My Neighbour [KookJin]✔️
By Nochu_Htet
76.2K 9.2K 1.3K
အိမ်နီးချင်းဆိုရင်တောင် မင်းကငါအချစ်ရဆုံး အိမ်နီးချင်း~~ အိမ်နီးချင်းဆိုရင်တောင် မင်းကငါအချစ်ရဆုံး အိမ်နီးချင... More
My Neighbour 🏡
~1~
~2~
~3~
~4~
~5~
~6~
~7~
~8~
~9~
~11~
~12~
~13~
~14~
~15~
~16~
~17~
~18~
~19~
~20~
~21~
~22~
~23~
~Final~
~Extra~
~10~
2.8K 381 84
By Nochu_Htet
ZawGyi
________
ရီဝေဝေအကြည့်လေး။ ဒါ့အပြင်မိုးစက်သံ
ကြိုက်တယ်……"
"ငါ~………တီးပြမယ်~………"
always taste like you~…………"
အေးစက်လာလေသည်။ လက်တွေတဆက်ဆက်
တုန်လာလေပြီး။
"အာ…တော်…တော်လိုက်တာ…"
လည်းဘာမှမသိတော့ပေ။
မသိဘူး……"
ကောပဲ~……"
တချက်တီးလိုက်သည်။
သွားတယ်ထင်တယ်……"
ငါ့ရဲ့လက်တွေနာမှာဆိုးလို့လား။ ဒီအချိန်လေးကို
ကြိုက်မိတယ်။
"ငါ…ငါကြိုက်တယ်…"
လာတဲ့ ဂျောင်ဂု။
ငါကြိုက်တယ်…"
"မင်းကြိုက်ရင်~……"
"………………"
"ပြီးတာပါပဲ~………"
"……………"
မင်း…မင်းရဲ့အသံကို…"
ဖူးတာပဲ~………"
"မဟုတ်ဘူး~………"
"…………………"
မင်းတစ်ယောက်တည်းပဲ~………"
မဟုတ်လား။
မှာလားမသိဘူး။
"ဘာဖြစ်လို့လဲ~………"
လေသည်။
"ငါသိတယ်~……"
"မင်း…မင်းအကုန်သိလား…"
"အွန်း…ငါသင်ပေးရမလား~……"
"ကျူရှင်~……"
ကိုရူးချင်တယ်……"
အကြိုက်ဆုံးမို့လို့~………"
"ဒါပေမဲ့……"
"အာ…အေး…အေးပေါ့…"
အုံးမယ်နော်…ပြီးတော့ အကျီ င်္ကိုလျှော်ပြီး
ပြန်ပေးပါမယ်…"
"…………………"
"ငါ…သွား…သွားပြီနော်…"
တစ်ခု ကိုတွေ့လေသည်။ သော့ကိုတော့
ဘာရှိမှန်းမသိရပေ။
"အဆင်ပြေလား~………"
"အာ့…"
တွန့် တက်မိသည်။
ထည့်ထားလို့ပါ~……"
ထင်တယ်……"
"မဟုတ်ပါဘူးရပါတယ်~……"
"ဒါဆို…ငါသွားပြီနော်…"
ထွက်လာလိုက်တယ်။ ဒီနေ့တော်တော်ကို
စိတ်သက်သာရာရသွားတယ်။ အချိန်က
နှစ်ပါးသွားနေရမှာ။ အစမ်းစာမေးပွဲကလည်း
သူပေးဝတ်ထားတဲ့အကျီ င်္လေးကိုသေချာလျှော်
"နမ်ဂျွန်း……"
"ဟင်…"
လိုက်တာ……"
မိလိုက်သည်။
"ဘာကိုလဲ……"
တွေ့တွေ့နေလို့……"
"အာ…ထားလိုက်ပါတော့…"
မှားပြီထင်ပါရဲ့။
"ဟို……"
ရှားတယ်…"
ပျင်းမှာမဟုတ်ဘူးလေ။ ရှာရင်းရှာရင်းနဲ့
ဖုန်းခေါ်ဖူးလို့လဲ……"
"…………………"
မပြောလိုက်ချင်ဘူး…"
"အေးလေ…ဘာလဲထူးဆန်းလား…"
တာလဲ…"
ပါကွာ……"
လိုက်သည်။
မင်းပဲရှိတာကို……"
တာ…"
"မင်းကဘာလို့ အတန်းလစ်…"
သတိရလို့……"
"မပြောပါဘူး…"
အတန်းဖော်ပါပဲ။ ဒါပေမဲ့ငါ့ဘက်ကပဲ
🏠 . 🏠 . 🏠
ထယ်ယောင်းပင်။
"ဆော့ဂျင်……"
ရပါတယ်…"
"မင်းဘာနဲ့ပြန်မှာလဲ……"
"အာ…ရပါတယ်…"
ဘူးလေအာ့ကြောင့်…"
မသိဘူး…"
မေးမိသည်။
ဖြစ်နေပြီ။
"အာ…အဲ့လိုလား…"
"ဘာဖြစ်လို့လဲသိလား…"
"အာ…အဲ့လိုကို…"
တကယ်နည်းတယ်…"
ဆော့ဂျင်…"
"ရပါတယ်…ထယ်ယောင်း…"
ကြီးကခံစားလာတယ်။ တကယ်ထင်တဲ့အတိုင်း
နေရတယ်။ အမှတ်ကတော့ 80 တောင်
"သားရေ…ဆော့ဂျင်ရေ…"
"…………"
"ဆော့ဂျင်ရေ……"
".…………"
ဆော့ဂျင်ရေ!!!!!!………"
"အားးးးးးးးးးဘာလဲအမေရာ…"
ခေါ်နေလိုက်။
ဒါပေမဲ့………
"ဂျောင်ဂု…"
တာတဲ့လား။ ဘယ်လောက်တောင်လဲ
"ဗျာ…အာ…ဟုတ်…ဟို…လာ…လာလေ"
ရောက်လာခဲ့မယ်လို့။ ရင်တွေအဆက်မပြတ်ကို
နေရာယူလိုက်သည်။ ကျနော်ကတော့အခုထိ
မကိုင်မှီဖြင့်ပင်။
ရလောက်မယ်…မထင်ဘူး………"
လေလားတောင်မသိပေ။ တကယ်လည်း
အဆင်မပြေဖြစ်သည်။
"ထိုင်လေ~………"
ထိုင်မိလိုက်သည်။ ဒီတခါတော့တကယ်ကို
တော့တယ်။
"ငါ…အဆင်မပြေဘူး…"
"ဘာလို့လဲ~……"
"ငါတကယ်…အဆင်မပြေဘူး…"
မျက်ဝန်းနက်တစ်စုံ။
"ငါရှိတယ်~……"
"………………"
မဟုတ်လား~………"
"ဟုတ်…ဟုတ်တယ်………"
"ငါသင်ပေးပါမယ်~………"
"နားလည်လား~……"
