TYGW's Mr.Lucky (BL) [Myanmar...
Por Comet222
175K 34K 546
This novel's not mine. I love to read this novel. So I translate for fun. Please support original author and... Mais
Chapter(62):သုံးဖက်မြင်ပုံရိပ် မြင်ကွင်းပြဿနာ
Chapter(63):စီမံခန့်ခွဲရေးမှူး ပေါ်ထွက်လာခြင်း-1
Chapter(63):စံမံခန့်ခွဲရေးမှူး ပေါ်ထွက်လာခြင်း-2
Chapter(64):မနာလို သဝန်တိုဖြစ်ခြင်း
Chapter(65):ပြင်းထန်ရက်စက်သော ကောလဟာလများ-1
Chapter(65):ပြင်းထန်ရက်စက်သော ကောလဟာလများ-2
Chapter(66):ကျန်းမိသားစုက လုံခြုံသွားပြီ။-1
Chapter(66):ကျန်းမိသားစုက လုံခြုံသွားပြီ။-2
Chapter(67):ခန္ဓာကိုယ် ပြန်လည်ကောင်းမွန်လာမှု-1
Chapter(67):ခန္ဓာကိုယ် ပြန်လည်ကောင်းမွန်လာမှု-2
Chapter(68):သူ့အပိုင်-1 သူ့အပိုငျ-1
Chapter(68):သူ့အပိုင်-2 သူ့အပိုငျ-2
Chapter(69):အဲ့ဒါ ကောင်းတာပေါ့!-1
Chapter(69):အဲ့ဒါ ကောင်းတာပေါ့!-2
Chapter(70):ငါ့သတို့သားလောင်း-1
Chapter(70):ငါ့သတို့သားလောင်း-2
Chapter(70):ဧည့်သည်များအား ဧည့်ခံခြင်း-3
Chapter(70):ဧည့်သည်များအား ဧည့်ခံခြင်း-4
Chapter(71):သွေးဆောင် ဖျားယောင်းနိုင်တဲ့ ပစ္စည်းအသစ်တစ်မျိုး-1
Chapter(71):သွေးဆောင် ဖျားယောင်းနိုင်တဲ့ ပစ္စည်းအသစ်တစ်မျိုး-2
Chapter(72):သူ့ကို ကျောင်းပို့ခြင်း-1
Chapter(72):သူ့ကို ကျောင်းပို့ခြင်း-2
Chapter(73):စွမ်းအင်ကတ်ကို အသက်သွင်းခြင်း-1
Chapter(73):စွမ်းအင်ကတ်ကို အသက်သွင်းခြင်း-2
Chapter(74):စိတ်ရှုပ်ထွေးနေကြတဲ့ လူသုံးယောက်-1
Chapter(74):စိတ်ရှုပ်ထွေးနေကြတဲ့ လူသုံးယောက်-2
Chapter(75):စိတ်ခွန်အားကို စစ်ဆေးခြင်း-1
Chapter(75):စိတ်ခွန်အားကို စစ်ဆေးခြင်း-2
Chapter(76):ဆရာ ကျေးဇူးပြုပြီး လက်ဖက်ရည်သုံးဆောင်ပါ။-1
Chapter(76):ဆရာ ကျေးဇူးပြုပြီး လက်ဖက်ရည်သုံးဆောင်ပါ။-2
Chapter(77):ကတ်လက်မှု အတတ်ပညာ လေ့ကျင့်ခန်း-1
Chapter(77):ကတ်လက်မှု အတတ်ပညာ လေ့ကျင့်ခန်း-2
Chapter(78):စွမ်းအင် မရှိဘူး။-1 စွမ်းအင် မရှိဘူး။-1
Chapter(78):စွမ်းအင် မရှိဘူး။-2 စွမ်းအင် မရှိဘူး။-2
Chapter(79):ေပါက္ကြဲထြက္မႈ ႏွစ္ခု!-1 ပေါက်ကွဲထွက်မှု နှစ်ခု!-1
Chapter(79):ေပါက္ကြဲထြက္မႈ ႏွစ္ခု-2! ပေါက်ကွဲထွက်မှု နှစ်ခု-2!
