A letter to A boy who is not...

Por ThomasFionaMo

64.2K 4.3K 230

စာတစ်စောင်ရောက်တယ်တဲ့။ ယောကျ်ားလေးတွေချည်းနေတဲ့အိမ်ကို ကောင်လေးမဟုတ်တဲ့ ကောင်လေးဆိုတဲ့နာမည်နဲ့။ " ...... " စာ... Más

part 1(unicode)
Part 2(Unicode )
Part 3(unicode) 18+
Part 4(Unicode )
Part 5(Unicode )
part 6(Unicode )
Part 7(Unicode)
Part 8(Unicode)
Part 9(unicode)
Part 10(Unicode )
Part 11(Unicode )
Part 12(Unicode )
part 13(Unicode )
Part 14(Unicode )
Part -15(Unicode )
A letter to A boy who is not a boy
Part 16(Unicode )
Part 17(Unicode )
Part 18(unicode)
Part 19(unicode )
Part 20(Unicode )
Final (unicode )
Extra(Unicode )
part 1(zawgyi)
part 2(zawgyi)
Part3(zawgyi)18+
Part 4 (zawgyi)
Part 5(Zawgyi)
Part 6(zawgyi)
Part 7(Zawgyi)
part 8(zawgyi)
part 9(zawgyi)
part 10(zawgyi)
Part 11(Zawgyi )
Part 12(zawgyicode )
part 13(Zawgyi )
Part 14(Zawgyi )
Part 15(Zawgyi )
Part16(Zawgyi )
Part -17(Zawgyi )
Part19(Zawgyi )
Part20(Zawgyi )
Final(Zawgyi )
Extra (zawgyi )

Part 18(Zawgyi )

190 17 1
Por ThomasFionaMo

အလုံပိတ်ကားတစ်စီထဲ ပိတ်သိပ်နေသည့် လူတွေက အများကြီး။
အပြင်ကိုမမြင်ရ ကားက တစ်ချက်တစ်ချက်ဆောင့်လိုက်တိုင်း လှုပ်ခါရမ်းကုန်သည့်လူတွေက တစ်ယောက်နှင့်တစ်ယောက်တွန်းတိုက်ကုန်ကြသည်။
သူတို့အားလုံး၏ မျက်နှာတွေမှာ၊ ခန္ဓာပေါ်မှာ ကြည့်မကောင်းရထားသော ဆိုးဆိုးရွားရွား ဒဏ်ရာတွေအလူးလူးနှင့်။

တစ်နေရာအရောက် ကားဆောင့်ရပ်လိုက်သည်နှင့် ရှေ့ကိုအားစိုက်လဲကျကုန်သည်။
နံဟောင်နေသည့်ကားသည် ရွံစရာအတိ။

တချို့က ကားမူး၍ တစ်ယောက်ကျောပေါ်အန်ချသူက အန်ချနှင့်။
ကံကောင်းသည်က သူတို့အား ကြိုးဖြင့်ချည်မထားသည်ပင်။

" ငါတို့ရဲ့ရတနာလေးတွေဆင်းခဲ့စမ်း"

ကားနောက်ဖုံးဖွင့်လိုက်သည်နှင့် အလင်းရောင်စူးစူးကြောင့် မျက်စိကိုကွယ်ကာ ကားပေါ်ကဆင်းကြရသည်။
ဆင်းသည်ထက် ဆွဲချခံနေရခြင်းဖြစ်သည်။

နာကျင်နေသော ဒဏ်ရာ၊ ဗိုက်ထဲတွင် ဘာမှမရှိ ဆာလောင်မွတ်သိပ်နေသည်တို့ကြောင့် အားအင်ကုန်ခမ်းလျက်ရှိသည်။

ခြံအကျယ်ကြီးနှင့် အိမ်အကြီးကြီးတစ်ခု။
ဘေးပတ်ပတ်တွင် လမ်းမကြီးကလွဲ မည်သည့် အိမ်တွေ လူတွေမှ ရှိသည့်ပုံမပေါ်။
လမ်းမကြီးကလည်း ဟောင်းနွမ်းညစ်ညမ်းနေသည်။