"အော်…နား…နားလည်တယ်…"
"အွန်း……"
မသွားတက်တော့ဘူး…"
လာပြီ…"
တွက်ပြမယ်~……"
ရလိမ့်မယ်~……"
"အာ…အိုခေ…သိ…သိပြီ…"
မျက်ဝန်းနက်များ။
"အာ…ဘာ…ဘာမှားလို့လဲ…"
ကျောင်းလာခဲ့မယ်နော်~……"
"ဒါ…ဒါပေမဲ့…"
"………မနက်ဖြန်~…လာခဲ့ပါမယ်~…"
"ချလောက်……"
ဂျောင်ဂုရယ်။
Hoodie အကျီ င်္လေးမှာလက်ကလေးထည့်ပြီး
နည်းနည်းလန့်သွားသည်။ အသံမကြားတကြား
ထို့နောက်အိမ်ထဲကိုဝင်သွားတဲ့ပုစ္ဆာငယ်လေး။
တခါတလေ စဉ်းစားမိတယ်။ တကယ်နားလည်
သူပေးထားတဲ့ပုစ္ဆာကိုတွက်ပြီးမှအိပ်မယ်ပေါ့
~~~~~~~~~~~~~~~~~~~~~~~~~~~~
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
Unicode
________
ဒီအချိန်လေးခနကိုကျနော်ရပ်တန့်လိုက်ချင်
မိတယ်။ ဂစ်တာကိုကိုင်ထားပြီးမျက်ဝန်း
နက်လေးတွေနဲ့ ကိုယ့်ကိုယ်စိုက်ကြည့်နေသော
ရီဝေဝေအကြည့်လေး။ ဒါ့အပြင်မိုးစက်သံ
လေးတွေပေါ့ မမေ့နိုင်တဲ့မြင်ကွင်းလေးအဖြစ်
နှလုံးသားလေးရဲ့ဘယ်ဘက်ခြမ်းမှာသိမ်းဆည်း
လိုက်ပါပြီ ငါ့ရဲ့ပုဒ်စာ ငယ်လေးရေ။
"ငါလည်း…မင်းပြောတဲ့…သီချင်းကို
ကြိုက်တယ်……"
ဆော့ဂျင်ကိုစိုက်ကြည့်နေခဲ့ရင်းအကြည့်လွှဲ
သွားကာ လည်ဇလုတ်လေးလှုပ်ခတ်မိသည်။
"ငါ~………တီးပြမယ်~………"
ဂစ်တာမှာကပ်ငြိနေတဲ့ဖုန်လေးတွေကို
မှုတ်ထုတ်လိုက်ပြီး လက်ချောင်းလေးတွေက
ဂစ်တာကြိုးပေါ်မှာ နေရာယူလိုက်သည်။
"Remember when we first met~…
you said light my cigarette~……"
သီချင်းစဆိုလိုက်တဲ့အသံလေး တခါမှသီချင်း
ဆိုတာကိုမကြားဖူးခဲ့ဘူး ဂစ်တာသံဇဉ်ကြိုး
လေးတွေကို လက်ချောင်းသွယ်သွယ်လေးတွေ
နဲ့တီးခတ်နေပြီး နှုတ်ခမ်းပါးလေးမှခပ်ရှရှချိုချို
ငြိမ့်ငြိမ့်သီချင်းသံလေး။ တကယ်ကိုရူးဖို့
လုံလောက်ပါပြီ ပုဒ်စာငယ်လေးရယ်။
သူ့ရဲ့သီချင်းသံဇဉ်တွေမှာနစ်မြောနေမိတယ်။
အသံချိုချို လေးကိုတနေကုန်တညလုံးနား
ထောင် ခိုင်းရင်တောင်မှပျော်ပျော်ကြီးကို
နားထောင်လိုက်ပါမယ် ငါ့ရဲ့ပုဒ်စာငယ်လေးရယ်။
"blue eyes black jeans~…lighter
and candy I've been a fool~……
but strawberries and cigarettes
always taste like you~…………"
သီချင်းအဆုံးလေးမှာ အသံငြိမ့်ငြိမ့်လေးဖြင့်
အဆုံးသတ်လိုက်ကာ ဂစ်တာကြိုးလေးပေါ်မှာ
ဖိကပ်ထားတဲ့လက်ချောင်းသွယ်သွယ်လေး
တွေမှာလည်း ပြေလျော့သွားလေပြီး မျက်ဝန်း
နက်များနှင့်စိုက်ကြည့်လာသည်။
သူ့နဲ့အကြည့်ချင်းဆုံရင်ရင်တွေလည်းအဆက်
မပြတ်ခုန်လာတာမို့ ခြေဖျားလက်ဖျားတွေပါ
အေးစက်လာလေသည်။ လက်တွေတဆက်ဆက်
တုန်လာလေပြီး။
"အာ…တော်…တော်လိုက်တာ…"
အသက်မပါတဲ့အပြုံးဖြင့်လက်ခုပ်တီးမိသည်။
အခုချိန်မှာအမူအယာကကြောင်တောင်တောင်
နိုင်နေကောင်းနိုင်နေလိမ့်မယ် ဒါပေမဲ့စိတ်ထဲ
လည်းဘာမှမသိတော့ပေ။
"ဟို…ငါ…ငါဆို…ဘယ်လို…ကိုင်…ကိုင်ရ
မှန်းတောင်မသိဘူး…ညာဘက်နဲ့တီး…တီး
ရမှာလား…ဘယ်ဘက်လားတောင်…မ…
မသိဘူး……"
သူ့ခန္ဓာကိုယ်လေးကတဖြေးဖြေးကိုယ့်ဆီ
တိုးလာနေသည်။ ရင်တွေကပိုပြီးအဆက်မပြတ်
ခုန်လှုပ်လာတယ် ထို့နောက်သူ့ဆီကဂစ်တာ
လေးကိုလှမ်းပေးပြီး နေရာချပေးသည်။
"ညာလက်သန်ရင်ညာလက်နဲ့တီးလေ~…
ဒီလိုမျိုးလေးထားလိုက်ပေါ့~………"
ကျနော့်လက်ချောင်းတစ်ချောင်းချင်းစီးကို
ညင်ညင်သာသာလေးကိုင်ကာ ဂစ်တာကြိုးပေါ်
ကိုလည်းဖွဖွလေးနေရာချပေးနေလေသည်။
ကိုယ်လည်းဂစ်တာကြိုးကိုကြည့်နေရင်း
ရုတ်တရက်အရှေ့လှည့်မိသွားသည်။
တကယ်ကြီးအချိန်တွေအကုန်လုံးရပ်တန့်
သွားသလိုတောင်ခံစားနေရတဲ့ခံစားမှု။
အသက်ရှူသံတွေကအစကြားနေရလောက်တဲ့
