Desharow's Merman

נכתב על ידי Wine-Y

233K 25K 1.2K

Desharow Merman (德萨罗人鱼) Total-116 Author: 深海先生 Translators: Cheonsa_I_Bl & Jade(co). Editors: rad_pigeon I'... עוד

My Note
Warning
Author Note
Synopsis
【Arc 1: နက်ရှိုင်းသော ပင်လယ်ပြင်မှအတွေ့အကြုံ】အခန်း(၁)ရေသူထီးအား ဖမ်းမိခြင်း။
အခန်း(၂)လျှို့ဝှက်အစီအစဉ်
အခန်း(၂) လျို့ဝှက်အစီအစဉ်
အခန်း(၃) အန္တရာယ်နှင့် စပ်လျဉ်းနေသော စူးစမ်းစစ်ဆေးခြင်း
အခန်း(၄) ဘယ်သူက သားကောင်လဲ။
အခန်း(၅) အန္တရာယ်ရှိသော ကျူးကျော်မှု
အခန်း(၆)အရေးပေါ်အခြေအနေများ
အခန်း(၇) မိုးသက်မုန်တိုင်းကြားမှ အထိတ်တလန့်ဖြစ်ဖွယ်ရာများ
အခန်း(၈)
အခန်း(၉)
အခန်း(၁၀)
အခန်း(၁၁)
အခန်း(၁၂)
အခန်း(၁၃)
အခန်း(၁၄)
အခန်း(၁၅)
အခန်း(၁၆)
အခန်း(၁၇)
အခန်း(၁၈)
အခန်း(၁၉)
အခန်း(၂၀)
အခန်း(၂၁)
အခန်း(၂၂)
အခန်း(၂၃)
အခန်း(၂၄)
Arc-2
Chapter(26)
Chapter(27)
Chapter(27)
Chapter(29)
Chapter (30)


2.9K 194 2
נכתב על ידי Wine-Y


—————

ထိုသို့သော အတွေးတွေ ကျွန်တော့်စိတ်ထဲတိုးဝင်လာတဲ့အချိန် ရေသူထီးက သူ့ရဲ့ခေါင်းကို ကျွန်တော့်ဝမ်းဗိုက်နားဆီ ငုံ့ချလာသည်။ ကြောက်ရွံ့မှုနဲ့ရုန်းရင်းဆန်ခတ်ဖြစ်သွားတဲ့ ကျွန်တော့်ရဲ့အရင်အခြေနေကြောင့် အင်္ကျီက ပြန့်ကားတင်းရင်းနေကာ ကျယ်ပြန့်တဲ့ဗိုက်သားနေရာမှာ ပေါ်ပေါ်လွင်လွင် ဖြစ်နေသည်။ ရေသူထီးကိုကြည့်ရတာတော့ ကျွန်တော့်ရဲ့ ပေါ်လွင်နေတဲ့ အသားအရည်အပေါ် စိတ်ဝင်စားမှု ရှိနေပုံရသည်။

ကျွန်တော်က ဖြည်းဖြည်းချင်းစီ ကျွန်တော့်ရဲ့ဘောင်းဘီချုပ်ရိုးကြောင်းနားရောက်လာတဲ့ ရေသူထီးရဲ့ခေါင်းနဲ့ နှာခေါင်းကိုရှုံ့ပြီး ပြင်းပြစွာအနံ့ခံရှူရှိုက်လိုက်ပုံကိုသာ တအံ့တဩနဲ့ကြည့်နေမိခဲ့သည်။ သူ့ရဲ့ နှာခေါင်းရှုံ့ပြီး ယစ်မူးစွာစိုက်ကြည့်နေပုံက မသိရင် ကျွန်တော့်ရဲ့ခန္ဓာကိုယ်ကပဲ စွဲမက်စရာကောင်းတဲ့ ဝိုင်တစ်ခွက်နဲ့ တူနေသလား မဟုတ်မှ ချောမောလှပတဲ့ ရေသူမလေးတစ်ယောက်ဖြစ်နေသလား ထင်ရသည်။ တကယ့်ကိုပြင်းပြတဲ့ ရမ္မက်တွေပင်။