Chapter(80):ရုပ်ဖျက်ထားသော စိတ်စွမ်းအား-1
Chapter(80):ရုပ်ဖျက်ထားသော စိတ်စွမ်းအား-2
Chapter(81):အားရှန်းအတွက် အထူးသီးသန့်-1
Chapter(81):အားရှန်းအတွက် အထူးသီးသန့်-2
Chapter(82):ဝင်ခွင့်စာမေးပွဲ(I)-1 ဝင်ခွင့်စာမေးပွဲ(I)-1
Chapter(82):ဝင္ခြင့္စာေမးပြဲ(I)-2 ဝင်ခွင့်စာမေးပွဲ(I)-2
Chapter(83):ဝင္ခြင့္စာေမးပြဲ(II)-1 ဝင်ခွင့်စာမေးပွဲ(II)-1
Chapter(83):ဝင္ခြင့္စာေမးပြဲ(II)-2 ဝင်ခွင့်စာမေးပွဲ(II)-2
Chapter(84):နောက်ဆုံးမှာတော့ ဝင်ခွင့်ရခဲ့ပြီ။-1
Chapter(84):နောက်ဆုံးမှာတော့ ဝင်ခွင့်ရခဲ့ပြီ။-2
Chapter(85):အစောပိုင်းကာလ ပထမဆုံး ကျောင်းတက်အတွေ့အကြုံ-1
Chapter(85):အစောပိုင်းကာလ ပထမဆုံး ကျောင်းတက်အတွေ့အကြုံ-2
Chapter(86):ဆိုးရွားသော ပတ်ဝန်းကျင်-1
Chapter(86):ဆိုးရွားသော ပတ်ဝန်းကျင်-2
Chapter(87):ကမ္ဘာမကြေ ရန်ဘက်တွေ အကြားက ငြင်းခုံမှု-1
Chapter(87):ကမ္ဘာမကြေ ရန်ဘက်တွေ အကြားက ငြင်းခုံမှု-2
Chapter(88):အခန်းဖော် အသစ်များနဲ့ တွေ့ဆုံခြင်း-1
Chapter(88):အခန်းဖော် အသစ်များနဲ့ တွေ့ဆုံခြင်း-2
Chapter(89):သူငယ်ချင်း အသစ်များနဲ့ မိတ်ဆက်ခြင်း
Chapter(90):တိုက်ခိုက်ရေး လမ်းညွှန်မှုများ-1
Chapter(90):တိုက်ခိုက်ရေး လမ်းညွှန်မှုများ-2
Chapter(91):ခက်ခဲသော လေ့ကျင့်ရေး-1
13.5K 963 25
Por Comet222
Zawgyi
Unicode
Chapter(61):ပိုအားပြင်းသော တွန်းအားပေးမှု
ကျန်းမော့ရှန်းက မျက်တောင်တစ်ချက်မခတ်ပဲ သူတို့နှစ်ယောက်ကို ဆွဲခွာလိုက်တယ်။
နှုတ်ဆက်တာကတော့ နှုတ်ဆက်ပေါ့။ လက်တွေကိုတွဲပြီး နှုတ်ဆက်ဖို့တော့ မလိုအပ်ပါဘူး။ ကျန်းမော့ရှန်းကိုယ်တိုင်တောင်မှ သစ်အယ်သီးလေးရဲ့လက်တွေကို မကိုင်ဖူးသေးဘူး။ အပြင်လူတစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီလိုမျိုးလုပ်နိုင်ရတာလဲ?
