နူးညံ့တဲ့ အမိန့်တော် ( နူးညံ့...

Door Khant_Thon_Hlaing

367K 23.2K 1.5K

Military Service ပြီးဆုံးပြီး စစ်ပွဲတွေ ရပ်တန့်သွားခဲ့ရင် လှပတဲ့ နွေဦးတစ်ခုမှာ နတ်ဘုရား တွေကိုတိုင်တည်ပြီး... Meer

intro
part - 1
part - 2
Part - 3
part - 4
Part - 5
Part _ 6
Part - 7
Part - 8
Part - 9
Part - 11
Part - 12
Part - 13
Part - 14
Part - 15
Part - 16
Part - 17
Part - 18
Part - 19
Part - 20
Part - 21
Part - 22
Part - 23
Part - 24
Part - 25
Part - 26
Part - 27
Part - 28
Part - 29
Part - 30
Part - 31
Part - 32
Part - 33
Part - 34
Part - 35
Part - 36
Part - 37
Part - 38
Some Facts of my fiction
Part - 39
Part - 40
Part - 41
Part - 42
Part - 43
Part - 44
Part - 45
Part - 46
Part - 47
Part - 48
Part - 49
Part - 50
Part - 51
Part - 52
Part - 53
Part - 54
Part - 55
Part - 56
Part - 57
Part - 58
Part - 59
Part -60
Part - 61(Unicode )
Part - 61 Zawgyi
Part - 62
Part - 63
Part - 64
Final
ရှင်းလင်းချက်နှင့် ကျေးဇူးတင်လွှာ
Extra 1
Extra 2
Khant with Charles &Dream
Extra - 3
Special ending
Special ending

Part - 10

5.2K 384 32
Door Khant_Thon_Hlaing

( Unicode )

ကျောင်းအမျိုးသား အဆောင် တွင် ညချမ်း အချိန် စကားသံများ သီချင်းသံများနှင့် ဆူညံ နေလေသည်။
မင်းခန့် စာကြည့် စားပွဲ တွင် ထိုင်နေရင်းမှ
သူ့၏ အခန်းဖော် ဖြစ်သူ အား လှမ်းခေါ်လိုက်သည်။

"ချားလစ် "
"အေး ပြော "

"ငါတို့ နက်ဖြန် P3 ဖြေရမှာ ဘယ် အပုဒ်လဲ "

"အေး ငါလည်း အဲ့ဒါ မင်းကို မေး မလို့ဘဲ ငါ အဲ့နေ့ club ကိစ္စကြောင့် အတန်း မတက်တော့ မသိဘူး"

"ထင်သား ဘဲ မင်း မသိဘူး ဆိုတာ group Cb ထဲ ဘဲ ၀င်မေးလိုက်တော့မယ် "

"မင်း gp ပြောမှဘဲ ငါတောင် Facebook ပေါ် မရောက်တာ အတော် ကြာပြီ "

"မင်း​ဘယ်တော့ ဖုန်းအသစ် ပြန်ဝယ်မှာလဲ ဒီနေ့တောင် Dream က မင်းကိုadd ထားတာ ခုထိ မင်းလက်မခံသေးလို့ ဆိုပြီး ငါ့ကို လာမေးနေတာ"

"အိုး... သူငါ့ကို လာadd ထားတာလား "

"အေး ကြည့်ရတာ မင်း password မေ့နေတဲ့ အတောတွင်းကဘဲ လာadd ထားတာ ထင်တယ်"

မင်းခန့် စကားကြောင့် ချားလစ် သူ့fb acc ထဲ ပြန်ဝင်နိူင်ရေး password အား သေချာ ပြန်တွေးနေရသည်။

"ငါ ဘယ်လို တွေးတွေး ငါ့password ကို မမှတ်မိဘူး ဖြစ်နေတယ် "

"မင်း note စာအုပ်ထဲ မှတ်ထားမိသေးလား ရှာကြည့်လိုက်ဦး"

"ဟုတ်သားဘဲ ငါမှတ်ထား မိသလား မသိဘူး "

ချားလစ် သူနေ့စဥ် စာမှတ်နေကြ note စာအုပ်အား ထုတ်ကာ အစမှ သေချာ လှန် ကြည့်နေပြီ ဖြစ်သည်။မင်းခန့်ကတော့ စာကြည့်ခုံတွင် ထိုင်နေရင်း သူ့အား စိတ်ဝင်တစား လှမ်းကြည့်နေသည်။

"တွေ့လား "
"မတွေ့သေးဘူး"

"မင်း နာမည်တွေ ဘာတွေနဲ့များ မှတ်ထားမိတာလား "

"နာမည်.. "

ချားလစ် နာမည် ဆိုမှ တစ်ခုခု အား သတိရသွားကာ
"အား.... ငါမှတ်မိပြီ ကျေးဇူး မင်းခန့် "

Fb password မှတ်မိသည်နှင့် ကျောပိုးအိတ်ထဲ ထည့်ထားသော ဖုန်းသစ်အား ထုတ်လိုက်သည်။
မင်းခန့် ချားလစ် လက်ထဲမှ ဖုန်းအား မြင်လိုက်၍ စိတ်ဝင်တစား မေးလိုက်မိသည်။

"ဘယ်တုန်းက ဖုန်းပြန် ဝယ်လိုက်တာလဲ " "

"အဲ့နေ့ကဘဲ"

"သူဌေးတွေများ မိုက်ချက်..."

မင်းခန့် ထိုသို့ ရေရွတ်နေချိန်တွင် ချားလစ် သည် တော့ Data ဖွင့်ကာ ဖျက်ထားသော Facebook အားinstalling ပြန်တင်ကာ online ပေါ် တက်နေပြီ ဖြစ်သည်။

Dreamသူ့အား လာမadd ခင်တည်းတည်းက ပင်သူFb ပေါ် မရောက်ဖြစ်သည် ဖြစ်၍ အတော်ကြာနေပြီဖြစ်သည်။သူ သူ့ facebook acc ပေါ်တွင် တက် လာသော noti တစ်ခု ချင်းဆီအား စစ်ကြည့်လိုက်သည်။
ထို့နောက် သူ Dream အား လက်ခံ ရန် လိုက်ရှာလိုက်သည်။သူ့အား add friend လုပ်ထား သော လူ များနေ၍ သေချာ လိုက်ရှာ ရသည်။

"အာ မထူး ပါဘူး name ရိုက်ရှာ တာကမှ ပိုမြန်ဦးမယ်"

"မင်း ခုထိ စာမကျက်လဲ ဖုန်းကိုင်ပြီး ဘာထိုင် လုပ်နေတာလဲ "

မင်းခန့် ခုထိ စာအုပ် မကိုင်သေးဘဲ ဖုန်းတစ်လုံးနှင့် အလုပ်ရှုပ်နေသော ချားလစ်အား မနေနိူင်စွာလှမ်းမေးလိုက်သည်။

"ကျက်မှာ လုပ်စရာလေး ရှိနေလို့ "

ချားလစ်တစ်ယောက် Min EainMat Thit ဆိုသော နာမည်အား ရိုက်ရှာ လိုက်သည်။
Dream၏ လက်ရှိ profile ပုံမှာ ပင်လယ်ကြီးကိုနောက်ခံ ထားပြီး အဖြူရောင်တီရှပ်နှင့် မိုးပြာရောင် ရှပ်အား ဝတ်ဆင်ထားက အပြာနုရောင်ဂျင်းဘောင်းဘီတိုနှင့်ဖြစ်သည်။

ချားလစ်အဖို့ Dreamသည် ဘယ်အချိန်ကြည့်ကြည့် သူ့အတွက်တော့တကယ့်ကိုအကြည်ဓာတ်လေးပင် ဖြစ်လေသည်။

အရပ်ရှည်ကာ အသားဖြူပြီး တောင့်တင်းသည့်ခန္ဓာကိုယ်ကို ပိုင်ဆိုင် ထားသော Dreamသည် ကျောင်းတွင်တော့ နာမည်ကြီး ဖြစ်ဦးမည် ဟု ချားလစ် သေချာသိနေသည်။
Dreamနာမည်ကြီးလေ သူ၏ပြိုင်ဖက် များလာတော့မည်ဟု ချားလစ် တွေးမိသော် သက်ပြင်း ခပ်ဖွဖွ ချမိသွားသည်။

ထို့နောက် ချားလစ် ရှာတွေ့သွားသော acc အား နှိပ်လိုက်ကာ accpet လုပ်ရန် ပြင်စဥ် add friend ကြီး ပေါ် လာသည်။

"ဟမ် cancel သွားတာလား ဟ "

add friend ဆိုသော စကားလုံးကြောင့် ချားလစ် မဲ့ပြုံး ပြုံးမိသွားသည်။

"cancel လိုက်တော့လည်း fri မဖြစ်တော့ဘူး ပေါ့ကွာ "

ချားလစ်၏ ချေတတ်သော အကျင့်သည်လည်း အရင်တည်းက ရှိနေ၍ သွားအပ်ချင်စိတ် မရှိ။
သူ သွားမအပ်လျှင်ပင် Dream၏ လှုပ်ရှားမှု မှန်သမျှ အား တစ်ခြားနည်းနှင့် သူသိနိူင်လေသည်။ထို့ကြောင့် မထူးဇတ်ခင်းကာ Dream အကောင့်ထဲ ဝင်ကြည့်လိုက်သည်။
Wall ထဲ ဝင်ကြည့်နေရင်း ချားလစ် မျက်လုံး အနည်းငယ်ပြူးချင်သွားသည်။ အကိတ်ပုံများ 18+ပုံ များအား တကယ့် public နဲ့ကို share ထားခြင်း ဖြစ်လေသည်။

Share ထားသည်မှာလည်း သိပ်မကြာသေးသည့်ပုံပင်။ချားလစ် သူ့စိတ်ထဲမှ အနည်းငယ် သဝန်တိုသလိုလို စိတ်မကောင်းဖြစ်သလိုနှင့် ခံစားမိလိုက်သော်လည်း တစ်ခဏပင်။စိတ်ထဲမှ လည်း အနည်းငယ် ရယ်ချင်နေသည်။

'ဒီကောင်လေး လူကြီးလုပ်ချင်နေတာဘဲ
မင်းလေး က ပြေးမယ်ဆိုရင်တောင် ဒီကိုကြီး လက်ကနေ မလွှတ်နိူင်ပါဘူးကွာ'

ချားလစ် Dream wall ထဲ ဆက်ကြည့်ချင်စိတ် မရှိတော့၍ ဖုန်းကို ချကာ စာကျက်ခြင်းအမှုကို ပြင်ရတော့သည်။
မကျက် တော့ ၍ မရ နောက်နေ့၌ ကျူတို ပထမအကြိမ် ဖြေရတော့မည် ဖြစ်၍ အစလေးတော့ ကောင်းအောင် လုပ် ထားမှ ဖြစ်မည်။
အတန်း မှန် သူတိုင်း စာတော် မည်ဟု ထင်လျှင် မှားမည်။အတန်း မှန်သော်လည်း စာ မရသော သူ ထဲတွင်ချားလစ် လည်း ပါ၀င်သည်။အတန်း မှန်တာက သတ်သတ် စာ ကျက်ပျင်း၍စာမရတာက သတ်သတ် ဖြစ်သည်။

11:30 တွင် စာကျက်ခြင်း အမှု အား အပြီးသတ်ကာအိပ်ယာ ဝင်ခဲ့သော ချားလစ် သည်
ဘာဖြစ်မှန်း မသိ မနက် 2နာရီ ထိ အိပ်မပျော် နိုင် ဖြစ်နေခဲ့သောကြောင့် ချားလစ်သူ့ကိုယ်သူ ကျိန်ဆဲ မိလိုက်သည်။
ကြည့်ရသည်မှာ ဤညလည်း ညလုံးပေါက် မျက်လုံး ဖွင့်ထား ရမည့်ည ဖြစ်နိူင်သည်။

ကိုယ့်ကိုယ်ကို သက်သာပြီ ထင်ခဲ့သော်လည်းတကယ်ကိုပင် ထိုအကျိုးဆက်သည် သူ့အတွက် အတော် ဆိုးဝါး ခဲ့သည်။
'အိပ်လို့ မရတော့လည်း မအိပ်ဘူးကွာ'

အိပ်မရသည့် အဆုံး ဖုန်းဖွင့်ကာ အပေါ်ဆွဲ အောက်ဆွဲ လုပ်နေသော်လည်းဘာမှ စိတ်ဝင်စားစရာ မတွေ့ ။ထို့ကြောင့် ဖုန်းချအား ပြန်အိပ်စက်ရန် ကြိုးစား လိုက်သည်။

ထိုည၌ တစ်စုံ တစ်ယောက်သည်တစ်ယောက်ယောက်၏ accအားadd friend ပြုလုပ် ခဲ့လေသည်။သေချာ ကြည့်ခဲ့မည်ဆိုလျှင်
သူ၏ follow list ၌ တစ်ခုတည်းသော seefirst လုပ် ခံထားရသည့် ကောင်လေး တစ်ဦးပိုင် accအား တွေ့ရမည် ဖြစ်လေသည်။
_______

Dream ညနေခင်း ချိန်တွင် သူ့စာကြည့်ခန်းထဲ ဝင်လာကာ အခန်း သန့်ရှင်းရေး စလုပ်တော့သည်။သူ သန့်ရှင်းရေး မလုပ်ခင် ဖုန်းထဲမှ သီချင်းမြူးများ ဖွင့်ထားလိုက်သည်။ဆုတံဆိပ်များ ဒိုင်းများပေါ်တွင် တင်နေသော ဖုန်များအား သေချာသုတ်နေသည်။

စာအုပ်စင်များပါအစ သေချာ တိုက်ချွတ်ကာ ပုံးထဲမှ စက်ရုပ်လေးများ ကိုလည်း စင်ပေါ်တွင် သေချာ စီကာ တင်လိုက်သည်။ပါးစပ်မှ လည်း သီချင်း တဆာဆာနှင့် ဖြစ်နေကာ ရသည့် နေရာတွင် အသံကျယ်ကြီးနှင့် ထအော်တတ်သေးသည်။
"You can call me monster....... "

