Unicode
"ဟင်...ကိုကို"
မေ့စကားကြောင့် မောင့်တစ်ကိုယ်လုံး တောင့်တင်းသွားပါသည်။
မောင်တို့စကားတွေကို ကြားသွားပြီလား ။
ဦးရိပ်က အခြောက်တွေကို အရမ်းမုန်းတာလေ ။
"ဦးရိပ်!"
မောင်လှည့်ကြည့်လိုက်တော့ လောင်းရိပ်မျက်နှာမှာ မှုန်ကုတ်နေပါသည်။ မျက်ဝန်းထဲမှာလည်း မောင့်ကို ထူးဆန်းသော ၊ မယုံနိုင်သော ၊ ရွံ့မုန်းသော အကြည့်များ.။
ဦးရိပ် မောင့်ကို မုန်းသွားပြီလား ၊ မောင့်ကို မချစ်တောင် အဆင်ပြေပေမယ့် မုန်းတာတော့ မခံချင်ပါဘူး ။ ဒါကြောင့် မောင့်စိတ်တွေကို အတတ်နိုင်ဆုံး ထိန်းချုပ်ထားခဲ့ရတာလေ ။ အခုတော့... အခုတော့ ။
"မောင်...မင်း...တကယ်ပဲ "
"ဦးရိပ် မောင်ပြောတာတွေ ကြားသွားပြီလား "
"ကြားတယ် မောင် တကယ်မဟုတ်ဘူးမလား ၊ ကိုယ် နားကြားမှားသွားတာမလား"
မုန်းရင်လည်း မုန်းပါစေတော့ဗျာ.. သိသွားတဲ့ အရာတစ်ခုကိုတော့ မောင် မငြင်းချင် ။ မငြင်းနိုင်တာဆို ပိုမှန်ပါလိမ့်မည်။
"နားကြားမမှားပါဘူး...တကယ်ပါ"
မငြင်းဆန်သော ထိုစကားကြောင့် လောင်းရိပ်ရင်ထဲမှာ ဗြောင်းဆန်သွားပါသည်။ သူငယ်ငယ်လေးကတည်းက ခင်လာရတဲ့ မောင်က သူ့ကို ချစ်နေတာတဲ့လား ။
Gay ဆိုလျှင် အလွန်မုန်းနေသော လောင်းရိပ်အဖို့တော့ မောင်က တုန်လှုပ်မှုကြီး တစ်ခုပင် ။ ဘာတွေးရမှန်းကို မသိနိုင်တော့သည်ထိပင် ။
လောင်းရိပ် မေ့အနားသို့ လျှောက်သွားလိုက်ပြီး မေ့လက်ကလေးကို တွဲလိုက်သည်။
"ကိုယ့် မေ့ကို ချစ်တယ် ၊ ချစ်နေတာကြာပြီ ၊ မေက အရမ်းငယ်နေသေးလို့ ဖွင့်မပြောဖြစ်သေးတာပါ ၊ အရမ်းချစ်တယ် မေ "
အရမ်းချစ်တယ် မေ။
ထိုစကားကို မေ့ကို မကြည့်မိပါဘဲ မောင့်မျက်လုံးအား.စေ့စေ့ကြည့်၍ ပြောလိုက်ပါသည်။
မောင့် မြင်ကွင်းများ မှောင်မိုက်သွားသလို ရင်ထဲ၌လည်း နာကျင်မှုများ တရိပ်ရိပ်တိုးလာသည်။
"ပြီးတော့ ကိုယ် မောင့်ကို မချစ်ဘူး ၊ အတတ်နိုင်ဆုံး ကိုယ်နဲ့ ဝေးဝေးမှာ နေပေးလို့ရမလား၊ မတွေ့ဖြစ်အောင် နေပေးလို့ ရတယ်မလား ၊ ကိုယ့်မုန်းတဲ့အရာကို မောင်သိပါတယ် "
"မောင် သိပါတယ် ၊ ဦးရိပ် စိတ်ချပါ ၊ ဦးရိပ် ဖြစ်ချင်တဲ့အတိုင်း.ဖြစ်စေရပါမယ် "
မောင့်မျက်နှာမှာ အပြုံးလေးက မကွယ်ပျောက်ခဲ့ပါ ။ ဝဲချင်နေသော မျက်ရည်အချို့ကို ထိန်းထားလိုက်သည့်အတွက် ရင်ထဲမှာ စူးအောင့်သွားသည်။
ဦးရိပ်.. မောင့်ကို မုန်းသွားပြီ ။