သို့ပေမယ့် တကယ့်အမှန်တရားက .... နားလည်ရခက်ပြီး အန္တရာယ်ရှိတဲ့လှုပ်ရှားမှုတွေနဲ့ ဘယ်အချိန်မှာမဆို ကျွန်တော့်ကို တိုက်ခိုက်လာနိုင်တဲ့ ရေသူထီးနဲ့ ရင်ဆိုင်နေရခြင်းဖြစ်သည်။

'ကျွန်တော်ခံစားနေရသမျှက ကြောက်ရွံ့ခြင်းများသာ။ ခြေထောက်ကနေ ခန္ဓာကိုယ်အထိ လက်နှစ်ဖက်လုံးဖြင့် ထိန်းကိုင်ရွှေ့တက်လာရင်း ပိုပြီးတိုးကပ်လာတဲ့ ခေါင်းကိုသာ မလှုပ်မယှက်နဲ့ ကျွန်တော်ကြည့်နေမိသည်။ သူ့ရဲ့ရှည်လျားပြီး သန်မာတဲ့လက်နှစ်ဖက်ကိုသုံးပြီး ကျွန်တော့်ရဲ့လှုပ်ရှားမှုအကုန်လုံးကို ထိန်းချုပ်ဟန့်တားထားသည်။

သူ့ရဲ့လက်သည်းတွေက ရှည်လျားပြီး ချွန်မြနေကာ ထိုလက်ချောင်းတစ်ခုချင်းစီ၏ကြားတွင် ဆက်လျက်ရှိနေတဲ့ အရေပြားလည်းပါရှိသည်။ ထို့အပြင် သိသာစွာထိုးထွက်နေပြီး အရွတ်ပြားကြီးသဖွယ်ဖြစ်နေတဲ့ ပုခုံးရိုးက ကွေးညွတ်နေတဲ့ နောက်ကျောပြင်ကနေ ထိုးထွက်နေရာ မသိလျှင် အပြည့်အဝမဖွံ့ဖြိုးသေးတဲ့ နတ်ဆိုးရဲ့တောင်ပံ့ကဲ့သို့ ဖြစ်နေသည်။





















ဒီရေသူထီးက နက်ရှိုင်းတဲ့ပင်လယ်ပြင်အောက်မှာနေတုန်းက ကြောက်စရာမုဆိုးတစ်ကောင်ဖြစ်ခဲ့ဟန်တူသည်။ အခု ကုန်းမြေပေါ်ရောက်နေတာတောင် ... သူ ... သူက အရင်လို သားသတ်သမားဖြစ်နေတုန်းပဲ။

သူ့ကိုယဉ်ပါးအောင် ကျွန်တော်ဘယ်လိုလုပ်သင့်သလဲမပြောခင် ကျွန်တော့်ကိုယ် ကျွန်တော် ကယ်တင်ခဲ့တာကို အရင်ဆုံး ပြောရမည်။

ရေသူထီးက ခေါင်းကိုငုံ့ထားပေမယ့် သူ့မျက်ခွံ့တွေက အပေါ်ပင့်တက်နေပြီး ပြင်းပြတဲ့အကြည့်တွေနဲ့ စိုက်ကြည့်နေကာ ကျွန်တော်နဲ့ မျက်လုံးချင်းဆုံဖို့ ကြိုးစားနေသည်။ ကျွန်တော့်မျက်ခုံးတွေကတော့ အံ့ဩခြင်းအဖြာဖြာကို ဖော်ပြဖို့ အပေါ်သို့ ပင့်တက်နေခဲ့သည်။ သူ့ရဲ့မျက်နှာမှာတော့ မကောင်းတာတစ်ခုခု ဖြစ်တော့မည့် အရိပ်အယောင်တို့ ပြည့်လို့။

