လက်ဖက်ရည်တစ်ခွက်ဖျော်စာလောက် ကြာတဲ့အခါ ရှင်းဟယ်က ပုံမှန်မဟုတ်တဲ့ မျက်နှာအမူအယာနဲ့ ယင်ကျင်းရဲ့အခန်းထဲကိုဝင်လာ၏။
"သခင်..."
ယင်ကျင်းရဲ့က မေးလိုက်သည်။
"အိမ်တော်ထဲ အတင်းဝင်လာတာ ဘယ်သူလဲ "
ရှင်းဟယ်က တံခါးဝကိုလှည့်ကြည့်လိုက်ပြီး
"ဆရာသခင်ကွေ့ရိပါ "
"ဆရာ!.."
ယင်ကျင်းရဲ့ အမြန် မတ်တပ်ထရပ်လိုက်မိသည်။
"ခင်ဗျားရဲ့ ဆရာလား"
ရုန်ယိလည်း တံခါးဝကိုလိုက်ကြည့်လိုက်တဲ့အခါ အဘိုးကြီးတစ်ယောက်က သူ့လက်တွေနဲ့ ခါးကိုကိုင်ထားရင်း လျှောက်လာနေတာကို တွေ့လိုက်ရ၏။
"အားယား... ငါ့ရဲ့အရိုးတွေက အိုမင်းနေပြီ.. ငါကအခုတော့အသုံးမကျတော့ဘူးဘဲ..အသုံးမကျတော့ဘူး.. ရဲ့အာ... မင်း ဒီလောက်စွမ်းအားကြီးတဲ့ အစီအရင်ကိုလုပ်တတ်တာ ငါဘယ်လိုလုပ် မသိခဲ့ရတာလဲ.. ငါတောင် ချိုးဖျက်လို့မရဘူး.. မင်းအိမ်တော်ကို ကာကွယ်ပေးဖို့ တံခါးစောင့်နတ်ဘုရားကိုတောင်မှ ပင့်ဖိတ်ထားလိုက်သေးတယ်.. တော်လိုက်တာ..တစ်ကယ်တော်တယ်.. ငါတောင် ထောင်ချောက်ထဲ ကျခါနီးဘဲ"
ဆရာသခင်ကွေ့ရိက ထိုင်ချလိုက်ပြီး ဆေးလုံးတစ်လုံးသောက်ချပြီးမှသာ အတော်လေးနေလို့ကောင်းသွားတော့သည်။
"ဆရာ "
ယင်ကျင်းရဲ့ မျက်မှောင်အနည်းငယ်ကြုတ်သွားပြီး
"ဒီကို ဘာလာလုပ်တာလဲ"
ရှင်းဟယ် ငှဲ့ပေးတဲ့လက်ဖက်ရည်တစ်ငုံသောက်လိုက်ပြီးမှ ဆရာသခင်ကွေ့ရိက ပြောလာ၏။
"လန်အာက ငါ့ဆီစာပို့ပြီး မင်းက ကျုံးဟိုင်နယ်မြေမှာရောက်နေပြီးတော့ မင်းတို့နှစ်ယောက်က လက်ထပ်တော့မယ်ဆိုပြီး ပြောတယ်လေ..ဒီတော့ မင်းတို့ရဲ့ ဆရာအနေနဲ့ မင်းတို့ဆီလာပေးရမှာပေါ့ ပြီးမှဘဲ တုံထန်းနယ်မြေကို အတူပြန်ကြမယ်"
ယင်ကျင်းရဲ့ "....."
ရုန်ယိ "......"
ဆရာသခင်ကွေ့ရိက ပြုံးလိုက်ပြီး
"မင်းတို့နှစ်ယောက်က ငယ်ငယ်တည်းက သူငယ်ချင်းကောင်းတွေဘဲလေ..ဒီတော့ မင်းတို့နှစ်ယောက် ကျင့်ကြံဖော်တွေဖြစ်လာမှာ ငါမအံ့သြတော့ပါဘူး.. အနာဂတ်မှာ မင်းတို့တစ်ယောက်နဲ့တစ်ယောက် လက်တွဲသွားကြတော့မှာ.. လန်အာက မင်းရဲ့ဆရာတူအစ်ကိုဆိုပေမယ့် သူက အမြဲတမ်းကလေးဆန်ဆန်လုပ်နေတတ်တယ်..ဒါကြောင့် မင်းသူ့ကို သည်းခံပေးနိုင်ဖို့မျှော်လင့်ပါတယ်.. သူက နည်းနည်းတော့ သွေးအေးပေမဲ့ မကောင်းတဲ့လူတစ်ယောက်တော့မဟုတ်ဘူးဆိုတာ ငါသိပါတယ်"
"ဒါပေမဲ့ ဆရာ..."
ယင်ကျင်းရဲ့ ငြင်းဖို့အချိန်တောင်မရလိုက်သေးခင်မှာဘဲ ဆရာသခင်ကွေ့ရိရဲ့အာရုံက ကလေးတွေပေါ်ကို လုံးဝရောက်သွားတော့သည်။
"အိုး ဟုတ်သားဘဲ.. လန်အာက မင်းတို့မှာ ကလေးတွေလည်းရှိနေပြီလို့ ပြောသေးတယ်.. ဒီတော့ အဲ့တာ သူတို့လေးတွေလား.."
ပြောရင်းနဲ့ အမြန်သွားကာ ယင်စန်စန်ကို ချီလိုက်၏။
"လန်အာက သူ့မာနတွေကို မြိုသိပ်ပြီး မင်းအတွက် မိန်းမတစ်ယောက်လို ကလေးမွေးပေးလိမ့်မယ်လို့ ငါလုံးဝထင်မထားခဲ့မိဘူး.. ရဲ့အာ မင်းသူ့ကို ဒီ့ထက်ပိုကောင်းကောင်း ဆက်ဆံသင့်တယ်နော်.. ကြည့်ပါဦး.. ကလေူက မင်းတို့နှစ်ယောက်လုံးနဲ့ တစ်ကယ်တူတာဘဲ"
ယင်ကျင်းရဲ့ "....."
ရုန်ယိ သူ့ကို ရွဲ့တဲ့တဲ့ပြုံးပြလိုက်ကာ ခါးသက်စွာမေးလိုက်သည်။
"ဒီမှာခင်ဗျ... ကလေးတွေရဲ့ ဘယ်အပိုင်းကများ သူတို့နဲ့တူတယ်လို့ တွေးလိုက်ရတာလဲမသိဘူး.. နှာခေါင်းလား.. မျက်လုံးလား ဒါမှမဟုတ် နှုတ်ခမ်းလား"
သောက်အဓိပ္ပါယ်မရှိတဲ့ အလိမ်အညာတွေ!!...
ကလေးတွေက သူနဲ့တူနေတာ ဒီလောက်သိသာနေတာကို ဒီအဘိုးကြီးက သူတို့က ယင်ကျင်းရဲ့နဲ့ ချီလန်တို့နဲ့ တူတယ်လို့ပြောနေသေး၏။ ယင်ကျင်းရဲ့နဲ့တူတယ်လို့ပြောခဲ့ရင်တောင် သူက ကလေးတွေနဲ့ သွေးသားတော်စပ်တာကြောင့် သူလက်ခံပေးလိုက်ဦးမည်။ ဒါပေမဲ့ ချီလန်နဲ့တူတယ်ဟုတ်လား.. တစ်ကယ်ကြီးလား!!!....
အခုမှ အခန်းထဲမှာ တစ်ခြားတစ်ယောက်ပါရှိနေသေးတာကို ဆရာသခင်ကွေ့ရိသတိပြုမိသွားသည်။ သူယင်စန်စန်ကိုကြည့်ပြီး ရုန်ယိကိုကြည့်လိုက်သည်။ ထို့နောက် ယင်ထောင်ကိုပါလှမ်းကြည့်လိုက်ပြီး ရုန်ယိကို ပြန်ကြည့်လိုက်ပြန်သည်။ ဒီသုံးယောက်က ပုံစံတူထုထားသလိုကို တူလွန်းလှ၏။
"ကြည့်ရတာ ငါအမှားလုပ်မိသွားပုံဘဲ.. ငါ့အမှားပါ.."
ဆရာသခင်ကွေ့ရိက ယင်စန်စန်ကို ပြန်ချပေးကာ ပြုံးရင်းနဲ့ ကျန်းမုကို ချီလိုက်လေသည်။
"ဒီကလေးက ရဲ့အာနဲ့ လန်အာတို့နဲ့ တူသားဘဲ"
ယင်ကျင်းရဲ့ "....."
ရုန်ယိ "....."
