်သည်။

ဒီညနေ flightနဲ့ ဂျပန်သွားမယ်...တစ်လလောက်ကြာမှာလို့ကျွန်တော်လွမ်းနေတော့မှာ
ချစ်တယ်.....ကျွန်တော့်ရဲ့ကင်မ်

ဝင်လာသမျှမက်ဆေ့ခ်ျတွေကိုဖတ်ရင်းပြုံးနေမိသည်။ ဂျပန်သွားရတော့မှာတဲ့လား။ ကောင်းပါတယ်လေ အနည်းဆုံးတော့အဝေးမှာရှိနေတာဟာ အခုချိန်မှာနှစ်ယောက်လုံးအတွက်အကောင်းဆုံးပါပဲ။ ဘေးနားကရှုခင်းတွေဟာရုတ်တရက်ကြီးဝမ်းနည်းဖို့ကောင်းလာသည်။ တိတ်ဆိတ်နေတဲ့ကားအတွင်းရှိလေထုဟာ အလွမ်းတို့အားတစ်ဆင့်မြှင့်တင်ပေးသည့်နှယ်။ လူတွေဟာ တိတ်ဆိတ်လေ အတွေးများလေမို့ တစ်ခါတရံမှာ ငြိမ်သက်ခြင်းတွေကိုကြောက်လှန့်မိပါသည်။

ဒယ်ဂူ၏လတ်ဆတ်တဲ့ လေပြေအေးတွေကိုတစ်ဆုံးရှုသွင်းလိုက်၏။ အရင်ဆိုအိမ်ပြန်ရသည့်ခြေလှမ်းတွေဟာ သွက်လက်နေခဲ့တာ။ အခုတော့ မေမေ့မျက်နှာကိုဘယ်လိုရင်ဆိုင်ရပါ့မလဲမသိတော့ပါ။ အကြောင်းပြချက်မရှိ တင်းတင်းဆုပ်လိုက်သည့်လက်သီးတစ်ဖက်။ မပျော့ညံ့နဲ့ ကင်မ်ထယ်‌ယောင်း.... ကောင်လေးစောင့်နေရှာမှာ။ ငါသူ့ကိုပြန်လာမယ်လို့ကတိပေးခဲ့တယ်။ ထွက်သွားတဲ့သူကိုစောင့်ရတဲ့အလုပ်မျိုးက ကျွန်တော်တစ်ယောက်ဖြင့်သာလုံလောက်ပါစေတော့။

မေမေက မြင်တာနဲ့ငိုယိုပြီးပြေးဖက်တော့သည်။ ‌အနောက်မှာ ဖေဖေနဲ့ အမက မျက်နှာတွေမကောင်းကြ။ ပါးစပ်ဆယ်ပေါက်ရှိရင်တောင်မှ ကျွန်တော့်မိသားစုဝင်တွေကိုတောင်းပန်စကားဆိုဖို့မလုံလောက်ပါဘူး။ ဒူးထောက်ချလိုက်တော့ မေမေက ကပျာကယာပင်နိုင်သလောက်အားဖြင့်ထူ,မ၏။ သို့ပေမယ့် မတတ်စွမ်းနိုင် ကျွန်တော်ကလူငယ်လေ။

"သားငယ် အာ့လိုမလုပ်စမ်းနဲ့ကွယ်။ မဟုတ်ရင်တောင် မေမေတအားစိတ်ပင်ပန်းရတယ်"

"တောင်းပန်ပါတယ် သားတကယ်တောင်းပန်ပါတယ်"

"အောက်မှာ ကြမ်းပြင်ကအေးတယ် အပေါ်မှာထိုင်။ ဖေကြီး ရှင်ကဘာရပ်လုပ်နေတာလဲ သားကိုလာထူပေးလေ"

"အေးပါကွာ"

ကြားထဲက ဖေဖေပါ အ‌စစ်ဟောက်ခံလိုက်ရသည်မို့ ဘေးနားက အမ,ပါဝင်ဆွဲထူကြသည်။ လူနာလဲမဟုတ်ပါပဲနဲ့ မသိလျှင်ပွေ့ချီသွားကြတော့မည့်အတိုင်း။
အပြစ်သားတစ်‌ယောက်လိုခေါင်းငုံ့ထားမိသည်။ ဟုတ်တယ် သူကမိသားစုရဲ့ဂုဏ်သိက္ခာကိုကျဆင်းစေတဲ့လူ။

"သားလေး"

ကျွန်တော့်လက်ဖဝါးပြင်ဆီအုပ်မိုးကိုင်လာသည့် မေမေ့ရဲ့လက်သေးသေးလေး။ မော့ကြည့်တော့ ရွှန်းရွှန်းစိုနေသည့်မျက်ဝန်းတွေ။ ကျွန်တော်ဟာတကယ်မကောင်းတာပဲ။

"မေမေ့သားငယ်က ဟိုးငယ်ငယ်လေးတည်းကအမြဲတမ်းစကားနားထောင်ခဲ့တဲ့ကလေးမို့ တစ်ခါမှစိတ်မညစ်ခဲ့ရဖူးဘူး"

"........."

"ဒီတစ်ခါလဲ မေမေ့စကားကိုနားထောင်ပေးမလား"

"........"

"ဆွန်းလီလေးနဲ့ နောက်တစ်ပတ်ထဲလက်ထပ်ဖို့ မေမေစကားကမ်းလှမ်းထားပြီးပြီ"

"ဗျာ!"