မစ္စတာ ရှီနိချီ သတိပေးပြောပြခဲ့တဲ့ ညဉ့်နတ်ဆိုးတွေရဲ့ ပင်ကိုယ်ထူးခြားစွမ်းရည်နဲ့ပတ်သတ်ပြီး ထိုအကြောင်းအရာက မှန်သလား မှားသလား ဆိုတာ ကျွန်တော်မသိပေ။ သို့ပေမယ့် နိုင်ချေမရှိတဲ့ ပြဿနာအခက်အခဲကြားထဲ ကျွန်တော်ရောက်နေတာကိုတော့ ခံစားမိခဲ့သည်။ နည်းနည်းလေးတောင် လှုပ်လို့ပင် မရတဲ့ အခြေအနေကြီးလေ။

ဟိုတစ်စု ဒီတစ်စုဖြင့် ပြန့်ကျဲကျနေသော ဆံပင်တွေကို ကျော်လွန်ပြီး အကူအညီမဲ့စွာပင် ကျွန်တော်ငေးစိုက်ကြည့်နေမိသည်။ ချွန်မြထက်ရှလှသော ငါးမန်းတစ်ကောင်၏အပြုံးနှင့်တူသည့် ထိုရေသူထီး၏ နှုတ်ခမ်းပါးတွေက အနည်းငယ်ကွေးညွတ်နေကာ နီရဲနေသည့် လျှာထိပ်ဖျားလေးထွက်ပေါ်လာဖို့ပင် ခွင့်ပြုပေးထားသည်။
သူပိုင်ဆိုင်တဲ့ သားကောင်ကိုကျီစယ်နေသည့်အလား ခေါင်းကိုငုံ့ကာ တွန့်ကျေနေတဲ့ ကျွန်တော့်ရှပ်အင်္ကျီအောက်ခြေဖျားအား လျှာဖြင့်တို့ထိလိုက်သည်။ ထိုလျှာဖျားက ကျွန်တော့်ပေါင်ခြံနေရာကိုပင် စတင်လျက် လျက်ရှိနေပြီ။ ဂရုတစိုက်နှင့် သက်သက်မဲ့ တို့ထိလျက်နေကာ စိုစွတ်မှုနှင့် ထိုလျှာဖျားမှလာသည့် အေးမြမှုက စပါးအုံးမြွေတစ်ကောင်လို ကျွန်တော့်ရိုးတွင်းခြင်ဆီထဲသို့ ရစ်ခွေထိုးဖောက်ဝင်လာခဲ့သည်။
ထိုအခြေအနေက ကျွန်တော့်ခန္ဓာကိုယ်တစ်ခုလုံးကို သိမ့်ကနဲနေအောင်တုန်တက်သွားစေပြီး ကြောက်စိတ်တွေသည်လည်း တစ်စက္ကန့်ထက်ပင် ပိုလျင်မြန်သောအရှိန်ဖြင့် အထွတ်အထိပ်သို့ ရောက်ရှိသွားကြသည်။

ကျွန်တော့်စိတ်အစုံက ပျားတွေတဇီဇီအော်နေသလို ဆူညံနေပြီး ပေါက်ကွဲထွက်တော့မည်ဟုပင် ခံစားနေရသည်။ အထိမခံနိုင်သည့် အပိုင်းကိုမှရွေးပြီး တို့ထိနေတဲ့ ထိုရေသူထီးကြောင့် ကျွန်တော့်တစ်ကိုယ်လုံးမှာ တောင့်တင်းလို့လာပြီး တုန်ရီနေတဲ့ လက်မောင်းနှစ်ဖက်ကိုပဲ အားပြုရင်း ပြိုလဲကျနေတဲ့ ကျွန်တော့်ခန္ဓာကိုယ်ကို အားပြုထားမိသည်။