Dreamသာ် မြှောက်ကြွ မြှောက်ကြွ နှင့် စာကြည့်စားပွဲ သို့ သွားကာခန္ဓာကိုယ် လှုပ်ယမ်းရင်း သန့်ရှင်းရေး လုပ်နေသည်။စားပွဲပေါ်မှ မီးအိမ်အား ကောင်းမကောင်း ဖွင့်လိုက် ပိတ်လိုက် လုပ်ကြည့်နေသည်။

"အိုး အပစ် ခံထားရတာ ကြာတာတောင် ကောင်းသေးတယ်ဟ အင်း ဒီတံဆိပ်က မဆိုးဘူးဘဲ "

ထို့နောက် ခုံအား သေချာ သုတ်ကာ ပါးစပ်မှလည်း သီချင်းဆိုရင်း တစ်ခါတစ်ရံတွင်တော့ အခန်းထဲမှ ပစ္စည်းများအား သက်ရှိလို သဘောထားကာ စကား ပြောနေသေးသည်။

"ဖေ့သား သမီးတွေ ဖေကြီး မင်းတို့ကို အကြာကြီး ပစ်ထား မိတာ တောင်းပန်ပါတယ်ကွာ ဒီနေ့ကစပြီး ဖေကြီး ပြန်လာပြီမလို့ မင်းတို့ မပျင်းရတော့ပါဘူး "

Dream အခန်းအား တစ်ချက် ဝေ့ကြည့်ကာ

"အင်း TV တစ်လုံးလောက် ထပ်ထည့်ရမယ် အလယ်မှာ TVကြည့်ရင်း ထိုင်ဖို့ ဆိုဖာ တစ်ခုလည်း ထပ်ထည့်ရမယ် "

Dream မှန်ဖြင့် ကာထားသော ခပ်နိမ့်နိမ့်ပြတင်းပေါက် နားရှိ ကုတင်လို ပြုလုပ်ထားသော လူတစ်ယောက် လဲအိပ်စာ နေရာသို့ သွားကာ ထိုနေရာအောက်မှ စီထားသော စာအုပ်များအား ထုတ်လိုက်သည်။သူမှတ်မိသလောက် ဤနေရာတွင် စီထားသော စာအုပ်များမှာ ဘာသာပြန် စာအုပ်များပင်။

သူ ငယ်စဥ်က စာအုပ် ဖတ်ရသည်အား အတော် နှစ်သက်သည်။ ထို့ကြောင့် သူ၏ အဖွားသည် သူ့အား ကောင်းနိူးရာရာ စာအုပ်များစွာကို ဝယ်ပေးခဲ့သည် သာမက သူ၏ မိခင်လည်း သူ့အတွက် တစ်ချို့ ဝယ်ပေးခဲ့ဖူးသည်။ အဖွား ဖြစ်သူ ဆုံးပြီး နောက်ပိုင်းမှ သာ သူ့ဘဝ ကမောက်ကမ ဖြစ်ကာ စာအုပ်ဆိုလည်း မကိုင်ဖြစ်တော့ဘဲ ယောင်ဝါးဝါး စမ်းဝါးဝါးနှင့် လူဆိုးလိုလို လူမိုက်လိုလို ဖြစ်လာခဲ့သည်။
Dream စင်အပေါ်မှ လဲချ၍ စာဖတ်လို့ရအောင် လုပ်ထားသော ကုတင်လိုလို ခပ်သေးသေး နေရာအား ကြည့်ကာ

"အင်း ဖုန်တွေ ချည်းဘဲ အခင်းလည်း လဲရမယ် ဒီဟာကိုတော့ အောက်က လူတွေကိုဘဲ ခိုင်းရတော့မှာဘဲ "

အောက်က လူများ ဆိုသည်မှာ သူတို့မိသားစုအိမ်တွင် အလုပ်လုပ်နေသော အိမ်ဖော်အလုပ်သမ များအား ဆိုလိုခြင်း ဖြစ်၏။

ထို့နောက် စာကြည့် စားပွဲဘက် ပြန်လာကာ သူ့ အကြည့်များက ဘောပင် ထည့်ထားသည့် ခွက်သို့ ရောက်သွားသည့် ခဏ သူ့လက်များက ဘောပင် ထည့်ထားသော ခွက်အား မလိုက်ကာ အထဲမှ ဘောပင်များအား စားပွဲပေါ် သွန်ချ လိုက်သည်။စားပွဲပေါ်မှ ဘောပင်များ ခဲတံများကြားတွင် ထူးဆန်းစွာ ရှိနေသော အနက်ရောင်လက်ပတ်ကြိုးတစ်ခုသည်  သူ့အာရုံအား ဆွဲဆောင် သွားလေသည်။
Dream ထိုလက်ပတ်အား စိတ်လှုပ်ရှားစွာ အလျှင်အမြန် ကောက်ယူလိုက်ကာ သေချာကြည့်လိုက်သည်။
အဖြူရောင် ကြယ်သီး ကိုမှ ကြယ်သီးပေါက်တွင် အနက်ရောင် ချည်ကြိုးများဖြင့် ထိုးထားသော သူ့အကြိုက်ဆုံး လက်ပတ် ဖြစ်နေသည် ။ထိုကြယ်သီးလေး မပျောက်စေရန် Dreamသည် သူကိုယ်တိုင် လက်ပတ်အဖြစ်ထိုးကာ ဝတ်ဆင်ခဲ့သော ပစ္စည်းလေး ဖြစ်သောကြောင့် သူ မမှားနိုင်ပေ။
ပျောက်သွားပြီဟု သူထင် ခဲ့သော ပစ္စည်းလေးက တစ်ချိန်လုံး ဒီထဲ ရှိနေခဲ့လေသည် ။
Dreamသည် ပျော်လွန်း၍ ထအော်မိမတတ်ပင်။ပစ်ထား ခံရသည်မှာ ကြာပြီ ဖြစ်၍ အနက်ရောင် ကြိုးလေးများသည် ဖုန်များကြောင့် အဖြူရောင်ပင် သန်းချင်နေပြီ ဖြစ်သည်။Dreamသည် ကြိုးမှ ကြယ်သီး အဖြူလေးအား လက်မလေးနှင့် ညင်သာ စွာပွတ်ကာ ပြုံးလိုက်မိသည်။

ထိုကြယ်သီးလေးသည် သာမာန် အင်္ကျီကြယ်သီးလေးသာ ဖြစ်ကာ ဘာမှ အဖိုး မတန် ဟုထင်ရသော်လည်း Dream အတွက်တော့ မတူ ။ဤကြယ်သီးလေးက သူမျက်လုံးပြဿနာကြောင့် ဝိုးတိုးဝါးတားသာ ရုပ်မြင်ခဲ့ရသော သူ့အားကူညီခဲ့သူ၏ ရှပ်အင်္ကျီလက်မှ တပ်ထားခဲ့သည့် ကြယ်သီးလေး ဖြစ်သည်။

ထိုလူသားအား Dreamမမြင်ဖူး၊သူ့ရုပ်အား Dream မမှတ်မိ ထိုသူ မည်သူမှန်းလည်း Dream မသိခဲ့။ သို့သော် ပထမဆုံးအဖြစ် ထိုသူစိမ်း ရှေ့တွင် သူငိုခဲ့သည်။ပထမဆုံး အကြိမ်အဖြစ် ထိုသူစိမ်းက သူ့အား အထင်မသေးဘဲ မျက်ရည်သုတ်ပေးခဲ့သည်။

ထိုသူစိမ်း ရင်ခွင်ထဲ သူပထမဆုံး ခေါင်းတိုး ငိုခဲ့စဥ်က ထိုသူသည် မေးခွန်း တစ်ခွန်းမှပင် မမေးခဲ့ဘဲ သူ့အား နှစ်သိမ့် ခဲ့သည်။ထိုသူစိမ်းသည် သူအာရုံလွှဲအောင် စကားတွေ အများကြီး ပြောပေးခဲ့သည်။ထိုလူသားနဲ့ အတူ ပထမဆုံး အကြိမ်အဖြစ် လူနှစ်ယောက် နားကြပ်တစ်ဖက်စီဖြင့် သူ သီချင်းအတူနားထောင် ဖူးခဲ့သည်။

သူ့သူငယ်ချင်း သုံးယောက်သည် သူ့အား
အဆင့်မြင့်တက္ကသိုလ်အား ရွေးချယ်၍ ရသော်လည်း အဘယ့်ကြောင့် သာမာန်တက္ကသိုလ်ကိုသာ ရွေးချယ်ရသနည်းဟု သူ့အား မေးခဲ့သည်ကို Dreamမှတ်မိသေးသည်။ထိုစဥ် အခါက အကြောင်းရင်းကို သူ သေချာ မပြောပြဖြစ်ခဲ့ပေ။
သို့သော်Dreamသည် စွယ်တော်မြေ သို့ လာရခြင်း အကြောင်းအား သူ၏နှလုံးသား ထဲမှ နက်နက်ရှိုင်းရှိုင်း သိနေလေ၏။
အကြောင်းမှာ ထိုသူစိမ်းသည် ဤသာမန်တက္ကသိုလ်လေးတွင် ရှိနေ၍ ဖြစ်၏။

သို့သော်လည်း ယခုချိန်ထိ ထိုသူစိမ်းလူသားအား Dream ရှာမတွေ့သေး။Dream ထို လက်ပတ် ကြိုးအား သူ၏ လက်ကောက်ဝတ် တွင် ဝတ်လိုက်ကာ သူခပ်တိုးတိုး ရေရွတ်လိုက်မိသည်။

"ခင်များ ဘယ်နေရာမှာများ ပုန်းနေတာလဲ အစ်ကိုရေ ကျွန်တော် နောက်မကျ သေးဘူး မလား ခင်များ ကျောင်းမပြီးလောက်သေး ပါဘူးနော် တစ်ခေါက်လောက်ဖြစ်ဖြစ်တော့ ခင်များ ကို သေချာတွေ့ပြီး ခင်များရဲ့ သြရှရှ အသံနဲ့ ခင်များ ရုပ်ကို မှတ်မိအောင် အလွတ် ကျက်ချင်သေးတယ် ကျွန်တော်တို့ ရေစက်က အဲ့ဒီနေ့မှာဘဲ ကုန်သွားတာတော့ မဟုတ်လောက် ပါဘူးနော် "

သူသည် မည်သူ့ကိုမှ သဘောမကျဖူးခဲ့သလို မည်သူ့ကိုမှလည်း မချစ်ခဲ့ဖူးပေ။ မည်သည့်သူစိမ်းနဲ့မှလည်း ရင်းနှီးအောင် မနေခဲ့သလို မည်သည့်သူစိမ်းရှေ့မှာ မှလည်း မငိုကြွေးခဲ့ဖူးပေ ။

သူသည် ယောကျာ်းများကိုလည်း စိတ်မဝင်စားသလို ယောကျာ်းချင်း ကြိုက်တဲ့ သူတစ်ယောက်လည်း မဟုတ်ခဲ့ ။
သို့သော် ထိုသူစိမ်း၏ ဖြစ်တည်မှုလေးသည်တော့ သူ့နှလုံးသားအား လှုပ်ခတ်စေခဲ့ဖူးသည် ။ချစ်တာမျိုးလည်း မဟုတ်၊ကြိုက်တာမျိုးလည်း မဟုတ်သော်လည်း ယောကျာ်းချင်း ပေမဲ့ ထိုလူသားအား အားကိုးချင်စိတ်တွေ ဖြစ်ခဲ့ဖူးသည်။ထိုလူသား ထံမှလည်း နွေးထွေးမှု တစ်စုံတစ်ရာကို သူမျှော်လင့်မိသေးသည်။

_____________

IR 1st year တွင် 11 ခွဲ သည် paper 2 ( Introduction to International Relations -1)အချိန် ဖြစ်ကာ
အခန်းထဲတွင် အလွန် တိတ်နေသည်။

"တီချယ် မနေ့က ပြောခဲ့တယ် ဒီနေ့ Territorial Disputes( ပိုင်နက် နယ်မြေ အငြင်းပွားမှု)သင်မယ် ဆိုပြီးနော် စာလည်း ကြည့် လာခိုင်းတယ် ပြီးတော့ Foreign Policy အကြောင်း လည်း ရှာ လာခိုင်းတယ် ကြိုက်တဲ့ သူ မေးမယ် လို့လည်း ပြောခဲ့တယ်နော် "
တီချယ် ဒေါ် နှင်းလွင် ၏ စကား သံ အဆုံး အားလုံး တိတ်နေကြသည်။စိတ်ထဲမှလည်း ငါ့ကို မမေးပါစေနဲ့ ဟု ဆုတောင်းကြမည် မှာကျိန်းသေပင်။

မူလတွင် ဆရာမက ရုပ်တည်ကြီးနှင့် ပြောနေသဖြင့်ကျောင်းသား များလည်း အနည်းငယ် လန့်ချင်နေသည်။ ဆရာမနှင့် ကျောင်းသားများ ရင်းနှီးမှု မရှိသေး၍လည်း ဖြစ်ကောင်း ဖြစ်နိူင်မည် ။ကျောင်းသား/သူများ တိတ်နေ၍ တီချယ်က ပြုံးကာ
"အမလေး တစ်ယောက်မှလည်း ထမပြောကြဘူး
မကြောက်ကြပါနဲ့ဟဲ့ ငါ နင်တို့ကို ဘာမှ မလုပ်ပါဘူး "

ထို အထိ မည်သူမှ မထ ကြသေးပေ။
"ဘယ်သူမှ မထကြတော့ နာမည် ခေါ်ပြီးဘဲ မေးတော့မယ် "

ထိုစဥ် အတန်းထဲက မိန်းကလေး တစ်ယောက် ထလာသည်။တစ်ခြားသူတော့ မဟုတ် သွက်သွက် လက်လက် EC မပင် ဖြစ်သည်။

"ဟယ် မိန်းကလေး က အရင် ထရတယ် ယောကျာ်းလေးတွေ နင်တို့ မရှက်ကြဘူး လား
ကဲ သမီး နိဒါန်း ပြော Foreign Policy ရဲ့ အကြောင်း လေးပေါ့ "