AriaK
To be continued_
A/N updateကြာသွားပေမယ့် နဂိုထက်,စာလုံးရေပိုများပါတယ်။ နှစ်ရက်ခြား တစ်ရက်ခြားဖြစ်နိုင်ရင်တင်ပေးချင်ပေမယ့် စိတ်အဆင်ပြေမှရေးနိုင်တဲ့သူမလို့ အာမ,မခံပေးနိုင်တာပါနော်။ နားလည်ပေးကြမယ်လို့မျှော်လင့်ပါတယ်ရှင်❣️




Zawgyi

Flashback_
ေဂ်ာင္ဂုႏွင့္စားေသာက္ဆိုင္မွာေတြ႕ဆုံခဲ့အၿပီး ျပည့္က်ပ္သိပ္ေနေသာအေတြးေပါင္းမ်ားစြာျဖင့္အိမ္ျပန္လာခဲ့သည္။ ခ်စ္ရသူနဲ႔အတူလက္တြဲႏိုင္ေတာ့မည့္အေရးမွာ ဘယ္သူကေတာ့မေပ်ာ္ပဲ႐ွိေလပါ့မလဲ။ သို႔ေသာ္ ထင္သေလာက္ခရီးေပါက္ဖို႔ရာအတြက္ခဲယဥ္းလြန္းလွသည့္ႏွစ္ဦးသားရဲ႕အခ်စ္ေရးအားေတြးပူေနမိ၏။ လတ္တေလာ မ်က္ႏွာေလး႐ႊင္ေနသည့္ေဂ်ာင္ဂုကိုစဥ္းစားမိေတာ့ ဘယ္လိုအရာေတြပင္ၾကဳံလာပါေစ သူတစ္ေယာက္တည္းရဲ႕မ်က္ႏွာကိုပဲၾကည့္ေပးခ်င္မိျပန္ပါတယ္။ အစမေကာင္းခဲ့တဲ့ဇာတ္လမ္းတစ္ပုဒ္ဟာ အဆုံးသတ္ေလးမွာ,လွရင္ေတာ့ျဖင့္အနည္းဆုံးၾကည့္လို႔ေကာင္းမယ္ထင္ပါရဲ႕။

အျပင္ကျပန္လာတဲ့အဝတ္အစားေတြကိုမလဲပဲ ဆိုဖာေပၚမွာပက္လက္ႀကီးလွဲေနမိသည္မွာနာရီဝက္ပင္ျပည့္ေတာ့မည္။ မအိပ္ပဲၾကာၾကာလွဲေနပါကေခါင္းမူးတတ္သည့္အက်င့္႐ွိတာမလို႔ အတင္းကုန္း႐ုန္းထၿပီးေရခ်ိဳးရန္ျပင္ဆင္ေတာ့သည္။ အေပၚထပ္ေလးခြၽတ္ယုံ႐ွိေသး ဖုန္းသံျမည္လာသည္မလို႔ ဧည့္ခန္းထဲသို႔တစ္ဖန္ေျပးထြက္လာရ၏။

"ဟင္ ေဖေဖ.."

ေက်ာင္းဆရာဘဝမွအနားယူၿပီးျဖစ္ေသာ ဖခင္ဟာ မိဘမဲ့ေဂဟာတစ္ခုရဲ႕ပညာဒါနေက်ာင္းအုပ္အျဖစ္လုပ္ကိုင္လ်က္႐ွိသည္။ ကေလးေတြကိုစာသင္ရသည့္အခ်ိန္မ်ားဆိုလွ်င္ အေတာက္ပဆုံးျပဳံးေနတတ္သည့္ေဖေဖရဲ႕အျပဳံးေတြကိုလြမ္းမိသည္။

"ဟယ္လို...ေဖေဖ"

"သားငယ္.."

အနည္းငယ္ေဖ်ာ့ေတာ့ေနသည့္အသံက သူ႕ရင္အားပူေလာင္သြားေစသည္။ ဘာလို႔မ်ားလဲ။ ေဖေဖေနမေကာင္းတာလား ဒါမွမဟုတ္ ေမေမတစ္ခုခုျဖစ္လို႔လား။
႐ႈပ္ေထြးလာသည့္အေတြးေတြအားလ်စ္လ်ဴ႐ႈၿပီး_

"သားကိုေျပာစရာ႐ွိလို႔လား"

ေလလိႈင္းထဲကေနေတာင္ထိုးေဖာက္ၿပီးဝင္‌ေရာက္လာသည့္ ေဖေဖရဲ႕သက္ျပင္းခ်သံဟာ နီးကပ္ေနသေယာင္ပင္ထင္ရ၏။ တံေထြးတစ္ခ်က္မ်ိဳခ်မိသည္။ ေက်းဇူးျပဳၿပီးမိဘႏွစ္ပါးေဘးကင္းပါေစ။

"သား ေမေမ...မူးလဲလို႔"

"ဗ်ာ!"

ေခါင္းေတြခ်ာခ်ာလည္ကုန္သည္။ အၿမဲတမ္းေဒါင္ေဒါင္ျမည္ေအာင္က်န္းမာေနခဲ့သည့္ေမေမကဘယ္လိုျဖစ္ၿပီးမူးလဲသြားရတာလဲ။

"ဘယ္လို...ဘယ္လိုျဖစ္တာလဲ ေဖေဖရယ္"

"မေန႔ကတင္ အမ်ိဳးသမီးႀကီးတစ္ေယာက္ ေဖေဖတို႔ဆီလာေတြ႕သြားခဲ့တယ္"

အမ်ိဳးသမီးႀကီး? ဘယ္သူလဲ။ မဟုတ္ဘူးမလား ဒီလိုမျဖစ္ရဘူး။ မဟုတ္ဘူး မျဖစ္ႏိုင္ဘူးေလ။

"အိမ္ေထာင္႐ွိၿပီးသား သူ႕ရဲ႕ေျမးကို ငါ့သားကျမဴစြယ္ေနတယ္ဆိုၿပီး ေဖေဖတို႔ေ႐ွ႕မွာတင္ေျပာဆိုခဲ့ေတာ့တာပါပဲကြယ္..."

"........."

