ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခု...

נכתב על ידי Pandora_oo

974K 184K 12.1K

◆ Title - My Underachieving Seatmate Doesn't Need Any Comforting ◆ Author - Long Qi《龙柒》 ◆ Total Chapters - 12... עוד

မိတ်ဆက်
အခန်း(၁)
အခန်း(၂)
အခန်း(၃)
အခန်း(၄)
အခန်း(၅)
အခန်း(၆)
အခန်း(၇)
အခန်း(၈)
အခန်း(၉)
အခန်း(၁၀)
အခန်း(၁၁)
အခန်း(၁၂)
အခန်း(၁၃)
အခန်း(၁၄)
အခန်း(၁၅)
အခန်း(၁၆)
အခန်း(၁၇)
အခန်း(၁၈)
အခန်း(၁၉)
အခန်း(၂၀)
အခန်း(၂၁)
အခန်း(၂၂)
အခန်း(၂၃)
အခန်း(၂၄)
အခန်း(၂၅)
အခန်း(၂၆)
အခန်း(၂၇)
အခန်း(၂၈)
အခန်း(၂၉)
အခန်း(၃၀)
အခန်း(၃၁)
အခန်း(၃၂)
အခန်း(၃၃)
အခန်း(၃၄)
အခန်း(၃၅)
အခန်း(၃၆)
အခန်း(၃၇)
အခန်း(၃၈)
အခန်း(၃၉)
အခန်း(၄၀)
အခန်း(၄၁)
အခန်း(၄၂)
အခန်း(၄၃)
အခန်း(၄၄)
အခန်း(၄၅)
အခန်း(၄၆)
အခန်း(၄၇)
အခန်း(၄၈)
အခန်း(၄၉)
အခန်း(၅၀)
အခန်း(၅၁)
အခန်း(၅၂)
အခန်း(၅၃)
အခန်း(၅၄)
အခန်း(၅၅)
အခန်း(၅၆)
အခန်း(၅၇)
အခန်း(၅၈)
အခန်း(၅၉)
အခန်း(၆၀)
အခန်း(၆၁)
အခန်း(၆၂)
အခန်း(၆၃)
အခန်း(၆၄)
အခန်း(၆၅)
အခန်း(၆၆)
အခန်း(၆၇)
အခန်း(၆၈)
အခန်း(၆၉)
အခန်း(၇၀)
အခန်း(၇၁)
အခန်း(၇၂)
အခန်း(၇၃)
အခန်း(၇၄)
အခန်း(၇၅)
အခန်း(၇၆)
အခန်း(၇၇)
အခန်း(၇၈)
အခန်း(၇၉)
အခန်း(၈၀)
အခန်း(၈၁)
အခန်း(၈၂)
အခန်း(၈၃)
အခန်း(၈၄)
အခန်း(၈၅)
အခန်း(၈၆)
အခန်း(၈၇)
အခန်း(၈၈)
အခန်း(၈၉)
အခန်း(၉၀)
အခန်း(၉၁)
အခန်း(၉၂)
အခန်း(၉၃)
အခန်း(၉၄)
အခန်း(၉၅)
အခန်း(၉၆)
အခန်း(၉၇)
အခန်း(၉၈)
အခန်း(၉၉)
အခန်း(၁၀၀)
အခန်း(၁၀၁)
အခန်း(၁၀၂)
အခန်း(၁၀၄)
အခန်း(၁၀၅)
အခန်း(၁၀၆)
အခန်း(၁၀၇)
အခန်း(၁၀၈)
အခန်း(၁၀၉)
အခန်း(၁၁၀)
အခန်း(၁၁၁)
အခန်း(၁၁၂)
အခန်း(၁၁၃)
အခန်း(၁၁၄) - အချပ်ပို(၁)
အခန်း(၁၁၅) - အချပ်ပို(၂)
အခန်း(၁၁၆) - အချပ်ပို(၃)
အခန်း(၁၁၇) - အချပ်ပို(၄)
အခန်း(၁၁၈) - ဆယ်နှစ်ကြာပြီးနောက်(၁)
အခန်း(၁၁၉) - ဆယ်နှစ်ကြာပြီးနောက်(၂)
အခန်း(၁၂၀) - ဆယ်နှစ်ကြာပြီးနောက်(၃)
အခန်း(၁၂၁) - ဆယ်နှစ်ကြာပြီးနောက်(၄)
အခန်း(၁၂၂) - ဆယ်နှစ်ကြာပြီးနောက်(၅)
ကျေးဇူးတင်လွှာ

အခန်း(၁၀၃)

6.3K 1.4K 129
נכתב על ידי Pandora_oo

Unicode

သားအဖနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်လို့ ငိုကြွေးနေကြတယ်၊ နှစ်ပေါင်းများစွာကြာခဲ့တဲ့ အိမ်မက်ဆိုးက နောက်ဆုံးမှာ ကွယ်ပျောက်သွားရပြီ၊ တိမ်တွေနဲ့မြူတွေကိုခါထုတ်ပစ်ပြီး စူးရှတောက်ပတဲ့အလင်‌းရောင်အောက်မှာ သူတို့ချစ်မြတ်နိုးရသူရဲ့နူးညံ့ညင်သာတဲ့အပြုံးကို တွေ့မြင်လိုက်ရတယ်။

ရန်ယွင်က ရောဂါနဲ့ ဆုံးပါးသွားခဲ့တယ်၊ ချောင်ရှောင်ပျောက်ဆုံးသွားခဲ့တဲ့တစ်နှစ်တာအတွင်းမှာ သူမက သူမသားကိုရှာဖွေရန် နည်းလမ်းများကို နေ့ရောညပါ ကြိုးစားတွေးတောခဲ့တယ်၊ ညပေါင်းများစွာ အိပ်ရေးပျက်ခဲ့ပြီးနောက် သူမက သတိလစ်သွားခဲ့တယ်၊ ပင်ပန်းနွမ်းနယ်မှုဒဏ်ကြောင့်လို့ သူမထင်ခဲ့ပေမယ့် ကျန်းမာရေးစစ်ဆေးခြင်းက ပြသလာခဲ့သည်မှာ ၎င်းက အသည်းကင်ဆာဖြစ်ပါသတဲ့။

အဲ့အချိန်တုန်းက ချောင်စုန့်မင်မှာ ရူးသွပ်သွားတော့မတတ်ပဲ၊ ရန်ယွင်က သူ့ကိုပွေ့ဖက်ပြီး ပြောလာခဲ့တယ်၊
" သာ့ချောင်၊ ရှောင်ရီ သေချာပေါက် ပြန်လာမယ်လို့ ကျွန်မထင်တယ် "

ချောင်စုန့်မင်က သူမကိုပွေ့ဖက်ထားခဲ့သည်မှာ ရေနစ်နေသူတစ်ဦးက နောက်ဆုံးသောရေမျောကမ်းတင်သစ်စလေးကို ဖမ်းကိုင်ထားသည့်အလား။

ရန်ယွင်က ‌နွေးထွေးစွာ ပြောတယ်၊
" ကျွန်မသားအတွက် ဒီရောဂါကို ကျွန်မတိုက်ခိုက်မယ်၊ ကျွန်မကိုယုံပါ၊ သူ ဘေးဘေးကင်းကင်းနဲ့ ပြန်လာမှာပါ "

ချောင်စုန့်မင်ရဲ့နှလုံးသားမှာ ဓားတစ်ချောင်းနဲ့လှီးဖြတ်ခံနေရသလိုပဲ၊ ဒါပေမဲ့ သူ ပြိုလဲမသွားနိုင်ခဲ့ပါဘူး၊ ဒီမိသားစုထက်ဝက်လောက်က ပြိုလဲသွားကြကုန်ပြီ၊ သူ မြဲမြံစွာ ရပ်တည်နေမှဖြစ်မယ်။

လက်ရှိဆေးဘက်ဆိုင်ရာနည်းပညာတွေက အသည်းကင်ဆာ‌ကို ပျောက်ကင်းအောင်မကုသနိုင်သော်လည်း ပိုက်ဆံလုံလုံလောက်လောက်ရှိနေသ‌ရွေ့တော့ အသက်ကိုဆွဲဆန့်လို့ရနိုင်ပါသေးတယ်၊ ဆေးပညာက အချိန်တိုင်း တိုးတက်နေပြီး ဆေးဝါးအသစ်တွေနဲ့ ကုသနည်းအသစ်တွေကိုလည်း တီထွင်လျက်ရှိတယ်၊ သူတို့ရဲ့အဆင့်အတန်းအရ ရန်ယွင်ကို အကောင်းဆုံးကုသမှုနဲ့ စီစဉ်ပေးပါလိမ့်မယ်။

သူတို့က တစ်နှစ်၊ ပြီးတော့ နောက်ထပ်တစ်နှစ်၊ အဲ့ဒီနောက် နောက်ထပ်ငါးနှစ်လောက်ပဲ အချိန်ဆွဲဖို့ လိုအပ်တယ်၊ ထိုးဖောက်ကျော်လွှားမှုအသစ်တွေရှိလာနိုင်ပြီး ကုသမရတဲ့ရောဂါတွေကို ကုသရာမှာ တိုးတက်မှုအသစ်တွေ ရှိကောင်းရှိလာနိုင်ပါတယ်။

ဒါပေမဲ့ ရန်ယွင်ရဲ့စိတ်အခြေအနေက ပျော့ညံ့နေခဲ့တယ် ...

ချောင်ရှောင်ပျောက်ဆုံးခဲ့တဲ့ အဲ့ဒီတစ်နှစ်အတွင်းမှာ ရန်ယွင်က ညဘက်အိပ်ပျော်ရန် ခက်ခဲလာခဲ့တယ်၊ နေ့တိုင်း သူမက သူမနှလုံးသားကို ဓားတုံးတုံးနဲ့လှီးဖြတ်နေခဲ့တဲ့ နာကျင်မှုဝေဒနာကို တောင့်ခံနေခဲ့တယ်၊ သူမသားကိုတွေ့ချင်တဲ့အတွက် အခက်အခဲတွေကြားမှရုန်းထွက်ပြီး နာကျင်ရတဲ့ကုသမှုအားလုံးကို ခံယူခဲ့တယ်။

တစ်နှစ်အကြာမှာ ချောင်ရှောင် ပြန်လာခဲ့ပါတယ်၊ ရန်ယွင်က ပစ်လွှတ်ခံလိုက်ရတဲ့ တင်းမာနေတဲ့ လေးညှို့လိုပဲ၊ သူမရဲ့ဘဝကို နောင်တတွေမရှိဘဲ ရိုးရိုးရှင်းရှင်း ဖြတ်သန်းရန် ‌ဆုံးဖြတ်ခဲ့တယ်။

တကယ်တော့ ချောင်ရှောင်ရဲ့ငြင်းပယ်ခြင်းနဲ့ သူမအပေါ်အကြောက်တရားက သူမကိုစိတ်မထိခိုက်စေခဲ့ချေ၊ သူမက သူမကလေး ပြန်ရောက်လာခဲ့လို့ တကယ့်ကို‌ဝမ်းသာပျော်ရွှင်နေခဲ့တာ၊ နေ့ရောညပါ ဆုတောင်းခဲ့ရတဲ့ သူမဆန္ဒက ပြည့်ဝသွားခဲ့ပြီ၊ သူမက သူမအသက်ကိုပင် ပေးဆပ်လိုခဲ့တယ်၊ အခု သူမရဲ့တစ်ခုတည်းသောဆန္ဒမှာ သူမရဲ့ကလေးလေး လုံခြုံအေးချမ်းတဲ့ဘဝမှာ နေထိုင်သွားရန်ပါပဲ။

သူမမသေဆုံးခင်အခိုက်အတန့်အထိ ရန်ယွင်က ချောင်စုန့်မင်ကိုပြောခဲ့ပါတယ်၊ "ရှောင်ရီကိုပြောလိုက်ပါ၊ ကျွန်မအရမ်းကျေနပ်ပါတယ်"လို့၊ ချောင်ရှောင်က အတွေးအမြင်ရှင်းလင်းသွားတာနဲ့ သူ့ကိုယ်သူအပြစ်တင်နေမှာကို သူမက စိုးရိမ်ပူပန်နေခဲ့တယ်။

သူမက ချောင်ရှောင်အတွက် စာတစ်စောင်ချန်ရစ်ခဲ့တယ်၊ ဒါပေမဲ့ ချောင်စုန့်မင်က ချောင်ရှောင်ကိုမပေးရဲခဲ့ပေသိ အခုတော့ ပေးနိုင်သွားပြီ။

ချောင်ရှောင်က ၎င်းကို တုန်ယင်နေတဲ့လက်များဖြင့် ဖွင့်ပြီး စကားလုံးတစ်လုံးချင်းစီနဲ့စာကြောင်းတစ်ကြောင်းချင်းစီကို ဖတ်နေခဲ့တယ်၊ သူ့မျက်လုံးများက မျက်ရည်များနဲ့ ဝေဝါးလာခဲ့တယ်။

သူ့မေမေက သူမဘဝကိုသူမ အရမ်းကျေနပ်ခဲ့တယ်လို့ သူ့ကိုပြောခဲ့တယ်၊ သူမက ချောင်စုန့်မင်နဲ့ဆုံတွေ့ခွင့်ရခဲ့လို့ အရမ်းပျော်ရွှင်မိပြီး ချောင်ရှောင်ကိုမွေးဖွားခဲ့ရလို့ အရမ်းပျော်ရွှင်ခဲ့ပါတယ်တဲ့၊ နှစ်ပေါင်းများစွာ သူမဘဝတစ်လျှောက်လုံး အလွန်ပျော်ရွှင်ကြည်နူးခဲ့ရတယ်၊ နောက်ပြီး အခု သူမသားလေးက နောက်ဆုံးမှာပြန်ရောက်လာခဲ့ပြီ၊ သူမ တကယ့်ကို ကျေနပ်အားရမိပါတယ်တဲ့။

ဘဝတစ်ခုကို ၎င်းရဲ့အချိန်ကာလအတိုင်းအတာဖြင့် တိုင်းတာခြင်းမဟုတ်ပါလား၊ ပျော်ရွှင်မှုတွေနဲ့ပြည့်နှက်နေခဲ့တဲ့ ဆယ်နှစ်တာက ဘဝရဲ့နှစ်တစ်ရာထက် တိုတောင်းမနေပါချေ၊ သူမက ပျော်ရွှင်ကြည်နူးဖွယ်အကောင်းဆုံးဘဝကို ပိုင်ဆိုင်ခဲ့ရပါတယ်။