"ဟုတ် "
ထို့နောက်အခန်း ထဲတွင် EC မ၏ ရှင်းပြသံသာ ကြားရတော့သည်။

"နိုင်ငံခြားရေးမူဝါဒဆိုတာ အမျိုးသားအကျိုးစီးပွားရေးကာကွယ်ဖို့နဲ့ နိုင်ငံတကာဆက်ဆံရေးနယ်ပယ်မှာ နိုင်ငံရဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့ အတွက် နိုင်ငံက ချမှတ်ထားတဲ့ မဟာဗျူကျတဲ့ အခြေခံမူဖြစ်တယ်။
အခြေခံအားဖြင့် Isolationism (တံခါးပိတ်ဝါဒ) ၊ Neutralism (ဘက်မလိုက်ဝါဒ) ၊ Internationalism (နိုင်ငံတကာပူးပေါင်းဆက်ဆံရေးဝါဒ) ၊ Hegemonism (ဩဇာအာဏာလွှမ်းမိုးရေးဝါဒ) နှင့် Imperialism (နယ်ချဲ့ဝါဒ)ဆိုပြီး နိုင်ငံခြားရေးမူဝါဒ (၅) မျိုးရှိတယ် "

"ရပြီ သမီး "
ဆရာမ၏ တားမြစ်သံကြောင့် EC မသည် ဆက်မပြောတော့ပေ။

"ကဲ ယောကျာ်းလေး တစ်ယောက် လောက်
Isolationism ( တံခါးပိတ်ဝါဒ ) အကြောင်း ထပြော နိုင်မလား "

အခန်းကို ဝေ့ကြည့်တော့ ယောကျာ်းလေး တစ်ယောက်မှ မထ သဖြင့် သူရိန်၏ ဆော်သြ တွန်းတိုက်မှုကြောင့် Dream ထလိုက်ရသည်။

ထို့ကြောင့် အားလုံး၏ အကြည့်သည် Dream ဆီ ရောက်လာသည်။ ဆရာမ က သူ့အားကြည့်ရင်း ပြုံးလိုက်ကာ
"သားနာမည်က "
"မင်းအိပ်မက်သစ်ပါ "

"နာမည်က အဆန်းလေးဘဲ လူကလည်း ချော
မိန်းကလေးတွေတော့ ဝိုင်းနေတော့ မှာဘဲ "

ဆရာမ၏ စနောက် စကားကြောင့် Dream တစ်ယောက်ရှက်ကာ မျက်နှာများ အနည်းငယ် နီရဲ လာသည်။ထို့အတူ အတန်းသား များ ပါ ပြုံးစိစိ ဖြစ်ကုန်ကြ၏။

"ကဲ ​Isolationism အကြောင်း သားနားလည်သလောက် ပြောကြည့် "

"ဟုတ်..... Isolationism (တံခါးပိတ်ဝါဒ) ဆိုတာ နိုင်ငံတကာနဲ့ အဆက်ဆံမပြုဘဲ ကိုယ့်ပြည်တွင်းရေးကိုဘဲ အာရုံစိုက်တဲ့ နိုင်ငံတွေဟာ Isolationism (တံခါးပိတ်ဝါဒ) ကိုကျင့်သုံးကြပါတယ်။
တံခါးပိတ်ဝါဒကျင့်သုံးခြင်းကြောင့် တစ်ခြားနိုင်ငံတွေနဲ့ ပဋိပက္ခဖြစ်ပွားလေ့မရှိဘူး ။
ဒါပေမဲ့ တွေ့ရသလောက် တံခါးပိတ်ဝါဒကျင့်သုံးတဲ့ နိုင်ငံတွေရဲ့စီးပွားရေးဟာ ဖွံ့ဖြိုးတိုးတက်မှုမရှိ တာ များတယ်။နိုင်ငံတကာနဲ့ ဆက်ဆံရေးနည်းတဲ့ အတွက် ခေတ်နောက်ကျကျန်ခဲ့တာမျိုးလည်း ဖြစ်တတ်တယ်။Globalization ခေတ်မှာ တံခါးပိတ်ဝါဒကျင့်သုံးတဲ့နိုင်ငံတွေ မရှိသလောက်ရှားပေမဲ့ ဘူတန်နိုင်ငံကတော့ (Partial Isolationism ဝါဒ) တံခါးပိတ်ဝါဒကိုတစိတ်တပိုင်းကျင့်သုံးနေတဲ့နိုင်ငံဖြစ်နေတာကို တွေ့ရတယ်။

ဟိုးအရင် တရုတ်နိုင်ငံ (မင်မင်းဆက်ခေတ်) ၊ ကိုရီးယားနိုင်ငံ (ဂျိုဆန်မင်းဆက်ခေတ်) ၊ ဂျပန်နိုင်ငံ (တိုကူဂါဝါရှိုးဂန်းခေတ်)မှာ တံခါးပိတ်ဝါဒကိုကျင့်သုံးခဲ့ကြတယ်။
မြန်မာနိုင်ငံကလည်း ၁၉၆၂ ကနေ၂၀၁၀ ( ဦးနေဝင်းကနေ ဦးသန်းရွှေ လက်ထက်) အထိ နိုင်ငံတကာနဲ့ မဆက်ဆံဘဲ နှစ်ပေါင်း ၅၀ နီးပါးတံခါးပိတ်ဝါဒကိုကျင့်သုံးခဲ့ကြတယ်။အမေရိကန်ပြည်ထောင်စုကလည်း ပထမကမ္ဘာစစ်မဖြစ်ခင်အထိ နိုင်ငံတကာရေးရာတွေနဲ့ ကင်းကင်းရှင်းရှင်းနေပြီး တံခါးပိတ်ဝါဒကျင့်သုံးခဲ့ကြတယ်။ဒါပေမဲ့ အမေရိကန်ကတော့ နိုင်ငံတကာနဲ့ စီးပွားရေးအရ ဘဲ ဆက်ဆံတဲ့ တံခါးပိတ်ဝါဒမျိုးကိုကျင့်သုံးခဲ့တာ တွေ့ရတယ် "

ပြည့်စုံ လောက်ပြီ ဟု ထင်ရသော ရှင်းပြချက် အဆုံးဆရာမ ၏ ခေါင်းငြိတ်အသိမှတ်ပြုချက်ကိုရလေသည်။

ချားလစ် တို့ အဖွဲ့သည် King Queen selection ရွေးရန်
First year များရှိရာ အဆောင်၄ အပေါ်ထပ်သို့ တက်လာကြရာ first year အခန်းရှေ့ ရောက်မှ အဖွဲ့ လိုက် ဝင်ရန် ပြင်ကြသော်လည်း
စာသင်ခန်းထဲ foreign policy အကြောင်း ပြောနေ၍ ထိုကောင်လေး ပြော အပြီး ကို အခန်း အပြင်တွင်သာရပ်ကာ စောင့်နေရင်း နားထောင် နေကြသည်။ ချားလစ် သည် သူ့ အရှေ့ မှ မိန်းကလေး အချို့၏တီးတိုး တီးတိုးနှင့် ပြောနေသော စကားများကိုလည်း အတိုင်းသား ကြားနေရသည်။

"ဟက်ရေ... အဆင်လေးနော် ချောလိုက်တာ "
"အေးဟ စာရှင်းပြ သွားတာ လည်း အတော်မိုက်တယ် "

"ဟိ ဟိ ငါဆို ခုထိ foreign policy အကြောင်း သေချာ ဂဂ နန မလေ့လာ ရသေးဘူး
ဂျူဂျူလေးတော့ ငါ့ထက် သာသွားပြီ "

ချားလစ် သူငယ်ချင်းThird year ရဲ့ Queen မ ဖြစ်တဲ့ မြတ်လေးနွယ် စကားကြောင့် လှောင်သလိုလို စနောက်ကာရယ်ရင်း ပြောလိုက်သည်။

"အတန်းမှ သေချာ မတက်တာ သိမလား
စာတမ်းတွေ assignmentတွေ တင်ရမှာလည်း ပျင်းသေး google ကနေ copy paste ဘဲ လုပ်နေတာကို"

ချားလစ်၏ ဒဲ့တိုး ဆန်သော စကားကြောင့်
မြတ်လေးနွယ်၏ မျက်စောင်း သည် သူ့ထံရောက်လာသည်။

ချားလစ် စိတ်ထဲမှလည်း Dream ဆိုသော ကောင်လေးအား မှတ်ချက်ပေးလိုက်သည်။
"မဆိုး ပါဘူး စာသေချာ လိုက်လုပ်သားဘဲ "

ထိုစဥ် final မှ အစ်ကို တစ်ယောက်က ဆရာမအား ဝင်ခွင့်တောင်းလိုက်ရာ ဆရာမ သည် ဝင်ခွင့်ပေး၍ သူတို့အဖွဲ့လည်း အခန်းထဲ
ဝင်လာ ခဲ့သည်။ဂျူဂျူ လေးများသည်တော့ သူတို့အား စိတ်ဝင်တစား ကြည့်နေကြသည်။

"မင်္ဂလာပါ ညီလေးတို့ ညီမလေး တို့ အစ်ကိုတို့ ဒီနေ့ လာတာက မကြာခင် လာမဲ့ အစ်ကိုတို့ ဌာန fresher Welcome အတွက် King Queen တွေ လာရွေးတာပါ "

ထို အစ်ကို၏ စကားကြောင့် အခန်းတွင်း ဂျူနီယာ လေးများ၏ ခပ်တိုးတိုး  အသံ များထွက်လာသည်။
ချားလစ် ဤအခန်းအတွက် King selection များအား စိတ်ထဲမှ ရွေးထားပြီး ဖြစ်သည်။ သို့သော် နှုတ်မှ ထုတ်မပြော ဖြစ်ပေ။

ချားလစ် အခန်းထဲ ဝင်ကာ အတန်းရှေ့ စင်မြင့် တွင်သာ ထိုင်နေလိုက်သည်။
သူအား ကြည့်နေသော ဂျူဂျူလေးများအား ကြည့်ကာ ပြုံးပြလိုက်ရာ သေချာပေါက်ပင် ထိုကလေးမလေးများ ရှက်သွားကြလေသည်။ ချားလစ်Dream တို့ ခုံအား လှမ်းကြည့်သော် သွက်လက်လှသော Queenမ နှင့် သူမ၏ သူငယ်ချင်းမသည် Dreamတို့ ခုံနား သို့ပင် ရောက်နေချေပြီ ။

Dreamသည် ထို king ၊ Queen  ကိစ္စများအား စိတ်မဝင် စား၍ ဆရာမ သင်မည့် အကြောင်းအရာ များကိုသာ ကြိုဖတ်ထားရန်ဆုံးဖြတ်လိုက်သည်။
သေချာ သည်က ဘေးမှ သူငယ်ချင်း သူရိန်သည်လည်း ထိုကိစ္စကို စိတ်ဝင်စား မည် မဟုတ် ။
သို့သော် သူတို့ ခုံဘေးသို့ အစ်မ နှစ်ယောက်ရောက်လာသည်။ သူမတို့သည် အတော်တော့ ချောကြသည် ကိုတော့ သူရိန်ဝန်ံခံ ရမည်။

သူမ တို့က သူ့အား ကြည့်ကာ
"မောင်လေး King ဝင်ပြိုင်ရမယ်နော် "

"ဗျာ "

"ပြီးတော့ဘေးက မောင်လေးရောဘဲ "

သူတို့ နှစ်ယောက် ပြေးပေါက် ပိတ်သလို ခံစားနေရသည်။တကယ်ကို အမိန့်ပေး နေသလို ပင်။

သို့သော်  သူ့ထက် အကြီး ဖြစ်နေ၍ Dream အေးဆေးသာ ပြန်ငြင်းလိုက်သည်။

"အားတော့ နာပါတယ် အစ်မ ကျွန်တော် ဝင်ပြိုင်မှာ မဟုတ်ဘူး "

"ဘာလို့လဲ မောင်လေးတို့က Mail box ထဲ ပါတည်းက အတော်ကို popular ဖြစ်နေပြီးသားကို "

"ကျွန်တော်တို့ တကယ် မပြိုင် ချင် လို့ပါ "
ထိုစကားသည် သူရိန်ထံမှ ထွက်လာခြင်း ဖြစ်သည်။

"ဘာလို့ မပြိုင်ချင် ရတာလဲ "

"ကျွန်တော် တို့ကို လူတွေ အာရုံ စိုက်နေတာမျိုး မလိုချင် လို့ပါ "
သူရိန်က ခပ်ပြုံးပြုံး ပြန်ဖြေလေသည်။

ထိုအစ်မက ထူးဆန်းသလို သူတို့အား ကြည့်ကာ ပြုံး လိုက်သည်။

"လူတိုင်းက တစ်ခြားသူတွေ ဆီက Attention ရအောင် လုပ်ယူနေချိန်မှာ
မင်းတို့ကတော့ အာရုံစိုက် မခံချင်ဘူး ဆိုတော့ နည်းနည်း ထူးဆန်း နေသလိုဘဲ "

"အာ... ကျွန်တော် တို့ သူငယ်ချင်းတွေက အဲ့လိုဘဲဗျ"

"ကိစ္စမရှိပါဘူး မပြိုင်ချင်လည်း ရပါတယ် "
သူမရဲ့ စကားကြောင့်သူတို့ နှစ်ယောက် ကျေနပ်အပြုံးဖြင့် ပြုံးပြလိုက်သည်။

"ဒါပေမဲ့... "

Dream အနည်းငယ် စိတ်မရှည် ချင်တော့ပေ။

'မပြိုင်ချင်ပါဘူး ဆိုနေ ဘာ ဒါပေမဲ့တွေ ဆက်လုပ်ချင်နေကြသေးလဲ မသိဘူးကွာ '

"မင်းတို့ နှစ်ယောက်ထဲက တစ်ယောက်တော့ ဝင်ပြိုင်ရမယ် "

"ဗျာ "
ထိုအသံသည် Dreamတို့ နှစ်ယောက်လုံး ထံမှ ဖြစ်၏။

"ဟင်း ဟင်း ဒီ စီနီယာ အစ်ကို အစ်မတွေနဲ့ ဆရာမတွေမင်းတို့ကို ငြိုငြင်သွားမှာတော့ မင်းတို့ မကြိုက်ဘူး မလား "