နီးကပ်မှုကြီး။ အသက်ရှူ တဲ့လေပူငွေ့လေး
တွေကအစမျက်နှာပြင်ပေါ်မှာဖြတ်ပြေးနေသည်။
မျက်ဝန်းနက်များနှင့်အချိန်အတော်ကြာ
အကြည့်ချင်းဆုံနေလေသည်။ တခါမှဒီလို
မဖြစ်ဖူးပေမဲ့ ဒီခံစားချက်ကြီးကထူးဆန်းတယ်
ရေဆာသလို အာခေါင်ခြောက်သလိုခံစားမှုကြီး။
ဂျောင်ဂုလည်းမျက်နှာအမြန်လွှဲသွားလေပြီး
လည်ဇလုတ်လေးလှုပ်ခတ်မိသည်။
"ဒီလက်ညိုးလေးကိုဒီကြိုးပေါ်သာသာလေး
ဖိထားလိုက်~………ဒီလက်ချောင်းလေးကို
ကောပဲ~……"
ကျနော်လည်းအကြည့်လွှဲပြီးနေမိတယ်။
ဒီလောက်ထိနီးနီးကပ်ကပ်တခါမှမနေဖူးပေ
အသက်ရှူနေတဲ့လေငွေ့နွေးနွေးလေးတွေက
မျက်နှာပြင်ပေါ်ဖြတ်ပြေးလျက်ပင်။
မမေ့နိုင်တာက ကျနော့်လက်ချောင်းလေးတွေ
အပေါ်ကိုညင်ညင်သာသာလေးကိုင်ထားတဲ့
သူ့ရဲ့လက်ကလေးတွေပေါ့။
ဂစ်တာကြိုးလေးတွေကိုသူထားခိုင်းတဲ့
နေရာအတိုင်းထားလေပြီးတော့ဖိကာ
တချက်တီးလိုက်သည်။
"အာ့~……အရမ်းမဖိနဲ့ကြိုးတွေကို~……"
ဒီလိုပြောတော့နည်းနည်းလေးစိတ်မကောင်း
ဖြစ်မိသွားတယ်။ ဘာလို့လဲ တန်ဖို့းထာရတဲ့
ဂစ်တာကြိုးလေးတွေပြတ်မှာဆိုးလို့လား။
"အာ…မီ…မီယားနဲ…ငါကိုင်တာအရမ်းဖိမိ
သွားတယ်ထင်တယ်……"
"မင်းလက်ကလေးတွေနာမှာဆိုးလို့ပါ~……"
ဘယ်လိုပြောလိုက်တာလဲပုဒ်စာငယ်လေးရယ်။
ငါ့ရဲ့လက်တွေနာမှာဆိူးလို့လား။ ဒီအချိန်လေးကို
ပျော်ခွင့်ရှိတယ်မလားဟင် မင်းမကြားနိုင်အောင်
မသိနိုင်အောင် တိတ်တိတ်လေးရင်ခုန်ရတာ
ကြိုက်မိတယ်။
"ငါ…ငါကြိုက်တယ်…"
ဆော့ဂျင်စကားအဆုံးမှာ မျက်ဝန်းနက်လေး
များဖြင့်ရီဝေဝေနူးနူးညံ့ညံ့လေးမျှော်ကြည့်
လာတဲ့ ဂျောင်ဂု။
"ငါဂစ်တာပထမဆုံး…တီးတာပဲ…အဲ့ဒါကြောင့်
ငါကြိုက်တယ်…"
"မင်းကြိုက်ရင်~……"
"………………"
"ပြီးတာပါပဲ~………"
"မင်းဘာလို့သီချင်းသိပ်မဆိုတာလည်း…"
"ငါ~…သီချင်းဆိုရတာမကြိုက်ဘူး~…
နားထောင်ရတာပဲကြိုက်တယ်~……"
"ဘာလို့လဲ…မင်းအသံကအရမ်းကောင်းတာကို"
"……………"
"တကယ်ပြောတာငါအရမ်းကြိုက်တယ်…
မင်း…မင်းရဲ့အသံကို…"
"ငါ~……မင်းကိုပထမဆုံးသီချင်းဆိုပြ
ဖူးတာပဲ~………"
"အာ…ဟုတ်…ဟုတ်တယ်လေ…မင်းက
ငါ့ကိုအခုမှဆိုပြတာပဲလေ…"
"မဟုတ်ဘူး~………"
"…………………"
"ငါပထမဆုံးသီချင်းဆိုပြဖူးတဲ့သူက~…
မင်းတစ်ယောက်တည်းပဲ~………"
ငါ့ရဲ့ရင်ဘတ်ထဲကရင်ခုန်သံတွေကိုမင်းများ
ကြားနိုင်မလား။ ရင်ခုန်သံတွေကိုပိုက်ဆံအဖြစ်
ပြောင်းလိုက်နိုင်ရင်ငါဘီလီယျံနာကြီးဖြစ်နေပြီ
ပေါ့နော်။ ငါအရမ်းချစ်တယ် ငါအရမ်းကိုပဲ
မြတ်နိုးတယ်။ ပိုင်လည်းပိုင်ဆိုင်ချင်မိတယ်
ဖွင့်ပြောဖို့လည်းသတ္တိမရှိဘူး။ မျှော်လင့်ချက်
ရောင်ခြည်လေးမင်းအပေါ်မှာထားလို့ရတယ်
မဟုတ်လား။
"အာ့…ဟုတ်သားပဲသွားပါပြီ…"
ကျောင်းမှာတုန်းကကန်တင်းထိုင်နေရင်း
ယွန်းဂီရှင်းပြတဲ့သင်္ချာတွေကိုမှတ်စုလေးနဲ့
အကုန်မှတ်ထားခဲ့ပေမဲ့ရေတွေတော့စိုကုန်ပြီ
ထင်ပါတယ်။ ဒီလိုနဲ့ကျူရှင်တက်ရတော့
မှာလားမသိဘူး။
"ဘာဖြစ်လို့လဲ~………"
"သွားပါပြီ…သင်္ချာတွေကိုမှတ်ထားတာ
ရေစိုကုန်ပြီ……စိတ်ညစ်ပါတယ်"
ဂျောင်ဂုလည်းလက်ထဲကဂစ်တာလေးကို
ဘေးသို့ချထားလိုက်ပြီး ရေတွေနဲ့မှင်ပျံ့နေတဲ့
စာရွက်လေးကိုသာသာလေးယူကြည့်လိုက်
လေသည်။
"ငါသိတယ်~……"
"မင်း…မင်းအကုန်သိလား…"
"အွန်း…ငါသင်ပေးရမလား~……"
"ဒါ…ဒါပေမဲ့…နေပါရပါတယ်ငါနောက်မှ
ပြန်ကူးလိုက်ပါတော့မယ်…ငါ့စိတ်ထင်
ကျူရှင်တက်ရမယ်ထင်တယ်……"
"ကျူရှင်~……"
"ဟုတ်တယ်…ငါ့အမေက ငါ့ကိုသင်္ချာအမှတ်
80 မကျော်ရင် ကျူရှင်ထားမယ်တဲ့ငါတကယ်
ကိုရူးချင်တယ်……"
"ငါသင်ပေးမယ်လေ~……မင်း~…မသိတာတို့
