5 Big Shots kneeled and calle...

De Larkspur41

9.2K 1.7K 91

Not my own story.Just translation. Credits to: Original author and eng translator(s) Start Date - 19.9.2021 Mai multe

Description
Chapter 1.2 -it's been 25 years later
Chapter 2.1 - I am your son
Chapter 2.2 - I am your son
Chapter 3.1 - Tyrannical CEO Son
Chapter 3.2 - Tyrannical CEO Son
Chapter 4.1- The Child's Father is Ji ZhenTian
Chapter 4.2 - The Child's Father is Ji Zhentian

Chapter 1.1 - it's been 25 years later

860 177 6
De Larkspur41

Unicode

ငါက 25နှစ်တောင် အိပ်သွားခဲ့တယ်?

ကူယွမ်က ဒါကို ကြားတော့ သူမ စိတ်ထဲ ရှုပ်ထွေးသွားတယ်၊ သူမက ‌မဖြစ်နိုင်ပါဘူးဆိုတဲ့ ပုံနဲ့ ဒေါက်တာချန်းကို ကြည့်လိုက်တယ်။

သူမ အသက် 18နှစ်မှာဘဲ ကုသဖို့ခက်တဲ့ သေလုမျောပါးရောဂါကြောင့် သူမ ပညာရေးကို ရပ်နားခဲ့ရတယ်၊2နှစ်လောက် ကုသမှုလုပ်ပြီးတော့ ခွဲစိတ်မှု မစခင်မှာ ဆရာဝန်က သူမကို ပြောလာတယ်။

ခွဲစိတ်မှုရဲ့ အောင်မြင်နိုင်ချေက 0.5%ဘဲ ရှိပြီးတော့ အောင်မြင်တာရော ကျရှုံးတာရော နှစ်ခုစလုံးဖြစ်သွားနိုင်တယ်၊အောင်မြင်ခဲ့ရင် ဒီရောဂါဆိုးကြီးကို ကျော်လွှားနိုင်ပြီးတော့ ကျရှုံးသွားခဲ့ရင်တော့ သူမ သေနိုင်တယ်။

ကူယွမ် ထင်ထားတာက ခွဲစိတ်မှု အောင်မြင်လို့ နိုးလတယ်ပေါ၊ ဒါပေမယ့် မထင်မှတ်ထားတာတွေ ကြားနေရတယ်။

ကူယွမ်က သူမရှေ့က ဆရာဝန်ကို စောင်းကြည့်လိုက်တယ်။

ဒီဆရာဝန်မျိုးရိုးက ချန်းဖြစ်ပြီးတော့ အသက်က 50နီးပါးရှိနေပြီ၊ နောက်ပြီး သူက ဒေါက်တာ လော်ရဲ့ တပည့်တ‌စ်ယောက်ဖြစ်တယ် လို့ပြောတယ်။

ဒေါက်တာ လော်က 28နှစ်ဘဲ ရှိသေးတာပါ သူက ဘယ်လိုလုပ်ပြီး 50အရွယ် တပည့်ရှိနေမှာလဲ?

အိပ်နေရာက နိုးလာတော့ 25နှစ် ကျော်သွားခဲ့တယ်၊ ကမ္ဘာကြီးကလည်း ပြောင်းလဲသွားခဲ့ပြီ၊ ဒါကို လက်ခံနိုင်ဖို့က ဘယ်သူ့ အတွက်မဆို ခဲယဉ်းလို့နေတယ်။

"ဟုတ်ပါတယ် " ဒေါက်တာချန်းက တည်ငြိမ်မှုကို အတတ်နိုင်ဆုံး ထိန်းသိမ်းထားပေမယ့် သူ့လက်သီးသူ တင်းတင်းဆုပ်ပြီး စိတ်လှုပ်ရှားနေတယ်။

ခွဲစိတ်မှုကျရှုံးသွားခဲ့တဲ့ လူနာ တစ်ယောက်က 25နှစ်ကြာ အေးခဲမှုကနေ ပြန် နိုးထလာတယ်။

ဒါက ဘာများဖြစ်မလဲ? အံဩဖွယ် ဖြစ်ရပ်ဆန်းလား? ဆေးပညာရဲ့ မော်ကွန်းသစ်လား?ဒီလို သမိုင်းတွင်မယ့် ဖြစ်ရပ်ကြီးကို မျက်မြင်တွေ့နေရတော့ ဆုပ်ထားတဲ့ သူ့လက်တွေတောင် တဆက်ဆက် တုန်နေတယ်။