"နားနဲ႔မဆံ့ရေအာင္ၾကားလိုက္ရတဲ့ ၾကမ္းၾကဳတ္တဲ့စကားေတြကို သားရဲ႕ေမေမဟာ ခံႏိုင္ရည္မ႐ွိခဲ့ဘူး။ သူ႕သားငယ္ေလးကိုဘယ္ေလာက္ေတာင္မွခ်စ္လိုက္သလဲ။ တစ္ခ်ိန္လုံးအငိုမရပ္ပဲ ေနာက္ဆုံးေမ့ေမ်ာသြားတဲ့အထိျဖစ္သြားတယ္"

ဖုန္းကိုင္ထားသည့္လက္ဟာတုန္ယင္လာသည္။ ဒါေတြအကုန္လုံးအိပ္မက္ျဖစ္ခဲ့ရင္သိပ္ေကာင္းမည္ဟုေတြးလိုက္မိသည္။ ေဖေဖဟာ သူ႕ကိုအိပ္မက္ထဲမွာ စကားေျပာေနသလိုပင္ အသံေတြဟာ နီးလာလိုက္ ေဝးသြားလိုက္ျဖင့္။ တင္းက်ပ္လာသည့္ရင္ဘတ္ဟာ ဆုတ္ၿဖဲခံလိုက္ရသလိုနာက်င္သည္။ အသုံးမက်တဲ့သားေၾကာင့္ မိဘေတြအေျပာအဆိုခံခဲ့ရၿပီ။

"အခုေမေမ ဘယ္လိုေနေသးလဲဟင္"

"သိပ္ၿပီးစိတ္မပူပါနဲ႔ ႐ုတ္တရက္ေသြးေပါင္ခ်ိန္က်သြားယုံပါပဲ။ သားအေမမွာ ႀကီးႀကီးမားမားေရာဂါမ်ိဳးမ႐ွိတာမို႔အရမ္းႀကီးစိတ္ထဲမထားနဲ႔ေနာ္"

အခုမွ ရင္ထဲကအပူလုံးႀကီးဟာေလွ်ာခနဲက်ဆင္းသြားသည္။ ေမေမတစ္ခုခုသာျဖစ္သြားခဲ့ရင္ ကိုယ့္ကိုယ္ကိုဘယ္ေတာ့မွခြင့္လႊတ္ႏိုင္လိမ့္မည္မထင္ပါ။

"ဟိုေကာင္ေလးမ်ားလား သား.."

"ဟုတ္ပါတယ္ ေဖေဖ"

"အင္း...ကံၾကမၼာက ငါ့သားငယ္ေလးအတြက္ရက္စက္လြန္းလွခ်ည္ရဲ႕ကြယ္"

ဘူဆန္မွျပန္လာၿပီးသည့္ေနာက္ပိုင္း ခဏခဏ ေဖေဖ့ဆီမွာ သူ႕အတြက္ဖုန္းေကာလ္ေလးဝင္ေနမလားဆိုၿပီး ေန႔စဥ္မပ်က္ေမးခဲ့ဖူးသည္။ ထိုအခ်ိန္တုန္းက ေဖေဖဟာဤသို႔ဆိုခဲ့သည္။

"ငါ့သားက ဘူဆန္မွာသေဘာက်တဲ့သူ႐ွိလာၿပီထင္တယ္"

အာ့လိုေျပာတိုင္း တစ္ခါမွျငင္းဆန္ျခင္းမ႐ွိပဲ အျပဳံးႏွင့္သာတုံ႔ျပန္ခဲ့ဖူး၏။ ငယ္စဥ္အခါက သေဘာက်ျခင္းဆိုတာဟာ သူငယ္ခ်င္းျဖစ္ခ်င္တာဟုထင္မွတ္ခဲ့ေသာ္ျငားလဲ ေနာက္ပိုင္းမွသိလိုက္ရသည္မွာ ခ်စ္ျခင္းတရားဆိုသည္, ထိုေကာင္ေလးဆီမွအရင္းခံ၍ေပါက္ဖြားလာျခင္းပင္ျဖစ္ေလတယ္ဆိုတာကိုပါပဲ။

(A/N အစပိုင္းမွာ ေဂ်ာင္ဂုနဲ႔ပတ္သက္ၿပီး ထယ္ေယာင္းဟာဖခင္ျဖစ္သူကိုသာေျပာျပခဲ့ဖူးတယ္ဆိုတဲ့အေၾကာင္းပါ,ပါတယ္ေနာ္။ သတိထားမိၾကလားေတာ့မသိ)

ဒီၾကားထဲ ေဖေဖ့ဆီရင္တြင္းခံစားခ်က္တစ္ခ်ိဳ႕ဖြင့္ဟခဲ့ေသးသည္။ ငယ္စဥ္ကတည္းက သူငယ္ခ်င္းလိုတစ္မ်ိဳး၊ဖခင္လိုတစ္မ်ိဳး‌ျပဳစုေစာင့္ေ႐ွာက္လာခဲ့သည့္အတြက္ တစ္စုံတစ္ခုကိုေဖာ္ျပဖို႔ရာဝန္ေလးမေန။ အၿမဲတမ္းသက္ေတာင့္သက္တာ႐ွိေစၿပီး ေႏြးေထြးတဲ့ရပ္ဝန္းဟာေဖေဖ။
ဆူေငါက္ျခင္းအနည္းငယ္ေတာင္မ႐ွိခဲ့ပါပဲ ေလသံေအးေအးျဖင့္ေျပာဆိုဆုံးမတတ္သည္။ ေဂ်ာင္ဂုႏွင့္ပတ္သက္မႈကိုသိသြားျပန္ေတာ့လဲ တစ္ဖက္ကေလးအတြက္စိတ္မေကာင္းဘူး မင္ဂူေလးဟာသူ႕ေျမးအ႐ြယ္ပဲဟုေျပာခဲ့႐ုံမွအပ ျပစ္တင္ေဝဖန္ျခင္းတစ္စိုးတစိေတာင္မ႐ွိခဲ့သည့္ ေဖေဖ့ရဲ႕ႏွလုံးသားဟာ ဘယ္အတိုင္းတာေလာက္ထိမ်ားေႏြးေထြးေနပါသလဲ။