သူက ကျွန်တော့်ပေါင်ခြံအောက်ခြေပိုင်းကို စပြီးထိတွေ့လိုက်သည်နှင့်တစ်ပြိုင်နက် သူ့ရဲ့ခေါင်းကိုမော့လိုက်သည်။ ထိုအချိန် ကျွန်တော်သတိထားမိလိုက်သည်က ပြောင်းလဲသွားသော ထိုရေသူထီး၏ အဓိပ္ပါယ်ပါပါ အပြုအမူတွေဖြစ်သည်။ သူ့ရဲ့လျှာဖျားတွေက ပါးလွှာတဲ့နှုတ်ခမ်းကို လျက်လိုက်ပေသည်။ အခုချိန်ထိ ကျွန်တော့်အပေါ်အရသာခံမှုကို ကျေနပ်မှုမရှိသေးသည့်အတိုင်း ခန္ဓာကိုယ်အောက်ပိုင်းကိုပဲ စူးစူးစိုက်စိုက်ကြည့်နေသည်က ပိုပြီးစိတ်ဝင်စားစရာကောင်းသည့်တစ်စုံတစ်ရာက ဘောင်းဘီရဲ့အတွင်းထဲ ရှိနေသလိုပင်။

..... အဘယ့်ကြောင့်ဆိုသော် ထိုကဲ့သိုသောအကြည့်မျိုးက ဆာလောင်မွတ်သိပ်နေသည့်အခါ အလိုအလျောက် တုံ့ပြန်ပေါ်ပေါက်လာသည့် စိတ်ဆန္ဒမျိုး ဖြစ်နေသောကြောင့် ဖြစ်သည်။ ' နောက်ထပ်သောတစ်စက္ကန့်မှာ သူက အာခံတွင်းတစ်ခုလုံးကို ဖွင့်ဟပြီး ကျွန်တော့်အောက်ခြေတစ်ပိုင်းလုံးကို ထွေးငုံမျိုချလိုက်တော့မည် ဆိုတာ သံသယထပ်ဝင်နေစရာမလိုအောင် ကျွန်တော်ကအတပ်သိနေခဲ့ပြီ။

— အခုအချိန်မှ ကျွန်တော်မလှုပ်ရှားရင် ဒီကြောက်စရာကောင်းတဲ့ ခန့်မှန်းမှု တကယ်ဖြစ်လာမလားဆိုတာကို ကောင်းကင်ဘုံကသာ သိတော့မည်။!

အခုလက်ရှိတွင် ငြိမ်သက်ချောမွေ့နေသော ရေသူထီး၏ လှုပ်ရှားမှုအခြေအနေကိုကြည့်ပြီး လွန်ခဲ့သောနာရီပိုင်းတုန်းက သူရထားတဲ့ မေ့ဆေးသက်ရောက်မှုမရှိတော့ဘူးဆိုတာကို ကျွန်တော်သိလိုက်သည်။ ဒီကောင်ရဲ့အမြှေးပါးတွေက တုံ့ပြန်မှုအရမ်းမြန်ဆန်သည်။ ကျွန်တော်က နောက်ထပ်သောမေ့ဆေးကိုပေးလိုက်ရင်တောင် သူ့ရဲ့အသက်ကို အန္တရာယ်ဖြစ်စေမှာ မဟုတ်ချေ။

စိတ်ထဲပေါ်လာသည့် ထိုအကြောင်းအရာနှင့် ကျွန်တော့်ရဲ့လျှာဖျားကို ခပ်ပြင်းပြင်းလေးကိုက်ချလိုက်သည်။ နာကျင်မှုက လှုပ်ရှားဖို့မေ့မျောနေတဲ့ ကျွန်တော့်ကိုယ်လက်အကြောတွေကို လှုပ်ရှားမှုဖြစ်သွားစေပြီး မေ့ဆေးသေနတ်ခလုပ်ကိုဖိနှိပ်လိုက်ကာ သေးငယ်သောမေ့ဆေးအပ်အား ရေသူထီးရဲ့လည်ပင်းသို့ တိတိကျကျ ထိုးစိုက်လိုက်သည်။