"ဘာငေးနေတာလဲ ခွေးသားရ သွားလေ"

နောက်မှ ဆောင့်ကန်ခုံလိုက်ရသည်ကြောင့် ခွေလဲကျသွားသည်။

"လာ"

လဲကျသွားသည်လူကို ရှိသည့်အားကလေးဖြင့်ထူကာ ထရပ်စေပြီး အမြန်လိုက်သွားရသည်။
ဟိုလူတွေ ထပ်လုပ်နေရင် သေသွားဖို့သာရှိတော့မည်လေ။

"ကျေးဇူး "

ထပ်မပြောတော့ပဲ ငိုတော့မည့်ဆဲဆဲ ကောင်လေးက သူ့ထက်ပင်ငယ်အုံးမည်ထင်သည်။
ခေါင်းရမ်းပြလိုက်တော့ ထိုကောင်လေးထံမှ မျက်ရည်တစ်စက်လိမ့်ဆင်းသွားသည်။

သူတို့လို လူတွေအများကြီးက ဖမ်းခေါ်လာခဲ့သော သူစိမ်းတွေခေါ်ရာ တရိပ်ရိပ်လိုက်ပါသည်။
အိမ်ထဲတင်သည်။ အိမ်ထဲမှ နောက်တည့်တည့်ဆီသွားကာ ထွက်ပေါက်မှ ပြန်ထွက်သည်။
တောအုပ်တစ်ခုထဲ လျှောက်သွားသည်။

"အသက်ဘယ်လောက်ရှိပြီလဲ"

" ၁၄နှစ်ပါ"

"ဘယ်လိုလုပ်ပြီး.."

ခေါင်းရင်းဆိုင်ကာ ထိုကောင်လေးနှင့်စကားတီးတိုးပြောနေသည်ကိုဘယ်သူမှရိပ်မိပုံမရ။

" အမေ့ရောဂါအခြေအနေကြောင့် ဆေးရုံတင်ဖို့ငွေမရှိတာနဲ့
လူတစ်ယောက်က အလုပ်ပေးမယ်ဆိုပြီးခေါ်လာတာ ဒါ. ဒါပေမယ့် သူတို့ ကျွန်တော့်ကို .."

ပါလာသည့် လူတွေအားလုံးကိုကြည့်လိုက်တော့‌ယောက်ျားလေးတွေချည်းပင်။
အကုန်လုံးက သူ့လိုမျိုး မရားခံခဲ့ရသည့်လူတွေချည်းဖြစ်မည်။

"ကျွန်တော်တို့ ဒီလိုပဲ ဘာမှန်းမသိ သူတို့အနိုင်ကျင့်သမျှခံနေရတော့မှာလား ကိုကို"

ကောင်လေးဆီက ကိုကိုဟု ခေါ်သံကြားတော့ ညီမလေးကိုသတိသွားသည်။

သူ့ခေါင်းကို ပုတ်ပေးပြီး
နှစ်သိမ့်ပေးလိုက်သည်။

တောထဲမှ သွားနေရင်း တဲစုတ်ကလေးတစ်ခုတွေ့သည်။
ထိုထဲတွင် ဝါးဖြင့်ပြုလုပ်ထားငည့် ထောင်ပုံစံတစ်ခုရှိသည်။
သူတို့အားလုံးကို ထိုအထဲတွင် ထည့်ကု သော့ခတ်ထား၏။

ညမိုးချုပ်သည့်တိုင် ဘာမှလာမကျွေး တချို့က အူလိမ်နေကြပြီ။
ဆာလောင်မှုက သည်းခံနိုင်စွမ်းမဲ့နေကြပြီ။