ဖြန်း!!...
ကျန်းမုက သူ့ရဲ့လက်လေးနဲ့ ဆရာသခင်ကွေ့ရိမျက်နှာကို ရိုက်ပစ်လိုက်ကာ အော်လိုက်၏။
"ကျွန်တော့်ကိုလွှတ်!!"
သူက သူကိုယ်တိုင်အချီခံချင်စိတ်မရှိရင် ရုန်ယိကလွဲပြီး သူ့ကိုတစ်ခြားသူလာချီတာကို မကြိုက်ပေ။
"အ့!.. ကလေးတစ်ယောက်က ဘာလို့ ဒီလောက်တောင်အားကြီးရတာလဲဟ"
ဆရာသခင်ယွမ်ရိမှာ သူ့မျက်နှာကအရိုးတွေတောင် ကျိုးသွားတော့မယ်လို့ ခံစားလိုက်ရသည်။ သူက မဟာယာနအဆင့်က ကျင့်ကြံသူဖြစ်ပြီး ကလေးတစ်ယောက်က သူ့ကိုထိခိုက်အောင်လုပ်နိုင်တယ်ဆိုတာက မဖြစ်နိုင်ပေ။
ကျန်းမုက တစ်ကယ်လည်း ဘာမဟုတ်တဲ့ကလေးတစ်ယောက်မဟုတ်ပေ။ ဒါကြောင့် ရှင်းဟယ်က ကျန်းမုကို ဆရာသခင်ကွေ့ရိဆီကနေ ချက်ချင်းသွားချီလိုက်ပြီး ရုန်ယိလက်ထဲကိုထည့်ပေးလိုက်လေသည်။
"ဆရာသခင်ကွေ့ရိ.. သူကလည်း သခင်နဲ့ သခင်ချီတို့ရဲ့ ကလေးမဟုတ်ပါဘူး"
ဆရာသခင်ကွေ့ရိမှာ မျက်မှောင်ကြုတ်သွားပြီး
"တစ်ယောက်မှ ရဲ့အာနဲ့ လန်အာတို့ရဲ့ကလေးမဟုတ်ဘူးလား.. ဒါဆို သူတို့ကလေးတွေကဘယ်မှာလဲ"
"ဆရာသခင်ကွေ့ရိ... သခင်နဲ့ သခင်ချီတို့မှာ ကလေးမရှိပါဘူး.."
ရှင်းဟယ်က ယင်စန်စန်နဲ့ ယင်ထောင်တို့ကို ညွှန်ပြလိုက်ပြီး
"သူတို့လေးတွေက သခင်နဲ့ သခင်လေးရုန်တို့ရဲ့ ကလေးတွေပါ"
"ဒါပေမဲ့ စာထဲမှာ ငါ့ကို လန်အာပြောတာတော့ သူတို့မှာ ကလေးတွေရှိတယ်ဆို "
ရုန်ယိမှာ စိတ်တိုစွာနဲ့ ပြောလိုက်၏။
"သူ့အစားရှက်ဖို့တောင်ကောင်းတယ်... သူက လူတိုင်းကို ကျွန်တော့်ကလေးတွေကို သူ့ကလေးတွေလို့ လိုက်ပြောနေတာလေ"
ဆရာသခင်ကွေ့ရိက သူ့တပည့်တွေကို အလွန်အမင်းကာကွယ်ပေးတတ်သူဖြစ်တာကြောင့် သူသဘောမကျသလိုမျိုး ပြန်မေးလာသည်။
"မင်းကဘယ်သူလဲ ကောင်လေး.. ဘာကိစ္စနဲ့ ငါ့တပည့်ကို ဒီလိုမျိုး စွပ်စွဲပြောဆိုနေရတာလဲ"
"ခင်ဗျားတပည့်က ကျွန်တော့်ကလေးတွေကို သု့ကလေးတွေပါလို့ သူနဲ့သိသမျှလူတိုင်းကို လိုက်ပြောနေတာလေ.. သူ့မှာအရှက်ရှိတယ်လို့ ခင်ဗျားထင်နေတာလား"
"ဒါပေမဲ့ ရဲ့အာ အမေကလည်း သူတို့မှာကလေးတွေရှိနေပြီလို့ စာထဲမှာပြောထားတယ်လေ.. ငါ့ဆီ မင်္ဂလာဆောင်ဖိတ်စာတောင်မှ ပို့လိုက်သေးတယ်"
ဆရာသခင်ကွေ့ရိက ဖိတ်စာကို ထုတ်ကာ ရက်စွဲကိုစစ်ကြည့်လိုက်ပြီး
"နေ့ရက်က နောက်လ ကိုးရက်နေ့တဲ့"
ရုန်ယိ "......"
မြန်လှချည်လား!!...
ယင်ကျင်းရဲ့က ရှင်းဟယ်ကိုလှမ်းကြည့်လိုက်သည်။
"ဘာလို့ ငါ့ဆီ သတင်းရောက်မလာရတာလဲ"
သူက လက်ထပ်တော့မယ်တဲ့... ဘာလို့ သူကိုယ်တိုင်ကတော့ ဒီကိစ္စကို လုံးဝမသိထားရတာလဲ..။
"ကျွန်တော်လည်း ဘာသတင်းမှမရထားပါဘူး"
ရှင်းဟယ် ခေါင်းကိုရှေ့တိုးကာ ဆရာသခင်ကွေ့ရိရဲ့ ဖိတ်စာကို ကြည့်ကြည့်လိုက်သည်။ ဖိတ်စာပေါ်က နာမည်တွေကို တွေ့လိုက်တဲ့အခါမှာတော့ သူ့မျက်လုံးထောင့်တွေတွန့်သွားရပြီး ရူးတောင်ရူးချင်သွားသည်။
"ဆရာသခင်ကွေ့ရိ...ဒါက ဆရာသခင်ဝမ်ဖာဆီက မင်္ဂလာဆောင်ဖိတ်စာလေဗျာ.. နောက်လ လက်ထပ်ကြမှာက သူ့တပည့်တွေပါ"
"အာ..."
ဆရာသခင်ကွေ့ရိ နာမည်တွေကို သေချာပြန်ကြည့်လိုက်သည်။ တစ်ကယ်ဘဲ သူ့တပည့်တွေရဲ့နာမည်မဟုတ်ပေ။ ထို့နောက် သူရှက်ရွံ့စွာနဲ့ ပြုံးပြလာ၏။
"မင်းအမေက မင်းတို့နှစ်ယောက်လက်ထပ်တော့မယ်လို့ စာရေးပြောတဲ့အချိန်မှာဘဲ ငါ့ဆရာတူအစ်ကိုဆီကဖိတ်စာရလိုက်တာလေ..ဒီတော့ ဖိတ်စာပေါ်က ရက်စွဲကိုဘဲကြည့်လိုက်ပြီး မင်းတို့နှစ်ယောက် နောက်လကျရင် လက်ထပ်တော့မယ်လို့ဘဲ ထင်လိုက်မိတာ.."
ရုန်ယိ မျက်ဆံသာလှန်လိုက်မိသည်။
"ဒေါသထွက်စရာကောင်းလိုက်တာ.."
"ကျွန်တော့်အမေဆီက စာကိုတစ်ချက်လောက် ကြည့်လို့ရမလား"
"ငါမီးရှို့လိုက်ပြီ"
ယင်ကျင်းရဲ့ "....."
ရှင်းဟယ်က ရေရွတ်ပြောဆိုလာသည်။
"ကျွန်တော်တော့ သူ သခင်မကြီးဆိုလိုတာကိုလည်း တစ်လွဲအဓိပ္ပါယ်ကောက်လိုက်တာဖြစ်မှာ စိုးမိတယ်"
သူထင်တာကတော့ သခင်မကြီးရဲ့စာထဲမှာပြောထားတာက သူမသားနဲ့လက်ထက်ဖို့အကြံကို လက်လျှော့သွားအောင် ချီလန်ကိုဖျောင်းဖျပေးဖို့ ဆရာသခင်ကွေ့ရိကို တောင်းဆိုထားတာဖြစ်လိမ့်မည်။ ဒါကို ဆရာသခင်ကွေ့ရိက အစပိုင်းက သူ့တပည့်တွေ လက်ထပ်ကြတော့မယ်ဆိုတဲ့ စာလုံးတွေကိုသာသတိပြုခဲ့မိတာဖြစ်ပြီး အဆုံးထိ မဖတ်ရလောက်သေးပေ။ သူအပျော်ကြီးပျော်သွားပြီး သခင်နဲ့ သခင်ချီတို့ လက်ထပ်တော့မယ်လို့ မှားပြီးယုံသွားမိတာဘဲဖြစ်ပေလိမ့်မည်။
ဒါတွေက သူလျှောက်ခန့်မှန်းနေတာမျိုးမဟုတ်..ဒီလိုမျိုး ကိစ္စတွေက ဆရာသခင်ကွေ့ရိဆီမှာ ခဏခဏဖြစ်ခဲ့ဖူးလေသည်။
ယင်ကျင်းရဲ့ "....."