နှလုံးသားထဲတွင် အနည်းငယ်ချဉ်နေလျက် သူရှန်ချန်ကို ပိုပြီးကြည့်လိုက်လေလေ မျက်စိစပါးမွေးစူးစရာ ပိုပြီးဖြစ်လာလေလေ ဖြစ်ပြီးတော့ သူအခုချက်ချင်းပျောက်ကွယ်သွားဖို့ကို ဆုတောင်းနေမိတယ်။
သူ့စိတ်ကို ပွင့်ပွင့်လင်းလင်းတစ်ခါမှ မဖော်ပြဖူးတဲ့​ ယောက်ျားတစ်ယောက်အနေနဲ့ သူ့အတွေးတွေအားလုံးကို သူ့မျက်လုံးတွေထဲမှာ ရေးထားတယ်ဆိုတာကို ကျန်းမော့ရှန်းတောင်မှ သတိမပြုမိတာဖြစ်နိုင်တယ်။
မျက်နှာထားက အမူအရာကင်းမဲ့နေသော်ငြားလည်းပဲ သူ့ရဲ့မျက်လုံးတွေက သူ့ကိုသစ္စာဖောက်နေကြတယ်။
ရှန်ချန်အတွက်တော့ သူ့ရဲ့သူငယ်ချင်းကောင်းကြီးက ဒီလိုမျိုးထိန်းချုပ်မှုကင်းမဲ့သွားတာကို မြင်ရတာ ကြုံတောင့်ကြုံခဲပဲဖြစ်တယ်။ ဒီလိုမျိုးပျော်စရာကိစ္စကို သူလုံးဝလက်လွှတ်ခံမှာမဟုတ်ဘူး။ အဲ့ဒါကြောင့် သူ့စိတ်ကိုသူ ချက်ချင်းပြောင်းလိုက်ပြီးတော့ ညစာစားဖို့အတွက် ဒီမှာနေဖို့ ဆုံးဖြတ်ချက်ချလိုက်တော့တယ်။
"အန်တီရှောင် ကျွန်တော်ကြားတာတော့ အန်တီတို့အိမ်ကစားဖိုမှူးက အရမ်းအချက်အပြုတ်ကောင်းတယ်ဆို။ ကျွန်တော်ဒီနေ့ ဒါကိုမြည်းကြည့်ခွင့်ရှိမလား?" ရှန်ချန်ကရှောင်မုလန်ရဲ့အရှေ့မှာ အလိုလိုက်ခံထားရတဲ့ ကလေးတစ်ယောက်လိုမျိုး ပြုမူလိုက်တယ်။
ကျန်းမော့ရှန်းပြန်လည်သက်သာလာပြီမို့လို့ ပျော်ရွှင်နေတဲ့ ရှောင်မုလန်တစ်ယောက်ကတော့ သူ့ကိုမငြင်းဆန်ပါဘူး။ အဲ့ဒါကြောင့် သူမပြောလိုက်တယ်။ "အန်တီတို့ရဲ့စားဖိုမှူးတွေက တကယ်ကို အချက်အပြုတ်တော်ကြတယ်။ အထူးသဖြင့် သစ်အယ်သီးလေး သူတို့ကိုသင်ကြားပေးပြီးတဲ့နောက်မှာပေါ့။ သားဒီနေ့တကယ်ကို ကံကောင်းတယ်။"
