//UNICODE//
အခန်း ၁၈ - အတူတူသွားခြင်း
စုလင်း ခဏမျှ အေးခဲသွားရပြီး ကုလီဟန် "ကောင်းပြီ" ဟုဖြေလာလိမ့်လို့ သူလုံးဝကို မမျှော်လင့်မိခဲ့ချေ။ ကုလီဟန်ရဲ့ ခုနက တုံ့ပြန်မှုက မကောင်းလှတာက စုလင်းကို စိတ်ပူစေတဲ့အတွက် မေးမိလိုက်ခြင်းသာ ဖြစ်သည်။ သို့သော်လည်း သူ့နှလုံးသားထဲမှာတော့ ကုလီဟန် အခုလို ပြန်ဖြေလာဖို့ အများကြီး မျှော်လင့်ချက် မထားခဲ့ပေ။ ခဏကြာပြီးနောက် စုလင်း ခပ်မြန်မြန်ပဲ ပြန်ဖြေလိုက်သည်။
" ခင်ဗျား ဘယ်လိုအကူအညီမျိုး လိုအပ်တာလဲ? ပြောသာပြောလိုက်! ကျွန်တော် သေချာပေါက်ကို အစွမ်းကုန်ကြိုးစားပြီး ကူညီပေးမယ်"
ကုလီဟန် ဒီရိုးသားဖြူစင်လှသည့် ကောင်ငယ်လေးကို ကြည့်လိုက်ရင်း သူ့နှလုံးသားတစ်ခုလုံး နွေးထွေးသွားရသည်။
ဒါက သူငယ်ချင်းတစ်ယောက်ရှိတဲ့ ခံစားချက်မျိုးလား?
ကုလီဟန် ဧည့်ခန်းထိုင်ခုံဆီကို လက်ဟန်ပြပြီး ပြောလိုက်သည်။
"အရင်ထိုင်ကြရအောင်"
သူတို့ နှစ်ဦးသား ထိုင်လိုက်ကြပြီး ဒိုမီက သူတို့အတွက် လက်ဖက်ရည် ဖျော်ပေးခဲ့သည်။ သိပ်မကြာခင်မှာပဲ ပူနွေးမွှေးပျံ့နေတဲ့ ရနံ့က လေထုထဲမှာ သင်းပျံ့လာသည်။ စုလင်း လက်ဖက်ရည်ခွက်ကို ကိုင်လိုက်ပြီး ကုလီဟန် စကားပြောလာမှာကို စောင့်နေလိုက်သည်။
ကုလီဟန် ကွေ့ဝိုက် မနေတော့ဘဲ လိုရင်းကိုသာ တန်းပြောလိုက်တော့သည်။
"မင်း ရှန်းမိုယွီကို ရှာဖို့ ထိပ်တန်းAအဆင့် စိတ်ဝိညာဥ်ပင်ကို ယူတဲ့အချိန်ကျရင် ကိုယ်လည်း လိုက်လို့ရမလား"
သူက ဖြည့်စွက်ပြောလာသည်။
"ကိုယ် ရှန်းမိုယွီကို မလိုချင်ဘူး။ အတူပဲ သွားချင်တာ"
စုလင်းရဲ့ မျက်ဝန်းလေးများ တလက်လက်တောက်ပလာရသည်။ သူက သူ့ရဲ့နတ်ဘုရားလိုချင်တဲ့ အကူအညီဆိုတာ ဒါမျိုးဖြစ်မယ် မထင်ခဲ့ဘူး။
သူနောက်ထပ် ဘာကိုမှ မတောင်းဆိုတော့ဘူး
တကယ်တော့ စုလင်းအနေနဲ့လည်း ကုလီဟန်ကို အချိန်တော်တော်ကြာ မတွေ့ရမှာကို စိုးရိမ်နေခဲ့အပြင် သူ့အတွက် အချစ်ပြိုင်ဘက်တွေ တစ်နေရာရာက ထပေါ်လာမှာကိုလည်း ကြောက်နေခဲ့ရသည်ပင်။ သူ့နတ်ဘုရားကသာ သူ့အနားမှာ ရှိနေမယ်ဆိုရင်တော့ ပိုကောင်းပေသည်။ ထပ်ပေါင်းရသော် စိတ်ဝိညာဥ်ပင်ရှာခြင်းဆိုသည်မှာ Villaမှာ နေရသည်နှင့်မတူပေ။ သူတို့ ၂ဦး ရဲ့ အတူရှိနေချိန်တွေ သိသိသာသာ ပိုတိုးလာပေလိမ့်မည်။
စုလင်း ချက်ချင်းကို ပြန်ဖြေလိုက်သည်။
"ရတာပေါ့"
သူ သိလိုစိတ်ပြင်းပြစွာ မေးလိုက်သေးသည်။
"ခင်ဗျားက တစ်ခြား ထိပ်တန်းSအဆင့် စိတ်ဝိညာဥ်ပင် ရှာနေတာလား?"
ကုလီဟန် ခဏမျှ ငြိမ်သက်သွားရသည်။ ကောင်ငယ်လေးရဲ့ ကြည်စင်နေသော မျက်ဝန်းလေးများကို ရင်ဆိုင်မိလိုက်တော့ သူ လုံးဝကို မညာချင်တော့ပေ။ သို့သော် သူ့ရဲ့ အခြေအနေကိုလည်း ကောင်လေးကို မသိစေချင်ပါချေ။ ထို့ကြောင့် သူ မရေမရာသာ ပြန်ဖြေလိုက်သည်။
"မဟုတ်ပါဘူး။ ကိုယ် နည်းနည်း စိတ်ပြေလက်ပျောက် အနားယူချင်လို့။ ဒီတစ်လျှောက်တွင်းလည်း အဆင်မြင့် စိတ်ဝိညာဥ်ပင်တွေ ကိုယ် ကူပြီး ရှာပေးလို့ရတယ်လေ။ အဲ့တော့ အဆင်သင့်သွားတာ"
စုလင်း ပြုံးလိုက်ရင်း သဘောတူကြောင်း အားတက်သရော် ခေါင်းငြိမ့်လေသည်။
"ဟုတ်တယ် ဟုတ်တယ် ခင်ဗျား တကယ်ကို အနားယူသင့်တယ်။ ဒါပေမဲ့ ခင်ဗျား အရင်ရက်တွေက အလုပ်တွေ များနေခဲ့တာမလား? အပြင်သွားဖို့ အချိန်ကော ရှိရဲ့လား?"
ကုလီဟန် ခေါင်းငြိမ့်လာသည်။
"ကိုယ့်မှာရှိနေတဲ့ အရေးကြီးတဲ့အလုပ် နည်းနည်းကို သေချာ ကိုင်တွယ်ပြီးပြီ။ အဲ့တော့ ကိုယ် ၃လ အားလပ်ရက်ရတယ်။"
စုလင်း: "အဲ့ဒါဆို ခင်ဗျား အလုပ်တွေရှုပ်နေခဲ့တာ အားလပ်ရက် ကြောင့်ပေါ့?"
ကုလီဟန်: " အမ်း..."