ဆရာသခင်ကွေ့ရိက ဖိတ်စာကိုသိမ်းလိုက်ပြီး
"အိုး..ဟုတ်သား...ငါ့ရဲ့လန်အာရော.. သူဘယ်မှာလဲ ... ငါသူ့ကို မတွေ့ရတာ တော်တော်လေးကြာနေပြီ"
ယင်ကျင်းရဲ့က မထူးခြားနားစွာနဲ့
"သူ ဒီမှာမရှိဘူး"
"ဒါဆို သူက ဘယ်မှာလဲ"
"ထုံကုလမ်းက ယင်အိမ်တော်မှာ"
"ဒါဆိုလည်း ငါ သူ့ဆီသွားတွေ့လိုက်ဦးမယ်"
ပြောရင်းနဲ့ ဆရာသခင်ကွေ့ရိက သူ့ဓားပေါ်ခုန်တက်လိုက်ကာ ပြတင်းပေါက်ကနေတစ်ဆင့် ပျံထွက်သွားတော့သည်။
ရှင်းဟယ် အမြန်အော်ပြောလိုက်၏။
"ဆရာသခင်ကွေ့ရိ ပြတင်းပေါက်ကဖြတ်ပျံလို့မရဘူး!!..အဲ့မှာ ချိတ်စည်း....."
သူ့စကားမဆုံးခင်မှာဘဲ ဆရာသခင်ကွေ့ရိရဲ့ အော်သံကြီးက လူတိုင်းရဲ့နားထဲကိုဝင်ရောက်လာတော့လေသည်။
ရှင်းဟယ်မှာ ရှက်ရွံ့စွာနဲ့ သူ့နဖူးသူ အုပ်ကိုင်ထားလိုက်မိသည်။
ယင်ကျင်းရဲ့ "......"
ရုန်ယိက ပြုံးလိုက်ပြီး
"ဒီအစီအရင်ကို ကျွန်တော်အရမ်းသဘောကျသွားပြီ"
ယင်ကျင်းရဲ့က ဝမ်းသာပီတိဖြစ်နေတဲ့ရုန်ယိကို တစ်ချက်ကြည့်ကာ
"သူက ကိုယ့်ဆရာလေ.."
"ဒါပေမဲ့ သူက ကျွန်တော့်ကို သူ့တပည့်ရဲ့ကျင့်ကြံဖော်လို့မှ လုံးဝမသတ်မှတ်ထားတာ... ဟမ့်!.."
ထို့နောက် ရုန်ယိက ကလေးတွေနဲ့အတူ ထွက်သွားတော့သည်။
ယင်ကျင်းရဲ့ "......"
ထိုအချိန်မှာ ရုန်စုက ခြံဝန်းထဲကိုဝင်လာပြီး ရုန်ယိကိုတွေ့တာနဲ့ အော်ခေါ်လာ၏။
"သခင်လေး...သခင်လေးချီနဲ့ သူ့သူငယ်ချင်းတွေရောက်နေကြပါတယ်"
"ငါ့ရဲ့ ရှောင်ယိယိရေ..."
ရုန်စုနောက်ကနေလိုက်လာတဲ့ ချီယွဲ့ရှီက ရုန်ယိဆီကို ပြေးလာပြီး ငိုသံနဲ့ပြောလာသည်။
"သွားပြီ.... ငါတို့တော့သွားပြီ.."
ရုန်ယိ ဇဝေဇဝါဖြစ်သွားရ၏။
"ဘာဖြစ်တာလဲ"
ကျုံးကျစ်ချောင်က မျက်ခုံးတွေ ကျုံ့နေရင်းနဲ့
"ပြိုင်ပွဲက လာမဲ့ရက်အနည်းငယ်အတွင်းမှာ ကျင်းပတော့မှာ.. ငါတို့လုပ်ထားတဲ့ ပါးနီတွေ ပုလဲမှုန့်တွေက အလှပြင်ပစ္စည်းဆိုင်ကဟာတွေနဲ့ အရည်အသွေးက အတူတူလောက်ဘဲ.. ဘာမှအသာစီးရမထားဘူး... ပန်းထိုးတဲ့နေရာမှာသာ နည်းနည်းလေးပိုကောင်းနေတာ.. ရှောင်ယိယိ မင်းလည်း အရင်က အလှပြင်ရတာသဘောကျခဲ့တာဘဲမလား.. သူတို့ရဲ့ ပါးနီတွေ ပုလဲမှုန့်တွေကို အနိုင်ယူနိုင်ဖို့အတွက် အကြံဉာဏ်ကောင်းလေးဘာလေးများမရှိဘူးလား.."
ရုန်ယိ "......"
သူက မူလရုန်ယိလည်းမဟုတ်သလို သူ့ရဲ့ဒုတိယအစ်ကိုလည်း မဟုတ်ပေ... သူ့ဆီမှာ ဘယ်လိုလုပ် အကြံဉာဏ်ကောင်းတွေထွက်လာနိုင်ပါ့မလဲ..။
ရုတ်တရက် မနေ့ညက သူ့အစ်ကိုဆီကနေ မိတ်ကပ်သေတ္တာကြီးသိမ်းယူလာတာ သူသတိရသွားသည်။ သူ့သိုလှောင်လက်စွပ်ထဲမှာ ထိုမိတ်ကပ်သေတ္တာကြီးကို ပြန်ရှာလိုက်၏။ ရှိနေသေးသည်ပင်..။
ကျုရှင့်ယွီက
"ရှောင်ယိယိ... အဲ့တာ ဘာသေတ္တာကြီးလဲ"
"မင်းတို့အတွက် ကောင်းတာတစ်ခုခုပေါ့"
ရုန်ယိ အဆောင်ငယ်လေးဆီကို လျှောက်သွားကာ ထိုင်ချလိုက်သည်။ သူ သေတ္တာကိုဖွင့်ကြည့်လိုက်တဲ့အခါ ရောင်စုံ နှုတ်ခမ်းနီတောင့်တွေ အိုင်းရှဲဒိုး တွေကို လူတိုင်းတွေ့လိုက်ကြရသည်။
သူက မိတ်ကပ်ပစ္စည်းတွေအကြောင်းကို နည်းနည်းလေးသာသိလေသည်။ ဒါကြောင့် သူနဲ့ အရင်းနှီးဆုံးဖြစ်တဲ့ တစ်ခုကိုသာယူလိုက်သည်။
"ဒါက နှုတ်ခမ်းဆိုးဆေး"
"နှုတ်ခမ်းဆိုးဆေး.."
ထန်ရှန်းရိုတို့မှာ အံ့အားသင့်သွားကာ မျက်လုံးတွေဝိုင်းစက်သွားကြသည်။
"နှုတ်ခမ်းဆိုးဆေးက ဘာလို့ အချောင်းကြီးဖြစ်နေရတာလဲ.. ဒါကြီးကို နှုတ်ခမ်းပေါ်ကို ဘယ်လိုတင်လိမ်းရမှာလဲ.."
ရုန်ယိ အဖုံးဖွင့်ကာ နှုတ်ခမ်းနီတောင့်ကို ထုတ်ပြလိုက်သည်။
ခရမ်းရောင်ဖြစ်နေတာကြောင့် ထန်ရှန်းရိုတို့မှာ ပိုလို့တောင် အံ့သြသွားရ၏။
"နှုတ်ခမ်းဆိုးဆေးက ခရမ်းရောင်ရှိလို့လား..."