"သားဘာဆက္လုပ္ရေတာ့မလဲ...သူ႕ကိုခ်စ္တယ္ အရမ္းခ်စ္ေနမိၿပီ။ ဒီလုပ္ရပ္ေတြက မွားေနတယ္လို႔ေဖေဖထင္လားဟင္။ သားကတကယ္ပဲ မေကာင္းတဲ့သူလား"

႐ိႈက္သံေတြထြက္လာသည့္ သားျဖစ္သူရဲ႕အသံဟာ ဒီဖေအရဲ႕ႏွလုံးအိမ္ထဲဆူးနဲ႔ထြင္းသလိုနာက်င္ရပါတယ္။
အိမ္ရဲ႕ဆည္းလည္းေလးတစ္သက္လုံးေပ်ာ္႐ႊင္ဖို႔ကိုေမွ်ာ္လင့္ေပမယ့္ အခုလိုမ်ိဳး ေပၚေပၚထင္ထင္ေစာ္ကားသြားသည့္လုပ္ရပ္ႏွင့္အညီ ေနာင္တစ္ခ်ိန္သားေလးအေပၚဒီထက္ဆိုးသည့္အရာေတြၾကဳံလာရမွာကိုေတာ့ ဖခင္တစ္ေယာက္ျဖစ္တဲ့သူဟာစိုးရိမ္မိ၏။

"မေကာင္းတဲ့သူဆိုတာ သူတစ္ပါးအေပၚယုတ္မာတတ္တဲ့လူမ်ိဳးပါ။ စကားနဲ႔ျဖစ္ေစ ကိုယ္ထိလက္ေရာက္ျဖစ္ေစ နာက်င္ေအာင္ျပဳလုပ္တဲ့လူကမွ မေကာင္းတဲ့သူပါကြယ္။ ေဖေဖ့သားေလးက ဘယ္သူေတြအတြက္မ်ားနာက်င္ေစလို႔လဲ"

"........."

ကြၽန္ေတာ္တို႔မိသားစုဝင္ေတြအားလုံးအျပဳံးအရီမပ်က္ခဲ့ၾကတာဟာ အားလုံးေဖေဖ့ေၾကာင့္ပါ။ အမွားက်ဴးလြန္ခဲ့ရင္ေတာင္ ျဖစ္သင့္တာနဲ႔ျဖစ္ႏိုင္တာကို ေဝဖန္ပိုင္းျခားၿပီးဆုံးမတတ္သည့္အျပင္ အခုလိုအခ်ိန္မ်ိဳးမွာလိုအပ္ေနသည့္ စကားလုံးေတြကိုလဲ ေဖေဖဟာရက္ရက္ေရာေရာပင္ ကြၽန္ေတာ့္အေပၚ စြန္႔ႀကဲခဲ့ပါေတာ့တယ္။ တစ္သက္လုံးေနထိုင္လာခဲ့သည့္ ဖခင္ရဲ႕အရိပ္ဟာ မည္မွ်ပင္ေႏြးေထြးေၾကာင္း တစ္စုံတစ္ေယာက္ေလးကိုေျပာျပခ်င္တယ္။ ေဖေဖဟာ ထိုေကာင္ေလးအေပၚမွာလဲေမတၱာမျပတ္ဆက္ဆံေပးလိမ့္မည္ဆိုတာကိုလဲ အလိုအေလ်ာက္ခံစားမိ၏။

"ေလာေလာဆယ္ ဒီကိုအျမန္ျပန္လာမွျဖစ္မယ္။ သားေမေမကအခုအရမ္းေတြ႕ခ်င္ေနတာ။ သားရဲ႕အသံကိုၾကားရင္ပိုငိုခ်င္တယ္ဆိုၿပီးအိပ္ယာထဲကေတာင္ထမလာဘူး"

"ဟုတ္ကဲ့ ေက်ာင္းကိုခြင့္တိုင္ၿပီး အျမန္ဆုံးလာခဲ့ပါ့မယ္"

Flashback end_

မနက္ခင္းမွာ ပထမဆုံးျမင္လိုက္ရသည့္ မ်က္ႏွာေလး။
လက္ေမာင္းေပၚမွာ ေဘးတစ္ေစာင္းေလးအိပ္ေနသည့္ပုံစံဟာပကတိေအးခ်မ္းလ်က္။ ေဂ်ာင္ဂုတစ္ခ်က္ျပဳံးရင္း နဖူးျပင္ေပၚအနမ္းေႁခြလိုက္သည္။ လႈပ္လႈပ္႐ွား႐ွားျဖစ္လာသည့္မ်က္ခြံေလးမ်ားက သိပ္မၾကာခင္မွာႏိုးလာေတာ့မည္ဆိုတဲ့သေဘာ။ ခန္းစီးလိုက္ကာဆီမွ တစ္စြန္းတစ္စဝင္ေရာက္လာသည့္ေနေရာင္ျခည္ႏုႏုဟာ ဝါဝင္းေနေသာ အစ္ကို႔ရဲ႕ပခုံးသားေလးေပၚသို႔ပြတ္တိုက္ေနသည္။ အိပ္ေမာက်ေနဆဲျဖစ္သည့္ အေ႐ွ႕ကမ်က္ႏွာလွလွေလးကို တစ္စိမ့္စိမ့္ထိုင္ၾကည့္ေပးေနလိုက္၏။

ဆံပင္မ်ားကို တစ္စုံတစ္ေယာက္ကထိေတြ႕ေနသည္ဟုခံစားမိတာေၾကာင့္အိပ္မႈန္စုန္မႊားျဖင့္ထလာရသည္။ မ်က္စိႏွစ္လုံးပြင့္ပြင့္ခ်င္း ျပဳံးေနသည့္ေဂ်ာင္ဂုရဲ႕မ်က္ႏွာေၾကာင့္မနက္ခင္းဟာ လွပေနေတာ့တာ။ ခ်စ္ရသူႏွင့္အတူႏိုးထခြင့္ရသည့္ေန႔ရက္တိုင္းကေပ်ာ္စရာေကာင္းေနလိမ့္မည္မွာအမွန္။

"morning အခ်စ္!"