"ရှင် ကျွန်မကို မှန်တစ်ချပ်လောက် ယူပေးနိုင်မလား?" ကူယွမ်က အတွေးတွေ ယောက်ယပ်ခတ်နေရင်းနဲ့ စကားစပြောလာတယ် ။

" မှန် ?" ဒေါက်တာ ချန်းက ချက်ချင်းဘဲ သဘောပေါက်သွားပြီးတော့ သူနာပြုတစ်ယောက်ကို မှန်သွားယူခိုင်းလိုက်တယ်။

ကူယွမ်က ပါးစပ်ကို ဖွင့်လိုက် ပိတ်လိုက်၊ မျက်တောင်တဖျက်ဖျက် ခတ်လိုက်နဲ့ မှန်ထဲက လူက သူမပါလို့ သေချာအောင် အကြာကြီး စိုက်ကြည့်နေမိတယ်။

အနည်းငယ်‌ဝဖောင်းဖောင်းဖြစ်နေဆဲ ကလေးမျက်နှာလေး၊ နို့ရည်လို ဖြူစွတ်နေတဲ့ အသားအရည်က တချက်ကြည့်လိုက်တာနဲ့ကို ငယ်ရွယ်ပြီး နူးညံ့နေတုန်းဘဲ၊ ဒီမှာ အသားအရည်တွဲကျနေတာလည်း မရှိဘူး၊ မျက်လုံးတွေကလည်း ကြည်လင်ပြီး ရွှန်းစိုနေဆဲဘဲ၊ မျက်လုံးထောင့်နားမှာတောင် ဘာအရေးအအကြောင်းမှ ရှိမနေဘူး။

သူမ ငယ်ငယ်ကတည်းက လူတိူင်းက သူမကို နည်းနည်းတော့ လှတပတရှိတယ်ဆိုပြီး ချီးမွမ်းလေ့ရှိတယ်၊ သူမ 17နှစ်ရောက်လာတော့ အနုပညာကျောင်းတစ်ခုကို ဝင်ခွင့်ရခဲ့တယ်၊ ဒါပေမယ့် ဒီရောဂါဆိုးကြီး‌ေကြာင့် တနှစ်ဘဲ တက်ပြီး ရပ်နားခဲ့ရတယ်။

ဒီသတင်းကြီးကို လက်ခံရတာက ကူယွမ်အတွက် ခက်ခဲနေဆဲဆိုပေမယ့် သူမ နောက်ဆူံးတွေ့တုန်းကလိုဘဲ ငယ်ရွယ်နေဆဲ သူမ မျက်နှာကို တွေ့လိုက်ရတော့ နည်းနည်းတော့ ဖြေသာသွားတယ်။

" ဒီတော့ ဒေါက်တာ ချန်း ရှင်က 19xxခုနှစ်မှာ မွေးတာလား?"

"ဟုတ်ပါတယ် " ဒေါက်တာချန်းလည်း 25နှစ်ကြာပြီးမှ ပြန်နိုးလာရတော့ သူမ အတွက် ခက်ခဲနေမယ်မှန်း နားလည်နေတယ်၊ ဒီတော့ သူမကို အတတ်နိုင်ဆုံး လိုက်လျောညီထွေ ဖြစ်အောင် ရှင်းပြနေတယ်" ငါက 19xxခုနှစ်ဖွားပါ ၊မင်း ခွဲစိတ်မှုလုပ်ခဲ့တုန်းက ငါက 25ငါးနှစ် ရှိနေပြီ၊ မင်းထက် 5နှစ်ပိုကြီးတယ်၊ အဲ့ချိန်တုန်းက ငါက ဆေးကျောင်းသားဘဝဘဲ ရှိသေးတယ် "

"ကျွန်မ နားလည်ပြီ "

ကူယွမ်စိတ်ထဲ ဘယ်လိုခံစားနေရမှန်းကို မဖော်ပြနိုင်တော့ဘူး။

သူမ ထက် 5နှစ်ဘဲ ကြီးတဲ့ လူကြီးက အသက် 50ရှိနေပြီ၊ ဒါက သူမ အဖေအရွယ်လောက်တောင် ရှိတယ်၊ ဒါဆို သူမကရော ဘာကြီးလဲ ? အချိန်ကူးပြောင်းလာတာလား? ပြန်မွေးဖွားလာတာလား ? ထာဝရ နုပျိုနေတာလား?