ထိုစဉ်
လူတစ်စုရောက်လာကာ
ကြွပ်ကြွပ်အိပ်ဖြင့်ထုတ်ထားသော ထမင်းနှင့် ခရမ်းသီးရေလုံပြုတ်များ လာဝေသည်။
စားမကောင်းပေမယ့်
အဆာလွန်နေသည်မို့ သူတို့အငမ်းမရစားရကြသည်။

"မစားဘူးလား"

ဝေနေသည့်လူတွေထဲကမှ အသက်၂၅ခန့်လောက်ရှိသည့် လူတစ်ယောက်ကို မေးလာသည်။
ထမင်းထုတ်ကိုကြည့်ပြီး
အသက်ပျင်းချကာ ဘေးက ကောင်လေးဆီ ပေးလိုက်တော့ ဆွဲယူကာ ပြောင်နေအောင်စားပစ်လိုက်သည်။

"မင်းအသက်ရှင်ဖို့စားဖို့လိုတယ်"

မျက်နှာသေနှင့် ပြောကာထွက်သွားသူကိုကြည့်ရင်း
ဖြားလူတွေနှင့်ယှဉ်လျှင် ကြင်နာတက်သောသူဖြစ်ဟန်တူသည်။

၁၄နှစ်ဟုဆိုသောကောင်လေးကို ထမင်းထုတ်ပေးလိုက်တော့ မယုံသလိုတစ်ခါကြည့်ပြီး ခေါင်းမဖော်စတမ်းကုန်အောင်စားပစ်လိုက်သည်။

သူသည်လည်းစာနေပေမယ့် စားချင်စိတ်မှမရှိပဲလေ။

ဝါးထောင်လုံလုပ်ထားသည့် အခန်းကျဉ်းကျဉ်းလေးထဲ ကိုယ်ကျုံ့၍နေရသည်မှည မလွယ်လှ။
အစာစားချိန် ထမင်းထုတ်တစ်ထုတ်စီလာပေးသွားပြီး
ညစ်ပတ်နေသည့် ကော်ခွက်တို့ဖြင့် အငတ်ပြေရုံရေလာတိုက်ကြသည်။

" မင်းစားဖို့လိုတယ်"

စကားခဏတိုင်းလာပြောကည အတင်းထိုးပေးခဲ့သော ထမင်းထုတ်ကို နောက်တစ်ကြိမ်မငြင်းနိုင်။
တချို့က ဒဏ်ရာတွေကြောင့် ယင်တလောင်းလောင်းဖြင့် တချို့က နေမကောင်းဖြစ်နေကြပြီ။

ညစ်ပတ်နံစော်နေပြီး
တဖြည်းဖြည်း ရွံစရာဝက်ခြံကြီးနှင့်ဆင်တူလာသည်။
ဒီကြားထဲ ပါလာသော လူတွေထဲမှ အနည်းငယ်သန့်သန့်ပြန့်ပြန့်ရှိသေူလူတွေကိုလာလာဆွဲခေါ်သွားလေ့ရှိသေးသည်။

"မင်းလိုက်ခဲ့"

သူကြောင်ကြည့်နေစဉ်ပဲ
လက်ကိုစောင့်ဆွဲကာ ပါသွားရသည်။
တဲကလေးတစ်ခုထဲ သူ့အား အဖေအမေတို့ဆီမှဝယ်ခဲ့သည့် လူကြီးက အဆီတဝင်းဝင်းမျက်နှာနှင့်ဆီးကြိုနေသည်။

ဘာဖြစ်တော့မည်ကိုသိသော်လည်း လူတွေက ချုပ်ထားသည်မို့ မရုန်းသာ။

တဲအိုကလေးထဲ လူငါးယောက်လောက် ခြေလက်တွေကို ဖိချုပ်ထားသည်။
ယောက်ျားလေးတစ်ယောက်အတွက် စုတ်ပြတ်သတ်နေသည့် ဘဝအခြေအနေတစ်ရပ်ကို
သူအဆုံးသတ်ဖို့တွေးမိခဲ့သည်။