အရှုံးကို အပြုံးနဲ့သာ ရင်ဆိုင်တတ်သော မောင့်အဖို့ ထိုအပြုံးက မခက်မယ့် ဟန်မဆောင်နိုင်သော မျက်ဝန်းကိုတော့ ခက်ခက်ခဲခဲ ကြိုးစား.ဟန်ဆောင်ရသည်။
"ဦးရိပ် ပျော်မှာပါ ၊ မေ့အကြောင်းသိတယ်မလား ၊ မေက အရမ်းချစ်စရာကောင်းအောင် နေတတ်တယ်လေ "
"မောင်.... ကိုကို "
ရုတ်တရတ်ဆန်လှသော အဖြစ်အပျက်များကြား မေ့မှာတော့ စဥ်းစား၍ လိုက်မမှီနိုင်သေးသဖြင့် နာမည်လေးများသာ ရေရွတ်နိုင်သည် ။
" မောင့်ရဲ့ အကူအညီက အရမ်းထိရောက်သွားတာပဲ ဟုတ်တယ်မလား မေ"
" ကျေးဇူးပဲ ၊ နောက်တစ်ခါ ကူညီစရာ မလိုတော့ဘူး "
ေလသံမာမာဖြင့် ပြောလိုက်သော ဦးရိပ်ကို မောင် မော့ကြည့်လိုက်ပါသည်။
ဦးရိပ်မျက်နှာမှာ အမုန်းတွေ တွေ့နေရသလိုပဲ ။
"မြက်တွေ အကုန်ရှင်းပြီးပြီ ၊ မောင်သွားတော့မယ် မေ ၊ပြီးတော့ မောင် ဦးရိပ်နဲ့ ဝေးရာမှာပဲ နေမှာမို့ မေ့ကိုတော့ အရမ်းချစ်ပေးပါ ဦးရိပ် ၊ မောင့်ရဲ့ တစ်ဦးတည်းသော ညီမလေးမို့ပါ ၊ .မောင် ဦးရိပ်ရှေ့ပေါ်မလာတော့ပါဘူး "
ပြောပြီး ချာခနဲ လှည့်ထွက်လာခဲ့သည်။
တစ်ဖက်က ကိုယ်ချစ်ရတဲ့သူ ၊ နောက်တစ်ဖက်က ကိုယ်အချစ်ဆုံးညီမလေး... သူတို့နှစ်ယောက်ကို အတူတူတွဲ မြင်ရတာ မောင် ပျော်တာပေါ့ ။
ဒါပေမယ့် နာကျင်စရာကောင်းတဲ့ ပျော်ရွှင်မှု ။
ဖမ်းဆုပ်ထားလို့ မရသလို ပိုင်ဆိုင်ဖို့လည်း.ကြိုးစားလို့မရဘူး။
ဘာမှ လုပ်လို့မရဘူး ၊ ဘာဆိုဘာမှ လုပ်လို့မရဘူး။
ဝမ်းနည်းမှုနှင့် နာကျင်မှု ရောထွေးနေသော ခံစားချက်ကို အကြိမ်ကြိမ်ခံစားခဲ့ဖူးသည်။ အခုထိ ကျင့်စားမရနိုင်သေး ။ခံစားရတိုင်းလည်း မွန်းကြပ်လှပါသည်။
မျက်ရည်မကျနဲ့ မောင် ။ ဦးရိပ်ပြောဖူးတယ်လေ ၊ မငိုရဘူးတဲ့ ၊ ငိုတာ မကြိုက်ဘူးတဲ့ ။ လက်သီးကို တင်းတင်းဆုပ်ပြီး ပြေးထွက်လာခဲ့ပါတော့သည်။
မေကလည်း.မောင့်အနောက်သို့ ပြေးလိုက်သွားသလို
ကျန်ခဲ့တဲ့နေရာမှာ လောင်းရိပ် မလှုပ်မယှက် ရပ်နေမိသည်။ မောင့်ရဲ့ နောက်ကျော။ ထိုသို့ ဝမ်းနည်းစွာ.ပြေးထွက်သွားတဲ့ မောင့်ရဲ့ ကျောပြင်ကိုမြင်တိုင်း.စိတ်ထဲ လေးလံရသည်။.
အခုတစ်ခါ အဆိုးဆုံးပင် ဖြစ်လိမ့်မည်။
မျက်နှာကို လက်ဖြင့် ပွတ်ကြည့်လိုက်တော့ မျက်နှာပေါ်တွင် စိုစွတ်နေသည်ကို လောင်းရိပ် ခံစားမိလိုက်ပါ၏။
"ငါက... ငါက ဘာလို့ မျက်ရည်ကျနေတာလဲ "
...........