ချောင်ရှောင်မှာ ငိုကြွေးနေခဲ့တာ အိပ်မောကျသွားတဲ့အထိပင်။

လူသားတစ်ယောက်ရဲ့စိတ်ဝိဉာဉ်က ဒီလောက်ပဲ ခံနိုင်ရည်ရှိနိုင်ပါတယ်၊ ချောင်ရှောင်က အရာအားလုံးကို မှတ်မိသွားခဲ့ပြီး အကုန်လုံးကို လက်ခံခဲ့လို့ ဒါကပဲ သူ့စိတ်စွမ်းအားအတော်များများကို အသုံးချခဲ့ရတယ်။

ခြေကုန်လက်ပန်းကျခဲ့ပေမယ့်လို့ သူ အိမ်မက်ဆိုးတွေ မမက်တော့ဘူး၊ သူ့မေမေ သူ့ကိုပေးခဲ့တဲ့ စာလေးကို ကိုင်ထားပြီး သူ့အိမ်မက်က နွေးထွေးကာ အေးချမ်း‌နေခဲ့တယ်။

သူက အသန့်ရှင်းဆုံးသောချစ်ခြင်းမေတ္တာတွေနဲ့ အချစ်ခံခဲ့ရတဲ့ ခံစားချက်တို့ဖြင့် ပြည့်လျှံနေပါတဲ့ သူ့ရဲ့ပူပင်မှုကင်းတဲ့ကလေးဘဝက သူ့မိဘတွေရဲ့နံဘေးသို့ ပြန်ရောက်သွားခဲ့ဟန်ရှိတယ်၊

ချောင်ရှောင် လုံးလုံးအိပ်ပျော်သွားပြီဆိုကာမှ ချောင်စုန့်မင်က ဟော့ရှန်ကို လှည့်ကြည့်ပြီး၊
" လိုက်ခဲ့ "
သူက ဒီစကားလုံးကို နှုတ်မှထုတ်ပြောကာ တံခါးအပြင်ကို တည်ငြိမ်စွာ ထွက်လာခဲ့တယ်။

ဟော့ရှန်က ချောင်ရှောင်ကို နောက်တစ်ခါ ကြည့်လိုက်တယ်၊ သူက မကြာခင် နိုးလာမှာမဟုတ်ဘူးလို့ ခံစားမိမှ ချောင်စုန့်မင်နောက်ကနေအပြင်ကိုလိုက်ထ‌ွက်လာခဲ့တယ်။

ချောင်စုန့်မင်က တတိယထပ်ကိုပြန်သွားခဲ့ပြီး သော့ခတ်ထားတဲ့တံခါးတစ်ချပ်ကို ဖွင့်လိုက်တယ်၊ ဟော့ရှန်က သူ့ခြေလှမ်းတွေကို ခဏတန့်လိုက်မိတယ်၊ ချောင်စုန့်မင်က အထဲဝင်သွားခဲ့တယ်၊ သူက ကြည့်နေစရာပင်မလိုဘဲ ရီမုတစ်ခုကိုကောက်ယူပြီး ပရိုဂျက်တာကို ဖွင့်လိုက်တယ်။

မှိန်ဖျော့ဖျော့ မျက်နှာပြင်ပေါ်မှာ ဗီဒီယိုတစ်ခု ပေါ်လာခဲ့တယ်။

ဟော့ရှန်က တစ်ချက်ကြည့်ပြီး သူ့လက်တွေကို လက်သီးဆုပ်လိုက်မိတယ်။

ချောင်စုန့်မင်ကလည်း အဲ့ဒါကို မမှိတ်မသုန် စိုက်ကြည့်နေတယ်၊ သူ့အသံက အလွန်တိုးလျပြီး အတော်လေးခံစားချက်ကင်းမဲ့လို့နေတယ်၊
" ဒီမိန်းမကို ချီကျင့်ယီလို့ခေါ်တယ် ... "

မျက်နှာပြင်ပေါ်ရှိ ကြည်လင်ပြတ်သားမှုမြင့်မားတဲ့ ဗီဒီယိုက ချောင်ရှောင် သူတို့ကိုပြောပြခဲ့တဲ့ မြင်ကွင်းကို ပြသလို့နေတယ်၊ ဒီအမျိုးသမီးကို သူဘယ်လိုတွေ့ဆုံခဲ့ပုံ၊ သူမကို သူဘယ်လိုကူညီပေးခဲ့ပုံနဲ့ သူ ဘယ်လိုပြန်ပေးဆွဲခံခဲ့ရပုံတွေ ...

ချောင်ရှောင်ရဲ့ပြန်ပြောပြတာကို နားထောင်နေခဲ့စဉ်က ဟော့ရှန်မှာ သံသယအပြည့်နဲ့ဖြစ်ခဲ့ရတယ်။

ရှန်ဟိုင်းအဆောက်အဦက မြို့လယ်ခေါင်အရပ်မှာ တည်ရှိတယ်၊ ဧရိယာတစ်ခုလုံးကို စောင့်ကြည့်ကင်မရာတွေအပြည့် တပ်ဆင်ထားလောက်တယ်၊ ချောင်စုန့်မင်က သူ့သားကိုပျောက်ဆုံးသွားခဲ့တယ်၊ သူက ဒီစောင့်ကြည့်ကင်မရာကို ဘယ်လိုလုပ်ရှာမတွေ့နိုင်ရမှာလဲ၊ ဒီအမျိုးသမီးကို ဘယ်လိုလုပ်ပြီး ရှာမတွေ့နိုင်ရတာလဲ?

ချောင်စုန့်မင်က ပြောလာတယ်၊
" သူ့အမေနဲ့ငါက သူ့ကိုဘယ်တုန်းကမှချုပ်မထားခဲ့ဘူး၊ သူ အပြင်ထ‌ွက်ကစားချင်တယ်ဆိုရင် ငါတို့က သူ့ကိုအလိုလိုက်,လိုက်မှာပဲ၊ ငါတို့မှာ သူ့နောက်ကိုလိုက်ခိုင်းထားတဲ့ ကိုယ်ရံတော်တစ်ယောက်ရှိပေမယ့် အဲ့ဒီလူက သတိလက်လွတ်ဖြစ်နေခဲ့တယ်၊ ဒါက ရှန်ဟိုင်းအဆောက်အဦပဲ၊ သူ့အတွက်အလုံခြုံဆုံးနေရာပဲလို့ သူကတွေးခဲ့တာ၊ ဒါ့အပြင် ဒီ‌လောက်နှစ်တွေကြာတဲ့အထိ ငါတို့မှာ ဘာဖြစ်ရပ်မှမရှိခဲ့ဘူးလေ၊ အဲ့ဒါနဲ့ ငါလည်း ငါ့အစောင့်အကြပ်ကို လျှော့ချခဲ့လိုက်တယ် "
အဲ့ဒီနောက်မှာ တစ်စုံတစ်ရာ ဖြစ်ပျက်သွားခဲ့တယ်။

ဒီအကြောင်းကိုတွေးလိုက်တိုင်း ချောင်စုန့်မင်မှာ သူ့ကိုယ်သူ အပြစ်‌တင်နေမိတယ်၊ သူက သက်ပြင်းချလို့ ဆက်ပြောတယ်၊
" ရှောင်ရှောင်ပျောက်သွားတဲ့နောက် ငါတို့ ဒီစောင့်ကြည့်မှတ်တမ်းအပိုင်းကို အမြန်တွေ့သွားခဲ့တယ်၊ ဒီမိန်းမနဲ့ပတ်သတ်တဲ့သတင်းတွေကိုလည်း အကုန်ရှာတွေ့ခဲ့ပေမယ့် ဘာနောက်ဆက်တွဲကိုမှ ရှာမ‌တွေ့ခဲ့ဘူး "

သူက ဒီအမျိုးသမီးအကြောင်းကို ဟော့ရှန်အားပြောပြခဲ့တယ်။

ချီကျင့်ယီက သူမသားကိုဆုံးရှုံးခဲ့ရလို့ လုံးလုံးရူးသွပ်သွားခဲ့တဲ့ အမျိုးသမီးတစ်‌ဦးဖြစ်တယ်။

သူမက တစ်ကိုယ်တော်မိခင်တစ်ဦး၊ သူမက ယဉ်ယဉ်လေးရူးနေတဲ့အတွက် သူမခင်ပွန်းက ကွာရှင်းပြတ်ဆဲရန် လျှောက်ထားခဲ့တယ်၊ သူမကို သူတို့ရဲ့အော်တစ်ဇင်ရောဂါသည်သားလေးနဲ့ပင် ထားပစ်ခဲ့တယ်၊ သူမမှာ သူမသားကိုပြုစုစောင့်ရှောက်ရာမှာ ခက်ခဲတဲ့အချိန်တွေရှိခဲ့ပြီး အလွန်ဆိုးဆိုးရွားရွားအခြေအနေဖြစ်ခဲ့ရတယ်၊ ဒါပေမဲ့ အသက်ရှင်သန်ရန် ဒီလောက်ခက်ခက်ခဲခဲကြိုးပမ်းခဲ့ရပြီးနောက် သူမကပဲ သူမသားဖြစ်သူကို သေဆုံးသွားစေခဲ့တယ် — သူမက အပြင်ထွက်သွားပြီး ဂက်စ်ပိတ်ရန် မေ့လျော့နေခဲ့တယ်၊ သူမရဲ့ဆယ်နှစ်အရွယ်သားလေးက ကာဗွန်မိုနောက်ဆိုက်ဓာတ်ငွေ့အဆိပ်သင့်ပြီး သေဆုံးသွားခဲ့တယ်။

အဲ့ဒီနောက် သူမ ရူးသွားတော့တယ်။

ချောင်စုန့်မင်က ခဏတန့်သွားပြီးမှ ရှုပ်ထွေးပြီး မရှင်းလင်းစွာ ပြောလာတယ်၊
" ရဲတွေ ဒါတွေကိုတွေ့ခဲ့တုန်းကဆို သူတို့က ယုံကြည်မှုမရှိခဲ့ကြဘူး "
ရိုးရိုးပြန်ပေးဆွဲမှုသာဆို သူတို့က ပိုက်ဆံဘယ်လောက်ပဲလိုချင်နေပါစေ ကိစ္စမရှိဘူး၊ ချောင်စုန့်မင်က သူ့သားကို ပြန်ရွေးပါလိမ့်မယ်၊ ဒါပေမဲ့ သူမလိုစိတ်ဝေဒနာရှင်က ဒီလိုလုပ်လိမ့်မယ်လို့တော့ ဘယ်သူမှမတွေးမိခဲ့ကြဘူး။

ဟော့ရှန် နားလည်သွားတယ်၊
" ချီကျင့်ယီက မြေအောက်ခန်းထဲကနေ တစ်နှစ်လုံးထွက်မလာခဲ့လို့ ရှာဖွေဖို့ သဲလွန်စမရှိခဲ့တာပေါ့ "

ချောင်စုန့်မင်က ခေါင်းညိတ်ပြီး ပြောတယ်၊
" ငါတို့အားလုံးက သူမသေသွားပြီလို့ထင်ခဲ့တာ "
ချောင်ရှောင်ကိုပါ အတူတူသေဖို့ ခေါ်သွားရင်းပေါ့။

စောင့်ကြည့်ကင်မရာက ချောင်ရှောင်ကို ပြန်ပေးဆွဲသွားခဲ့တဲ့ ချီကျင့်ယီကို ရိုက်မိခဲ့ပေမယ့် သူ့ကိုဘယ်နေရာခေါ်သွားလဲဆိုတာကိုတော့ အမိအရမရိုက်ကူးမိခဲ့ဘူး။

ရဲတွေက ချီကျင့်ယီတည်ရှိရာ မြေအောက်ကားရပ်နားရာနေရာကို ရှာတွေ့ခဲ့ကြပေမယ့် လျှို့ဝှက်အခန်းကို ဘယ်တော့မှရှာမတွေ့ခဲ့ချေ။

အဲ့ဒီနောက် ရဲတွေက သွားလာရေးလမ်းကြောင်းအားလုံးကို စစ်ဆေးခဲ့ပြီး မြို့ရဲ့စောင့်ကြည့်မှတ်တမ်း‌တွေကိုတောင် ထပ်ခါထပ်ခါ အသေးစိတ်စစ်ဆေးခဲ့တယ်၊ ဒါပေမဲ့ ကံမကောင်းစွာဖြင့် သူတို့တွေ ဘာတစ်ခုမှပြန်ရမလာခဲ့ပါဘူး။

ဒီနှစ်ယောက်က လေထဲ ပျောက်ကွယ်သွားတဲ့အတိုင်းပဲ၊ သူတို့အသက်ရှင်နေခဲ့ရင် သူတို့ကိုမမြင်ရဘဲ သူတို့သေဆုံးသွားခဲ့ရင် သူတို့ရဲ့အလောင်းတွေကို မတွေ့ရသလိုပဲ။

ချီကျင့်ယီက အဲ့ဒီလိုကျဉ်းကျုတ်တဲ့နေရာလေးမှာ ပုန်းအောင်းနေခဲ့မယ်လို့ ဘယ်သူတွေးမိနိုင်မှာလဲ။

သူမသားသေဆုံးသွားပြီးနောက်မှာ သူမက ပုံမှန်မဟုတ်တဲ့ ပုံမှန်ဘဝမှာ နေထိုင်နေခဲ့တယ်၊ သူမက ကြိုတင်ပြင်ဆင်ရန် နှစ်နှစ်လောက် အချိန်ယူခဲ့ရတယ်၊ အသင့်စားစားစရာတွေနဲ့ ရေဘူးတွေအများကြီးကို သိုလှောင်သိမ်းဆည်းထားခဲ့တယ်၊ သူမက ဒီလုံခြုံတဲ့နေရာမှာ သူမ"သား"ဖြစ်သူနဲ့ ထာဝရနေသွားချင်ရုံပါပဲ၊ ဒီတစ်ခါတော့ သူ့ကို ဘာအန္တရာယ်နဲ့မှ တွေ့ကြုံစေမှာမဟုတ်သလို၊ သူ့ကို တစ်ယောက်ယောက်က ထပ်ပြီးခွဲခွဲခြားခြားဆက်ဆံမှာကို ခွင့်ပြုမှာလည်းမဟုတ်သလို၊ သူ့ကိုထပ်ပြီးထားသွားမှာကိုလည်း ခွင့်မပြုတော့ဘူး။