အဲ့ဒီအချိန်မှာပဲ ကုလီဟန်ရဲ့ လက်ကောက်က မြည်လာခဲ့၍ သူက စာကိုဖတ်လိုက်ပြီး ထရပ်လိုက်သည်။
"တောင်းပန်ပါတယ်။ ကိုယ် တစ်ချို့ကိစ္စလေးတွေ ဖြေရှင်းစရာရှိသေးလို့"
စုလင်း မျက်ဝန်းထောင့်လေးတွေ ကွေးတက်သွားသည် အထိ ပြုံးလိုက်ပြီး
"ရပါတယ်။ ကျွန်တော် ၁၆ရက်နေ့ကစပြီး အားပြီရယ်။ ရက်နည်းနည်းလောက်ဆို သွားလို့ရပြီ"
စုလင်းက ကုလီဟန်အတွက် စဥ်းစားပေးနေသည်မှာ ထင်ရှားလှပေသည်။ ကုလီဟန်ရဲ့ အမူအရာက ပိုနူးညံ့လာရပြီး
"ကိစ္စတွေအားလုံး ၁၆ရက်နေ့မတိုင်ခင် အကုန် ကိုင်တွယ်ဖြေရှင်းထားလိုက်မယ်။ အခု ကိုယ် စာကြည့်ခန်းကို အရင် သွားလိုက်ဦးမယ်နော်"
ကုလီဟန် ဧည့်ခန်းထဲက ထွက်သွားပြီးနောက် စုလင်း ကုလီဟန်ပြောခဲ့တာကို သတိရလိုက်ပြီး သတင်းကြည့်ဖို့ လက်ကောက်ကို ထိပြီး ဖွင့်လိုက်သည်။ မှတ်ချက် အများဆုံးရှိနေသော သတင်းမှာ [ပြန်လည် မဲပေးတင်မြှောက်ခြင်း- Omegaအလှပဂေး] ဖြစ်သည်။ စုလင်း အထဲကို ဝင်ကြည့်လိုက်တော့ ညာဘက်အပေါ်ထောင့်မှာ စာလုံးအနီရဲကြီးဖြင့် 'အရည်အချင်းမပြည့်မီသော' ဟုရေးထားသော သူ့ပုံကို တွေ့လိုက်ရသည်။ သူ့ပုံအောက်တွင် မူလက ဒုတိယနေရာနှင့် တတိယနေရာ အသီးသီးတွင် ရှိနေကြသော လင်းမန်နှင့် ကျောင်းချီရဲ့ ပုံများဖြစ်သည်။ ထို သတင်း ခေါင်းစဥ်အောက်တွင် အင်တာနက်သုံးစွဲသူ ရဲ့ မှတ်ချက် အမြောက်အများ ရှိနေသည်။ လူကြိုက်များနေသည့် မှတ်ချက်များကို ကြည့်လိုက်ပြီးနောက် စုလင်း စုအိမ်တော်က ဘာ့ကြောင့် ရုတ်တရက်ထပြီး သူနဲ့ ဆက်ဆံရေး ဖြတ်တောက်ကြောင်း ကြေညာရတာလဲဆိုတာ နားလည်သွားသည်။ သူ့ကို 'Omegaအလှပဂေး' အဖြစ်သတ်မှတ်လိုက်ပြီးနောက် သူ့ရဲ့ ကျော်ကြားမှုက အလျင်အမြန်ပဲ မြှင့်တက်သွားခဲ့သည်။ အဲ့ဒီနောက်မှာတော့ သူနဲ့ပတ်သတ်တဲ့ အတင်းအဖျင်းတွေက ပျံ့နှံ့သွားခဲ့ရပြီး ရေပန်းအစားဆုံးကတော့ သူ့ရဲ့ မနှစ်မြိုဖွယ် Pheromoneများပင်ဖြစ်သည်။ သိပ်မကြာခင်ပဲ သူ့ရဲ့ နောက်ခံ မိသားစုအကြောင်းတွေကို အင်တာနက်သုံးစွဲသူတွေက ရှာဖွေတွေ့ရှိသွားကြပြီး ဖော်ထုတ်လာကြသည်။ တစ်ချိန်တည်းမှာပဲ စုအိမ်တော်က သူနဲ့ ဆက်ဆံရေး ဖြတ်တောက်လိုက်ကြောင်း ကြေငြာလိုက်သည်။ ဒါကို မြင်တော့ စုလင်း ပြုံးလိုက်သည်။
ဒါက စုမိသားစုရဲ့ ကိစ္စတွေ ကိုင်တွယ်နေကျပုံပဲ
စုလင်းရဲ့ အရည်အချင်း မပြည့်ဝမှုကြောင့် ပြန်လည်မဲပေးတင်မြှောက်ခြင်း လှုပ်ရှားမှုက မနက်ဖြန်အထိ တိုးချဲ့ခဲ့သည်။ မဲပေးနေသည့် ကာလအတွင်း ထိပ်ဆုံးအဆင့်ရှိ လူအနည်းစုသည် သူတို့ရဲ့နောက်ခံများ စစ်ဆေးခံရမည့်အပြင် အခြား ကဏ္ဍများကိုပါ စုံစမ်းခံကြမည် ဖြစ်သည်။ လင်းမန်နဲ့ကျောင်းချီရဲ့ အပြင်းအထန် ပြိုင်ပွဲကို ကြည့်လိုက်ရင်း စုလင်း ကူကယ်ရာမဲ့စွာ သက်ပြင်းသာချလိုက်မိတော့သည်။ ဝတ္ထုရဲ့ ဇာတ်လိုက်နဲ့ အမြှောက်စာဇာတ်ကောင်တို့က အမြဲတမ်းအတွက် ပြိုင်ဘက်တွေ ဖြစ်နေကြမှာပင်။ စုလင်း သတင်းတွေ ကြည့်နေတုန်းပဲ နာလူးက ဆက်သွယ်လာသည်။ နာလူးက သူ့ကို စိတ်ပူနေခဲ့တာဖြစ်ပြီး သူ့အသံက ဒေါသတကြီး ဖြစ်နေသည်။
"အင်တာနက်ပေါ်ကကောင်တွေရဲ့ မှတ်ချက်တွေကို ဂရုစိုက်နေစရာမလိုဘူး။ မင်းက အကောင်းဆုံးပဲ!"
စုလင်း ပြုံးလိုက်ပြီး
"လေးလေးနာလူးရယ် စိတ်ပူဖို့မလိုပါဘူး"
သူ့အသံက တည်ငြိမ်နေပြီး ပုံမှန်အတိုင်းပင်။ ထို့ကြောင့်သာ နာလူး သူ့စိတ်လေး သက်သာသွားရသည်။
"မနက်ဖြန် ကောင်းကောင်းနားနော်။ ရေးဖြေ အတွက်လည်း စိတ်ဖိစီးမနေနဲ့ သိလား?"
စုလင်း ပြန်ပြောလိုက်သည်။
"ဟုတ်ပါ...လေးလေးနာလူးရဲ့။ စိတ်ချပါ ကျွန်တော် စိတ်အခြေအနေလည်း ကောင်းပါတယ်"
စုလင်း နာလူးနဲ့ပြောပြီး ဖုန်းချလိုက်စဥ်မှာ လင်းမန်ရဲ့ ဆက်သွယ်မှု ဝင်လာသည်။ လင်းမန်ရဲ့ အသံက အနည်းငယ် စိုးရိမ်ပူပန်နေပုံရသည်။
"လင်းလင်း သတင်းတွေ မဖတ်နဲ့နော်"
စုလင်း သဘောတကျ ရယ်လိုက်ရင်း
"ငါ ဖတ်ပြီးသွားပြီရယ်။ အဆင်ပြေပါတယ်။ ငါလုံးဝကို စိတ်ထဲ မထားပါဘူး"
လင်းမန်ရဲ့က ဒေါသတွေပေါက်ကွဲနေသည့် လေသံဖြင့်
"ငါ့အမြင်အရ လင်းလင်းကသာ Omega အလှပဂေးပဲ။ ငါ့ပုံကို ဘယ်ကောင်ရိုက်သွားတုန်း မသိဘူး။ စိတ်အနှောက်အယှက်ဖြစ်စရာ အရမ်းကောင်းတာပဲ။ ငါ မဲရွေးခံတဲ့ထဲမပါဘူးလို့ အခုပဲ မှတ်ချက် ပြန်ရေးလိုက်မယ်။"
စုလင်းက တည်ငြိမ်စွာ ဆိုလာသည်။
"ဒါက တရားဝင် မဲပေးတာ မဟုတ်ဘူးလေ။ အဲ့တော့ မင်း မှတ်ချက်ပြန်လိုက်လည်း အသုံးမဝင်ဘူးရယ်။ စိတ်းမဆိုးပါနဲ့။ ထားလိုက်"
"ဒါပေမဲ့ ..သူတို့က မင်းကို ....ခေါ်တယ်။ အရမ်းလွန်လွန်းတယ်!"