ဒေါက်တာချန်းလည်း ကူယွမ်က လွယ်လွယ်ကူကူလက်ခံသွားတာကို မြင်မှ အသက်ဝဝရှုနိုင်တော့တယ်၊ သူက ကူယွမ်ကို အဲ့နှစ်က ခွဲစိတ်မှု အကြောင်းကို အသေးစိတ်ရှင်းပြပြီး ဆက်ပြီး လိုက်နာရမယ့် အချက်အလက်တွေကို ပြောပြနေတယ်။

အဲ့ဒီအချိန်တုန်းက ခွဲစိတ်မှုကို ဒေါက်တာလော်ကိုယ်တိုင် ပြုလုပ်ခဲ့တာ၊ ခွဲစိတ်မှု 75%လောက် ပြီးစီးနေတဲ့ အချိန်မှာဘဲ ပုံမှန်မဟုတ်တဲ့ အခြေနေတွေ ဖြစ်ပေါ်လာပြီး ကျရှုံးဖို့ ဖြစ်လာတယ်၊ ဒါနဲ့ ဒေါက်တာလော်က အခြေနေ အရပ်ရပ်ကို သုံးသပ်ပြီး ချက်ချင်းဘဲ ဆုံးဖြတ်ချက်တစ်ခုချ လိုက်တယ်၊ဒါက သူမ ခန္ဓာကိုယ်ကို အလွန်အမင်းအေးခဲနေတဲ့ အခြေနေမှာ ထားဖို့ဘဲ၊ အေးခဲနေလျက်နဲ့ သူမ ကိုယ်က ဆဲလ်တွေ အသက်ရှင်နေနိုင်ဖို့ဘဲ၊ ဒါက ပုံမှန် အေးခဲတဲ့ အခြေနေမျိုးတွေနဲ့ ကွာခြားပြီးတော့ သူမ ခန္ဓာကိုယ်တစ်ခုလုံးက ဆဲလ်တွေကို ရှင်သန်လျက်နဲ့ အေးခဲထားတယ်။

ဒေါက်တာလော်က ဒီခွဲစိတ်မှုကို ကျော်လွှားခဲ့ပြီးတာနဲ့ ကူယွမ်ကို နောက်တကြိမ် ခွဲစိတ်မှု ထပ်လုပ်ဆောင်တယ်။

နောက်တော့ ဆေးပညာက တဖြည်းဖြည်း တိုးတက် ဖွံ့ဖြိုးလာတော့ သူက ကူယွမ်ရဲ့ အေးခဲထားတဲ့ ကိုယ်ကို အမျိုးမျိုးသောကုသ‌မှုတွေ ထပ်မံလုပ်ဆောင်ပေးပြီးတော့ သူမ ကိုယ်က ပျက်စီးလုနီးပါး ဆဲလ်သေတွေကိုပါ ပြန်လည် ကုသနိုင်ခဲ့တယ်။

"တကယ်တော့ မင်းခန္ဓာကိုယ်က လွန်ခဲ့တဲ့ 13နှစ်ကျော်ကတည်းက ပြန် ကျန်းမာနေပြီ၊ ဒါပေမယ့် ကုသမှုက ဘာဖြစ်သွားမှန်း မသိဘူး၊ မင်းကိုယ်က ဆဲလ်တွေက အိပ်မောကျသွားသလိူနဲ့ နိုးမလာဘူး ဖြစ်သွားတယ်၊ ဒီတော့ ငါတို့တွေက မင်းရဲ့ ခန္ဓာကိုယ်ကို အခြေခံလေ့ကျင့်ခန်းလုပ်ပြီး ဂရုစိုက်ပေးဖို့ဘဲ လုပ်နိုင်ခဲ့တယ်၊ မင်းအခုလို ရုတ်တရက်ကြီး နိုးလာမယ်လို့ ငါတကယ်မမျှော်လင့်ထားဘူး"

နှစ်တွေ ကြာလာတော့ ကမ္ဘာကြီးကလည်း ပြောင်းလဲနေပြီ ၊ကူယွမ်ကို ကုသပေးခဲ့တဲ့ ဒေါက်တာလော်တောင် လူသိများတဲ့ ဆေးဘက်ဆိုင်ရာ ပါရဂူကြီး ဖြစ်နေပြီ။