"မောင်ရော... "
စနေ့နေ့ သန့်ရှင်းရေး ။ ဆေးရုံတစ်ဝိုင်းလုံးရှိ ဝန်ထမ်းများ ဆေးရုံကြီး၏ ရှေ့ ၊ နောက် ၊ ဘေးပတ်လည် နှင့် ရုံးခန်းများအထိ သန့်ရှင်းရေး အတူတူလုပ်ကြရသည်။ စည်းလုံးညီညွှတ်စေရန် အတူတူလုပ်ဆောင်ရသည့် အလုပ်များကို ဆရာဝန် ဆေးရုံအုပ်ကြီးက သတ်မှတ်ထားတာပင် ။
ထိုအထဲတွင် လောင်းရိပ်လည်း ဝင်ကူဖြစ်ပါသည်။ သစ်ရွက်မှိုက်များကို မတ်တပ်ရပ်လှည်းရသော အုန်းဆံတံမြက်စည်း အရှည်ကြီးကို ကိုင်ကာ လှည်းရင်း မောင့်ကို ရှာနေမိသလို မြင့်မိုရ်ကပါ လာမေးနေပြန်သည်။ မောင့်ကြောင့် စိတ်ရှုပ်နေရပါတယ်ဆို ။
"မသိဘူး "
"လောင်းရိပ်... ဘာဖြစ်နေတာလဲ ၊ စိတ်တိုနေတာလား "
"မဟုတ်ပါဘူး...မောရတဲ့ကြားထဲ မင်းက လာလာရှုပ်နေတာကိုးကွ ၊ ငါစိတ်ရှည်နိုင်ပါ့မလား"
"မောင့်ကို မတွေ့လို့ မေးရုံပါကွာ ၊ မေ့ကို တွေ့တယ် မောင့်ကို မတွေ့ဘူး ၊ မောင်ဘယ်မှာလဲဟင် မင်းသိရင် ပြောပြ "
"မသိဘူး ငါလည်း ရောက်ကတည်းက မတွေ့ဘူး အိမ်နားမှာလည်း မတွေ့ဘူး ၊ ရုံးထဲမှာလည်း မတွေ့ဘူး ၊ မီးစက်ကြီးနားမှာလည်း မတွေ့ဘူး ၊ ပန်းခြံထဲမှာလည်း မတွေ့ဘူး ၊ ဘယ်မှာမှ မတွေ့ဘူး "
"မင်းလိုက်ရှာထားတာလား "
"မရှာပါဘူး "
"မရှာဘူးတဲ့လား ၊ မောင်ရှိနေကြနေရာတွေ အကုန် လိုက်ကြည့်ထားသလိုပဲ "
"မရှာဘူးလို့ ပြောနေတယ်လေ ၊ သွားစမ်းကွာ ၊ကိုယ့်တာဝန် ကိုယ်ပြီးအောင်လုပ် ၊ ငါ့လာမရှုပ်စမ်းနဲ့ "
လောင်းရိပ်ပြောစကားကြောင့် မြင့်မိုရ် စူအောင့်အောင့်နှင့် ထွက်သွားကာ အိမ်သာများရှိရာဘက်သို့ သန့်ရှင်းရေး သွားလုပ်လိုက်သည်။
လောင်းရိပ် မြင်ကွင်းထဲကို မောင်ရောက်မလာတော့တာ တစ်ပတ်တောင်ရှိနေပြီ ။ အပုန်းကောင်းသူလေးပါလား ။
လိုက်မရှာဘူးဟု ဆိုသော်လည်း မသိစိတ်၏ ခေါ်ဆောင်ရာနောက် လိုက်မိသည်ထင့် ။ လိုက်ရှာနေမိသလိုလို။
ချစ်နေတာက မေလေ ။ ဘာလို့ မောင့်ကို လိုက်ရှာမိနေတာလဲ ။ ငယ်ငယ်က သံယောဇဥ်ကြောင့်များလား ။
အခု မောင် အရမ်းဝမ်းနည်းနေလောက်မလား ။ ငိုများငိုနေမလား ။ ထိုအတွေးများက လောင်းရိပ် ရင်ထဲကို မွန်းကြပ်သည့် ခံစားချက် ဖြစ်စေသည်။
"ကိုကို...ကိုကို... ကိုကို"
"ဟင်...ဪ မေလေး ပြော "
"ကိုကို ဒီတိုင်းကြီး မတ်တပ်ရပ်နေတာတွေ့လို့ ဘာတွေ စဥ်းစားနေတာလဲ "
"မနေ့က EXp; ဖြစ်သွားတဲ့ လူနာအကြောင်းပါ "
ပါးစပ်ထဲရှိရာ လျှောက်ဖြေလိုက်မိပြန်ပါပြီ ။ မနေ့က Exp;(သေဆုံးလူနာ)မှ မရှိဘဲနဲ့ ။
"ဪ... ကိုကိုရယ် ခဏလောက်တော့ အလုပ်အကြောင်းလေးမေ့ထားပါလား ၊ ကိုကို ခုရက်ပိုင်း တအားပင်ပန်းနေသလိုပဲ ၊ စိတ်နဲ့လူနဲ့ သိပ်မကပ်ဘူး "
"ဟုတ်ပါပြီ ကိုကို့ ချစ်သူဆရာမလေးရယ် "
ထိုစကားလေးကိုတော့ တိုးတိုးလေးပြောရတာပင် ။ မေက ငယ်သေးသည်မလား ။ ၁၀တန်းအောင်စာရင်းတောင် မထွက်သေးဘဲ ရည်းစားထားသံသာ ကြားရင် မေ့အတွက် ကောင်းမည်မဟုတ် ။
"ကိုကိုနော်...မေက အဖြေတောင် မပေးရသေးဘဲနဲ့ "
ရှက်ပြုံးလေးပြုံးသွားသော မေ့မျက်နှာကြောင့် လောင်းရိပ် သဲ့သဲ့လေး ရယ်မိပါသည်။
မောင့်အကြောင်းကို မေ့ရှေ့မှာ အစဖော် မမေးဖြစ်သလို မေကလည်း ပြောမပြခဲ့ပါ ။
မောင်ဆိုတာ သူတို့နှစ်ယောက်ကြားမှာ ရှိတဲ့ မေ့ဖျောက်ထားသည့် ဖြစ်တည်မှုလေးတစ်ခု ဖြစ်လာပါတော့သည် ။
......
