"Burmese Translation of "GUOMEN" By Priest"
အခန်း ၂၈ ။ ပေါက်ကွဲခြင်း
ရွှီရှီးလင်သည် ကွက်လပ်ဖြည့်လေ့ကျင့်ခန်းတွင် ဆယ့်လေးပုဒ်မှားတတ်သူ ဖြစ်လျှင်တောင် သူ့စူးရှသော အာရုံများမှာ သော်ရွှင်း၏ နှေးတိနှေးတုံ့ တုံ့ပြန်မှုများ နားလည်နိုင်သည့်အရာမဟုတ်ပေ။
သော်ရွှင်းသည် ထောင်ကျနေသော ယောက်ျားပြည့်တန်ဆာတစ်ယောက်နှင့် သူ့လိင်တူချစ်သူများဘဝအကြောင်း ရေးထားသော စာအုပ်ကိုဖတ်ရှုနေခြင်းဖြစ်သည်။ ဒါက ပြဿနာမဟုတ် နေ့အလင်းရောင်အောက် ရေးထားသည့် ခေါင်းစဉ်တိုင်းက စာပေရသဆန်ဆန်ရေးသားထားခြင်းဖြစ်ကာ ဒီစာအုပ်သည်လည်း ပုံမှန်မဟုတ်သည့် ကိစ္စတော့မဟုတ်ပေ။
ပြဿနာက သော်ရွှင်းသည် ထိုစာအုပ်ဖတ်ခြင်းကို လျှို့ဝှက်နေခြင်းပင်။ ဤစာအုပ်ကို သာမန်ရိုးကျ စာဖတ်ခြင်းဟု သဘောမထားမှန်း ပြသနေ၏။
ရွှီရှီးလင်မှာ အခုနောက်ပိုင်း သော်ရွှင်းတစ်ယောက် အနည်းငယ်ကြောင်တောင်တောင်များ လုပ်နေမှန်း တွေးနေတာကြာပြီ။ ဒီအကြောင်းကို သိရှိပြီးနောက်တွင်တော့ သူအနည်းငယ် စိတ်အိုက်သွားရသည်။ သော်ရွှင်းက အိမ်ပြန်လာတိုင်း 'TOFEL ဝေါဟာရများ' ဒါမှမဟုတ် 'IELTS ဥပမာအက်ဆေးများ' ဆိုသည့် စာအုပ်များကို ယူလာတတ်တာ သတိထားမိသည်။
ရွှီရှီးလင် လှန်လှောဖွင့်ကြည့်တိုင်း ဂေးဇာတ်လမ်း ဟုတ်ရင်ဟုတ် မဟုတ်ရင် လိင်တူချင်းသဘောကျမှုနှင့် ဆက်စပ်သည့် သုတသနများဖြစ်နေသည်။ ခေါင်းစဉ်များ၏ ကျယ်ပြန့်ပုံနှင့် စာကိုစူးစိုက်ဖတ်နေတတ်သည့် သူ့ပုံစံက ရွှီရှီးလင်ကို ကိုယ့်ကိုယ်ကိုယ် လှည့်စားရန် နည်းလမ်းမရှိအောင်လုပ်နေသည်။
အစတွင်တော့ ရွှီရှီးလင်၏ အတွေးများမှာ ရင်းနှီးသည့် သူငယ်ချင်းတစ်ယောက်၏ 'ပြင်းထန်လှသောရောဂါ ဆေးမှတ်တမ်း'ကို မတော်တဆ သိရှိမိသွားသည်နှင့် ဆင်သည်။ သူ့နှလုံးသားသည် ကျော်လွှားသွားရန်ခဲယဉ်းသည့် ကြောင့်ကြမှုနှင့် ပူပန်မှုတို့ကြောင့် အနည်းငယ်ထုံထိုင်းသွားခဲ့သည်။ သို့သော်ငြား ထိတ်လန့်မှုပြီးသွားသည်နှင့် ယခုတလောအဖြစ်အပျက်များကို သူပြန်တွေးတောမိသည် - သော်ရွှင်း၏ ပုံမှန်မဟုတ်သည့် တွယ်ကပ်မှု၊ ရွှီရှီးလင်ကို ကြည့်တတ်သည့် သူ့အမူအရာ၊ ဒေါသကို အတင်းမျိုသိပ်သည့်ပုံ၊ သူတို့ ရန်ဖြစ်တမ်းကစားတုန်းက အလွယ်တကူ 'မတော်တဆ' ဖြစ်ခဲ့သည့် ပုံ...။
သူ့အတွက် အဟုတ်မဖြစ်နိုင်ဟုခံစားရသည့် သုံးသပ်ချက်သည် အရှေ့သို့ ရောက်လုဆဲဆဲဖြစ်နေသည်။
ရွှီရှီးလင် သွေးမပျက်ခင် ဒေါသမထွက်ခင် သူ့တုံ့ပြန်မှုမှာ ပန်ဒိုရာသေတ္တာကိုတွေ့လိုက်ရသည့်အတိုင်းပင်။ သူ့ အလိုအလျောက်တုံ့ပြန်ချက်မှာ အက်ကြောင်းရာတစ်ခုတောင် မမြင်ရအောင် သစ်သားပြားနှင့် ဖုံးထားလိုက်ရန်ဖြစ်သည်။
ဘာကြောင့်လဲဆိုတော့ ဤအခြင်းအရာက အင်မတန်ကို အဓိပ္ပါယ်မရှိလွန်းတာကြီးပင်...။
မတူညီသည့်ရှုထောင့်ကနေကြည့်လျှင် သော်ရွှင်းက မိန်းကလေးဖြစ်နေရင်တောင် ရွှီရှီးလင် အသေအချာစဉ်းစားရဦးမည်ဖြစ်သည်။ သူနှင့် သော်ရွှင်းမှာ အချင်းချင်းတွေ့ဆုံကြုံကွဲရသည့်အနာဂတ်တွင် ကိုယ့်လမ်းကိုယ်လျှောက်ပြီး တစ်ယောက်နှင့်တစ်ယောက် အဝေးဆီသို့ အိမ်ပြောင်းသွားကာ ပြန်တွေ့လျှင် ထမင်းတူတူစားနိုင်သေးသည့် သာမန် ကျောင်းနေဖက်များ မဟုတ်ပေ။
သူတို့၏ အမျိုးမျိုးသော မထင်မှတ်ထားသည့်အကြောင်းရင်းများကြောင့် ခေါင်မိုးတစ်ခုတည်းအောက် တူတူနေဖြစ်ကာ တစ်ယောက်နှင့်တစ်ယောက် ဘာအဆက်အဆံမှမရှိတာကနေ အခုတော့တစ်နေ့လုံး အချိန်တူတူကုန်ဆုံးဖြစ်ကြသည်။ သူတို့ မိသားစုတွင်း ကြီးမားလှသော ပြောင်းလဲမှုများကို တူတူကျော်ဖြစ်ခဲ့တာ တစ်ယောက်ပေါ်တစ်ယောက် မှီခိုခဲ့ကြသည်။ သော်ရွှင်းအပေါ် သူ့ခင်တွယ်မှုသည် သာမန်ကျောင်းနေဖက်များနှင့် မတူပေ။
သူ သော်ရွှင်းကို မိသားစုသဖွယ် မြင်သည်။ ဆိုရိုးတစ်ခုရှိ၏ : ယုန်များသည် သူတို့ယုန်တွင်းပတ်လည်မှ မြက်များကို မစားပေ။ ပြီးတော့ သော်ရွှင်းက ယောက်ျားလေးဖြစ်သည်။
ရွှီရှီးလင်အဖို့ 'လိင်တူချင်းနှစ်သက်မှု' စကားလုံးသည် လခြမ်းတွင် သာယာမှုရှာကျသည့် လူများရှိသည်ဟု ကြားလိုက်ရသကဲ့သို့ပင် - သူတို့အားလုံးက မြို့အနှံ့ ပတ်ချာလည်စီးဆင်းနေသော လေလွင့် ကောလဟာလများဖြစ်ကာ ၎င်းတို့နှင့်သူ တစ်နည်းနည်းဖြင့် ဆက်စပ်နေမည်ဟု ဘယ်တုန်းကမှ မထင်မိခဲ့ပေ။
ရွီရှီးလင် ရက်အတော်ကြာသည်အထိ ကောင်းကောင်းအိပ်မပျော်ခဲ့ပေ။ သူ ဒီကိစ္စကိုဘယ်လိုကိုင်တွယ်သင့်လဲ အလေးအနက်စဉ်းစားနေမိသည်။ သူ အရူးမလုပ်မိသ၍ ကိစ္စများကို ဖြေရှင်းနိုင်သည်။ သူတို့နှစ်ယောက်ကြားရှိ 'စာရွက်မျက်နှာပြင်' မှာစုတ်ပြဲ၍ မဖြစ်မှန်း သူသိသည်။ ထိုအရာသာ စုတ်ဖြဲမခံရလျှင် သူ နောက်ပြန်လှည့်နိုင်သေးသည်။
သော်ရွှင်း၏ ရံဖန်ရံခါဒွိဟဖြစ်စေသည့် အပြုအမူများကို ရွှီရှီးလင် ကြောက်ကြောက်လန့်လန့် ရှောင်နေမိသည်။ တစ်လကျော် ပုန်းနေပြီးနောက် သော်ရွှင်းက လုံးဝသတိမထားမိသလို အပြုအမူလည်းမပြောင်းလဲတာကို နားလည်သွားသည်။ ရွှီရှီးလင် ရှုံးနိမ့်သွားကြောင်း ဝန်ခံရမည်။
ထို့ကြောင့် နံပါတ်၆ကျောင်းမှ မိဘနှင့်အုပ်ထိန်းသူများအတွက် တက္ကသိုလ်လျှောက်လွာတင်ခြင်းအပေါ် လေ့ကျင့်မှုလမ်းပြပေးနေတုန်း အခွင့်ကောင်းယူကာ သော်ရွှင်းအား ပြင်းထန်သည့် ကုသဆေးပေးရတော့သည်။
"ငါတို့ မကြာခင် တက္ကသိုလ်ရွေးချယ်မှုတွေ ရွေးယူရလောက်တော့မယ်"
ရွှီရှီးလင် အေးဆေးတည်ငြိမ်စွာ ဖွင့်ဟပြောဆိုလိုက်သည်။ ထိုအချိန်ဆို ကျောင်းသားများက စာမေးပွဲမဖြေခင် သူတို့ရွေးထားသည်များကို ရွေးချယ်ရကြသည်။ လျှောက်လွှာအတွက် အသုံးပြုသည့် ပညာရေးရလဒ်များမှာမူ အရင်က ရလဒ်များအပေါ် အခြေခံသည်။
သော်ရွှင်း၏ မျက်ဝန်းများက ချက်ချင်းတောက်ပသွားသည်။ သူ့ခေါင်းပေါ်တွင် 'ငါ့ကျောင်းကိုလာခဲ့' ဆိုပြီးပြောနေသည့် အမှတ်အသားတောင် ပေါ်လာသည်။
"ဒီမှာပဲနေရမလား၊ တခြားကိုပြောင်းရမလား ငါမဆုံးဖြတ်ရသေးဘူး"
ရွှီရှီးလင်သည် သူ့ကိုမကြည့်ဘဲပြောလာသည်။သူက သူ့စကားများအပေါ်တွင်သာ အာရုံစူးစိုက်မှုအပြည့်ဖြစ်နေ၏။
"နိုင်ငံရဲ့တခြားအပိုင်းတွေမှာရှိတဲ့ ကျောင်းတွေက ပိုပြီးတန်တယ်၊ အဲတော့ ငါ တက္ကသိုလ်ကောင်းကောင်း လျှောက်လို့ရတာပေါ့၊ မြို့တွင်းကျတော့ ငါ့မျှော်လင့်ချက်တွေကို နည်းနည်းလျှော့ရလောက်တယ်၊ ဒါပေမဲ့ လောင်လောင့်ကိုဂရုစိုက်ရဦးမှာဆိုတော့ နီးလေကောင်းလေပဲပေါ့..."