စုလင်း ဆိုဖာကို မှီလိုက်ရင်း ပုခုံးကိုတွန့်ပြလိုက်သည်။ သူက အင်တာနက်ပေါ်မှာ နာမည်ကြီးနေတဲ့ "စု နံဟောင်"ဆိုတဲ့ နာမည်ရှိသည်။
"ငါ့pheromoneတွေက တကယ်ကြီး နံနေတာပဲလေ။ အဲ့ဒီလူတွေက ငါ့အတွက် သူစိမ်းတွေပဲ သူတို့ဘာပြောပြော ဘာမှကိုမဖြစ်ဘူး။ စိတ်ထဲ ထားမနေနဲ့။ ကောင်းကောင်းနားလိုက်ပြီး ရေးဖြေအတွက် ပြင်ဆင်နေ"
လင်းမန် သူ့ဘာသာ ညည်းတွားလိုက်မိသည်။
"မင်းက ဘာလို့ ဒီလောက် တည်ငြိမ်နေရတာလဲ?"
စုလင်းက ရယ်သည်။
"ဘာလို့ဆို ငါသူတို့ကို ဂရုမစိုက်လို့ပေါ့။ မင်းလည်း တွေးမနေသင့်ဘူး"
လင်းမန် ရှက်ကိုးရှက်ကန်း ဆိုသည်
"ငါက မင်းကို နှစ်သိမ့်ပေးချင်ခဲ့တာ။ မင်းက ငါ့ကို ပြန် နှစ်သိမ့်ပေးနေရမယ်လို့ မမျှော်လင့်ခဲ့မိဘူး"
စုလင်း ပြုံးလိုက်ပြီး နှစ်ဦးသား ဖုန်းမချခင်အထိ စာမေးပွဲအကြောင်း ဆွေးနွေးနေခဲ့ကြသည်။ နောက်တစ်ရက်မှာတော့ စုလင်း Villaမှာပဲ တစ်နေကုန်နေပြီး စာတွေ ပြန်လည် သုံးသပ်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူက အင်တာဗျူးတစ်ခုကို လက်လျော့ခဲ့ရသည့်အတွက် အောင်နိုင်ခြေက အရမ်းနည်းနေသောကြောင့် ဖြစ်သည်။ ထို့ကြောင့်ပင် စုလင်းက ရေးဖြေစာမေးပွဲကို အရမ်း အလေးအနက်ထားခဲ့ပြီး သူ့မူလကမ္ဘာက တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ထက်ကို အပြင်းအထန် ပိုကြိုးစားနေခဲ့သည်။ သူက ကျရင် နောက်တစ်နှစ် ထပ်နေဖို့ ပြင်ထားခဲ့ပေမယ့်လည်း စာမေးပွဲမှာ အစွမ်းကုန်ကြိုးစားဖို့ မျှော်လင့်ထားတုန်းပင်။
၁၄ရက်နေ့။
ရေးဖြေ စာမေးပွဲက အင်တာဗျူးတုန်းကနဲ့ အတော်ကြီး ကွာခြားလှစွာဖြင့် စာမေးပွဲခန်းတွင် အကုန်ရော ဖြေရပေမည်။ ရေးဖြေလာဖြေကြသည့် ဖြေဆိုသူတွေ လိင်အမျိုးအစား အားလုံး စာမေးပွဲခန်းတွင် ရှိနေသည်။ စုလင်း ရောက်လာသည်နှင့် သူ အကြည့်ပေါင်းများစွာကို ရရှိလိုက်သည်။ သူတို့ လူမမှားကြောင်း အသေအချာအတည်ပြုပြီးကြတဲ့နောက်မှာတော့ ထိုလူတွေအကုန် အံ့အားသင့်ကုန်ရသည်။
"Wow ဒါက အရင် 'Omegaအလှပဂေး' မလား?"
"အဲ့ဒါ သူပဲ ! သူက အနံ့အရမ်းဆိုးပြီး အဆင့်မကောင်းလို့ သူ့ရဲ့ဂုဏ်ပုဒ်ဆုံးရှုံးသွားရတဲ့ Omegaပေါ့"
"သူ စာမေးပွဲလာဖြေမယ်လို့ မထင်ထားဘူး။ သူက အင်တာဗျူး တစ်ခုကို လက်လျော့ထားပြီးသားလေ။ သူက ရေးဖြေမှာ ရလဒ် အရမ်းကောင်းကောင်း ရနိုင်မယ်လို့ ထင်နေလား?"
"အဲ့ဒါက အရမ်းခက်တယ်။ သူက စာမေးပွဲမှာ နောက်နှစ်အတွက် ပိုအတွေ့အကြုံရချင်တာ ဖြစ်မှာပေါ့"
အမျိုးမျိုးသော တီးတိုးစကားသံတွေက စုလင်းရဲ့နားအတွင်း ပျံ့နှံ့လာသည်။ သူ တိတ်တခိုးလေး သက်ပြင်းချလိုက်မိပြီး
သေချာတယ် ဘယ်နေရာပဲသွားသွား အတင်းအဖျင်းတွေကတော့ လိုက်နေမှာပဲ
ရေးဖြေ ဖြေရသည့်အချိန်ပြည့်သွားခဲ့သည်။ စုလင်း စာမေးပွဲနဲ့ ပတ်သတ်ပြီး အရမ်းကျေနပ်နေတာကြောင့် ခံစားချက်ကောင်းနေခဲ့သည်။ ၁၅ရက်နေ့ ဒုတိယမြောက်ရေးဖြေ စာမေးပွဲပြီးနောက် စုလင်း နာလူးနဲ့ ညစာစားရန် မွှေးရနံ့ဘားကို သွားခဲ့သည်။
ခံစားချက်ကောင်းနေပြီး အေးချမ်းနေသည့်ဟန်ဖြင့် စုလင်းကို မြင်တော့ နာလူး စုလင်းအတွက် အရမ်းပျော်ရွှင်သွားသည်။ နှစ်ဦးသား စကားတပြောပြောနှင့် စားသောက်နေခဲ့ကြသည်။ စုလင်းက ဆိုလိုက်သည်။
"ကျွန်တော် ဒီရက်ပိုင်းလောက်အတွင်းသွားဖြစ်မယ်။ ဒါပေမဲ့ နောက်အကျဆုံးဆိုရင်တောင်၂၀ရက်နေ့ မကျော်ပါဘူး"
နာလူးက စုလင်းရဲ့ အစီအစဥ်ကို အရင်ကတည်းက သိပြီးသားဖြစ်တာကြောင့် စုလင်း ပြောတာ ကြားသည်နှင့် စုလင်းရဲ့အကောင့်ထဲကို 300,000 လွှဲပေးလိုက်သည်။
"ဒါက ဒီလအတွက် ကုန်ကြမ်းရောင်းရငွေပဲ။ မင်း ဒါကို အရင် သုံးလိုက်လို့ရတယ်။ မင်းရဲ့ ခန်းဝင်ပစ္စည်းနဲ့ ကျူရှင်ဖိုးတွေအတွက်က နောက်လ ကုန်ကြမ်း ရောင်းရငွေက ရလိမ့်မယ်"
စုလင်း နဖူးကို လက်နဲ့ အုပ်မိရင်း
"လေးလေးနာလူး ခန်းဝင်ပစ္စည်းတွေအကြောင်း ထည့်ပြောစရာ မလိုပါဘူးဆို"
နာလူးက စုလင်းမပြန်ခင်ထိ လိုက်စနေတော့သည်။
"လုံခြုံရေးကို သေချာ ဂရုစိုက်။ ပြီး တစ်ခုခုလိုအပ်ရင် ငါ့ကို ဆက်သွယ်လိုက်"
စုလင်း: "ဟုတ်ပါ"
စုလင်း Villaကို ပြန်ရောက်တော့ ၈နာရီပင် ထိုးနေပြီ ဖြစ်သည်။ သူ ဧည့်ခန်း ကို ဝင်လိုက်တော့ ပုံမှန်အားကစားဝတ်စုံကို ဝတ်ထားပြီး ဖန်ခွက်တစ်ခွက်ကို လက်တွင် ကိုင်ကာ လှေကားဆီ လျှောက်သွားနေသည့် ကုလီဟန်ကို တွေ့လိုက်ရသည်။ စုလင်းရဲ့ မျက်ဝန်းများ ဖျတ်ခနဲ အရောင်လဲ့သွားခဲ့ပြီး သူ့အကြည့်တွေက ကုလီဟန်ရဲ့တင်းမာနေသည့် ကြွက်သားတွေဆီ ဝေ့ဝဲရောက်သွားရသည်။ သူ ပြုံးလိုက်ပြီး မေးလိုက်သည်။
"ခင်ဗျား အလုပ်တွေ ပြီးသွားပြီလား?"