"အယ်...မောင်..မောင်"
အိမ်သာနားရှိ မြက်များကို ပေါက်တူးဖြင့် ပေါက်နေသော မောင့်အား မြင့်မိုရ်တွေ့လိုက်ရသဖြင့် အော်အား မောင့်အနားသို့ ပြေးလာခဲ့သည်။
" ဖြေးဖြေးလာပါဗျာ ၊ ခလုတ်တွေလည်း တိုက်ကုန်ပါဦးမယ် "
"ရှာလိုက်ရတာမောင်ရာ ၊ ပျောက်ချက်သားကောင်းနေတယ်နော်"
"မောင့်အဘွား နေသိပ်မကောင်းလို့ မြို့ထဲသွားနေရလို့ပါဗျ ၄ရက်လောက်ကြာတယ် ၊ မနေ့ညနေကမှ ပြန်လာတာ "
"ဒါကြောင့် မတွေ့တာကိုး ၊ အကို့မှာ လောင်းရိပ်ကိုတောင် သွားအပူကပ်လိုက်သေးတယ် ၊ ဟိုက စိတ်တိုပြီး ငေါက်လွှတ်လိုက်လို့ စိတ်ညစ်ညစ်နဲ့ အိမ်သာနား ရောက်လာတာ ၊ ခုတော့ စိတ်ညစ်ပြေသွားပြီ "
ဦးရိပ်က မောင်နဲ့ပတ်သတ်ပြီး စိတ်တိုနေတုန်းပဲလား ။ ဟုတ်ပါတယ်လေ ။
ဦးရိပ်က မောင့်ကို မုန်းသွားပြီကိုး ။
နောက်ပိုင်း မတွေ့အောင် ရှောင်မှပဲ ဖြစ်တော့မည် ။
"ဗိုက်ဆာလိုက်တာမောင်ရာ ၊ အိပ်ယာထ နောက်ကျလို့ သန့်ရှင်းရေးအချိန်မမှီမှာ စိုးတာနဲ့ မနက်စာ မစားခဲ့ရဘူး"
"အိမ်သာနားရောက်နေတာပဲ တစ်ခါတည်းစား.........ဟီးဟီး မောင်က စတာနော် ၊ စိတ်မဆိုးနဲ့ဦး "
မောင် စိတ်ညစ်နေတာတွေ ၊ ခံစားနေရတာတွေအား.ကျန်တဲ့သူတွေကို မပြောချင်ပါ ။ ဖော်လည်း မဖော်ပြချင် ။
လက်စွဲတော်ဖြစ်သော အပြုံးလေးကိုသာ မျက်နှာထက် စံမြန်းထားပါ၏။
"အစကတော့ စိတ်ကောက်ပြတော့မလို့ပဲ ၊ မောင်က ချစ်စရာကောင်းအောင် ပြုံးပြနေတော့ ကောက်တော့မဲ့ စိတ်လေး.ဖြောင့်သွားပြီ "
"ဒါဆို ထပ်ပြုံးပြရဦးမလား ၊ ထပ် စ မယ်လေ "
"ဝွန်း... မောင်လူဆိုး "
အရပ်နဲ့ ခန္ဓာကိုယ်ကြီးကိုမှ အားမနာ ချွဲပြနေသော မြင့်မိုရ်ရယ် သဘောတကျပြုံးရယ်နေတဲ့ မောင်တို့ကို မြင်လိုက်သော လောင်းရိပ်မှာတော့ စိတ်များ နောက်ကျိ သွားရပြန်ပါသည် ။
ထိုမြင်ကွင်းနားမှ အမြန်ဆုံးထွက်လာခဲ့သော်လည်း မာရသွန်ပြေးမိထားသလို ရင်ထဲ၌ မောဟိုက်၍ နေလေသည်။
ထူးဆန်းသည်။ မောင်က လောင်းရိပ်အတွက် တကယ်ကို ထူးဆန်းသည်။
.....
Zawgyi
.
"ဟင္...ကိုကို"
ေမ့စကားေၾကာင့္ ေမာင့္တစ္ကိုယ္လုံး ေတာင့္တင္းသြားပါသည္။
ေမာင္တို႔စကားေတြကို ၾကားသြားၿပီလား ။
ဦးရိပ္က အေျခာက္ေတြကို အရမ္းမုန္းတာေလ ။
"ဦးရိပ္!"