"ခရမ်းရောင်တင်မဟုတ်ဘူး...အဝါတို့ အစိမ်းတို့လည်းရှိတယ်..ငါထင်တာတော့ မင်းတို့ အရောင်တွေကို ထုတ်ဖော်နိုင်အောင် လုပ်ကြည့်လို့ရတယ်..အရောင်တွေသာရသွားရင် မင်းတို့ပုံမှန်လုပ်နေကျအတိုင်းဘဲ ဆက်လုပ်လို့ရသွားပြီ"
ရုန်ယိ သူတို့ကို မက်မွန်ရောင် ၊ ပန်းရောင်နဲ့ အနီဖျော့ဖျော့အရောင်တွေကိုပါ ထုတ်ပြလိုက်သည်။
"ဒီလိုဆိုရင် မျက်နှာပေါ်မှာသုံးတဲ့ ပါးနီမှာလည်း အရောင်အမျိုးမျိုးရှိအောင် လုပ်လို့ရတယ်"
ချီယွဲ့ရှီက
"ရှောင်ယိယိ.. မင်း ဒါတွေကို ဘယ်ကနေရလာတာလဲ"
"မတော်တဆရခဲ့တာပါ..ဒါပေမဲ့ ဒီကျင့်ကြံရေးလောကကြီးတစ်ခုလုံးမှာတောင်မှ ဒီလိုပစ္စည်းမျိုးတွေ မရှိဘူးဆိုတာတော့ ငါအာမခံတယ်.. မင်းတို့ ဒါတွေကိုပြန်ယူသွားပြီး သေချာလေ့လာကြပေါ့"
သူတို့သာ အရောင်နည်းနည်းလောက် ပိုလုပ်နိုင်ခဲ့ရင် အနိုင်ရဖို့ ပိုလွယ်ကူလိမ့်မယ်လို့ ရုန်ယိကတော့ထင်သည်။
"ဒါက အရမ်းအံ့သြဖို့ကောင်းတာဘဲ.. ဒီတစ်ကြိမ်တော့ အလှပြင်ပစ္စည်ဆိုင်ကို အနိုင်ယူနိုင်မှာ သေချာတယ်"
ကျုရှင့်ယွီက ဝမ်းမြောက်စွာနဲ့ ပြောလာသည်။
ချီယွဲ့ရှီမှာ နှုတ်ခမ်းထောင့်တွေတွန့်သွားရပြီး
"ငါတော့ အဲ့လိုမထင်ဘူး"
ကျုံးကျစ်ချောင်က မည်းမှောင်နေတဲ့မျက်နှာနဲ့
"သူတို့က ငါတို့အပေါ်မှာ ညစ်ညစ်ပတ်ပတ်နည်းလမ်းတွေသုံးမှာ သေချာတယ်.. အကယ်၍ ငါတို့က သူတို့ကို နိုင်နိုင်တယ်ဆိုရင်တောင်မှ ငါတို့ကိုရှုံးတယ်လို့ ဆုံးဖြတ်မှာဘဲ အဲ့လိုမှမဟုတ်ရင် ဒီတစ်ကြိမ်မှာ ငါတို့ကို ရက်ရက်ရောရောနဲ့ ဖိတ်ခဲ့မှာမဟုတ်ဘူး.."
ထန်ရှန်းရိုက ရုန်ယိကိုမေးလာသည်။
"ရှောင်ယိယိ.. ဆရာသခင်ယွမ်ရိက ချယ်ရီသီးလေးရဲ့ဆရာမလား.. ဒိုင်အဖြစ် ကျိုရွှီဂိုဏ်းက အမျိုးသမီးကျင့်ကြံသူနည်းနည်းလောက် ဖိတ်ပေးဖို့ သူ့ကိုမေးကြည့်ပေးပါလား"
ကျုံးကျစ်ချောင်ကလည်း
"ဟုတ်တယ်..ကျိုရွှီဂိုဏ်းကသူတွေသာရှိနေရင် အနည်းဆုံးတော့ သူတို့ကောင်းကောင်းမွန်မွန်ပြုမူကြပြီး ညစ်ညစ်ပတ်ပတ်နည်းလမ်းတွေနဲ့ ငါတို့ ပါးနီတွေ ပုလဲမှုန့်တွေက တစ်ခုခုဖြစ်နေတယ်ဆိုပြီးတော့ ပြောရဲမှာမဟုတ်တော့ဘူး.."
ရုန်ယိလည်း စီးပွားရေးလုပ်ငန်းတွေကြားက အမှောင်ခြမ်းကို သိတာကြောင့် ခေါင်းငြိမ့်ပြလိုက်သည်။
"ငါ ဆရာသခင်ယွမ်ရိကို မနက်ဖြန်ကျရင် မေးကြည့်လိုက်မယ်"
"ကျေးဇူးအများကြီးတင်ပါတယ် ရှောင်ယိယိ...မွ~..."
ရုန်ယိ ပြုံးလိုက်ပြီး
"ပြောစရာမလိုပါဘူး.. ဆိုင်ထဲမှာ ငါလည်းဝေစုပါတာ မမေ့နဲ့ဦးလေ.. အကယ်၍ မင်းတို့သာရှုံးသွားရင် ငါလည်းထိခိုက်မှာဘဲ မဟုတ်လား.."
ချီယွဲ့ရှီက ရယ်မောလိုက်ကာ
"ဒါဆို ငါတို့ပြန်ပြီး မင်းဆီက သတင်းကောင်းကို စောင့်နေမယ်နော်"
"ကောင်းပြီ"
သူတို့ကို ပြန်ပို့လိုက်ပြီးတာနဲ့ ဒီကိစ္စကို ပုချီလက်ထဲအပ်လိုက်ပြီး ကျန်းမုအမေကိုမြှုပ်နှံဖို့ နေရာတစ်နေရာရှာထားဖို့ ရုန်စုကို ပြောလိုက်သည်။
ထိုနေ့ညဘက်မှာ ယင်ကျင်းရဲ့က ရုန်အိမ်တော်ကနေထွက်သွားကာ ရုန်ယိသူ့ကိုဆွဲပေးလိုက်တဲ့ မြေပုံအရ ကျိုရွှီဂိုဏ်းထဲကို ခိုးဝင်သွား၏။
သူ့ရဲ့ မြင့်မားလှတဲ့ကျင့်ကြံဆင့်အပြင် ရုန်ယိရဲ့ အမှတ်အသားပါပါတာကြောင့် ဘယ်သူမှမသိလိုက်ဘဲ ရုန်ယိရဲ့ အခန်းကိုရှာတွေ့သွားသည်။
ရုန်ယိ ပြောပြထားတဲ့အချက်တွေအရ စက်ခလုတ်ကိုရှာတွေ့သွားပြီး ဂူထဲကိုချောချောမွေ့မွေ့နဲ့ ဝင်ရောက်သွားနိုင်ခဲ့သည်။
ရုန်ယိက ထိုအထဲကိုတစ်ခေါက်ရောက်ဖူးတာကြောင့် သူ့မှာ အတွေ့အကြုံရှိနေပြီးလေပြီ.. သူက ယင်ကျင်းရဲ့ကို အထဲက ထောင်ချောက်တွေကိုသွားထိမိမှာမျိုး သေချာပေါက်အဖြစ်မခံနိုင်ပေ။ ဒီလိုနဲ့ ရုန်ယိပြောတဲ့ ကျောက်တုံးဂူအခန်းကို သူဘာအခက်အခဲမှ မရှိဘဲ ရှာတွေ့သွား၏။
ယင်ကျင်းရဲ့ ခေါင်းတလားအနားကို အမြန်သွားကာ ကြည့်လိုက်ပေမဲ့ ခန္ဓာကိုယ်က ပျောက်ဆုံးသွားလေပြီ။
*************
Zawgyi
လက္ဖက္ရည္တစ္ခြက္ေဖ်ာ္စာေလာက္ ၾကာတဲ့အခါ ရွင္းဟယ္က ပုံမွန္မဟုတ္တဲ့ မ်က္ႏွာအမူအယာနဲ႕ ယင္က်င္းရဲ႕အခန္းထဲကိုဝင္လာ၏။
"သခင္..."
ယင္က်င္းရဲ႕က ေမးလိုက္သည္။
"အိမ္ေတာ္ထဲ အတင္းဝင္လာတာ ဘယ္သူလဲ "
ရွင္းဟယ္က တံခါးဝကိုလွည့္ၾကည့္လိုက္ၿပီး
"ဆရာသခင္ေကြ႕ရိပါ "
"ဆရာ!.."