ကုလီဟန်က သူ့အသံကိုကြားတော့ စုလင်းဘက်လှည့်လာပြီး
"အမ်း..ကိုယ်တို့ လိုလောက်မယ့် ပစ္စည်းတွေ ကိုယ်ဝယ်ထားသေးတယ်။ မင်းဝယ်ချင်တာရှိသေးလား လာ ကြည့်လှည့်"
စုလင်း သူ့နောက်ကနေ ပထမထပ်ရဲ့ ညာဘက်အစွန်ဆုံးအခန်းဆီ လိုက်သွားလိုက်သည်။ သူ အခန်းထဲ ဝင်လိုက်လျှင် ဝင်လိုက်ချင်းပင် သူ အတွင်းမှာ စုပုံထားသည့် ပစ္စည်းတွေကို တွေ့လိုက်ရသည်။ အလယ်မှာ ဒီဇိုင်းအမျိုးမျိုးနှင့် ရုပ်ဖျက် ဝတ်စုံအပုံကြီး ရှိနေသည်။ ညာဘက်ရှိ စားပွဲရှည်ကြီး ပေါ်တွင် လက်နက်အမျိုးမျိုးထည့်ထားသော ဖွင့်ထားသည့် အနက်ရောင် သေတ္တာတစ်လုံးရှိသည်။
စုလင်း လန့်သွားရပြီး
"ဒါတွေက တရားဝင်ဝယ်ထားတာ ဟုတ်ပါတယ်နော်?"
"ဒါပေါ့"
ကုလီဟန် အနက်ရောင်သေတ္တာဆီ လျှောက်လာပြီး သေတ္တာရဲ့ ညာဘက်အစွန်းက ငွေရောင်ကြယ်သီးလေးကို ကောက်ယူလိုက်ပြီး စုလင်းကို ပေးလာသည်။
"ဒါက မင်းရဲ့ စိတ်ဝိညာဥ်ပင်တွေ သိမ်းဖို့ နေရာလွတ် သိုလှောင်ပစ္စည်းပဲ"
စုလင်း က စိတ်ဝိညာဥ်ပင်တွေကို ဘယ်လိုသယ်သွားရမလဲဆိုတာ တစ်လျှောက်လုံး စိုးရိမ်နေခဲ့တာ ဖြစ်သည်။ သူ အရင်က သိုလှောင်ပစ္စည်းရဲ့ စျေးနှုန်းကို စစ်ကြည့်ဖူးသည်။ ၁မီတာ အတွက် 200,000ကျပြီး စိတ်ဝိညာဥ်နှစ်ပင်အတွက် ၅မီတာလိုသည်။ စုလင်း အဲ့ဒီလောက် မတက်နိုင်ပေ။ ကုလီဟန် ဒီလောက် တွေးတတ်လိမ့်မယ်လို့ စုလင်း မထင်ထားခဲ့ပေ။
စုလင်းက ငွေကြယ်သီးလေးကို မယူတာကိုတွေ့တော့ ကုလီဟန်က သူ့လက်ကို နည်းနည်းထပ်မြှောက်လိုက်ပြီး
"ယူလိုက်၊ ဒါက ဒီတိုင်း ပစ္စည်းသေးသေးလေးပါ။ သိပ်စျေးမကြီးပါဘူး။ ကိုယ် မင်းနဲ့အတူ လိုက်မယ်ဆိုကတည်းက မင်းအတွက် ပစ္စည်းကိရိယာတစ်ချို့ စီစဥ်ပေးသင့်တာပဲလေ"
စုလင်းရဲ့ အကြည့်တွေက အခန်းတစ်လုံးပြည့်နေသည့် ပစ္စည်းကိရိယာများကို သိမ်းကျုံး ကြည့်လိုက်မိပြီး ခဏမျှ ပြောစရာစကားများ ပျောက်ရှသွားရသည်။
"ခင်ဗျားက "တစ်ချို့"ဆိုတဲ့ အသုံးအနှုန်းနဲ့ ပတ်သတ်ပြီး နားလည်မှုလွဲနေတာပဲ ဖြစ်ရမယ်"
ဒါက သူဌေးတွေရဲ့ ကြွယ်ဝခြင်း ကမ္ဘာကြီးလား။
ရုပ်ဖျက်ဝတ်စုံ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Jue Freesia 🦋
//ZAWGYI//
အခန္း ၁၈ - အတူတူသြားျခင္း
စုလင္း ခဏမွ် ေအးခဲသြားရၿပီး ကုလီဟန္ "ေကာင္းၿပီ" ဟုေျဖလာလိမ့္လို႔ သူလုံးဝကို မေမွ်ာ္လင့္မိခဲ့ေခ်။ ကုလီဟန္ရဲ႕ ခုနက တုံ႔ျပန္မႈက မေကာင္းလွတာက စုလင္းကို စိတ္ပူေစတဲ့အတြက္ ေမးမိလိုက္ျခင္းသာ ျဖစ္သည္။ သို႔ေသာ္လည္း သူ႕ႏွလုံးသားထဲမွာေတာ့ ကုလီဟန္ အခုလို ျပန္ေျဖလာဖို႔ အမ်ားႀကီး ေမွ်ာ္လင့္ခ်က္ မထားခဲ့ေပ။ ခဏၾကာၿပီးေနာက္ စုလင္း ခပ္ျမန္ျမန္ပဲ ျပန္ေျဖလိုက္သည္။
" ခင္ဗ်ား ဘယ္လိုအကူအညီမ်ိဳး လိုအပ္တာလဲ? ေျပာသာေျပာလိုက္! ကြၽန္ေတာ္ ေသခ်ာေပါက္ကို အစြမ္းကုန္ႀကိဳးစားၿပီး ကူညီေပးမယ္"
ကုလီဟန္ ဒီ႐ိုးသားျဖဴစင္လွသည့္ ေကာင္ငယ္ေလးကို ၾကည့္လိုက္ရင္း သူ႕ႏွလုံးသားတစ္ခုလုံး ေႏြးေထြးသြားရသည္။
ဒါက သူငယ္ခ်င္းတစ္ေယာက္႐ွိတဲ့ ခံစားခ်က္မ်ိဳးလား?