အားလုံးငြိမ်သက်ကုန်ချိန် သူ့ကို ဝါးလုံးအချုက်ခန်းထဲပြန်ပို့ရန် လူနှစ်ယောက်က ဒရွတ်ဆွဲခေါ်လာသည်။

" သူ့ကိုငါလိုက်ပို့လိုက်မယ်"

" မရ. . "

"ဟိုအဖွဲ့တွေ ဝိုင်းကောင်းနေတယ်"

သူ့အား ထမင်းအတင်းစားစေခဲ့သော လူက လမ်းတဝက်တင်ရောက်လာပြီး
ဆွဲခေါ်လာသည့်လူနှစ်ယောက်ထွက်သွားသည်။

" ထွက်ပြေးချင်လား "

"ဟင်.."

သူ့လက်မောင်းကို ပုခုံးပေါ်တင်ကာ
မချီရုံတမယ် တွဲလာခဲ့သည့်သူ့စကားကြောင့် ဝေဝေဝါးဝါးဖြစ်သွားသည်။

"လူတွေအများကြီး ငါတွေ့ခဲ့တယ်။
တစ်ဖွဲ့ပြီးတဖွဲ့ ဟိုဘက်ရောက်ကုန်ကြတယ်။
ဒါပေမယ့် မင်းလို ထူးခြားတဲ့လူကို ခုမှတွေ့ဖူးတာ"

အပင်ကြီးကြီးတစ်ပင်အောက်
ခဏထိုင်စေပြီး အနားပေးသည်။
ထို့နောက် ခါးပတ်တွင် ချိတ်ဆွဲထားသည့် ရေဘူးထဲမှ ရေကမ်းပေးသည်။

" နာမည်ဘယ်လိုခေါ်လဲ "

" သုတစွယ်"

" အရမ်းနာနေလား "

မျက်နှာကဒဏ်ရာတွေရယ် ဝမ်းဗိုက်ဒဏ်ရာတွေရယ်၊ ဟိုသူတောင်းစားပေးနာကျင်မှုတို့ရယ်ကြောင့်
ဟန်မဆောင်နိုင် ခေါင်းညိတ်ပြလိုက်သည်။

"ဒီလိုအခွင့်အရေးနောက်မရနိုင်ဘူး"

ဘေးပတ်ဝန်းကျင်ကိုကြည့်ကာ
တိုးတိုးပြောသည်။
သူနားမလည်။

ထို့နောက် လမ်းမဟုတ်သည့် အခြား တောလမ်းထဲတိုးဝင်သွားခဲ့သည်။
သန်မာသည့် လက်မောင်းတွေက သူ့ကို မြဲမြဲတွဲထားသည်။

" ငါတစ်ယောက်ထဲ ထွက်ပြေးဖို့ကြိုးစားဖူးတယ်။
ဒါပေမယ့် သူတို့က ငါ့အားနည်းချက်ကို သိတယ်။ အခု အားနည်းချက်လေးလည်း မရှိတော့ဘူး။ ဒါပေမယ့်
မင်းကိုတွေ့တော့ ငါနဲ့အတူ လွတ်မြောက်သွားစေချင်စိတ်ဖြစ်လာတယ်။ မင်းက သူ့အရွယ်လောက်ပဲရှိအုံးမှာ"

တိမ်ဝင်သွားသောထိုလူရဲ့ စကားတွေက နားထဲဝင်တချက်မဝင်တစ်ချက်။
နာကျင်မှုကြောင့် လူက အသိစတ်ပျောက်ချင်သလိုလို။

"မမှောင်ခင် ငါစီစဉ်ထားတဲ့နေရာရောက်ဖို့လိုတယ်"

နှေးကွေးလွန်းနေသည့် သူ့ကိုယ်လေးကို ကျောပိုးလာသည်ကို သတိထားမိလိုက်သည်။
ထိုလူသည် သူ့အားဘယ်ကိုခေါ်သွားနေသည်ကို
မသိပေမယ့် ဝါးလုံးအချုပ်ခန်းဆီပြန်ပို့နေသည်မဟုတ်တာတော့သေချာပါသည်။