"တကယ်လား? အဲ့ဒါဆိုရင် ကျွန်တော်ဒီနေ့မြည်းကြည့်ရမယ်။" ရှန်ချန်ကကျန်းမော့ရှန်းကို ရန်ဆွသလိုမျိုး သူ့ရဲ့မျက်ခုံးကို ပင့်ပြလိုက်ပြီး တခစ်ခစ်ရယ်မောရင်း ပြောလိုက်တယ်။
ကျန်းမော့ရှန်းက ရိုးရိုးရှင်းရှင်းကိုပဲ အချိန်စက္ကန့်မရွေး အရူးတစ်ယောက်လိုပြုမူနေတတ်တဲ့ ဒီသူငယ်ချင်းကို အာရုံစိုက်ပေးဖို့ စိတ်အနှောင့်အယှက်ဖြစ်ခံမနေဘူး။ သူအနားယူချင်နေပြီဆိုတဲ့ ဆင်ခြေနဲ့အတူ သူ့ကိုမောင်းထုတ်ပစ်လိုက်တယ်။
အိပ်ရာဆီပြန်ပြီးနောက် ကျန်းမော့ရှန်းက နေ့တိုင်းနေ့တိုင်း ညစာချက်ပြုတ်ပေးနေတဲ့လူက သစ်အယ်သီးလေးဆိုတာကို ရုတ်တရက်သတိရသွားတယ်။ ဆိုလိုတာက ဒီညမှာရှန်ချန်က သစ်အယ်သီးလေးချက်ပြုတ်ထားတာကို စားရတော့မှာပေါ့။
သူတောင်မှ သစ်အယ်သီးလေးချက်ပြုတ်ထားတာကို မစားဖူးသေးဘူး။ ဘယ်လိုလုပ်ပြီး အပြင်လူတစ်ယောက်က စားနိုင်ရတာလဲ? သူဒီလိုမျိုးတွေးမိလိုက်တာနဲ့ချက်ချင်း ကျန်းမော့ရှန်းတစ်ယောက် ရုတ်တရက်ဝမ်းနည်းသွားမိတယ်။ ဒါပေမဲ့ သစ်အယ်သီးလေးက live stream လုပ်ဖို့လိုအပ်နေတာဆိုတော့ သူသစ်အယ်သီးလေးကို မချက်နဲ့လို့လည်း ပြောလို့မရဘူး။
သူ့မိဘတွေကို ဘေးဖယ်လိုက်ရင်တောင် သူကသစ်အယ်သီးလေးချက်ပြုတ်တာကို ပထမဆုံးမြည်းကြည့်ဖူးတဲ့လူ မဟုတ်ဘူးဆိုတာကို တွေးလိုက်မိတာနဲ့ချက်ချင်း ကျန်းမော့ရှန်းတစ်ယောက် သူ့နှလုံးသားက အက်စစ်ရည်ထဲမှာနစ်မြှုပ်သွားသလို ခံစားလိုက်ရတယ်။
မဟုတ်ဘူး။ သူရှန်ချန်ကို ဒီအကျိုးအမြတ်ကို ယူခိုင်းလို့မဖြစ်ဘူး။ သစ်အယ်သီးလေးချက်ပြုတ်ထားတာကို သူအရင်စားမှဖြစ်မယ်။
သူ့ရဲ့အခုလက်ရှိအခြေအနေအရဆိုရင် သူ့မိဘတွေက သူ့ကိုအောက်ထပ်ကိုဆင်းပြီး သူတို့နဲ့အတူတူ ညစာစားခိုင်းမှာမဟုတ်ဘူး။ သူ့ကိုယ်သူမြန်မြန်ကုသဖို့ သူလိုအပ်နေပြီ!