"နှစ်ယောက်လုံး ကို ခေါ်ရတာတော့ အားနာပေမဲ့ မင်းတို့က တကယ် rule တွေ နဲ့ ကွက်တိကျနေလို့ပါ ဒီအခန်းထဲ အချောတွေ ပေါပေမဲ့ မင်းတို့က အရပ်ရှည်တော့ ပိုသင့်တော်တယ်လေ "

ဘေးမှ အစ်မ တစ်ယောက်ပါ ပြောလာသော် Dreamနှင့် သူရိန် မှာ ဘာလုပ်ရမယ်မှန်း မသိတော့။ထို့ကြောင့် Dreamသည် သူရိန်ဘက်လှည့်ကာ အသနား ခံသလို ကြည့်လိုက်သည်။

စိတ်ထဲမှလည်း အချင်းချင်း ရန်တွေ့နေကြသည်။

"မင်း ဝင်ပြိုင်လိုက် "
Dream ၏လူယုတ်မာ အပြုံးနှင့် စကားကြောင့်သူရိန် သူ့ အား စိတ်ထဲမှ ကျိန်းသေ ကျိန်ဆဲနေမည်ဖြစ် သည်။မတတ်နိူင်သည့်အဆုံးသူရိန် သက်ပြင်း ချကာ ခေါင်းငြိတ်လိုက်ရသည် ။

"Ok ဒါဆို မောင်လေးနာမည် နဲ့ ဖုန်းနံပါတ်လေး တစ်ချက်လောက် ပေးပါလား "

မြတ်လေးနွယ်နဲ့ သူ့သူငယ်ချင်းမ သည်လည်း လျင်သည်။ချက်ချင်းပင် နာမည်နဲ့ ဖုန်းနံပါတ်အား တန်းမေးတော့သည်။ သူရိန် သူမတို့အား နာမည်နှင့် ဖုန်းနံပါတ် ရေးပေး ပြီး၍သူမတို့လည်း အတန်းရှေ့ ပြန်သွားကြသည်။
သူမတို့ နှစ်ယောက် သူရိန်၏ သူငယ်ချင်းများအား အပြစ်တင်လိုက်သောအသံကို သေချာ ပင် ကြားလိုက်ရသေးသည်။ချောမော ရခြင်းသည်လည်း ဝဋ့်တစ်ခုပင် ။

ခဏကြာ ထို စီနီယာ အဖွဲ့ သည်လည်း ဆရာမ အားနှုတ်ဆက်ကာ ထွက်သွားကြတော့သည်။

"ကဲ တို့လည်း TD ကို ဆက် ဆက်ကြတာပေါ့"

တစ်ဖြည်းဖြည်းနှင့် ကျောင်းသား များသည်
ဆရာမ ဒေါ် နှင်းလွင် ၏ စာရှင်းပြမှုအောက်
သေချာ အာရုံ စိုက် လာကြသည်။ သို့သော်
ခဏသာ ဖြစ်သည်။
အကြောင်းမှာ နာရီ လက်တံ အရှည်သည်12: 15 သို့ ညွှန်နေပြီ ဖြစ်သောကြောင့် အကုန်လုံး၏အစာအိမ်သည် စတင် ဆန္ဒပြ လာပြီ ဖြစ်သည်။ဆရာမ သည် စာပိုဒ်ကို အပြတ် ဖြတ်ချင်၍ 12 ခွဲသော်လည်းအတန်း မလွှတ်ပေးသေးဘဲ ဆက်သင် နေသည်။Dream ဆိုတဲ့ ကောင်ကလည်း 12ခွဲ သည်နှင့်ဒေါင် ခနဲ ကန်တင်း ပြေးချင်သူ ဖြစ်သည်။
ဗိုက်ဆာ လာလျှင် လူက အလိုလို ဒေါသ ထွက် လာသည်။ ညနေ 1နာရီ tuto လည်း ဖြေရဦးမည်ကို 12: 45 မှသာ အတန်း ဖြုတ်ပေးသည်။

အခြား ရက်တွေ ဆိုလျှင် ဆရာမသည် 12: 15 ရောက်သည်နှင့်ဖြုတ်ပေးလေ့ ရှိသည်။ ယနေ့  မှသာ သင်ခန်းစာ အပြတ် ဖြတ် ချင်သဖြင့် ဆရာမသည် အချိန်ပို ယူခြင်း ဖြစ်သော​ကြောင့် သူတို့ အပြစ်တင်၍လည်းမရ။

ကျောင်းသားများမှာ ဆရာမ ထွက်သွားသည်နှင့် စာအုပ် အမြန်သိမ်းကာကန်တင်း ပြေးကြသည်။ သူရိန်နှင့် Dreamသည် အဆောင်အောက် ဆင်းမည် ကြံစဥ် ဌာန အထပ်အရောက် p1သင်သောဆရာမနှင့် ဆုံလေ၏။

"သားတို့က IR ကမလား "

"ဟုတ်ကဲ့ တီချယ် "

"အေး အဲ့ဒါဆို tuto ဖြေဖို့ တစ်ခါတည်း စာအုပ်လာယူကြ1:30 တီချယ်တို့ အစည်းဝေး တက်ရမှာမို့ နော် တီချယ် ခဏနေ တက်လာခဲ့မယ် "

"ဗျာ "

"ဟုတ်ကဲ့ "
ဆရာမစကားကြောင့် ရှုပ်မဲ့ သွားသော နှစ်ယောက် လုံး၏ မျက်နှာ အား ဆရာမတော့ မမြင်ခဲ့ပေ။

"နေ့လည်စာ တော့ ငတ်ပါပြီကွာ "
Dream ညဥ်းညူ လိုက်သည်။

"ငါ gp ထဲ လှမ်းပြော လိုက်မယ် ခုဆို သူတို့ အကုန်ကန်တင်း ပြေးနေကြမှာ တော်ကြာ tuto နောက်ကျကြဦးမယ်"
သူရိန်၏ စကားအား Dream ဘာမှ ပြန်မပြောမိ။
Dreamအတော်ပင် စိတ်ပျက်ကာ ဒေါသ ထွက်နေပြီ ဖြစ်သည်။

သူတို့ နှစ်ယောက် သည် အဆောင်အောက်တွင် ရောင်းသောပေါင်မုန့် ထုပ်များကို ဝယ်ကာ ရေနှင့်သာ မျောချ ရတော့မည်။ထိုစဥ် Dream ဖုန်း ဝင်လာသဖြင့် ကြည့်လိုက်ရာ ဆက်သူမှာ လမင်း ဖြစ်နေသည်။

"​အင်း "
Dream ၏ စိတ်ပျက်လက်ပျက် အသံကြောင့် တစ်ဖက်မှ လမင်းက ပြောလာသည်။

"မင်းအသံက ထမင်း၇ရက် မစားရတဲ့ သူတောင်းစားတွေရဲ့ အသံလိုဘဲ ဘာဖြစ်နေတာလဲ "

"ငါတို့ အခုမှ အတန်းဆင်းတာကွ "
"အိုး ဟုတ်လား 1နာရီတောင် ထိုးတော့မယ် အခု ကန်တင်းသွားနေပြီလား "

"ကန်တင်းလား ငါ့ဆီလာမှ ရတော့မယ်"
"ဟမ်း.... "

"ငါတို့အခု အဆောင်အောက်မှာ မုန့်ဝယ်နေတာ
ငါတို့ ခဏနေ Tuto ဖြေရတော့မှာ canteen သွားဖို့ မမှီတော့ဘူး "

"အော "
လမင်း ၏အော သံ အဆုံး သက်ပြင်းချသံ ကိုပါDreamကြားလိုက်ရသည်။

"ဗိုက်ဆာတာ သေတော့မယ် ငါ့ကောင်ရေ "

Dream ၏ ညဥ်းတွားသံ ကြောင့် တစ်ဖက် လမင်းဘေး ထိုင်နေသောအဖူးက ပါသနားမိသွားသည်။

"ငယ်လေးရေ Tuto ဘဲအရင်ဖြေလိုက်နော် လိမ္မာတယ် "

"အင်း ဖူး"

Dream ၏ အကျင့်ကို သူတို့ ရင်းနှီးနေပြီ ဖြစ်သောကြောင့်အဖူးသည် ချော့မော့ကာ ပြောလိုက်ခြင်း ​ဖြစ်သည်။

Dream သည် သာမာန် ချိန်တွင် သန်မာကာ ပျော်ပျော် နေတတ်သော်လည်း ဗိုက်ဆာ နေတဲ့ အချိန်ဆို အလိုလိုဂျစ်တိုက် ချင်လာသည်။
လေးယောက် ထဲတွင် အငယ်ဆုံးလည်း ဖြစ်ကာ Dream အကြောင်းနှင့် သူ၏မိသားစု အကြောင်းပါ အကုန်သိနေကြ၍Dream အား သူတို့ တကယ် အလျော့ပေးကြသည်။

သို့သော် Dream သည်လည်း အားနေ အနိူင်ယူ တတ်သူ မဟုတ်ပေ။
သူ အလျော့ပေး ရသည့် အချိန်ကပင် ပိုများနေတတ်သေးသည်။

သူရိန်သည် Dream ကြိုက်သော ချောကလက် ပေါင်မုန့်နှင့်ရေဘူးကို ကမ်းပေးကာ ပြောလိုက်သည်။

"ဒါ အရင် စားထားလိုက် ပေး ရေဘူး "
သူရိန် Dream ကမ်းပေး လာသော ရေဘူးအားအဖုံးဖွင့်ပေးလိုက်သည်။

"အထဲ ဝင်မယ် ဒီမှာ နေပူတယ် "

"အင်း "
သူရိန် Dream လက်အားဆွဲကာ အဆောင်အောက်သို့လျှောက်သွားတော့သည်။
ယောကျာ်းလေး နှစ်ယောက် လက်တွဲ သွားသည်က ထူးဆန်းသည်ဟု ထင်ချင်လည်း ထင်ကြလိမ့်မည်။သို့သော် သူရိန် သည် ဘာကိုမှ ဂရုမစိုက်ဘဲ
Dream လက်ကိုသာ ဆွဲလာခဲ့သည်။

အဆောင်အောက်က အုတ်ခုံတွင် ထိုင်နေသော တစ်စုံ တစ်ယောက်သည်တော့ ထိုမြင်ကွင်းကို ကြည့်ကာ နှုတ်ခမ်းစွန်းတို့က အပေါ်သို့ မြင့်တက် လာလျက်ပင်။

"ဟက် တကယ့်ကလေး လိုဘဲ "

'ချစ်ခြင်းမေတ္တာဟာလည်း လူတန်းစား မရွေးထံကနေ သဘာဝ အလျောက် ပေါက်ဖွားလာတတ်တဲ့ စိတ္တဇ နာမ်လေး တစ်ခု ပေါ့
ကျွန်တော်ဟာလည်း ပုတုစဥ်လူသားမို့ ကျွန်တော် ပိုင်ဆိုင်တဲ့ ထိုစိတ္တဇနာမ်လေး ကို ခင်များ ဆိုတဲ့ သူစိမ်းလေးထံ ပေးအပ်ချင်မိပါရဲ့'
#Khant#

မလိမ်နဲ့ ခင်များ တို့ Foreign policy အကြောင်း ရှင်းပြတာကို ကျော်ဖတ်သွားကြတယ် မလား 😆

( Zawgyi )

ေက်ာင္းအမ်ိဳးသား အေဆာင္ တြင္ ညခ်မ္း အခ်ိန္ စကားသံမ်ား သီခ်င္းသံမ်ားႏွင့္ ဆူညံ ေနေလသည္။
မင္းခန့္ စာၾကည့္ စားပြဲ တြင္ ထိုင္ေနရင္းမွ
သူ႕၏ အခန္းေဖာ္ ျဖစ္သူ အား လွမ္းေခၚလိုက္သည္။

"ခ်ားလစ္ "
"ေအး ေျပာ "

"ငါတို႔ နက္ျဖန္ P3 ေျဖရမွာ ဘယ္ အပုဒ္လဲ "

"ေအး ငါလည္း အဲ့ဒါ မင္းကို ေမး မလို႔ဘဲ ငါ အဲ့ေန႕ club ကိစၥေၾကာင့္ အတန္း မတက္ေတာ့ မသိဘူး"

"ထင္သား ဘဲ မင္း မသိဘူး ဆိုတာ group Cb ထဲ ဘဲ ၀င်မေးလိုက်တော့မယ် "

"မင္း gp ေျပာမွဘဲ ငါေတာင္ Facebook ေပၚ မေရာက္တာ အေတာ္ ၾကာၿပီ "

"မင္းဘယ္ေတာ့ ဖုန္းအသစ္ ျပန္ဝယ္မွာလဲ ဒီေန႕ေတာင္ Dream က မင္းကိုadd ထားတာ ခုထိ မင္းလက္မခံေသးလို႔ ဆိုၿပီး ငါ့ကို လာေမးေနတာ"

"အိုး... သူငါ့ကို လာadd ထားတာလား "

"ေအး ၾကည့္ရတာ မင္း password ေမ့ေနတဲ့ အေတာတြင္းကဘဲ လာadd ထားတာ ထင္တယ္"

မင္းခန့္ စကားေၾကာင့္ ခ်ားလစ္ သူ႕fb acc ထဲ ျပန္ဝင္နိူင္ေရး password အား ေသခ်ာ ျပန္ေတြးေနရသည္။

"ငါ ဘယ္လို ေတြးေတြး ငါ့password ကို မမွတ္မိဘူး ျဖစ္ေနတယ္ "

"မင္း note စာအုပ္ထဲ မွတ္ထားမိေသးလား ရွာၾကည့္လိုက္ဦး"

"ဟုတ္သားဘဲ ငါမွတ္ထား မိသလား မသိဘူး "

ခ်ားလစ္ သူေန႕စဥ္ စာမွတ္ေနၾက note စာအုပ္အား ထုတ္ကာ အစမွ ေသခ်ာ လွန္ ၾကည့္ေနၿပီ ျဖစ္သည္။မင္းခန့္ကေတာ့ စာၾကည့္ခုံတြင္ ထိုင္ေနရင္း သူ႕အား စိတ္ဝင္တစား လွမ္းၾကည့္ေနသည္။

"ေတြ႕လား "
"မေတြ႕ေသးဘူး"

"မင္း နာမည္ေတြ ဘာေတြနဲ႕မ်ား မွတ္ထားမိတာလား "

"နာမည္.. "

ခ်ားလစ္ နာမည္ ဆိုမွ တစ္ခုခု အား သတိရသြားကာ
"အား.... ငါမွတ္မိၿပီ ေက်းဇူး မင္းခန့္ "

Fb password မွတ္မိသည္ႏွင့္ ေက်ာပိုးအိတ္ထဲ ထည့္ထားေသာ ဖုန္းသစ္အား ထုတ္လိုက္သည္။
မင္းခန့္ ခ်ားလစ္ လက္ထဲမွ ဖုန္းအား ျမင္လိုက္၍ စိတ္ဝင္တစား ေမးလိုက္မိသည္။

"ဘယ္တုန္းက ဖုန္းျပန္ ဝယ္လိုက္တာလဲ " "

"အဲ့ေန႕ကဘဲ"

"သူေဌးေတြမ်ား မိုက္ခ်က္..."