သိမ့်ကနဲတုန်တက်သွားသော သူ့ရဲ့ပုခုံးနဲ့ ခေါင်းကိုမော့လာပြီး နက်ရှိုင်းကာ မှုန်ကုပ်နေသောအကြည့်တို့ဖြင့် ကျွန်တော့်ကို စိုက်ကြည့်လာသည်။

ထိုအခိုက်အတန့်တွင် ကိုယ်ထဲရှိပူနွေးနေမည့် သွေးများသည်ပင် အေးစက်သွားစေသော ကြောက်လန့်မှုမျိုးကို ကျွန်တော်ခံစားလိုက်ရသည်။ ထိုအခြေအနေအတွက် ထိုးလိုက်တဲ့မေ့ဆေးက သက်ရောက်မှုမရှိဘဲ သူ့လက်ထဲသေသွားတော့မယ့် ကျွန်တော့်ရဲ့အဖြစ်ကိုလည်း တွေးလိုက်မိသေးသည်။

သို့သော်လည်း အခြေအနေက မမျှော်လင့်စွာဘဲ ကျွန်တော်တွေးထင်ထားသလို ဖြစ်မလာခဲ့ပေ။

ရေသူထီးက မေ့ဆေးအရှိန်ကြောင့် နှစ်ကြိမ်မျှယိမ်းထိုးနေခဲ့ပြီး သူ့ရဲ့လက်တွေနဲ့ ကိုယ်ကိုယ်ပင်မထိန်းထားနိုင်တော့ဘဲ ဘေးတစ်ဖက်သို့စောင်းကျသွားခဲ့သည်။ ထိုအခွင့်အရေးကိုအမိအရယူပြီး သူ့ကိုယ်အောက်ရောက်နေတဲ့ ကျွန်တော့်ကိုယ်ကိုယ် ဆွဲထုတ်လိုက်ပေမယ့် ချွဲကျိနေတဲ့သူ့ရဲ့ရေယက်ပေါ် တက်နင်းမိပြီး မတ်တပ်ရပ်လိုက်သော်လည်း ကျွန်တော်မှာ အနောက်သို့ ပြန်လဲကျသွားခဲ့သည်။ ထိုအခြေအနေမှ အလျင်မြန်ဆုံးအရှိန်နဲ့ ပြန်ထဖို့ကြိုးစားနေတဲ့ကျွန်တော်က ကိုယ်ကိုယ်ပင် မတ်မတ်မရပ်လိုက်နိုင်ပဲ ထိုရေသူထီး၏ စပါးအုံးမြွေလိုအမြီးနှင့် ရစ်ပတ်ချည်နှောင်ခြင်းခံလိုက်ရသည်နှင့်သာ အဆုံးသတ်သွားခဲ့သည်။

သူ့အပေါ်ဖိမိထားတဲ့ ကျွန်တော့်ရဲ့ကိုယ်အလေးကြောင့် ရေသူထီးလည်း အသိစိတ်ပြန်လည်လာပြီး တစ်ဝက်တိတိမှေးမှိတ်ကျနေခဲ့တဲ့ မျက်ဝန်းသည်ပင် ပြန်ပွင့်လာသည်။ ထိုနက်ရှိုင်းတဲ့မျက်ဝန်းတွေထဲ ကျွန်တော့်အကြည့်တို့ နစ်မြှုပ်သွားတဲ့အချိန် ခါးထက်ပွေ့ဖက်ထားတဲ့ ရေသူထီး၏လက်မှာ ပိုပြီး တင်းကြပ်သွားခဲ့သည်။ ကျောပြင်ထက်ခိုင်ခိုင်မာမာကုပ်တွယ်ထားသည့် လက်သည်း၏ချွန်မြမှုကြောင့် တစ်ချီတည်းဖြင့် ကျွန်တော့်ကိုနှစ်ပိုင်းဆွဲဖြဲလိုက်မည့် အသိအာရုံကိုပင် ခံစားလို့ရနိုင်သည်။