ေမာင္လွည့္ၾကည့္လိုက္ေတာ့ ေလာင္းရိပ္မ်က္ႏွာမွာ မႈန္ကုတ္ေနပါသည္။ မ်က္ဝန္းထဲမွာလည္း ေမာင့္ကို ထူးဆန္းေသာ ၊ မယုံနိုင္ေသာ ၊ ႐ြံ႕မုန္းေသာ အၾကည့္မ်ား.။
ဦးရိပ္ ေမာင့္ကို မုန္းသြားၿပီလား ၊ ေမာင့္ကို မခ်စ္ေတာင္ အဆင္ေျပေပမယ့္ မုန္းတာေတာ့ မခံခ်င္ပါဘူး ။ ဒါေၾကာင့္ ေမာင့္စိတ္ေတြကို အတတ္နိုင္ဆုံး ထိန္းခ်ဳပ္ထားခဲ့ရတာေလ ။ အခုေတာ့... အခုေတာ့ ။
"ေမာင္...မင္း...တကယ္ပဲ "
"ဦးရိပ္ ေမာင္ေျပာတာေတြ ၾကားသြားၿပီလား "
"ၾကားတယ္ ေမာင္ တကယ္မဟုတ္ဘူးမလား ၊ ကိုယ္ နားၾကားမွားသြားတာမလား"
မုန္းရင္လည္း မုန္းပါေစေတာ့ဗ်ာ.. သိသြားတဲ့ အရာတစ္ခုကိုေတာ့ ေမာင္ မျငင္းခ်င္ ။ မျငင္းနိုင္တာဆို ပိုမွန္ပါလိမ့္မည္။
"နားၾကားမမွားပါဘူး...တကယ္ပါ"
မျငင္းဆန္ေသာ ထိုစကားေၾကာင့္ ေလာင္းရိပ္ရင္ထဲမွာ ေျဗာင္းဆန္သြားပါသည္။ သူငယ္ငယ္ေလးကတည္းက ခင္လာရတဲ့ ေမာင္က သူ႕ကို ခ်စ္ေနတာတဲ့လား ။
Gay ဆိုလွ်င္ အလြန္မုန္းေနေသာ ေလာင္းရိပ္အဖို႔ေတာ့ ေမာင္က တုန္လႈပ္မႈႀကီး တစ္ခုပင္ ။ ဘာေတြးရမွန္းကို မသိနိုင္ေတာ့သည္ထိပင္ ။
ေလာင္းရိပ္ ေမ့အနားသို႔ ေလွ်ာက္သြားလိုက္ၿပီး ေမ့လက္ကေလးကို တြဲလိုက္သည္။
"ကိုယ့္ ေမ့ကို ခ်စ္တယ္ ၊ ခ်စ္ေနတာၾကာၿပီ ၊ ေမက အရမ္းငယ္ေနေသးလို႔ ဖြင့္မေျပာျဖစ္ေသးတာပါ ၊ အရမ္းခ်စ္တယ္ ေမ "
အရမ္းခ်စ္တယ္ ေမ။
ထိုစကားကို ေမ့ကို မၾကည့္မိပါဘဲ ေမာင့္မ်က္လုံးအား.ေစ့ေစ့ၾကည့္၍ ေျပာလိုက္ပါသည္။
ေမာင့္ ျမင္ကြင္းမ်ား ေမွာင္မိုက္သြားသလို ရင္ထဲ၌လည္း နာက်င္မႈမ်ား တရိပ္ရိပ္တိုးလာသည္။
"ၿပီးေတာ့ ကိုယ္ ေမာင့္ကို မခ်စ္ဘူး ၊ အတတ္နိုင္ဆုံး ကိုယ္နဲ႕ ေဝးေဝးမွာ ေနေပးလို႔ရမလား၊ မေတြ႕ျဖစ္ေအာင္ ေနေပးလို႔ ရတယ္မလား ၊ ကိုယ့္မုန္းတဲ့အရာကို ေမာင္သိပါတယ္ "
"ေမာင္ သိပါတယ္ ၊ ဦးရိပ္ စိတ္ခ်ပါ ၊ ဦးရိပ္ ျဖစ္ခ်င္တဲ့အတိုင္း.ျဖစ္ေစရပါမယ္ "
ေမာင့္မ်က္ႏွာမွာ အၿပဳံးေလးက မကြယ္ေပ်ာက္ခဲ့ပါ ။ ဝဲခ်င္ေနေသာ မ်က္ရည္အခ်ိဳ႕ကို ထိန္းထားလိုက္သည့္အတြက္ ရင္ထဲမွာ စူးေအာင့္သြားသည္။
ဦးရိပ္.. ေမာင့္ကို မုန္းသြားၿပီ ။