မင္းခန့္ ထိုသို႔ ေရ႐ြတ္ေနခ်ိန္တြင္ ခ်ားလစ္ သည္ ေတာ့ Data ဖြင့္ကာ ဖ်က္ထားေသာ Facebook အားinstalling ျပန္တင္ကာ online ေပၚ တက္ေနၿပီ ျဖစ္သည္။

Dreamသူ႕အား လာမadd ခင္တည္းတည္းက ပင္သူFb ေပၚ မေရာက္ျဖစ္သည္ ျဖစ္၍ အေတာ္ၾကာေနၿပီျဖစ္သည္။သူ သူ႕ facebook acc ေပၚတြင္ တက္ လာေသာ noti တစ္ခု ခ်င္းဆီအား စစ္ၾကည့္လိုက္သည္။
ထို႔ေနာက္ သူ Dream အား လက္ခံ ရန္ လိုက္ရွာလိုက္သည္။သူ႕အား add friend လုပ္ထား ေသာ လူ မ်ားေန၍ ေသခ်ာ လိုက္ရွာ ရသည္။

"အာ မထူး ပါဘူး name ရိုက္ရွာ တာကမွ ပိုျမန္ဦးမယ္"

"မင္း ခုထိ စာမက်က္လဲ ဖုန္းကိုင္ၿပီး ဘာထိုင္ လုပ္ေနတာလဲ "

မင္းခန့္ ခုထိ စာအုပ္ မကိုင္ေသးဘဲ ဖုန္းတစ္လုံးႏွင့္ အလုပ္ရႈပ္ေနေသာ ခ်ားလစ္အား မေနနိူင္စြာလွမ္းေမးလိုက္သည္။

"က်က္မွာ လုပ္စရာေလး ရွိေနလို႔ "

ခ်ားလစ္တစ္ေယာက္ Min EainMat Thit ဆိုေသာ နာမည္အား ရိုက္ရွာ လိုက္သည္။
Dream၏ လက္ရွိ profile ပုံမွာ ပင္လယ္ႀကီးကိုေနာက္ခံ ထားၿပီး အျဖဴေရာင္တီရွပ္ႏွင့္ မိုးျပာေရာင္ ရွပ္အား ဝတ္ဆင္ထားက အျပာႏုေရာင္ဂ်င္းေဘာင္းဘီတိုႏွင့္ျဖစ္သည္။

ခ်ားလစ္အဖို႔ Dreamသည္ ဘယ္အခ်ိန္ၾကည့္ၾကည့္ သူ႕အတြက္ေတာ့တကယ့္ကိုအၾကည္ဓာတ္ေလးပင္ ျဖစ္ေလသည္။

အရပ္ရွည္ကာ အသားျဖဴၿပီး ေတာင့္တင္းသည့္ခႏၶာကိုယ္ကို ပိုင္ဆိုင္ ထားေသာ Dreamသည္ ေက်ာင္းတြင္ေတာ့ နာမည္ႀကီး ျဖစ္ဦးမည္ ဟု ခ်ားလစ္ ေသခ်ာသိေနသည္။
Dreamနာမည္ႀကီးေလ သူ၏ၿပိဳင္ဖက္ မ်ားလာေတာ့မည္ဟု ခ်ားလစ္ ေတြးမိေသာ္ သက္ျပင္း ခပ္ဖြဖြ ခ်မိသြားသည္။

ထို႔ေနာက္ ခ်ားလစ္ ရွာေတြ႕သြားေသာ acc အား ႏွိပ္လိုက္ကာ accpet လုပ္ရန္ ျပင္စဥ္ add friend ႀကီး ေပၚ လာသည္။

"ဟမ္ cancel သြားတာလား ဟ "

add friend ဆိုေသာ စကားလုံးေၾကာင့္ ခ်ားလစ္ မဲ့ၿပဳံး ၿပဳံးမိသြားသည္။

"cancel လိုက္ေတာ့လည္း fri မျဖစ္ေတာ့ဘူး ေပါ့ကြာ "

ခ်ားလစ္၏ ေခ်တတ္ေသာ အက်င့္သည္လည္း အရင္တည္းက ရွိေန၍ သြားအပ္ခ်င္စိတ္ မရွိ။
သူ သြားမအပ္လွ်င္ပင္ Dream၏ လႈပ္ရွားမႈ မွန္သမွ် အား တစ္ျခားနည္းႏွင့္ သူသိနိူင္ေလသည္။ထို႔ေၾကာင့္ မထူးဇတ္ခင္းကာ Dream အေကာင့္ထဲ ဝင္ၾကည့္လိုက္သည္။
Wall ထဲ ဝင္ၾကည့္ေနရင္း ခ်ားလစ္ မ်က္လုံး အနည္းငယ္ျပဴးခ်င္သြားသည္။ အကိတ္ပုံမ်ား 18+ပုံ မ်ားအား တကယ့္ public နဲ႕ကို share ထားျခင္း ျဖစ္ေလသည္။

Share ထားသည္မွာလည္း သိပ္မၾကာေသးသည့္ပုံပင္။ခ်ားလစ္ သူ႕စိတ္ထဲမွ အနည္းငယ္ သဝန္တိုသလိုလို စိတ္မေကာင္းျဖစ္သလိုႏွင့္ ခံစားမိလိုက္ေသာ္လည္း တစ္ခဏပင္။စိတ္ထဲမွ လည္း အနည္းငယ္ ရယ္ခ်င္ေနသည္။

'ဒီေကာင္ေလး လူႀကီးလုပ္ခ်င္ေနတာဘဲ
မင္းေလး က ေျပးမယ္ဆိုရင္ေတာင္ ဒီကိုႀကီး လက္ကေန မလႊတ္နိူင္ပါဘူးကြာ'

ခ်ားလစ္ Dream wall ထဲ ဆက္ၾကည့္ခ်င္စိတ္ မရွိေတာ့၍ ဖုန္းကို ခ်ကာ စာက်က္ျခင္းအမႈကို ျပင္ရေတာ့သည္။
မက်က္ ေတာ့ ၍ မရ ေနာက္ေန႕၌ က်ဴတို ပထမအႀကိမ္ ေျဖရေတာ့မည္ ျဖစ္၍ အစေလးေတာ့ ေကာင္းေအာင္ လုပ္ ထားမွ ျဖစ္မည္။
အတန္း မွန္ သူတိုင္း စာေတာ္ မည္ဟု ထင္လွ်င္ မွားမည္။အတန္း မွန္ေသာ္လည္း စာ မရေသာ သူ ထဲတြင္ခ်ားလစ္ လည္း ပါ၀င္သည္။အတန္း မွန္တာက သတ္သတ္ စာ က်က္ပ်င္း၍စာမရတာက သတ္သတ္ ျဖစ္သည္။

11:30 တြင္ စာက်က္ျခင္း အမႈ အား အၿပီးသတ္ကာအိပ္ယာ ဝင္ခဲ့ေသာ ခ်ားလစ္ သည္
ဘာျဖစ္မွန္း မသိ မနက္ 2နာရီ ထိ အိပ္မေပ်ာ္ နိုင္ ျဖစ္ေနခဲ့ေသာေၾကာင့္ ခ်ားလစ္သူ႕ကိုယ္သူ က်ိန္ဆဲ မိလိုက္သည္။
ၾကည့္ရသည္မွာ ဤညလည္း ညလုံးေပါက္ မ်က္လုံး ဖြင့္ထား ရမည့္ည ျဖစ္နိူင္သည္။

ကိုယ့္ကိုယ္ကို သက္သာၿပီ ထင္ခဲ့ေသာ္လည္းတကယ္ကိုပင္ ထိုအက်ိဳးဆက္သည္ သူ႕အတြက္ အေတာ္ ဆိုးဝါး ခဲ့သည္။
'အိပ္လို႔ မရေတာ့လည္း မအိပ္ဘူးကြာ'

အိပ္မရသည့္ အဆုံး ဖုန္းဖြင့္ကာ အေပၚဆြဲ ေအာက္ဆြဲ လုပ္ေနေသာ္လည္းဘာမွ စိတ္ဝင္စားစရာ မေတြ႕ ။ထို႔ေၾကာင့္ ဖုန္းခ်အား ျပန္အိပ္စက္ရန္ ႀကိဳးစား လိုက္သည္။

ထိုည၌ တစ္စုံ တစ္ေယာက္သည္တစ္ေယာက္ေယာက္၏ accအားadd friend ျပဳလုပ္ ခဲ့ေလသည္။ေသခ်ာ ၾကည့္ခဲ့မည္ဆိုလွ်င္
သူ၏ follow list ၌ တစ္ခုတည္းေသာ seefirst လုပ္ ခံထားရသည့္ ေကာင္ေလး တစ္ဦးပိုင္ accအား ေတြ႕ရမည္ ျဖစ္ေလသည္။
_______

Dream ညေနခင္း ခ်ိန္တြင္ သူ႕စာၾကည့္ခန္းထဲ ဝင္လာကာ အခန္း သန့္ရွင္းေရး စလုပ္ေတာ့သည္။သူ သန့္ရွင္းေရး မလုပ္ခင္ ဖုန္းထဲမွ သီခ်င္းျမဴးမ်ား ဖြင့္ထားလိုက္သည္။ဆုတံဆိပ္မ်ား ဒိုင္းမ်ားေပၚတြင္ တင္ေနေသာ ဖုန္မ်ားအား ေသခ်ာသုတ္ေနသည္။

စာအုပ္စင္မ်ားပါအစ ေသခ်ာ တိုက္ခြၽတ္ကာ ပုံးထဲမွ စက္႐ုပ္ေလးမ်ား ကိုလည္း စင္ေပၚတြင္ ေသခ်ာ စီကာ တင္လိုက္သည္။ပါးစပ္မွ လည္း သီခ်င္း တဆာဆာႏွင့္ ျဖစ္ေနကာ ရသည့္ ေနရာတြင္ အသံက်ယ္ႀကီးႏွင့္ ထေအာ္တတ္ေသးသည္။
"You can call me monster....... "

Dreamသာ္ ျမႇောက္ႂကြ ျမႇောက္ႂကြ ႏွင့္ စာၾကည့္စားပြဲ သို႔ သြားကာခႏၶာကိုယ္ လႈပ္ယမ္းရင္း သန့္ရွင္းေရး လုပ္ေနသည္။စားပြဲေပၚမွ မီးအိမ္အား ေကာင္းမေကာင္း ဖြင့္လိုက္ ပိတ္လိုက္ လုပ္ၾကည့္ေနသည္။

"အိုး အပစ္ ခံထားရတာ ၾကာတာေတာင္ ေကာင္းေသးတယ္ဟ အင္း ဒီတံဆိပ္က မဆိုးဘူးဘဲ "

ထို႔ေနာက္ ခုံအား ေသခ်ာ သုတ္ကာ ပါးစပ္မွလည္း သီခ်င္းဆိုရင္း တစ္ခါတစ္ရံတြင္ေတာ့ အခန္းထဲမွ ပစၥည္းမ်ားအား သက္ရွိလို သေဘာထားကာ စကား ေျပာေနေသးသည္။

"ေဖ့သား သမီးေတြ ေဖႀကီး မင္းတို႔ကို အၾကာႀကီး ပစ္ထား မိတာ ေတာင္းပန္ပါတယ္ကြာ ဒီေန႕ကစၿပီး ေဖႀကီး ျပန္လာၿပီမလို႔ မင္းတို႔ မပ်င္းရေတာ့ပါဘူး "

Dream အခန္းအား တစ္ခ်က္ ေဝ့ၾကည့္ကာ

"အင္း TV တစ္လုံးေလာက္ ထပ္ထည့္ရမယ္ အလယ္မွာ TVၾကည့္ရင္း ထိုင္ဖို႔ ဆိုဖာ တစ္ခုလည္း ထပ္ထည့္ရမယ္ "

Dream မွန္ျဖင့္ ကာထားေသာ ခပ္နိမ့္နိမ့္ျပတင္းေပါက္ နားရွိ ကုတင္လို ျပဳလုပ္ထားေသာ လူတစ္ေယာက္ လဲအိပ္စာ ေနရာသို႔ သြားကာ ထိုေနရာေအာက္မွ စီထားေသာ စာအုပ္မ်ားအား ထုတ္လိုက္သည္။သူမွတ္မိသေလာက္ ဤေနရာတြင္ စီထားေသာ စာအုပ္မ်ားမွာ ဘာသာျပန္ စာအုပ္မ်ားပင္။