ချောင်ရှောင်ပြန်ရောက်လာတဲ့အခါ ရဲတွေက အခန်းကိုလျင်မြန်စွာရှာတွေ့သွားပြီး ချီကျင့်ယီရဲ့ရုပ်အလောင်းကို တွေ့လိုက်ကြရတယ်၊ ချောင်ရှောင်က စကားတစ်ခွန်းမှမပြောနိုင်ဘဲ အဲ့ဒီနှစ်မှာ သူ‌တွေ့ကြုံခဲ့ရတဲ့အရာတွေကို ပြန်လည်မပြောနိုင်သော်လည်း ရလဒ်တွေကိုအကဲဖြတ်ကြည့်ရုံဖြင့် သူတို့တွေ ရေးတေးတေးခန့်မှန်းမိခဲ့ကြပါတယ်။

စေ့စပ်သေချာတဲ့အဖြစ်ဆိုးတစ်ခု၊ မမျှော်လင့်ထားတဲ့ကပ်ဘေးတစ်ခု။

ချီကျင့်ယီက သူမရဲ့ပြန်ပေးဆွဲမှုအတွက် ပစ်မှတ်သတ်မှတ်ချက်မရှိဘူး၊ ချောင်ရှောင်ကိုမြင်တဲ့အခါ ဒီကလေးလေးက တကယ်ပဲ ချောမောလိုက်တာလို့ သူမက တွေးခဲ့ရုံပဲ၊ သူမကလေးကပဲ ဒီလိုချောမောနိုင်မှာမို့ သူ့ကိုခေါ်သွားခဲ့ခြင်းပင်။

ဒါဟာ အကြောင်းအကျိုးဖြစ်စဥ်တစ်ခုလုံးပါပဲ။

အဲ့ဒီနှစ်မှာ ချောင်ရှောင်ရဲ့စိတ်က ပြင်းထန်တဲ့စိတ်ဒဏ်ရာကို ရရှိခဲ့တယ်၊ အိမ်ပြန်ရောက်လာပြီးနောက် သူက အမျိုးသမီးကြီ‌းတွေကို ကြောက်ရွံ့လာခဲ့တယ်၊ တိတ်ဆိတ်မှုကို ကြောက်ရွံ့ပြီး "အမေ"ဆိုတဲ့စကားလုံးကို ကြောက်ရွံ့လာခဲ့တယ်။

ရန်ယွင်သာ နာမကျန်းမဖြစ်ခဲ့ဘူးဆိုရင် ချောင်ရှောင်က တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာပြီး သူ့အမေကို တစ်ဖန်ပြန်ပြီးလက်ခံလာတော့မှာ၊ ဒါပေသိ ရန်ယွင်က တောင့်မခံနိုင်ခဲ့တော့ချေ။

ချောင်ရှောင်မှာ ပိုပြီးကောင်းမွန်လာခဲ့ရုံရှိသေး သူ့အမေ‌ဆုံးပါးသွားတဲ့သတင်းကို ကြားသိခဲ့ရတယ်၊ ကိုယ့်ကိုယ်ကိုအပြစ်တင်စိတ်၊ အပြစ်ရှိစိတ်၊ ကြောက်ရွံ့မှု၊ နာကျင်မှု ... မရေတွက်နိုင်တဲ့စိတ်ခံစားချက်တွေက သူ့အာရုံကြောများအပေါ် တောင်တွေကဲ့သို့ ဖိနှိပ်ချလာခဲ့တယ်၊ ခံနိုင်ရည်မရှိတော့တဲ့အခါ သူ့ခန္ဓာကိုယ်က ကိုယ့်ကိုယ်ကိုကာကွယ်ခြင်းယန္တရားကို စတင်ခဲ့ပြီး သူက အရာအားလုံးကို မေ့သွားခဲ့တယ်။

ပရိုဂျက်တာကိုပိတ်ပြီး ချောင်စုန့်မင်က ဟော့ရှန်ကို ကြည့်လိုက်တယ်၊
" မင်းကိုယ်မင်း သူနဲ့သင့်တော်တယ်လို့ ထင်လား? "

သူက လိုရင်းကို တန်းပြောခဲ့ပြီး ၎င်းက ဟော့ရှန်ရဲ့ကျောပြင်ကို တောင့်တင်းသွားစေခဲ့တယ်။

ဒီကိစ္စနဲ့ပတ်သတ်ပြီး ဘာမှတားလို့မရဘူး၊ ချောင်စုန့်မင်က ဒါကိုရိပ်မိပြီးသားဖြစ်မှာပါ၊ နေ့နေ့ညညမရွေး သူ့ကိုစောင့်ရှောက်ကာကွယ်ပေးလိုတဲ့ဆန္ဒက သာမန်သူငယ်ချင်းတစ်ယောက် လုပ်နိုင်တဲ့ အရာမဟုတ်ချေ။

ဟော့ရှန်က သူ့မျက်လုံးများကို အောက်သို့စိုက်ကြည့်ပြီး ပြောလိုက်တယ်၊
" ကျွန်တော် သူ့ကိုကြိုက်တယ် "

'ဘန်း'ခနဲမြည်သံနဲ့အတူ၊ ရီမုက နောက်ဘက်နံရံကို ထိမှန်ပြီး အပိုင်းပိုင်း အစစ ကွဲကြေသွားတယ်။

ချောင်စုန့်မင်ရဲ့အသံက အင်မတန်အေးစက်နေခဲ့တယ်၊
" မင်းကိုယ်မင်း သူနဲ့သင့်တော်တယ်ထင်လားလို့ ငါမေးနေတယ်! "

ဟော့ရှန်ရဲ့လည်ချောင်းမှာ လေးလံကြမ်းတမ်းတဲ့ ခဲ(သတ္တု)နဲ့ပိတ်ဆို့ခံထားရတယ်။

ချောင်စုန့်မင်က ဆက်ပြောလာတယ်၊
" မင်းတို့နှစ်ယောက်စလုံးက ယောက်ျားတွေ၊ မင်းမိသားစုက မင်းတို့နှစ်ယောက်ကို လက်ခံမှာတဲ့လား? ဒီလူ့အဖွဲ့အစည်းက မင်းတို့ကို လက်ခံနိုင်မှာလား? ချောင်ရှောင်က နောက်ဆုံးမှာ ပြန်ကောင်းလာခဲ့ပြီ၊ မင်းက သူ့ကို နောက်ထပ်ချောက်နက်ကြီးထဲ ဆွဲချသွားမလို့လား! "

ဟော့ရှန်ရဲ့နှုတ်ခမ်းပါးတွေက မျဉ်းတစ်ကြောင်းအဖြစ် တင်းတင်းစေ့သွားပြီး ကွဲအက်နေတဲ့အသံဖြင့် သူပြောလိုက်တယ်၊
" ကျွန်တော် သူ့ကိုကာကွယ်ပေးမှာပါ "

ချောင်စုန့်မင်က သူ့အင်္ကျီကော်လာကို ဖမ်းဆွဲပြီး သူ့ကိုအထက်စီးကနေ နီးကပ်စွာ ကြည့်လာတယ်၊
" အဲ့လိုပေါ့ပြက်ပြက်စကားလုံးတွေနဲ့ ငါ့ကိုအရူးလာမလုပ်နဲ့ "

သူ့အသံက တိုးလျပြီး အချိန်အတော်ကြာအောင် အာဏာရထားတဲ့သူတွေသာ ပိုင်ဆိုင်တဲ့ ဟိတ်ဟန်ပါပါအမူအရာနဲ့ ဖိနှိပ်ချုပ်ချယ်နိုင်စွမ်းတို့နဲ့ ပြည့်နှက်လို့နေတယ်။

ဟော့ရှန်က လုံးဝကိုအခွင့်မသာတ‌ဲ့အခြေအနေမှာ ရှိနေတယ်၊ ၁၇ နှစ်အရွယ်ကောင်လေးက ကမ္ဘာပေါ်မှာ ကောင်းကင်နဲ့မြေကြီးကို ကိုင်လှုပ်နိုင်တဲ့ အနေအထားကို စိုးမိုးပိုင်ဆိုင်ထားတဲ့ ဒီအမျိုးသားကို ဘယ်လိုယှဉ်နိုင်ပါ့မလဲ?

ချောင်စုန့်မင်က လူအများစုကို ခေါင်းပင်မထောင်နိုင်တော့တဲ့အထိ ခြိမ်းခြောက်နိုင်လောက်ပေမယ့် ဟော့ရှန်ကတော့ မော့ကြည့်နေတယ်၊ သူက ချောင်စုန့်မင်ကို စိုက်ကြည့်ပြီး ‌အလျှော့မပေးလုနီးပါးလေသံဖြင့် ပြောလိုက်တယ်၊
" ကျွန်တော် သူ့ကိုသေချာပေါက် ကာကွယ်ပေးမှာ! "

ချောင်စုန့်မင်က သူ့ကိုစိုက်ကြည့်နေတယ်၊ ဟော့ရှန်က အကြည့်မလွှဲသလို နဲနဲလေးမှတုန်လှုပ်မနေခဲ့ချေ။

ပူပင်သောကဖြစ်စရာအတိတ်နဲ့ တနင့်တပိုး ပြည့်နှက်နေတဲ့ မှောင်မည်းတဲ့အခန်းထဲဝယ်၊ အင်အားကြီးမားပြီး ‌အားကောင်းတဲ့ လူနှစ်ယောက်က ဓားရှည်တွေကို ကိုယ်စီ ဆွဲထုတ်လို့ လေးညွှတ်ကာ ထိပ်တိုက်တွေ့ဆုံနေကြလေရဲ့။

" ထွက်သွား "
ချောင်စုန့်မင်က လွှတ်လိုက်ပြီး ဟော့ရှန်ကို ထွက်သွားရန် အမိန့်ပေးလိုက်တယ်။

ဟော့ရှန်မှာ ချောင်ရှောင်ကို စိုးရိမ်ပူပန်နေမိတယ်။

ချောင်စုန့်မင်က သူ့ကို အထက်စီးဆန်တဲ့အကြည့်များဖြင့် ကြည့်ပြီး၊
" ထွက်သွား! "

ဟော့ရှန်က အနည်းငယ်မျက်လွှာချလို့ သူ့ကိုဦးညွတ်တယ်၊
" ကျွန်တော်တောင်းပန်ပါတယ် "

ချောင်စုန့်မင်က သူ့ကို ခံစားချက်ကင်းမဲ့စွာ ကြည့်နေတယ်။

ဟော့ရှန်က ဆက်ပြောတယ်၊
" ဘာပဲဖြစ်ဖြစ် ကျွန်တော် သူနဲ့အတူရှိချင်ပါတယ် "

ချောင်စုန့်မင်က ကြုံရာတစ်ခုခုကို ကောက်ယူပြီး ဟော့ရှန်ထံပစ်ပေါက်လိုက်တယ်။

ဟော့ရှန်က မရှောင်တိမ်းခဲ့ဘဲ သူ့နဖူးကို လွင့်ပျံလာတဲ့ဆေးလိပ်ပြာခွက်ဖြင့် ခြစ်မိပြီး သွေးထွက်သွားစေခဲ့တယ်။

ချောင်စုန့်မင်က သူ့ကိုကြည့်ပင်မကြည့်ချေ၊
" ငါမင်းကိုထပ်မတွေ့ရစေန‌ဲ့! "

ဟော့ရှန်ရဲ့အကြည့်တွေ ညှို့မှိုင်းသွားပြီး သူက ထပ်ပြီးတောင်းပန်စကားဆိုကာ ထွက်သွားခဲ့တယ်။

သူက ချောင်ရှောင်ကိုသွားမတွေ့ခဲ့ဘဲ ချောင်မိသားစုအိမ်ကနေထွက်သွားပြီး တံခါးအပြင်မှာရပ်နေခဲ့တယ်။

တစ်နေကုန် အုံ့မှိုင်းနေခဲ့ပါတဲ့ တိမ်တိုက်တွေဟာ နောက်ဆုံးမှာ ဝန်ကိုမခံနိုင်တော့ဘဲ မိုးသီးမိုးပေါက်တွေက ဒလဟော ရွာသွန်းလာခဲ့ချေတယ်။

ဟော့ရှန်က အဲ့ဒီနေရာမှာပဲ မလှုပ်မယှက် ရပ်နေတယ်၊ ချောင်စုန့်မင်ရဲ့စကားတွေက သူ့စိတ်ထဲ ပဲ့တင်ထပ်နေခဲ့တယ်။

မင်းက သူနဲ့သင့်တော်သလား? မင်းက သူနဲ့သင့်တော်နေလို့လား!