ရွှီရှီးလင်က သူရောက်နိုင်သည်ထက် မြင့်သည့်နေရာကို မှန်းရန် ရည်ရွယ်ချက်လုံးဝမရှိဟု သော်ရွှင်း မထင်ခဲ့ပေ။ သူ အတော်လေး ကြောင်သွားသည်။ ထိုအခါမှ ရွှီရှီးလင်က သူ့ကိုကြည့်ပြီး ပြုံးသည်။
"မင်း ကျောင်းကို လျှောက်ဖို့ ငါ့ကို ဖျောင်းဖျဦးမယ် စဉ်းစားနေတာတော့ မဟုတ်ပါဘူးနော်၊ အဲဒါက လက်တွေ့မကျဘူး"
"ဘယ်လို လက်တွေ့မကျတာလဲ"
တတိယနှစ်၏ နောက်ဆုံးနှစ်ဝက်စချိန်တွင် အားလပ်ရက်တုန်းက ရွှီရှီးလင် အားထုတ်ခဲ့သည့် ကြီးမားလှသော ကြိုးပမ်းချက်သည် အသီးသီးခဲ့လေသည်။ ကျောင်းပြန်တက်ကာစ အကဲဖြတ်စာမေးပွဲတွင် သူ အတန်းထဲတွင် ထိပ်ဆုံးဆယ်နေရာဆီ ပြန်လည်ရောက်ရှိခဲ့သည်။ နောက်ပိုင်း အကဲဖြတ်စာမေးပွဲတွင် သူ့သင်္ချာအမှတ်မှာ အခြားသူများအကုန်လုံးကိုကျော်ကာ အမှတ်ပြည့်ဆွတ်ခူးခဲ့လေသည်။ သူ့အင်္ဂလိပ်စာက သူ့ကိုဆွဲချနေခဲ့တာတောင် သူ့အထက်တန်းတစ်လျှောက်လုံးတွင် အကောင်းဆုံးရလဒ် ရခဲ့သည် - အတန်းတွင် အဆင့်၃ ရခဲ့၏။
"မင်းရဲ့ အကဲဖြတ် ရလဒ်ကိုကြည့်ရင် အင်္ဂလိပ်စာမှာ မင်းဆယ်မှတ်ကျော်ထပ်ရတာနဲ့ မင်းမှာအခွင့်အရေးရှိတယ်လေ"
သော်ရွှင်းက လျင်မြန်စွာဆိုလိုက်သည်။
"မင်းအဆင့်နဲ့ မင်းအင်္ဂလိပ်စာကို တိုးတက်အောင်လုပ်တာ မလွယ်သေးဘူးလား၊ မင်းက တစ်ရာ့လေးဆယ်ကနေ တစ်ရာ့ငါးဆယ်ဆီ တိုးတက်လာတာမျိုးမဟုတ်ဘူးလေ၊ မှတ်မိအောင် အားထုတ်ဖို့ပဲလိုတာ၊ မင်းအမှတ်တွေ ဂဏန်း၃လုံးရတာနဲ့တင် လုံလောက်နေပြီ၊ စာမေးပွဲမတိုင်ခင် လတစ်ချို့လည်းကျန်သေးတယ်"
"အဲလိုရင်တောင် အများဆုံးမှ 'အခွင့်အရေး' ရှိရုံလေ၊ ငါဒီတစ်ကြိမ်ကံကောင်းသွားတာ ဖြစ်နိုင်တယ်၊ နောက်တစ်ခေါက်ကျ ဒီလိုအမှတ်မြင့်တွေမရရင်ဘယ်လိုလုပ်မလဲ၊ ချီ... ဆရာမကျန်းကလည်း သဘောတူမှာမဟုတ်ဘူး၊ ပြီးတော့ မင်းက ငါ့ကို အမှတ်မမှီသွားတဲ့ စွန့်စားမှုကို ခေါင်းခံစေချင်လို့လား၊ နောက်တစ်နှစ်ကျောင်းထပ်တက်စေချင်တာလား"
သော်ရွှင်း : "...."
"တကယ်လို့ မင်းပြောနေတာအဲဒါဆို ငါလျှောက်မယ်၊ ကျကျအောင်အောင်ငါလက်ခံမယ် "
ရွှီရှီးလင်က သူ့ကိုချောင်ဆီတွန်းပို့နေသည်။
"တစ်ခုခုပြောလေ"
သော်ရွှင်းသည် ပါးစပ်ဟလိုက်သော်လည်း စကားမပြောနိုင်ဖြစ်နေပါ၏။
"သော်ရှန်းအာ့" ရွှီရှီးလင်က သူအတော်ကြာ အေးဆေးစဥ်းစားထားခဲ့သည့် စကားလုံးများကိုပြောရန် နှေးကွေးသော်ငြား အဓိပ္ပါယ်ပြည့်သော လေသံကိုအသုံးချလေသည်။
"အချိန်အတော်များများမှာ အိပ်မက်တွေက လှပပေမဲ့ အမှန်တရားက ရက်စက်တယ်၊ ငါပြောနေတာ ဘာလဲဆိုတာ မင်းနားလည်ရဲ့လား၊ တစ်ခဏတာအတွေးနောက် တစ်စက္ကန့် ဆန္ဒနောက်မှာ လာမဲ့အရာတွေကို မင်းဘယ်လို ကိုင်တွယ်မလဲ၊ မင်းက ငါ့အတွက် လာမဲ့နွေရာသီအဆုံးသတ်ကို အတွန်းအဆုတ် တစ်ခုတောင်မရှိဘဲ ချောချောမွေ့မွေ့ ရောက်သွားဖို့ ရည်ရွယ်ထားတာလား၊ ဒါမှမဟုတ် ငါမွှေထားတဲ့ ပြဿနာကို ရှင်းလင်းပေးဖို့ ပြင်နေတာလား"
သော်ရွှင်း ပြန်ဖြေရန် မည်သည့်အရာမှမရှိတော့ပေ။
ဒါပထမဆုံး ဒီလိုသဘောကွဲလွဲသည့် ပြဿနာကို ရွှီရှီးလင် ရှင်းတာပင်။ သော်ရွှင်း သူပြောနေတာကိုနားလည်မလည်မသိသော်လည်း သူကိုယ်တိုင်ကတော့ ကျောပြင်တစ်ခုလုံး ချွေးစေးများပြန်နေလေသည်။ သူ စိတ်ထဲတွင် ခဏတာ ငြင်းခုန်နေပြီးနောက် နောက်ဆုံး ဆေးပမာကို လွှတ်ထုတ်ဖို့ ဆုံးဖြတ်လိုက်သည်။
"ဟုတ်သားပဲ၊ ယွီယိရန်က တစ်နေ့က စာမျက်နှာမှတ်ဖို့သုံးတဲ့ သစ်ရွက်စက္ကူပြားလေးတွေယူလာတယ်၊ အဲဒါတွေက အတော်လေးကောင်းလို့ သူ့ဆီကနေ အပိုတစ်ခုတောင်းလာတာ၊ ငါမင်းစာအုပ်တစ်ခုထဲ ထည့်ပေးထားတယ်"
သော်ရွှင်းမှာ အတော်လေးစိတ်ပျက်နေသည်။ သူစကားပြောချင်စိတ်မရှိတော့၍ လှည့်ထွက်လာခဲ့သည်။ ရွှီရှီးလင်၏ စကားများထဲတွင် ကွယ်ဝှက်ထားသည့် အဓိပ္ပါယ်ရှိမှန်း သူခပ်ရေးရေးအာရုံရမိသည်။ ဒါပေမဲ့ သူသဘောမပေါက်သေးပေ။
ညအတော်လေးနောက်ကျနေချိန်မှ သူ့ဦးနှောက်ထဲရှိ သွေးကြောများသည် ရုတ်တရက် ချိတ်ဆက်မိသွားတော့သည်။ သူအိပ်ရာကနေ ခုန်ထကာ မီးဖွင့်ပြီး စာအုပ်ဖုံးအတုအောက် ဝှက်ထားသည့် 'လုံ့ယန်၏မှတ်တမ်းများ'ကို လှန်လှောဖွင့်လိုက်သည်။
စာမျက်နှာမှတ်သည့် သစ်ရွက်စက္ကူချပ်လေးတစ်ခုမှ ခေါင်းစဉ်စာမျက်နှာကနေ ထွက်ကျလာခဲ့သည်။
ရုတ်တရက် သော်ရွှင်းနှလုံးသားတွင် ချမ်းစိမ့်သွားသည်။ အချိန်အတော်ကြာအထိ သူထိုင်နေကာ အံ့သြလွန်း၍ စကားမပြောနိုင်ဖြစ်ပြီး မလှူပ်မယှက်ရှိနေသည်။
ပြတင်းပေါက်အပြင်မှ နှင်းစက်များသည် နတ်ဆိုးလေပြင်းအဖြစ်သို့ ပြောင်းလဲသွားပြီး ပြတင်းပေါက်ဘောင်၏ အက်ကြောင်းရာလေးများမှတစ်ဆင့် စိမ့်ဝင်လာကာ သူ့ကိုယ်ပေါ် ဆီးနှင်းခဲများအခိုင်အမာ ခဲနေစေသကဲ့သို့ ခံစားရ၏။
သူ သက်သေကို ကောင်းကောင်းဝှက်ထားနိုင်ကာ ခြေရာမချန်ဘဲ အနားတိုးလာနိုင်သည်ဟု ထင်ခဲ့မိသည်။ ဒါပေမဲ့ သူလုပ်ခဲ့သမျှအရာအားလုံးကို မြင်သွားပြီဖြစ်သည်။
သူနှင့် ကျန်သည့်တစ်လောကလုံးသည် အပြန်အလှန် သဘောမခွေ့စွာ အမြဲတည်ရှိနေခဲ့သည်။ သူတို့ အရင်တုန်းက ဘယ်တော့မှ ငြိမ်းချမ်းစွာ အတူရှိမနေခဲ့ပေ။ သူ ပျော့ပြောင်းသော ကြင်နာမှုအနည်းငယ် ကမ်းပေးခဲ့သည့် ပထမဆုံးအချိန်သည် ဆွဲမဆန့်နိုင်သေးခင်ပင် ရေအေးတစ်ခွက်အပြည့်ဖြင့် ပတ်ခံလိုက်ရသည်။
သော်ရွှင်း မှင်သက်နေမိကာ တစ်ညလုံးနီးပါးထိုင်နေသည်။ အရုဏ်တက်ချိန်တွင် သူက လှောင်ရယ်ဖွယ်ရာ ပရောဂျက် အချိန်ဇယားကို တိတ်တဆိတ်ဆုတ်ဖြဲခဲ့တော့သည်။
ရွှီရှီးလင် ထိုနေ့ကစပြီး သော်ရွှင်း သူ့စကားလုံးများကို နှလုံးသားထဲထိ မှတ်ယူလိုက်မှန်း သတိထားမိသွားခဲ့သည်။ သူ ထပ်ပြီးစည်းမကျော်လာတော့သလို အိမ်ကိုလာသည့် အခေါက်ရေကလည်း နည်းသွားခဲ့၏။ တစ်ပတ်တစ်ခါသာ အခြေအနေကိုစစ်ဆေးရန် အိမ်ပြန်လာလေသည်။ ရွှီရှီးလင် စိတ်တော့သက်သာရာရမိသွားသည်။