ထိုနာမ္စားေၾကာင့္ပါးျပင္ေလးႏွစ္ဖက္ ရဲပေတာင္းခတ္သြားသည္မွာထယ္ေယာင္း။ ဒီေကာင္ေလးဟာ ဘယ္တုန္းကမ်ား အာ့သေလာက္ထိ ရဲတင္းသြားတာပါလိမ့္။ ၿငိမ္ၿငိမ္မေနသည့္လက္ေတြဟာလဲ ဆံပင္ကိုင္လိုက္၊ပါးကိုထိလိုက္၊ ႏွာေခါင္းကိုလာညႇစ္လိုက္ျဖင့္ လူကို ေလးႏွစ္သားမ်ားမွတ္ေနသလား။

"ထေတာ့ မင္းအလုပ္သြားရမယ္မလား ၿပီးေတာ့ဒီေန႔ မင္ဂူေလးေမြးေန႔ေလ"

"အင္း...ညေနလာမယ္မလား ေမြးေန႔ပြဲကို"

ခ်က္ျခင္းတုံ႔ျပန္ဖို႔ရာခဲယဥ္းေနသည့္ ကြၽန္ေတာ့္ပုံစံအားေဂ်ာင္ဂုရိပ္မိသြားမည္ဆိုး၍ မေသမသပ္အျပဳံးတစ္ခုႏွင့္အျမန္ဖုံးကြယ္လိုက္ရသည္။

"လာခဲ့ပါ့မယ္"

"ကြၽန္ေတာ္လာေခၚမယ္ေလ"

"ေနပါေစ!"

႐ုတ္တရက္အသံျမင့္သြားသည့္ကြၽန္ေတာ့္ကို စိုက္ၾကည့္လာသည့္ေဂ်ာင္ဂု။

"ဟို...အစ္ကို႔ဘာသာပဲလာလိုက္မယ္ေနာ္"

ထိုမွသာ ေခါင္းအသာၿငိမ့္ျပရင္း လူကိုရင္ခြင္ထဲဆြဲဖက္ထားသည္။ အက်ႌမဲ့ေနသည့္ ရင္ဘတ္ေပၚတင္ထားမိတဲ့ကြၽန္ေတာ့္၏လက္ဖဝါးအား အသာယူရင္းသူ႕ႏႈတ္ခမ္းျဖင့္တ႐ႈံ႕႐ႈံ႕နမ္းေနေသး၏။ နီးကပ္ေနသည့္ လည္တိုင္ေပၚအနမ္းေပးမိေတာ့ လွည့္ၾကည့္လာသည္။

"ေနာက္တစ္ေခါက္လား?"

ျပဳံးစစျဖင့္ခနဲ႔လာသည့္ထိုေကာင္ေလးရဲ႕မ်က္ႏွာဟာၿဖီးလို႔။ ေခါင္းေခါက္ခ်င္စိတ္ေတြကိုထိန္းထားရသည္။ တကယ္လဲမေခါက္ရက္ဘူး။

"ထြက္သြားေတာ့ ႏွာဘူး!"

ခ်စ္စရာေကာင္းတဲ့ရန္ေတြ႕သံေၾကာင့္ အခန္းငယ္အတြင္း ေဂ်ာင္ဂု၏သေဘာတက်ရီသံမ်ားမွာပ်ံ႕လြင့္ေနေလသည္။ အစ္ကိုမ႐ွိလဲ မင္းဒီလိုပဲေပ်ာ္ေပးႏိုင္မလား။ ေသခ်ာေပါက္ မရဘူးလို႔ေျပာလာမွာေပါ့။ ခက္ခဲလိုက္တာ....ဘာလို႔မ်ားအစ္ကိုတို႔က်မွဒီလိုေတြျဖစ္ရသလဲ။ မင္းနဲ႔ေဝးသြားခဲ့ရင္လို႔ ေတြးမိလိုက္တိုင္းရင္ဘတ္ထဲကအေသနာက်င္တယ္။

"ေဂ်ာင္ဂု...."

"အင္း"

"ငါမင္းကိုသိပ္ခ်စ္တယ္ေနာ္"

"သိတယ္။ သိတာမလို႔ ခဏခဏႀကီးမေျပာပါနဲ႔ မေတြ႕ရေတာ့မယ့္လူေတြလိုမ်ိဳး"

ရင္ဘတ္ထဲဒိန္းခနဲပင္။ ဧကႏၲ ေဂ်ာင္ဂုေတာ့မသိေလာက္ဘူးမလား။ ဟုတ္ပါတယ္ သိသြားခဲ့ရင္ အခုလိုမ်ိဳးဘယ္လိုလုပ္ေအးေဆးေနႏိုင္ပါ့မလဲ။ ကြၽန္ေတာ့္လို ေယာက္ယက္ခတ္ေနေတာ့မွာ။

"ငါ မင္းအနားမွာ႐ွိေနမွာပါ"

"တစ္သက္လုံးလား?"