ဟော့ရှန်ရဲ့လက်ချောင်းတွေ တုန်ယင်နေပြီး သူ့ကိုယ်သူ လှောင်ပြောင်ရယ်မောမိတယ်။

သူက သူနဲ့မထိုက်တန်ပေမယ့်လို့ ကျန်ရှိနေတဲ့သူ့ဘဝတစ်လျှောက်မှာ သူ့အချစ်တွေအားလုံးကို သူ့ကိုပေးချင်ပါတယ်။

မိုးက သည်းထန်စွာ ရွာသွန်းနေပြီး မြင့်တက်လာတဲ့ရေတွေက လမ်းမကို ဝါးတိုးဝါးတားဖြစ်သွားစေခဲ့တယ်၊ ဟော့ရှန်က အဲ့ဒီနေရာမှာပဲ မတ်မတ်ရပ်နေခဲ့သည်မှာ ထူးထူးခြားခြား ကြည်လင်ပြီး အင်မတန်တည်ငြိမ်နေတဲ့ မြူတွေကြားက မီးပြတိုက်တစ်ခုနှယ်။

ချောင်စုန့်မင်က အကြည့်လွှဲပြီး ဖုန်းဆက်လိုက်တယ်၊
" လောင်ချန်၊ ဟိုကလေးကို အထဲခေါ်ခဲ့ "

အိပ်ရာကနိုးတဲ့အခါ ချောင်ရှောင်မှာ အခြေအနေကောင်းလျက်ရှိတယ်၊ ချောင်စုန့်မင်က အချိန်မီရောက်လာပြီး သူ့ကိုမေးတယ်၊
" ဗိုက်ဆာပြီလား၊ လောလောဆယ် အန်တီဝူက မင်းအတွက် ဆန်ပြုတ်နဲနဲချက်ပေးထားတယ် "

ချောင်ရှောင်ရဲ့ဗိုက်က ချက်ချင်းဆိုသလို တုံ့ပြန်တဲ့အနေဖြင့် တဂွီဂွီမြည်လာလေရဲ့၊
" အရမ်းဗိုက်ဆာတယ် "

ချောင်စုန့်မင်က ချက်ချင်း ပြောတယ်၊
" အဖေ ဆန်ပြုတ်သွားယူလိုက်မယ် "

" မလိုပါဘူးဗျာ "
ချောင်ရှောင် အိပ်ရာပေါ်ကဆင်းလိုက်ပြီး၊
" ထမင်းစားခန်းမှာပဲ သွားစားပါ့မယ် "

ချောင်စုန့်မင်က သူစိတ်အခြေအနေကောင်းနေတာကို မြင်တော့ သူ့ရင်ထဲက အထုံးမှာပြေလျော့သွားခဲ့ရပြီ၊
" အဖေ မင်းနဲ့လိုက်ခဲ့မယ် "

ချောင်ရှောင်က လှည့်ပတ်ကြည့်တယ်၊ သူက တစ်ခုခုပြောချင်ပေမယ့်လည်း ချီတုံချတုံဖြစ်မိနေတယ်။

ချောင်စုန့်မင်က မမြင်ချင်ယောင်ဘဲဆောင်လိုက်တယ်။

ချောင်ရှောင်က သူ့ဖုန်းကိုရှာချင်ပေမယ့် ချောင်စုန့်မင်က သူ့ကိုဆော်ဩလာတယ်၊
" လာစားလှည့် "

ချောင်ရှောင် အချိန်အတော်ကြာ ရှာနေပေမယ့် သူ့ဖုန်းကိုရှာမ‌တွေ့နိုင်ဘဲဖြစ်နေတယ်၊ ဒါကြောင့် သူ့ခမျာ ထမင်းစားခန်းကို အရင်သွားဖို့ပဲ တတ်နိုင်တော့တယ်။

ထိုင်ချပြီးတဲ့‌နောက် သူ လှည့်ပတ်ကြည့်လိုက်တယ် ...

ချောင်စုန့်မင်က ဆန်ပြုတ်ပန်းကန်ကို သူ့အတွက်မွှေပေးနေပြီး၊
" နဲနဲပူသေးတယ်၊ စားတဲ့အခါ သတိထားဦး "

ချောင်ရှောင် ဘယ်လိုမှမနေနိုင်တော့ချေ၊
" ဖေဖေ၊ ဟော့ရှန်ဘယ်မှာလဲ? "

ချောင်စုန့်မင် : " ... "

ချောင်ရှောင် ချောင်းဟန့်ပြီး မေးလိုက်တယ်၊
" သူပြန်သွားပြီလား? "
ဟော့ရှန်က သူ့ကို နှစ်ရက်နှစ်ည စောင့်‌ကြည့်ပေးနေခဲ့တာ၊ ဖြစ်နိုင်တာဆိုလို့ သူ အနားယူရအောင် ပြန်သွားတာပဲ။

ချောင်စုန့်မင်ကပြောတယ်၊
" စားတော့ "

သူ့ဆန်ပြုတ်ကိုစားနေရင်း ချောင်ရှောင်မှာ သာ့ချောင်ရဲ့မျက်နှာထားကို အကဲခတ်နေရတယ်။

သူ့အတွေးတွေကို ချောင်စုန့်မင်က ဘယ်လိုလုပ်နားမလည်ဘဲနေပါ့မတုန်း? သူ့မိသားစုရဲ့ကလေးလေးက ရိုးအလွန်းလို့ သူ့ကိုစိတ်မသက်မသာဖြစ်စေတဲ့အထိပဲ!

သာ့ချောင် သူ့ပန်းကန်လုံးနဲ့တူတွေကို ချထားပြီး ပြောလိုက်တယ်၊
" အဲ့ကလေးကို မင်း အဲ့လောက်ပဲကြိုက်သလား? "

ဆန်ပြုတ်တစ်ဇွန်းစာကို အလွဲလွဲအမှားမှားဖြင့် မျိုချလိုက်မိတယ်၊ သူ့မှာ ကြောက်လန့်တကြားနဲ့ သီးသွားရတယ်၊
" အဟွတ် ... အဟွတ် ... "
သူ့မျက်နှာမှာ နီမြန်းသွားလို့၊
" ဖေ-ဖေဖေ၊ ဘာတွေပြော... "

သာ့ချောင်ကို'ဖေဖေ'လို့ခေါ်ပြီးမှပဲ သူ့ခမျာအပြစ်ရှိသလိုခံစားနေမိတော့တယ်။

ချောင်စုန့်မင်က သက်ပြင်းချလေတယ်၊
" ဘာတွေများအထိတ်တလန့်ဖြစ်နေတာတုန်း? လွန်ခဲ့တဲ့နှစ်တွေကတည်းက မင်းရဲ့အနာဂတ်လက်တွဲဖော်က ယောက်ျားလေးဖြစ်နိုင်တယ်လို့ ဒေါက်တာကျောင်းက အဖေ့ကိုသတိပေးခဲ့ပြီးသား "

ဒါကိုကြားတဲ့အခါ ချောင်ရှောင်မှာ စားပွဲအောက်ထဲ ပိုလို့ပင် ဝင်ပုန်းနေချင်မိတော့တယ်။

ချောင်စုန့်မင်က အတော်လေးမလိုလားစွာ ပြောလာတယ်၊
" မင်း ယောက်ျားပဲကြိုက်ကြိုက် မိန်းမပဲကြိုက်ကြိုက် အဖေဂရုမစိုက်ပါဘူးကွာ၊ ဒါပေမဲ့ အဲ့ဒီရှဲ့ရှန်ဆိုတဲ့ကလေးတော့ ဘယ်လိုဖြစ်နိုင်မှာလဲ ... "

ချောင်ရှောင်မှာ အဲ့ဒါကိုကြားရလို့ မပျော်တော့ချေ၊ သူက သူ့အဖေကို‌မော့ကြည့်ပြီး မတွန့်မဆုတ်ဘဲ ပြောချလိုက်တယ်၊
" သူက ဘာဖြစ်နေလို့လဲ? အဲ့ဒီလိုမိသားစုမျိုးမှာ ‌မွေးဖွားဖို့ သူက ရွေးချယ်ခဲ့လို့လား? သူ့မှာဘာမျိုးရိုးရှိမလဲ သူရွေးချယ်လို့ရလို့လား? သူ့ကို ရွှံ့ထဲမှာပြုစု‌စောင့်ရှောက်ခဲ့ပေမယ့် ရိုးရိုးသားသား ဖြောင့်ဖြောင့်မတ်မတ်နဲ့ ကြီးပြင်းလာခဲ့တယ်လေ၊ ကျွန်တော်တို့က သူ့ကိုပိုပြီးလေးစားသင့်တာမဟုတ်ဘူးလား! "

ချောင်စုန့်မင် : " ... "

ဘာပဲဖြစ်ဖြစ် အားလုံးကို ပွင့်ပွင့်လင်းလင်း ဖွင့်ဟချပစ်လိုက်ပြီပဲ၊ ချောင်ရှောင် ထိတ်လန့်မနေတော့ပါဘူး၊ သူ့တူတွေကိုချလို့ ပြောလိုက်တယ်၊
" ရဲဘော်သာ့ချောင်၊ ကျေးဇူးပြုပြီး အဖေ့ရဲ့ရောင်စုံမျက်မှန်ကြီးကို ချွတ်ပစ်ပြီး ဟော့ရှန်ကို ကောင်းကောင်းကြည့်,ကြည့်စမ်းပါဗျာ၊ တကယ်ပဲ သူက ဘာဖြစ်နေလို့တုန်း? "

ချောင်စုန့်မင်တစ်ယောက် တံခါးအပြင်မှာရပ်နေတဲ့ ရွှဲရွှဲစိုနေတဲ့ကောင်လေးကို သူ့မျက်လုံး‌ထောင့်စွန်းကနေဖျက်ကနဲကြည့်လိုက်တယ်၊ အတွင်းစိတ်ထဲမှာတော့ သူဌေးချောင် ပျော်မနေပါဘူးနော်။

ချောင်ရှောင်ကဆက်ပြောတယ်၊
" ဟော့ရှန်က စာမေးပွဲတွေမှာ ပထမနေရာကို အကြိမ်ကြိမ်ရခဲ့တာနော်၊ သူက အကြောင်းအရာတွေကို တိတိကျကျ မြန်မြန်ဆန်ဆန်နဲ့ သင်ယူတာဗျ၊ အခက်အခဲတွေကိုလည်း ကြောက်မနေဘူး၊ ရှဲ့မိသားစုက သူ့အတွက် ကျင်းတွေဘယ်လောက်တောင်တူးထားပေးတယ်မှတ်တုန်း? သူ့ကို သုံးနှစ်အတွင်း ပိုက်ဆံ ၁၀ သန်းရှာခိုင်းတာဗျ! သူက အသက်ဘယ်လောက်ရှိသေးလို့တုန်း? သာမန်အထက်တန်းကျောင်းသားတစ်ယောက်‌အပေါ် ဒီလိုတောင်းဆိုချက်မျိုးထားကြည့်ပါလား ဟာသပဲဖြစ်လာမှာ၊ ဒါပေမဲ့ သူကကျ လုပ်နိုင်တယ်ဗျ! ဘယ်သူ့ဆီကမှအကူအညီမပါဘဲ၊ ဘာအဆက်အသွယ်တွေမှမရှိဘဲ၊ လုပ်ငန်းစတင်ဖို့ အရင်းအနှီးတစ်ပြားမှမရှိဘဲ လုပ်နေတာပါဆို! "

ချောင်ရှောင်က သူ့အဖေထံ ဝေဖန်ချက်တစ်ခု ပစ်လွှတ်လိုက်သေးလို့၊
" အဖေ ဆယ့်ခုနစ်နှစ်တုန်းက အဲ့လိုလုပ်နိုင်မှာမဟုတ်ဘူးဆိုတာ ကျွန်တော်ကျိန်းသေပြောရဲတယ်နော်! "

ချောင်စုန့်မင် : " ........................ "

ချောင်ရှောင်မှာပြောလေလေ ဒေါသထွက်လာလေလေပင်၊ သူက ကျယ်လောင်စွာ ခုခံပြောဆိုပေးလိုက်တယ်၊
" သူဘယ်လောက်တော်တယ်ဆိုတာ အဖေမသိသေးလို့နော်၊ သူက အရမ်းဉာဏ်ကောင်းပြီး အခက်အခဲတွေကိုခံနိုင်ရည်ရှိတဲ့သူဗျ၊ သူက စိတ်ရှည်သည်းခံပြီး လုံ့လဝီရိယကလည်း ရှိ၊ အို ... သူ ဘတ်စကတ်ဘောကစားတာ အဖေမမြင်ဖူးသေးလို့နော်၊ ကျွန်တော် အဖေ့ကိုပြောပြမယ်၊ သူက အတော်လေးချောတာ ... ကျွန်တော်မလုပ်နိုင်တဲ့ ပစ်ချက်တွေကိုဗျာ၊ သူက ... "

သူ့မှာပြောလို့ပင်မပြီးသေး သာ့ချောင်ရဲ့အကြည့်အတိုင်းလိုက်ကြည့်တဲ့အခါမှာတော့ တံခါးဝက ဟော့ရှန်ကို မြင်လိုက်ရ‌လေတယ်။

ချောင်ရှောင်ရှောင်မှာ ပေကလတ် ပေကလတ်လုပ်လို့၊
" အာ .............................. "

ချောင်စုန့်မင်တစ်ယောက် ဒီကောင်စုတ်လေးကို အထဲခေါ်လိုက်မိလို့ နောင်တရနေပါပြီနော်!

...

စာရေးသူမှာပြောစရာရှိပါတယ် : သာ့ချောင်တော့ ဒီနေ့ နှုတ်အားဖြင့် ထပ်အစော်ကားခံတော့မယ်လို့ ကြိုတင်မျှော်မှန်းမိနေပါပြီ။

မင်းသာ သူ့အခြေအနေမှာဆိုရင် သာ့ချောင်ရဲ့သဘောထားက တကယ်တော့ မှားမနေပါဘူးနော်။ [မျက်နှာကိုအုပ်ထား]

Have a good day 🤍
_________________________________________________

Zawgyi

သားအဖႏွစ္ေယာက္က တစ္ေယာက္ကိုတစ္ေယာက္ ေပြ႕ဖက္လို႔ ငိုေႂကြးေနၾကတယ္၊ ႏွစ္ေပါင္းမ်ားစြာၾကာခဲ့တဲ့ အိမ္မက္ဆိုးက ေနာက္ဆုံးမွာ ကြယ္ေပ်ာက္သြားရၿပီ၊ တိမ္ေတြနဲ႕ျမဴေတြကိုခါထုတ္ပစ္ၿပီး စူးရွေတာက္ပတဲ့အလင္‌းေရာင္ေအာက္မွာ သူတို႔ခ်စ္ျမတ္နိုးရသူရဲ႕ႏူးညံ့ညင္သာတဲ့အၿပဳံးကို ေတြ႕ျမင္လိုက္ရတယ္။

ရန္ယြင္က ေရာဂါနဲ႕ ဆုံးပါးသြားခဲ့တယ္၊ ေခ်ာင္ေရွာင္ေပ်ာက္ဆုံးသြားခဲ့တဲ့တစ္ႏွစ္တာအတြင္းမွာ သူမက သူမသားကိုရွာေဖြရန္ နည္းလမ္းမ်ားကို ေန႕ေရာညပါ ႀကိဳးစားေတြးေတာခဲ့တယ္၊ ညေပါင္းမ်ားစြာ အိပ္ေရးပ်က္ခဲ့ၿပီးေနာက္ သူမက သတိလစ္သြားခဲ့တယ္၊ ပင္ပန္းႏြမ္းနယ္မႈဒဏ္ေၾကာင့္လို႔ သူမထင္ခဲ့ေပမယ့္ က်န္းမာေရးစစ္ေဆးျခင္းက ျပသလာခဲ့သည္မွာ ၎က အသည္းကင္ဆာျဖစ္ပါသတဲ့။