ယင္က်င္းရဲ႕ အျမန္ မတ္တပ္ထရပ္လိုက္မိသည္။
"ခင္ဗ်ားရဲ႕ ဆရာလား"
႐ုန္ယိလည္း တံခါးဝကိုလိုက္ၾကည့္လိုက္တဲ့အခါ အဘိုးႀကီးတစ္ေယာက္က သူ႕လက္ေတြနဲ႕ ခါးကိုကိုင္ထားရင္း ေလွ်ာက္လာေနတာကို ေတြ႕လိုက္ရ၏။
"အားယား... ငါ့ရဲ႕အရိုးေတြက အိုမင္းေနၿပီ.. ငါကအခုေတာ့အသုံးမက်ေတာ့ဘူးဘဲ..အသုံးမက်ေတာ့ဘူး.. ရဲ႕အာ... မင္း ဒီေလာက္စြမ္းအားႀကီးတဲ့ အစီအရင္ကိုလုပ္တတ္တာ ငါဘယ္လိုလုပ္ မသိခဲ့ရတာလဲ.. ငါေတာင္ ခ်ိဳးဖ်က္လို႔မရဘူး.. မင္းအိမ္ေတာ္ကို ကာကြယ္ေပးဖို႔ တံခါးေစာင့္နတ္ဘုရားကိုေတာင္မွ ပင့္ဖိတ္ထားလိုက္ေသးတယ္.. ေတာ္လိုက္တာ..တစ္ကယ္ေတာ္တယ္.. ငါေတာင္ ေထာင္ေခ်ာက္ထဲ က်ခါနီးဘဲ"
ဆရာသခင္ေကြ႕ရိက ထိုင္ခ်လိဳက္ၿပီး ေဆးလုံးတစ္လုံးေသာက္ခ်ၿပီးမွသာ အေတာ္ေလးေနလို႔ေကာင္းသြားေတာ့သည္။
"ဆရာ "
ယင္က်င္းရဲ႕ မ်က္ေမွာင္အနည္းငယ္ၾကဳတ္သြားၿပီး
"ဒီကို ဘာလာလုပ္တာလဲ"
ရွင္းဟယ္ ငွဲ႕ေပးတဲ့လက္ဖက္ရည္တစ္ငုံေသာက္လိုက္ၿပီးမွ ဆရာသခင္ေကြ႕ရိက ေျပာလာ၏။
"လန္အာက ငါ့ဆီစာပို႔ၿပီး မင္းက က်ဳံးဟိုင္နယ္ေျမမွာေရာက္ေနၿပီးေတာ့ မင္းတို႔ႏွစ္ေယာက္က လက္ထပ္ေတာ့မယ္ဆိုၿပီး ေျပာတယ္ေလ..ဒီေတာ့ မင္းတို႔ရဲ႕ ဆရာအေနနဲ႕ မင္းတို႔ဆီလာေပးရမွာေပါ့ ၿပီးမွဘဲ တုံထန္းနယ္ေျမကို အတူျပန္ၾကမယ္"
ယင္က်င္းရဲ႕ "....."
႐ုန္ယိ "......"
ဆရာသခင္ေကြ႕ရိက ၿပဳံးလိုက္ၿပီး
"မင္းတို႔ႏွစ္ေယာက္က ငယ္ငယ္တည္းက သူငယ္ခ်င္းေကာင္းေတြဘဲေလ..ဒီေတာ့ မင္းတို႔ႏွစ္ေယာက္ က်င့္ႀကံေဖာ္ေတြျဖစ္လာမွာ ငါမအံ့ၾသေတာ့ပါဘူး.. အနာဂတ္မွာ မင္းတို႔တစ္ေယာက္နဲ႕တစ္ေယာက္ လက္တြဲသြားၾကေတာ့မွာ.. လန္အာက မင္းရဲ႕ဆရာတူအစ္ကိုဆိုေပမယ့္ သူက အၿမဲတမ္းကေလးဆန္ဆန္လုပ္ေနတတ္တယ္..ဒါေၾကာင့္ မင္းသူ႕ကို သည္းခံေပးနိုင္ဖို႔ေမွ်ာ္လင့္ပါတယ္.. သူက နည္းနည္းေတာ့ ေသြးေအးေပမဲ့ မေကာင္းတဲ့လူတစ္ေယာက္ေတာ့မဟုတ္ဘူးဆိုတာ ငါသိပါတယ္"
"ဒါေပမဲ့ ဆရာ..."
ယင္က်င္းရဲ႕ ျငင္းဖို႔အခ်ိန္ေတာင္မရလိုက္ေသးခင္မွာဘဲ ဆရာသခင္ေကြ႕ရိရဲ႕အာ႐ုံက ကေလးေတြေပၚကို လုံးဝေရာက္သြားေတာ့သည္။
"အိုး ဟုတ္သားဘဲ.. လန္အာက မင္းတို႔မွာ ကေလးေတြလည္းရွိေနၿပီလို႔ ေျပာေသးတယ္.. ဒီေတာ့ အဲ့တာ သူတို႔ေလးေတြလား.."
ေျပာရင္းနဲ႕ အျမန္သြားကာ ယင္စန္စန္ကို ခ်ီလိုက္၏။
"လန္အာက သူ႕မာနေတြကို ၿမိဳသိပ္ၿပီး မင္းအတြက္ မိန္းမတစ္ေယာက္လို ကေလးေမြးေပးလိမ့္မယ္လို႔ ငါလုံးဝထင္မထားခဲ့မိဘူး.. ရဲ႕အာ မင္းသူ႕ကို ဒီ့ထက္ပိုေကာင္းေကာင္း ဆက္ဆံသင့္တယ္ေနာ္.. ၾကည့္ပါဦး.. ကေလူက မင္းတို႔ႏွစ္ေယာက္လုံးနဲ႕ တစ္ကယ္တူတာဘဲ"
ယင္က်င္းရဲ႕ "....."
႐ုန္ယိ သူ႕ကို ႐ြဲ႕တဲ့တဲ့ၿပဳံးျပလိုက္ကာ ခါးသက္စြာေမးလိုက္သည္။
"ဒီမွာခင္ဗ်... ကေလးေတြရဲ႕ ဘယ္အပိုင္းကမ်ား သူတို႔နဲ႕တူတယ္လို႔ ေတြးလိုက္ရတာလဲမသိဘူး.. ႏွာေခါင္းလား.. မ်က္လုံးလား ဒါမွမဟုတ္ ႏႈတ္ခမ္းလား"
သောက်အဓိပ္ပါယ်မရှိတဲ့ အလိမ္အညာေတြ!!...
ကေလးေတြက သူနဲ႕တူေနတာ ဒီေလာက္သိသာေနတာကို ဒီအဘိုးႀကီးက သူတို႔က ယင္က်င္းရဲ႕နဲ႕ ခ်ီလန္တို႔နဲ႕ တူတယ္လို႔ေျပာေနေသး၏။ ယင္က်င္းရဲ႕နဲ႕တူတယ္လို႔ေျပာခဲ့ရင္ေတာင္ သူက ကေလးေတြနဲ႕ ေသြးသားေတာ္စပ္တာေၾကာင့္ သူလက္ခံေပးလိုက္ဦးမည္။ ဒါေပမဲ့ ခ်ီလန္နဲ႕တူတယ္ဟုတ္လား.. တစ္ကယ္ႀကီးလား!!!....
အခုမွ အခန္းထဲမွာ တစ္ျခားတစ္ေယာက္ပါရွိေနေသးတာကို ဆရာသခင္ေကြ႕ရိသတိျပဳမိသြားသည္။ သူယင္စန္စန္ကိုၾကည့္ၿပီး ႐ုန္ယိကိုၾကည့္လိုက္သည္။ ထို႔ေနာက္ ယင္ေထာင္ကိုပါလွမ္းၾကည့္လိုက္ၿပီး ႐ုန္ယိကို ျပန္ၾကည့္လိုက္ျပန္သည္။ ဒီသုံးေယာက္က ပုံစံတူထုထားသလိုကို တူလြန္းလွ၏။
"ၾကည့္ရတာ ငါအမွားလုပ္မိသြားပုံဘဲ.. ငါ့အမွားပါ.."
ဆရာသခင္ေကြ႕ရိက ယင္စန္စန္ကို ျပန္ခ်ေပးကာ ၿပဳံးရင္းနဲ႕ က်န္းမုကို ခ်ီလိုက္ေလသည္။
"ဒီကေလးက ရဲ႕အာနဲ႕ လန္အာတို႔နဲ႕ တူသားဘဲ"
ယင္က်င္းရဲ႕ "....."
႐ုန္ယိ "....."
ျဖန္း!!...
က်န္းမုက သူ႕ရဲ႕လက္ေလးနဲ႕ ဆရာသခင္ေကြ႕ရိမ်က္ႏွာကို ရိုက္ပစ္လိုက္ကာ ေအာ္လိုက္၏။
"ကြၽန္ေတာ့္ကိုလႊတ္!!"