နှစ်ယောက်သား လိုက်လျောညီထွေ အေးချမ်းစွာ အတူယှဉ်တွဲနေကာ ရွှီရှီးလင်တစ်ယောက် ထိုကိစ္စပြီးသွားပြီဟု ထင်ခဲ့မိသည်။
တစ်စုံတစ်ခုဖြစ်ပွားတော့မည်မှန်း မည်သူက သိခဲ့မှာပါလိမ့်။
ထိုနေ့က စနေနေ့ဖြစ်သည်။ မနက်အစောပိုင်းတွင် သော်ရွှင်းထံ အန်တီတုဆီမှ ဖုန်းဝင်လာခဲ့သည်။ အန်တီတုမှာ အဖွားရွှီ ကျန်းမာရေးစစ်ဆေးရန် ဆေးရုံလိုက်ပို့မည်ဖြစ်၍ ညနေပိုင်းတွင် အိမ်မှာရှိနေမည်မဟုတ်ဟု အသိပေးခဲ့သည်။
သူ အိတ်ကပ်ကိုစမ်းကြည့်တော့ သော့များမေ့လာမှန်း နားလည်သွားသည်။ သူ ရွေးစရာမရှိတော့ဘဲ ရွှီရှီးလင်နှင့်အိမ်အတူ ပြန်ရန် နံပါတ်၆ကျောင်းဆီ လာရတော့သည်။
ရွှီရှီးလင် စာအုပ်များက စားပွဲပေါ် ပြန့်ကျဲနေသော်ငြား လူကိုယ်တိုင်ကတော့ ပျောက်နေသည်။ လောင်ချန့်မှာ သော်ရွှင်းကို ကျောင်းမှာမြင်ရတာရိုးနေပြီဖြစ်၍ ပေါကြောင်ကြောင်ပြောလေသည်။
"မင်းတို့နှစ်ယောက်က ဖင်ချင်းတကယ် ဆက်ထားတာပဲ၊ အိုက် သော်ရှန်းအာ၊ မင်းက မိခင်ကျောင်းဆီ ပြန်ပြန်လာနေတော့ မင်းအထက်တန်းမပြီးသေးဘူးလို့ ငါခံစားရတယ်၊ မင်း အုပ်စုခေါင်းဆောင်ကိုရှာနေတာလား"
သော်ရွှင်း ခေါင်းညိတ်ပြလိုက်သည်။
"သူ့ကို ချီလီရှန်းခေါ်သွားတယ်၊ မင်းအပေါ်ထပ်တက်ပြီး သွားကြည့်လေ"
နောက်ဘက်ရှိ ကျောက်သင်ပုန်းတွင်တော့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဆီရောက်ရန် အချိန်မှတ်ထားသည့် အဖြူရောင်စာရွက်ပေါ်ရှိအနီရောင်နံပါတ်များသည် တတီတီမြည်နေသည့် ချိန်ကိုက်ဗုံးပမာပင်။ ဆရာမများသည် ဒီလိုအချိန်တွင် အကြောင်းရင်းမရှိဘဲ ကျောင်းသားများကို မနှောင့်ယှက်တတ်ကြပေ။
ဒီတစ်ခေါက် ရွှီရှီးလင် ဘာပြဿနာရှာပြန်ပြီလဲ မသိ။ အနည်းငယ်စိုးရိမ်သွားကာ သူအပေါ်ထပ်ရှိ ရုံးခန်းဆီ တက်လာခဲ့သည်။
ကျောင်းစည်းမျဉ်းများတွင် ဆရာတစ်ယောက်သည် ကျောင်းသားတစ်ယောက်နှင့် စကားပြောချင်ကာ ရုံးခန်းထဲ တခြားဆရာများမရှိလျှင် တံခါးကိုသေချာပေါက်ဖွင့်ထားရမည်ဟု ဆိုထားသည်။ ဆရာမများလည်း စည်းမျဉ်းကို လိုက်နာရ၏။
ပိတ်ရက်ရောက်တော့မည်ဖြစ်၍ ချီလီရှန်းရုံးခန်းထဲတွင် အခြားသူများမရှိသဖြင့် တံခါးက တစ်ဝက်ဟထားသည်။ သော်ရွှင်း တံခါးဆီလျှောက်လာချိန် ချီလီရှန်းအသံကြားလိုက်ရသည်။
"နင် ဒီကိစ္စကို သေသေချာချာတွေးမယ်လို့ ဆရာမ မျှော်လင့်တယ်၊ ငါလည်း တွေးပြီး အချိန်ကျလာတဲ့အခါ ပိုပြီးမျှမျှတတ ဘယ်လိုလုပ်နိုင်မလဲ ကြည့်ရမယ်၊ အခုထိ လျှောက်လွှာတွေတင်ဖို့ အချိန်မကျသေးဘူး၊ ဒီအမှတ်နည်းနည်းလေးက သိပ်ပြီးမသိသာပေမဲ့ နင့်ကို နောက်ထပ်တစ်ဆင့်မြင့်တဲ့ ကျောင်းလျှောက်ခွင့်ရအောင် လုပ်ပေးနိုင်တယ်"
သော်ရွှင်းခြေလှမ်းများ ရပ်သွားသည်။ ဟုတ်သားပဲ၊ သူမေ့သွားခဲ့သည်။ အတန်း၁ တွင် ထူးချွန်သည့် ကျောင်းသားခေါင်းဆောင်များအတွက် ခွဲတမ်းရှိသင့်ခြင်းပင်။
အရင်နှစ်တွေတုန်းက တက္ကသိုလ်ဝင်ခွင့် အပိုဆောင်းအမှတ်များအတွက် အမျိုးအစား အင်မတန်များခဲ့သည်။ လူမျိုးစုငယ်များ၊ တာဝန်ထမ်းဆောင်ရင်း ဆုံးပါးသွားသည့် မိဘများ၏ ကလေးများ၊ ပြိုင်ပွဲဝင်များ၊ အားကစားသမားများ... မြို့၏ စံပြကျောင်းသားများအဖြစ် ရွေးခံရသော ကျောင်းသားများ၊ ထူးချွန်သည့် ကျောင်းသားခေါင်းဆောင်များနှင့် ထိုကဲ့သို့အရာများကိုတောင် ရွေးချယ်ပြီး ထိုသူတို့အားလုံးက အမှတ်ပိုများရရှိကြလေသည်။ အချိန်အများစုတွင် မိဘများ၊ အုပ်ထိန်းသူများသည် သူတို့၏အဆက်အသွယ်များကို အသုံးချကာ လက်တစ်ဆုပ်စာလူများကို ကျောင်းထောက်ခံချက်ရအောင် လုပ်တတ်ကြသည်။ ဥပမာ အတန်း၁ကဲ့သို့ စံပြအတန်းအတွက် သူတို့က ကျောင်းသားတစ်ယောက်ကို တိုက်ရိုက်ဝင်ခွင့်ရရန် ထောက်ခံချက်မပေးနိုင်ရင်တောင် အမှတ်ပိုများအတွက် ခွဲတမ်းရနိုင်သေးသည်။
'ထူးချွန်သောကျောင်းသားခေါင်းဆောင်'မှာ ပုံမှန်အားဖြင့် အတန်းမော်နီတာ ဒါမှမဟုတ် တန်းခွဲအတွင်းရေးမှူးဆီ ရောက်သွားတတ်ကြသည်။
သော်ရွှင်း ရင် တဒိတ်ဒိတ်ခုန်သွားခဲ့သည်။ ရွှီရှီးလင် သူ့ကျောင်းကိုလျှောက်ရန် အခွင့်အရေးရှိသည်ဟု ဆိုလိုသည့်သဘောပင်!
ထိုချိန် သူ ရွှီရှီးလင်မေးသံကို ကြားရသည်။
"ဘာလို့ ဒီနှစ် ကျွန်တော်တို့အတန်းအတွက် တစ်နေရာပဲရှိတာလဲ"
ချီလီရှန်းက သက်ပြင်းချသည်။
"ကြည့်ရတာတော့ ဝေဖန်ချက်တွေရေးတဲ့ မိဘတွေရှိတယ်ထင်တယ်၊ ဒီနှစ် တစ်နေရာရတာတောင် မဆိုးလှဘူး၊ လွန်ခဲ့တဲ့ စာသင်နှစ်ဝက်တုန်းက နင့်အမှတ်တွေက တော်တော်လေးဆိုးဝါးနေတော့ တက္ကသိုလ်တွေရဲ့ ကိုယ်တိုင်-ရွေးချယ်မှု အတွက် ထောက်ခံချက်ရဖို့ အခွင့်အရေးလွတ်သွားတယ်၊ နှမြောစရာပဲ၊ ဒါကြောင့် ခုက နင့်အတွက် အခွင့်အရေးပဲ"
ရွှီရှီးလင် ခေါင်းညိတ်သည်။ သူ ဒီမေးခွန်းကို တစ်ခန်းလုံးအတွက်မေးခြင်းမဟုတ်ပေ။ လော့ပင်းကိုတွေးမိ၍သာဖြစ်သည်။
ဒီသုံးနှစ်အတွင်း လော့ပင်းဆောင်ရွက်ပေးခဲ့သည့် အလုပ်နှင့် သူကိုယ်တိုင်ဆောင်ရွက်ပေးခဲ့သည့် အလုပ်ပမာဏ - ဘယ်သူကမှ သူ့ကိုပြောရန်မလို ရွှီရှီးလင် သူ့ကိုယ်သူကောင်းကောင်းသိသည်။ နိဂုံးချုပ်ကတော့ သူတို့အတန်းမော်နီတာမှာ သူမအလုပ်ကို တိတ်တဆိတ်လုပ်နေချိန်တွင် တန်းခွဲအတွင်ရေးမှူးဖြစ်သည့် သူကတော့ လူတိုင်းကို ဆိုးသွမ်းသည့်လမ်းသို့ ဦးဆောင်နေမိသည်။
ဆရာမ ဘာလုပ်ရမလဲ ဝေခွဲမရဖြစ်နေသည်ကို သူမြင်နိုင်သည်။ ဒါက ရွှီကျင်းအသက်ရှိစဉ် ချီလီရှန်းကိုပေးခဲ့သည့် လက်ဆောင်လေးများနှင့်မဆိုင်ပေ။ သူတို့ ဆရာမကျန်းသည် အချိန်အများစုကို သိုင်းလောက၏ ရွှံ့တောထဲတွင် လူးလိမ့်နေတာတောင် အနည်းဆုံးတော့ သူမက မျှတမှုကို ထိန်းသိမ်းသေးသည်။ ဆရာမ သူ့ကိုသနားသွားစေသည့် သူ့မိသားစုထဲဖြစ်ခဲ့သည့်ကိစ္စကြောင့်သာမဟုတ်ရင် ဒီနေရာက သေချာပေါက် လော့ပင်းဆီသို့သာရောက်မည်ဖြစ်သည်။ ရွှီရှီးလင်ကို အချိန်ကုန်ခံပြီး မေးနေမည်တောင်မဟုတ်ပေ။