"ဟေး ဒီမှာ .... နားထောင် ၊ ငါ မင်းကို ထိခိုက်အောင်လုပ်ချင်လို့မဟုတ်ဘူး။ ဒါပေမယ့် မင်းငါ့ကို အရင်လွှတ်ပေးမှဖြစ်မယ် ဒီသေနတ်က ဘယ်လောက်အစွမ်းရှိတယ်ဆိုတာ မင်း နားလည်သင့်တယ်"

ချက်ချင်းဆိုသလိုပဲ ကျွန်တော့်လက်ထဲက မေ့ဆေးသေနတ်ကိုမြှောက်ပြီး သူ့ရဲ့ခေါင်းတည့်တည့်ကို ချိန်ရွယ်လိုက်ကာ ခြိမ်းခြောက်ပြီးပြောလိုက်သည်။ သူ့အပေါ်ရှက်နေစိတ်လည်းမထားတော့သလို ထိုအစား စိတ်အစုံကိုစုစည်းပြီး ထိုရေသူထီးရဲ့ မျက်ဝန်းထဲ စိတ်ဆိုးစွာစိုက်ကြည့်ရင်း မောက်မာခက်ထန်နေသည့်သူလို ခေါင်းကို ပင့်တင်ထားကာ အမိန့်ပေးသော လေသံဖြင့် တစ်ကြိမ်မှာ စကားတစ်လုံးစီဖြင့် ကျွန်တော် ပြောနေခဲ့သည်။

'သူက အင်္ဂလိပ်စကားကို နားလည်နေမလားလို့ မမျှော်လင့်ခဲ့ပေမယ့် သူ့ရဲ့ ဥာဏ်ရည်အရ ကျွန်တော့်ရဲ့ဆူးပူခြိမ်းခြောက်နေပုံကို နားလည်နိုင်မည်' လို့ ကျွန်တော်တွေးထင်ခဲ့သည်။ ဒီရေသူထီးကို ယဉ်ပါးအောင်လုပ်ချင်နေသည့်အချိန်မှစ၍ မြင့်မားသည့် နားလည်နိုင်မှုပုံစံတွေနဲ့ သူ့ကို နာခံမှုရှိအောင်ပြုလုပ်ဖို့အပြင် သုတေသနလုပ်ခြင်းမှာပါ ပူးပေါင်းပါဝင်လာဖို့ တခြားသောနည်းအသစ်တွေကိုပင် ကျွန်တော်တို့ အသုံးပြုသင့်သည်။

'ကျွန်တော်က သူ့ထက်ပိုသန်မာပြီး သူ့ထက်ပိုထက်မြက်ကြောင်းကို သိစေချင်သည်။ '

'ကျွန်တော့်လက်အောက်ရောက်လာဖို့ သူ့ကိုအရင်ဆုံးထိန်းချုပ်အနိုင်ယူနိုင်အောင် လုပ်ကိုလုပ်ရမည်။'

'ဒါက မေ့ဆေးကြောင့်လားမပြောတတ်ပေမယ့် ဒီလိုနည်းလမ်းက သူ့အပေါ်သက်ရောက်မှုရှိသွားတာကို ကျွန်တော်သိလိုက်ရသည်။'