ထို့နောက် သူလောကကြီးနဲ့အကြာကြအဆက်ပြတ်သွားခဲ့သည်။
သတိပြန်ရတော့ ကမ်းပါးတစ်ခုရဲ ဘေးမှ စမ်းချောင်းကလေးအနားတွင် အိပ်စက်နေခဲ့မိသည်။

"နိုးလာရင် ဒါလေးစားလိုက် ငါတို့ ဒီည လမ်းမပေါ်ရောက်ဖို့လိုတယ်"

သူကမ်းပေးလာသည့်
ပေါင်မုန့်ခြောက်က အာခေါင်တွေကိုနာလာစေသည်။
စမ်းချောင်းထဲကရေခပ်လာပေးသည်မို့မော့သောက်ခဲ့သည်။

ထို့နောက် သူ့ကိုတွဲကာ လမ်းဆက်လျှောက်ခဲ့ကြပြန်သည်။

အချိန်ကြာကြာ လမ်းကြမ်းကြမ်းသွားနေရသည်မို့ မောပန်းနေပေမယ့် ဘာမှမပြောရဲ။

နေ့တဝက်လောက်ကျိုးတော့ တော၏အဝေးတစ်နေရာမှအလင်းရောင်တချို့မြင်ရသည်။

"နောက်နာရီဝက်လောက်လျှောက်ပြီးရင် လမ်းမကြီးရောက်လိမ့်မယ်။
အဲ့က ခရီးသွားကားတွေလာရင် လမ်းကြုံနဲ့ လိုက်ပြီး တဘက်နိုင်ငံထဲ ဝင်လို့ရတယ်"

ထိုလူက ရှင်းပြနေပေမယ့် သူနားမလည်။
လူတွေကို ထားခဲ့ပြီးတသ်ယောက်ထဲ ကိုယ်လွတ်ရုန်းလာသည်မို့လိပ်ပြာမလုံဖြ်းနေသည်ကို ထိုလူက ရိပ်မိဟန်ရှိသည်။

"ငါတို့လွတ်မြောက်သွားခဲ့ရင် သူတို့ကို ပြန်ကယ်လို့ရပြီ"

ထိုစကားကြောင့် ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်ထားသည်။

"ဒိုင်း.. "

ဘယ်ကဘယ်လိုပေါ်လာမှန်းမသိသော သေနတ်သံကြောင့်
ထိုလူမှာ
တစ်ချက်တွန့်သွားကာ သူ့ကို မြေပြင်ပေါ် ဝပ်လိုက်စေသည်။

"သူတို့ လိုက်လာကြပြီ"

ပါးစပ်ကိုပိတ်ထားတာကြောင့် ဘာမှမပြောတက်။
ထိုလူညွှန်ပြသလိုသာ ခေါင်းညိတ်ရသည်။

"ဒိုင်း.. ဒိုင်း"

ထိုလူ၏ခါးမှ ဖွက်ယူခဲ့သည့် သေနတ်ဖြင့် ပြန်ပစ်နေသည်။
သူကြောက်လွန်းလို့တုန်ယင်နေသည်။

သူ့လက်က်ုထိုလူက ဆွဲကာ လမ်းမဘက်ဆီ ပြေးသည်။
နောက်မှပါလာသည့်လူတွေက တရစပ်ပစ်ခတ်နေကြသည်။

"ရှေ့တန်းတန်းကိုပြေးနှင့် ငါနောက်က လိုက်လာခဲ့မယ်"

ထိုလူက ရှေ့ကို လက်ညှိုးထိုး ပြသည်။
သူခေါင်းရမ်းပြတော့ ကျစ်စုတ်သတ်ကာ"ငါတို့နှစ်ယောက်လုံးသေကုန်လိမ့်မယ်" ဟု ဆိုသည်။