နားမလည်တာတို့ဆိုပြောလေ~…ငါအရမ်း
အတော်ကြီးမဟုတ်ပေမဲ့သင်္ချာကိုတော့
အကြိုက်ဆုံးမို့လို့~………"
"ဒါပေမဲ့……"
အမှန်တိုင်းပြောရရင် ကျနော်ရဲ့ပုဒ်စာငယ်
လေးနဲ့အတူတူစာလုပ်ရင် ကျနော်စာတွေ
ခေါင်းထဲဝင်ပါ့မလားတောင်မသိဘူး။
သူ့မျက်နှာလေးကိုငေးနေတာနဲ့တင်စာကို
လုပ်ဖြစ်မှာမဟုတ်ဘူးထင်တယ်။
"ငါ~…တကယ်ပြောနေတာပါ~…မင်း
အခုအခက်အခဲဖြစ်နေတယ်လေ~…ဒီတိုင်း
မင်းကငါ့နဲ့အိမ်လည်းနီးတယ်ပြီးတော့
အခန်းဖော်လည်းဖြစ်တယ်~………"
"အာ…အေး…အေးပေါ့…"
ဟုတ်ပါတယ် ကျနော်ကသူ့ရဲ့အိမ်နီးချင်းလည်း
ဖြစ်တယ် သူ့ရဲ့အတန်းဖော်လည်းဖြစ်တယ်
ဒါကြောင့်ကူညီတာမဆန်းပါဘူးလေ။
"အာ့…မိုးတိတ်သွားပြီပဲ…ငါ…ပြန်လိုက်
အုံးမယ်နော်…ပြီးတော့ အင်္ကျီကိုလျှော်ပြီး
ပြန်ပေးပါမယ်…"
"…………………"
"ငါ…သွား…သွားပြီနော်…"
ဂျောင်ဂုဆီကဘာစကားသံမှမလာပေမဲ့
ဒီတိုင်းနှုတ်ဆက်ပြီးဆင်းလာခဲ့လိုက်တယ်။
အောက်ဘက်ကိုဆင်းလိုက်လေတော့
လှေကာအောက်နားကအခန်းကျဉ်းလေး
တစ်ခု ကိုတွေ့လေသည်။ သော့ကိုတော့
သေချာခတ်ထားတာကြောင့်အထဲဘက်မှာ
ဘာရှိမှန်းမသိရပေ။
နည်းနည်းတော့စပ်စုချင်စိတ်ဖြစ်မိသည်။
အထဲမှာဘာများထည့်ထားတာပါလိမ့်
ကျန်တံခါးတွေအကုန်လုံးက ဒီတိုင်းပိတ်ထား
ပေမဲ့ဒီအခန်းကျတော့ သော့ပါခတ်ထား
လေတာကြောင့် သိချင်စိတ်များတဖွားဖွား။
"အဆင်ပြေလား~………"
"အာ့…"
ဂျောင်ဂုရဲ့စကားသံကြောင့်ရုတ်တရက်
ဆိုသလိုလန့်သွားလေပြီး ခန္ဓာကိုယ်လေး
တွန့်တက်မိသည်။
"အာ…မ…မဟုတ်ပါဘူး…ငါဒီတိုင်းပဲ
ဒီတံခါးကထူးဆန်းလို့လေ……"
ရုတ်တရက်ဆိုသလို ဂျောင်ဂုရဲ့မျက်ဝန်းနက်
တွေက လှုပ်ရှားသွားလေပြီး။
"ဒီတိုင်း~……အရေးကြီးတဲ့ပစ္စည်းအချို့
ထည့်ထားလို့ပါ~……"
"အော်…အဲ့လိုကို…မီယားနဲ…ငါစပ်စုမိပြီ
ထင်တယ်……"
"မဟုတ်ပါဘူးရပါတယ်~……"
"ဒါဆို…ငါသွားပြီနော်…"
အမြန်အဆန်ပဲ ဂျောင်ဂုအိမ်ထဲကနေ
ထွက်လာလိုက်တယ်။ ဒီနေ့တော်တော်ကို
ရင်ခုန်နေရတယ် နှလုံးရောဂါတောင်မှရနေပြီ
ထင်ပါတယ်။ အခုမှကိုယ့်အိမ်ထဲရောက်ကာမှ
စိတ်သက်သာရာရသွားတယ်။ အချိန်က
ဘယ်လောက်မှမကြာခဲ့ပေမဲ့ တကယ်ကို
ပျော်ခဲ့ရပါတယ် ငါ့ရဲ့ ပုဒ်စာငယ်လေးရယ်။
အဲ့နေ့ကစပြီး စာကိုအပီအပြင်လုပ်ကြည့်တယ်။
နောက်ပိုင်း အစမ်းစာမေးပွဲကလည်း
နီးလာနေပြီလေအမေ့ကိုကတိပေးထားတဲ့
အတိုင်းသာမဖြစ်ရင် လူကကျူရှင်နဲ့ကျောင်းနဲ့
နှစ်ပါးသွားနေရမှာ။ အစမ်းစာမေးပွဲကလည်း
နီးနေပြီမို့ဘာကိုမှအာရုံမစိုက်နိုင်တော့ပေ။
ဒါပေမဲ့ကျနော်တကယ်ကိုစိတ်မကာင်းဖြစ်ရတယ်။
ဂျောင်ဂုရဲ့အရိပ်အယောင်တောင်မတွေ့တော့
မိုးရွာတဲ့နေ့ကစပြီးကျောင်းမလာတော့တာ
သူပေးဝတ်ထားတဲ့အင်္ကျီလေးကိုသေချာလျှော်
ပြီး သေချာပေးမယ်လို့တွေးထားတာအရိပ်
အယောင်လေးတောင်ပေါ်မလာတော့။
မျှော်ရပါတယ်အမြဲတမ်း ယွန်းဂီကိုမေးချင်
ပေမဲ့လည်း ဘာလုပ်ဖို့မေးတာလည်းလို့
ပြောမှာလည်းကြောက်သေးတယ်။ ဒါပေမဲ့
နမ်ဂျွန်းကိုတခါကမသိမသာလေးအစ်မေးမိတယ်။
ကန်တင်းထိုင်နေတုန်းမှာပေါ့…
"နမ်ဂျွန်း……"
"ဟင်…"
"ဒီမှာမင်းရဲ့စာအုပ်…ထယ်ယောင်းပေးခိုင်း
လိုက်တာ……"
"ဒီကောင်ကလုပ်ပြန်ပြီ…ဘာပဲဖြစ်ဖြစ်
မင်းကိုတော့ကျေးဇူးနော်……"
ပါးချိုင့်လေးတွေခွက်နေအောင်ပြုံးပြပြီး
ထွက်သွားတော့မယ့်အချိန်မှာလှမ်းတား
မိလိုက်သည်။
"ဟို…မင်းတစ်ယောက်တည်းလား…"
"ဘာကိုလဲ……"
"မင်းအရင်ကမင်းသူငယ်ချင်းနဲ့…တွဲပြီး
တွေ့တွေ့နေလို့……"
"ယွန်း…အာ့မှားလို့…ဂျောင်…ဂျောင်ဂုလား"
"အာ…ထားလိုက်ပါတော့…"
အရမ်းသိသာသွားလားတော့မသိဘူး။