အဲ့အခ်ိန္တုန္းက ေခ်ာင္စုန႔္မင္မွာ ႐ူးသြပ္သြားေတာ့မတတ္ပဲ၊ ရန္ယြင္က သူ႕ကိုေပြ႕ဖက္ၿပီး ေျပာလာခဲ့တယ္၊
" သာ့ေခ်ာင္၊ ေရွာင္ရီ ေသခ်ာေပါက္ ျပန္လာမယ္လို႔ ကြၽန္မထင္တယ္ "

ေခ်ာင္စုန႔္မင္က သူမကိုေပြ႕ဖက္ထားခဲ့သည္မွာ ေရနစ္ေနသူတစ္ဦးက ေနာက္ဆုံးေသာေရေမ်ာကမ္းတင္သစ္စေလးကို ဖမ္းကိုင္ထားသည့္အလား။

ရန္ယြင္က ‌ေႏြးေထြးစြာ ေျပာတယ္၊
" ကြၽန္မသားအတြက္ ဒီေရာဂါကို ကြၽန္မတိုက္ခိုက္မယ္၊ ကြၽန္မကိုယုံပါ၊ သူ ေဘးေဘးကင္းကင္းနဲ႕ ျပန္လာမွာပါ "

ေခ်ာင္စုန႔္မင္ရဲ႕ႏွလုံးသားမွာ ဓားတစ္ေခ်ာင္းနဲ႕လွီးျဖတ္ခံေနရသလိုပဲ၊ ဒါေပမဲ့ သူ ၿပိဳလဲမသြားနိုင္ခဲ့ပါဘူး၊ ဒီမိသားစုထက္ဝက္ေလာက္က ၿပိဳလဲသြားၾကကုန္ၿပီ၊ သူ ၿမဲၿမံစြာ ရပ္တည္ေနမွျဖစ္မယ္။

လက္ရွိေဆးဘက္ဆိုင္ရာနည္းပညာေတြက အသည္းကင္ဆာ‌ကို ေပ်ာက္ကင္းေအာင္မကုသနိုင္ေသာ္လည္း ပိုက္ဆံလုံလုံေလာက္ေလာက္ရွိေနသ‌ေ႐ြ႕ေတာ့ အသက္ကိုဆြဲဆန႔္လို႔ရနိုင္ပါေသးတယ္၊ ေဆးပညာက အခ်ိန္တိုင္း တိုးတက္ေနၿပီး ေဆးဝါးအသစ္ေတြနဲ႕ ကုသနည္းအသစ္ေတြကိုလည္း တီထြင္လ်က္ရွိတယ္၊ သူတို႔ရဲ႕အဆင့္အတန္းအရ ရန္ယြင္ကို အေကာင္းဆုံးကုသမႈနဲ႕ စီစဥ္ေပးပါလိမ့္မယ္။

သူတို႔က တစ္ႏွစ္၊ ၿပီးေတာ့ ေနာက္ထပ္တစ္ႏွစ္၊ အဲ့ဒီေနာက္ ေနာက္ထပ္ငါးႏွစ္ေလာက္ပဲ အခ်ိန္ဆြဲဖို႔ လိုအပ္တယ္၊ ထိုးေဖာက္ေက်ာ္လႊားမႈအသစ္ေတြရွိလာနိုင္ၿပီး ကုသမရတဲ့ေရာဂါေတြကို ကုသရာမွာ တိုးတက္မႈအသစ္ေတြ ရွိေကာင္းရွိလာနိုင္ပါတယ္။

ဒါေပမဲ့ ရန္ယြင္ရဲ႕စိတ္အေျခအေနက ေပ်ာ့ညံ့ေနခဲ့တယ္ ...

ေခ်ာင္ေရွာင္ေပ်ာက္ဆုံးခဲ့တဲ့ အဲ့ဒီတစ္ႏွစ္အတြင္းမွာ ရန္ယြင္က ညဘက္အိပ္ေပ်ာ္ရန္ ခက္ခဲလာခဲ့တယ္၊ ေန႕တိုင္း သူမက သူမႏွလုံးသားကို ဓားတုံးတုံးနဲ႕လွီးျဖတ္ေနခဲ့တဲ့ နာက်င္မႈေဝဒနာကို ေတာင့္ခံေနခဲ့တယ္၊ သူမသားကိုေတြ႕ခ်င္တဲ့အတြက္ အခက္အခဲေတြၾကားမွ႐ုန္းထြက္ၿပီး နာက်င္ရတဲ့ကုသမႈအားလုံးကို ခံယူခဲ့တယ္။

တစ္ႏွစ္အၾကာမွာ ေခ်ာင္ေရွာင္ ျပန္လာခဲ့ပါတယ္၊ ရန္ယြင္က ပစ္လႊတ္ခံလိုက္ရတဲ့ တင္းမာေနတဲ့ ေလးညွို႔လိုပဲ၊ သူမရဲ႕ဘဝကို ေနာင္တေတြမရွိဘဲ ရိုးရိုးရွင္းရွင္း ျဖတ္သန္းရန္ ‌ဆုံးျဖတ္ခဲ့တယ္။

တကယ္ေတာ့ ေခ်ာင္ေရွာင္ရဲ႕ျငင္းပယ္ျခင္းနဲ႕ သူမအေပၚအေၾကာက္တရားက သူမကိုစိတ္မထိခိုက္ေစခဲ့ေခ်၊ သူမက သူမကေလး ျပန္ေရာက္လာခဲ့လို႔ တကယ့္ကို‌ဝမ္းသာေပ်ာ္႐ႊင္ေနခဲ့တာ၊ ေန႕ေရာညပါ ဆုေတာင္းခဲ့ရတဲ့ သူမဆႏၵက ျပည့္ဝသြားခဲ့ၿပီ၊ သူမက သူမအသက္ကိုပင္ ေပးဆပ္လိုခဲ့တယ္၊ အခု သူမရဲ႕တစ္ခုတည္းေသာဆႏၵမွာ သူမရဲ႕ကေလးေလး လုံၿခဳံေအးခ်မ္းတဲ့ဘဝမွာ ေနထိုင္သြားရန္ပါပဲ။

သူမမေသဆုံးခင္အခိုက္အတန႔္အထိ ရန္ယြင္က ေခ်ာင္စုန႔္မင္ကိုေျပာခဲ့ပါတယ္၊ "ေရွာင္ရီကိုေျပာလိုက္ပါ၊ ကြၽန္မအရမ္းေက်နပ္ပါတယ္"လို႔၊ ေခ်ာင္ေရွာင္က အေတြးအျမင္ရွင္းလင္းသြားတာနဲ႕ သူ႕ကိုယ္သူအျပစ္တင္ေနမွာကို သူမက စိုးရိမ္ပူပန္ေနခဲ့တယ္။

သူမက ေခ်ာင္ေရွာင္အတြက္ စာတစ္ေစာင္ခ်န္ရစ္ခဲ့တယ္၊ ဒါေပမဲ့ ေခ်ာင္စုန႔္မင္က ေခ်ာင္ေရွာင္ကိုမေပးရဲခဲ့ေပသိ အခုေတာ့ ေပးနိုင္သြားၿပီ။

ေခ်ာင္ေရွာင္က ၎ကို တုန္ယင္ေနတဲ့လက္မ်ားျဖင့္ ဖြင့္ၿပီး စကားလုံးတစ္လုံးခ်င္းစီနဲ႕စာေၾကာင္းတစ္ေၾကာင္းခ်င္းစီကို ဖတ္ေနခဲ့တယ္၊ သူ႕မ်က္လုံးမ်ားက မ်က္ရည္မ်ားနဲ႕ ေဝဝါးလာခဲ့တယ္။

သူ႕ေမေမက သူမဘဝကိုသူမ အရမ္းေက်နပ္ခဲ့တယ္လို႔ သူ႕ကိုေျပာခဲ့တယ္၊ သူမက ေခ်ာင္စုန႔္မင္နဲ႕ဆုံေတြ႕ခြင့္ရခဲ့လို႔ အရမ္းေပ်ာ္႐ႊင္မိၿပီး ေခ်ာင္ေရွာင္ကိုေမြးဖြားခဲ့ရလို႔ အရမ္းေပ်ာ္႐ႊင္ခဲ့ပါတယ္တဲ့၊ ႏွစ္ေပါင္းမ်ားစြာ သူမဘဝတစ္ေလွ်ာက္လုံး အလြန္ေပ်ာ္႐ႊင္ၾကည္ႏူးခဲ့ရတယ္၊ ေနာက္ၿပီး အခု သူမသားေလးက ေနာက္ဆုံးမွာျပန္ေရာက္လာခဲ့ၿပီ၊ သူမ တကယ့္ကို ေက်နပ္အားရမိပါတယ္တဲ့။

ဘဝတစ္ခုကို ၎ရဲ႕အခ်ိန္ကာလအတိုင္းအတာျဖင့္ တိုင္းတာျခင္းမဟုတ္ပါလား၊ ေပ်ာ္႐ႊင္မႈေတြနဲ႕ျပည့္ႏွက္ေနခဲ့တဲ့ ဆယ္ႏွစ္တာက ဘဝရဲ႕ႏွစ္တစ္ရာထက္ တိုေတာင္းမေနပါေခ်၊ သူမက ေပ်ာ္႐ႊင္ၾကည္ႏူးဖြယ္အေကာင္းဆုံးဘဝကို ပိုင္ဆိုင္ခဲ့ရပါတယ္။

ေခ်ာင္ေရွာင္မွာ ငိုေႂကြးေနခဲ့တာ အိပ္ေမာက်သြားတဲ့အထိပင္။

လူသားတစ္ေယာက္ရဲ႕စိတ္ဝိဉာဥ္က ဒီေလာက္ပဲ ခံနိုင္ရည္ရွိနိုင္ပါတယ္၊ ေခ်ာင္ေရွာင္က အရာအားလုံးကို မွတ္မိသြားခဲ့ၿပီး အကုန္လုံးကို လက္ခံခဲ့လို႔ ဒါကပဲ သူ႕စိတ္စြမ္းအားအေတာ္မ်ားမ်ားကို အသုံးခ်ခဲ့ရတယ္။

ေျခကုန္လက္ပန္းက်ခဲ့ေပမယ့္လို႔ သူ အိမ္မက္ဆိုးေတြ မမက္ေတာ့ဘူး၊ သူ႕ေမေမ သူ႕ကိုေပးခဲ့တဲ့ စာေလးကို ကိုင္ထားၿပီး သူ႕အိမ္မက္က ေႏြးေထြးကာ ေအးခ်မ္း‌ေနခဲ့တယ္။

သူက အသန႔္ရွင္းဆုံးေသာခ်စ္ျခင္းေမတၱာေတြနဲ႕ အခ်စ္ခံခဲ့ရတဲ့ ခံစားခ်က္တို႔ျဖင့္ ျပည့္လွ်ံေနပါတဲ့ သူ႕ရဲ႕ပူပင္မႈကင္းတဲ့ကေလးဘဝက သူ႕မိဘေတြရဲ႕နံေဘးသို႔ ျပန္ေရာက္သြားခဲ့ဟန္ရွိတယ္၊

ေခ်ာင္ေရွာင္ လုံးလုံးအိပ္ေပ်ာ္သြားၿပီဆိုကာမွ ေခ်ာင္စုန႔္မင္က ေဟာ့ရွန္ကို လွည့္ၾကည့္ၿပီး၊
" လိုက္ခဲ့ "
သူက ဒီစကားလုံးကို ႏႈတ္မွထုတ္ေျပာကာ တံခါးအျပင္ကို တည္ၿငိမ္စြာ ထြက္လာခဲ့တယ္။

ေဟာ့ရွန္က ေခ်ာင္ေရွာင္ကို ေနာက္တစ္ခါ ၾကည့္လိုက္တယ္၊ သူက မၾကာခင္ နိုးလာမွာမဟုတ္ဘူးလို႔ ခံစားမိမွ ေခ်ာင္စုန႔္မင္ေနာက္ကေနအျပင္ကိုလိုက္ထ‌ြက္လာခဲ့တယ္။

ေခ်ာင္စုန႔္မင္က တတိယထပ္ကိုျပန္သြားခဲ့ၿပီး ေသာ့ခတ္ထားတဲ့တံခါးတစ္ခ်ပ္ကို ဖြင့္လိုက္တယ္၊ ေဟာ့ရွန္က သူ႕ေျခလွမ္းေတြကို ခဏတန႔္လိုက္မိတယ္၊ ေခ်ာင္စုန႔္မင္က အထဲဝင္သြားခဲ့တယ္၊ သူက ၾကည့္ေနစရာပင္မလိုဘဲ ရီမုတစ္ခုကိုေကာက္ယူၿပီး ပရိုဂ်က္တာကို ဖြင့္လိုက္တယ္။

မွိန္ေဖ်ာ့ေဖ်ာ့ မ်က္ႏွာျပင္ေပၚမွာ ဗီဒီယိုတစ္ခု ေပၚလာခဲ့တယ္။

ေဟာ့ရွန္က တစ္ခ်က္ၾကည့္ၿပီး သူ႕လက္ေတြကို လက္သီးဆုပ္လိုက္မိတယ္။

ေခ်ာင္စုန႔္မင္ကလည္း အဲ့ဒါကို မမွိတ္မသုန္ စိုက္ၾကည့္ေနတယ္၊ သူ႕အသံက အလြန္တိုးလ်ၿပီး အေတာ္ေလးခံစားခ်က္ကင္းမဲ့လို႔ေနတယ္၊
" ဒီမိန္းမကို ခ်ီက်င့္ယီလို႔ေခၚတယ္ ... "

မ်က္ႏွာျပင္ေပၚရွိ ၾကည္လင္ျပတ္သားမႈျမင့္မားတဲ့ ဗီဒီယိုက ေခ်ာင္ေရွာင္ သူတို႔ကိုေျပာျပခဲ့တဲ့ ျမင္ကြင္းကို ျပသလို႔ေနတယ္၊ ဒီအမ်ိဳးသမီးကို သူဘယ္လိုေတြ႕ဆုံခဲ့ပုံ၊ သူမကို သူဘယ္လိုကူညီေပးခဲ့ပုံနဲ႕ သူ ဘယ္လိုျပန္ေပးဆြဲခံခဲ့ရပုံေတြ ...