သူက သူကိုယ္တိုင္အခ်ီခံခ်င္စိတ္မရွိရင္ ႐ုန္ယိကလြဲၿပီး သူ႕ကိုတစ္ျခားသူလာခ်ီတာကို မႀကိဳက္ေပ။
"အ့!.. ကေလးတစ္ေယာက္က ဘာလို႔ ဒီေလာက္ေတာင္အားႀကီးရတာလဲဟ"
ဆရာသခင္ယြမ္ရိမွာ သူ႕မ်က္ႏွာကအရိုးေတြေတာင္ က်ိဳးသြားေတာ့မယ္လို႔ ခံစားလိုက္ရသည္။ သူက မဟာယာနအဆင့္က က်င့္ႀကံသူျဖစ္ၿပီး ကေလးတစ္ေယာက္က သူ႕ကိုထိခိုက္ေအာင္လုပ္နိုင္တယ္ဆိုတာက မျဖစ္နိုင္ေပ။
က်န္းမုက တစ္ကယ္လည္း ဘာမဟုတ္တဲ့ကေလးတစ္ေယာက္မဟုတ္ေပ။ ဒါေၾကာင့္ ရွင္းဟယ္က က်န္းမုကို ဆရာသခင္ေကြ႕ရိဆီကေန ခ်က္ခ်င္းသြားခ်ီလိုက္ၿပီး ႐ုန္ယိလက္ထဲကိုထည့္ေပးလိုက္ေလသည္။
"ဆရာသခင္ေကြ႕ရိ.. သူကလည္း သခင္နဲ႕ သခင္ခ်ီတို႔ရဲ႕ ကေလးမဟုတ္ပါဘူး"
ဆရာသခင္ေကြ႕ရိမွာ မ်က္ေမွာင္ၾကဳတ္သြားၿပီး
"တစ္ေယာက္မွ ရဲ႕အာနဲ႕ လန္အာတို႔ရဲ႕ကေလးမဟုတ္ဘူးလား.. ဒါဆို သူတို႔ကေလးေတြကဘယ္မွာလဲ"
"ဆရာသခင္ေကြ႕ရိ... သခင္နဲ႕ သခင္ခ်ီတို႔မွာ ကေလးမရွိပါဘူး.."
ရွင္းဟယ္က ယင္စန္စန္နဲ႕ ယင္ေထာင္တို႔ကို ၫႊန္ျပလိုက္ၿပီး
"သူတို႔ေလးေတြက သခင္နဲ႕ သခင္ေလး႐ုန္တို႔ရဲ႕ ကေလးေတြပါ"
"ဒါေပမဲ့ စာထဲမွာ ငါ့ကို လန္အာေျပာတာေတာ့ သူတို႔မွာ ကေလးေတြရွိတယ္ဆို "
႐ုန္ယိမွာ စိတ္တိုစြာနဲ႕ ေျပာလိုက္၏။
"သူ႕အစားရွက္ဖို႔ေတာင္ေကာင္းတယ္... သူက လူတိုင္းကို ကြၽန္ေတာ့္ကေလးေတြကို သူ႕ကေလးေတြလို႔ လိုက္ေျပာေနတာေလ"
ဆရာသခင္ေကြ႕ရိက သူ႕တပည့္ေတြကို အလြန္အမင္းကာကြယ္ေပးတတ္သူျဖစ္တာေၾကာင့္ သူသေဘာမက်သလိုမ်ိဳး ျပန္ေမးလာသည္။
"မင္းကဘယ္သူလဲ ေကာင္ေလး.. ဘာကိစၥနဲ႕ ငါ့တပည့္ကို ဒီလိုမ်ိဳး စြပ္စြဲေျပာဆိုေနရတာလဲ"
"ခင္ဗ်ားတပည့္က ကြၽန္ေတာ့္ကေလးေတြကို သု႔ကေလးေတြပါလို႔ သူနဲ႕သိသမွ်လူတိုင္းကို လိုက္ေျပာေနတာေလ.. သူ႕မွာအရွက္ရွိတယ္လို႔ ခင္ဗ်ားထင္ေနတာလား"
"ဒါေပမဲ့ ရဲ႕အာ အေမကလည္း သူတို႔မွာကေလးေတြရွိေနၿပီလို႔ စာထဲမွာေျပာထားတယ္ေလ.. ငါ့ဆီ မဂၤလာေဆာင္ဖိတ္စာေတာင္မွ ပို႔လိုက္ေသးတယ္"
ဆရာသခင္ေကြ႕ရိက ဖိတ္စာကို ထုတ္ကာ ရက္စြဲကိုစစ္ၾကည့္လိုက္ၿပီး
"ေန႕ရက္က ေနာက္လ ကိုးရက္ေန႕တဲ့"
႐ုန္ယိ "......"
ျမန္လွခ်ည္လား!!...
ယင္က်င္းရဲ႕က ရွင္းဟယ္ကိုလွမ္းၾကည့္လိုက္သည္။
"ဘာလို႔ ငါ့ဆီ သတင္းေရာက္မလာရတာလဲ"
သူက လက္ထပ္ေတာ့မယ္တဲ့... ဘာလို႔ သူကိုယ္တိုင္ကေတာ့ ဒီကိစၥကို လုံးဝမသိထားရတာလဲ..။
"ကြၽန္ေတာ္လည္း ဘာသတင္းမွမရထားပါဘူး"
ရွင္းဟယ္ ေခါင္းကိုေရွ႕တိုးကာ ဆရာသခင္ေကြ႕ရိရဲ႕ ဖိတ္စာကို ၾကည့္ၾကည့္လိုက္သည္။ ဖိတ္စာေပၚက နာမည္ေတြကို ေတြ႕လိုက္တဲ့အခါမွာေတာ့ သူ႕မ်က္လုံးေထာင့္ေတြတြန့္သြားရၿပီး ႐ူးေတာင္႐ူးခ်င္သြားသည္။
"ဆရာသခင္ေကြ႕ရိ...ဒါက ဆရာသခင္ဝမ္ဖာဆီက မဂၤလာေဆာင္ဖိတ္စာေလဗ်ာ.. ေနာက္လ လက္ထပ္ၾကမွာက သူ႕တပည့္ေတြပါ"
"အာ..."
ဆရာသခင္ေကြ႕ရိ နာမည္ေတြကို ေသခ်ာျပန္ၾကည့္လိုက္သည္။ တစ္ကယ္ဘဲ သူ႕တပည့္ေတြရဲ႕နာမည္မဟုတ္ေပ။ ထို႔ေနာက္ သူရွက္႐ြံ႕စြာနဲ႕ ၿပဳံးျပလာ၏။
"မင္းအေမက မင္းတို႔ႏွစ္ေယာက္လက္ထပ္ေတာ့မယ္လို႔ စာေရးေျပာတဲ့အခ်ိန္မွာဘဲ ငါ့ဆရာတူအစ္ကိုဆီကဖိတ္စာရလိုက္တာေလ..ဒီေတာ့ ဖိတ္စာေပၚက ရက္စြဲကိုဘဲၾကည့္လိုက္ၿပီး မင္းတို႔ႏွစ္ေယာက္ ေနာက္လက်ရင္ လက္ထပ္ေတာ့မယ္လို႔ဘဲ ထင္လိုက္မိတာ.."
႐ုန္ယိ မ်က္ဆံသာလွန္လိုက္မိသည္။
"ေဒါသထြက္စရာေကာင္းလိုက္တာ.."
"ကြၽန္ေတာ့္အေမဆီက စာကိုတစ္ခ်က္ေလာက္ ၾကည့္လို႔ရမလား"
"ငါမီးရွို႔လိုက္ၿပီ"
ယင္က်င္းရဲ႕ "....."
ရွင္းဟယ္က ေရ႐ြတ္ေျပာဆိုလာသည္။
"ကြၽန္ေတာ္ေတာ့ သူ သခင္မႀကီးဆိုလိုတာကိုလည္း တစ်လွဲအဓိပ္ပါယ်ကောက်လိုက်တာဖြစ်မှာ စိုးမိတယ္"
သူထင္တာကေတာ့ သခင္မႀကီးရဲ႕စာထဲမွာေျပာထားတာက သူမသားနဲ႕လက္ထက္ဖို႔အႀကံကို လက္ေလွ်ာ့သြားေအာင္ ခ်ီလန္ကိုေဖ်ာင္းဖ်ေပးဖို႔ ဆရာသခင္ေကြ႕ရိကို ေတာင္းဆိုထားတာျဖစ္လိမ့္မည္။ ဒါကို ဆရာသခင္ေကြ႕ရိက အစပိုင္းက သူ႕တပည့္ေတြ လက္ထပ္ၾကေတာ့မယ္ဆိုတဲ့ စာလုံးေတြကိုသာသတိျပဳခဲ့မိတာျဖစ္ၿပီး အဆုံးထိ မဖတ္ရေလာက္ေသးေပ။ သူအေပ်ာ္ႀကီးေပ်ာ္သြားၿပီး သခင္နဲ႕ သခင္ခ်ီတို႔ လက္ထပ္ေတာ့မယ္လို႔ မွားၿပီးယုံသြားမိတာဘဲျဖစ္ေပလိမ့္မည္။
ဒါေတြက သူေလွ်ာက္ခန့္မွန္းေနတာမ်ိဳးမဟုတ္..ဒီလိုမ်ိဳး ကိစၥေတြက ဆရာသခင္ေကြ႕ရိဆီမွာ ခဏခဏျဖစ္ခဲ့ဖူးေလသည္။
ယင္က်င္းရဲ႕ "....."