မမေးခဲ့မိရင်ကောင်းသား ဒါပေမဲ့ဂျောင်ဂုရဲ့
သူငယ်ချင်းဆိုလို့ နမ်ဂျွန်းပဲရှိတာမလား
မေးစရာလည်းသူပဲရှိတာကြောင့်မေးမိတာ
မှားပြီထင်ပါရဲ့။
"ဟို……"
နမ်ဂျွန်းရဲ့ မပြီးပြတ်သေးသောစကားကြောင့်
ချက်ချင်းဆိုသလိုလှည့်ကြည့်မိသည်။
"သူကစာမေးပွဲနီးရင်…ကျောင်းကိုလာတာ
ရှားတယ်…"
"အော်…ဟုတ်လား…ဒီတိုင်းမတွေ့လို့
မေးကြည့်တာ…ဒါဆိုငါလည်းသွားပြီ…"
ဘာပဲဖြစ်ဖြစ် အစ်အက်မေးလိုက်တော့
စာမေးပွဲနီးရင်မလာဘူးဆိုတာသိရလေတော့
တမျိုးလေးတော့နေသာထိုင်သာရှိတာပေါ့။
မဟုတ်ရင်တခုခုများဖြစ်နေမလားလို့
စိတ်ပူနေရတာလည်းတကယ်ကိုအဆင်မပြေပါ။
အော်ဘဝကလည်းနော် ကိုယ့်ထမင်းကိုယ်စားပြီး
သူများသားသမီးကိုထိုင်လွမ်းနေရတယ်။
ဒါပေမဲ့ကျနော်အဲ့နေ့ အတန်းလစ်မိသွားတယ်။
စိတ်ထဲလည်းအဆင်မပြေတော့ယွန်းဂီကို
အတန်းလစ်မဲ့အကြောင်းတောင်မပြောခဲ့မိဘူး
ဗြုန်းဆိုင်းကြီးအတန်းလစ်မိသွားတာပေါ့
ဂျောင်ဂုဆီကိုလည်းစိတ်ရောက်နေတော့
စာထဲလည်းစိတ်ဝင်စားမှာမဟုတ်တော့ဘူးလေ။
ယွန်းဂီကိုသာရှာမိတယ် သူနဲ့ဆိုသိပ်ပြီး
ပျင်းမှာမဟုတ်ဘူးလေ။ ရှာရင်းရှာရင်းနဲ့
ယွန်းဂီကိုသူထိုင်နေကျ သစ်ပင်အောက်လေးမှာ
တွေ့လေကော နီးလည်းနီးလာလေတော့
ယွန်းဂီ တစ်ယောက်ယောက်နဲ့ဖုန်းဆက်နေဟန်။
စပ်ကလည်းစပ်စုချင်တာနဲ့ အနားလေးကို
ကပ်ပြီးနားထောင်မိလိုက်တယ် ပြီးမှသူ့ကို
Susprise အနေနဲ့ ပေါ်လာလိုက်မယ်ပေါ့
ဒင်းကအမြဲတမ်းအတန်းလစ်ခိုင်းနေတာလေ။
"အေးပါသိပါတယ်…မင်းမဖြစ်စဖူးတွေ
ဖြစ်မနေနဲ့…မင်းဘယ်တုန်းကများငါ့ကို
ဖုန်းခေါ်ဖူးလို့လဲ……"
"…………………"
"အရူးကောင်…အချစ်နဲ့တွေ့နေတော့
မပြောလိုက်ချင်ဘူး…"
ယွန်းဂီဘယ်သူနဲ့များဖုန်းပြောနေတာလဲ။
အခြားသူငယ်ချင်းများလား ဒါမှမဟုတ်ဘယ်သူ
ပါလိမ့် ထပ်ပြီးစပ်စုချင်သွားတာပေါ့။
"အေးပါကွာ……အေးပါ…ငါတကယ်ကို
အော်ဂလီတွေဆန်တယ်…ငါ့ကိုလေမင်း
နောက်မှဂစ်တာတစ်လုံးဝယ်ပေးသိလား
မဟုတ်ရင်မင်းရဲ့…ချီးပဲ!!လန့်လိုက်တာ!!"
"ရား…မင်းပြောမှငါပိုလန့်တယ်…မင်း
ဘယ်သူနဲ့စကားပြောနေတာလဲ……"
"မင်း…မင်း…မင်းအတန်းလစ်…လစ်တာလား"
"အေးလေ…ဘာလဲထူးဆန်းလား…"
"အသံမပးဘာမပေးနဲ့လန့်လိုက်တာ…"
"အဟက်…မင်းဘယ်သူနဲ့စကားပြောနေ
တာလဲ…"
"ငါနဲ့ဒီတိုင်းသိတဲ့…သူ…သူငယ်ချင်းတစ်ယောက်
ပါကွာ……"
"ဘာလို့ဒီလောက်တောင်လန့်သွားရတာလဲ…"
"မင်း…မင်း…ရား…ဘာလဲဟ…မင်းက
အတန်းလစ်မယ်မပြောပဲလစ်တော့ငါလည်း
လန့်သွားတာပေါ့…အရူးရဲ့…"
ယွန်းဂီထိုင်နေတဲ့ဘေးမှားပဲကပ်လျက်ထိုင်
လိုက်သည်။
ယွန်းဂီကအခုတလောအမြဲတမ်းတစ်ယောက်
ယောက်နဲ့ဖုန်းပြောတာကိုမကြာခနတွေ့ရတယ်
အရင်ကဆိုရင်ဖုန်းကိုတောင်သိပ်မကြည့်တော့
ရည်းစားရသွားပြီလို့တောင်ထင်ခဲ့တာဒါပေမဲ့
ရည်းစားတော့မဟုတ်ပါဘူးဆိုပြီးငြင်းခဲ့တယ်။
"ရား…ဘယ်သူလဲ သူငယ်ချင်းအသစ်လို့
လာမပြောနဲ့ငါ့ကိုသစ္စာဖောက်မှာလား…"
"အမလေး…ဂျင်ဂျင်ကကလေးဆန်သားနော်"
"အေးလေ…ဒီကျောင်းမှာသူငယ်ချင်းဆိုလို့
မင်းပဲရှိတာကို……"
"မင်းကိုပဲအခင်ဆုံးပါဂျင်ဂျင်ရဲ့…ငါအရင်တုန်း
ကဆိုစကားတောင်သိပ်မများခဲ့ရဘူး…ငါက
မင်းနဲ့တွေ့မှစကားတွေအများကြီးပြောဖြစ်
တာ…"
"အာ့ဆိုလည်းယုံလိုက်မယ်……"
"မင်းကဘာလို့ အတန်းလစ်…"
ယွန်းဂီရဲ့အမေးကိုခနတာနှုတ်ဆိတ်နေလိုက်ပြီး
ကောင်းကင်ပြာကြီးကိုမော့ကြည့်မိတယ်။
"ငါ…ဒီတိုင်း…တစ်ယောက်ယောက်ကို
သတိရလို့……"
"ဟမ်…နေအုံးနေအုံးဘယ်သူလဲ…"
"မပြောပါဘူး…"
"ရား…မင်းအကျင့်မပုပ်နဲ့ကွာ…"
"မင်းကျတော့ပြောပြလို့လား…"
ပုဒ်စာငယ်လေးရယ် တခါလောက်တော့