ကုလီဟန္ ဧည့္ခန္းထိုင္ခုံဆီကို လက္ဟန္ျပၿပီး ေျပာလိုက္သည္။
"အရင္ထိုင္ၾကရေအာင္"
သူတို႔ ႏွစ္ဦးသား ထိုင္လိုက္ၾကၿပီး ဒိုမီက သူတို႔အတြက္ လက္ဖက္ရည္ ေဖ်ာ္ေပးခဲ့သည္။ သိပ္မၾကာခင္မွာပဲ ပူေႏြးေမႊးပ်ံ႕ေနတဲ့ ရနံ႔က ေလထုထဲမွာ သင္းပ်ံ႕လာသည္။ စုလင္း လက္ဖက္ရည္ခြက္ကို ကိုင္လိုက္ၿပီး ကုလီဟန္ စကားေျပာလာမွာကို ေစာင့္ေနလိုက္သည္။
ကုလီဟန္ ေကြ႕ဝိုက္ မေနေတာ့ဘဲ လိုရင္းကိုသာ တန္းေျပာလိုက္ေတာ့သည္။
"မင္း ႐ွန္းမိုယြီကို ႐ွာဖို႔ ထိပ္တန္းAအဆင့္ စိတ္ဝိညာဥ္ပင္ကို ယူတဲ့အခ်ိန္က်ရင္ ကိုယ္လည္း လိုက္လို႔ရမလား"
သူက ျဖည့္စြက္ေျပာလာသည္။
"ကိုယ္ ႐ွန္းမိုယြီကို မလိုခ်င္ဘူး။ အတူပဲ သြားခ်င္တာ"
စုလင္းရဲ႕ မ်က္ဝန္းေလးမ်ား တလက္လက္ေတာက္ပလာရသည္။ သူက သူ႕ရဲ႕နတ္ဘုရားလိုခ်င္တဲ့ အကူအညီဆိုတာ ဒါမ်ိဳးျဖစ္မယ္ မထင္ခဲ့ဘူး။
သူေနာက္ထပ္ ဘာကိုမွ မေတာင္းဆိုေတာ့ဘူး
တကယ္ေတာ့ စုလင္းအေနနဲ႔လည္း ကုလီဟန္ကို အခ်ိန္ေတာ္ေတာ္ၾကာ မေတြ႕ရမွာကို စိုးရိမ္ေနခဲ့အျပင္ သူ႕အတြက္ အခ်စ္ၿပိဳင္ဘက္ေတြ တစ္ေနရာရာက ထေပၚလာမွာကိုလည္း ေၾကာက္ေနခဲ့ရသည္ပင္။ သူ႕နတ္ဘုရားကသာ သူ႕အနားမွာ ႐ွိေနမယ္ဆိုရင္ေတာ့ ပိုေကာင္းေပသည္။ ထပ္ေပါင္းရေသာ္ စိတ္ဝိညာဥ္ပင္႐ွာျခင္းဆိုသည္မွာ Villaမွာ ေနရသည္ႏွင့္မတူေပ။ သူတို႔ ၂ဦး ရဲ႕ အတူ႐ွိေနခ်ိန္ေတြ သိသိသာသာ ပိုတိုးလာေပလိမ့္မည္။
စုလင္း ခ်က္ခ်င္းကို ျပန္ေျဖလိုက္သည္။
"ရတာေပါ့"
သူ သိလိုစိတ္ျပင္းျပစြာ ေမးလိုက္ေသးသည္။
"ခင္ဗ်ားက တစ္ျခား ထိပ္တန္းSအဆင့္ စိတ္ဝိညာဥ္ပင္ ႐ွာေနတာလား?"
ကုလီဟန္ ခဏမွ် ၿငိမ္သက္သြားရသည္။ ေကာင္ငယ္ေလးရဲ႕ ၾကည္စင္ေနေသာ မ်က္ဝန္းေလးမ်ားကို ရင္ဆိုင္မိလိုက္ေတာ့ သူ လုံးဝကို မညာခ်င္ေတာ့ေပ။ သို႔ေသာ္ သူ႕ရဲ႕ အေျခအေနကိုလည္း ေကာင္ေလးကို မသိေစခ်င္ပါေခ်။ ထို႔ေၾကာင့္ သူ မေရမရာသာ ျပန္ေျဖလိုက္သည္။
"မဟုတ္ပါဘူး။ ကိုယ္ နည္းနည္း စိတ္ေျပလက္ေပ်ာက္ အနားယူခ်င္လို႔။ ဒီတစ္ေလွ်ာက္တြင္းလည္း အဆင္ျမင့္ စိတ္ဝိညာဥ္ပင္ေတြ ကိုယ္ ကူၿပီး ႐ွာေပးလို႔ရတယ္ေလ။ အဲ့ေတာ့ အဆင္သင့္သြားတာ"
စုလင္း ျပဳံးလိုက္ရင္း သေဘာတူေၾကာင္း အားတက္သေရာ္ ေခါင္းၿငိမ့္ေလသည္။
"ဟုတ္တယ္ ဟုတ္တယ္ ခင္ဗ်ား တကယ္ကို အနားယူသင့္တယ္။ ဒါေပမဲ့ ခင္ဗ်ား အရင္ရက္ေတြက အလုပ္ေတြ မ်ားေနခဲ့တာမလား? အျပင္သြားဖို႔ အခ်ိန္ေကာ ႐ွိရဲ႕လား?"
ကုလီဟန္ ေခါင္းၿငိမ့္လာသည္။
"ကိုယ့္မွာ႐ွိေနတဲ့ အေရးႀကီးတဲ့အလုပ္ နည္းနည္းကို ေသခ်ာ ကိုင္တြယ္ၿပီးၿပီ။ အဲ့ေတာ့ ကိုယ္ ၃လ အားလပ္ရက္ရတယ္။"
စုလင္း: "အဲ့ဒါဆို ခင္ဗ်ား အလုပ္ေတြ႐ႈပ္ေနခဲ့တာ အားလပ္ရက္ ေၾကာင့္ေပါ့?"
ကုလီဟန္: " အမ္း..."