ရွှီရှီးလင် တစ်ကိုယ်တည်းရေရွတ်နေသည်။
"ဆရာမ လော့ပင်းကို ဒီအကြောင်းပြောပြီးပြီလား"
ချီလီရှန်းက ဘာမှမဖုံးကွယ်ထားဘဲ ပွင့်လင်းစွာဖြေသည်။
"ဆရာမတို့ပြောပြီးပြီ၊ နှစ်ယောက်လုံးကို အတူတူပဲ ပြောပြထားတယ်၊ ပြန်သွားပြီးသေချာစဉ်းစား ကြည့်ရတာပေါ့၊ ငါတို့အတန်းမဲပေးမှု လုပ်လို့ရမယ်ထင်တယ်"
ရွီရှီးလင်မှာ အတန်းမဲပေးမှုရလဒ်က ဘယ်လိုဖြစ်မည်လဲ တွေးစရာတောင်မလိုပေ။ လူတိုင်းက ဘယ်သူ့အပေါ် ဘက်လိုက်မလဲ... ဆရာမရဲ့ ပြောရေးဆိုခွင့်ရှိသူလား ဒါမှမဟုတ်သူတို့အဖွဲ့ထဲကလူကိုလား။
"ဆရာမ အဲလိုလုပ်ဖို့ မလိုပါဘူး၊ အတန်းမော်နီတာကိုပဲ ပေးလိုက်ပါ၊ ကျွန်တော်ယူရမှာရှက်တယ်"
တံခါးတွင်တော့ သော်ရွှင်း၏ အသက်ရှူနှုန်းက နှေးကွေးလာသည်။
"မင်းမိသားစုနဲ့ အရင်ဆွေးနွေးဖို့ မလိုဘူးလား"
"ကျွန်တော်ဘယ်သူနဲ့ ဆွေးနွေးနိုင်မှာလဲ"
ရွှီရှီးလင်က အတင်းအားထုတ်ကာ ရယ်သွေးသွမ်းလိုက်သည်။
"ဒီကိစ္စမှာ ကျွန်တော့် ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်ပါတယ်"
သော်ရွှင်း ဖြူဖျော့သွားသည်။ သူ တစ်ခဏတာ ကိုယ့်ကိုယ်ကိုယ် ချုပ်ထိန်းဖို့လုပ်သော်ငြား အဆုံးတွင်တော့ ဆက်သည်းမခံနိုင်တော့ဘဲ လှည့်ထွက်လာခဲ့သည်။
ရွှီရှီးလင်ဆက်ပြောသည့်အရာကို သူမကြားခဲ့ပေ။
"ဆရာမ ဘာလို့ ဒီလိုလုပ်နေလဲ ကျွန်တော်သိပါတယ်၊ ကျွန်တော့်အမေ... အမေ ဒီမှာရှိနေတုန်းက သူက ကျွန်တော့်အတွက် အစစအရာရာပြင်ဆင်ပေးခဲ့လို့ ကျွန်တော်က ပြဿနာကောင်အဖြစ် ကြီးလာတယ်၊ အခု သူမ မရှိတော့ဘူး၊ ကျွန်တော် အမှတ်အလကားရဖို့ သူမအကာအကွယ်ကိုသုံးမယ်ဆိုရင် အင်မတန်အရှက်မဲ့ရာကျမှာ၊ တခြားသူတွေအတွက်လည်း မျှတမယ်မထင်ဘူး"
သော်ရွှင်း ရွှီရှီးလင်ကို စောင့်မနေပေ။ သူအိမ်ပြန်လာကာ ခံစားချက်များ ပေါက်ကွဲထွက်နေသည်။ သူ့ပထမဆုံးတုံ့ပြန်ချက်မှာ ထိန်းမရသော သူ့ရင်ဘတ်ကိုဖြတ်သန်းသွားသည့် ကြီးမားလှသော မီးတောက် ပေါက်ကွဲခြင်းဖြစ်သည်။ သော်ရွှင်းမှာ အရိုးတစ်ချောင်းနှင့် ခွေးပမာဖြစ်သွားကာ အချက်တစ်ချက်တည်းကိုသာ ခေါင်းမာစွာ စိတ်စွဲလေသည်။
မင်းက အမှတ်ပိုတွေကိုတောင် လက်လျှော့ပစ်နိုင်တယ်ပေါ့။ မင်းငါနဲ့အတူရှိနေရတာကို အဲလောက်တောင်မုန်းတာလား...။
သူအိမ်ပြန်ရောက်ချိန် အထဲမဝင်နိုင်မှန်း သဘောပေါက်သွားသည်။ ထိုအခါမှ ရွှီရှီးလင်ထံမှ သော့ယူရန်ကျောင်းကိုသွားခဲ့တာဖြစ်ကြောင်း သတိရသွားသည်။
သူ လှောင်အိမ်ပိတ်ခံထားရသည့် တိရစ္ဆာန်တစ်ကောင်ပမာ တံခါးရှေ့ ခေါက်တုံ့ခေါက်ပြန်လျှောက်နေမိသည်။ သူ့ကိုယ်သည် ပူလိုက်အေးလိုက်ဖြစ်နေကာ အသက်ရှူလိုက်တိုင်း သူ့နှလုံးသားကိုလောင်မြိုက်စေပြီး အဆုတ်များက ခြစ်ခြစ်တောက်ပူနေသည်ဟု ခံစားရသည်။
သော်ရွှင်း ဒေါသဖြင့်ကျောက်စရစ်ခဲတစ်ခုကို ကန်လိုက်သည်။ ထို့နောက်သူ ကိစ္စအချို့ကို ပြန်အမှတ်ရလာသည်။ လော့ပင်းက ရွှီရှီးလင်ကိုစကားပြောတိုင်း ထစ်ငေါ့နေပုံ၊ နှစ်ယောက်သား အရွယ်ရောက်ပါတီတွင် ကာရာအိုကေခန်းထဲ၌ အစခံရမှုများ...။
ဟုတ်သားပဲ၊ သူတို့ရန်ဖြစ်ရသည့် ပထမဆုံးအကြိမ်က လော့ပင်းကြောင့်ဖြစ်သည်!
သူက တခြားသူတွေနဲ့ရှိနေရင် လူကြီးလူကောင်းပီသတယ်လို့ ငါဘာလို့ မမြင်တာပါလိမ့်။
ထိုအတွေးပေါ်လာသည်နှင့် သူ့ကိုယ်ထဲတွင် ပေါက်ကွဲမှုကြီး ဖြစ်သွားသည့်ပမာပင်။ မီးနှင့်မီးခိုးများ သေသွားချိန် ဖုန်မှု့များသာကျန်ခဲ့၏။
သူ့ဖြူဖတ်ဖြူလျော် နှလုံးသား၏ မယှဉ်သာသော ဒုက္ခဝေနေမှုတွင် စူးရှပြီးထိုးဖောက်လာသည့်မနာလိုမှု ကို မြည်းစမ်းနေရသည်။
ရွှီရှီးလင်အိမ်ဆီ နားနားနေနေပြန်ရောက်ချိန် နာရီဝက်ကျော်ကြာသွားပြီဖြစ်သည်။သော်ရွှင်းပြန်လာမည်ဆိုတာသိ၍ အသားခြောက် အဆာပြေများ ကျွေးရန် စူပါမားကတ်ဆီ တကူးတကသွားဝယ်ခဲ့သေးသည်။ သူမော့ကြည့်လိုက်ချိန် အိမ်ရှေ့တံခါးတွင် ပိုင်ရှင်မရှိသည့် လေလွင့်တိရစ္ဆာန်လေးပမာ သနားစရာကောင်းစွာ ဆောင့်ကြောင့်ထိုင်နေသော ထိုလူအကောင်လတ်ကြီးကို မြင်လိုက်ရသည်။
"မင်းတုံးတာလား၊ သော့မယူလာဘူးဆို ကျောင်းလာပြီး ဘာလို့ငါ့ကို လာမရှိတာလဲ" ရွှီရှီးလင်ငြီးတွားကာ စူပါမားကတ်အိတ်ကို သော်ရွှင်းလက်ထဲ ထိုးထည့်ပြီး တံခါးဖွင့်ရန် သူ့အိတ်ထဲရှိ အမျိုးမျိုးအထွထွေသော အမှိုက်များကြားမှ နှိုက်ထုတ်လိုက်သည်။
"ဒီည ညစာချက်ပေးမဲ့သူ မရှိဘူး၊ ငါတို့ ဘာမှာစားသင့်လဲ"
သူ့နောက်တွင် သော်ရွှင်း၏ အကြည့်သည် ပုံမှန်မဟုတ်သထက်မဟုတ် ဖြစ်လာသည်ကို လုံးဝ သတိမထားမိပေ။
ရွှီရှီးလင်တံခါးဖွင့်ကာ ဝင်လာသည်။ သူဖိနပ်လဲရန် ကိုယ်တစ်ဝက်ဆောင့်ကြောင့်ထိုင်ချကာ ညစာမီနူးကနေ 'ဒီညဘယ်သူခွေးကျောင်းသင့်လဲ'ဆီ စကားလမ်းကြောင်းပြောင်းသွားပြီဖြစ်သည်။ အတော်ကြာမှ သော်ရွှင်းက သူ့ကိုပြန်မဖြေမှန်း နောက်ဆုံးတော့ သတိထားမိသွားခဲ့သည်။
ရွှီရှီးလင်က သူ့ကိုကြည့်ရန် စိတ်ရှုပ်ထွေးစွာ နောက်လှည့်လာသည်။
"ဘာ-"
သော်ရွှင်း ဒေါသတကြီး သူ့ကော်လာကိုဆွဲကာ ပကတိအားဖြင့် ဖိနပ်စင်ဆီ တွန်းလိုက်သည်။
[Zawgyi]
"Burmese Translation of "GUOMEN" By Priest"
အခန္း ၂၈ ။ ေပါက္ကြဲျခင္း
႐ႊီရွီးလင္သည္ ကြက္လပ္ျဖည့္ေလ့က်င့္ခန္းတြင္ ဆယ့္ေလးပုဒ္မွားတတ္သူ ျဖစ္လွ်င္ေတာင္ သူ႕စူးရွေသာ အာ႐ုံမ်ားမွာ ေသာ္႐ႊင္း၏ ေႏွးတိေႏွးတုံ႕ တုံ႕ျပန္မႈမ်ား နားလည္နိုင္သည့္အရာမဟုတ္ေပ။
ေသာ္႐ႊင္းသည္ ေထာင္က်ေနေသာ ေယာက္်ားျပည့္တန္ဆာတစ္ေယာက္ႏွင့္ သူ႕လိင္တူခ်စ္သူမ်ားဘဝအေၾကာင္း ေရးထားေသာ စာအုပ္ကိုဖတ္ရႈေနျခင္းျဖစ္သည္။ ဒါက ျပႆနာမဟုတ္ ေန႕အလင္းေရာင္ေအာက္ ေရးထားသည့္ ေခါင္းစဥ္တိုင္းက စာေပရသဆန္ဆန္ေရးသားထားျခင္းျဖစ္ကာ ဒီစာအုပ္သည္လည္း ပုံမွန္မဟုတ္သည့္ ကိစၥေတာ့မဟုတ္ေပ။