မျက်နှာလေးလာပြပါအုံး။ အိမ်ကဘေးချင်း
ကပ်ဖြစ်ပေမဲ့ မင်းမျက်နှာလေးကိုမမြင်ရ
လေတော့ အရူးတပိုင်းပါပဲ။ မိုးရွာတဲ့နေ့မှာ
မျှော်လင့်ချက်တွေပေးခဲ့ပြီး အခုလိုမျိုး
မပြောမဆိုပျောက်သွားရလား။ ပုဒ်စာငယ်
လေးကိုစိတ်ဆိုးပလိုက်ချင်နေပေမဲ့လည်း
သူများမြင်ရင်ရီစရာကြီးလိုဖြစ်နေမှာပေါ့နော်။
မင်းကဒီတိုင်းငါ့ရဲ့အိမ်နီးချင်းအတန်းဖော်
ငါကလည်းဒီတိုင်း မင်းရဲ့အိမ်နီးချင်း
အတန်းဖော်ပါပဲ။ ဒါပေမဲ့ငါ့ဘက်ကပဲ
တစ်ဆင့်တက်ပြီးမင်းကိုချစ်မိနေတယ်ထင်တယ်။
🏠 . 🏠 . 🏠
နောက်ထပ်မိုးရွာသောနေ့တနေ့ပေါ့ဒီနေ့တော့
ထီးယူသွားတာမို့မိုးရွာတာကိုကျေနပ်နေမိတယ်။
ထီးရိပ်လေးမှာခိုပြီး မိုးစက်လေးတွေကျဆင်း
နေတာကို ကြည်နူးစွာကြည့်ရင်းနဲ့ပေါ့။
ကျောင်းဆင်းချိန်ဆိုတော့ ကျောင်းသား
တွေအကုန်လုံးထီးမပါသူတွေက ထီးပါတဲ့
သူများနဲ့ကပ်ဆောင်းပြီးစနောက်ကြပေါ့။
ဒါပေမဲ့ မိုးရေထဲမှာတစ်ယောက်တည်းရပ်
နေတဲ့ကောင်လေးတစ်ယောက် သေချာ
ကြည့်လိုက်လေတော့ မျက်မှန်လေးနဲ့
ထယ်ယောင်းပင်။
ဘာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ဘတ်စ်ကားကမလာ
သေးတာနဲ့ ထယ်ယောင်းဆီအပြေးလေး
သွားလိုက်တယ် ထီးလေးကိုအတူတူမိုး
လိုက်ပြီးလေတော့ အေးစက်နေပုံရတဲ့မျက်ဝန်း
လေးတွေကကိုယ့်ကိုစိုက်ကြည့်လာသည်။
"ဆော့ဂျင်……"
"ထယ်ယောင်းထီးမပါဘူးလား…"
"ရပါတယ်…ငါဒီတိုင်းမိုးရေထဲမှာသွားလည်း
ရပါတယ်…"
"မင်းဘာနဲ့ပြန်မှာလဲ……"
"ဒီနေ့တော့ဘတ်စ်ကားနဲ့ပဲ…"
"လာပါငါနဲ့အတူတူလာစောင့်လေ…"
အတော်ဖြစ်သွားတာကထယ်ယောင်းရဲ့
ဘတ်စ်ကားကလည်း လာတာနောက်ကျ
တယ်တဲ့လေ အဲ့တော့အဆင်ပြေတာပေါ့။
ဘတ်စ်ကားဂိတ်မှာအတူတူရပ်စောင့်နေရင်း
စကားလေးတွေစပ်မိစပ်ရာပြောမိသည်။
"အရင်ကဆိုအိမ်ကလာကြိုတာမလား…"
"အွန်းဒါပေမဲ့…ဒီနေ့တော့တစ်ယောက်တည်း"
"အာ…ရပါတယ်…"
"ဒါ…ဒါနဲ့မင်းနဲ့ယွန်းဂီကသူငယ်ချင်းမလား"
"အွန်းဟုတ်တယ်လေ…ဘာလို့လဲ…အော်
ငါနဲ့အတူတူမတွေ့လို့လား သူကသူ့အိမ်က
ကားကလာကြိုတာစောရင်ငါနဲ့မတွေ့တော့
ဘူးလေအာ့ကြောင့်…"
"ယွန်းဂီက…ဂျောင်ဂုနဲ့မခင်တော့ဘူးလား
မသိဘူး…"
ထယ်ယောင်းစကားကြောင့်အနည်းငယ်
တမျိုးဖြစ်သွားပေမဲ့ နည်းနည်းလေးထပ်ပြီး
မေးမိသည်။
"ယွန်းဂီက ဂျောင်ဂုနဲ့ဘာဖြစ်လို့လဲ…"
မေးသာမေးရတယ်ရင်ဘတ်အစုံကတကယ်ကို
လှုပ်ခတ်နေပြီ။ ထင်ထားတဲ့အတိုင်းယွန်းဂီနဲ့
ဂျောင်ဂု ကတွဲနေမလားဆိုတဲ့စိတ်နဲ့ပေါ့။
"သူတို့ကိုအရင်ကတတွဲတွဲနဲ့တွေ့တယ်…"
မရတော့ဘူးရင်ဘတ်ကတကယ်ကိုမတည်ငြိမ်
တော့ပေ။ ရင်ဘတ်ကတကယ်ကိုအောင့်
နေခဲ့တယ်။ မျက်ရည်ပါကျလာတော့နီးနီး
ဖြစ်နေပြီ။
"အာ…အဲ့လိုလား…"
"အွန်း…အခုတော့စကားတောင်မပြော
ကြတော့ဘူး…ဘာဖြစ်လို့လဲမသိဘူး"
ဘာပဲဖြစ်ဖြစ်မေးလက်စနဲ့တော့ရင်ဘတ်
အောင့်လက်စနဲ့ဆက်မေးမယ်ကြံတာပေါ့။
"ဘာဖြစ်လို့လဲသိလား…"
"အဲ့ဒါတော့ငါလည်းမသိဘူး…တခုခု
ဖြစ်ခဲ့လို့လည်းဖြစ်နိုင်တယ်……"
"အာ…အဲ့လိုကို…"
"အွန်း…ယွန်းဂီကမင်းနဲ့တွေ့မှပိုပြီးတော့
စကားများလာတယ်…အရင်ကဆိုဂျောင်ဂုနဲ့
သူနဲ့ကတတွဲတွဲလေ ယွန်းဂီကလည်းစကား
တကယ်နည်းတယ်…"
"ငါ…အဲ့အကြောင်းတော့…မသိခဲ့ဘူး…"
"အော်…ငါ့ဘတ်စ်ကားလာပြီ…ကျေးဇူးပဲ
ဆော့ဂျင်…"
"ရပါတယ်…ထယ်ယောင်း…"
စိတ်ထဲဝမ်းနည်းသလိုလိုအထီးကျန်သလိုလို
ကြီးကခံစားလာတယ်။ တကယ်ထင်တဲ့အတိုင်း
ယွန်းဂီနဲ့ဂျောင်ဂုနဲ့ကတွဲခဲ့တာလား။ ဒါမှ
မဟုတ်အခုထိတွဲနေကြသေးတာလား။
ခံစားရခက်လိုက်တာ ဂျောင်ဂုရယ် မင်းရဲ့
ရည်းစားဟောင်းပဲဖြစ်ဖြစ်ဘယ်သူပဲဖြစ်ဖြစ်