အရႈံးကို အၿပဳံးနဲ႕သာ ရင္ဆိုင္တတ္ေသာ ေမာင့္အဖို႔ ထိုအၿပဳံးက မခက္မယ့္ ဟန္မေဆာင္နိုင္ေသာ မ်က္ဝန္းကိုေတာ့ ခက္ခက္ခဲခဲ ႀကိဳးစား.ဟန္ေဆာင္ရသည္။
"ဦးရိပ္ ေပ်ာ္မွာပါ ၊ ေမ့အေၾကာင္းသိတယ္မလား ၊ ေမက အရမ္းခ်စ္စရာေကာင္းေအာင္ ေနတတ္တယ္ေလ "
"ေမာင္.... ကိုကို "
႐ုတ္တရတ္ဆန္လွေသာ အျဖစ္အပ်က္မ်ားၾကား ေမ့မွာေတာ့ စဥ္းစား၍ လိုက္မမွီနိုင္ေသးသျဖင့္ နာမည္ေလးမ်ားသာ ေရ႐ြတ္နိုင္သည္ ။
" ေမာင့္ရဲ႕ အကူအညီက အရမ္းထိေရာက္သြားတာပဲ ဟုတ္တယ္မလား ေမ"
" ေက်းဇူးပဲ ၊ ေနာက္တစ္ခါ ကူညီစရာ မလိုေတာ့ဘူး "
ေလသံမာမာျဖင့္ ေျပာလိုက္ေသာ ဦးရိပ္ကို ေမာင္ ေမာ့ၾကည့္လိုက္ပါသည္။
ဦးရိပ္မ်က္ႏွာမွာ အမုန္းေတြ ေတြ႕ေနရသလိုပဲ ။
"ျမက္ေတြ အကုန္ရွင္းၿပီးၿပီ ၊ ေမာင္သြားေတာ့မယ္ ေမ ၊ၿပီးေတာ့ ေမာင္ ဦးရိပ္နဲ႕ ေဝးရာမွာပဲ ေနမွာမို႔ ေမ့ကိုေတာ့ အရမ္းခ်စ္ေပးပါ ဦးရိပ္ ၊ ေမာင့္ရဲ႕ တစ္ဦးတည္းေသာ ညီမေလးမို႔ပါ ၊ .ေမာင္ ဦးရိပ္ေရွ႕ေပၚမလာေတာ့ပါဘူး "
ေျပာၿပီး ခ်ာခနဲ လွည့္ထြက္လာခဲ့သည္။
တစ္ဖက္က ကိုယ္ခ်စ္ရတဲ့သူ ၊ ေနာက္တစ္ဖက္က ကိုယ္အခ်စ္ဆုံးညီမေလး... သူတို႔ႏွစ္ေယာက္ကို အတူတူတြဲ ျမင္ရတာ ေမာင္ ေပ်ာ္တာေပါ့ ။
ဒါေပမယ့္ နာက်င္စရာေကာင္းတဲ့ ေပ်ာ္႐ႊင္မႈ ။
ဖမ္းဆုပ္ထားလို႔ မရသလို ပိုင္ဆိုင္ဖို႔လည္း.ႀကိဳးစားလို႔မရဘူး။
ဘာမွ လုပ္လို႔မရဘူး ၊ ဘာဆိုဘာမွ လုပ္လို႔မရဘူး။
ဝမ္းနည္းမႈႏွင့္ နာက်င္မႈ ေရာေထြးေနေသာ ခံစားခ်က္ကို အႀကိမ္ႀကိမ္ခံစားခဲ့ဖူးသည္။ အခုထိ က်င့္စားမရနိုင္ေသး ။ခံစားရတိုင္းလည္း မြန္းၾကပ္လွပါသည္။
မ်က္ရည္မက်နဲ႕ ေမာင္ ။ ဦးရိပ္ေျပာဖူးတယ္ေလ ၊ မငိုရဘူးတဲ့ ၊ ငိုတာ မႀကိဳက္ဘူးတဲ့ ။ လက္သီးကို တင္းတင္းဆုပ္ၿပီး ေျပးထြက္လာခဲ့ပါေတာ့သည္။
ေမကလည္း.ေမာင့္အေနာက္သို႔ ေျပးလိုက္သြားသလို
က်န္ခဲ့တဲ့ေနရာမွာ ေလာင္းရိပ္ မလႈပ္မယွက္ ရပ္ေနမိသည္။ ေမာင့္ရဲ႕ ေနာက္ေက်ာ။ ထိုသို႔ ဝမ္းနည္းစြာ.ေျပးထြက္သြားတဲ့ ေမာင့္ရဲ႕ ေက်ာျပင္ကိုျမင္တိုင္း.စိတ္ထဲ ေလးလံရသည္။.
အခုတစ္ခါ အဆိုးဆုံးပင္ ျဖစ္လိမ့္မည္။
မ်က္ႏွာကို လက္ျဖင့္ ပြတ္ၾကည့္လိုက္ေတာ့ မ်က္ႏွာေပၚတြင္ စိုစြတ္ေနသည္ကို ေလာင္းရိပ္ ခံစားမိလိုက္ပါ၏။
"ငါက... ငါက ဘာလို႔ မ်က္ရည္က်ေနတာလဲ "
...........