ေခ်ာင္ေရွာင္ရဲ႕ျပန္ေျပာျပတာကို နားေထာင္ေနခဲ့စဥ္က ေဟာ့ရွန္မွာ သံသယအျပည့္နဲ႕ျဖစ္ခဲ့ရတယ္။

ရွန္ဟိုင္းအေဆာက္အဦက ၿမိဳ႕လယ္ေခါင္အရပ္မွာ တည္ရွိတယ္၊ ဧရိယာတစ္ခုလုံးကို ေစာင့္ၾကည့္ကင္မရာေတြအျပည့္ တပ္ဆင္ထားေလာက္တယ္၊ ေခ်ာင္စုန႔္မင္က သူ႕သားကိုေပ်ာက္ဆုံးသြားခဲ့တယ္၊ သူက ဒီေစာင့္ၾကည့္ကင္မရာကို ဘယ္လိုလုပ္ရွာမေတြ႕နိုင္ရမွာလဲ၊ ဒီအမ်ိဳးသမီးကို ဘယ္လိုလုပ္ၿပီး ရွာမေတြ႕နိုင္ရတာလဲ?

ေခ်ာင္စုန႔္မင္က ေျပာလာတယ္၊
" သူ႕အေမနဲ႕ငါက သူ႕ကိုဘယ္တုန္းကမွခ်ဳပ္မထားခဲ့ဘူး၊ သူ အျပင္ထ‌ြက္ကစားခ်င္တယ္ဆိုရင္ ငါတို႔က သူ႕ကိုအလိုလိုက္,လိုက္မွာပဲ၊ ငါတို႔မွာ သူ႕ေနာက္ကိုလိုက္ခိုင္းထားတဲ့ ကိုယ္ရံေတာ္တစ္ေယာက္ရွိေပမယ့္ အဲ့ဒီလူက သတိလက္လြတ္ျဖစ္ေနခဲ့တယ္၊ ဒါက ရွန္ဟိုင္းအေဆာက္အဦပဲ၊ သူ႕အတြက္အလုံၿခဳံဆုံးေနရာပဲလို႔ သူကေတြးခဲ့တာ၊ ဒါ့အျပင္ ဒီ‌ေလာက္ႏွစ္ေတြၾကာတဲ့အထိ ငါတို႔မွာ ဘာျဖစ္ရပ္မွမရွိခဲ့ဘူးေလ၊ အဲ့ဒါနဲ႕ ငါလည္း ငါ့အေစာင့္အၾကပ္ကို ေလွ်ာ့ခ်ခဲ့လိုက္တယ္ "
အဲ့ဒီေနာက္မွာ တစ္စုံတစ္ရာ ျဖစ္ပ်က္သြားခဲ့တယ္။

ဒီအေၾကာင္းကိုေတြးလိုက္တိုင္း ေခ်ာင္စုန႔္မင္မွာ သူ႕ကိုယ္သူ အျပစ္‌တင္ေနမိတယ္၊ သူက သက္ျပင္းခ်လိဳ႕ ဆက္ေျပာတယ္၊
" ေရွာင္ေရွာင္ေပ်ာက္သြားတဲ့ေနာက္ ငါတို႔ ဒီေစာင့္ၾကည့္မွတ္တမ္းအပိုင္းကို အျမန္ေတြ႕သြားခဲ့တယ္၊ ဒီမိန္းမနဲ႕ပတ္သတ္တဲ့သတင္းေတြကိုလည္း အကုန္ရွာေတြ႕ခဲ့ေပမယ့္ ဘာေနာက္ဆက္တြဲကိုမွ ရွာမ‌ေတြ႕ခဲ့ဘူး "

သူက ဒီအမ်ိဳးသမီးအေၾကာင္းကို ေဟာ့ရွန္အားေျပာျပခဲ့တယ္။

ခ်ီက်င့္ယီက သူမသားကိုဆုံးရႈံးခဲ့ရလို႔ လုံးလုံး႐ူးသြပ္သြားခဲ့တဲ့ အမ်ိဳးသမီးတစ္‌ဦးျဖစ္တယ္။

သူမက တစ္ကိုယ္ေတာ္မိခင္တစ္ဦး၊ သူမက ယဥ္ယဥ္ေလး႐ူးေနတဲ့အတြက္ သူမခင္ပြန္းက ကြာရွင္းျပတ္ဆဲရန္ ေလွ်ာက္ထားခဲ့တယ္၊ သူမကို သူတို႔ရဲ႕ေအာ္တစ္ဇင္ေရာဂါသည္သားေလးနဲ႕ပင္ ထားပစ္ခဲ့တယ္၊ သူမမွာ သူမသားကိုျပဳစုေစာင့္ေရွာက္ရာမွာ ခက္ခဲတဲ့အခ်ိန္ေတြရွိခဲ့ၿပီး အလြန္ဆိုးဆိုး႐ြား႐ြားအေျခအေနျဖစ္ခဲ့ရတယ္၊ ဒါေပမဲ့ အသက္ရွင္သန္ရန္ ဒီေလာက္ခက္ခက္ခဲခဲႀကိဳးပမ္းခဲ့ရၿပီးေနာက္ သူမကပဲ သူမသားျဖစ္သူကို ေသဆုံးသြားေစခဲ့တယ္ — သူမက အျပင္ထြက္သြားၿပီး ဂက္စ္ပိတ္ရန္ ေမ့ေလ်ာ့ေနခဲ့တယ္၊ သူမရဲ႕ဆယ္ႏွစ္အ႐ြယ္သားေလးက ကာဗြန္မိုေနာက္ဆိုက္ဓာတ္ေငြ႕အဆိပ္သင့္ၿပီး ေသဆုံးသြားခဲ့တယ္။

အဲ့ဒီေနာက္ သူမ ႐ူးသြားေတာ့တယ္။

ေခ်ာင္စုန႔္မင္က ခဏတန႔္သြားၿပီးမွ ရႈပ္ေထြးၿပီး မရွင္းလင္းစြာ ေျပာလာတယ္၊
" ရဲေတြ ဒါေတြကိုေတြ႕ခဲ့တုန္းကဆို သူတို႔က ယုံၾကည္မႈမရွိခဲ့ၾကဘူး "
ရိုးရိုးျပန္ေပးဆြဲမႈသာဆို သူတို႔က ပိုက္ဆံဘယ္ေလာက္ပဲလိုခ်င္ေနပါေစ ကိစၥမရွိဘူး၊ ေခ်ာင္စုန႔္မင္က သူ႕သားကို ျပန္ေ႐ြးပါလိမ့္မယ္၊ ဒါေပမဲ့ သူမလိုစိတ္ေဝဒနာရွင္က ဒီလိုလုပ္လိမ့္မယ္လို႔ေတာ့ ဘယ္သူမွမေတြးမိခဲ့ၾကဘူး။

ေဟာ့ရွန္ နားလည္သြားတယ္၊
" ခ်ီက်င့္ယီက ေျမေအာက္ခန္းထဲကေန တစ္ႏွစ္လုံးထြက္မလာခဲ့လို႔ ရွာေဖြဖို႔ သဲလြန္စမရွိခဲ့တာေပါ့ "

ေခ်ာင္စုန႔္မင္က ေခါင္းညိတ္ၿပီး ေျပာတယ္၊
" ငါတို႔အားလုံးက သူမေသသြားၿပီလို႔ထင္ခဲ့တာ "
ေခ်ာင္ေရွာင္ကိုပါ အတူတူေသဖို႔ ေခၚသြားရင္းေပါ့။

ေစာင့္ၾကည့္ကင္မရာက ေခ်ာင္ေရွာင္ကို ျပန္ေပးဆြဲသြားခဲ့တဲ့ ခ်ီက်င့္ယီကို ရိုက္မိခဲ့ေပမယ့္ သူ႕ကိုဘယ္ေနရာေခၚသြားလဲဆိုတာကိုေတာ့ အမိအရမရိုက္ကူးမိခဲ့ဘူး။

ရဲေတြက ခ်ီက်င့္ယီတည္ရွိရာ ေျမေအာက္ကားရပ္နားရာေနရာကို ရွာေတြ႕ခဲ့ၾကေပမယ့္ လွ်ို႔ဝွက္အခန္းကို ဘယ္ေတာ့မွရွာမေတြ႕ခဲ့ေခ်။

အဲ့ဒီေနာက္ ရဲေတြက သြားလာေရးလမ္းေၾကာင္းအားလုံးကို စစ္ေဆးခဲ့ၿပီး ၿမိဳ႕ရဲ႕ေစာင့္ၾကည့္မွတ္တမ္း‌ေတြကိုေတာင္ ထပ္ခါထပ္ခါ အေသးစိတ္စစ္ေဆးခဲ့တယ္၊ ဒါေပမဲ့ ကံမေကာင္းစြာျဖင့္ သူတို႔ေတြ ဘာတစ္ခုမွျပန္ရမလာခဲ့ပါဘူး။

ဒီႏွစ္ေယာက္က ေလထဲ ေပ်ာက္ကြယ္သြားတဲ့အတိုင္းပဲ၊ သူတို႔အသက္ရွင္ေနခဲ့ရင္ သူတို႔ကိုမျမင္ရဘဲ သူတို႔ေသဆုံးသြားခဲ့ရင္ သူတို႔ရဲ႕အေလာင္းေတြကို မေတြ႕ရသလိုပဲ။

ခ်ီက်င့္ယီက အဲ့ဒီလိုက်ဥ္းက်ဳတ္တဲ့ေနရာေလးမွာ ပုန္းေအာင္းေနခဲ့မယ္လို႔ ဘယ္သူေတြးမိနိုင္မွာလဲ။

သူမသားေသဆုံးသြားၿပီးေနာက္မွာ သူမက ပုံမွန္မဟုတ္တဲ့ ပုံမွန္ဘဝမွာ ေနထိုင္ေနခဲ့တယ္၊ သူမက ႀကိဳတင္ျပင္ဆင္ရန္ ႏွစ္ႏွစ္ေလာက္ အခ်ိန္ယူခဲ့ရတယ္၊ အသင့္စားစားစရာေတြနဲ႕ ေရဘူးေတြအမ်ားႀကီးကို သိုေလွာင္သိမ္းဆည္းထားခဲ့တယ္၊ သူမက ဒီလုံၿခဳံတဲ့ေနရာမွာ သူမ"သား"ျဖစ္သူနဲ႕ ထာဝရေနသြားခ်င္႐ုံပါပဲ၊ ဒီတစ္ခါေတာ့ သူ႕ကို ဘာအႏၲရာယ္နဲ႕မွ ေတြ႕ႀကဳံေစမွာမဟုတ္သလို၊ သူ႕ကို တစ္ေယာက္ေယာက္က ထပ္ၿပီးခြဲခြဲျခားျခားဆက္ဆံမွာကို ခြင့္ျပဳမွာလည္းမဟုတ္သလို၊ သူ႕ကိုထပ္ၿပီးထားသြားမွာကိုလည္း ခြင့္မျပဳေတာ့ဘူး။

ေခ်ာင္ေရွာင္ျပန္ေရာက္လာတဲ့အခါ ရဲေတြက အခန္းကိုလ်င္ျမန္စြာရွာေတြ႕သြားၿပီး ခ်ီက်င့္ယီရဲ႕႐ုပ္အေလာင္းကို ေတြ႕လိုက္ၾကရတယ္၊ ေခ်ာင္ေရွာင္က စကားတစ္ခြန္းမွမေျပာနိုင္ဘဲ အဲ့ဒီႏွစ္မွာ သူ‌ေတြ႕ႀကဳံခဲ့ရတဲ့အရာေတြကို ျပန္လည္မေျပာနိုင္ေသာ္လည္း ရလဒ္ေတြကိုအကဲျဖတ္ၾကည့္႐ုံျဖင့္ သူတို႔ေတြ ေရးေတးေတးခန႔္မွန္းမိခဲ့ၾကပါတယ္။

ေစ့စပ္ေသခ်ာတဲ့အျဖစ္ဆိုးတစ္ခု၊ မေမွ်ာ္လင့္ထားတဲ့ကပ္ေဘးတစ္ခု။

ခ်ီက်င့္ယီက သူမရဲ႕ျပန္ေပးဆြဲမႈအတြက္ ပစ္မွတ္သတ္မွတ္ခ်က္မရွိဘူး၊ ေခ်ာင္ေရွာင္ကိုျမင္တဲ့အခါ ဒီကေလးေလးက တကယ္ပဲ ေခ်ာေမာလိုက္တာလို႔ သူမက ေတြးခဲ့႐ုံပဲ၊ သူမကေလးကပဲ ဒီလိုေခ်ာေမာနိုင္မွာမို႔ သူ႕ကိုေခၚသြားခဲ့ျခင္းပင္။

ဒါဟာ အေၾကာင္းအက်ိဳးျဖစ္စဥ္တစ္ခုလုံးပါပဲ။

အဲ့ဒီႏွစ္မွာ ေခ်ာင္ေရွာင္ရဲ႕စိတ္က ျပင္းထန္တဲ့စိတ္ဒဏ္ရာကို ရရွိခဲ့တယ္၊ အိမ္ျပန္ေရာက္လာၿပီးေနာက္ သူက အမ်ိဳးသမီးႀကီ‌းေတြကို ေၾကာက္႐ြံ႕လာခဲ့တယ္၊ တိတ္ဆိတ္မႈကို ေၾကာက္႐ြံ႕ၿပီး "အေမ"ဆိုတဲ့စကားလုံးကို ေၾကာက္႐ြံ႕လာခဲ့တယ္။

ရန္ယြင္သာ နာမက်န္းမျဖစ္ခဲ့ဘူးဆိုရင္ ေခ်ာင္ေရွာင္က တျဖည္းျဖည္း ျပန္လည္ေကာင္းမြန္လာၿပီး သူ႕အေမကို တစ္ဖန္ျပန္ၿပီးလက္ခံလာေတာ့မွာ၊ ဒါေပသိ ရန္ယြင္က ေတာင့္မခံနိုင္ခဲ့ေတာ့ေခ်။