"ငါသူတို့ကို အချိန်ဆွဲထားမယ်။ မင်း ကားတစ်စီးတွေ့တာနဲ့ လိုက်သွား သူတို့က မင်းကိုအဓိက လိုချင်နေတာ"

သူခေါင်းကိုတွင်တွင်ရမ်းရင်း နှသ်ယောက်အတူ ထွက်လာခဲ့တာ
ပန်းတိုင်ရောက်ခါနီးမှ တစ်ယောက်ထဲ ဘယ်လို လိုက်သွားရမှာလဲ။

ဆူညံပစ်ခတ်သံတွေကြား သူကြောက်လန့်တကြား ထွက်ပြေးလာခဲ့ရတော့သည်။

ဒိုင်း... ။
လမ်းဆီ မရောက်ခင် ပိ
ကျယ်လောင်သည်ဟုထင်ရသည့်သေနတ်သံက နောကျကျောဘက်မှ ထွက်သည် သူလှည်ံမကြည့်ရဲ။

တစ်ကိုယ်လုံး ကိုက်ခဲနေသော်လည်း လမ်းမီဆီရောက်ဖို့အားယူပြေးနေရသည်။
ကမ်းပါးတစ်ခုကိုပြေးတက်နေရသလိုမောဟိုက်သည်။

ဟောတွေ့ပါပြီ။
ဖြောင့်ဖြူးမဲနက်နေသည့် လမ်းမကြီးတစ်ခု။

လမ်းမပေါ်ပြေးတက်လာကာမှ ပိုပိုဝေးလာသလိုရှိသည်။
မျက်လုံးဝေ ဝါးလာသည်။
ယိုင်ထိုးနေသည့် သူ့ခန္ဓာက အားမရှိတော့ ။
ပျော့ခွေ လာပြီ။

အဝေးမှ ကားတစ်စီး ဝိုးတဝါး မြင်နေရသလို။

မြေပြင်ပေါ်လဲကျသွားသည့် သူ့ကိုယ်လေးသည် မိုးကောင်းကင်ပြာပြာကြီးကို ဝါးတားတားမြင်နေရသည်။

စကားသံတွေက မကြည်မရှင်း။

"ဟာ .. ဒဏ်ရာတွေရနေတယ်။ ခေါ်သွားရအောင်"

အသက်ကြီးပိုင်း
အမျိုးသားကြီးနှစ်ဦး၏ စကားသံတွေ ရိသဲ့သဲ့ ကြားရသည်။
သူ့ခေါင်းလေးကို အသာအယာမယူနေပုံကိုခံစားမိသညိ။ထို့နောက်... ဘာမှမမှတ်မိတော့။

********

" ငါ့ကိုမှတ်မိသွားပြီပေါ့ ငါ့ရဲ့ရတနာလေး"

အဖိုးကြီးဟာ အာကာမင်းထက် မျက်နှာကို ကြည့်ကာ
ရွဲ့သည်။

"ငါ့နာမည် က လီရှန့်ဝေ လေ"

ထိုနာမည်... ထိုနာမည်ကို အာကာမင်းထက်သိသည်။
အိမ်မက်ထဲတွင် အမြဲပါလာတက်သည့်နာမည်။
ခေါင်းတွေ ကိုက်ခဲလာပေမယ့်
တစ်ခုခုကို အားယူစဉ်းစားနေပေမယ့် ရွံစရာဒီမျက်နှာကို
ဆွဲဖြဲပစ်ချင်လာသည်။

"အဟတ်.. ငါပိုက်ဆံတွေအများကြီး ပေးပြီးမင်းကိုဝယ်ထားရတာ။ မင်းကတော့ အဲ့ဒီ့ သောက်သုံးမကျတဲ့ အခြောက်ကောင်ကြောင့် ငါ့လက်ထဲကနေ ထွက်ပြေးသွားခဲ့တယ်"