ဆရာသခင္ေကြ႕ရိက ဖိတ္စာကိုသိမ္းလိုက္ၿပီး
"အိုး..ဟုတ္သား...ငါ့ရဲ႕လန္အာေရာ.. သူဘယ္မွာလဲ ... ငါသူ႕ကို မေတြ႕ရတာ ေတာ္ေတာ္ေလးၾကာေနၿပီ"
ယင္က်င္းရဲ႕က မထူးျခားနားစြာနဲ႕
"သူ ဒီမွာမရွိဘူး"
"ဒါဆို သူက ဘယ္မွာလဲ"
"ထုံကုလမ္းက ယင္အိမ္ေတာ္မွာ"
"ဒါဆိုလည္း ငါ သူ႕ဆီသြားေတြ႕လိုက္ဦးမယ္"
ေျပာရင္းနဲ႕ ဆရာသခင္ေကြ႕ရိက သူ႕ဓားေပၚခုန္တက္လိုက္ကာ ျပတင္းေပါက္ကေနတစ္ဆင့္ ပ်ံထြက္သြားေတာ့သည္။
ရွင္းဟယ္ အျမန္ေအာ္ေျပာလိုက္၏။
"ဆရာသခင္ေကြ႕ရိ ျပတင္းေပါက္ကျဖတ္ပ်ံလို႔မရဘူး!!..အဲ့မွာ ခ်ိတ္စည္း....."
သူ႕စကားမဆုံးခင္မွာဘဲ ဆရာသခင္ေကြ႕ရိရဲ႕ ေအာ္သံႀကီးက လူတိုင္းရဲ႕နားထဲကိုဝင္ေရာက္လာေတာ့ေလသည္။
ရွင္းဟယ္မွာ ရွက္႐ြံ႕စြာနဲ႕ သူ႕နဖူးသူ အုပ္ကိုင္ထားလိုက္မိသည္။
ယင္က်င္းရဲ႕ "......"
႐ုန္ယိက ၿပဳံးလိုက္ၿပီး
"ဒီအစီအရင္ကို ကြၽန္ေတာ္အရမ္းသေဘာက်သြားၿပီ"
ယင္က်င္းရဲ႕က ဝမ္းသာပီတိျဖစ္ေနတဲ့႐ုန္ယိကို တစ္ခ်က္ၾကည့္ကာ
"သူက ကိုယ့္ဆရာေလ.."
"ဒါေပမဲ့ သူက ကြၽန္ေတာ့္ကို သူ႕တပည့္ရဲ႕က်င့္ႀကံေဖာ္လို႔မွ လုံးဝမသတ္မွတ္ထားတာ... ဟမ့္!.."
ထို႔ေနာက္ ႐ုန္ယိက ကေလးေတြနဲ႕အတူ ထြက္သြားေတာ့သည္။
ယင္က်င္းရဲ႕ "......"
ထိုအခ်ိန္မွာ ႐ုန္စုက ၿခံဝန္းထဲကိုဝင္လာၿပီး ႐ုန္ယိကိုေတြ႕တာနဲ႕ ေအာ္ေခၚလာ၏။
"သခင္ေလး...သခင္ေလးခ်ီနဲ႕ သူ႕သူငယ္ခ်င္းေတြေရာက္ေနၾကပါတယ္"
"ငါ့ရဲ႕ ေရွာင္ယိယိေရ..."
႐ုန္စုေနာက္ကေနလိုက္လာတဲ့ ခ်ီယြဲ႕ရွီက ႐ုန္ယိဆီကို ေျပးလာၿပီး ငိုသံနဲ႕ေျပာလာသည္။
"သြားၿပီ.... ငါတို႔ေတာ့သြားၿပီ.."
႐ုန္ယိ ဇေဝဇဝါျဖစ္သြားရ၏။
"ဘာျဖစ္တာလဲ"
က်ဳံးက်စ္ေခ်ာင္က မ်က္ခုံးေတြ က်ဳံ႕ေနရင္းနဲ႕
"ၿပိဳင္ပြဲက လာမဲ့ရက္အနည္းငယ္အတြင္းမွာ က်င္းပေတာ့မွာ.. ငါတို႔လုပ္ထားတဲ့ ပါးနီေတြ ပုလဲမႈန့္ေတြက အလွျပင္ပစၥည္းဆိုင္ကဟာေတြနဲ႕ အရည္အေသြးက အတူတူေလာက္ဘဲ.. ဘာမွအသာစီးရမထားဘူး... ပန္းထိုးတဲ့ေနရာမွာသာ နည္းနည္းေလးပိုေကာင္းေနတာ.. ေရွာင္ယိယိ မင္းလည္း အရင္က အလွျပင္ရတာသေဘာက်ခဲ့တာဘဲမလား.. သူတို႔ရဲ႕ ပါးနီေတြ ပုလဲမႈန့္ေတြကို အနိုင္ယူနိုင္ဖို႔အတြက္ အႀကံဉာဏ္ေကာင္းေလးဘာေလးမ်ားမရွိဘူးလား.."
႐ုန္ယိ "......"
သူက မူလ႐ုန္ယိလည္းမဟုတ္သလို သူ႕ရဲ႕ဒုတိယအစ္ကိုလည္း မဟုတ္ေပ... သူ႕ဆီမွာ ဘယ္လိုလုပ္ အႀကံဉာဏ္ေကာင္းေတြထြက္လာနိုင္ပါ့မလဲ..။
႐ုတ္တရက္ မေန႕ညက သူ႕အစ္ကိုဆီကေန မိတ္ကပ္ေသတၱာႀကီးသိမ္းယူလာတာ သူသတိရသြားသည္။ သူ႕သိုေလွာင္လက္စြပ္ထဲမွာ ထိုမိတ္ကပ္ေသတၱာႀကီးကို ျပန္ရွာလိုက္၏။ ရွိေနေသးသည္ပင္..။
က်ဳရွင့္ယြီက
"ေရွာင္ယိယိ... အဲ့တာ ဘာေသတၱာႀကီးလဲ"
"မင္းတို႔အတြက္ ေကာင္းတာတစ္ခုခုေပါ့"
႐ုန္ယိ အေဆာင္ငယ္ေလးဆီကို ေလွ်ာက္သြားကာ ထိုင္ခ်လိဳက္သည္။ သူ ေသတၱာကိုဖြင့္ၾကည့္လိုက္တဲ့အခါ ေရာင္စုံ ႏႈတ္ခမ္းနီေတာင့္ေတြ အိုင္းရွဲဒိုး ေတြကို လူတိုင္းေတြ႕လိုက္ၾကရသည္။
သူက မိတ္ကပ္ပစၥည္းေတြအေၾကာင္းကို နည္းနည္းေလးသာသိေလသည္။ ဒါေၾကာင့္ သူနဲ႕ အရင္းႏွီးဆုံးျဖစ္တဲ့ တစ္ခုကိုသာယူလိုက္သည္။
"ဒါက ႏႈတ္ခမ္းဆိုးေဆး"
"ႏႈတ္ခမ္းဆိုးေဆး.."
ထန္ရွန္းရိုတို႔မွာ အံ့အားသင့္သြားကာ မ်က္လုံးေတြဝိုင္းစက္သြားၾကသည္။
"ႏႈတ္ခမ္းဆိုးေဆးက ဘာလို႔ အေခ်ာင္းႀကီးျဖစ္ေနရတာလဲ.. ဒါႀကီးကို ႏႈတ္ခမ္းေပၚကို ဘယ္လိုတင္လိမ္းရမွာလဲ.."
႐ုန္ယိ အဖုံးဖြင့္ကာ ႏႈတ္ခမ္းနီေတာင့္ကို ထုတ္ျပလိုက္သည္။
ခရမ္းေရာင္ျဖစ္ေနတာေၾကာင့္ ထန္ရွန္းရိုတို႔မွာ ပိုလို႔ေတာင္ အံ့ၾသသြားရ၏။
"ႏႈတ္ခမ္းဆိုးေဆးက ခရမ္းေရာင္ရွိလို႔လား..."