ကူယွမ်လည်း ဒေါက်တာချန်းရဲ့ ပြောပြချက်တွေကို ‌နားထောင်ပြီး သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ လမ်းညွှန်မှုတွေကို လက်ခံခဲ့တယ်၊ နောက်ပြီး လက်ရှိ အမှန်တရားကိုပါ ဖြည်းဖြည်းချင်း လက်ခံလာခဲ့တယ်။

"ကျွန်မ ...ကျွန်မ အခု ဒီနေရာက ထွက်သွားလို့ ရပြီလား" ကူယွမ်က ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းတွေကို ပုံမှန် လုပ်ခဲ့ပြီးတော့ အားလုံးက ကောင်းမွန်နေတယ်၊သူမ တကယ်ဘဲ ကျန်းမာသွားပြီ။

ပြတင်းပေါက်ကနေ ကြည့်လိုက်တော့ ကောင်းကင်က ကြည်လင်ပြီး တိမ် ကင်းစင်နေတယ်၊ သူမ တကယ်ဘဲ အပြင်ထွက်ချင်နေပြီ။

'ငါ 18နှစ်ကတည်းက ဒီမှာ ရောက်နေခဲ့တာ၊ တကယ်ဘဲ အချိန်အကြာကြီး ကမ္ဘာကြီးနဲ့ အဆက်အသွယ် ပြတ်နေပြီ '

"ရတာပေါ့ " ဒေါက်တာချန်းက အလျင်စလိုနဲ့ ဖြေလာတယ်။

"ဒါပေမယ့် မင်း‌ဒေါက်တာလော်ကို စောင့်ချင်သေးလား ၊သူက အခု ပြည်ပမှာ အရေးကြီးတဲ့ အစည်းဝေးတစ်ခု သွားတက်နေရတော့ ဒီမှာ မရှိသေးဘူး၊ နောက်ရက်ပိုင်းလောက်ဆို သူပြန်လာတော့မှာ၊ မင်းနိုးလာတာကိုလည်း သူသိတယ်၊ အရမ်းစိတ်လှုပ်ရှားပြီး မင်းကို တွေ့ချင်နေတာ "

မရပ်မနားပြောပြီးတာနဲ့ ဒေါက်တာချန်းက ကူယွမ်ကို အထူးတဆန်းနဲ့ ကြည့်လာတယ်။

ကူယွမ်က အတွေးထဲ မျောနေတော့ ဒေါက်တာချန်း သူမကို ဘာပြောနေမှန်းကို မသိလိုက်ဘူး။

သူမ မှတ်ဉာဏ်ထဲမှာတော့ ဒေါက်တာလော်က အသက် 28နှစ်အရွယ် ဆေးပညာမှာ ထူးချွန်တဲ့ ဆရာဝန်လေးဘဲ၊သူ အသက်28နှစ်မှာဘဲ သူမရဲ့ ကုသရခက်တဲ့ ရောဂါ ဝေဒနာအတွက် တာဝန်ခံဆရာဝန် ဖြစ်လာခဲ့တယ်။

သူမ မှတ်ဉာဏ်ထဲက ဒေါက်တာလော်က ရည်မွန်ပြီးတည်ကြည်တယ်၊ ဗဟုသုတနဲ့ ပြည့်စုံပြီး ခံ့ညားတယ်၊ ‌အဖြူရောင် ဂျူတီကုတ်ကို ဝတ်ထားတဲ့ သူ့ပုံစံက ကြည့်တာနဲ့ကို ထက်မြတ်တဲ့ အရှိန်အဝါတွေ အပြည့်ဘဲ။

ဒါက လူနာတစ်ယောက်ရဲ့ မသိစိတ်က ဆရာဝန်အပေါ် မှီခိုချင်တဲ့ စိတ်ထား ဖြစ်နိုင်တယ်၊ သူမ တကယ်ဘဲ ဒေါက်တာလော်ကို သဘောကျပါတယ်။

အထူးသဖြင့် ချန်းရန်ဆီက သစ္စာဖောက်မှုကို ကြုံတွေ့ခဲ့ရတော့ ဒေါက်တာလော်ဆီမှာ မျှော်လင့်ချက်သေးသေးလေး ထားမိသွားတယ်နဲ့ တူတယ်။

ဒါပေမယ့် အခု အဲ့လို ခံ့ညားပြီး ရည်မွန်တဲ့ ‌ပရော်ဖက်ဆာလော်က အသက် 50ကျော်နေပြီတဲ့လား?  လူအိုကြီး တစ်ယောက်‌ဖြစ်နေပြီလား?