အတွေးတွေက အနည်းငယ် စပ်စပ်မိလာသည်။
အတိတ်၊ အိမ်မက်နှင့်လက်ရှိကို စပ်စပ်ပုံဖော်နေရသည်။

"မင်းမသိတာက အဲ့ဒီ့သောက်ခြောက်ကောင်ရဲ့အားနည်းချက်လေး ဖြစ်တဲ့ကောင်လေးကို ငါက တစစီစားသုံးပြီး
အားပျော့တဲ့ကောင်လေးက စိတ်မကောင်း စွာပဲ တစ်ညထဲနဲ့ဈာန်လျှောသွားတယ်"

သူ့စကားတွေက တစ်ခုခုကို သတိရလာစေသည်။
"မင်းစားဖို့လိုတယ်" ဟူသည့်စကားသံကနားထဲ ပဲ့တင်ထပ်နေသည်။

"ဟတ်.."

တစ်ချက်ရယ်သံက သူ့ပါးပြင်ပေါ်ကျလာသည့် ရိုက်ချက်သံကိုဖုန်းမကွယ်နိုင်ခဲ့။

" အကိုကြီး.. "

စူးရှ၏ အော်သံကြောင့် လီရှန့်ဝေမှာ အာရုံပြောင်းသွားသည်။

"ဟေ့လူ ခင်များ ကျွန်တော့်ကို မကျေနပ်တာဆို မဆိုင်တဲ့လူတွေကိုဆွဲမခေါ်နဲ့"

လီရှန့်ဝေ အကျယ်ကြီးအော်ရယ်ပစ်လိုက်သည်။
အစက ထိုလူမှာ ယုယငယ်ကြောင့်ဖမ်းခေါ်လာခံရသည်ဟုထင်သော်လည်းခုတော့
အကိုကြီးဖြစ်သုနှင့်ပါပတ်သက်နေသည်ကိုကြည့်ပြီးစူးရှ ရှပ်ထွေးလာသည်။

ဘာပဲဖြစ်ဖြစ် ရောဂါအခြေအနေကြောင့် ယုယငယ်က သတိရတစ်ချက်မရတစ်ချက်ဖြစ်နေသည်မို့
စိတ်ပူရပြန်သည်။

"မင်းကိုရော မင်းရဲ့မွေးစားအဖေတွေရော ဟို သောက်ကလေးမလေးကိုရော တစ်ချိန်ထဲတစ်ပြိုင်ထဲမှာလက်စားချေဖို့ငါ့မှာပေးဆပ်ခဲ့ရတာအများကြီးပဲ။အချိန်တွေရောငွေတွေရော"

*******

"အဲ့ကားရဲ့ တည်နေရာကိုသိရပြီ"
ရဲမှူးပို့ပေးသောတည်နေရာကို
လင်းလတ်ကားမောင်းလာခဲ့သည်။
ရဲတွေရောက်နှင့်နေမသိပေမယ့် သူတို့လေိုက်သင့်သည်ပဲမလား။

အဖေနှစ်ယောက်ကကားနောက်ခန်းတွင် ထိုင်ကာလိုက်ပါလာသည်။

"သူတို့အားလုံးသာတစ်ခုခုဖြစ်လို့ကတော့ ဘယ်သူ့ကိုမှ အရှင်မထားဘူး"

လင်းလတ်၏ ကြိမ်းဝါးသံသည် ကားထဲတွင်သာ လိုက်ပါလာသည်။

********

"မင်းကို လျှို့ဝှက်ချက် တစ်ခုပြောပြရအုံးမယ်။"

လီရှန့်ဝေသည် အာကာမင်းထက်နားနားကပ်ကာတိုးတိုးပြောလိုက်သည်။

"ထွီး.. ဘာမှမကြားချင်ဘူး။ ငါ့ညီနဲ့ညီမလေးကိုပြန်လွှတ်ပေး"

"ဟင်း.. မလွှတ်ပေးနိုင်ပါဘူး"