ျပႆနာက ေသာ္႐ႊင္းသည္ ထိုစာအုပ္ဖတ္ျခင္းကို လွ်ို႔ဝွက္ေနျခင္းပင္။ ဤစာအုပ္ကို သာမန္ရိုးက် စာဖတ္ျခင္းဟု သေဘာမထားမွန္း ျပသေန၏။
႐ႊီရွီးလင္မွာ အခုေနာက္ပိုင္း ေသာ္႐ႊင္းတစ္ေယာက္ အနည္းငယ္ေၾကာင္ေတာင္ေတာင္မ်ား လုပ္ေနမွန္း ေတြးေနတာၾကာၿပီ။ ဒီအေၾကာင္းကို သိရွိၿပီးေနာက္တြင္ေတာ့ သူအနည္းငယ္ စိတ္အိုက္သြားရသည္။ ေသာ္႐ႊင္းက အိမ္ျပန္လာတိုင္း 'TOFEL ေဝါဟာရမ်ား' ဒါမွမဟုတ္ 'IELTS ဥပမာအက္ေဆးမ်ား' ဆိုသည့္ စာအုပ္မ်ားကို ယူလာတတ္တာ သတိထားမိသည္။
႐ႊီရွီးလင္ လွန္ေလွာဖြင့္ၾကည့္တိုင္း ေဂးဇာတ္လမ္း ဟုတ္ရင္ဟုတ္ မဟုတ္ရင္ လိင္တူခ်င္းသေဘာက်မႈႏွင့္ ဆက္စပ္သည့္ သုတသနမ်ားျဖစ္ေနသည္။ ေခါင္းစဥ္မ်ား၏ က်ယ္ျပန့္ပုံႏွင့္ စာကိုစူးစိုက္ဖတ္ေနတတ္သည့္ သူ႕ပုံစံက ႐ႊီရွီးလင္ကို ကိုယ့္ကိုယ္ကိုယ္ လွည့္စားရန္ နည္းလမ္းမရွိေအာင္လုပ္ေနသည္။
အစတြင္ေတာ့ ႐ႊီရွီးလင္၏ အေတြးမ်ားမွာ ရင္းႏွီးသည့္ သူငယ္ခ်င္းတစ္ေယာက္၏ 'ျပင္းထန္လွေသာေရာဂါ ေဆးမွတ္တမ္း'ကို မေတာ္တဆ သိရွိမိသြားသည္ႏွင့္ ဆင္သည္။ သူ႕ႏွလုံးသားသည္ ေက်ာ္လႊားသြားရန္ခဲယဥ္းသည့္ ေၾကာင့္ၾကမႈႏွင့္ ပူပန္မႈတို႔ေၾကာင့္ အနည္းငယ္ထုံထိုင္းသြားခဲ့သည္။ သို႔ေသာ္ျငား ထိတ္လန့္မႈၿပီးသြားသည္ႏွင့္ ယခုတေလာအျဖစ္အပ်က္မ်ားကို သူျပန္ေတြးေတာမိသည္ - ေသာ္႐ႊင္း၏ ပုံမွန္မဟုတ္သည့္ တြယ္ကပ္မႈ၊ ႐ႊီရွီးလင္ကို ၾကည့္တတ္သည့္ သူ႕အမူအရာ၊ ေဒါသကို အတင္းမ်ိဳသိပ္သည့္ပုံ၊ သူတို႔ ရန္ျဖစ္တမ္းကစားတုန္းက အလြယ္တကူ 'မေတာ္တဆ' ျဖစ္ခဲ့သည့္ ပုံ...။
သူ႕အတြက္ အဟုတ္မျဖစ္နိုင္ဟုခံစားရသည့္ သုံးသပ္ခ်က္သည္ အေရွ႕သို႔ ေရာက္လုဆဲဆဲျဖစ္ေနသည္။
႐ႊီရွီးလင္ ေသြးမပ်က္ခင္ ေဒါသမထြက္ခင္ သူ႕တုံ႕ျပန္မႈမွာ ပန္ဒိုရာေသတၱာကိုေတြ႕လိုက္ရသည့္အတိုင္းပင္။ သူ႕ အလိုအေလ်ာက္တုံ႕ျပန္ခ်က္မွာ အက္ေၾကာင္းရာတစ္ခုေတာင္ မျမင္ရေအာင္ သစ္သားျပားႏွင့္ ဖုံးထားလိုက္ရန္ျဖစ္သည္။
ဘာေၾကာင့္လဲဆိုေတာ့ ဤအျခင္းအရာက အင္မတန္ကို အဓိပၸါယ္မရွိလြန္းတာႀကီးပင္...။
မတူညီသည့္ရႈေထာင့္ကေနၾကည့္လွ်င္ ေသာ္႐ႊင္းက မိန္းကေလးျဖစ္ေနရင္ေတာင္ ႐ႊီရွီးလင္ အေသအခ်ာစဥ္းစားရဦးမည္ျဖစ္သည္။ သူႏွင့္ ေသာ္႐ႊင္းမွာ အခ်င္းခ်င္းေတြ႕ဆုံႀကဳံကြဲရသည့္အနာဂတ္တြင္ ကိုယ့္လမ္းကိုယ္ေလွ်ာက္ၿပီး တစ္ေယာက္ႏွင့္တစ္ေယာက္ အေဝးဆီသို႔ အိမ္ေျပာင္းသြားကာ ျပန္ေတြ႕လွ်င္ ထမင္းတူတူစားနိုင္ေသးသည့္ သာမန္ ေက်ာင္းေနဖက္မ်ား မဟုတ္ေပ။
သူတို႔၏ အမ်ိဳးမ်ိဳးေသာ မထင္မွတ္ထားသည့္အေၾကာင္းရင္းမ်ားေၾကာင့္ ေခါင္မိုးတစ္ခုတည္းေအာက္ တူတူေနျဖစ္ကာ တစ္ေယာက္ႏွင့္တစ္ေယာက္ ဘာအဆက္အဆံမွမရွိတာကေန အခုေတာ့တစ္ေန႕လုံး အခ်ိန္တူတူကုန္ဆုံးျဖစ္ၾကသည္။ သူတို႔ မိသားစုတြင္း ႀကီးမားလွေသာ ေျပာင္းလဲမႈမ်ားကို တူတူေက်ာ္ျဖစ္ခဲ့တာ တစ္ေယာက္ေပၚတစ္ေယာက္ မွီခိုခဲ့ၾကသည္။ ေသာ္႐ႊင္းအေပၚ သူ႕ခင္တြယ္မႈသည္ သာမန္ေက်ာင္းေနဖက္မ်ားႏွင့္ မတူေပ။
သူ ေသာ္႐ႊင္းကို မိသားစုသဖြယ္ ျမင္သည္။ ဆိုရိုးတစ္ခုရွိ၏ : ယုန္မ်ားသည္ သူတို႔ယုန္တြင္းပတ္လည္မွ ျမက္မ်ားကို မစားေပ။ ၿပီးေတာ့ ေသာ္႐ႊင္းက ေယာက္်ားေလးျဖစ္သည္။
႐ႊီရွီးလင္အဖို႔ 'လိင္တူခ်င္းႏွစ္သက္မႈ' စကားလုံးသည္ လျခမ္းတြင္ သာယာမႈရွာက်သည့္ လူမ်ားရွိသည္ဟု ၾကားလိုက္ရသကဲ့သို႔ပင္ - သူတို႔အားလုံးက ၿမိဳ႕အႏွံ႕ ပတ္ခ်ာလည္စီးဆင္းေနေသာ ေလလြင့္ ေကာလဟာလမ်ားျဖစ္ကာ ၎တို႔ႏွင့္သူ တစ္နည္းနည္းျဖင့္ ဆက္စပ္ေနမည္ဟု ဘယ္တုန္းကမွ မထင္မိခဲ့ေပ။
႐ြီရွီးလင္ ရက္အေတာ္ၾကာသည္အထိ ေကာင္းေကာင္းအိပ္မေပ်ာ္ခဲ့ေပ။ သူ ဒီကိစၥကိုဘယ္လိုကိုင္တြယ္သင့္လဲ အေလးအနက္စဥ္းစားေနမိသည္။ သူ အ႐ူးမလုပ္မိသ၍ ကိစၥမ်ားကို ေျဖရွင္းနိုင္သည္။ သူတို႔ႏွစ္ေယာက္ၾကားရွိ 'စာ႐ြက္မ်က္ႏွာျပင္' မွာစုတ္ၿပဲ၍ မျဖစ္မွန္း သူသိသည္။ ထိုအရာသာ စုတ္ၿဖဲမခံရလွ်င္ သူ ေနာက္ျပန္လွည့္နိုင္ေသးသည္။
ေသာ္႐ႊင္း၏ ရံဖန္ရံခါဒြိဟျဖစ္ေစသည့္ အျပဳအမူမ်ားကို ႐ႊီရွီးလင္ ေၾကာက္ေၾကာက္လန့္လန့္ ေရွာင္ေနမိသည္။ တစ္လေက်ာ္ ပုန္းေနၿပီးေနာက္ ေသာ္႐ႊင္းက လုံးဝသတိမထားမိသလို အျပဳအမူလည္းမေျပာင္းလဲတာကို နားလည္သြားသည္။ ႐ႊီရွီးလင္ ရႈံးနိမ့္သြားေၾကာင္း ဝန္ခံရမည္။
ထို႔ေၾကာင့္ နံပါတ္၆ေက်ာင္းမွ မိဘႏွင့္အုပ္ထိန္းသူမ်ားအတြက္ တကၠသိုလ္ေလွ်ာက္လြာတင္ျခင္းအေပၚ ေလ့က်င့္မႈလမ္းျပေပးေနတုန္း အခြင့္ေကာင္းယူကာ ေသာ္႐ႊင္းအား ျပင္းထန္သည့္ ကုသေဆးေပးရေတာ့သည္။
"ငါတို႔ မၾကာခင္ တကၠသိုလ္ေ႐ြးခ်ယ္မႈေတြ ေ႐ြးယူရေလာက္ေတာ့မယ္"
႐ႊီရွီးလင္ ေအးေဆးတည္ၿငိမ္စြာ ဖြင့္ဟေျပာဆိုလိုက္သည္။ ထိုအခ်ိန္ဆို ေက်ာင္းသားမ်ားက စာေမးပြဲမေျဖခင္ သူတို႔ေ႐ြးထားသည္မ်ားကို ေ႐ြးခ်ယ္ရၾကသည္။ ေလွ်ာက္လႊာအတြက္ အသုံးျပဳသည့္ ပညာေရးရလဒ္မ်ားမွာမူ အရင္က ရလဒ္မ်ားအေပၚ အေျခခံသည္။
ေသာ္႐ႊင္း၏ မ်က္ဝန္းမ်ားက ခ်က္ခ်င္းေတာက္ပသြားသည္။ သူ႕ေခါင္းေပၚတြင္ 'ငါ့ေက်ာင္းကိုလာခဲ့' ဆိုၿပီးေျပာေနသည့္ အမွတ္အသားေတာင္ ေပၚလာသည္။
"ဒီမွာပဲေနရမလား၊ တျခားကိုေျပာင္းရမလား ငါမဆုံးျဖတ္ရေသးဘူး"
႐ႊီရွီးလင္သည္ သူ႕ကိုမၾကည့္ဘဲေျပာလာသည္။သူက သူ႕စကားမ်ားအေပၚတြင္သာ အာ႐ုံစူးစိုက္မႈအျပည့္ျဖစ္ေန၏။
"နိုင္ငံရဲ႕တျခားအပိုင္းေတြမွာရွိတဲ့ ေက်ာင္းေတြက ပိုၿပီးတန္တယ္၊ အဲေတာ့ ငါ တကၠသိုလ္ေကာင္းေကာင္း ေလွ်ာက္လို႔ရတာေပါ့၊ ၿမိဳ႕တြင္းက်ေတာ့ ငါ့ေမွ်ာ္လင့္ခ်က္ေတြကို နည္းနည္းေလွ်ာ့ရေလာက္တယ္၊ ဒါေပမဲ့ ေလာင္ေလာင့္ကိုဂ႐ုစိုက္ရဦးမွာဆိုေတာ့ နီးေလေကာင္းေလပဲေပါ့..."