သူ ငယ္စဥ္က စာအုပ္ ဖတ္ရသည္အား အေတာ္ ႏွစ္သက္သည္။ ထို႔ေၾကာင့္ သူ၏ အဖြားသည္ သူ႕အား ေကာင္းနိူးရာရာ စာအုပ္မ်ားစြာကို ဝယ္ေပးခဲ့သည္ သာမက သူ၏ မိခင္လည္း သူ႕အတြက္ တစ္ခ်ိဳ႕ ဝယ္ေပးခဲ့ဖူးသည္။ အဖြား ျဖစ္သူ ဆုံးၿပီး ေနာက္ပိုင္းမွ သာ သူ႕ဘဝ ကေမာက္ကမ ျဖစ္ကာ စာအုပ္ဆိုလည္း မကိုင္ျဖစ္ေတာ့ဘဲ ေယာင္ဝါးဝါး စမ္းဝါးဝါးႏွင့္ လူဆိုးလိုလို လူမိုက္လိုလို ျဖစ္လာခဲ့သည္။
Dream စင္အေပၚမွ လဲခ်၍ စာဖတ္လို႔ရေအာင္ လုပ္ထားေသာ ကုတင္လိုလို ခပ္ေသးေသး ေနရာအား ၾကည့္ကာ

"အင္း ဖုန္ေတြ ခ်ည္းဘဲ အခင္းလည္း လဲရမယ္ ဒီဟာကိုေတာ့ ေအာက္က လူေတြကိုဘဲ ခိုင္းရေတာ့မွာဘဲ "

ေအာက္က လူမ်ား ဆိုသည္မွာ သူတို႔မိသားစုအိမ္တြင္ အလုပ္လုပ္ေနေသာ အိမ္ေဖာ္အလုပ္သမ မ်ားအား ဆိုလိုျခင္း ျဖစ္၏။

ထို႔ေနာက္ စာၾကည့္ စားပြဲဘက္ ျပန္လာကာ သူ႕ အၾကည့္မ်ားက ေဘာပင္ ထည့္ထားသည့္ ခြက္သို႔ ေရာက္သြားသည့္ ခဏ သူ႕လက္မ်ားက ေဘာပင္ ထည့္ထားေသာ ခြက္အား မလိုက္ကာ အထဲမွ ေဘာပင္မ်ားအား စားပြဲေပၚ သြန္ခ် လိုက္သည္။စားပြဲေပၚမွ ေဘာပင္မ်ား ခဲတံမ်ားၾကားတြင္ ထူးဆန္းစြာ ရွိေနေသာ အနက္ေရာင္လက္ပတ္ႀကိဳးတစ္ခုသည္  သူ႕အာ႐ုံအား ဆြဲေဆာင္ သြားေလသည္။
Dream ထိုလက္ပတ္အား စိတ္လႈပ္ရွားစြာ အလွ်င္အျမန္ ေကာက္ယူလိုက္ကာ ေသခ်ာၾကည့္လိုက္သည္။
အျဖဴေရာင္ ၾကယ္သီး ကိုမွ ၾကယ္သီးေပါက္တြင္ အနက္ေရာင္ ခ်ည္ႀကိဳးမ်ားျဖင့္ ထိုးထားေသာ သူ႕အႀကိဳက္ဆုံး လက္ပတ္ ျဖစ္ေနသည္ ။ထိုၾကယ္သီးေလး မေပ်ာက္ေစရန္ Dreamသည္ သူကိုယ္တိုင္ လက္ပတ္အျဖစ္ထိုးကာ ဝတ္ဆင္ခဲ့ေသာ ပစၥည္းေလး ျဖစ္ေသာေၾကာင့္ သူ မမွားနိုင္ေပ။
ေပ်ာက္သြားၿပီဟု သူထင္ ခဲ့ေသာ ပစၥည္းေလးက တစ္ခ်ိန္လုံး ဒီထဲ ရွိေနခဲ့ေလသည္ ။
Dreamသည္ ေပ်ာ္လြန္း၍ ထေအာ္မိမတတ္ပင္။ပစ္ထား ခံရသည္မွာ ၾကာၿပီ ျဖစ္၍ အနက္ေရာင္ ႀကိဳးေလးမ်ားသည္ ဖုန္မ်ားေၾကာင့္ အျဖဴေရာင္ပင္ သန္းခ်င္ေနၿပီ ျဖစ္သည္။Dreamသည္ ႀကိဳးမွ ၾကယ္သီး အျဖဴေလးအား လက္မေလးႏွင့္ ညင္သာ စြာပြတ္ကာ ၿပဳံးလိုက္မိသည္။

ထိုၾကယ္သီးေလးသည္ သာမာန္ အကၤ်ီၾကယ္သီးေလးသာ ျဖစ္ကာ ဘာမွ အဖိုး မတန္ ဟုထင္ရေသာ္လည္း Dream အတြက္ေတာ့ မတူ ။ဤၾကယ္သီးေလးက သူမ်က္လုံးျပႆနာေၾကာင့္ ဝိုးတိုးဝါးတားသာ ႐ုပ္ျမင္ခဲ့ရေသာ သူ႕အားကူညီခဲ့သူ၏ ရွပ္အကၤ်ီလက္မွ တပ္ထားခဲ့သည့္ ၾကယ္သီးေလး ျဖစ္သည္။

ထိုလူသားအား Dreamမျမင္ဖူး၊သူ႕႐ုပ္အား Dream မမွတ္မိ ထိုသူ မည္သူမွန္းလည္း Dream မသိခဲ့။ သို႔ေသာ္ ပထမဆုံးအျဖစ္ ထိုသူစိမ္း ေရွ႕တြင္ သူငိုခဲ့သည္။ပထမဆုံး အႀကိမ္အျဖစ္ ထိုသူစိမ္းက သူ႕အား အထင္မေသးဘဲ မ်က္ရည္သုတ္ေပးခဲ့သည္။

ထိုသူစိမ္း ရင္ခြင္ထဲ သူပထမဆုံး ေခါင္းတိုး ငိုခဲ့စဥ္က ထိုသူသည္ ေမးခြန္း တစ္ခြန္းမွပင္ မေမးခဲ့ဘဲ သူ႕အား ႏွစ္သိမ့္ ခဲ့သည္။ထိုသူစိမ္းသည္ သူအာ႐ုံလႊဲေအာင္ စကားေတြ အမ်ားႀကီး ေျပာေပးခဲ့သည္။ထိုလူသားနဲ႕ အတူ ပထမဆုံး အႀကိမ္အျဖစ္ လူႏွစ္ေယာက္ နားၾကပ္တစ္ဖက္စီျဖင့္ သူ သီခ်င္းအတူနားေထာင္ ဖူးခဲ့သည္။

သူ႕သူငယ္ခ်င္း သုံးေယာက္သည္ သူ႕အား
အဆင့္ျမင့္တကၠသိုလ္အား ေ႐ြးခ်ယ္၍ ရေသာ္လည္း အဘယ့္ေၾကာင့္ သာမာန္တကၠသိုလ္ကိုသာ ေ႐ြးခ်ယ္ရသနည္းဟု သူ႕အား ေမးခဲ့သည္ကို Dreamမွတ္မိေသးသည္။ထိုစဥ္ အခါက အေၾကာင္းရင္းကို သူ ေသခ်ာ မေျပာျပျဖစ္ခဲ့ေပ။
သို႔ေသာ္Dreamသည္ စြယ္ေတာ္ေျမ သို႔ လာရျခင္း အေၾကာင္းအား သူ၏ႏွလုံးသား ထဲမွ နက္နက္ရွိုင္းရွိုင္း သိေနေလ၏။
အေၾကာင္းမွာ ထိုသူစိမ္းသည္ ဤသာမန္တကၠသိုလ္ေလးတြင္ ရွိေန၍ ျဖစ္၏။

သို႔ေသာ္လည္း ယခုခ်ိန္ထိ ထိုသူစိမ္းလူသားအား Dream ရွာမေတြ႕ေသး။Dream ထို လက္ပတ္ ႀကိဳးအား သူ၏ လက္ေကာက္ဝတ္ တြင္ ဝတ္လိုက္ကာ သူခပ္တိုးတိုး ေရ႐ြတ္လိုက္မိသည္။

"ခင္မ်ား ဘယ္ေနရာမွာမ်ား ပုန္းေနတာလဲ အစ္ကိုေရ ကြၽန္ေတာ္ ေနာက္မက် ေသးဘူး မလား ခင္မ်ား ေက်ာင္းမၿပီးေလာက္ေသး ပါဘူးေနာ္ တစ္ေခါက္ေလာက္ျဖစ္ျဖစ္ေတာ့ ခင္မ်ား ကို ေသခ်ာေတြ႕ၿပီး ခင္မ်ားရဲ႕ ၾသရွရွ အသံနဲ႕ ခင္မ်ား ႐ုပ္ကို မွတ္မိေအာင္ အလြတ္ က်က္ခ်င္ေသးတယ္ ကြၽန္ေတာ္တို႔ ေရစက္က အဲ့ဒီေန႕မွာဘဲ ကုန္သြားတာေတာ့ မဟုတ္ေလာက္ ပါဘူးေနာ္ "

သူသည္ မည္သူ႕ကိုမွ သေဘာမက်ဖဴးခဲ့သလို မည္သူ႕ကိုမွလည္း မခ်စ္ခဲ့ဖူးေပ။ မည္သည့္သူစိမ္းနဲ႕မွလည္း ရင္းႏွီးေအာင္ မေနခဲ့သလို မည္သည့္သူစိမ္းေရွ႕မွာ မွလည္း မငိုေႂကြးခဲ့ဖူးေပ ။

သူသည္ ေယာက်ာ္းမ်ားကိုလည္း စိတ္မဝင္စားသလို ေယာက်ာ္းခ်င္း ႀကိဳက္တဲ့ သူတစ္ေယာက္လည္း မဟုတ္ခဲ့ ။
သို႔ေသာ္ ထိုသူစိမ္း၏ ျဖစ္တည္မႈေလးသည္ေတာ့ သူ႕ႏွလုံးသားအား လႈပ္ခတ္ေစခဲ့ဖူးသည္ ။ခ်စ္တာမ်ိဳးလည္း မဟုတ္၊ႀကိဳက္တာမ်ိဳးလည္း မဟုတ္ေသာ္လည္း ေယာက်ာ္းခ်င္း ေပမဲ့ ထိုလူသားအား အားကိုးခ်င္စိတ္ေတြ ျဖစ္ခဲ့ဖူးသည္။ထိုလူသား ထံမွလည္း ႏြေးေထြးမႈ တစ္စုံတစ္ရာကို သူေမွ်ာ္လင့္မိေသးသည္။

_____________

IR 1st year တြင္ 11 ခြဲ သည္ paper 2 ( Introduction to International Relations -1)အခ်ိန္ ျဖစ္ကာ
အခန္းထဲတြင္ အလြန္ တိတ္ေနသည္။

"တီခ်ယ္ မေန႕က ေျပာခဲ့တယ္ ဒီေန႕ Territorial Disputes( ပိုင္နက္ နယ္ေျမ အျငင္းပြားမႈ)သင္မယ္ ဆိုၿပီးေနာ္ စာလည္း ၾကည့္ လာခိုင္းတယ္ ၿပီးေတာ့ Foreign Policy အေၾကာင္း လည္း ရွာ လာခိုင္းတယ္ ႀကိဳက္တဲ့ သူ ေမးမယ္ လို႔လည္း ေျပာခဲ့တယ္ေနာ္ "
တီခ်ယ္ ေဒၚ ႏွင္းလြင္ ၏ စကား သံ အဆုံး အားလုံး တိတ္ေနၾကသည္။စိတ္ထဲမွလည္း ငါ့ကို မေမးပါေစနဲ႕ ဟု ဆုေတာင္းၾကမည္ မွာက်ိန္းေသပင္။

မူလတြင္ ဆရာမက ႐ုပ္တည္ႀကီးႏွင့္ ေျပာေနသျဖင့္ေက်ာင္းသား မ်ားလည္း အနည္းငယ္ လန့္ခ်င္ေနသည္။ ဆရာမႏွင့္ ေက်ာင္းသားမ်ား ရင္းႏွီးမႈ မရွိေသး၍လည္း ျဖစ္ေကာင္း ျဖစ္နိူင္မည္ ။ေက်ာင္းသား/သူမ်ား တိတ္ေန၍ တီခ်ယ္က ၿပဳံးကာ
"အမေလး တစ္ေယာက္မွလည္း ထမေျပာၾကဘူး
မေၾကာက္ၾကပါနဲ႕ဟဲ့ ငါ နင္တို႔ကို ဘာမွ မလုပ္ပါဘူး "

ထို အထိ မည္သူမွ မထ ၾကေသးေပ။
"ဘယ္သူမွ မထၾကေတာ့ နာမည္ ေခၚၿပီးဘဲ ေမးေတာ့မယ္ "

ထိုစဥ္ အတန္းထဲက မိန္းကေလး တစ္ေယာက္ ထလာသည္။တစ္ျခားသူေတာ့ မဟုတ္ သြက္သြက္ လက္လက္ EC မပင္ ျဖစ္သည္။

"ဟယ္ မိန္းကေလး က အရင္ ထရတယ္ ေယာက်ာ္းေလးေတြ နင္တို႔ မရွက္ၾကဘူး လား
ကဲ သမီး နိဒါန္း ေျပာ Foreign Policy ရဲ႕ အေၾကာင္း ေလးေပါ့ "

"ဟုတ္ "
ထို႔ေနာက္အခန္း ထဲတြင္ EC မ၏ ရွင္းျပသံသာ ၾကားရေတာ့သည္။

"နိုင္ငံျခားေရးမူဝါဒဆိုတာ အမ်ိဳးသားအက်ိဳးစီးပြားေရးကာကြယ္ဖို႔နဲ႕ နိုင္ငံတကာဆက္ဆံေရးနယ္ပယ္မွာ နိုင္ငံရဲ႕ ရည္မွန္းခ်က္ေတြ ေအာင္ျမင္ဖို႔ အတြက္ နိုင္ငံက ခ်မွတ္ထားတဲ့ မဟာဗ်ဴက်တဲ့ အေျခခံမူျဖစ္တယ္။
အေျခခံအားျဖင့္ Isolationism (တံခါးပိတ္ဝါဒ) ၊ Neutralism (ဘက္မလိုက္ဝါဒ) ၊ Internationalism (နိုင္ငံတကာပူးေပါင္းဆက္ဆံေရးဝါဒ) ၊ Hegemonism (ဩဇာအာဏာလႊမ္းမိုးေရးဝါဒ) ႏွင့္ Imperialism (နယ္ခ်ဲ့ဝါဒ)ဆိုၿပီး နိုင္ငံျခားေရးမူဝါဒ (၅) မ်ိဳးရွိတယ္ "