ကျွန်တော့်ခါးထက်က လက်ကိုမဖယ်ခွာလိုက်ပေမယ့် ပြေလျော့သော အားနဲ့ ညင်သာစွာ ပွေ့ထားဆဲပင်။ သူ့ရဲ့မျက်တောင်ဖျားတွေက တစ်ဝက်လောက်အထိပြန်ပြီးမှေးကျသွားပြီး၊ ဖျော့တော့သောအရောင်ရှိသည့် မျက်ခမ်းတွေက ရေစိုနေတဲ့တောင်ပံတစ်စုံလို စိုက်ကျလာသည်။ ထို့အပြင် လွန်ခဲ့သော စက္ကန့်ပိုင်းလောက်ကမှ ဖြစ်ပေါ်နေခဲ့သည့် ဆာလောင်မွတ်သိပ်နေသည့် ခံစားချက်များသည်ပင် နူးညံ့သွားခဲ့သည်။

ရေသူထီး၏ အမြဲတစေတွဲလျက်တည်ရှိသော နက်မှောင်မှုမှလွဲ၍ ယခုလက်ရှိသူ့ရဲ့အပြုအမူတွေက အန္တရာယ်မရှိတဲ့လင်းပိုင်ထက်ပင် ပိုပြီးနူးညံ့နေကြောင်း ကျွန်တော်အသိအမှတ်ပြုရပေမည်။ သူ့ကိုထိုးလိုက်တဲ့မေ့ဆေးက လင်းပိုင်တွေအတွက်သာ စင်စစ် အသုံးပြုတာဖြစ်ပြီး သူ့ကိုအိပ်ပျော်စေဖို့မပြုလုပ်နိုင်သော်ငြား အနည်းဆုံးတော့ သူ့ရဲ့လှုပ်ရှားမှုကို နှေးကွေးသွားစေပြီး ငိုက်မျဉ်းခြင်းကိုတော့ ခံစားရအောင် ပြုလုပ်နိုင်သည်။

သို့ထက် ရေသူထီးက မေ့ဆေးသေနတ်ရဲ့ကြောက်မက်ဖွယ်ကောင်းတဲ့ အစွမ်းကိုတော့ တုန်လှုပ်သင့်တာပေါ့။ သူ့ရဲ့ သနားဖွယ်ကောင်းအောင် ဟန်လုပ်ပြုံးနေမှုက ကျွန်တော့်စိတ်ကို ကျိုးနွံသွားစေပေမယ့် တိကျတဲ့အကြောင်းအရာတွေအပေါ် တွက်ချက်ကြည့်မနေဘဲ ဒီရေသူထီးက ကောက်ကျစ်တဲ့ဇာတ်လမ်းနဲ့ ကျွန်တော့်အပေါ် မသမာသောအကြံအစည်မျိုးဖြင့် ကစားနိုင်လောက်အောင် ဥာဏ်ရည်မြင့်ကြောင်းကို ကျွန်တော် သိရှိခဲ့ရသည်။ ဒါက ယုံကြည်ဖို့ ခက်ခဲနေရင်တောင်မှလေ။

'ကျွန်တော်ကတော့ နောက်ဆုံးမှာရရှိလိုက်ရတဲ့ ထိန်းချုပ်နိုင်မှု အခြေအနေကြောင့် စိတ်နှလုံးတို့ တက်ကြွနေခဲ့သည်။'

___________________

Desharow's Merman
Words-2025
Oct/16/2021
Wine.

המשך קריאה

You'll Also Like

482K 11.5K 88
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
995K 32.6K 37
အငြိုးတွေအမုန်းတွေကြား ချစ်ခြင်းကသာအနိုင်ရမလားဆိုတာကို ခပ်ကြမ်းကြမ်းလေး ခံစားသွားရမှာပါ။ warinng ‼‼‼ကြိုပေးတာမို့ မကြိုက်တဲ့သူများမဖတ်လို့ရပါတယ်
312K 15.3K 84
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
901K 60.4K 32
ချစ်ခြင်းတွေက မောင်တစ်ယောက်တည်းအတွက်ရာသက်ပန် ချစ်ခြင်းတွေက မောင်တစ်ယောက်တည်းအတွက်ရာသက်ပန် (22.11.2020)