အဲ့ဒီအခ်ိန္မွာပဲ ကုလီဟန္ရဲ႕ လက္ေကာက္က ျမည္လာခဲ့၍ သူက စာကိုဖတ္လိုက္ၿပီး ထရပ္လိုက္သည္။
"ေတာင္းပန္ပါတယ္။ ကိုယ္ တစ္ခ်ိဳ႕ကိစၥေလးေတြ ေျဖ႐ွင္းစရာ႐ွိေသးလို႔"
စုလင္း မ်က္ဝန္းေထာင့္ေလးေတြ ေကြးတက္သြားသည္ အထိ ျပဳံးလိုက္ၿပီး
"ရပါတယ္။ ကြၽန္ေတာ္ ၁၆ရက္ေန႔ကစၿပီး အားၿပီရယ္။ ရက္နည္းနည္းေလာက္ဆို သြားလို႔ရၿပီ"
စုလင္းက ကုလီဟန္အတြက္ စဥ္းစားေပးေနသည္မွာ ထင္႐ွားလွေပသည္။ ကုလီဟန္ရဲ႕ အမူအရာက ပိုႏူးညံ့လာရၿပီး
"ကိစၥေတြအားလုံး ၁၆ရက္ေန႔မတိုင္ခင္ အကုန္ ကိုင္တြယ္ေျဖ႐ွင္းထားလိုက္မယ္။ အခု ကိုယ္ သာၾကည့္ခန္းကို အရင္ သြားလိုက္ဦးမယ္ေနာ္"
ကုလီဟန္ ဧည့္ခန္းထဲက ထြက္သြားၿပီးေနာက္ စုလင္း ကုလီဟန္ေျပာခဲ့တာကို သတိရလိုက္ၿပီး သတင္းၾကည့္ဖို႔ လက္ေကာက္ကို ထိၿပီး ဖြင့္လိုက္သည္။ မွတ္ခ်က္ အမ်ားဆုံး႐ွိေနေသာ သတင္းမွာ [ျပန္လည္ မဲေပးတင္ေျမႇာက္ျခင္း- Omegaအလွပေဂး] ျဖစ္သည္။ စုလင္း အထဲကို ဝင္ၾကည့္လိုက္ေတာ့ ညာဘက္အေပၚေထာင့္မွာ စာလုံးအနီရဲႀကီးျဖင့္ 'အရည္အခ်င္းမျပည့္မီေသာ' ဟုေရးထားေသာ သူ႕ပုံကို ေတြ႕လိုက္ရသည္။ သူ႕ပုံေအာက္တြင္ မူလက ဒုတိယေနရာႏွင့္ တတိယေနရာ အသီးသီးတြင္ ႐ွိေနၾကေသာ လင္းမန္ႏွင့္ ေက်ာင္းခ်ီရဲ႕ ပုံမ်ားျဖစ္သည္။ ထို သတင္း ေခါင္းစဥ္ေအာက္တြင္ အင္တာနက္သုံးစြဲသူ ရဲ႕ မွတ္ခ်က္ အေျမာက္အမ်ား ႐ွိေနသည္။ လူႀကိဳက္မ်ားေနသည့္ မွတ္ခ်က္မ်ားကို ၾကည့္လိုက္ၿပီးေနာက္ စုလင္း စုအိမ္ေတာ္က ဘာ့ေၾကာင့္ ႐ုတ္တရက္ထၿပီး သူနဲ႔ ဆက္ဆံေရး ျဖတ္ေတာက္ေၾကာင္း ေၾကညာရတာလဲဆိုတာ နားလည္သြားသည္။ သူ႕ကို 'Omegaအလွပေဂး' အျဖစ္သတ္မွတ္လိုက္ၿပီးေနာက္ သူ႕ရဲ႕ ေက်ာ္ၾကားမႈက အလ်င္အျမန္ပဲ ျမႇင့္တက္သြားခဲ့သည္။ အဲ့ဒီေနာက္မွာေတာ့ သူနဲ႔ပတ္သတ္တဲ့ အတင္းအဖ်င္းေတြက ပ်ံ႕ႏွံ႔သြားခဲ့ရၿပီး ေရပန္းအစားဆုံးကေတာ့ သူ႕ရဲ႕ မႏွစ္ၿမိဳဖြယ္ Pheromoneမ်ားပင္ျဖစ္သည္။ သိပ္မၾကာခင္ပဲ သူ႕ရဲ႕ ေနာက္ခံ မိသားစုအေၾကာင္းေတြကို အင္တာနက္သုံးစြဲသူေတြက ႐ွာေဖြေတြ႕႐ွိသြားၾကၿပီး ေဖာ္ထုတ္လာၾကသည္။ တစ္ခ်ိန္တည္းမွာပဲ စုအိမ္ေတာ္က သူနဲ႔ ဆက္ဆံေရး ျဖတ္ေတာက္လိုက္ေၾကာင္း ေၾကျငာလိုက္သည္။ ဒါကို ျမင္ေတာ့ စုလင္း ျပဳံးလိုက္သည္။
ဒါက စုမိသားစုရဲ႕ ကိစၥေတြ ကိုင္တြယ္ေနက်ပုံပဲ
စုလင္းရဲ႕ အရည္အခ်င္း မျပည့္ဝမႈေၾကာင့္ ျပန္လည္မဲေပးတင္ေျမႇာက္ျခင္း လႈပ္႐ွားမႈက မနက္ျဖန္အထိ တိုးခ်ဲ႕ခဲ့သည္။ မဲေပးေနသည့္ ကာလအတြင္း ထိပ္ဆုံးအဆင့္႐ွိ လူအနည္းစုသည္ သူတို႔ရဲ႕ေနာက္ခံမ်ား စစ္ေဆးခံရမည့္အျပင္ အျခား က႑မ်ားကိုပါ စုံစမ္းခံၾကမည္ ျဖစ္သည္။ လင္းမန္နဲ႔ေက်ာင္းခ်ီရဲ႕ အျပင္းအထန္ ၿပိဳင္ပြဲကို ၾကည့္လိုက္ရင္း စုလင္း ကူကယ္ရာမဲ့စြာ သက္ျပင္းသာခ်လိုက္မိေတာ့သည္။ ဝတၳဳရဲ႕ ဇာတ္လိုက္နဲ႔ အေျမႇာက္စာဇာတ္ေကာင္တို႔က အၿမဲတမ္းအတြက္ ၿပိဳင္ဘက္ေတြ ျဖစ္ေနၾကမွာပင္။ စုလင္း သတင္းေတြ ၾကည့္ေနတုန္းပဲ နာလူးက ဆက္သြယ္လာသည္။ နာလူးက သူ႕ကို စိတ္ပူေနခဲ့တာျဖစ္ၿပီး သူ႕အသံက ေဒါသတႀကီး ျဖစ္ေနသည္။
"အင္တာနက္ေပၚကေကာင္ေတြရဲ႕ မွတ္ခ်က္ေတြကို ဂ႐ုစိုက္ေနစရာမလိုဘူး။ မင္းက အေကာင္းဆုံးပဲ!"
စုလင္း ျပဳံးလိုက္ၿပီး
"ေလးေလးနာလူးရယ္ စိတ္ပူဖို႔မလိုပါဘူး"
သူ႕အသံက တည္ၿငိမ္ေနၿပီး ပုံမွန္အတိုင္းပင္။ ထို႔ေၾကာင့္သာ နာလူး သူ႕စိတ္ေလး သက္သာသြားရသည္။
"မနက္ျဖန္ ေကာင္းေကာင္းနားေနာ္။ ေရးေျဖ အတြက္လည္း စိတ္ဖိစီးမေနနဲ႔ သိလား?"
စုလင္း ျပန္ေျပာလိုက္သည္။
"ဟုတ္ပါ...ေလးေလးနာလူးရဲ႕။ စိတ္ခ်ပါ ကြၽန္ေတာ္ စိတ္အေျခအေနလည္း ေကာင္းပါတယ္"
စုလင္း နာလူးနဲ႔ေျပာၿပီး ဖုန္းခ်လိုက္စဥ္မွာ လင္းမန္ရဲ႕ ဆက္သြယ္မႈ ဝင္လာသည္။ လင္းမန္ရဲ႕ အသံက အနည္းငယ္ စိုးရိမ္ပူပန္ေနပုံရသည္။
"လင္းလင္း သတင္းေတြ မဖတ္နဲ႔ေနာ္"
စုလင္း သေဘာတက် ရယ္လိုက္ရင္း
"ငါ ဖတ္ၿပီးသြားၿပီရယ္။ အဆင္ေျပပါတယ္။ ငါလုံးဝကို စိတ္ထဲ မထားပါဘူး"
လင္းမန္ရဲ႕က ေဒါသေတြေပါက္ကြဲေနသည့္ ေလသံျဖင့္
"ငါ့အျမင္အရ လင္းလင္းကသာ Omega အလွပေဂးပဲ။ ငါ့ပုံကို ဘယ္ေကာင္႐ိုက္သြားတုန္း မသိဘူး။ စိတ္အေႏွာက္အယွက္ျဖစ္စရာ အရမ္းေကာင္းတာပဲ။ ငါ မဲေ႐ြးခံတဲ့ထဲမပါဘူးလို႔ အခုပဲ မွတ္ခ်က္ ျပန္ေရးလိုက္မယ္။"
စုလင္းက တည္ၿငိမ္စြာ ဆိုလာသည္။
"ဒါက တရားဝင္ မဲေပးတာ မဟုတ္ဘူးေလ။ အဲ့ေတာ့ မင္း မွတ္ခ်က္ျပန္လိုက္လည္း အသုံးမဝင္ဘူးရယ္။ စိတ္းမဆိုးပါနဲ႔။ ထားလိုက္"
"ဒါေပမဲ့ ..သူတို႔က မင္းကို ....ေခၚတယ္။ အရမ္းလြန္လြန္းတယ္!"
စုလင္း ဆိုဖာကို မွီလိုက္ရင္း ပုခုံးကိုတြန္႔ျပလိုက္သည္။ သူက အင္တာနက္ေပၚမွာ နာမည္ႀကီးေနတဲ့ "စု နံေဟာင္"ဆိုတဲ့ နာမည္႐ွိသည္။
"ငါ့pheromoneေတြက တကယ္ႀကီး နံေနတာပဲေလ။ အဲ့ဒီလူေတြက ငါ့အတြက္ သူစိမ္းေတြပဲ သူတို႔ဘာေျပာေျပာ ဘာမွကိုမျဖစ္ဘူး။ စိတ္ထဲ ထားမေနနဲ႔။ ေကာင္းေကာင္းနားလိုက္ၿပီး ေရးေျဖအတြက္ ျပင္ဆင္ေန"
လင္းမန္ သူ႕ဘာသာ ညည္းတြားလိုက္မိသည္။
"မင္းက ဘာလို႔ ဒီေလာက္ တည္ၿငိမ္ေနရတာလဲ?"
စုလင္းက ရယ္သည္။
"ဘာလို႔ဆို ငါသူတို႔ကို ဂ႐ုမစိုက္လို႔ေပါ့။ မင္းလည္း ေတြးမေနသင့္ဘူး"
လင္းမန္ ႐ွက္ကိုး႐ွက္ကန္း ဆိုသည္
"ငါက မင္းကို ႏွစ္သိမ့္ေပးခ်င္ခဲ့တာ။ မင္းက ငါ့ကို ျပန္ ႏွစ္သိမ့္ေပးေနရမယ္လို႔ မေမွ်ာ္လင့္ခဲ့မိဘူး"
စုလင္း ျပဳံးလိုက္ၿပီး ႏွစ္ဦးသား ဖုန္းမခ်ခင္အထိ စာေမးပြဲအေၾကာင္း ေဆြးေႏြးေနခဲ့ၾကသည္။ ေနာက္တစ္ရက္မွာေတာ့ စုလင္း Villaမွာပဲ တစ္ေနကုန္ေနၿပီး စာေတြ ျပန္လည္ သုံးသပ္ေနခဲ့သည္။ အဘယ္ေၾကာင့္ဆိုေသာ္ သူက အင္တာဗ်ဴးတစ္ခုကို လက္ေလ်ာ့ခဲ့ရသည့္အတြက္ ေအာင္ႏိုင္ေျခက အရမ္းနည္းေနေသာေၾကာင့္ ျဖစ္သည္။ ထို႔ေၾကာင့္ပင္ စုလင္းက ေရးေျဖစာေမးပြဲကို အရမ္း အေလးအနက္ထားခဲ့ၿပီး သူ႕မူလကမ႓ာက တကၠသိုလ္ဝင္ခြင့္ စာေမးပြဲ ထက္ကို အျပင္းအထန္ ပိုႀကိဳးစားေနခဲ့သည္။ သူက က်ရင္ ေနာက္တစ္ႏွစ္ ထပ္ေနဖို႔ ျပင္ထားခဲ့ေပမယ့္လည္း စာေမးပြဲမွာ အစြမ္းကုန္ႀကိဳးစားဖို႔ ေမွ်ာ္လင့္ထားတုန္းပင္။
၁၄ရက္ေန႔။
ေရးေျဖ စာေမးပြဲက အင္တာဗ်ဴးတုန္းကနဲ႔ အေတာ္ႀကီး ကြာျခားလွစြာျဖင့္ စာေမးပြဲခန္းတြင္ အကုန္ေရာ ေျဖရေပမည္။ ေရးေျဖလာေျဖၾကသည့္ ေျဖဆိုသူေတြ လိင္အမ်ိဳးအစား အားလုံး စာေမးပြဲခန္းတြင္ ႐ွိေနသည္။ စုလင္း ေရာက္လာသည္ႏွင့္ သူ အၾကည့္ေပါင္းမ်ားစြာကို ရ႐ွိလိုက္သည္။ သူတို႔ လူမမွားေၾကာင္း အေသအခ်ာအတည္ျပဳၿပီးၾကတဲ့ေနာက္မွာေတာ့ ထိုလူေတြအကုန္ အံ့အားသင့္ကုန္ရသည္။
"Wow ဒါက အရင္ 'Omegaအလွပေဂး' မလား?"
"အဲ့ဒါ သူပဲ ! သူက အနံ႔အရမ္းဆိုးၿပီး အဆင့္မေကာင္းလို႔ သူ႕ရဲ႕ဂုဏ္ပုဒ္ဆုံး႐ႈံးသြားရတဲ့ Omegaေပါ့"
"သူ စာေမးပြဲလာေျဖမယ္လို႔ မထင္ထားဘူး။ သူက အင္တာဗ်ဴး တစ္ခုကို လက္ေလ်ာ့ထားၿပီးသားေလ။ သူက ေရးေျဖမွာ ရလဒ္ အရမ္းေကာင္းေကာင္း ရႏိုင္မယ္လို႔ ထင္ေနလား?"
"အဲ့ဒါက အရမ္းခက္တယ္။ သူက စာေမးပြဲမွာ ေနာက္ႏွစ္အတြက္ ပိုအေတြ႕အၾကဳံရခ်င္တာ ျဖစ္မွာေပါ့"
အမ်ိဳးမ်ိဳးေသာ တီးတိုးစကားသံေတြက စုလင္းရဲ႕နားအတြင္း ပ်ံ႕ႏွံ႔လာသည္။ သူ တိတ္တခိုးေလး သက္ျပင္းခ်လိုက္မိၿပီး
ေသခ်ာတယ္ ဘယ္ေနရာပဲသြားသြား အတင္းအဖ်င္းေတြကေတာ့ လိုက္ေနမွာပဲ
ေရးေျဖ ေျဖရသည့္အခ်ိန္ျပည့္သြားခဲ့သည္။ စုလင္း စာေမးပြဲနဲ႔ ပတ္သတ္ၿပီး အရမ္းေက်နပ္ေနတာေၾကာင့္ ခံစားခ်က္ေကာင္းေနခဲ့သည္။ ၁၅ရက္ေန႔ ဒုတိယေျမာက္ေရးေျဖ စာေမးပြဲၿပီးေနာက္ စုလင္း နာလူးနဲ႔ ညစာစားရန္ ေမႊးရနံ႔ဘားကို သြားခဲ့သည္။
ခံစားခ်က္ေကာင္းေနၿပီး ေအးခ်မ္းေနသည့္ဟန္ျဖင့္ စုလင္ူကို ျမင္ေတာ့ နာလူး စုလင္ူအတြက္ အရမ္းေပ်ာ္႐ႊင္သြားသည္။ ႏွစ္ဦးသား စကားတေျပာေျပာႏွင့္ စားေသာက္ေနခဲ့ၾကသည္။ စုလင္းက ဆိုလိုက္သည္။
"ကြၽန္ေတာ္ ဒီရက္ပိုင္းေလာက္အတြင္းသြားျဖစ္မယ္။ ဒါေပမဲ့ ေနာက္အက်ဆုံးဆိုရင္ေတာင္၂၀ရက္ေန႔ မေက်ာ္ပါဘူး"
နာလူးက စုလင္းရဲ႕ အစီအစဥ္ကို အရင္ကတည္းက သိၿပီးသားျဖစ္တာေၾကာင့္ စုလင္း ေျပာတာ ၾကားသည္ႏွင့္ စုလင္းရဲ႕အေကာင့္ထဲကို 300,000 လႊဲေပးလိုက္သည္။
"ဒါက ဒီလအတြက္ ကုန္ၾကမ္းေရာင္းရေငြပဲ။ မင္း ဒါကို အရင္ သုံးလိုက္လို႔ရတယ္။ မင္းရဲ႕ လက္ဖြဲ႕ပစၥည္းနဲ႔ က်ဴ႐ွင္ဖိုးေတြအတြက္က ေနာက္လ ကုန္ၾကမ္း ေရာင္းရေငြက ရလိမ့္မယ္"
စုလင္း နဖူးကို လက္နဲ႔ အုပ္မိရင္း
"ေလးေလးနာလူး လက္ဖြဲ႕ပစၥည္းေတြအေၾကာင္း ထည့္ေျပာစရာ မလိုပါဘူးဆို"
နာလူးက စုလင္းမျပန္ခင္ထိ လိုက္စေနေတာ့သည္။
"လုံျခဳံေရးကို ေသခ်ာ ဂ႐ုစိုက္။ ၿပီး တစ္ခုခုလိုအပ္ရင္ ငါ့ကို ဆက္သြယ္လိုက္"
စုလင္း: "ဟုတ္ပါ"
စုလင္း Villaကို ျပန္ေရာက္ေတာ့ ၈နာရီပင္ ထိုးေနၿပီ ျဖစ္သည္။ သူ ဧည့္ခန္း ကို ဝင္လိုက္ေတာ့ ပုံမွန္အားကစားဝတ္စုံကို ဝတ္ထားၿပီး ဖန္ခြက္တစ္ခြက္ကို လက္တြင္ ကိုင္ကာ ေလွကားဆီ ေလွ်ာက္သြားေနသည့္ ကုလီဟန္ကို ေတြ႕လိုက္ရသည္။ စုလင္းရဲ႕ မ်က္ဝန္းမ်ား ဖ်တ္ခနဲ အေရာင္လဲ့သြားခဲ့ၿပီး သူ႕အၾကည့္ေတြက ကုလီဟန္ရဲ႕တင္းမာေနသည့္ ႂကြက္သားေတြဆီ ေဝ့ဝဲေရာက္သြားရသည္။ သူ ျပဳံးလိုက္ၿပီး ေမးလိုက္သည္။
"ခင္ဗ်ား အလုပ္ေတြ ၿပီးသြားၿပီလား?"
ကုလီဟန္က သူ႕အသံကိုၾကားေတာ့ စုလင္းဘက္လွည့္လာၿပီး
"အမ္း..ကိုယ္တို႔ လိုေလာက္မယ့္ ပစၥည္းေတြ ကိုယ္ဝယ္ထားေသးတယ္။ မင္းဝယ္ခ်င္တာ႐ွိေသးလား လာ ၾကည့္လွည့္"
စုလင္း သူ႕ေနာက္ကေန ပထမထပ္ရဲ႕ ညာဘက္အစြန္ဆုံးအခန္းဆီ လိုက္သြားလိုက္သည္။ သူ အခန္းထဲ ဝင္လိုက္လွ်င္ ဝင္လိုက္ခ်င္းပင္ သူ အတြင္းမွာ စုပုံထားသည့္ ပစၥည္းေတြကို ေတြ႕လိုက္ရသည္။ အလယ္မွာ ဒီဇိုင္းအမ်ိဳးမ်ိဳးႏွင့္ ႐ုပ္ဖ်က္ ဝတ္စုံအပုံႀကီး ႐ွိေနသည္။ ညာဘက္႐ွိ စားပြဲ႐ွည္ႀကီး ေပၚတြင္ လက္နက္အမ်ိဳးမ်ိဳးထည့္ထားေသာ ဖြင့္ထားသည့္ အနက္ေရာင္ ေသတၱာတစ္လုံး႐ွိသည္။
စုလင္း လန္႔သြားရၿပီး
"ဒါေတြက တရားဝင္ဝယ္ထားတာ ဟုတ္ပါတယ္ေနာ္?"
"ဒါေပါ့"
ကုလီဟန္ အနက္ေရာင္ေသတၱာဆီ ေလွ်ာက္လာၿပီး ေသတၱာရဲ႕ ညာဘက္အစြန္းက ေငြေရာင္ၾကယ္သီးေလးကို ေကာက္ယူလိုက္ၿပီး စုလင္းကို ေပးလာသည္။
"ဒါက မင္းရဲ႕ စိတ္ဝိညာဥ္ပင္ေတြ သိမ္းဖို႔ ေနရာလြတ္ သိုေလွာင္ပစၥည္းပဲ"
စုလင္း က စိတ္ဝိညာဥ္ပင္ေတြကို ဘယ္လိုသယ္သြားရမလဲဆိုတာ တစ္ေလွ်ာက္လုံး စိုးရိမ္ေနခဲ့တာ ျဖစ္သည္။ သူ အရင္က သိုေလွာင္ပစၥည္းရဲ႕ ေစ်းႏႈန္းကို စစ္ၾကည့္ဖူးသည္။ ၁မီတာ အတြက္ 200,000က်ၿပီး စိတ္ဝိညာဥ္ႏွစ္ပင္အတြက္ ၅မီတာလိုသည္။ စုလင္း အဲ့ဒီေလာက္ မတက္ႏိုင္ေပ။ ကုလီဟန္ ဒီေလာက္ ေတြးတတ္လိမ့္မယ္လို႔ စုလင္း မထင္ထားခဲ့ေပ။
စုလင္းက ေငြၾကယ္သီးေလးကို မယူတာကိုေတြ႕ေတာ့ ကုလီဟန္က သူ႕လက္ကို နည္းနည္းထပ္ေျမႇာက္လိုက္ၿပီး
"ယူလိုက္၊ ဒါက ဒီတိုင္း ပစၥည္းေသးေသးေလးပါ။ သိပ္ေစ်းမႀကီးပါဘူး။ ကိုယ္ မင္းနဲ႔အတူ လိုက္မယ္ဆိုကတည္းက မင္းအတြက္ ပစၥည္းကိရိယာတစ္ခ်ိဳ႕ စီစဥ္ေပးသင့္တာပဲေလ"
စုလင္းရဲ႕ အၾကည့္ေတြက အခန္းတစ္လုံးျပည့္ေနသည့္ ပစၥည္းကိရိယာမ်ားကို သိမ္းက်ံဳး ၾကည့္လိုက္မိၿပီး ခဏမွ် ေျပာစရာစကားမ်ား ေပ်ာက္႐ွသြားရသည္။
"ခင္ဗ်ားက "တစ္ခ်ိဳ႕"ဆိုတဲ့ အသုံးအႏႈန္းနဲ႔ ပတ္သတ္ၿပီး နားလည္မႈလြဲေနတာပဲ ျဖစ္ရမယ္"
ဒါက သူေဌးေတြရဲ႕ ႂကြယ္ဝျခင္း ကမ႓ာႀကီးလား?
႐ုပ္ဖ်က္ဝတ္စုံ
~
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Jue Freesia🦋