႐ႊီရွီးလင္က သူေရာက္နိုင္သည္ထက္ ျမင့္သည့္ေနရာကို မွန္းရန္ ရည္႐ြယ္ခ်က္လုံးဝမရွိဟု ေသာ္႐ႊင္း မထင္ခဲ့ေပ။ သူ အေတာ္ေလး ေၾကာင္သြားသည္။ ထိုအခါမွ ႐ႊီရွီးလင္က သူ႕ကိုၾကည့္ၿပီး ၿပဳံးသည္။
"မင္း ေက်ာင္းကို ေလွ်ာက္ဖို႔ ငါ့ကို ေဖ်ာင္းဖ်ဦးမယ္ စဥ္းစားေနတာေတာ့ မဟုတ္ပါဘူးေနာ္၊ အဲဒါက လက္ေတြ႕မက်ဘဴး"
"ဘယ္လို လက္ေတြ႕မက်တာလဲ"
တတိယႏွစ္၏ ေနာက္ဆုံးႏွစ္ဝက္စခ်ိန္တြင္ အားလပ္ရက္တုန္းက ႐ႊီရွီးလင္ အားထုတ္ခဲ့သည့္ ႀကီးမားလွေသာ ႀကိဳးပမ္းခ်က္သည္ အသီးသီးခဲ့ေလသည္။ ေက်ာင္းျပန္တက္ကာစ အကဲျဖတ္စာေမးပြဲတြင္ သူ အတန္းထဲတြင္ ထိပ္ဆုံးဆယ္ေနရာဆီ ျပန္လည္ေရာက္ရွိခဲ့သည္။ ေနာက္ပိုင္း အကဲျဖတ္စာေမးပြဲတြင္ သူ႕သခၤ်ာအမွတ္မွာ အျခားသူမ်ားအကုန္လုံးကိုေက်ာ္ကာ အမွတ္ျပည့္ဆြတ္ခူးခဲ့ေလသည္။ သူ႕အဂၤလိပ္စာက သူ႕ကိုဆြဲခ်ေနခဲ့တာေတာင္ သူ႕အထက္တန္းတစ္ေလွ်ာက္လုံးတြင္ အေကာင္းဆုံးရလဒ္ ရခဲ့သည္ - အတန္းတြင္ အဆင့္၃ ရခဲ့၏။
"မင္းရဲ႕ အကဲျဖတ္ ရလဒ္ကိုၾကည့္ရင္ အဂၤလိပ္စာမွာ မင္းဆယ္မွတ္ေက်ာ္ထပ္ရတာနဲ႕ မင္းမွာအခြင့္အေရးရွိတယ္ေလ"
ေသာ္႐ႊင္းက လ်င္ျမန္စြာဆိုလိုက္သည္။
"မင္းအဆင့္နဲ႕ မင္းအဂၤလိပ္စာကို တိုးတက္ေအာင္လုပ္တာ မလြယ္ေသးဘူးလား၊ မင္းက တစ္ရာ့ေလးဆယ္ကေန တစ္ရာ့ငါးဆယ္ဆီ တိုးတက္လာတာမ်ိဳးမဟုတ္ဘူးေလ၊ မွတ္မိေအာင္ အားထုတ္ဖို႔ပဲလိုတာ၊ မင္းအမွတ္ေတြ ဂဏန္း၃လုံးရတာနဲ႕တင္ လုံေလာက္ေနၿပီ၊ စာေမးပြဲမတိုင္ခင္ လတစ္ခ်ိဳ႕လည္းက်န္ေသးတယ္"
"အဲလိုရင္ေတာင္ အမ်ားဆုံးမွ 'အခြင့္အေရး' ရွိ႐ုံေလ၊ ငါဒီတစ္ႀကိမ္ကံေကာင္းသြားတာ ျဖစ္နိုင္တယ္၊ ေနာက္တစ္ေခါက္က် ဒီလိုအမွတ္ျမင့္ေတြမရရင္ဘယ္လိုလုပ္မလဲ၊ ခ်ီ... ဆရာမက်န္းကလည္း သေဘာတူမွာမဟုတ္ဘူး၊ ၿပီးေတာ့ မင္းက ငါ့ကို အမွတ္မမွီသြားတဲ့ စြန့္စားမႈကို ေခါင္းခံေစခ်င္လို႔လား၊ ေနာက္တစ္ႏွစ္ေက်ာင္းထပ္တက္ေစခ်င္တာလား"
ေသာ္႐ႊင္း : "...."
"တကယ္လို႔ မင္းေျပာေနတာအဲဒါဆို ငါေလွ်ာက္မယ္၊ က်က်ေအာင္ေအာင္ငါလက္ခံမယ္ "
႐ႊီရွီးလင္က သူ႕ကိုေခ်ာင္ဆီတြန္းပို႔ေနသည္။
"တစ္ခုခုေျပာေလ"
ေသာ္႐ႊင္းသည္ ပါးစပ္ဟလိုက္ေသာ္လည္း စကားမေျပာနိုင္ျဖစ္ေနပါ၏။
"ေသာ္ရွန္းအာ့" ႐ႊီရွီးလင္က သူအေတာ္ၾကာ ေအးေဆးစဥ္းစားထားခဲ့သည့္ စကားလုံးမ်ားကိုေျပာရန္ ေႏွးေကြးေသာ္ျငား အဓိပၸါယ္ျပည့္ေသာ ေလသံကိုအသုံးခ်ေလသည္။
"အခ်ိန္အေတာ္မ်ားမ်ားမွာ အိပ္မက္ေတြက လွပေပမဲ့ အမွန္တရားက ရက္စက္တယ္၊ ငါေျပာေနတာ ဘာလဲဆိုတာ မင္းနားလည္ရဲ႕လား၊ တစ္ခဏတာအေတြးေနာက္ တစ္စကၠန့္ ဆႏၵေနာက္မွာ လာမဲ့အရာေတြကို မင္းဘယ္လို ကိုင္တြယ္မလဲ၊ မင္းက ငါ့အတြက္ လာမဲ့ေႏြရာသီအဆုံးသတ္ကို အတြန္းအဆုတ္ တစ္ခုေတာင္မရွိဘဲ ေခ်ာေခ်ာေမြ႕ေမြ႕ ေရာက္သြားဖို႔ ရည္႐ြယ္ထားတာလား၊ ဒါမွမဟုတ္ ငါေမႊထားတဲ့ ျပႆနာကို ရွင္းလင္းေပးဖို႔ ျပင္ေနတာလား"
ေသာ္႐ႊင္း ျပန္ေျဖရန္ မည္သည့္အရာမွမရွိေတာ့ေပ။
ဒါပထမဆုံး ဒီလိုသေဘာကြဲလြဲသည့္ ျပႆနာကို ႐ႊီရွီးလင္ ရွင္းတာပင္။ ေသာ္႐ႊင္း သူေျပာေနတာကိုနားလည္မလည္မသိေသာ္လည္း သူကိုယ္တိုင္ကေတာ့ ေက်ာျပင္တစ္ခုလုံး ေခြၽးေစးမ်ားျပန္ေနေလသည္။ သူ စိတ္ထဲတြင္ ခဏတာ ျငင္းခုန္ေနၿပီးေနာက္ ေနာက္ဆုံး ေဆးပမာကို လႊတ္ထုတ္ဖို႔ ဆုံးျဖတ္လိုက္သည္။
"ဟုတ္သားပဲ၊ ယြီယိရန္က တစ္ေန႕က စာမ်က္ႏွာမွတ္ဖို႔သုံးတဲ့ သစ္႐ြက္စကၠဴျပားေလးေတြယူလာတယ္၊ အဲဒါေတြက အေတာ္ေလးေကာင္းလို႔ သူ႕ဆီကေန အပိုတစ္ခုေတာင္းလာတာ၊ ငါမင္းစာအုပ္တစ္ခုထဲ ထည့္ေပးထားတယ္"
ေသာ္႐ႊင္းမွာ အေတာ္ေလးစိတ္ပ်က္ေနသည္။ သူစကားေျပာခ်င္စိတ္မရွိေတာ့၍ လွည့္ထြက္လာခဲ့သည္။ ႐ႊီရွီးလင္၏ စကားမ်ားထဲတြင္ ကြယ္ဝွက္ထားသည့္ အဓိပၸါယ္ရွိမွန္း သူခပ္ေရးေရးအာ႐ုံရမိသည္။ ဒါေပမဲ့ သူသေဘာမေပါက္ေသးေပ။
ညအေတာ္ေလးေနာက္က်ေနခ်ိန္မွ သူ႕ဦးေႏွာက္ထဲရွိ ေသြးေၾကာမ်ားသည္ ႐ုတ္တရက္ ခ်ိတ္ဆက္မိသြားေတာ့သည္။ သူအိပ္ရာကေန ခုန္ထကာ မီးဖြင့္ၿပီး စာအုပ္ဖုံးအတုေအာက္ ဝွက္ထားသည့္ 'လုံ႕ယန္၏မွတ္တမ္းမ်ား'ကို လွန္ေလွာဖြင့္လိုက္သည္။
စာမ်က္ႏွာမွတ္သည့္ သစ္႐ြက္စကၠဴခ်ပ္ေလးတစ္ခုမွ ေခါင္းစဥ္စာမ်က္ႏွာကေန ထြက္က်လာခဲ့သည္။
႐ုတ္တရက္ ေသာ္႐ႊင္းႏွလုံးသားတြင္ ခ်မ္းစိမ့္သြားသည္။ အခ်ိန္အေတာ္ၾကာအထိ သူထိုင္ေနကာ အံ့ၾသလြန္း၍ စကားမေျပာနိုင္ျဖစ္ၿပီး မလႉပ္မယွက္ရွိေနသည္။
ျပတင္းေပါက္အျပင္မွ ႏွင္းစက္မ်ားသည္ နတ္ဆိုးေလျပင္းအျဖစ္သို႔ ေျပာင္းလဲသြားၿပီး ျပတင္းေပါက္ေဘာင္၏ အက္ေၾကာင္းရာေလးမ်ားမွတစ္ဆင့္ စိမ့္ဝင္လာကာ သူ႕ကိုယ္ေပၚ ဆီးႏွင္းခဲမ်ားအခိုင္အမာ ခဲေနေစသကဲ့သို႔ ခံစားရ၏။
သူ သက္ေသကို ေကာင္းေကာင္းဝွက္ထားနိုင္ကာ ေျခရာမခ်န္ဘဲ အနားတိုးလာနိုင္သည္ဟု ထင္ခဲ့မိသည္။ ဒါေပမဲ့ သူလုပ္ခဲ့သမွ်အရာအားလုံးကို ျမင္သြားၿပီျဖစ္သည္။