"ေမာင္ေရာ... "
စေန႕ေန႕ သန့္ရွင္းေရး ။ ေဆး႐ုံတစ္ဝိုင္းလုံးရွိ ဝန္ထမ္းမ်ား ေဆး႐ုံႀကီး၏ ေရွ႕ ၊ ေနာက္ ၊ ေဘးပတ္လည္ ႏွင့္ ႐ုံးခန္းမ်ားအထိ သန့္ရွင္းေရး အတူတူလုပ္ၾကရသည္။ စည္းလုံးညီၫႊတ္ေစရန္ အတူတူလုပ္ေဆာင္ရသည့္ အလုပ္မ်ားကို ဆရာဝန္ ေဆး႐ုံအုပ္ႀကီးက သတ္မွတ္ထားတာပင္ ။
ထိုအထဲတြင္ ေလာင္းရိပ္လည္း ဝင္ကူျဖစ္ပါသည္။ သစ္႐ြက္မွိုက္မ်ားကို မတ္တပ္ရပ္လွည္းရေသာ အုန္းဆံတံျမက္စည္း အရွည္ႀကီးကို ကိုင္ကာ လွည္းရင္း ေမာင့္ကို ရွာေနမိသလို ျမင့္မိုရ္ကပါ လာေမးေနျပန္သည္။ ေမာင့္ေၾကာင့္ စိတ္ရႈပ္ေနရပါတယ္ဆို ။
"မသိဘူး "
"ေလာင္းရိပ္... ဘာျဖစ္ေနတာလဲ ၊ စိတ္တိုေနတာလား "
"မဟုတ္ပါဘူး...ေမာရတဲ့ၾကားထဲ မင္းက လာလာရႈပ္ေနတာကိုးကြ ၊ ငါစိတ္ရွည္နိုင္ပါ့မလား"
"ေမာင့္ကို မေတြ႕လို႔ ေမး႐ုံပါကြာ ၊ ေမ့ကို ေတြ႕တယ္ ေမာင့္ကို မေတြ႕ဘူး ၊ ေမာင္ဘယ္မွာလဲဟင္ မင္းသိရင္ ေျပာျပ "
"မသိဘူး ငါလည္း ေရာက္ကတည္းက မေတြ႕ဘူး အိမ္နားမွာလည္း မေတြ႕ဘူး ၊ ႐ုံးထဲမွာလည္း မေတြ႕ဘူး ၊ မီးစက္ႀကီးနားမွာလည္း မေတြ႕ဘူး ၊ ပန္းၿခံထဲမွာလည္း မေတြ႕ဘူး ၊ ဘယ္မွာမွ မေတြ႕ဘူး "
"မင္းလိုက္ရွာထားတာလား "
"မရွာပါဘူး "
"မရွာဘူးတဲ့လား ၊ ေမာင္ရွိေနၾကေနရာေတြ အကုန္ လိုက္ၾကည့္ထားသလိုပဲ "
"မရွာဘူးလို႔ ေျပာေနတယ္ေလ ၊ သြားစမ္းကြာ ၊ကိုယ့္တာဝန္ ကိုယ္ၿပီးေအာင္လုပ္ ၊ ငါ့လာမရႈပ္စမ္းနဲ႕ "
ေလာင္းရိပ္ေျပာစကားေၾကာင့္ ျမင့္မိုရ္ စူေအာင့္ေအာင့္ႏွင့္ ထြက္သြားကာ အိမ္သာမ်ားရွိရာဘက္သို႔ သန့္ရွင္းေရး သြားလုပ္လိုက္သည္။
ေလာင္းရိပ္ ျမင္ကြင္းထဲကို ေမာင္ေရာက္မလာေတာ့တာ တစ္ပတ္ေတာင္ရွိေနၿပီ ။ အပုန္းေကာင္းသူေလးပါလား ။
လိုက္မရွာဘူးဟု ဆိုေသာ္လည္း မသိစိတ္၏ ေခၚေဆာင္ရာေနာက္ လိုက္မိသည္ထင့္ ။ လိုက္ရွာေနမိသလိုလို။
ခ်စ္ေနတာက ေမေလ ။ ဘာလို႔ ေမာင့္ကို လိုက္ရွာမိေနတာလဲ ။ ငယ္ငယ္က သံေယာဇဥ္ေၾကာင့္မ်ားလား ။
အခု ေမာင္ အရမ္းဝမ္းနည္းေနေလာက္မလား ။ ငိုမ်ားငိုေနမလား ။ ထိုအေတြးမ်ားက ေလာင္းရိပ္ ရင္ထဲကို မြန္းၾကပ္သည့္ ခံစားခ်က္ ျဖစ္ေစသည္။
"ကိုကို...ကိုကို... ကိုကို"
"ဟင္...ဪ ေမေလး ေျပာ "
"ကိုကို ဒီတိုင္းႀကီး မတ္တပ္ရပ္ေနတာေတြ႕လို႔ ဘာေတြ စဥ္းစားေနတာလဲ "
"မေန႕က EXp; ျဖစ္သြားတဲ့ လူနာအေၾကာင္းပါ "
ပါးစပ္ထဲရွိရာ ေလွ်ာက္ေျဖလိုက္မိျပန္ပါၿပီ ။ မေန႕က Exp;(ေသဆုံးလူနာ)မွ မရွိဘဲနဲ႕ ။
"ဪ... ကိုကိုရယ္ ခဏေလာက္ေတာ့ အလုပ္အေၾကာင္းေလးေမ့ထားပါလား ၊ ကိုကို ခုရက္ပိုင္း တအားပင္ပန္းေနသလိုပဲ ၊ စိတ္နဲ႕လူနဲ႕ သိပ္မကပ္ဘူး "
"ဟုတ္ပါၿပီ ကိုကို႔ ခ်စ္သူဆရာမေလးရယ္ "
ထိုစကားေလးကိုေတာ့ တိုးတိုးေလးေျပာရတာပင္ ။ ေမက ငယ္ေသးသည္မလား ။ ၁၀တန္းေအာင္စာရင္းေတာင္ မထြက္ေသးဘဲ ရည္းစားထားသံသာ ၾကားရင္ ေမ့အတြက္ ေကာင္းမည္မဟုတ္ ။
"ကိုကိုေနာ္...ေမက အေျဖေတာင္ မေပးရေသးဘဲနဲ႕ "
ရွက္ၿပဳံးေလးၿပဳံးသြားေသာ ေမ့မ်က္ႏွာေၾကာင့္ ေလာင္းရိပ္ သဲ့သဲ့ေလး ရယ္မိပါသည္။
ေမာင့္အေၾကာင္းကို ေမ့ေရွ႕မွာ အစေဖာ္ မေမးျဖစ္သလို ေမကလည္း ေျပာမျပခဲ့ပါ ။
ေမာင္ဆိုတာ သူတို႔ႏွစ္ေယာက္ၾကားမွာ ရွိတဲ့ ေမ့ေဖ်ာက္ထားသည့္ ျဖစ္တည္မႈေလးတစ္ခု ျဖစ္လာပါေတာ့သည္ ။
......