"ရၿပီ သမီး "
ဆရာမ၏ တားျမစ္သံေၾကာင့္ EC မသည္ ဆက္မေျပာေတာ့ေပ။

"ကဲ ေယာက်ာ္းေလး တစ္ေယာက္ ေလာက္
Isolationism ( တံခါးပိတ္ဝါဒ ) အေၾကာင္း ထေျပာ နိုင္မလား "

အခန္းကို ေဝ့ၾကည့္ေတာ့ ေယာက်ာ္းေလး တစ္ေယာက္မွ မထ သျဖင့္ သူရိန္၏ ေဆာ္ၾသ တြန္းတိုက္မႈေၾကာင့္ Dream ထလိုက္ရသည္။

ထို႔ေၾကာင့္ အားလုံး၏ အၾကည့္သည္ Dream ဆီ ေရာက္လာသည္။ ဆရာမ က သူ႕အားၾကည့္ရင္း ၿပဳံးလိုက္ကာ
"သားနာမည္က "
"မင္းအိပ္မက္သစ္ပါ "

"နာမည္က အဆန္းေလးဘဲ လူကလည္း ေခ်ာ
မိန္းကေလးေတြေတာ့ ဝိုင္းေနေတာ့ မွာဘဲ "

ဆရာမ၏ စေနာက္ စကားေၾကာင့္ Dream တစ္ေယာက္ရွက္ကာ မ်က္ႏွာမ်ား အနည္းငယ္ နီရဲ လာသည္။ထို႔အတူ အတန္းသား မ်ား ပါ ၿပဳံးစိစိ ျဖစ္ကုန္ၾက၏။

"ကဲ Isolationism အေၾကာင္း သားနားလည္သေလာက္ ေျပာၾကည့္ "

"ဟုတ္..... Isolationism (တံခါးပိတ္ဝါဒ) ဆိုတာ နိုင္ငံတကာနဲ႕ အဆက္ဆံမျပဳဘဲ ကိုယ့္ျပည္တြင္းေရးကိုဘဲ အာ႐ုံစိုက္တဲ့ နိုင္ငံေတြဟာ Isolationism (တံခါးပိတ္ဝါဒ) ကိုက်င့္သုံးၾကပါတယ္။
တံခါးပိတ္ဝါဒက်င့္သုံးျခင္းေၾကာင့္ တစ္ျခားနိုင္ငံေတြနဲ႕ ပဋိပကၡျဖစ္ပြားေလ့မရွိဘူး ။
ဒါေပမဲ့ ေတြ႕ရသေလာက္ တံခါးပိတ္ဝါဒက်င့္သုံးတဲ့ နိုင္ငံေတြရဲ႕စီးပြားေရးဟာ ဖြံ႕ၿဖိဳးတိုးတက္မႈမရွိ တာ မ်ားတယ္။နိုင္ငံတကာနဲ႕ ဆက္ဆံေရးနည္းတဲ့ အတြက္ ေခတ္ေနာက္က်က်န္ခဲ့တာမ်ိဳးလည္း ျဖစ္တတ္တယ္။Globalization ေခတ္မွာ တံခါးပိတ္ဝါဒက်င့္သုံးတဲ့နိုင္ငံေတြ မရွိသေလာက္ရွားေပမဲ့ ဘူတန္နိုင္ငံကေတာ့ (Partial Isolationism ဝါဒ) တံခါးပိတ္ဝါဒကိုတစိတ္တပိုင္းက်င့္သုံးေနတဲ့နိုင္ငံျဖစ္ေနတာကို ေတြ႕ရတယ္။

ဟိုးအရင္ တ႐ုတ္နိုင္ငံ (မင္မင္းဆက္ေခတ္) ၊ ကိုရီးယားနိုင္ငံ (ဂ်ိဳဆန္မင္းဆက္ေခတ္) ၊ ဂ်ပန္နိုင္ငံ (တိုကူဂါဝါရွိုးဂန္းေခတ္)မွာ တံခါးပိတ္ဝါဒကိုက်င့္သုံးခဲ့ၾကတယ္။
ျမန္မာနိုင္ငံကလည္း ၁၉၆၂ ကေန၂၀၁၀ ( ဦးေနဝင္းကေန ဦးသန္းေ႐ႊ လက္ထက္) အထိ နိုင္ငံတကာနဲ႕ မဆက္ဆံဘဲ ႏွစ္ေပါင္း ၅၀ နီးပါးတံခါးပိတ္ဝါဒကိုက်င့္သုံးခဲ့ၾကတယ္။အေမရိကန္ျပည္ေထာင္စုကလည္း ပထမကမၻာစစ္မျဖစ္ခင္အထိ နိုင္ငံတကာေရးရာေတြနဲ႕ ကင္းကင္းရွင္းရွင္းေနၿပီး တံခါးပိတ္ဝါဒက်င့္သုံးခဲ့ၾကတယ္။ဒါေပမဲ့ အေမရိကန္ကေတာ့ နိုင္ငံတကာနဲ႕ စီးပြားေရးအရ ဘဲ ဆက္ဆံတဲ့ တံခါးပိတ္ဝါဒမ်ိဳးကိုက်င့္သုံးခဲ့တာ ေတြ႕ရတယ္ "

ျပည့္စုံ ေလာက္ၿပီ ဟု ထင္ရေသာ ရွင္းျပခ်က္ အဆုံးဆရာမ ၏ ေခါင္းၿငိတ္အသိမွတ္ျပဳခ်က္ကိုရေလသည္။

ခ်ားလစ္ တို႔ အဖြဲ႕သည္ King Queen selection ေ႐ြးရန္
First year မ်ားရွိရာ အေဆာင္၄ အေပၚထပ္သို႔ တက္လာၾကရာ first year အခန္းေရွ႕ ေရာက္မွ အဖြဲ႕ လိုက္ ဝင္ရန္ ျပင္ၾကေသာ္လည္း
စာသင္ခန္းထဲ foreign policy အေၾကာင္း ေျပာေန၍ ထိုေကာင္ေလး ေျပာ အၿပီး ကို အခန္း အျပင္တြင္သာရပ္ကာ ေစာင့္ေနရင္း နားေထာင္ ေနၾကသည္။ ခ်ားလစ္ သည္ သူ႕ အေရွ႕ မွ မိန္းကေလး အခ်ိဳ႕၏တီးတိုး တီးတိုးႏွင့္ ေျပာေနေသာ စကားမ်ားကိုလည္း အတိုင္းသား ၾကားေနရသည္။

"ဟက္ေရ... အဆင္ေလးေနာ္ ေခ်ာလိုက္တာ "
"ေအးဟ စာရွင္းျပ သြားတာ လည္း အေတာ္မိုက္တယ္ "

"ဟိ ဟိ ငါဆို ခုထိ foreign policy အေၾကာင္း ေသခ်ာ ဂဂ နန မေလ့လာ ရေသးဘူး
ဂ်ဴဂ်ဴေလးေတာ့ ငါ့ထက္ သာသြားၿပီ "

ခ်ားလစ္ သူငယ္ခ်င္းThird year ရဲ႕ Queen မ ျဖစ္တဲ့ ျမတ္ေလးႏြယ္ စကားေၾကာင့္ ေလွာင္သလိုလို စေနာက္ကာရယ္ရင္း ေျပာလိုက္သည္။

"အတန္းမွ ေသခ်ာ မတက္တာ သိမလား
စာတမ္းေတြ assignmentေတြ တင္ရမွာလည္း ပ်င္းေသး google ကေန copy paste ဘဲ လုပ္ေနတာကို"

ခ်ားလစ္၏ ဒဲ့တိုး ဆန္ေသာ စကားေၾကာင့္
ျမတ္ေလးႏြယ္၏ မ်က္ေစာင္း သည္ သူ႕ထံေရာက္လာသည္။

ခ်ားလစ္ စိတ္ထဲမွလည္း Dream ဆိုေသာ ေကာင္ေလးအား မွတ္ခ်က္ေပးလိုက္သည္။
"မဆိုး ပါဘူး စာေသခ်ာ လိုက္လုပ္သားဘဲ "

ထိုစဥ္ final မွ အစ္ကို တစ္ေယာက္က ဆရာမအား ဝင္ခြင့္ေတာင္းလိုက္ရာ ဆရာမ သည္ ဝင္ခြင့္ေပး၍ သူတို႔အဖြဲ႕လည္း အခန္းထဲ
ဝင္လာ ခဲ့သည္။ဂ်ဴဂ်ဴ ေလးမ်ားသည္ေတာ့ သူတို႔အား စိတ္ဝင္တစား ၾကည့္ေနၾကသည္။

"မဂၤလာပါ ညီေလးတို႔ ညီမေလး တို႔ အစ္ကိုတို႔ ဒီေန႕ လာတာက မၾကာခင္ လာမဲ့ အစ္ကိုတို႔ ဌာန fresher Welcome အတြက္ King Queen ေတြ လာေ႐ြးတာပါ "

ထို အစ္ကို၏ စကားေၾကာင့္ အခန္းတြင္း ဂ်ဴနီယာ ေလးမ်ား၏ ခပ္တိုးတိုး အသံ မ်ားထြက္လာသည္။
ခ်ားလစ္ ဤအခန္းအတြက္ King selection မ်ားအား စိတ္ထဲမွ ေ႐ြးထားၿပီး ျဖစ္သည္။ သို႔ေသာ္ ႏႈတ္မွ ထုတ္မေျပာ ျဖစ္ေပ။

ခ်ားလစ္ အခန္းထဲ ဝင္ကာ အတန္းေရွ႕ စင္ျမင့္ တြင္သာ ထိုင္ေနလိုက္သည္။
သူအား ၾကည့္ေနေသာ ဂ်ဴဂ်ဴေလးမ်ားအား ၾကည့္ကာ ၿပဳံးျပလိုက္ရာ ေသခ်ာေပါက္ပင္ ထိုကေလးမေလးမ်ား ရွက္သြားၾကေလသည္။ ခ်ားလစ္Dream တို႔ ခုံအား လွမ္းၾကည့္ေသာ္ သြက္လက္လွေသာ Queenမ ႏွင့္ သူမ၏ သူငယ္ခ်င္းမသည္ Dreamတို႔ ခုံနား သို႔ပင္ ေရာက္ေနေခ်ၿပီ ။

Dreamသည္ ထို king ၊ Queen  ကိစၥမ်ားအား စိတ္မဝင္ စား၍ ဆရာမ သင္မည့္ အေၾကာင္းအရာ မ်ားကိုသာ ႀကိဳဖတ္ထားရန္ဆုံးျဖတ္လိုက္သည္။
ေသခ်ာ သည္က ေဘးမွ သူငယ္ခ်င္း သူရိန္သည္လည္း ထိုကိစၥကို စိတ္ဝင္စား မည္ မဟုတ္ ။
သို႔ေသာ္ သူတို႔ ခုံေဘးသို႔ အစ္မ ႏွစ္ေယာက္ေရာက္လာသည္။ သူမတို႔သည္ အေတာ္ေတာ့ ေခ်ာၾကသည္ ကိုေတာ့ သူရိန္ဝန္ံခံ ရမည္။

သူမ တို႔က သူ႕အား ၾကည့္ကာ
"ေမာင္ေလး King ဝင္ၿပိဳင္ရမယ္ေနာ္ "

"ဗ်ာ "

"ၿပီးေတာ့ေဘးက ေမာင္ေလးေရာဘဲ "

သူတို႔ ႏွစ္ေယာက္ ေျပးေပါက္ ပိတ္သလို ခံစားေနရသည္။တကယ္ကို အမိန့္ေပး ေနသလို ပင္။

သို႔ေသာ္ သူ႕ထက္ အႀကီး ျဖစ္ေန၍ Dream ေအးေဆးသာ ျပန္ျငင္းလိုက္သည္။

"အားေတာ့ နာပါတယ္ အစ္မ ကြၽန္ေတာ္ ဝင္ၿပိဳင္မွာ မဟုတ္ဘူး "

"ဘာလို႔လဲ ေမာင္ေလးတို႔က Mail box ထဲ ပါတည္းက အေတာ္ကို popular ျဖစ္ေနၿပီးသားကို "

"ကြၽန္ေတာ္တို႔ တကယ္ မၿပိဳင္ ခ်င္ လို႔ပါ "
ထိုစကားသည္ သူရိန္ထံမွ ထြက္လာျခင္း ျဖစ္သည္။

"ဘာလို႔ မၿပိဳင္ခ်င္ ရတာလဲ "

"ကြၽန္ေတာ္ တို႔ကို လူေတြ အာ႐ုံ စိုက္ေနတာမ်ိဳး မလိုခ်င္ လို႔ပါ "
သူရိန္က ခပ္ၿပဳံးၿပဳံး ျပန္ေျဖေလသည္။

ထိုအစ္မက ထူးဆန္းသလို သူတို႔အား ၾကည့္ကာ ၿပဳံး လိုက္သည္။

"လူတိုင္းက တစ္ျခားသူေတြ ဆီက Attention ရေအာင္ လုပ္ယူေနခ်ိန္မွာ
မင္းတို႔ကေတာ့ အာ႐ုံစိုက္ မခံခ်င္ဘူး ဆိုေတာ့ နည္းနည္း ထူးဆန္း ေနသလိုဘဲ "

"အာ... ကြၽန္ေတာ္ တို႔ သူငယ္ခ်င္းေတြက အဲ့လိုဘဲဗ်"

"ကိစၥမရွိပါဘူး မၿပိဳင္ခ်င္လည္း ရပါတယ္ "
သူမရဲ႕ စကားေၾကာင့္သူတို႔ ႏွစ္ေယာက္ ေက်နပ္အၿပဳံးျဖင့္ ၿပဳံးျပလိုက္သည္။

"ဒါေပမဲ့... "

Dream အနည္းငယ္ စိတ္မရွည္ ခ်င္ေတာ့ေပ။

'မၿပိဳင္ခ်င္ပါဘူး ဆိုေန ဘာ ဒါေပမဲ့ေတြ ဆက္လုပ္ခ်င္ေနၾကေသးလဲ မသိဘူးကြာ '