"အင္း...ျဖစ္ႏိုင္ရင္ တစ္သက္လုံးေပါ့"

"အစ္ကို႔စကားကဘာႀကီးလဲ။ မေရမရာနဲ႔"

"ဘဝဆိုတာ အရင္တည္းက ဘာမွမေသခ်ာဘူးေလ"

"ဟုတ္ပါၿပီ ဆရာကင္မ္ထယ္ေယာင္းခင္ဗ်...လက္ေျမႇာက္အ႐ႈံးေပးပါတယ္"

ရင္ခြင္က်ယ္ႀကီးထဲ ဝင္ႏိုင္သမွ် အေနအထားထိပိုတိုး၍ခိုလႈံမိသည္။ ေနာက္တစ္ခါ ဒီရင္ခြင္ဆီျပန္လာဖို႔အခြင့္မသာေတာ့ရင္ အနည္းဆုံးသူ႕ရဲ႕ရင္ေငြ႕ကိုအမွတ္တရ႐ွိေနေအာင္ပါ။ တစ္ခ်ိန္ခ်ိန္ ေဝးသြားၾကမယ္ဆိုရင္ေတာင္ အမုန္းေတြနဲ႔မေဝးကြာခ်င္ဘူး ငါ့ေကာင္ေလးရယ္။

THE FIRST TIME WE MET 🌊

.

.

.
မုသား‌ေတြကိုေတာင္ယုံလြယ္တတ္သည့္ ေကာင္ငယ္ေလးဟာ ေပ်ာ္႐ႊင္စြာနဲ႔ပဲ ဒီမနက္တင္ေက်ာခိုင္းထြက္ခြာသြားခဲ့သည္။ အံဆြဲထဲက စာ႐ြက္အလြတ္တစ္ခုအားယူၿပီး ေဘာပင္ျဖင့္ထပ္ၿပီး မုသားစကားလုံးေတြကိုပုံေဖာ္ေန၏။

အဝတ္အစားအနည္းငယ္ယူၿပီး luggage ထဲသို႔ထည့္လိုက္သည္။ ေရမိုးခ်ိဳးျပင္ဆင္ၿပီးတာႏွင့္ စာ႐ြက္ေလးတစ္႐ြက္အား စားပြဲေပၚ၌တင္ထားလိုက္၏။ ေဂ်ာင္ဂုျပန္ေရာက္လာအုန္းမည္ဆိုတာသိလို႔ ျမင္သာေလာက္မည့္ေနရာမွာထားခဲ့မွျဖစ္မွာ။ အခန္းထဲမွထြက္ခါနီး မေန႔ညကအျဖစ္အပ်က္တစ္ခ်ိဳ႕ေတြးမိျပန္ေတာ့ ႐ွက္လဲ႐ွက္ ေပ်ာ္လဲေပ်ာ္သည္။ ေရေႏြးေႏြးျဖင့္စပ္ခ်ိဳးလိုက္၍ မေန႔ကထက္စာရင္ နာက်င္မႈေတြဟာေလ်ာ့နည္းသြားသည္။ ေဂ်ာင္ဂုကိုယ္တိုင္ဆင္းဝယ္ေပးခဲ့သည့္ေဆးထုပ္ တစ္အုံတမႀကီးကိုၾကည့္ရင္း ရီေနမိတာ။ ကြၽန္ေတာ္သက္သာေအာင္ဆိုၿပီး အသိဆရာဝန္ဆီ လုံးေစ့ပတ္ေစ့ေတြသြားေမးေနသည္ေၾကာင့္ ေဘးမွထေအာ္ရေသး၏။ ငိုရင္းရီေနတဲ့ကြၽန္ေတာ္ဟာ ပုံမွန္စိတ္မဟုတ္ေတာ့ဘူးထင္ရဲ႕။

"ထပ္ေတြ႕ခ်င္တယ္....ေသခ်ာေပါက္"

THE FIRST TIME WE MET 🌊
.

.

.
က်စ္!

စိတ္႐ႈပ္ေထြးမႈမ်ားေၾကာင့္ ေခါင္းငိုက္ဆိုက္ျဖင့္ထိုင္ေနမိသည္။ မနက္ျဖန္အလုပ္ကိစၥျဖင့္ဂ်ပန္ကိုသြားရမည္။ ႐ုတ္တရက္ႀကီးေနမေကာင္းျဖစ္လာသည့္အဖြားကိုျပဳစုရန္မင္ဟီးက အာ့ဒီအိမ္မွာတစ္ေနကုန္ေနရသည္။ ညေန ႐ုံးဆင္းေတာ့ ေခြးေကာင္‌ေလးရဲ႕ေမြးေန႔႐ွိသည္မို႔ လက္ေဆာင္အျဖစ္သူသေဘာက်ေစမယ့္ စာအုပ္တစ္ခ်ိဳ႕အားဝင္ဝယ္လိုက္၏။ စာအုပ္ေတြျမင္ေတာ့ အစ္ကို႔ကိုသတိရသြားသည္။ အားလပ္ခ်ိန္ေတြဆိုစာဖတ္ျခင္းျဖင့္သာကုန္ဆုံးေလ့႐ွိတဲ့အစ္ကိုက ပြင့္လႊာဖတ္ေလးလိုႏူးညံ့ၿပီးတည္ၿငိမ္သည္။ စာေပမလိုက္စားတဲ့သူ႕အဖို႔ ဘယ္လိုစာအုပ္မ်ိဳးေတြဟာ အစ္ကိုသေဘာက်ေစမယ္ဆိုတာကိုနားမလည္။ ေရာက္လက္စျဖင့္ကုန္တိုက္တစ္ပတ္ပတ္လိုက္ေသးသည္။ လက္တစ္ဖက္မွာက မင္ဂူအတြက္လက္ေဆာင္။ တစ္ဖက္မွာက အစ္ကို႔အတြက္ မာဖလာအညိဳေရာင္ေလး။ ေဆာင္းတြင္းေရာက္ေတာ့မွာမလို႔ ဒီလက္ေဆာင္က အစ္ကို႔အတြက္အသုံးဝင္မွာ။