အရင်တုန်းကတော့ ကျန်းမော့ရှန်းက လျင်လျင်မြန်မြန်ပြန်လည်ကောင်းမွန်လာမှုက မလိုလားအပ်တဲ့အာရုံ​တွေကို ဆွဲဆောင်မိမှာကို သူစိုးရိမ်နေခဲ့တာဖြစ်တယ်။ အဲ့ဒါကြောင့် သူတစ်ကြိမ်ကျင့်ကြံပြီးတိုင်းမှာ ဖြေးဖြေးအေးအေးနဲ့ စိတ်စွမ်းအင်စွမ်းအားပမာဏ အနည်းငယ်ကိုပဲ ကုသမှုအတွက် အသုံးပြုနေခဲ့တာဖြစ်တယ်။ အခုတော့ ပိုပြီးအားကောင်းတဲ့ တွန်းအားပေးမှုတစ်ခုနဲ့အတူ သူစုဆောင်းမိထားတဲ့ စိတ်စွမ်းအင်စွမ်းအားအားလုံးကို သူ့ကိုယ်သူကုသဖို့အတွက် အသုံးပြုလိုက်တယ်။
ပုံမှန်အတိုင်းဆိုရင် သူ့အတွက် အိပ်ရာထဲကနေထနိုင်ဖို့အတွက် နောက်ထပ်သုံးရက်မျှ အချိန်ယူရမှာဖြစ်တယ်။ သူဒါကိုဒီတစ်ရက်တည်းမှာပဲ အပြီးလုပ်ရမယ်။
တခါတရံဆိုရင် အချစ်ကအမှန်တကယ်ကို အံ့အားသင့်စရာတွေကို ပြုလုပ်ပေးနိုင်တယ်။ အဲ့ဒါကြောင့် မနာလိုဖြစ်ကြတာ မဆန်းပါဘူး။ 
ယွီဂျင်လီက သူ့ရဲ့ရွှေရောင်ပေါင်လုံးကြီးက သူလွန်ခဲ့တဲ့နှစ်ရက်တုန်းက သူ့ကိုအဖော်မပြုပေးခဲ့တဲ့အတွက် သူ့ကိုအပြစ်မတင်တာမို့ အရမ်းပျော်ရွှင်နေမိတယ်။ သူ live stream လွှင့်နေတဲ့အချိန်မှာ ပြုံးရယ်နေမိတယ်။ ကြည့်ရှုသူတွေက သူ့ရဲ့အမူအရာကို မမြင်ရပေမဲ့လည်း သူစိတ်ကောင်းဝင်နေတယ်ဆိုတာကို သူတို့ခံစားမိတယ်။
[Streamer koi ကောင်းတာတစ်ခုခုများ ဖြစ်နေလို့လား? ဒီနေ့ streamer ပျော်နေသလိုပဲ။]
[Streamer koi, streamer koi သုံးဖက်မြင်ပုံရိပ်မြင်ကွင်းကို​ ပြောင်းပေးနိုင်မလား? ကြည့်ရတာ အားလုံးအရသာရှိပုံရတဲ့ streamer ချက်ထားတာတွေကို တကယ်မြည်းကြည့်ချင်လို့။ ငါ streamer ရဲ့ live stream ကို ကြည့်တဲ့အချိန်တိုင်း ငါ့ပါးစပ်က အမြဲသရေယိုနေတယ်လို့ ငါ့အမေကပြောတယ်။]
စိတ်ကောင်းဝင်နေတာကြောင့် ယွီဂျင်လီကဒီနေ့မှာ သူ့ကြည့်ရှုသူတွေရဲ့မှတ်ချက်တွေကို ကြည့်ပြီးတော့ ပုံမှန်အချိန်ထက် အရေအတွက်ပိုများများ မေးခွန်းတွေကို အဖြေပြန်ဖြေပေးနေတယ်။
"သုံးဖက်မြင်ပုံရိပ်မြင်ကွင်းက ဘာကြီးလဲ?" စကားစုအသစ်ကို မြင်လိုက်ရတော့ ယွီဂျင်လီက သိချင်စိတ်ပြင်းပြစွာ မေးလိုက်တယ်။
Continuar a ler
Também vai Gostar
157K 8K 34
Start date : 22.3.2023 ဆန်းကြယ်တဲ့ချစ်ခြင်းမေတ္တာတရားတွေကလည်း လောကကြီးရဲ့တစ်စိတ်တစ်ပိုင်းပဲလို့ ပြောရင် ယုံကြမလား...အသွင်မတူတဲ့သူနှစ်ယောက်ရဲ့ချစ်ခြင်...
1.4M 59.6K 71
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
289K 5.1K 47
ဒီဇာတ်လမ်းထဲက " စွဲမက်သျှင် " ဆိုတဲ့နာမည်ကို သာသာ crd ပေးပါတယ်နော် " မင်းညှို့သျှင် " နာမည်နဲ့ လိုက်ဖက်မှုရှိအောင် ထည့်ထားတာမို့လို့ပါရှင့် ဒီ fic လ...
440K 23.1K 51