မင်းတစ်ယောက်ယောက်နဲ့ချစ်ခဲ့တယ်ဆိုတဲ့
စိတ်ကငါ့ကိုထိုးနှက်နေတာပါပဲ။
အတ္တကြီးသလိုများဖြစ်သွားမလား။ ငါ့ရဲ့
အချစ်ဦးကမင်းဖြစ်သလိုမျိုး မင်းရဲ့အချစ်ဦး
ကလည်းငါပဲဖြစ်ချင်ခဲ့တယ်။ တကယ်ကြီး
ယွန်းဂီနဲ့မင်းနဲ့ကတွဲခဲ့ကြတာလား။
ဒါဆို မင်းနဲ့ယွန်းဂီကချစ်ခဲ့ကြတာပေါ့။
မိုးရွာတဲ့နေ့လေးမှာမျက်ရည်တွေတိတ်တခိုး
ကျနေမှန်းဘယ်သူကသိခဲ့မှာလည်း။
အိမ်ရောက်တာနဲ့အဝတ်အစားလဲပြီးအိပ်ယာ
ပေါ်မှာတန်းပြီးတော့လှဲချပလိုက်တာပေါ့။
သင်္ချာ တွေဘာတွေလည်းခေါင်းထဲမဝင်တော့
အခုတလောသင်္ချာတွက်ရင်မနည်းကိုလုံးပန်း
နေရတယ်။ အမှတ်ကတော့ 80 တောင်
ကျော်ပါ့မလားမသိတော့ပါဘူး။
မင်းပြောခဲ့တယ်လေဂျောင်ဂုရယ်။ နားမလည်
ရင် ငါ့ကိုအကူအညီတောင်းလိုက်ဆိုငါက
မင်းကိုရှင်းပြပေးမယ်ဆိုပြီးတော့ပြောခဲ့တာ
အခုတော့ပေါ်ကိုမလာတော့ဘူး ရက်စက်
လိုက်တာပုဒ်စာငယ်လေးရယ်။
"သားရေ…ဆော့ဂျင်ရေ…"
"…………"
"ဆော့ဂျင်ရေ……"
".…………"
"ဟဲ့ငါအော်ဆဲလိုက်ရင်မကောင်းတော့ဘူး
ဆော့ဂျင်ရေ!!!!!!………"
"အားဘာလဲအမေရာ…"
"ဒီကောင်လေးတွေအလုပ်ခံရတော့မယ်
အောက်ကိုဆင်းလာအုံးဟဲ့……"
အမေကလည်းဒီမှာသားတစ်ယောက်လုံး
feel နေတာကို အ feel ပျက်အောင်
ခေါ်နေလိုက်။
ဘာပဲဖြစ်ဖြစ်အမေ့ရဲ့သာယာနာပျော်ဖွယ်
အသံလေးကိုဆက်မကြားရအောင်လို့
အောက်ထပ်ကိုဆင်းသွားလိုက်တာပေါ့။
ဒါပေမဲ့………
"ဂျောင်ဂု…"
ငါအမြင်မှားနေတာလား ဒါမှမဟုတ်မင်းကို
လွမ်းလွန်းလို့သတိရလို့ရူးသွားတာလား။
ုမြင်ချင်ရာတွေပဲမြင်နေတာလားတော့မသိ
ပေမဲ့ အိမ်ရှေ့မှာ ပုဒ်စာငယ်လေးရောက်နေ
တာတဲ့လား။ ဘယ်လောက်တောင်လဲ
ဂျောင်ဂုရာ မတွေ့ရတာ ကြာလေပြီ။
"သားသူငယ်ချင်း…စာလာလုပ်တာတဲ့
ဟဲ့ငူတူငိုင်တိုင်နဲ့ သူငယ်ချင်းကိုခေါ်လေ"
"ဗျာ…အာ…ဟုတ်…ဟို…လာ…လာလေ"
ရင်တွေအဆက်မပြတ်ခုန်နေခဲ့တယ်။
တခါမှမထင်ထားခဲ့ဘူး ဂျောင်ဂုကအိမ်ကို
ရောက်လာခဲ့မယ်လို့။ ရင်တွေအဆက်မပြတ်ကို
ခုန်နေတာထိန်းမနိုင်သိမ်းမနိုင်တွေပေါ့။
အပေါ်ထပ်အခန်းထဲရောက်လေတော့ဟိုကြည့်
ဒီကြည့်ဖြင့်ကြည့်လေပြီးစာကြည့်စားပွဲခုံမှာ
နေရာယူလိုက်သည်။ ကျနော်ကတော့အခုထိ
မယုံနိုင်ဖြစ်နေတာကြောင့် ခြေမကိုင်မှီလက်
မကိုင်မှီဖြင့်ပင်။
"စာလုပ်ရတာအဆင်မပြေဘူးထင်လို့~…"
"အာ…ဆို…ဆိုပါတော့…ငါအမှတ် 80
ရလောက်မယ်…မထင်ဘူး………"
ကျနော့်အသံကဝမ်းနည်းတဲ့အသံပေါက်သွား
လေလားတောင်မသိပေ။ တကယ်လည်း
သင်္ချာတွေအခုတလောတွက်ရတာတကယ်ကို
အဆင်မပြေဖြစ်သည်။
"ထိုင်လေ~………"
ဂျောင်ဂုနားမှာပဲခုံလေးယူပြီးဘေးချင်းကပ်
ထိုင်မိလိုက်သည်။ ဒီတခါတော့တကယ်ကို
ဟန်မဆောင်နိုင်တော့ပေ။ အခုမှသူ့ရဲ့
မျက်နှာလေးကိုမြင်ခွင့်ရလေတော့ပိုပြီး
ခံစားမှုပြင်းထန်လာလေသည်။ ဒီကြားထဲ
စာလုပ်ရတာအဆင်မပြေလေတော့ကလေး
တစ်ယောက်လိုကိုငိုချပြီးပြောပြလိုက်ချင်
တော့တယ်။
"ငါ…အဆင်မပြေဘူး…"
"ဘာလို့လဲ~……"
"မင်းဘာလို့ကျောင်းမလာတာလဲ…"
"ငါ~……စာမေးပွဲနီးရင်ကျောင်းကို
သိပ်မလာဘူး~……အဲ့ဒါကြောင့်ပါ~…"
"ငါတကယ်…အဆင်မပြေဘူး…"
ခေါင်းလေးငုံ့ပြီးစိတ်ညစ်ညစ်ဖြင့်ပြောလေ
တော့ ကိုယ့်ဆီရောက်လာတဲ့နူးညံ့လှတဲ့
မျက်ဝန်းနက်တစ်စုံ။
"ငါရှိတယ်~……"
"………………"
"မင်း~……Square roof တွေ မရတာ
မဟုတ်လား~………"
"ဟုတ်…ဟုတ်တယ်………"
"ငါသင်ပေးပါမယ်~………"
အခုမှအားကိုးစရာရသွားသလိုကိုခံစား
မိလေသည်။ ပုဒ်စာငယ်လေးကမရတဲ့သင်္ချာ
ပုဒ်စာတွေကို သေချာရှင်းပြပေးမယ်တဲ့လေ
ဘယ်လိုလုပ်မလဲဂျောင်ဂုရေငါတော့မင်းရဲ့
မျက်နှာလေးကိုပဲကြည့်မိနေတယ်။