ေခ်ာင္ေရွာင္မွာ ပိုၿပီးေကာင္းမြန္လာခဲ့႐ုံရွိေသး သူ႕အေမ‌ဆုံးပါးသြားတဲ့သတင္းကို ၾကားသိခဲ့ရတယ္၊ ကိုယ့္ကိုယ္ကိုအျပစ္တင္စိတ္၊ အျပစ္ရွိစိတ္၊ ေၾကာက္႐ြံ႕မႈ၊ နာက်င္မႈ ... မေရတြက္နိုင္တဲ့စိတ္ခံစားခ်က္ေတြက သူ႕အာ႐ုံေၾကာမ်ားအေပၚ ေတာင္ေတြကဲ့သို႔ ဖိႏွိပ္ခ်လာခဲ့တယ္၊ ခံနိုင္ရည္မရွိေတာ့တဲ့အခါ သူ႕ခႏၶာကိုယ္က ကိုယ့္ကိုယ္ကိုကာကြယ္ျခင္းယႏၲရားကို စတင္ခဲ့ၿပီး သူက အရာအားလုံးကို ေမ့သြားခဲ့တယ္။

ပရိုဂ်က္တာကိုပိတ္ၿပီး ေခ်ာင္စုန႔္မင္က ေဟာ့ရွန္ကို ၾကည့္လိုက္တယ္၊
" မင္းကိုယ္မင္း သူနဲ႕သင့္ေတာ္တယ္လို႔ ထင္လား? "

သူက လိုရင္းကို တန္းေျပာခဲ့ၿပီး ၎က ေဟာ့ရွန္ရဲ႕ေက်ာျပင္ကို ေတာင့္တင္းသြားေစခဲ့တယ္။

ဒီကိစၥနဲ႕ပတ္သတ္ၿပီး ဘာမွတားလို႔မရဘူး၊ ေခ်ာင္စုန႔္မင္က ဒါကိုရိပ္မိၿပီးသားျဖစ္မွာပါ၊ ေန႕ေန႕ညညမေ႐ြး သူ႕ကိုေစာင့္ေရွာက္ကာကြယ္ေပးလိုတဲ့ဆႏၵက သာမန္သူငယ္ခ်င္းတစ္ေယာက္ လုပ္နိုင္တဲ့ အရာမဟုတ္ေခ်။

ေဟာ့ရွန္က သူ႕မ်က္လုံးမ်ားကို ေအာက္သို႔စိုက္ၾကည့္ၿပီး ေျပာလိုက္တယ္၊
" ကြၽန္ေတာ္ သူ႕ကိုႀကိဳက္တယ္ "

'ဘန္း'ခနဲျမည္သံနဲ႕အတူ၊ ရီမုက ေနာက္ဘက္နံရံကို ထိမွန္ၿပီး အပိုင္းပိုင္း အစစ ကြဲေၾကသြားတယ္။

ေခ်ာင္စုန႔္မင္ရဲ႕အသံက အင္မတန္ေအးစက္ေနခဲ့တယ္၊
" မင္းကိုယ္မင္း သူနဲ႕သင့္ေတာ္တယ္ထင္လားလို႔ ငါေမးေနတယ္! "

ေဟာ့ရွန္ရဲ႕လည္ေခ်ာင္းမွာ ေလးလံၾကမ္းတမ္းတဲ့ ခဲ(သတၱဳ)နဲ႕ပိတ္ဆို႔ခံထားရတယ္။

ေခ်ာင္စုန႔္မင္က ဆက္ေျပာလာတယ္၊
" မင္းတို႔ႏွစ္ေယာက္စလုံးက ေယာက္်ားေတြ၊ မင္းမိသားစုက မင္းတို႔ႏွစ္ေယာက္ကို လက္ခံမွာတဲ့လား? ဒီလူ႕အဖြဲ႕အစည္းက မင္းတို႔ကို လက္ခံနိုင္မွာလား? ေခ်ာင္ေရွာင္က ေနာက္ဆုံးမွာ ျပန္ေကာင္းလာခဲ့ၿပီ၊ မင္းက သူ႕ကို ေနာက္ထပ္ေခ်ာက္နက္ႀကီးထဲ ဆြဲခ်သြားမလို႔လား! "

ေဟာ့ရွန္ရဲ႕ႏႈတ္ခမ္းပါးေတြက မ်ဥ္းတစ္ေၾကာင္းအျဖစ္ တင္းတင္းေစ့သြားၿပီး ကြဲအက္ေနတဲ့အသံျဖင့္ သူေျပာလိုက္တယ္၊
" ကြၽန္ေတာ္ သူ႕ကိုကာကြယ္ေပးမွာပါ "

ေခ်ာင္စုန႔္မင္က သူ႕အကၤ်ီေကာ္လာကို ဖမ္းဆြဲၿပီး သူ႕ကိုအထက္စီးကေန နီးကပ္စြာ ၾကည့္လာတယ္၊
" အဲ့လိုေပါ့ျပက္ျပက္စကားလုံးေတြနဲ႕ ငါ့ကိုအ႐ူးလာမလုပ္နဲ႕ "

သူ႕အသံက တိုးလ်ၿပီး အခ်ိန္အေတာ္ၾကာေအာင္ အာဏာရထားတဲ့သူေတြသာ ပိုင္ဆိုင္တဲ့ ဟိတ္ဟန္ပါပါအမူအရာနဲ႕ ဖိႏွိပ္ခ်ဳပ္ခ်ယ္နိုင္စြမ္းတို႔နဲ႕ ျပည့္ႏွက္လို႔ေနတယ္။

ေဟာ့ရွန္က လုံးဝကိုအခြင့္မသာတ‌ဲ့အေျခအေနမွာ ရွိေနတယ္၊ ၁၇ ႏွစ္အ႐ြယ္ေကာင္ေလးက ကမာၻေပၚမွာ ေကာင္းကင္နဲ႕ေျမႀကီးကို ကိုင္လႈပ္နိုင္တဲ့ အေနအထားကို စိုးမိုးပိုင္ဆိုင္ထားတဲ့ ဒီအမ်ိဳးသားကို ဘယ္လိုယွဥ္နိုင္ပါ့မလဲ?

ေခ်ာင္စုန႔္မင္က လူအမ်ားစုကို ေခါင္းပင္မေထာင္နိုင္ေတာ့တဲ့အထိ ၿခိမ္းေျခာက္နိုင္ေလာက္ေပမယ့္ ေဟာ့ရွန္ကေတာ့ ေမာ့ၾကည့္ေနတယ္၊ သူက ေခ်ာင္စုန႔္မင္ကို စိုက္ၾကည့္ၿပီး ‌အေလွ်ာ့မေပးလုနီးပါးေလသံျဖင့္ ေျပာလိုက္တယ္၊
" ကြၽန္ေတာ္ သူ႕ကိုေသခ်ာေပါက္ ကာကြယ္ေပးမွာ! "

ေခ်ာင္စုန႔္မင္က သူ႕ကိုစိုက္ၾကည့္ေနတယ္၊ ေဟာ့ရွန္က အၾကည့္မလႊဲသလို နဲနဲေလးမွတုန္လႈပ္မေနခဲ့ေခ်။

ပူပင္ေသာကျဖစ္စရာအတိတ္နဲ႕ တနင့္တပိုး ျပည့္ႏွက္ေနတဲ့ ေမွာင္မည္းတဲ့အခန္းထဲဝယ္၊ အင္အားႀကီးမားၿပီး ‌အားေကာင္းတဲ့ လူႏွစ္ေယာက္က ဓားရွည္ေတြကို ကိုယ္စီ ဆြဲထုတ္လို႔ ေလးၫႊတ္ကာ ထိပ္တိုက္ေတြ႕ဆုံေနၾကေလရဲ႕။

" ထြက္သြား "
ေခ်ာင္စုန႔္မင္က လႊတ္လိုက္ၿပီး ေဟာ့ရွန္ကို ထြက္သြားရန္ အမိန႔္ေပးလိုက္တယ္။

ေဟာ့ရွန္မွာ ေခ်ာင္ေရွာင္ကို စိုးရိမ္ပူပန္ေနမိတယ္။

ေခ်ာင္စုန႔္မင္က သူ႕ကို အထက္စီးဆန္တဲ့အၾကည့္မ်ားျဖင့္ ၾကည့္ၿပီး၊
" ထြက္သြား! "

ေဟာ့ရွန္က အနည္းငယ္မ်က္လႊာခ်လိဳ႕ သူ႕ကိုဦးၫြတ္တယ္၊
" ကြၽန္ေတာ္ေတာင္းပန္ပါတယ္ "

ေခ်ာင္စုန႔္မင္က သူ႕ကို ခံစားခ်က္ကင္းမဲ့စြာ ၾကည့္ေနတယ္။

ေဟာ့ရွန္က ဆက္ေျပာတယ္၊
" ဘာပဲျဖစ္ျဖစ္ ကြၽန္ေတာ္ သူနဲ႕အတူရွိခ်င္ပါတယ္ "

ေခ်ာင္စုန႔္မင္က ႀကဳံရာတစ္ခုခုကို ေကာက္ယူၿပီး ေဟာ့ရွန္ထံပစ္ေပါက္လိုက္တယ္။

ေဟာ့ရွန္က မေရွာင္တိမ္းခဲ့ဘဲ သူ႕နဖူးကို လြင့္ပ်ံလာတဲ့ေဆးလိပ္ျပာခြက္ျဖင့္ ျခစ္မိၿပီး ေသြးထြက္သြားေစခဲ့တယ္။

ေခ်ာင္စုန႔္မင္က သူ႕ကိုၾကည့္ပင္မၾကည့္ေခ်၊
" ငါမင္းကိုထပ္မေတြ႕ရေစန‌ဲ့! "

ေဟာ့ရွန္ရဲ႕အၾကည့္ေတြ ညွို႔မွိုင္းသြားၿပီး သူက ထပ္ၿပီးေတာင္းပန္စကားဆိုကာ ထြက္သြားခဲ့တယ္။

သူက ေခ်ာင္ေရွာင္ကိုသြားမေတြ႕ခဲ့ဘဲ ေခ်ာင္မိသားစုအိမ္ကေနထြက္သြားၿပီး တံခါးအျပင္မွာရပ္ေနခဲ့တယ္။

တစ္ေနကုန္ အုံ႕မွိုင္းေနခဲ့ပါတဲ့ တိမ္တိုက္ေတြဟာ ေနာက္ဆုံးမွာ ဝန္ကိုမခံနိုင္ေတာ့ဘဲ မိုးသီးမိုးေပါက္ေတြက ဒလေဟာ ႐ြာသြန္းလာခဲ့ေခ်တယ္။

ေဟာ့ရွန္က အဲ့ဒီေနရာမွာပဲ မလႈပ္မယွက္ ရပ္ေနတယ္၊ ေခ်ာင္စုန႔္မင္ရဲ႕စကားေတြက သူ႕စိတ္ထဲ ပဲ့တင္ထပ္ေနခဲ့တယ္။

မင္းက သူနဲ႕သင့္ေတာ္သလား? မင္းက သူနဲ႕သင့္ေတာ္ေနလို႔လား!

ေဟာ့ရွန္ရဲ႕လက္ေခ်ာင္းေတြ တုန္ယင္ေနၿပီး သူ႕ကိုယ္သူ ေလွာင္ေျပာင္ရယ္ေမာမိတယ္။

သူက သူနဲ႕မထိုက္တန္ေပမယ့္လို႔ က်န္ရွိေနတဲ့သူ႕ဘဝတစ္ေလွ်ာက္မွာ သူ႕အခ်စ္ေတြအားလုံးကို သူ႕ကိုေပးခ်င္ပါတယ္။

မိုးက သည္းထန္စြာ ႐ြာသြန္းေနၿပီး ျမင့္တက္လာတဲ့ေရေတြက လမ္းမကို ဝါးတိုးဝါးတားျဖစ္သြားေစခဲ့တယ္၊ ေဟာ့ရွန္က အဲ့ဒီေနရာမွာပဲ မတ္မတ္ရပ္ေနခဲ့သည္မွာ ထူးထူးျခားျခား ၾကည္လင္ၿပီး အင္မတန္တည္ၿငိမ္ေနတဲ့ ျမဴေတြၾကားက မီးျပတိုက္တစ္ခုႏွယ္။

ေခ်ာင္စုန႔္မင္က အၾကည့္လႊဲၿပီး ဖုန္းဆက္လိုက္တယ္၊
" ေလာင္ခ်န္၊ ဟိုကေလးကို အထဲေခၚခဲ့ "

အိပ္ရာကနိုးတဲ့အခါ ေခ်ာင္ေရွာင္မွာ အေျခအေနေကာင္းလ်က္ရွိတယ္၊ ေခ်ာင္စုန႔္မင္က အခ်ိန္မီေရာက္လာၿပီး သူ႕ကိုေမးတယ္၊
" ဗိုက္ဆာၿပီလား၊ ေလာေလာဆယ္ အန္တီဝူက မင္းအတြက္ ဆန္ျပဳတ္နဲနဲခ်က္ေပးထားတယ္ "

ေခ်ာင္ေရွာင္ရဲ႕ဗိုက္က ခ်က္ခ်င္းဆိုသလို တုံ႕ျပန္တဲ့အေနျဖင့္ တဂြီဂြီျမည္လာေလရဲ႕၊
" အရမ္းဗိုက္ဆာတယ္ "

ေခ်ာင္စုန႔္မင္က ခ်က္ခ်င္း ေျပာတယ္၊
" အေဖ ဆန္ျပဳတ္သြားယူလိုက္မယ္ "

" မလိုပါဘူးဗ်ာ "
ေခ်ာင္ေရွာင္ အိပ္ရာေပၚကဆင္းလိုက္ၿပီး၊
" ထမင္းစားခန္းမွာပဲ သြားစားပါ့မယ္ "

ေခ်ာင္စုန႔္မင္က သူစိတ္အေျခအေနေကာင္းေနတာကို ျမင္ေတာ့ သူ႕ရင္ထဲက အထုံးမွာေျပေလ်ာ့သြားခဲ့ရၿပီ၊
" အေဖ မင္းနဲ႕လိုက္ခဲ့မယ္ "

ေခ်ာင္ေရွာင္က လွည့္ပတ္ၾကည့္တယ္၊ သူက တစ္ခုခုေျပာခ်င္ေပမယ့္လည္း ခ်ီတုံခ်တဳံျဖစ္မိေနတယ္။

ေခ်ာင္စုန႔္မင္က မျမင္ခ်င္ေယာင္ဘဲေဆာင္လိုက္တယ္။

ေခ်ာင္ေရွာင္က သူ႕ဖုန္းကိုရွာခ်င္ေပမယ့္ ေခ်ာင္စုန႔္မင္က သူ႕ကိုေဆာ္ဩလာတယ္၊
" လာစားလွည့္ "

ေခ်ာင္ေရွာင္ အခ်ိန္အေတာ္ၾကာ ရွာေနေပမယ့္ သူ႕ဖုန္းကိုရွာမ‌ေတြ႕နိုင္ဘဲျဖစ္ေနတယ္၊ ဒါေၾကာင့္ သူ႕ခမ်ာ ထမင္းစားခန္းကို အရင္သြားဖို႔ပဲ တတ္နိုင္ေတာ့တယ္။

ထိုင္ခ်ၿပီးတဲ့‌ေနာက္ သူ လွည့္ပတ္ၾကည့္လိုက္တယ္ ...