"ခရမ္းေရာင္တင္မဟုတ္ဘူး...အဝါတို႔ အစိမ္းတို႔လည္းရွိတယ္..ငါထင္တာေတာ့ မင္းတို႔ အေရာင္ေတြကို ထုတ္ေဖာ္နိုင္ေအာင္ လုပ္ၾကည့္လို႔ရတယ္..အေရာင္ေတြသာရသြားရင္ မင္းတို႔ပုံမွန္လုပ္ေနက်အတိုင္းဘဲ ဆက္လုပ္လို႔ရသြားၿပီ"
႐ုန္ယိ သူတို႔ကို မက္မြန္ေရာင္ ၊ ပန္းေရာင္နဲ႕ အနီေဖ်ာ့ေဖ်ာ့အေရာင္ေတြကိုပါ ထုတ္ျပလိုက္သည္။
"ဒီလိုဆိုရင္ မ်က္ႏွာေပၚမွာသုံးတဲ့ ပါးနီမွာလည္း အေရာင္အမ်ိဳးမ်ိဳးရွိေအာင္ လုပ္လို႔ရတယ္"
ခ်ီယြဲ႕ရွီက
"ေရွာင္ယိယိ.. မင္း ဒါေတြကို ဘယ္ကေနရလာတာလဲ"
"မေတာ္တဆရခဲ့တာပါ..ဒါေပမဲ့ ဒီက်င့္ႀကံေရးေလာကႀကီးတစ္ခုလုံးမွာေတာင္မွ ဒီလိုပစၥည္းမ်ိဳးေတြ မရွိဘူးဆိုတာေတာ့ ငါအာမခံတယ္.. မင္းတို႔ ဒါေတြကိုျပန္ယူသြားၿပီး ေသခ်ာေလ့လာၾကေပါ့"
သူတို႔သာ အေရာင္နည္းနည္းေလာက္ ပိုလုပ္နိုင္ခဲ့ရင္ အနိုင္ရဖို႔ ပိုလြယ္ကူလိမ့္မယ္လို႔ ႐ုန္ယိကေတာ့ထင္သည္။
"ဒါက အရမ္းအံ့ၾသဖို႔ေကာင္းတာဘဲ.. ဒီတစ္ႀကိမ္ေတာ့ အလွျပင္ပစၥည္ဆိုင္ကို အနိုင္ယူနိုင္မွာ ေသခ်ာတယ္"
က်ဳရွင့္ယြီက ဝမ္းေျမာက္စြာနဲ႕ ေျပာလာသည္။
ခ်ီယြဲ႕ရွီမွာ ႏႈတ္ခမ္းေထာင့္ေတြတြန့္သြားရၿပီး
"ငါေတာ့ အဲ့လိုမထင္ဘူး"
က်ဳံးက်စ္ေခ်ာင္က မည္းေမွာင္ေနတဲ့မ်က္ႏွာနဲ႕
"သူတို႔က ငါတို႔အေပၚမွာ ညစ္ညစ္ပတ္ပတ္နည္းလမ္းေတြသုံးမွာ ေသခ်ာတယ္.. အကယ္၍ ငါတို႔က သူတို႔ကို နိုင္နိုင္တယ္ဆိုရင္ေတာင္မွ ငါတို႔ကိုရႈံးတယ္လို႔ ဆုံးျဖတ္မွာဘဲ အဲ့လိုမွမဟုတ္ရင္ ဒီတစ္ႀကိမ္မွာ ငါတို႔ကို ရက္ရက္ေရာေရာနဲ႕ ဖိတ္ခဲ့မွာမဟုတ္ဘူး.."
ထန္ရွန္းရိုက ႐ုန္ယိကိုေမးလာသည္။
"ေရွာင္ယိယိ.. ဆရာသခင္ယြမ္ရိက ခ်ယ္ရီသီးေလးရဲ႕ဆရာမလား.. ဒိုင္အျဖစ္ က်ိဳ႐ႊီဂိုဏ္းက အမ်ိဳးသမီးက်င့္ႀကံသူနည္းနည္းေလာက္ ဖိတ္ေပးဖို႔ သူ႕ကိုေမးၾကည့္ေပးပါလား"
က်ဳံးက်စ္ေခ်ာင္ကလည္း
"ဟုတ္တယ္..က်ိဳ႐ႊီဂိုဏ္းကသူေတြသာရွိေနရင္ အနည္းဆုံးေတာ့ သူတို႔ေကာင္းေကာင္းမြန္မြန္ျပဳမူၾကၿပီး ညစ္ညစ္ပတ္ပတ္နည္းလမ္းေတြနဲ႕ ငါတို႔ ပါးနီေတြ ပုလဲမႈန့္ေတြက တစ္ခုခုျဖစ္ေနတယ္ဆိုၿပီးေတာ့ ေျပာရဲမွာမဟုတ္ေတာ့ဘူး.."
႐ုန္ယိလည္း စီးပြားေရးလုပ္ငန္းေတြၾကားက အေမွာင္ျခမ္းကို သိတာေၾကာင့္ ေခါင္းၿငိမ့္ျပလိုက္သည္။
"ငါ ဆရာသခင္ယြမ္ရိကို မနက္ျဖန္က်ရင္ ေမးၾကည့္လိုက္မယ္"
"ေက်းဇူးအမ်ားႀကီးတင္ပါတယ္ ေရွာင္ယိယိ...မြ~..."
႐ုန္ယိ ၿပဳံးလိုက္ၿပီး
"ေျပာစရာမလိုပါဘူး.. ဆိုင္ထဲမွာ ငါလည္းေဝစုပါတာ မေမ့နဲ႕ဦးေလ.. အကယ္၍ မင္းတို႔သာရႈံးသြားရင္ ငါလည္းထိခိုက္မွာဘဲ မဟုတ္လား.."
ခ်ီယြဲ႕ရွီက ရယ္ေမာလိုက္ကာ
"ဒါဆို ငါတို႔ျပန္ၿပီး မင္းဆီက သတင္းေကာင္းကို ေစာင့္ေနမယ္ေနာ္"
"ေကာင္းၿပီ"
သူတို႔ကို ျပန္ပို႔လိုက္ၿပီးတာနဲ႕ ဒီကိစၥကို ပုခ်ီလက္ထဲအပ္လိုက္ၿပီး က်န္းမုအေမကိုျမႇုပ္ႏွံဖို႔ ေနရာတစ္ေနရာရွာထားဖို႔ ႐ုန္စုကို ေျပာလိုက္သည္။
ထိုေန႕ညဘက္မွာ ယင္က်င္းရဲ႕က ႐ုန္အိမ္ေတာ္ကေနထြက္သြားကာ ႐ုန္ယိသူ႕ကိုဆြဲေပးလိုက္တဲ့ ေျမပုံအရ က်ိဳ႐ႊီဂိုဏ္းထဲကို ခိုးဝင္သြား၏။
သူ႕ရဲ႕ ျမင့္မားလွတဲ့က်င့္ႀကံဆင့္အျပင္ ႐ုန္ယိရဲ႕ အမွတ္အသားပါပါတာေၾကာင့္ ဘယ္သူမွမသိလိုက္ဘဲ ႐ုန္ယိရဲ႕ အခန္းကိုရွာေတြ႕သြားသည္။
႐ုန္ယိ ေျပာျပထားတဲ့အခ်က္ေတြအရ စက္ခလုတ္ကိုရွာေတြ႕သြားၿပီး ဂူထဲကိုေခ်ာေခ်ာေမြ႕ေမြ႕နဲ႕ ဝင္ေရာက္သြားနိုင္ခဲ့သည္။
႐ုန္ယိက ထိုအထဲကိုတစ္ေခါက္ေရာက္ဖူးတာေၾကာင့္ သူ႕မွာ အေတြ႕အႀကဳံရွိေနၿပီးေလၿပီ.. သူက ယင္က်င္းရဲ႕ကို အထဲက ေထာင္ေခ်ာက္ေတြကိုသြားထိမိမွာမ်ိဳး ေသခ်ာေပါက္အျဖစ္မခံနိုင္ေပ။ ဒီလိုနဲ႕ ႐ုန္ယိေျပာတဲ့ ေက်ာက္တုံးဂူအခန္းကို သူဘာအခက္အခဲမွ မရွိဘဲ ရွာေတြ႕သြား၏။
ယင္က်င္းရဲ႕ ေခါင္းတလားအနားကို အျမန္သြားကာ ၾကည့္လိုက္ေပမဲ့ ခႏၶာကိုယ္က ေပ်ာက္ဆုံးသြားေလၿပီ။
*************
23.1.2022