ကူယွမ် နှာခေါင်းကို ရှုံ့လိုက်မိတယ် " ကျွန်မ သူနဲ့ နောက်မှ တွေ့လိုက်ပါ့မယ်၊ အခုတော့ အိမ်အရင် ပြန်လိုက်မယ် "

အရာရာတိုင်းက ကွဲပြားသွားပေမယ့် သူမကတော့ အမှတ်ရနေဆဲဘဲ။

ကူယွမ်က ဆေးရုံဆင်းဖို့ လုပ်ငန်းစဉ်တွေကို မြန်မြန်ဘဲ လုပ်ဆောင်လိုက်တယ် ၊ နောက်တော့ များပြားလှတဲ့ ဆရာဝန်တွေ သူနာပြုတွေကြားကနေပြီး သူမရဲ့ သေးငယ်တဲ့ခရီးဆောင်အိတ်ကို ဆွဲလို့ ဒေါက်တာချန်းနောက်ကနေ လေဆိပ်ကို လိုက်လာတယ်။

အိတ်ထဲမှာ ဒေါက်တာချန်းက သူမ အတွက်ပြင်ဆင်ပေးထားတဲ့  ရိုးရှင်းတဲ့ အဝတ်အစားနဲ့ အသုံးအဆောင်တွေ ထည့်ထားတယ်၊သူက သူမရဲ့ မှတ်ပုံတင်နဲ့ အတူ မခွဲစိတ်ခင်က သူမရဲ့ ပိုက်ဆံအိတ်နဲ့ ငွေသားတို့ကိုပါ ပြန်ပေးတယ်။

ဒေါက်တာ ချန်းက သူမကို လေဆိပ်ကို ပို့ရင်းနဲ့ တစ်ခါထပ် သတိပေးလာတယ် " မင်းရဲ့ ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုအတွက် အချိန်မှီ ပြန်လာဖို့ မမေ့နဲ့ "

ကူယွမ်က ထပ်ပြီး ကတိပေးလိုက်ပြီးတော့ သူကို လက်ယမ်းပြီး နှုတ်ဆက်လိုက်တယ် ။

အဲ့ချိန်မှာ ဒေါက်တာချန်က ရုတ်တရက်ကြီး စကားပြောတာရပ်သွားတယ် ။

ကူယွမ်လည်း ရပ်လိုက်ပြီးတော့ " ကျွန်မကို ဘာပြောစရာကျန်နေသေးလို့လဲ?"

ဒေါက်တာချန်းက သူ့စိတ်ကို ပြန်စုစည်းပြီး ပြောလာတယ် " မင်း မအေးခဲခင်တုန်းက မမျိုးဥ 5လုံးကို မှတ်မိသေးလား?"

ကူယွမ် ခဏလောက်ငိုင်သွားတယ်၊ ပြီးတော့ သူတို့ကို မှတ်မိသွားတယ်။


Zawgyi

ငါက 25ႏွစ္ေတာင္ အိပ္သြားခဲ့တယ္?

ကူယြမ္က ဒါကို ၾကားေတာ့ သူမ စိတ္ထဲ ႐ႈပ္ေထြးသြားတယ္၊ သူမက ‌မျဖစ္ႏိုင္ပါဘူးဆိုတဲ့ ပုံနဲ႔ ေဒါက္တာခ်န္းကို ၾကည့္လိုက္တယ္။

သူမ အသက္ 18ႏွစ္မွာဘဲ ကုသဖို႔ခက္တဲ့ ေသလုေမ်ာပါးေရာဂါေၾကာင့္ သူမ ပညာေရးကို ရပ္နားခဲ့ရတယ္၊2ႏွစ္ေလာက္ ကုသမႈလုပ္ၿပီးေတာ့ ခြဲစိတ္မႈ မစခင္မွာ ဆရာဝန္က သူမကို ေျပာလာတယ္။