ထုံးစံအတိုင္း password႐ိုက္ထည့္ၿပီးဝင္လာေတာ့တစ္အိမ္လုံးတိတ္ဆိတ္ေနသည္။ အစ္ကိုမ႐ွိဘူးမ်ားလား။ ဒီေန႔ေက်ာင္းပိတ္ရက္ကိုဘယ္ေတြသြားေနတာလဲ။ ဝယ္လာသည့္အထုပ္မ်ားအားဧည့္ခန္းထဲ႐ွိစားပြဲေပၚသို႔တင္မည္အျပဳစာ႐ြက္တစ္႐ြက္ကိုပန္းအိုးေအာက္ေျခႏွင့္ဖိထားခဲ့သည္မို႔ လွမ္းယူလိုက္သည္။

ဂ်ာင္ဂု_

စ္ကိုမိသားစုကိစၥေလး႐ွိလို႔ယ္က္ခဏင္းရမယ္ ဒီၾကားထဲအဆက္သြယ္လုပ္ႏိုင္ေလာက္ဘူး
င္ဂူေလးရဲ႕ေမြးေန႔ကိုလာႏိုင္လို႔ေတာင္းန္ပါတယ္
စ္ကို႔ရဲ႕အိပ္န္းထဲမွာက္ေဆာင္ထုပ္ေလးယူသြားေပးပါ...
အစားပုံမွန္စားေနာ္၊ ေခါင္းေလွ်ာ္ၿပီးင္လဲေရေျခာက္ေအာင္သုတ္ၿပီးမွအိပ္၊ ၿပီးေတာ့ laptopၾကည့္င္ပ္ဖို႔မ်က္မွန္ကစာအုပ္င္မွာ႐ွိယ္ အသစ္ယ္ေပးထားတာယူသြားလိုက္အၿမဲမ္းမ်က္လုံးနဲ႔ screenမခြာလို႔ၾကာင္မ်က္႐ိုးကိုက္လိမ့္မွာစိုးလို႔င္းဟာေငါ့စကားဆိုယ္ေတာ့မွနားမေထာင္ဘူးဒီစ္ခါေတာ့ နားေထာင္ပါ မ်က္မွန္ပ္င္႐ုပ္ဆိုးယ္လို႔ဘယ္သူေျပာလဲငါ့မ်က္လုံးထဲမွာေတာ့အရမ္းၾကည့္ေကာင္းေတာကို

ျပန္လာခဲ့ယ္ေနာ္.....ခ်စ္ယ္//

စာေလးကဤမွ်သာ။ သို႔ေပမယ့္အျပဳံးေတြကမရပ္တန္႔ႏိုင္။ အသံေလးၾကားခ်င္လာလို႔ဖုန္းဆက္ေပမယ့္ ဆက္သြယ္မႈဧရိယာျပင္ပသာျဖစ္ေနတာမလို႔ မက္ေဆ့ခ်္ပဲပို႔လိုက္သည္။

ျမန္ျန္ျန္လာ‌ပါခ်စ္...

အခုဆိုလွ်င္ျဖစ္ေနမည့္အစ္ကို႔ရဲ႕မ်က္ႏွာေလးအားျမင္ေယာင္ရင္း ရင္ခုန္သံေတြဟာထိန္းမႏိုင္သိမ္းမရ။
နာရီပိုင္းေလးနဲ႔တင္လြမ္းလွၿပီ။ ဂ်ပန္မွာတစ္လသြားေနရရင္ဘယ္လိုမ်ားလုပ္ရပါ့။ ထပ္ၿပီး မက္ေဆ့ခ်္ပို႔လိုက္သည္။

ဒီညေန flightနဲ႔ ဂ်န္သြားရမယ္...တစ္လေလာက္ၾကာမွာမလို႔ကြၽန္ေတာ္လြမ္းေနေတာ့မွာ
ခ်စ္တယ္.....ကြၽန္ေတာ့္ရဲ႕ကင္မ္

ဝင္လာသမွ်မက္ေဆ့ခ်္ေတြကိုဖတ္ရင္းျပဳံးေနမိသည္။ ဂ်ပန္သြားရေတာ့မွာတဲ့လား။ ေကာင္းပါတယ္ေလ အနည္းဆုံးေတာ့အေဝးမွာ႐ွိေနတာဟာ အခုခ်ိန္မွာႏွစ္ေယာက္လုံးအတြက္အေကာင္းဆုံးပါပဲ။ ေဘးနားက႐ႈခင္းေတြဟာ႐ုတ္တရက္ႀကီးဝမ္းနည္းဖို႔ေကာင္းလာသည္။ တိတ္ဆိတ္ေနတဲ့ကားအတြင္း႐ွိေလထုဟာ အလြမ္းတို႔အားတစ္ဆင့္ျမႇင့္တင္ေပးသည့္ႏွယ္။ လူေတြဟာ တိတ္ဆိတ္ေလ အေတြးမ်ားေလမို႔ တစ္ခါတရံမွာ ၿငိမ္သက္ျခင္းေတြကိုေၾကာက္လွန္႔မိပါသည္။