ယုယငယ်ဆီတသ်လှည့်ပေစောင်းစောင်းကြည့်လိုက်ကာ
နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်ပြီး
ယုယငယ်၏ မျက်နှာပေါ်ကဆံပင်တွေကိုသပ်တင်ပေးလိုက်သည်။

"ဒီကောင်မလေးကိုလည်း ငါ့လုပ်ချင်သလိုလုပ်ပြီးပြီ"

စူးရှက ယုယငယ်အားမထိတထိလုပ်နေသော လီရှန့်ဝေကို ဒေါသထွက်သည့်အကြည့်ဖြင့်ကြည့်နေရုံသာတက်နိုင်သည်။
တင်းမာသောကြိုးတွေဆီက မရုန်းနိုင်။

ယုယငယ်၏ ဆံပင်တွေကို အားနဲ့ဆောင့်ဆွဲလိုက်တော့ နာကျင်မှု ကြောင့် အော်ငံယဲ့ယဲ့လေးနဲ့ ယုယငယ်မျက်စိပွင့်လာသည်။

"ရှင်ပဲ..လူလိမ် "

"အဟတ်.. အဟုတ်ပဲ။
အရင်က မင်းရဲ့ဒီမျက်လုံးတွေက မာကျောနေခဲ့တာပါ ခုတော့သနားစရာကြွက်မလေးလိုပဲ ကျွတ်ကျွတ်"

ယုယငယ်နားရွက်နားကို ကပ်ကာတစ်ခုခုကို တိုးတိုးလေးပြောလိုက်သည်။
ပြူးလာသည့် ယုယငယ်၏ မျက်ဝန်းတွေက ရွှန်းလဲ့လာကာ
တစ်ခုခုကို ပြောဖို့ အားယူနေစဉ်...

" ပြည်သူ့ရဲတွေ ဝိုင်းထားပြီ။လက်နတ်ချပြ အဖမ်းခံပါ "

ထွက်ပေါ်လာသည့်အသံကြောင့်ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြသည်။
သူတို့သုံးယောက်လုံး ကို လီရှန့်ဝေက သေနတ်ဖြင့်ချိန်ထားသည်။
ကျန်လူတွေက ထွက်ပေါ်လာသည့်
ရဲတွေရှိရာဘက် ကိုယ်စီနေရာယူကာ သေနတ်ကိုယ်စီဖြင့် ပြန်ချိန်ထားကြသည်။

" ငါက သေသွားလည်း ကိစ္စမရှိဘူး ဒါပေမယ့်
လက်စားချေဖို့အတွက်နဲ့ အသက်ရှင်နေခဲ့တာ"

ရဲတွေကလည်း ရှေ့တိုးမရ
လီရှန့်ဝေကလည်း အာကာမင်းထက်မျက်နှာကိုကြည့်ကာ
သေနတ်ဖြင့်တည့်တည့်ချိန်ထားသည်။

"ငါသေရင်တောင် သူတို့ကိုအပါခေါ်သွားမှာ"

ဒိုင်း... ။

တစ်စုံတစ်ယောက်စီမှ ထွက်လာသည့်သေနတ်သံကြောင့်
အားလုံး ပြာယာခတ်ကုန်သည်။

"ယုယငယ်.."

ယုယငယ်  စူးရှပုခုံးပေါ် ခေါင်းမှီကျသွားတော့သည်။

......

စာအမှားတွေပါရင် ဆောရီးပါခ။
ညနေမှ ပြန်ပြင်ပါတော့မယ်။

Seguir leyendo

También te gustarán

290K 33.5K 84
#Book-2 of Hidden Marriage Series. 🔥❤️ This book is the continuation/sequel of the first book "Hidden Marriage - Amazing Husband." If you guys have...
4.1M 170K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
2.8M 161K 50
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
460K 27.1K 44
The story continues to unfold, with secrets unraveling and new dangers lurking in the shadows. The Chauhan family must stay united and face the chall...