"မင္းတို႔ ႏွစ္ေယာက္ထဲက တစ္ေယာက္ေတာ့ ဝင္ၿပိဳင္ရမယ္ "

"ဗ်ာ "
ထိုအသံသည္ Dreamတို႔ ႏွစ္ေယာက္လုံး ထံမွ ျဖစ္၏။

"ဟင္း ဟင္း ဒီ စီနီယာ အစ္ကို အစ္မေတြနဲ႕ ဆရာမေတြမင္းတို႔ကို ၿငိဳျငင္သြားမွာေတာ့ မင္းတို႔ မႀကိဳက္ဘူး မလား "

"ႏွစ္ေယာက္လုံး ကို ေခၚရတာေတာ့ အားနာေပမဲ့ မင္းတို႔က တကယ္ rule ေတြ နဲ႕ ကြက္တိက်ေနလို႔ပါ ဒီအခန္းထဲ အေခ်ာေတြ ေပါေပမဲ့ မင္းတို႔က အရပ္ရွည္ေတာ့ ပိုသင့္ေတာ္တယ္ေလ "

ေဘးမွ အစ္မ တစ္ေယာက္ပါ ေျပာလာေသာ္ Dreamႏွင့္ သူရိန္ မွာ ဘာလုပ္ရမယ္မွန္း မသိေတာ့။ထို႔ေၾကာင့္ Dreamသည္ သူရိန္ဘက္လွည့္ကာ အသနား ခံသလို ၾကည့္လိုက္သည္။

စိတ္ထဲမွလည္း အခ်င္းခ်င္း ရန္ေတြ႕ေနၾကသည္။

"မင္း ဝင္ၿပိဳင္လိုက္ "
Dream ၏လူယုတ္မာ အၿပဳံးႏွင့္ စကားေၾကာင့္သူရိန္ သူ႕ အား စိတ္ထဲမွ က်ိန္းေသ က်ိန္ဆဲေနမည္ျဖစ္ သည္။မတတ္နိူင္သည့္အဆုံးသူရိန္ သက္ျပင္း ခ်ကာ ေခါင္းၿငိတ္လိုက္ရသည္ ။

"Ok ဒါဆို ေမာင္ေလးနာမည္ နဲ႕ ဖုန္းနံပါတ္ေလး တစ္ခ်က္ေလာက္ ေပးပါလား "

ျမတ္ေလးႏြယ္နဲ႕ သူ႕သူငယ္ခ်င္းမ သည္လည္း လ်င္သည္။ခ်က္ခ်င္းပင္ နာမည္နဲ႕ ဖုန္းနံပါတ္အား တန္းေမးေတာ့သည္။ သူရိန္ သူမတို႔အား နာမည္ႏွင့္ ဖုန္းနံပါတ္ ေရးေပး ၿပီး၍သူမတို႔လည္း အတန္းေရွ႕ ျပန္သြားၾကသည္။
သူမတို႔ ႏွစ္ေယာက္ သူရိန္၏ သူငယ္ခ်င္းမ်ားအား အျပစ္တင္လိုက္ေသာအသံကို ေသခ်ာ ပင္ ၾကားလိုက္ရေသးသည္။ေခ်ာေမာ ရျခင္းသည္လည္း ဝဋ့္တစ္ခုပင္ ။

ခဏၾကာ ထို စီနီယာ အဖြဲ႕ သည္လည္း ဆရာမ အားႏႈတ္ဆက္ကာ ထြက္သြားၾကေတာ့သည္။

"ကဲ တို႔လည္း TD ကို ဆက္ ဆက္ၾကတာေပါ့"

တစ္ျဖည္းျဖည္းႏွင့္ ေက်ာင္းသား မ်ားသည္
ဆရာမ ေဒၚ ႏွင္းလြင္ ၏ စာရွင္းျပမႈေအာက္
ေသခ်ာ အာ႐ုံ စိုက္ လာၾကသည္။ သို႔ေသာ္
ခဏသာ ျဖစ္သည္။
အေၾကာင္းမွာ နာရီ လက္တံ အရွည္သည္12: 15 သို႔ ၫႊန္ေနၿပီ ျဖစ္ေသာေၾကာင့္ အကုန္လုံး၏အစာအိမ္သည္ စတင္ ဆႏၵျပ လာၿပီ ျဖစ္သည္။ဆရာမ သည္ စာပိုဒ္ကို အျပတ္ ျဖတ္ခ်င္၍ 12 ခြဲေသာ္လည္းအတန္း မလႊတ္ေပးေသးဘဲ ဆက္သင္ ေနသည္။Dream ဆိုတဲ့ ေကာင္ကလည္း 12ခြဲ သည္ႏွင့္ေဒါင္ ခနဲ ကန္တင္း ေျပးခ်င္သူ ျဖစ္သည္။
ဗိုက္ဆာ လာလွ်င္ လူက အလိုလို ေဒါသ ထြက္ လာသည္။ ညေန 1နာရီ tuto လည္း ေျဖရဦးမည္ကို 12: 45 မွသာ အတန္း ျဖဳတ္ေပးသည္။

အျခား ရက္ေတြ ဆိုလွ်င္ ဆရာမသည္ 12: 15 ေရာက္သည္ႏွင့္ျဖဳတ္ေပးေလ့ ရွိသည္။ ယေန႕  မွသာ သင္ခန္းစာ အျပတ္ ျဖတ္ ခ်င္သျဖင့္ ဆရာမသည္ အခ်ိန္ပို ယူျခင္း ျဖစ္ေသာေၾကာင့္ သူတို႔ အျပစ္တင္၍လည္းမရ။

ေက်ာင္းသားမ်ားမွာ ဆရာမ ထြက္သြားသည္ႏွင့္ စာအုပ္ အျမန္သိမ္းကာကန္တင္း ေျပးၾကသည္။ သူရိန္ႏွင့္ Dreamသည္ အေဆာင္ေအာက္ ဆင္းမည္ ႀကံစဥ္ ဌာန အထပ္အေရာက္ p1သင္ေသာဆရာမႏွင့္ ဆုံေလ၏။

"သားတို႔က IR ကမလား "

"ဟုတ္ကဲ့ တီခ်ယ္ "

"ေအး အဲ့ဒါဆို tuto ေျဖဖို႔ တစ္ခါတည္း စာအုပ္လာယူၾက1:30 တီခ်ယ္တို႔ အစည္းေဝး တက္ရမွာမို႔ ေနာ္ တီခ်ယ္ ခဏေန တက္လာခဲ့မယ္ "

"ဗ်ာ "

"ဟုတ္ကဲ့ "
ဆရာမစကားေၾကာင့္ ရႈပ္မဲ့ သြားေသာ ႏွစ္ေယာက္ လုံး၏ မ်က္ႏွာ အား ဆရာမေတာ့ မျမင္ခဲ့ေပ။

"ေန႕လည္စာ ေတာ့ ငတ္ပါၿပီကြာ "
Dream ညဥ္းၫူ လိုက္သည္။

"ငါ gp ထဲ လွမ္းေျပာ လိုက္မယ္ ခုဆို သူတို႔ အကုန္ကန္တင္း ေျပးေနၾကမွာ ေတာ္ၾကာ tuto ေနာက္က်ၾကဦးမယ္"
သူရိန္၏ စကားအား Dream ဘာမွ ျပန္မေျပာမိ။
Dreamအေတာ္ပင္ စိတ္ပ်က္ကာ ေဒါသ ထြက္ေနၿပီ ျဖစ္သည္။

သူတို႔ ႏွစ္ေယာက္ သည္ အေဆာင္ေအာက္တြင္ ေရာင္းေသာေပါင္မုန့္ ထုပ္မ်ားကို ဝယ္ကာ ေရႏွင့္သာ ေမ်ာခ် ရေတာ့မည္။ထိုစဥ္ Dream ဖုန္း ဝင္လာသျဖင့္ ၾကည့္လိုက္ရာ ဆက္သူမွာ လမင္း ျဖစ္ေနသည္။

"အင္း "
Dream ၏ စိတ္ပ်က္လက္ပ်က္ အသံေၾကာင့္ တစ္ဖက္မွ လမင္းက ေျပာလာသည္။

"မင္းအသံက ထမင္း၇ရက္ မစားရတဲ့ သူေတာင္းစားေတြရဲ႕ အသံလိုဘဲ ဘာျဖစ္ေနတာလဲ "

"ငါတို႔ အခုမွ အတန္းဆင္းတာကြ "
"အိုး ဟုတ္လား 1နာရီေတာင္ ထိုးေတာ့မယ္ အခု ကန္တင္းသြားေနၿပီလား "

"ကန္တင္းလား ငါ့ဆီလာမွ ရေတာ့မယ္"
"ဟမ္း.... "

"ငါတို႔အခု အေဆာင္ေအာက္မွာ မုန့္ဝယ္ေနတာ
ငါတို႔ ခဏေန Tuto ေျဖရေတာ့မွာ canteen သြားဖို႔ မမွီေတာ့ဘူး "

"ေအာ "
လမင္း ၏ေအာ သံ အဆုံး သက္ျပင္းခ်သံ ကိုပါDreamၾကားလိုက္ရသည္။

"ဗိုက္ဆာတာ ေသေတာ့မယ္ ငါ့ေကာင္ေရ "

Dream ၏ ညဥ္းတြားသံ ေၾကာင့္ တစ္ဖက္ လမင္းေဘး ထိုင္ေနေသာအဖူးက ပါသနားမိသြားသည္။

"ငယ္ေလးေရ Tuto ဘဲအရင္ေျဖလိုက္ေနာ္ လိမၼာတယ္ "

"အင္း ဖူး"

Dream ၏ အက်င့္ကို သူတို႔ ရင္းႏွီးေနၿပီ ျဖစ္ေသာေၾကာင့္အဖူးသည္ ေခ်ာ့ေမာ့ကာ ေျပာလိုက္ျခင္း ျဖစ္သည္။

Dream သည္ သာမာန္ ခ်ိန္တြင္ သန္မာကာ ေပ်ာ္ေပ်ာ္ ေနတတ္ေသာ္လည္း ဗိုက္ဆာ ေနတဲ့ အခ်ိန္ဆို အလိုလိုဂ်စ္တိုက္ ခ်င္လာသည္။
ေလးေယာက္ ထဲတြင္ အငယ္ဆုံးလည္း ျဖစ္ကာ Dream အေၾကာင္းႏွင့္ သူ၏မိသားစု အေၾကာင္းပါ အကုန္သိေနၾက၍Dream အား သူတို႔ တကယ္ အေလ်ာ့ေပးၾကသည္။

သို႔ေသာ္ Dream သည္လည္း အားေန အနိူင္ယူ တတ္သူ မဟုတ္ေပ။
သူ အေလ်ာ့ေပး ရသည့္ အခ်ိန္ကပင္ ပိုမ်ားေနတတ္ေသးသည္။

သူရိန္သည္ Dream ႀကိဳက္ေသာ ေခ်ာကလက္ ေပါင္မုန့္ႏွင့္ေရဘူးကို ကမ္းေပးကာ ေျပာလိုက္သည္။

"ဒါ အရင္ စားထားလိုက္ ေပး ေရဘူး "
သူရိန္ Dream ကမ္းေပး လာေသာ ေရဘူးအားအဖုံးဖြင့္ေပးလိုက္သည္။

"အထဲ ဝင္မယ္ ဒီမွာ ေနပူတယ္ "

"အင္း "
သူရိန္ Dream လက္အားဆြဲကာ အေဆာင္ေအာက္သို႔ေလွ်ာက္သြားေတာ့သည္။
ေယာက်ာ္းေလး ႏွစ္ေယာက္ လက္တြဲ သြားသည္က ထူးဆန္းသည္ဟု ထင္ခ်င္လည္း ထင္ၾကလိမ့္မည္။သို႔ေသာ္ သူရိန္ သည္ ဘာကိုမွ ဂ႐ုမစိုက္ဘဲ
Dream လက္ကိုသာ ဆြဲလာခဲ့သည္။

အေဆာင္ေအာက္က အုတ္ခုံတြင္ ထိုင္ေနေသာ တစ္စုံ တစ္ေယာက္သည္ေတာ့ ထိုျမင္ကြင္းကို ၾကည့္ကာ ႏႈတ္ခမ္းစြန္းတို႔က အေပၚသို႔ ျမင့္တက္ လာလ်က္ပင္။

"ဟက္ တကယ့္ကေလး လိုဘဲ "

'ခ်စ္ျခင္းေမတၱာဟာလည္း လူတန္းစား မေ႐ြးထံကေန သဘာဝ အေလ်ာက္ ေပါက္ဖြားလာတတ္တဲ့ စိတၱဇ နာမ္ေလး တစ္ခု ေပါ့
ကြၽန္ေတာ္ဟာလည္း ပုတုစဥ္လူသားမို႔ ကြၽန္ေတာ္ ပိုင္ဆိုင္တဲ့ ထိုစိတၱဇနာမ္ေလး ကို ခင္မ်ား ဆိုတဲ့ သူစိမ္းေလးထံ ေပးအပ္ခ်င္မိပါရဲ႕'
#Khant#

မလိမ္နဲ႕ ခင္မ်ား တို႔ Foreign policy အေၾကာင္း ရွင္းျပတာကို ေက်ာ္ဖတ္သြားၾကတယ္ မလား 😆

Ga verder met lezen

Dit interesseert je vast

1.4M 60.4K 71
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
287K 14.2K 51
(Unicode) " အရာရာတိုင်းမှာ တန်ပြန်ရိုက်ချက် ဆိုတာ ရှိတယ်။ အမှန်တရား အတွက်ဆိုရင် ငါက ရှေ့နေတစ်ယောက် ဖြစ်နေရင် တောင်မှ၊ ဘုရားမရှိ တရားမရှိတဲ့ ရှေ့နေပဲဖ...
1.2M 90.5K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
360K 31.2K 44
ဒုတိယ မြောက် fic... ဆရာဝန်လေးနဲ့ဆေးစပ် Compounderဆရာလေးတို့ရဲ့ချစ်ဇာတ်လမ်းလေး... အားပေးမယ်မဟုတ်လား...