ဒယ္ဂူ၏လတ္ဆတ္တဲ့ ေလေျပေအးေတြကိုတစ္ဆုံး႐ႈသြင္းလိုက္၏။ အရင္ဆိုအိမ္ျပန္ရသည့္ေျခလွမ္းေတြဟာ သြက္လက္ေနခဲ့တာ။ အခုေတာ့ ေမေမ့မ်က္ႏွာကိုဘယ္လိုရင္ဆိုင္ရပါ့မလဲမသိေတာ့ပါ။ အေၾကာင္းျပခ်က္မ႐ွိ တင္းတင္းဆုပ္လိုက္သည့္လက္သီးတစ္ဖက္။ မေပ်ာ့ညံ့နဲ႔ ကင္မ္ထယ္‌ေယာင္း.... ေကာင္ေလးေစာင့္ေန႐ွာမွာ။ ငါသူ႕ကိုျပန္လာမယ္လို႔ကတိေပးခဲ့တယ္။ ထြက္သြားတဲ့သူကိုေစာင့္ရတဲ့အလုပ္မ်ိဳးက ကြၽန္ေတာ္တစ္ေယာက္ျဖင့္သာလုံေလာက္ပါေစေတာ့။

ေမေမက ျမင္တာနဲ႔ငိုယိုၿပီးေျပးဖက္ေတာ့သည္။ ‌အေနာက္မွာ ေဖေဖနဲ႔ အမက မ်က္ႏွာေတြမေကာင္းၾက။ ပါးစပ္ဆယ္ေပါက္႐ွိရင္ေတာင္မွ ကြၽန္ေတာ့္မိသားစုဝင္ေတြကိုေတာင္းပန္စကားဆိုဖို႔မလုံေလာက္ပါဘူး။ ဒူးေထာက္ခ်လိုက္ေတာ့ ေမေမက ကပ်ာကယာပင္ႏိုင္သေလာက္အားျဖင့္ထူ,မ၏။ သို႔ေပမယ့္ မတတ္စြမ္းႏိုင္ ကြၽန္ေတာ္ကလူငယ္ေလ။

"သားငယ္ အာ့လိုမလုပ္စမ္းနဲ႔ကြယ္။ မဟုတ္ရင္ေတာင္ ေမေမတအားစိတ္ပင္ပန္းရတယ္"

"ေတာင္းပန္ပါတယ္ သားတကယ္ေတာင္းပန္ပါတယ္"

"ေအာက္မွာ ၾကမ္းျပင္ကေအးတယ္ အေပၚမွာထိုင္။ ေဖႀကီး ႐ွင္ကဘာရပ္လုပ္ေနတာလဲ သားကိုလာထူေပးေလ"

"ေအးပါကြာ"

ၾကားထဲက ေဖေဖပါ အ‌စစ္ေဟာက္ခံလိုက္ရသည္မို႔ ေဘးနားက အမ,ပါဝင္ဆြဲထူၾကသည္။ လူနာလဲမဟုတ္ပါပဲနဲ႔ မသိလွ်င္ေပြ႕ခ်ီသြားၾကေတာ့မည့္အတိုင္း။
အျပစ္သားတစ္‌ေယာက္လိုေခါင္းငုံ႔ထားမိသည္။ ဟုတ္တယ္ သူကမိသားစုရဲ႕ဂုဏ္သိကၡာကိုက်ဆင္းေစတဲ့လူ။

"သားေလး"

ကြၽန္ေတာ့္လက္ဖဝါးျပင္ဆီအုပ္မိုးကိုင္လာသည့္ ေမေမ့ရဲ႕လက္ေသးေသးေလး။ ေမာ့ၾကည့္ေတာ့ ႐ႊန္း႐ႊန္းစိုေနသည့္မ်က္ဝန္းေတြ။ ကြၽန္ေတာ္ဟာတကယ္မေကာင္းတာပဲ။

"ေမေမ့သားငယ္က ဟိုးငယ္ငယ္ေလးတည္းကအၿမဲတမ္းစကားနားေထာင္ခဲ့တဲ့ကေလးမို႔ တစ္ခါမွစိတ္မညစ္ခဲ့ရဖူးဘူး"

"........."

"ဒီတစ္ခါလဲ ေမေမ့စကားကိုနားေထာင္ေပးမလား"

"........"

"ဆြန္းလီေလးနဲ႔ ေနာက္တစ္ပတ္ထဲလက္ထပ္ဖို႔ ေမေမစကားကမ္းလွမ္းထားၿပီးၿပီ"

"ဗ်ာ!"

AriaK
To be continued_
A/N updateၾကာသြားေပမယ့္ နဂိုထက္,စာလုံးေရပိုမ်ားပါတယ္။ ႏွစ္ရက္ျခား တစ္ရက္ျခားျဖစ္ႏိုင္ရင္တင္ေပးခ်င္ေပမယ့္ စိတ္အဆင္ေျပမွေရးႏိုင္တဲ့သူမလို႔ အာမ,မခံေပးႏိုင္တာပါေနာ္။ နားလည္ေပးၾကမယ္လို႔ေမွ်ာ္လင့္ပါတယ္႐ွင္❣️

Ipagpatuloy ang Pagbabasa

Magugustuhan mo rin

365K 13.1K 57
𝐈𝐍 𝐖𝐇𝐈𝐂𝐇 Ellie Sloan reunites with her older brother when her hospital merges with his jackson avery x ellie sloan (oc) season six ━ season se...
439K 11K 60
𝐋𝐚𝐝𝐲 𝐅𝐥𝐨𝐫𝐞𝐧𝐜𝐞 𝐇𝐮𝐧𝐭𝐢𝐧𝐠𝐝𝐨𝐧, 𝐝𝐚𝐮𝐠𝐡𝐭𝐞𝐫 𝐨𝐟 𝐭𝐡𝐞 𝐰𝐞𝐥𝐥-𝐤𝐧𝐨𝐰𝐧 𝐚𝐧𝐝, 𝐦𝐨𝐫𝐞 𝐢𝐦𝐩𝐨𝐫𝐭𝐚𝐧𝐭𝐥𝐲, 𝐰𝐞𝐥𝐥-𝐫...
141K 5.8K 102
a sister who's actions are untamed, and a brother who's feelings are untamed. With complete different personalities, yet an awesome bond, the sibling...
1.3M 56.9K 103
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC