High School Love Story (Mashi...

Da sunnyisnaychi

5.6K 1K 123

အထက်တန်းကျောင်းအချစ်ပုံပြင် 💌 Altro

1 (Intro)
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
22
23
24
25
26
27 (End)

21

195 35 5
Da sunnyisnaychi

Unicode

‘ဂျွန်ခယူ .. ရှီဟို ရှာလိုက်ရတာကွာ….အပေါ်လာခဲ့ကြဦး ပြောစရာရှိလို့’

‘အင်း .. လာပြီ’

အီဆူးလ်ကဘေးကနေရောက်လာပြီး ခေါ်လိုက်ကာမှ ဂျွန်ခယူနဲ့မာရှီဟိုတို့ စကားဆက်မပြောဘဲရပ်လိုက်ကြသည်။ မာရှီဟိုကချာကနဲလှည့်ထွက်ကာ အပေါ်ကိုအရင်တက်သွားသည်။ နောက်မှာကျန်ခဲ့တဲ့ ဂျွန်ခယူနားကို အီဆူးလ်ကဖြည်းဖြည်းချင်းတိုးသွားပြီး ဘာဖြစ်တာလဲ လို့မေးလိုက်သည်။

‘သူ့နားမှာကပ်နေမယ့်အစား ဆယ်ရီ့ဆီကိုသွားတဲ့’

‘ဘာ!’

‘ဖြည်းဖြည်းအော်ပါကွာ မင်းကလည်း’

‘မဟုတ်ပါဘူး နည်းနည်း လန့်သွားလို့...မင်းနဲ့သူဘာဖြစ်နေတာလဲ ရန်ဖြစ်တာလား’

‘မဖြစ်ပါဘူး..ငါကသူ့ကိုစိတ်ပူလို့လိုက်လာတာကို သူကအဲ့လိုပြောလိုက်တာ’

နှစ်ယောက်သားအတူတူလှေကားပေါ်တက်လာရင်းနဲ့ စကားဆက်ပြောကြသည်။

‘မင်းနဲ့ဆယ်ရီကဘာလုပ်နေလို့ သူကအဲ့လိုပြောတာလဲ’

‘ဘာမှမလုပ်ပါဘူး..ဒီမနက်ကစကားခဏပြောမိတာလေးပဲရှိတာပါ’

‘စကားပြောတာလောက်နဲ့တော့ ရှီဟိုက စိတ်ဆိုးမယ်မထင်ဘူး’

‘အေး အဲ့တာပြောတာ ငါဘာများလုပ်မိလို့ပါလိမ့်’

‘ဒါနဲ့..’ အီဆူးလ်က လမ်းဆက်မလျှောက်ဘဲ ရပ်ပြီး ဂျွန်ခယူ့ဘက်ကိုလှည့်ပြောလိုက်သည်။

‘မင်းနဲ့ဆယ်ရီနဲ့ဘာတွေပြောနေကြတာလဲ’

‘မမှတ်မိတော့ဘူး သူပြောတာကိုငါက အင်း အဲ ပဲ လုပ်ပေးခဲ့တာဆိုတော့...ဘာပါလိမ့်..ဪ သီချင်းဆိုပြိုင်ပွဲရှိတယ်ဆိုလား..အဲ့တာကိုပြောနေတာ’

‘ဟုတ်လား...မင်းသူ့ကိုမကြိုက်ရင်တောင် သူငိုသွားအောင်တော့မလုပ်နဲ့နော်’

‘မလုပ်ပါဘူးကွာ….နေပါဦး’

အီဆူးလ်ကဂျွန်ခယူပြောတာကိုမစောင့်ဘဲ ဆက်သွားတော့သည်။ ဂျွန်ခယူကဘေးနားကနေ အမြန်ကပ်လိုက်ပြီး ထပ်မေးသည်။

‘ဟေ့ကောင် မင်း ဆယ်ရီ့ကိုသဘောကျနေတာမလား?’

အီဆူးလ်ကဘာမှပြန်မပြောဘဲ ရယ်သည်။

‘ဟုတ်တာပဲ..ဟုတ်နေတာပဲ’ ဂျွန်ခယူက အီဆူးလ်ကိုပခုံးချင်းတိုက်ပြီး တွန်းလိုက်တော့အချိန်ကိုက်ပင် အခန်းထဲကထွက်လာတဲ့ ဆယ်ရီနဲ့ တိုက်မိသွားသည်။

‘အောင်မလေး’

‘ဟာ...ဆော..ဆောရီး ဆယ်ရီ...ငါသွား‌တော့မယ် ဂျွန်ခယူ ပြောစရာရှိတာ နေ့ခင်းမှပြောတော့မယ်’

‘အေးအေး’ ဂျွန်ခယူက ဘာဖြစ်သွားမှန်းသိတာကြောင့် ရယ်ပြီးပြန်ပြောလိုက်သည်။

‘ဘာလို့ရယ်နေတာလဲ’

‘ဘာမှမဟုတ်ဘူး ဆယ်ရီ..နင်ဘာမှမဖြစ်ဘူးမလား’

‘အင်း..’

အီဆူးလ်ရဲ့အဖြစ်ကို သဘောကျတာနဲ့ အခုထိကိုအရယ်မပြတ်သေး။ ဆယ်ရီ့ကိုမေးတုန်းကလည်းရယ်၊  အခန်းထဲဝင်လာတော့လည်းရယ်၊ ထိုင်ခုံနားကိုလာတော့လည်းရယ်။
ရယ်နေရင်းနဲ့ဘေးခုံကနေသူ့ကို နဂါးမျက်စောင်းနဲ့ကြည့်နေတဲ့ မာရှီဟို့ကိုမြင်တော့မှ မျက်နှာပိုးသတ်လိုက်ရသည်။

‘အဟမ်း..အဟမ်း’ လည်ချောင်းရှင်းပြီး ခုံဆွဲကာထိုင်ချလိုက်သည်။ ဘေးကိုလည်း ငဲ့ကြည့်ငဲ့ကြည့်နဲ့ မာရှီဟို့မျက်နှာအရိပ်အကဲကိုကြည့်ရသေးသည်။

မာရှီဟိုကသူ့ကိုကြည့်မနေတော့။ တွက်နည်းလည်းမမှန်တဲ့ပုံသေနည်းတွေနဲ့ သင်္ချာပုစ္ဆာတစ်ပုဒ်ကို ဟိုခြစ်ဒီခြစ်နဲ့တွက်နေတာကို ဂျွန်ခယူကလှမ်းမြင်နေရသည်။

‘အဲ့တာက အဲ့ပုံသေနည်းနဲ့တွက်ရတာမဟုတ်ဘူး’

‘သိတယ်’

‘သိရင် တခြားဟာနဲ့တွက်လေ’

‘သူနဲ့မဆိုင်တဲ့ပုံသေနည်းနဲ့တွက်ရင် ဘာအဖြေရမလဲသိချင်လို့’

‘အရူးလေး..တလွဲတွေရမှာပေါ့..တွက်လို့ရမှာတောင်မဟုတ်ဘူး’

‘အင်းနော်...ဘာမှမဆိုင်တဲ့ဟာတွေပေါင်းမိရင် ပြဿနာတွေပဲထွက်လာမှာပဲ’

‘ဒါပေါ့’

မာရှီဟိုကသင်္ချာဆက်မတွက်တော့ဘဲ ခဲတံကိုလက်ထဲမှာလှည့်နေသည်။ ဂျွန်ခယူကလည်းဘေးကနေ မာရှီဟိုဘာဆက်ပြောမလဲဆိုပြီး စောင့်နားထောင်နေသည်။

‘မင်းနဲ့ငါကဘယ်လိုမှမဆိုင်ဘူးထင်တယ်...မဆိုင်တာတွေလုပ်မိရင် ပြဿနာတွေပဲတက်မှာလေ’

‘ဘာအဓိပ္ပါယ်လဲ အဲ့တာက’

‘ညနေကျောင်းဆင်းရင် ခေါင်မိုးထပ်ကိုခဏလာခဲ့ ငါပြောစရာရှိတယ်’

‘အခုပြောလို့မရဘူးလား’

‘ဆရာလာပြီလေ’

တစ်နေ့လုံး မာရှီဟိုမျက်နှာမကောင်းဖြစ်နေရတဲ့ အကြောင်းရင်းကို နောက်ဆုံးတော့သိရတော့မှာဖြစ်လို့ ရင်ခုန်မိသလိုစိတ်လည်းပူနေမိသည်။ ဒီကြားထဲ အဆင်ပြေတဲ့ပုံပေါ်နေရင်းကနေ ဘာလို့ ရုတ်တရက်ကြီး ဒီနေ့လိုမျိုးဖြစ်နေတာလဲဆိုတာ ဂျွန်ခယူနားမလည်။

မာရှီဟို့ကိုဆက်ပဲလိုက်ရတော့မလိုလို..စိမ်းကားသွားမှာကြောက်လို့ရပ်ပဲကြည့်နေရမလိုလို..သူငယ်ချင်းလိုပဲနေပြီးတစ်သက်လုံးအဆင့်မတက်ဖို့ပဲကြိုးစားရတော့မလိုလို…

*မင်းငါ့ကိုရူးအောင်လုပ်နေတာပဲ*

---------------------

‘မာရှီဟို မင်းအဲ့တာမစားရင် ငါယူစားလိုက်တော့မယ်’

‘ဟင်..အင်း စားလေ’

တူနဲ့ကိုင်လိုက် ချလိုက်လုပ်နေတဲ့ ပဲပင်ပေါက်ချဉ်စပ်သုတ်ကို အရှေ့မှာထိုင်နေတဲ့ ဟင်းမ်တစ်ယောက် မကြည့်နေနိုင်တော့။ စားတော့မလိုလို မစားချင်လို့ပဲပြန်ချလိုက်သလိုလို လုပ်နေတဲ့ မာရှီဟိုရဲ့မျက်နှာမှာလည်း စိတ်ပျက်အားငယ်ညှိုးနွမ်းပင်ပန်းနေမှုတွေက အထင်းသား။

‘မင်း ဒီနေ့ဘာကိစ္စရှိလို့လဲ’ ဂျီဟူက ထမင်းစားရင်းနဲ့ပဲ မာရှီဟို့ကိုလှည့်မေးလိုက်သည်။

‘ဟေ့ကောင်တွေ..မင်းတို့ အခုတလော..ဂျွန်ခယူက ဆယ်ရီနဲ့တအားရင်းနှီးနေတယ်မထင်ဘူးလား’

‘ဂျွန်ခယူက?’

‘အင်း’

‘မသိဘူး..ပုံမှန်အတိုင်းပဲမဟုတ်ဘူးလား’

‘မနက်ကလည်း ဆယ်ရီဲနဲ့သူ စကားပြောနေတာ အကြာကြီးပဲ..နေ့ခင်းကလည်း ဆယ်ရီနဲ့ရယ်မောပြီးစကားပြောနေတာများ ထိုင်တဲ့အထိရယ်နေတုန်း..အခုလည်းဟိုမှာ ဆယ်ရီ့နဲ့ တန်းစီရင်း စကားပြောနေတယ်လေ’

ထမင်းပန်းကန်ကိုယ်စီကိုင်ပြီး တန်းစီနေတဲ့ ဂျွန်ခယူနဲ့ အီဆူးလ်က ဘေးက ဆယ်ရီ့ကို စကားတတွတ်တွတ်နဲ့ပြောနေသည်။ ဒါကို မာရှီဟိုက သူ့သူငယ်ချင်းနှစ်ယောက်ကိုပြလိုက်သည်။

"သူတို့ဘာသာသူတို့စကားပြောတာ မင်းနဲ့ဘာဆိုင်လို့လဲ"

ဟင်းမ်က မာရှီဟို့ပန်းကန်ထဲက ပဲပင်ပေါက်တွေကိုကုန်အောင်စားပြီးပြန်ပြောလိုက်သည်။

"မင်းကလေ ဘာာာာမှမသိဘူး တကယ်" ဂျီဟူက ဟင်းမ်ကို စိတ်ပျက်လက်ပျက်နဲ့ပြန်ပြောလိုက်ပြီး ညည်းလိုက်သည်။

"မင်းကရော..ဘာ..ဘာသိလို့လဲ"

မာရှီဟိုက အံ့ဩသွားပြီး ဂျီဟူ့ကိုပြန်မေးလိုက်သည်။ အသံများတောင်တုန်ပြီး စကားတွေတောင်ထစ်သည်။ အခုထိ သူ့အကြောင်းကိုဘယ်သူ့ကိုမှမပြောပြရသေးဘဲ ဂျီဟူကဘယ်လိုသိလဲဆိုပြီး စိတ်ပူသွားသည်။

"ချက်ဆိုနားခွက်ကမီးတောက်တဲ့ကောင်ပါကွာ။ အရိပ်ပြရင်အကောင်မြင်ပါတယ်။ တစ်ထွာလောက်ပြရုံနဲ့တစ်လံလောက်ထိသိတယ်။ အသံကြားတာနဲ့.."

"တော်ပါတော့ စကားပုံတွေလည်းကုန်ပြီ။ ဘာကိုသိတာလဲမင်းက"

"နောက်မှအေးဆေး တစ်ပွဲလောက်နွှဲကြတာပေါ့ မာရှီဟို..အခုတော့ဟိုမှာ မင်းရဲ့ စိတ်အနှောင့်အယှက်လေးလာပြီ"

ဂျွန်ခယူကတော့ခပ်တည်တည်နဲ့ မာရှီဟို့ဘေးမှာဝင်ထိုင်လိုက်သည်။ သူ့ဘေးမှာက ဆယ်ရီ။ ဆယ်ရီ့ဘေးမှာက အီဆူးလ်။

‘မင်းအခုထိ မစားရသေးပါလား’ ဂျွန်ခယူက မာရှီဟို့ထမင်းပန်းကန်ကိုကြည့်ပြီးပြောလိုက်သည်။ မာရှီဟိုကတော့ဘာမှပြန်မပြောဘဲ ကိုင်လိုက်ချလိုက်လုပ်နေတဲ့ ဟင်းတွေကို ပါးစပ်ထဲဆက်တိုက်ထိုးထည့်လိုက်သည်။

တစ်လုပ်ပြီးတစ်လုပ် မနားတမ်းထည့်နေတဲ့ မာရှီဟို့ကိုအကုန်လုံးကဝိုင်းကြည့်မိကြသည်။ ဂျွန်ခယူကပါ သူလည်းစားရင်း မာရှီဟို့ကိုကြည့်ရင်းလုပ်နေတော့ ဘေးက ဆယ်ရီက လှမ်းစကားပြောသည်။

‘ဂျွန်ခယူ နင်ဒါမစားဘူးလား’  ဂျွန်ခယူ့ပန်းကန်ထဲမှာ ဘောင်ပေါ်တင်ထားတဲ့ မုန်လာဥနီဖတ်တွေကိုတူနဲ့ထိုးပြရင်းပြောလိုက်သည်။

‘အင်း မစားဘူး’

‘ဒါဆို ငါစားလိုက်မယ်နော်..ငါကမုန်လာဥနီအရမ်းကြိုက်တာ’

ဂျွန်ခယူ့ပန်းကန်ထဲက မုန်လာဥနီကိုယူလိုက်တဲ့ ဆယ်ရီကပျော်နေပုံရတာကြောင့် ဘေးနားကအီဆူးလ်လည်း သူ့ပန်းကန်ထဲက မုန်လာဥတွေကိုရွေးထုတ်ပြီး ဆယ်ရီ့ပန်းကန်ထဲကိုထည့်ပေးလိုက်သည်။

‘ကျေးဇူး’  ဆယ်ရီကပြန်ပြောလိုက်တော့ အီဆူးလ်က ကျေကျေနပ်နပ်ကြီးကိုပြုံးလို့။

တစ်ဖက်ကမာရှီဟိုကတော့ ပါးပေါက်မတတ်ထိုးထည့်ရင်း မြန်မြန်ဆန်ဆန်ကိုမြိုချနေသည်။

‘ဖြည်းဖြည်းစားပါ’ ဂျွန်ခယူကမနေနိုင်လို့ ဘေးကနေပြောရသည်။

‘ငါကုန်ပြီ သွားတော့မယ်နော်’  မာရှီဟိုကသူ့ပန်းကန်ထဲကဟာကုန်တာနဲ့ မတ်တပ်တန်းရပ်ပြီး ပန်းကန်ကိုင်ကာလှည့်ထွက်သွားတော့သည်။

‘နေဦးလေ..နေ..’

‘ထားလိုက်..သူစောစောကကတည်းက သိပ်မကြည်ဘူး။ ဘာဖြစ်တာလဲတော့မသိဘူး’  ဂျီဟူက သူ့စကားအဆုံးမှာ ဆယ်ရီ့ကိုကြည့်ပြီးပြောလိုက်သည်။ ဟင်းမ်ကတော့ သူ့ပုံစံအတိုင်း တိုက်ကွမ်ဒိုဗီဒီယိုတွေကိုပဲဆက်ကြည့်ရင်း ပတ်ဝန်းကျင်ကိုသတိမထားဘဲ လက်ကျန်ကုန်အောင်စားနေသည်။

‘ငါလိုက်သွားလိုက်ဦးမယ်’

‘မင်းလိုက်သွားလည်း ဘာမှလုပ်လို့မရဘူး..သူ့ကိုအချိန်ပေးထားလိုက်’ ဂျွန်ခယူ့ကိုအီဆူးလ်ကလှမ်းပြောလိုက်သည်။ ဒါကို ဂျီဟူကထောက်ခံတဲ့အနေနဲ့ ခေါင်းညိမ့်ပြသည်။ ဂျွန်ခယူကလည်း သူငယ်ချင်းတွေပြောတာကိုနားထောင်ပြီး ထိုင်ခုံမှာပြန်ထိုင်လိုက်သည်။

ဂျွန်ခယူ့ကိုပဲ မသိမသာလိုက်ကြည့်နေတဲ့ ဆယ်ရီ့ကိုဘေးက အီဆူးလ်ကလည်း မသိမသာလေးလှည့်လှည့်ကြည့်နေမိပြန်သည်။


-----------------

မာရှီဟိုကလာခဲ့လို့ခေါ်ထားတဲ့ အချိန်လည်းရောက်လာပြီ။ အဆိုသင်တန်းကလည်းပြီးသွားပြီမို့ ခေါင်းမိုးထပ်ဆီတန်းတက်လာခဲ့သည်။ ဘယ်အဆောင်ရဲ့ခေါင်းမိုးထပ်လည်းဆိုတာမေးစရာမလို။ သူတို့အခန်းရဲ့ အားကစားပစ္စည်းအဟောင်းတွေထားတဲ့ ခေါင်မိုးထပ်ပဲဖြစ်လိမ့်မည်။

တံခါးမကိုတွန်းဖွင့်လိုက်တော့ လက်တန်းကိုမှီပြီးတစ်ဖက်ကိုကြည့်နေတဲ့ မာရှီဟိုကနောက်လှည့်လာသည်။

‘ကြာပြီလား ရောက်နေတာ’

‘၁၅ မိနစ်လောက်’

ဂျွန်ခယူကလည်း မာရှီဟို့ဘေးနားကိုရောက်လာပြီး လက်တန်းကိုမှီလိုက်သည်။ ထို့နောက် ၂ ယောက်အတူတူ ဟိုးအောက်က မြင်ကွင်းတွေကို တမျှော်တခေါ်ငေးကြည့်နေကြသည်။

‘ငါ့ကိုဘာလို့ဒီကိုခေါ်တာလဲ’

‘ဒီနေရာက စိတ်ရှုပ်နေရင် လာလို့ကောင်းတယ်လေ..စဉ်းစားလို့ကောင်းတယ်’

‘အခု အဖြေရပြီလား’

‘အဖြေမဟုတ်သလိုလိုနဲ့ တစ်ခုတော့ထွက်လာတယ်’

‘ဘာတဲ့လဲအဲ့တာက’  နှစ်ယောက်လုံးက စကားပြောနေကြပေမယ့် တစ်ယောက်ကိုတစ်ယောက်ကြည့်မနေကြ။ အရှေ့ကိုသာမျက်နှာမူနေပြီး အဝေးကိုလှမ်းကြည့်နေကြသည်။

‘ဘာနဲ့ဆိုင်တဲ့အဖြေလဲ..ငါနဲ့ဆိုင်တာလား’

‘အင်း .. ဒီရက်တွေထဲ ငါ့ခေါင်းထဲမှာ တွေးနေမိတာက အကုန်မင်းအကြောင်းချည်းပဲ’  မာရှီဟိုကဖြေလိုက်တော့ ဂျွန်ခယူက ဖျက်ခနဲ မာရှီဟို့ကိုလှည့်ကြည့်သည်။

‘ငါကတော့ မင်းအကြောင်းတွေပဲတွေးနေမိပေမယ့် မင်းကတော့အဆင်ပြေနေတဲ့ပုံပဲ’

‘ဟမ်? ငါက?’

‘မင်းကငါ့ကိုဖွင့်ပြောပြီး ဘာမှမဖြစ်သလိုနေနေတော့ ငါကဘာဆက်လုပ်ရမလဲမသိတော့ဘူး...ငါ့ကိုမင်း...သဘောမကျတော့ဘူးဆိုရင်လည်း အဲ့လို အဲ့လို ဆိုပြီးပွင့်ပွင့်လင်းလင်းပြောပေးပါလား’

‘မာရှီ’

ဂျွန်ခယူက မာရှီဟို့ဘက်ကိုလှည့်လိုက်ပြီး ကပိုကရိုဖြစ်နေတဲ့ အင်္ကျီကော်လံကို ကိုင်ကာ သေချာပြန်ပြင်ပေးရင်း…

‘ငါ..ကင်ဂျွန်ခယူက … မာရှီဟိုဆိုတဲ့ မင်းကို မချစ်တော့ဘူးဆိုတာ ဖြစ်နိုင်ပါ့မလား’

စကားလည်းပြောအပြီး ကော်လံလေးကလည်း သူ့နေရာနဲ့သူလှလှပပ အချိုးကျသွားသည်။ ဆောင်းဦးဝင်လာပြီဖြစ်၍ ညနေခင်းကပုံမှန်ထက် ပိုမှောင်လာသည်။ မမြင်ရတဲ့ လေမော်လီကျူးလေးတွေက နှစ်ယောက်သားကြားမှာ လူးလာခေါက်တုံ့တိုက်ခတ်နေတော့သည်။


----High School Love Story ------------

ဟီးဟီး ရိုတော့မယ်။




Zawgyi

‘ဂြၽန္ခယူ .. ရွီဟို ရွာလိုက္ရတာကြာ….အေပၚလာခဲ့ၾကဦး ေျပာစရာရွိလို႔’

‘အင္း .. လာၿပီ’

အီဆူးလ္ကေဘးကေနေရာက္လာၿပီး ေခၚလိုက္ကာမွ ဂြၽန္ခယူနဲ႕မာရွီဟိုတို႔ စကားဆက္မေျပာဘဲရပ္လိုက္ၾကသည္။ မာရွီဟိုကခ်ာကနဲလွည့္ထြက္ကာ အေပၚကိုအရင္တက္သြားသည္။ ေနာက္မွာက်န္ခဲ့တဲ့ ဂြၽန္ခယူနားကို အီဆူးလ္ကျဖည္းျဖည္းခ်င္းတိုးသြားၿပီး ဘာျဖစ္တာလဲ လို႔ေမးလိုက္သည္။

‘သူ႕နားမွာကပ္ေနမယ့္အစား ဆယ္ရီ႕ဆီကိုသြားတဲ့’

‘ဘာ!’

‘ျဖည္းျဖည္းေအာ္ပါကြာ မင္းကလည္း’

‘မဟုတ္ပါဘူး နည္းနည္း လန႔္သြားလို႔...မင္းနဲ႕သူဘာျဖစ္ေနတာလဲ ရန္ျဖစ္တာလား’

‘မျဖစ္ပါဘူး..ငါကသူ႕ကိုစိတ္ပူလို႔လိုက္လာတာကို သူကအဲ့လိုေျပာလိုက္တာ’

ႏွစ္ေယာက္သားအတူတူေလွကားေပၚတက္လာရင္းနဲ႕ စကားဆက္ေျပာၾကသည္။

‘မင္းနဲ႕ဆယ္ရီကဘာလုပ္ေနလို႔ သူကအဲ့လိုေျပာတာလဲ’

‘ဘာမွမလုပ္ပါဘူး..ဒီမနက္ကစကားခဏေျပာမိတာေလးပဲရွိတာပါ’

‘စကားေျပာတာေလာက္နဲ႕ေတာ့ ရွီဟိုက စိတ္ဆိုးမယ္မထင္ဘူး’

‘ေအး အဲ့တာေျပာတာ ငါဘာမ်ားလုပ္မိလို႔ပါလိမ့္’

‘ဒါနဲ႕..’ အီဆူးလ္က လမ္းဆက္မေလွ်ာက္ဘဲ ရပ္ၿပီး ဂြၽန္ခယူ႕ဘက္ကိုလွည့္ေျပာလိုက္သည္။

‘မင္းနဲ႕ဆယ္ရီနဲ႕ဘာေတြေျပာေနၾကတာလဲ’

‘မမွတ္မိေတာ့ဘူး သူေျပာတာကိုငါက အင္း အဲ ပဲ လုပ္ေပးခဲ့တာဆိုေတာ့...ဘာပါလိမ့္..ဪ သီခ်င္းဆိုၿပိဳင္ပြဲရွိတယ္ဆိုလား..အဲ့တာကိုေျပာေနတာ’

‘ဟုတ္လား...မင္းသူ႕ကိုမႀကိဳက္ရင္ေတာင္ သူငိုသြားေအာင္ေတာ့မလုပ္နဲ႕ေနာ္’

‘မလုပ္ပါဘူးကြာ….ေနပါဦး’

အီဆူးလ္ကဂြၽန္ခယူေျပာတာကိုမေစာင့္ဘဲ ဆက္သြားေတာ့သည္။ ဂြၽန္ခယူကေဘးနားကေန အျမန္ကပ္လိုက္ၿပီး ထပ္ေမးသည္။

‘ေဟ့ေကာင္ မင္း ဆယ္ရီ႕ကိုသေဘာက်ေနတာမလား?’

အီဆူးလ္ကဘာမွျပန္မေျပာဘဲ ရယ္သည္။

‘ဟုတ္တာပဲ..ဟုတ္ေနတာပဲ’ ဂြၽန္ခယူက အီဆူးလ္ကိုပခုံးခ်င္းတိုက္ၿပီး တြန္းလိုက္ေတာ့အခ်ိန္ကိုက္ပင္ အခန္းထဲကထြက္လာတဲ့ ဆယ္ရီနဲ႕ တိုက္မိသြားသည္။

‘ေအာင္မေလး’

‘ဟာ...ေဆာ..ေဆာရီး ဆယ္ရီ...ငါသြား‌ေတာ့မယ္ ဂြၽန္ခယူ ေျပာစရာရွိတာ ေန႕ခင္းမွေျပာေတာ့မယ္’

‘ေအးေအး’ ဂြၽန္ခယူက ဘာျဖစ္သြားမွန္းသိတာေၾကာင့္ ရယ္ၿပီးျပန္ေျပာလိုက္သည္။

‘ဘာလို႔ရယ္ေနတာလဲ’

‘ဘာမွမဟုတ္ဘူး ဆယ္ရီ..နင္ဘာမွမျဖစ္ဘူးမလား’

‘အင္း..’

အီဆူးလ္ရဲ႕အျဖစ္ကို သေဘာက်တာနဲ႕ အခုထိကိုအရယ္မျပတ္ေသး။ ဆယ္ရီ႕ကိုေမးတုန္းကလည္းရယ္၊  အခန္းထဲဝင္လာေတာ့လည္းရယ္၊ ထိုင္ခုံနားကိုလာေတာ့လည္းရယ္။
ရယ္ေနရင္းနဲ႕ေဘးခုံကေနသူ႕ကို နဂါးမ်က္ေစာင္းနဲ႕ၾကည့္ေနတဲ့ မာရွီဟို႔ကိုျမင္ေတာ့မွ မ်က္ႏွာပိုးသတ္လိုက္ရသည္။

‘အဟမ္း..အဟမ္း’ လည္ေခ်ာင္းရွင္းၿပီး ခုံဆြဲကာထိုင္ခ်လိဳက္သည္။ ေဘးကိုလည္း ငဲ့ၾကည့္ငဲ့ၾကည့္နဲ႕ မာရွီဟို႔မ်က္ႏွာအရိပ္အကဲကိုၾကည့္ရေသးသည္။

မာရွီဟိုကသူ႕ကိုၾကည့္မေနေတာ့။ တြက္နည္းလည္းမမွန္တဲ့ပုံေသနည္းေတြနဲ႕ သခၤ်ာပုစာၦတစ္ပုဒ္ကို ဟိုျခစ္ဒီျခစ္နဲ႕တြက္ေနတာကို ဂြၽန္ခယူကလွမ္းျမင္ေနရသည္။

‘အဲ့တာက အဲ့ပုံေသနည္းနဲ႕တြက္ရတာမဟုတ္ဘူး’

‘သိတယ္’

‘သိရင္ တျခားဟာနဲ႕တြက္ေလ’

‘သူနဲ႕မဆိုင္တဲ့ပုံေသနည္းနဲ႕တြက္ရင္ ဘာအေျဖရမလဲသိခ်င္လို႔’

‘အ႐ူးေလး..တလြဲေတြရမွာေပါ့..တြက္လို႔ရမွာေတာင္မဟုတ္ဘူး’

‘အင္းေနာ္...ဘာမွမဆိုင္တဲ့ဟာေတြေပါင္းမိရင္ ျပႆနာေတြပဲထြက္လာမွာပဲ’

‘ဒါေပါ့’

မာရွီဟိုကသခၤ်ာဆက္မတြက္ေတာ့ဘဲ ခဲတံကိုလက္ထဲမွာလွည့္ေနသည္။ ဂြၽန္ခယူကလည္းေဘးကေန မာရွီဟိုဘာဆက္ေျပာမလဲဆိုၿပီး ေစာင့္နားေထာင္ေနသည္။

‘မင္းနဲ႕ငါကဘယ္လိုမွမဆိုင္ဘူးထင္တယ္...မဆိုင္တာေတြလုပ္မိရင္ ျပႆနာေတြပဲတက္မွာေလ’

‘ဘာအဓိပၸါယ္လဲ အဲ့တာက’

‘ညေနေက်ာင္းဆင္းရင္ ေခါင္မိုးထပ္ကိုခဏလာခဲ့ ငါေျပာစရာရွိတယ္’

‘အခုေျပာလို႔မရဘူးလား’

‘ဆရာလာၿပီေလ’

တစ္ေန႕လုံး မာရွီဟိုမ်က္ႏွာမေကာင္းျဖစ္ေနရတဲ့ အေၾကာင္းရင္းကို ေနာက္ဆုံးေတာ့သိရေတာ့မွာျဖစ္လို႔ ရင္ခုန္မိသလိုစိတ္လည္းပူေနမိသည္။ ဒီၾကားထဲ အဆင္ေျပတဲ့ပုံေပၚေနရင္းကေန ဘာလို႔ ႐ုတ္တရက္ႀကီး ဒီေန႕လိုမ်ိဳးျဖစ္ေနတာလဲဆိုတာ ဂြၽန္ခယူနားမလည္။

မာရွီဟို႔ကိုဆက္ပဲလိုက္ရေတာ့မလိုလို..စိမ္းကားသြားမွာေၾကာက္လို႔ရပ္ပဲၾကည့္ေနရမလိုလို..သူငယ္ခ်င္းလိုပဲေနၿပီးတစ္သက္လုံးအဆင့္မတက္ဖို႔ပဲႀကိဳးစားရေတာ့မလိုလို…

*မင္းငါ့ကို႐ူးေအာင္လုပ္ေနတာပဲ*

---------------------

‘မာရွီဟို မင္းအဲ့တာမစားရင္ ငါယူစားလိုက္ေတာ့မယ္’

‘ဟင္..အင္း စားေလ’

တူနဲ႕ကိုင္လိုက္ ခ်လိဳက္လုပ္ေနတဲ့ ပဲပင္ေပါက္ခ်ဥ္စပ္သုတ္ကို အေရွ႕မွာထိုင္ေနတဲ့ ဟင္းမ္တစ္ေယာက္ မၾကည့္ေနနိုင္ေတာ့။ စားေတာ့မလိုလို မစားခ်င္လို႔ပဲျပန္ခ်လိဳက္သလိုလို လုပ္ေနတဲ့ မာရွီဟိုရဲ႕မ်က္ႏွာမွာလည္း စိတ္ပ်က္အားငယ္ညွိုးႏြမ္းပင္ပန္းေနမႈေတြက အထင္းသား။

‘မင္း ဒီေန႕ဘာကိစၥရွိလို႔လဲ’ ဂ်ီဟူက ထမင္းစားရင္းနဲ႕ပဲ မာရွီဟို႔ကိုလွည့္ေမးလိုက္သည္။

‘ေဟ့ေကာင္ေတြ..မင္းတို႔ အခုတေလာ..ဂြၽန္ခယူက ဆယ္ရီနဲ႕တအားရင္းႏွီးေနတယ္မထင္ဘူးလား’

‘ဂြၽန္ခယူက?’

‘အင္း’

‘မသိဘူး..ပုံမွန္အတိုင္းပဲမဟုတ္ဘူးလား’

‘မနက္ကလည္း ဆယ္ရီဲနဲ႕သူ စကားေျပာေနတာ အၾကာႀကီးပဲ..ေန႕ခင္းကလည္း ဆယ္ရီနဲ႕ရယ္ေမာၿပီးစကားေျပာေနတာမ်ား ထိုင္တဲ့အထိရယ္ေနတုန္း..အခုလည္းဟိုမွာ ဆယ္ရီ႕နဲ႕ တန္းစီရင္း စကားေျပာေနတယ္ေလ’

ထမင္းပန္းကန္ကိုယ္စီကိုင္ၿပီး တန္းစီေနတဲ့ ဂြၽန္ခယူနဲ႕ အီဆူးလ္က ေဘးက ဆယ္ရီ႕ကို စကားတတြတ္တြတ္နဲ႕ေျပာေနသည္။ ဒါကို မာရွီဟိုက သူ႕သူငယ္ခ်င္းႏွစ္ေယာက္ကိုျပလိုက္သည္။

"သူတို႔ဘာသာသူတို႔စကားေျပာတာ မင္းနဲ႕ဘာဆိုင္လို႔လဲ"

ဟင္းမ္က မာရွီဟို႔ပန္းကန္ထဲက ပဲပင္ေပါက္ေတြကိုကုန္ေအာင္စားၿပီးျပန္ေျပာလိုက္သည္။

"မင္းကေလ ဘာာာာမွမသိဘူး တကယ္" ဂ်ီဟူက ဟင္းမ္ကို စိတ္ပ်က္လက္ပ်က္နဲ႕ျပန္ေျပာလိုက္ၿပီး ညည္းလိုက္သည္။

"မင္းကေရာ..ဘာ..ဘာသိလို႔လဲ"

မာရွီဟိုက အံ့ဩသြားၿပီး ဂ်ီဟူ႕ကိုျပန္ေမးလိုက္သည္။ အသံမ်ားေတာင္တုန္ၿပီး စကားေတြေတာင္ထစ္သည္။ အခုထိ သူ႕အေၾကာင္းကိုဘယ္သူ႕ကိုမွမေျပာျပရေသးဘဲ ဂ်ီဟူကဘယ္လိုသိလဲဆိုၿပီး စိတ္ပူသြားသည္။

"ခ်က္ဆိုနားခြက္ကမီးေတာက္တဲ့ေကာင္ပါကြာ။ အရိပ္ျပရင္အေကာင္ျမင္ပါတယ္။ တစ္ထြာေလာက္ျပ႐ုံနဲ႕တစ္လံေလာက္ထိသိတယ္။ အသံၾကားတာနဲ႕.."

"ေတာ္ပါေတာ့ စကားပုံေတြလည္းကုန္ၿပီ။ ဘာကိုသိတာလဲမင္းက"

"ေနာက္မွေအးေဆး တစ္ပြဲေလာက္ႏႊဲၾကတာေပါ့ မာရွီဟို..အခုေတာ့ဟိုမွာ မင္းရဲ႕ စိတ္အေႏွာင့္အယွက္ေလးလာၿပီ"

ဂြၽန္ခယူကေတာ့ခပ္တည္တည္နဲ႕ မာရွီဟို႔ေဘးမွာဝင္ထိုင္လိုက္သည္။ သူ႕ေဘးမွာက ဆယ္ရီ။ ဆယ္ရီ႕ေဘးမွာက အီဆူးလ္။

‘မင္းအခုထိ မစားရေသးပါလား’ ဂြၽန္ခယူက မာရွီဟို႔ထမင္းပန္းကန္ကိုၾကည့္ၿပီးေျပာလိုက္သည္။ မာရွီဟိုကေတာ့ဘာမွျပန္မေျပာဘဲ ကိုင္လိုက္ခ်လိဳက္လုပ္ေနတဲ့ ဟင္းေတြကို ပါးစပ္ထဲဆက္တိုက္ထိုးထည့္လိုက္သည္။

တစ္လုပ္ၿပီးတစ္လုပ္ မနားတမ္းထည့္ေနတဲ့ မာရွီဟို႔ကိုအကုန္လုံးကဝိုင္းၾကည့္မိၾကသည္။ ဂြၽန္ခယူကပါ သူလည္းစားရင္း မာရွီဟို႔ကိုၾကည့္ရင္းလုပ္ေနေတာ့ ေဘးက ဆယ္ရီက လွမ္းစကားေျပာသည္။

‘ဂြၽန္ခယူ နင္ဒါမစားဘူးလား’  ဂြၽန္ခယူ႕ပန္းကန္ထဲမွာ ေဘာင္ေပၚတင္ထားတဲ့ မုန္လာဥနီဖတ္ေတြကိုတူနဲ႕ထိုးျပရင္းေျပာလိုက္သည္။

‘အင္း မစားဘူး’

‘ဒါဆို ငါစားလိုက္မယ္ေနာ္..ငါကမုန္လာဥနီအရမ္းႀကိဳက္တာ’

ဂြၽန္ခယူ႕ပန္းကန္ထဲက မုန္လာဥနီကိုယူလိုက္တဲ့ ဆယ္ရီကေပ်ာ္ေနပုံရတာေၾကာင့္ ေဘးနားကအီဆူးလ္လည္း သူ႕ပန္းကန္ထဲက မုန္လာဥေတြကိုေ႐ြးထုတ္ၿပီး ဆယ္ရီ႕ပန္းကန္ထဲကိုထည့္ေပးလိုက္သည္။

‘ေက်းဇူး’  ဆယ္ရီကျပန္ေျပာလိုက္ေတာ့ အီဆူးလ္က ေက်ေက်နပ္နပ္ႀကီးကိုၿပဳံးလို႔။

တစ္ဖက္ကမာရွီဟိုကေတာ့ ပါးေပါက္မတတ္ထိုးထည့္ရင္း ျမန္ျမန္ဆန္ဆန္ကိုၿမိဳခ်ေနသည္။

‘ျဖည္းျဖည္းစားပါ’ ဂြၽန္ခယူကမေနနိုင္လို႔ ေဘးကေနေျပာရသည္။

‘ငါကုန္ၿပီ သြားေတာ့မယ္ေနာ္’  မာရွီဟိုကသူ႕ပန္းကန္ထဲကဟာကုန္တာနဲ႕ မတ္တပ္တန္းရပ္ၿပီး ပန္းကန္ကိုင္ကာလွည့္ထြက္သြားေတာ့သည္။

‘ေနဦးေလ..ေန..’

‘ထားလိုက္..သူေစာေစာကကတည္းက သိပ္မၾကည္ဘူး။ ဘာျဖစ္တာလဲေတာ့မသိဘူး’  ဂ်ီဟူက သူ႕စကားအဆုံးမွာ ဆယ္ရီ႕ကိုၾကည့္ၿပီးေျပာလိုက္သည္။ ဟင္းမ္ကေတာ့ သူ႕ပုံစံအတိုင္း တိုက္ကြမ္ဒိုဗီဒီယိုေတြကိုပဲဆက္ၾကည့္ရင္း ပတ္ဝန္းက်င္ကိုသတိမထားဘဲ လက္က်န္ကုန္ေအာင္စားေနသည္။

‘ငါလိုက္သြားလိုက္ဦးမယ္’

‘မင္းလိုက္သြားလည္း ဘာမွလုပ္လို႔မရဘူး..သူ႕ကိုအခ်ိန္ေပးထားလိုက္’ ဂြၽန္ခယူ႕ကိုအီဆူးလ္ကလွမ္းေျပာလိုက္သည္။ ဒါကို ဂ်ီဟူကေထာက္ခံတဲ့အေနနဲ႕ ေခါင္းညိမ့္ျပသည္။ ဂြၽန္ခယူကလည္း သူငယ္ခ်င္းေတြေျပာတာကိုနားေထာင္ၿပီး ထိုင္ခုံမွာျပန္ထိုင္လိုက္သည္။

ဂြၽန္ခယူ႕ကိုပဲ မသိမသာလိုက္ၾကည့္ေနတဲ့ ဆယ္ရီ႕ကိုေဘးက အီဆူးလ္ကလည္း မသိမသာေလးလွည့္လွည့္ၾကည့္ေနမိျပန္သည္။


-----------------

မာရွီဟိုကလာခဲ့လို႔ေခၚထားတဲ့ အခ်ိန္လည္းေရာက္လာၿပီ။ အဆိုသင္တန္းကလည္းၿပီးသြားၿပီမို႔ ေခါင္းမိုးထပ္ဆီတန္းတက္လာခဲ့သည္။ ဘယ္အေဆာင္ရဲ႕ေခါင္းမိုးထပ္လည္းဆိုတာေမးစရာမလို။ သူတို႔အခန္းရဲ႕ အားကစားပစၥည္းအေဟာင္းေတြထားတဲ့ ေခါင္မိုးထပ္ပဲျဖစ္လိမ့္မည္။

တံခါးမကိုတြန္းဖြင့္လိုက္ေတာ့ လက္တန္းကိုမွီၿပီးတစ္ဖက္ကိုၾကည့္ေနတဲ့ မာရွီဟိုကေနာက္လွည့္လာသည္။

‘ၾကာၿပီလား ေရာက္ေနတာ’

‘၁၅ မိနစ္ေလာက္’

ဂြၽန္ခယူကလည္း မာရွီဟို႔ေဘးနားကိုေရာက္လာၿပီး လက္တန္းကိုမွီလိုက္သည္။ ထို႔ေနာက္ ၂ ေယာက္အတူတူ ဟိုးေအာက္က ျမင္ကြင္းေတြကို တေမွ်ာ္တေခၚေငးၾကည့္ေနၾကသည္။

‘ငါ့ကိုဘာလို႔ဒီကိုေခၚတာလဲ’

‘ဒီေနရာက စိတ္ရႈပ္ေနရင္ လာလို႔ေကာင္းတယ္ေလ..စဥ္းစားလို႔ေကာင္းတယ္’

‘အခု အေျဖရၿပီလား’

‘အေျဖမဟုတ္သလိုလိုနဲ႕ တစ္ခုေတာ့ထြက္လာတယ္’

‘ဘာတဲ့လဲအဲ့တာက’  ႏွစ္ေယာက္လုံးက စကားေျပာေနၾကေပမယ့္ တစ္ေယာက္ကိုတစ္ေယာက္ၾကည့္မေနၾက။ အေရွ႕ကိုသာမ်က္ႏွာမူေနၿပီး အေဝးကိုလွမ္းၾကည့္ေနၾကသည္။

‘ဘာနဲ႕ဆိုင္တဲ့အေျဖလဲ..ငါနဲ႕ဆိုင္တာလား’

‘အင္း .. ဒီရက္ေတြထဲ ငါ့ေခါင္းထဲမွာ ေတြးေနမိတာက အကုန္မင္းအေၾကာင္းခ်ည္းပဲ’  မာရွီဟိုကေျဖလိုက္ေတာ့ ဂြၽန္ခယူက ဖ်က္ခနဲ မာရွီဟို႔ကိုလွည့္ၾကည့္သည္။

‘ငါကေတာ့ မင္းအေၾကာင္းေတြပဲေတြးေနမိေပမယ့္ မင္းကေတာ့အဆင္ေျပေနတဲ့ပုံပဲ’

‘ဟမ္? ငါက?’

‘မင္းကငါ့ကိုဖြင့္ေျပာၿပီး ဘာမွမျဖစ္သလိုေနေနေတာ့ ငါကဘာဆက္လုပ္ရမလဲမသိေတာ့ဘူး...ငါ့ကိုမင္း...သေဘာမက်ေတာ့ဘူးဆိုရင္လည္း အဲ့လို အဲ့လို ဆိုၿပီးပြင့္ပြင့္လင္းလင္းေျပာေပးပါလား’

‘မာရွီ’

ဂြၽန္ခယူက မာရွီဟို႔ဘက္ကိုလွည့္လိုက္ၿပီး ကပိုကရိုျဖစ္ေနတဲ့ အကၤ်ီေကာ္လံကို ကိုင္ကာ ေသခ်ာျပန္ျပင္ေပးရင္း…

‘ငါ..ကင္ဂြၽန္ခယူက … မာရွီဟိုဆိုတဲ့ မင္းကို မခ်စ္ေတာ့ဘူးဆိုတာ ျဖစ္နိုင္ပါ့မလား’

စကားလည္းေျပာအၿပီး ေကာ္လံေလးကလည္း သူ႕ေနရာနဲ႕သူလွလွပပ အခ်ိဳးက်သြားသည္။ ေဆာင္းဦးဝင္လာၿပီျဖစ္၍ ညေနခင္းကပုံမွန္ထက္ ပိုေမွာင္လာသည္။ မျမင္ရတဲ့ ေလေမာ္လီက်ဴးေလးေတြက ႏွစ္ေယာက္သားၾကားမွာ လူးလာေခါက္တုံ႕တိုက္ခတ္ေနေတာ့သည္။


----High School Love Story ------------

ဟီးဟီး ရိုေတာ့မယ္။






Continua a leggere

Ti piacerà anche

511K 22K 76
started :: 2019.05.29 completed :: 2019.10.31 highest rankings:: #1 - watanabe #1 - yoshinori #1 - magnum #1 - jeongwoo #1 - ygnbg
1.6K 228 6
လှပတဲ့ Seoul City ရဲ့ ညခင်းလေးတစ်ခုကို အခြေခံတဲ့ ဇာတ်လမ်းတွေ အများကြီးထဲက လူဆိုးလေး နှစ်ယောက်ရဲ့ အကြောင်းပါ ပဲ ။
492K 7.5K 83
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
37.3M 2.2M 50
Silent. Cold. Chiselled perfection. That is Rikkard Ambrose, the most powerful business mogul in Great Britain. Free-spirited. Fiery. Definitely...