"အယ္...ေမာင္..ေမာင္"
အိမ္သာနားရွိ ျမက္မ်ားကို ေပါက္တူးျဖင့္ ေပါက္ေနေသာ ေမာင့္အား ျမင့္မိုရ္ေတြ႕လိုက္ရသျဖင့္ ေအာ္အား ေမာင့္အနားသို႔ ေျပးလာခဲ့သည္။
" ေျဖးေျဖးလာပါဗ်ာ ၊ ခလုတ္ေတြလည္း တိုက္ကုန္ပါဦးမယ္ "
"ရွာလိုက္ရတာေမာင္ရာ ၊ ေပ်ာက္ခ်က္သားေကာင္းေနတယ္ေနာ္"
"ေမာင့္အဘြား ေနသိပ္မေကာင္းလို႔ ၿမိဳ႕ထဲသြားေနရလို႔ပါဗ် ၄ရက္ေလာက္ၾကာတယ္ ၊ မေန႕ညေနကမွ ျပန္လာတာ "
"ဒါေၾကာင့္ မေတြ႕တာကိုး ၊ အကို႔မွာ ေလာင္းရိပ္ကိုေတာင္ သြားအပူကပ္လိုက္ေသးတယ္ ၊ ဟိုက စိတ္တိုၿပီး ေငါက္လႊတ္လိုက္လို႔ စိတ္ညစ္ညစ္နဲ႕ အိမ္သာနား ေရာက္လာတာ ၊ ခုေတာ့ စိတ္ညစ္ေျပသြားၿပီ "
ဦးရိပ္က ေမာင္နဲ႕ပတ္သတ္ၿပီး စိတ္တိုေနတုန္းပဲလား ။ ဟုတ္ပါတယ္ေလ ။
ဦးရိပ္က ေမာင့္ကို မုန္းသြားၿပီကိုး ။
ေနာက္ပိုင္း မေတြ႕ေအာင္ ေရွာင္မွပဲ ျဖစ္ေတာ့မည္ ။
"ဗိုက္ဆာလိုက္တာေမာင္ရာ ၊ အိပ္ယာထ ေနာက္က်လိဳ႕ သန့္ရွင္းေရးအခ်ိန္မမွီမွာ စိုးတာနဲ႕ မနက္စာ မစားခဲ့ရဘူး"
"အိမ္သာနားေရာက္ေနတာပဲ တစ္ခါတည္းစား.........ဟီးဟီး ေမာင္က စတာေနာ္ ၊ စိတ္မဆိုးနဲ႕ဦး "
ေမာင္ စိတ္ညစ္ေနတာေတြ ၊ ခံစားေနရတာေတြအား.က်န္တဲ့သူေတြကို မေျပာခ်င္ပါ ။ ေဖာ္လည္း မေဖာ္ျပခ်င္ ။
လက္စြဲေတာ္ျဖစ္ေသာ အၿပဳံးေလးကိုသာ မ်က္ႏွာထက္ စံျမန္းထားပါ၏။
"အစကေတာ့ စိတ္ေကာက္ျပေတာ့မလို႔ပဲ ၊ ေမာင္က ခ်စ္စရာေကာင္းေအာင္ ၿပဳံးျပေနေတာ့ ေကာက္ေတာ့မဲ့ စိတ္ေလး.ေျဖာင့္သြားၿပီ "
"ဒါဆို ထပ္ၿပဳံးျပရဦးမလား ၊ ထပ္ စ မယ္ေလ "
"ဝြန္း... ေမာင္လူဆိုး "
အရပ္နဲ႕ ခႏၶာကိုယ္ႀကီးကိုမွ အားမနာ ခြၽဲျပေနေသာ ျမင့္မိုရ္ရယ္ သေဘာတက်ၿပဳံးရယ္ေနတဲ့ ေမာင္တို႔ကို ျမင္လိုက္ေသာ ေလာင္းရိပ္မွာေတာ့ စိတ္မ်ား ေနာက္က်ိ သြားရျပန္ပါသည္ ။
ထိုျမင္ကြင္းနားမွ အျမန္ဆုံးထြက္လာခဲ့ေသာ္လည္း မာရသြန္ေျပးမိထားသလို ရင္ထဲ၌ ေမာဟိုက္၍ ေနေလသည္။
ထူးဆန္းသည္။ ေမာင္က ေလာင္းရိပ္အတြက္ တကယ္ကို ထူးဆန္းသည္။
.....