သူႏွင့္ က်န္သည့္တစ္ေလာကလုံးသည္ အျပန္အလွန္ သေဘာမေခြ႕စြာ အၿမဲတည္ရွိေနခဲ့သည္။ သူတို႔ အရင္တုန္းက ဘယ္ေတာ့မွ ၿငိမ္းခ်မ္းစြာ အတူရွိမေနခဲ့ေပ။ သူ ေပ်ာ့ေျပာင္းေသာ ၾကင္နာမႈအနည္းငယ္ ကမ္းေပးခဲ့သည့္ ပထမဆုံးအခ်ိန္သည္ ဆြဲမဆန့္နိုင္ေသးခင္ပင္ ေရေအးတစ္ခြက္အျပည့္ျဖင့္ ပတ္ခံလိုက္ရသည္။
ေသာ္႐ႊင္း မွင္သက္ေနမိကာ တစ္ညလုံးနီးပါးထိုင္ေနသည္။ အ႐ုဏ္တက္ခ်ိန္တြင္ သူက ေလွာင္ရယ္ဖြယ္ရာ ပေရာဂ်က္ အခ်ိန္ဇယားကို တိတ္တဆိတ္ဆုတ္ၿဖဲခဲ့ေတာ့သည္။
႐ႊီရွီးလင္ ထိုေန႕ကစၿပီး ေသာ္႐ႊင္း သူ႕စကားလုံးမ်ားကို ႏွလုံးသားထဲထိ မွတ္ယူလိုက္မွန္း သတိထားမိသြားခဲ့သည္။ သူ ထပ္ၿပီးစည္းမေက်ာ္လာေတာ့သလို အိမ္ကိုလာသည့္ အေခါက္ေရကလည္း နည္းသြားခဲ့၏။ တစ္ပတ္တစ္ခါသာ အေျခအေနကိုစစ္ေဆးရန္ အိမ္ျပန္လာေလသည္။ ႐ႊီရွီးလင္ စိတ္ေတာ့သက္သာရာရမိသြားသည္။
ႏွစ္ေယာက္သား လိုက္ေလ်ာညီေထြ ေအးခ်မ္းစြာ အတူယွဥ္တြဲေနကာ ႐ႊီရွီးလင္တစ္ေယာက္ ထိုကိစၥၿပီးသြားၿပီဟု ထင္ခဲ့မိသည္။
တစ္စုံတစ္ခုျဖစ္ပြားေတာ့မည္မွန္း မည္သူက သိခဲ့မွာပါလိမ့္။
ထိုေန႕က စေနေန႕ျဖစ္သည္။ မနက္အေစာပိုင္းတြင္ ေသာ္႐ႊင္းထံ အန္တီတုဆီမွ ဖုန္းဝင္လာခဲ့သည္။ အန္တီတုမွာ အဖြား႐ႊီ က်န္းမာေရးစစ္ေဆးရန္ ေဆး႐ုံလိုက္ပို႔မည္ျဖစ္၍ ညေနပိုင္းတြင္ အိမ္မွာရွိေနမည္မဟုတ္ဟု အသိေပးခဲ့သည္။
သူ အိတ္ကပ္ကိုစမ္းၾကည့္ေတာ့ ေသာ့မ်ားေမ့လာမွန္း နားလည္သြားသည္။ သူ ေ႐ြးစရာမရွိေတာ့ဘဲ ႐ႊီရွီးလင္ႏွင့္အိမ္အတူ ျပန္ရန္ နံပါတ္၆ေက်ာင္းဆီ လာရေတာ့သည္။
႐ႊီရွီးလင္ စာအုပ္မ်ားက စားပြဲေပၚ ျပန့္က်ဲေနေသာ္ျငား လူကိုယ္တိုင္ကေတာ့ ေပ်ာက္ေနသည္။ ေလာင္ခ်န့္မွာ ေသာ္႐ႊင္းကို ေက်ာင္းမွာျမင္ရတာရိုးေနၿပီျဖစ္၍ ေပါေၾကာင္ေၾကာင္ေျပာေလသည္။
"မင္းတို႔ႏွစ္ေယာက္က ဖင္ခ်င္းတကယ္ ဆက္ထားတာပဲ၊ အိုက္ ေသာ္ရွန္းအာ၊ မင္းက မိခင္ေက်ာင္းဆီ ျပန္ျပန္လာေနေတာ့ မင္းအထက္တန္းမၿပီးေသးဘူးလို႔ ငါခံစားရတယ္၊ မင္း အုပ္စုေခါင္းေဆာင္ကိုရွာေနတာလား"
ေသာ္႐ႊင္း ေခါင္းညိတ္ျပလိုက္သည္။
"သူ႕ကို ခ်ီလီရွန္းေခၚသြားတယ္၊ မင္းအေပၚထပ္တက္ၿပီး သြားၾကည့္ေလ"
ေနာက္ဘက္ရွိ ေက်ာက္သင္ပုန္းတြင္ေတာ့ တကၠသိုလ္ဝင္ခြင့္စာေမးပြဲဆီေရာက္ရန္ အခ်ိန္မွတ္ထားသည့္ အျဖဴေရာင္စာ႐ြက္ေပၚရွိအနီေရာင္နံပါတ္မ်ားသည္ တတီတီျမည္ေနသည့္ ခ်ိန္ကိုက္ဗုံးပမာပင္။ ဆရာမမ်ားသည္ ဒီလိုအခ်ိန္တြင္ အေၾကာင္းရင္းမရွိဘဲ ေက်ာင္းသားမ်ားကို မေႏွာင့္ယွက္တတ္ၾကေပ။
ဒီတစ္ေခါက္ ႐ႊီရွီးလင္ ဘာျပႆနာရွာျပန္ၿပီလဲ မသိ။ အနည္းငယ္စိုးရိမ္သြားကာ သူအေပၚထပ္ရွိ ႐ုံးခန္းဆီ တက္လာခဲ့သည္။
ေက်ာင္းစည္းမ်ဥ္းမ်ားတြင္ ဆရာတစ္ေယာက္သည္ ေက်ာင္းသားတစ္ေယာက္ႏွင့္ စကားေျပာခ်င္ကာ ႐ုံးခန္းထဲ တျခားဆရာမ်ားမရွိလွ်င္ တံခါးကိုေသခ်ာေပါက္ဖြင့္ထားရမည္ဟု ဆိုထားသည္။ ဆရာမမ်ားလည္း စည္းမ်ဥ္းကို လိုက္နာရ၏။
ပိတ္ရက္ေရာက္ေတာ့မည္ျဖစ္၍ ခ်ီလီရွန္း႐ုံးခန္းထဲတြင္ အျခားသူမ်ားမရွိသျဖင့္ တံခါးက တစ္ဝက္ဟထားသည္။ ေသာ္႐ႊင္း တံခါးဆီေလွ်ာက္လာခ်ိန္ ခ်ီလီရွန္းအသံၾကားလိုက္ရသည္။
"နင္ ဒီကိစၥကို ေသေသခ်ာခ်ာေတြးမယ္လို႔ ဆရာမ ေမွ်ာ္လင့္တယ္၊ ငါလည္း ေတြးၿပီး အခ်ိန္က်လာတဲ့အခါ ပိုၿပီးမွ်မွ်တတ ဘယ္လိုလုပ္နိုင္မလဲ ၾကည့္ရမယ္၊ အခုထိ ေလွ်ာက္လႊာေတြတင္ဖို႔ အခ်ိန္မက်ေသးဘူး၊ ဒီအမွတ္နည္းနည္းေလးက သိပ္ၿပီးမသိသာေပမဲ့ နင့္ကို ေနာက္ထပ္တစ္ဆင့္ျမင့္တဲ့ ေက်ာင္းေလွ်ာက္ခြင့္ရေအာင္ လုပ္ေပးနိုင္တယ္"
ေသာ္႐ႊင္းေျခလွမ္းမ်ား ရပ္သြားသည္။ ဟုတ္သားပဲ၊ သူေမ့သြားခဲ့သည္။ အတန္း၁ တြင္ ထူးခြၽန္သည့္ ေက်ာင္းသားေခါင္းေဆာင္မ်ားအတြက္ ခြဲတမ္းရွိသင့္ျခင္းပင္။
အရင္ႏွစ္ေတြတုန္းက တကၠသိုလ္ဝင္ခြင့္ အပိုေဆာင္းအမွတ္မ်ားအတြက္ အမ်ိဳးအစား အင္မတန္မ်ားခဲ့သည္။ လူမ်ိဳးစုငယ္မ်ား၊ တာဝန္ထမ္းေဆာင္ရင္း ဆုံးပါးသြားသည့္ မိဘမ်ား၏ ကေလးမ်ား၊ ၿပိဳင္ပြဲဝင္မ်ား၊ အားကစားသမားမ်ား... ၿမိဳ႕၏ စံျပေက်ာင္းသားမ်ားအျဖစ္ ေ႐ြးခံရေသာ ေက်ာင္းသားမ်ား၊ ထူးခြၽန္သည့္ ေက်ာင္းသားေခါင္းေဆာင္မ်ားႏွင့္ ထိုကဲ့သို႔အရာမ်ားကိုေတာင္ ေ႐ြးခ်ယ္ၿပီး ထိုသူတို႔အားလုံးက အမွတ္ပိုမ်ားရရွိၾကေလသည္။ အခ်ိန္အမ်ားစုတြင္ မိဘမ်ား၊ အုပ္ထိန္းသူမ်ားသည္ သူတို႔၏အဆက္အသြယ္မ်ားကို အသုံးခ်ကာ လက္တစ္ဆုပ္စာလူမ်ားကို ေက်ာင္းေထာက္ခံခ်က္ရေအာင္ လုပ္တတ္ၾကသည္။ ဥပမာ အတန္း၁ကဲ့သို႔ စံျပအတန္းအတြက္ သူတို႔က ေက်ာင္းသားတစ္ေယာက္ကို တိုက္ရိုက္ဝင္ခြင့္ရရန္ ေထာက္ခံခ်က္မေပးနိုင္ရင္ေတာင္ အမွတ္ပိုမ်ားအတြက္ ခြဲတမ္းရနိုင္ေသးသည္။
'ထူးခြၽန္ေသာေက်ာင္းသားေခါင္းေဆာင္'မွာ ပုံမွန္အားျဖင့္ အတန္းေမာ္နီတာ ဒါမွမဟုတ္ တန္းခြဲအတြင္းေရးမႉးဆီ ေရာက္သြားတတ္ၾကသည္။
ေသာ္႐ႊင္း ရင္ တဒိတ္ဒိတ္ခုန္သြားခဲ့သည္။ ႐ႊီရွီးလင္ သူ႕ေက်ာင္းကိုေလွ်ာက္ရန္ အခြင့္အေရးရွိသည္ဟု ဆိုလိုသည့္သေဘာပင္!