ေခ်ာင္စုန႔္မင္က ဆန္ျပဳတ္ပန္းကန္ကို သူ႕အတြက္ေမႊေပးေနၿပီး၊
" နဲနဲပူေသးတယ္၊ စားတဲ့အခါ သတိထားဦး "

ေခ်ာင္ေရွာင္ ဘယ္လိုမွမေနနိုင္ေတာ့ေခ်၊
" ေဖေဖ၊ ေဟာ့ရွန္ဘယ္မွာလဲ? "

ေခ်ာင္စုန႔္မင္ : " ... "

ေခ်ာင္ေရွာင္ ေခ်ာင္းဟန႔္ၿပီး ေမးလိုက္တယ္၊
" သူျပန္သြားၿပီလား? "
ေဟာ့ရွန္က သူ႕ကို ႏွစ္ရက္ႏွစ္ည ေစာင့္‌ၾကည့္ေပးေနခဲ့တာ၊ ျဖစ္နိုင္တာဆိုလို႔ သူ အနားယူရေအာင္ ျပန္သြားတာပဲ။

ေခ်ာင္စုန႔္မင္ကေျပာတယ္၊
" စားေတာ့ "

သူ႕ဆန္ျပဳတ္ကိုစားေနရင္း ေခ်ာင္ေရွာင္မွာ သာ့ေခ်ာင္ရဲ႕မ်က္ႏွာထားကို အကဲခတ္ေနရတယ္။

သူ႕အေတြးေတြကို ေခ်ာင္စုန႔္မင္က ဘယ္လိုလုပ္နားမလည္ဘဲေနပါ့မတုန္း? သူ႕မိသားစုရဲ႕ကေလးေလးက ရိုးအလြန္းလို႔ သူ႕ကိုစိတ္မသက္မသာျဖစ္ေစတဲ့အထိပဲ!

သာ့ေခ်ာင္ သူ႕ပန္းကန္လုံးနဲ႕တူေတြကို ခ်ထားၿပီး ေျပာလိုက္တယ္၊
" အဲ့ကေလးကို မင္း အဲ့ေလာက္ပဲႀကိဳက္သလား? "

ဆန္ျပဳတ္တစ္ဇြန္းစာကို အလြဲလြဲအမွားမွားျဖင့္ မ်ိဳခ်လိဳက္မိတယ္၊ သူ႕မွာ ေၾကာက္လန႔္တၾကားနဲ႕ သီးသြားရတယ္၊
" အဟြတ္ ... အဟြတ္ ... "
သူ႕မ်က္ႏွာမွာ နီျမန္းသြားလို႔၊
" ေဖ-ေဖေဖ၊ ဘာေတြေျပာ... "

သာ့ေခ်ာင္ကို'ေဖေဖ'လို႔ေခၚၿပီးမွပဲ သူ႕ခမ်ာအျပစ္ရွိသလိုခံစားေနမိေတာ့တယ္။

ေခ်ာင္စုန႔္မင္က သက္ျပင္းခ်ေလတယ္၊
" ဘာေတြမ်ားအထိတ္တလန႔္ျဖစ္ေနတာတုန္း? လြန္ခဲ့တဲ့ႏွစ္ေတြကတည္းက မင္းရဲ႕အနာဂတ္လက္တြဲေဖာ္က ေယာက္်ားေလးျဖစ္နိုင္တယ္လို႔ ေဒါက္တာေက်ာင္းက အေဖ့ကိုသတိေပးခဲ့ၿပီးသား "

ဒါကိုၾကားတဲ့အခါ ေခ်ာင္ေရွာင္မွာ စားပြဲေအာက္ထဲ ပိုလို႔ပင္ ဝင္ပုန္းေနခ်င္မိေတာ့တယ္။

ေခ်ာင္စုန႔္မင္က အေတာ္ေလးမလိုလားစြာ ေျပာလာတယ္၊
" မင္း ေယာက္်ားပဲႀကိဳက္ႀကိဳက္ မိန္းမပဲႀကိဳက္ႀကိဳက္ အေဖဂ႐ုမစိုက္ပါဘူးကြာ၊ ဒါေပမဲ့ အဲ့ဒီရွဲ႕ရွန္ဆိုတဲ့ကေလးေတာ့ ဘယ္လိုျဖစ္နိုင္မွာလဲ ... "

ေခ်ာင္ေရွာင္မွာ အဲ့ဒါကိုၾကားရလို႔ မေပ်ာ္ေတာ့ေခ်၊ သူက သူ႕အေဖကို‌ေမာ့ၾကည့္ၿပီး မတြန႔္မဆုတ္ဘဲ ေျပာခ်လိဳက္တယ္၊
" သူက ဘာျဖစ္ေနလို႔လဲ? အဲ့ဒီလိုမိသားစုမ်ိဳးမွာ ‌ေမြးဖြားဖို႔ သူက ေ႐ြးခ်ယ္ခဲ့လို႔လား? သူ႕မွာဘာမ်ိဳးရိုးရွိမလဲ သူေ႐ြးခ်ယ္လို႔ရလို႔လား? သူ႕ကို ႐ႊံ႕ထဲမွာျပဳစု‌ေစာင့္ေရွာက္ခဲ့ေပမယ့္ ရိုးရိုးသားသား ေျဖာင့္ေျဖာင့္မတ္မတ္နဲ႕ ႀကီးျပင္းလာခဲ့တယ္ေလ၊ ကြၽန္ေတာ္တို႔က သူ႕ကိုပိုၿပီးေလးစားသင့္တာမဟုတ္ဘူးလား! "

ေခ်ာင္စုန႔္မင္ : " ... "

ဘာပဲျဖစ္ျဖစ္ အားလုံးကို ပြင့္ပြင့္လင္းလင္း ဖြင့္ဟခ်ပစ္လိုက္ၿပီပဲ၊ ေခ်ာင္ေရွာင္ ထိတ္လန႔္မေနေတာ့ပါဘူး၊ သူ႕တူေတြကိုခ်လိဳ႕ ေျပာလိုက္တယ္၊
" ရဲေဘာ္သာ့ေခ်ာင္၊ ေက်းဇူးျပဳၿပီး အေဖ့ရဲ႕ေရာင္စုံမ်က္မွန္ႀကီးကို ခြၽတ္ပစ္ၿပီး ေဟာ့ရွန္ကို ေကာင္းေကာင္းၾကည့္,ၾကည့္စမ္းပါဗ်ာ၊ တကယ္ပဲ သူက ဘာျဖစ္ေနလို႔တုန္း? "

ေခ်ာင္စုန႔္မင္တစ္ေယာက္ တံခါးအျပင္မွာရပ္ေနတဲ့ ႐ႊဲ႐ႊဲစိုေနတဲ့ေကာင္ေလးကို သူ႕မ်က္လုံး‌ေထာင့္စြန္းကေနဖ်က္ကနဲၾကည့္လိုက္တယ္၊ အတြင္းစိတ္ထဲမွာေတာ့ သူေဌးေခ်ာင္ ေပ်ာ္မေနပါဘူးေနာ္။

ေခ်ာင္ေရွာင္ကဆက္ေျပာတယ္၊
" ေဟာ့ရွန္က စာေမးပြဲေတြမွာ ပထမေနရာကို အႀကိမ္ႀကိမ္ရခဲ့တာေနာ္၊ သူက အေၾကာင္းအရာေတြကို တိတိက်က် ျမန္ျမန္ဆန္ဆန္နဲ႕ သင္ယူတာဗ်၊ အခက္အခဲေတြကိုလည္း ေၾကာက္မေနဘူး၊ ရွဲ႕မိသားစုက သူ႕အတြက္ က်င္းေတြဘယ္ေလာက္ေတာင္တူးထားေပးတယ္မွတ္တုန္း? သူ႕ကို သုံးႏွစ္အတြင္း ပိုက္ဆံ ၁၀ သန္းရွာခိုင္းတာဗ်! သူက အသက္ဘယ္ေလာက္ရွိေသးလို႔တုန္း? သာမန္အထက္တန္းေက်ာင္းသားတစ္ေယာက္‌အေပၚ ဒီလိုေတာင္းဆိုခ်က္မ်ိဳးထားၾကည့္ပါလား ဟာသပဲျဖစ္လာမွာ၊ ဒါေပမဲ့ သူကက် လုပ္နိုင္တယ္ဗ်! ဘယ္သူ႕ဆီကမွအကူအညီမပါဘဲ၊ ဘာအဆက္အသြယ္ေတြမွမရွိဘဲ၊ လုပ္ငန္းစတင္ဖို႔ အရင္းအႏွီးတစ္ျပားမွမရွိဘဲ လုပ္ေနတာပါဆို! "

ေခ်ာင္ေရွာင္က သူ႕အေဖထံ ေဝဖန္ခ်က္တစ္ခု ပစ္လႊတ္လိုက္ေသးလို႔၊
" အေဖ ဆယ့္ခုနစ္ႏွစ္တုန္းက အဲ့လိုလုပ္နိုင္မွာမဟုတ္ဘူးဆိုတာ ကြၽန္ေတာ္က်ိန္းေသေျပာရဲတယ္ေနာ္! "

ေခ်ာင္စုန႔္မင္ : " ........................ "

ေခ်ာင္ေရွာင္မွာေျပာေလေလ ေဒါသထြက္လာေလေလပင္၊ သူက က်ယ္ေလာင္စြာ ခုခံေျပာဆိုေပးလိုက္တယ္၊
" သူဘယ္ေလာက္ေတာ္တယ္ဆိုတာ အေဖမသိေသးလို႔ေနာ္၊ သူက အရမ္းဉာဏ္ေကာင္းၿပီး အခက္အခဲေတြကိုခံနိုင္ရည္ရွိတဲ့သူဗ်၊ သူက စိတ္ရွည္သည္းခံၿပီး လုံ႕လဝီရိယကလည္း ရွိ၊ အို ... သူ ဘတ္စကတ္ေဘာကစားတာ အေဖမျမင္ဖူးေသးလို႔ေနာ္၊ ကြၽန္ေတာ္ အေဖ့ကိုေျပာျပမယ္၊ သူက အေတာ္ေလးေခ်ာတာ ... ကြၽန္ေတာ္မလုပ္နိုင္တဲ့ ပစ္ခ်က္ေတြကိုဗ်ာ၊ သူက ... "

သူ႕မွာေျပာလို႔ပင္မၿပီးေသး သာ့ေခ်ာင္ရဲ႕အၾကည့္အတိုင္းလိုက္ၾကည့္တဲ့အခါမွာေတာ့ တံခါးဝက ေဟာ့ရွန္ကို ျမင္လိုက္ရ‌ေလတယ္။

ေခ်ာင္ေရွာင္ေရွာင္မွာ ေပကလတ္ ေပကလတ္လုပ္လို႔၊
" အာ .............................. "

ေခ်ာင္စုန႔္မင္တစ္ေယာက္ ဒီေကာင္စုတ္ေလးကို အထဲေခၚလိုက္မိလို႔ ေနာင္တရေနပါၿပီေနာ္!

...

စာေရးသူမွာေျပာစရာရွိပါတယ္ : သာ့ေခ်ာင္ေတာ့ ဒီေန႕ ႏႈတ္အားျဖင့္ ထပ္အေစာ္ကားခံေတာ့မယ္လို႔ ႀကိဳတင္ေမွ်ာ္မွန္းမိေနပါၿပီ။

မင္းသာ သူ႕အေျခအေနမွာဆိုရင္ သာ့ေခ်ာင္ရဲ႕သေဘာထားက တကယ္ေတာ့ မွားမေနပါဘူးေနာ္။ [မ်က္ႏွာကိုအုပ္ထား]

Have a good day 🤍
_________________________________________________

המשך קריאה

You'll Also Like

452K 59.7K 61
𝘼𝙨𝙨𝙤𝙘𝙞𝙖𝙩𝙚𝙙 𝙉𝙖𝙢𝙚𝙨 : 穿成Omega后发现自己怀孕了 𝘼𝙪𝙩𝙝𝙤𝙧(𝙨): 非期而然 𝙏𝙮𝙥𝙚: 𝙒𝙚𝙗 𝙉𝙤𝙫𝙚𝙡(𝘾𝙉) 𝙂𝙚𝙣𝙧𝙚: 𝙁𝙖𝙣𝙩𝙖𝙨𝙮, 𝙍𝙤𝙢𝙖𝙣𝙘𝙚...
999K 137K 95
သာမန်ရိုးရှင်းတဲ့အိမ်ထောင်သည်ဘဝဟာသဘာသာပြန်လေးပါ.. All Credit original authors & translators. Fan translation and offlline purpose .
27.6K 2.2K 13
brokeback moumtain ႐ုပ္ရွင္ဟာ 2005 ခုႏွစ္ ဆု ၈ ဆုရခဲ႕ပါတယ္.. ပထမဆုံး လူႀကိဳက္အမ်ားဆုံး Gay ႐ုပ္ရွင္ပါ.. ကိုယ္႕ အတြက္ LGBT ဆိုတာ ပထမဆုံး မိတ္ဆကိမိတဲ႕...
61.6K 5.9K 108
လူသားေတြ ေနထိုင္တဲ့ ဒီၿဂိဳဟ္ကို ကမ႓ာ‌ေျမလို႔ သမုတ္တယ္ဆိုရင္ ကြၽန္ေတာ့္သီးသန႔္ေနႏိုင္ရာ ကိုယ္ပိုင္ၿဂိဳဟ္ငယ္ဟာ "ခ်စ္လြန္းလ်ွံ " လို႔ အမည္ရပါတယ္... လ...