သူပထမဆုံးတွက်ပြတဲ့သင်္ချာပုဒ်စာလေးကို
သေချာလိုက်နားထောင်နေမိတယ်။ သူ့ရဲ့
အသံချိုချိုလွင်လွင်ငြိမ့်ငြိမ့်ကလေးဖြင့်
ရှင်းပြနေသည်က တကယ်ကိုရူးဖို့လုံလောက်
ပါတယ်ပုဒ်စာငယ်လေးရယ်။
"နားလည်လား~……"
"အော်…နား…နားလည်တယ်…"
"ဒါဆိုငါအစမ်းတစ်ပုဒ်မေးခွန်း
လုပ်ပေးမယ်နော်အဖြေရှာကြည့်~…"
"အွန်း……"
သူရှင်းပြသွားတာတော့ဟုတ်နေတာပဲ
သူကိုယ်တိုင်မေးခွန်းထုတ်ပေးလိုက်တဲ့
ပုဒ်စာကလူကိုလည်ထွက်နေတာပဲအရိပ်အကဲ
လေးတချက်ကြည့်မိလေတော့လည်း
ရုပ်ကလေးကခပ်ဖြောင့်ဖြောင့်လေးဖြင့်
အရှေ့ကိုပဲကြည့်နေတယ်။ သူရှင်းပြပေးဖို့
အစီအစဉ်မရှိဘူးလားမသိဘူး။
"ဟို…ငါအောက်ဆုံးနားမှာလေ…ဆက်ပြီး
မသွားတက်တော့ဘူး…"
"ဟာ~……ခုနပြောတဲ့အတိုင်းပဲလေ~…"
"ငါတကယ်…တိုင်ပတ်နေပြီငိုတောင်ငိုချင်
လာပြီ…"
"မငိုပါနဲ့ကွာ~……ကိုယ်နည်းနည်းထပ်ပြီး
တွက်ပြမယ်~……"
ကိုယ်…ကိုယ်လို့ဘာလို့ပြောတာလဲ
ရင်တွေမရတော့ဘူးပေါက်ထွက်တော့မယ်။
ဂျောင်ဂုရေငါသေတော့မယ်။ လောလောဆယ်
စိတ်ထိန်းစားဆော့ဂျင်ရေ စိတ်ထိန်းထား။
"ဒီမှာ…ဒီလိုလေးဝင်မြောက်နော်~…အာ့ဆို
ရလိမ့်မယ်~……"
"အာ…အိုခေ…သိ…သိပြီ…"
စာတွက်နေရင်းနဲ့မလုံမလဲဖြစ်လာသလို
ခံစားမှုကြီး။ ကိုယ့်ကိုစိုက်ကြည့်သလိုမျိုး
ခံစားနေရလို့ကြည့်မိသည်။
တကယ်ကြီးကိုယ့်ကိုစိုက်ကြည့်နေခဲ့သော
မျက်ဝန်းနက်များ။
"အာ…ဘာ…ဘာမှားလို့လဲ…"
ခေါင်းလေးကိုပြန်ငုံ့သွားလေပြီးလေသံ
တိုးတိုးငြိမ့်ငြိမ့်လေးထွက်လာသည်။
"ကိုယ်~…ပြန်မှဖြစ်တော့မယ်~…မနက်ဖြန်
ကျောင်းလာခဲ့မယ်နော်~……"
"ဒါ…ဒါပေမဲ့…"
"………မနက်ဖြန်~…လာခဲ့ပါမယ်~…"
"ချလောက်……"
ဒီလိုကြီးထွက်သွားလေတော့လည်းလူမှာ
အောင့်သိအောင့်သက်ကြီးကိုယ်ကကျန်ခဲ့
သည်။ မပြောမဆိုနဲ့ထွက်သွားပြန်ပြီလား
ဂျောင်ဂုရယ်။
ပြတင်းပေါက်ကနေခေါင်းထွက်ပြီးလှမ်းကြည့်
လေတော့ အိမ်ရှေ့တောင်ရောက်နေပြီ
Hoodie အင်္ကျီလေးမှာလက်ကလေးထည့်ပြီး
တော့ပေါ့ ကျနော့်ကိုလှမ်းကြည့်လေတော့
နည်းနည်းလန့်သွားသည်။ အသံမကြားတကြား
လေးဖြင့်လှမ်းပြောသည်။
"အဲ့အပုဒ်ကိုအဖြေရအောင်ရှာနော်~……"
ထို့နောက်အိမ်ထဲကိုဝင်သွားတဲ့ပုစာ္ဆငယ်လေး။
တခါတလေ စဉ်းစားမိတယ်။ တကယ်နားလည်
ရခက်တဲ့ကောင်လေးပါလားဆိုပြီး။ ဘာပဲဖြစ်ဖြစ်
သူပေးထားတဲ့ပုစာ္ဆကိုတွက်ပြီးမှအိပ်မယ်ပေါ့
မရရအောင်တွက်ခဲ့တယ်အဖြေကိုရအောင်
ရှာခဲ့တယ် နောက်ဆုံးခေါင်းတွေပါကုတ်
စိတ်တွေပါရှုပ်ပြီးရလာတဲ့အဖြေက…
128√980 ဆိုတဲ့အဖြေလေးဘာမှန်းတော့
မသိခဲ့ဘူးတော်တော်ကိုထူးဆန်းတဲ့အဖြေလေး
ဟိုဘက်ကြည့်ဒီဘက်ကြည့်နဲ့တော်တော်ကို
စဉ်းစားယူရတယ်။ ဘောပင်လေးနဲ့ကွယ်ပြီးကြည့်မိလိုက်တယ်
နောက်ဆုံးမြင်လိုက်ရလေတာက……
အော်ဂျောင်ဂုရယ်ငါရူးပါပြီ…………
~~~~~~~~~~~~~~~~~~~~~~~~~~~~
Thanks For Read And Vote…
Continue Reading
You'll Also Like
54.5K 5.1K 38
အချစ်ဆိုတာကို အချိန်တွေ၊ သံယောဇဥ်တွေ၊ ချစ်ခြင်းမေတ္တာတွေ၊ ယုံကြည်မှုတွေနဲ့ တည်ဆောက်ယူမှ ရတာပါလို့ ယုံကြည်လက်ခံထားတဲ့ သူ့အတွက် မထင်မှတ်ပဲ ရင်ဘတ်ရဲ့ ဟိ...
38K 1K 50
REMINGTON ASTOR -Lordship A whirlwind of eccentricity and charm, wrapped in a cloak of effortless cool His family and friends mean...
40.6K 2.7K 39
ချစ်တယ်...မောင့်ကလေးလေး... jeon jung kook မင်းကတကယ်အဆိုးလေးပဲ...ဂျောင်ဂု.. park jimin...
1.5K 72 12
𝐡𝐲𝐮𝐧𝐠 ကိုကျွန်တော်ခေါ်ချင်ခဲ့တဲ့နာမ်စားလေးတစ်ခုရှိတယ် 𝐣𝐞𝐨𝐧 ဆိုပြီးတော့ပေါ့