ထိုခ်ိန္ သူ ႐ႊီရွီးလင္ေမးသံကို ၾကားရသည္။
"ဘာလို႔ ဒီႏွစ္ ကြၽန္ေတာ္တို႔အတန္းအတြက္ တစ္ေနရာပဲရွိတာလဲ"
ခ်ီလီရွန္းက သက္ျပင္းခ်သည္။
"ၾကည့္ရတာေတာ့ ေဝဖန္ခ်က္ေတြေရးတဲ့ မိဘေတြရွိတယ္ထင္တယ္၊ ဒီႏွစ္ တစ္ေနရာရတာေတာင္ မဆိုးလွဘူး၊ လြန္ခဲ့တဲ့ စာသင္ႏွစ္ဝက္တုန္းက နင့္အမွတ္ေတြက ေတာ္ေတာ္ေလးဆိုးဝါးေနေတာ့ တကၠသိုလ္ေတြရဲ႕ ကိုယ္တိုင္-ေ႐ြးခ်ယ္မႈ အတြက္ ေထာက္ခံခ်က္ရဖို႔ အခြင့္အေရးလြတ္သြားတယ္၊ ႏွေျမာစရာပဲ၊ ဒါေၾကာင့္ ခုက နင့္အတြက္ အခြင့္အေရးပဲ"
႐ႊီရွီးလင္ ေခါင္းညိတ္သည္။ သူ ဒီေမးခြန္းကို တစ္ခန္းလုံးအတြက္ေမးျခင္းမဟုတ္ေပ။ ေလာ့ပင္းကိုေတြးမိ၍သာျဖစ္သည္။
ဒီသုံးႏွစ္အတြင္း ေလာ့ပင္းေဆာင္႐ြက္ေပးခဲ့သည့္ အလုပ္ႏွင့္ သူကိုယ္တိုင္ေဆာင္႐ြက္ေပးခဲ့သည့္ အလုပ္ပမာဏ - ဘယ္သူကမွ သူ႕ကိုေျပာရန္မလို ႐ႊီရွီးလင္ သူ႕ကိုယ္သူေကာင္းေကာင္းသိသည္။ နိဂုံးခ်ဳပ္ကေတာ့ သူတို႔အတန္းေမာ္နီတာမွာ သူမအလုပ္ကို တိတ္တဆိတ္လုပ္ေနခ်ိန္တြင္ တန္းခြဲအတြင္ေရးမႉးျဖစ္သည့္ သူကေတာ့ လူတိုင္းကို ဆိုးသြမ္းသည့္လမ္းသို႔ ဦးေဆာင္ေနမိသည္။
ဆရာမ ဘာလုပ္ရမလဲ ေဝခြဲမရျဖစ္ေနသည္ကို သူျမင္နိုင္သည္။ ဒါက ႐ႊီက်င္းအသက္ရွိစဥ္ ခ်ီလီရွန္းကိုေပးခဲ့သည့္ လက္ေဆာင္ေလးမ်ားႏွင့္မဆိုင္ေပ။ သူတို႔ ဆရာမက်န္းသည္ အခ်ိန္အမ်ားစုကို သိုင္းေလာက၏ ႐ႊံ႕ေတာထဲတြင္ လူးလိမ့္ေနတာေတာင္ အနည္းဆုံးေတာ့ သူမက မွ်တမႈကို ထိန္းသိမ္းေသးသည္။ ဆရာမ သူ႕ကိုသနားသြားေစသည့္ သူ႕မိသားစုထဲျဖစ္ခဲ့သည့္ကိစၥေၾကာင့္သာမဟုတ္ရင္ ဒီေနရာက ေသခ်ာေပါက္ ေလာ့ပင္းဆီသို႔သာေရာက္မည္ျဖစ္သည္။ ႐ႊီရွီးလင္ကို အခ်ိန္ကုန္ခံၿပီး ေမးေနမည္ေတာင္မဟုတ္ေပ။
႐ႊီရွီးလင္ တစ္ကိုယ္တည္းေရ႐ြတ္ေနသည္။
"ဆရာမ ေလာ့ပင္းကို ဒီအေၾကာင္းေျပာၿပီးၿပီလား"
ခ်ီလီရွန္းက ဘာမွမဖုံးကြယ္ထားဘဲ ပြင့္လင္းစြာေျဖသည္။
"ဆရာမတို႔ေျပာၿပီးၿပီ၊ ႏွစ္ေယာက္လုံးကို အတူတူပဲ ေျပာျပထားတယ္၊ ျပန္သြားၿပီးေသခ်ာစဥ္းစား ၾကည့္ရတာေပါ့၊ ငါတို႔အတန္းမဲေပးမႈ လုပ္လို႔ရမယ္ထင္တယ္"
႐ြီရွီးလင္မွာ အတန္းမဲေပးမႈရလဒ္က ဘယ္လိုျဖစ္မည္လဲ ေတြးစရာေတာင္မလိုေပ။ လူတိုင္းက ဘယ္သူ႕အေပၚ ဘက္လိုက္မလဲ... ဆရာမရဲ႕ ေျပာေရးဆိုခြင့္ရွိသူလား ဒါမွမဟုတ္သူတို႔အဖြဲ႕ထဲကလူကိုလား။
"ဆရာမ အဲလိုလုပ္ဖို႔ မလိုပါဘူး၊ အတန္းေမာ္နီတာကိုပဲ ေပးလိုက္ပါ၊ ကြၽန္ေတာ္ယူရမွာရွက္တယ္"
တံခါးတြင္ေတာ့ ေသာ္႐ႊင္း၏ အသက္ရႉႏႈန္းက ေႏွးေကြးလာသည္။
"မင္းမိသားစုနဲ႕ အရင္ေဆြးေႏြးဖို႔ မလိုဘူးလား"
"ကြၽန္ေတာ္ဘယ္သူနဲ႕ ေဆြးေႏြးနိုင္မွာလဲ"
႐ႊီရွီးလင္က အတင္းအားထုတ္ကာ ရယ္ေသြးသြမ္းလိုက္သည္။
"ဒီကိစၥမွာ ကြၽန္ေတာ့္ ကိုယ္ပိုင္ဆုံးျဖတ္ခ်က္ခ်နိဳင္ပါတယ္"
ေသာ္႐ႊင္း ျဖဴေဖ်ာ့သြားသည္။ သူ တစ္ခဏတာ ကိုယ့္ကိုယ္ကိုယ္ ခ်ဳပ္ထိန္းဖို႔လုပ္ေသာ္ျငား အဆုံးတြင္ေတာ့ ဆက္သည္းမခံနိုင္ေတာ့ဘဲ လွည့္ထြက္လာခဲ့သည္။
႐ႊီရွီးလင္ဆက္ေျပာသည့္အရာကို သူမၾကားခဲ့ေပ။
"ဆရာမ ဘာလို႔ ဒီလိုလုပ္ေနလဲ ကြၽန္ေတာ္သိပါတယ္၊ ကြၽန္ေတာ့္အေမ... အေမ ဒီမွာရွိေနတုန္းက သူက ကြၽန္ေတာ့္အတြက္ အစစအရာရာျပင္ဆင္ေပးခဲ့လို႔ ကြၽန္ေတာ္က ျပႆနာေကာင္အျဖစ္ ႀကီးလာတယ္၊ အခု သူမ မရွိေတာ့ဘူး၊ ကြၽန္ေတာ္ အမွတ္အလကားရဖို႔ သူမအကာအကြယ္ကိုသုံးမယ္ဆိုရင္ အင္မတန္အရွက္မဲ့ရာက်မွာ၊ တျခားသူေတြအတြက္လည္း မွ်တမယ္မထင္ဘူး"
ေသာ္႐ႊင္း ႐ႊီရွီးလင္ကို ေစာင့္မေနေပ။ သူအိမ္ျပန္လာကာ ခံစားခ်က္မ်ား ေပါက္ကြဲထြက္ေနသည္။ သူ႕ပထမဆုံးတုံ႕ျပန္ခ်က္မွာ ထိန္းမရေသာ သူ႕ရင္ဘတ္ကိုျဖတ္သန္းသြားသည့္ ႀကီးမားလွေသာ မီးေတာက္ ေပါက္ကြဲျခင္းျဖစ္သည္။ ေသာ္႐ႊင္းမွာ အရိုးတစ္ေခ်ာင္းႏွင့္ ေခြးပမာျဖစ္သြားကာ အခ်က္တစ္ခ်က္တည္းကိုသာ ေခါင္းမာစြာ စိတ္စြဲေလသည္။
မင္းက အမွတ္ပိုေတြကိုေတာင္ လက္ေလွ်ာ့ပစ္နိုင္တယ္ေပါ့။ မင္းငါနဲ႕အတူရွိေနရတာကို အဲေလာက္ေတာင္မုန္းတာလား...။
သူအိမ္ျပန္ေရာက္ခ်ိန္ အထဲမဝင္နိုင္မွန္း သေဘာေပါက္သြားသည္။ ထိုအခါမွ ႐ႊီရွီးလင္ထံမွ ေသာ့ယူရန္ေက်ာင္းကိုသြားခဲ့တာျဖစ္ေၾကာင္း သတိရသြားသည္။
သူ ေလွာင္အိမ္ပိတ္ခံထားရသည့္ တိရစာၦန္တစ္ေကာင္ပမာ တံခါးေရွ႕ ေခါက္တုံ႕ေခါက္ျပန္ေလွ်ာက္ေနမိသည္။ သူ႕ကိုယ္သည္ ပူလိုက္ေအးလိုက္ျဖစ္ေနကာ အသက္ရႉလိုက္တိုင္း သူ႕ႏွလုံးသားကိုေလာင္ၿမိဳက္ေစၿပီး အဆုတ္မ်ားက ျခစ္ျခစ္ေတာက္ပူေနသည္ဟု ခံစားရသည္။
ေသာ္႐ႊင္း ေဒါသျဖင့္ေက်ာက္စရစ္ခဲတစ္ခုကို ကန္လိုက္သည္။ ထို႔ေနာက္သူ ကိစၥအခ်ိဳ႕ကို ျပန္အမွတ္ရလာသည္။ ေလာ့ပင္းက ႐ႊီရွီးလင္ကိုစကားေျပာတိုင္း ထစ္ေငါ့ေနပုံ၊ ႏွစ္ေယာက္သား အ႐ြယ္ေရာက္ပါတီတြင္ ကာရာအိုေကခန္းထဲ၌ အစခံရမႈမ်ား...။
ဟုတ္သားပဲ၊ သူတို႔ရန္ျဖစ္ရသည့္ ပထမဆုံးအႀကိမ္က ေလာ့ပင္းေၾကာင့္ျဖစ္သည္!
သူက တျခားသူေတြနဲ႕ရွိေနရင္ လူႀကီးလူေကာင္းပီသတယ္လို႔ ငါဘာလို႔ မျမင္တာပါလိမ့္။
ထိုအေတြးေပၚလာသည္ႏွင့္ သူ႕ကိုယ္ထဲတြင္ ေပါက္ကြဲမႈႀကီး ျဖစ္သြားသည့္ပမာပင္။ မီးႏွင့္မီးခိုးမ်ား ေသသြားခ်ိန္ ဖုန္မႈ႕မ်ားသာက်န္ခဲ့၏။
သူ႕ျဖဴဖတ္ျဖဴေလ်ာ္ ႏွလုံးသား၏ မယွဥ္သာေသာ ဒုကၡေဝေနမႈတြင္ စူးရွၿပီးထိုးေဖာက္လာသည့္မနာလိုမႈ ကို ျမည္းစမ္းေနရသည္။
႐ႊီရွီးလင္အိမ္ဆီ နားနားေနေနျပန္ေရာက္ခ်ိန္ နာရီဝက္ေက်ာ္ၾကာသြားၿပီျဖစ္သည္။ေသာ္႐ႊင္းျပန္လာမည္ဆိုတာသိ၍ အသားေျခာက္ အဆာေျပမ်ား ေကြၽးရန္ စူပါမားကတ္ဆီ တကူးတကသြားဝယ္ခဲ့ေသးသည္။ သူေမာ့ၾကည့္လိုက္ခ်ိန္ အိမ္ေရွ႕တံခါးတြင္ ပိုင္ရွင္မရွိသည့္ ေလလြင့္တိရစာၦန္ေလးပမာ သနားစရာေကာင္းစြာ ေဆာင့္ေၾကာင့္ထိုင္ေနေသာ ထိုလူအေကာင္လတ္ႀကီးကို ျမင္လိုက္ရသည္။
"မင္းတုံးတာလား၊ ေသာ့မယူလာဘူးဆို ေက်ာင္းလာၿပီး ဘာလို႔ငါ့ကို လာမရွိတာလဲ" ႐ႊီရွီးလင္ၿငီးတြားကာ စူပါမားကတ္အိတ္ကို ေသာ္႐ႊင္းလက္ထဲ ထိုးထည့္ၿပီး တံခါးဖြင့္ရန္ သူ႕အိတ္ထဲရွိ အမ်ိဳးမ်ိဳးအထြေထြေသာ အမွိုက္မ်ားၾကားမွ ႏွိုက္ထုတ္လိုက္သည္။
"ဒီည ညစာခ်က္ေပးမဲ့သူ မရွိဘူး၊ ငါတို႔ ဘာမွာစားသင့္လဲ"
သူ႕ေနာက္တြင္ ေသာ္႐ႊင္း၏ အၾကည့္သည္ ပုံမွန္မဟုတ္သထက္မဟုတ္ ျဖစ္လာသည္ကို လုံးဝ သတိမထားမိေပ။
႐ႊီရွီးလင္တံခါးဖြင့္ကာ ဝင္လာသည္။ သူဖိနပ္လဲရန္ ကိုယ္တစ္ဝက္ေဆာင့္ေၾကာင့္ထိုင္ခ်ကာ ညစာမီႏူးကေန 'ဒီညဘယ္သူေခြးေက်ာင္းသင့္လဲ'ဆီ စကားလမ္းေၾကာင္းေျပာင္းသြားၿပီျဖစ္သည္။ အေတာ္ၾကာမွ ေသာ္႐ႊင္းက သူ႕ကိုျပန္မေျဖမွန္း ေနာက္ဆုံးေတာ့ သတိထားမိသြားခဲ့သည္။
႐ႊီရွီးလင္က သူ႕ကိုၾကည့္ရန္ စိတ္ရႈပ္ေထြးစြာ ေနာက္လွည့္လာသည္။
"ဘာ-"
ေသာ္႐ႊင္း ေဒါသတႀကီး သူ႕ေကာ္လာကိုဆြဲကာ ပကတိအားျဖင့္ ဖိနပ္စင္ဆီ တြန္းလိုက္သည္။