ခြဲစိတ္မႈရဲ႕ ေအာင္ျမင္ႏိုင္ေခ်က 0.5%ဘဲ ႐ွိၿပီးေတာ့ ေအာင္ျမင္တာေရာ က်႐ႈံးတာေရာ ႏွစ္ခုစလုံးျဖစ္သြားႏိုင္တယ္၊ေအာင္ျမင္ခဲ့ရင္ ဒီေရာဂါဆိုးႀကီးကို ေက်ာ္လႊားႏိုင္ၿပီးေတာ့ က်႐ႈံးသြားခဲ့ရင္ေတာ့ သူမ ေသႏိုင္တယ္။

ကူယြမ္ ထင္ထားတာက ခြဲစိတ္မႈ ေအာင္ျမင္လို႔ ႏိုးလတယ္ေပါ၊ ဒါေပမယ့္ မထင္မွတ္ထားတာေတြ ၾကားေနရတယ္။

ကူယြမ္က သူမေ႐ွ႕က ဆရာဝန္ကို ေစာင္းၾကည့္လိုက္တယ္။

ဒီဆရာဝန္မ်ိဳး႐ိုးက ခ်န္းျဖစ္ၿပီးေတာ့ အသက္က 50နီးပါး႐ွိေနၿပီ၊ ေနာက္ၿပီး သူက ေဒါက္တာ ေလာ္ရဲ႕ တပည့္တ‌စ္ေယာက္ျဖစ္တယ္ လို႔ေျပာတယ္။

ေဒါက္တာ ေလာ္က 28ႏွစ္ဘဲ ႐ွိေသးတာပါ သူက ဘယ္လိုလုပ္ၿပီး 50အ႐ြယ္ တပည့္႐ွိေနမွာလဲ?

အိပ္ေနရာက ႏိုးလာေတာ့ 25ႏွစ္ ေက်ာ္သြားခဲ့တယ္၊ ကမ႓ာႀကီးကလည္း ေျပာင္းလဲသြားခဲ့ၿပီ၊ ဒါကို လက္ခံႏိုင္ဖို႔က ဘယ္သူ႕ အတြက္မဆို ခဲယဥ္းလို႔ေနတယ္။

"ဟုတ္ပါတယ္ " ေဒါက္တာခ်န္းက တည္ၿငိမ္မႈကို အတတ္ႏိုင္ဆုံး ထိန္းသိမ္းထားေပမယ့္ သူ႕လက္သီးသူ တင္းတင္းဆုပ္ၿပီး စိတ္လႈပ္႐ွားေနတယ္။

ခြဲစိတ္မႈက်႐ႈံးသြားခဲ့တဲ့ လူနာ တစ္ေယာက္က 25ႏွစ္ၾကာ ေအးခဲမႈကေန ျပန္ ႏိုးထလာတယ္။

ဒါက ဘာမ်ားျဖစ္မလဲ? အံဩဖြယ္ ျဖစ္ရပ္ဆန္းလား? ေဆးပညာရဲ႕ ေမာ္ကြန္းသစ္လား?ဒီလို သမိုင္းတြင္မယ့္ ျဖစ္ရပ္ႀကီးကို မ်က္ျမင္ေတြ႕ေနရေတာ့ ဆုပ္ထားတဲ့ သူ႕လက္ေတြေတာင္ တဆက္ဆက္ တုန္ေနတယ္။

"႐ွင္ ကြၽန္မကို မွန္တစ္ခ်ပ္ေလာက္ ယူေပးႏိုင္မလား?" ကူယြမ္က အေတြးေတြ ေယာက္ယပ္ခတ္ေနရင္းနဲ႔ စကားစေျပာလာတယ္ ။

" မွန္ ?" ေဒါက္တာ ခ်န္းက ခ်က္ခ်င္းဘဲ သေဘာေပါက္သြားၿပီးေတာ့ သူနာျပဳတစ္ေယာက္ကို မွန္သြားယူခိုင္းလိုက္တယ္။

ကူယြမ္က ပါးစပ္ကို ဖြင့္လိုက္ ပိတ္လိုက္၊ မ်က္ေတာင္တဖ်က္ဖ်က္ ခတ္လိုက္နဲ႔ မွန္ထဲက လူက သူမပါလို႔ ေသခ်ာေအာင္ အၾကာႀကီး စိုက္ၾကည့္ေနမိတယ္။

အနည္းငယ္‌ဝေဖာင္းေဖာင္းျဖစ္ေနဆဲ ကေလးမ်က္ႏွာေလး၊ ႏို႔ရည္လို ျဖဴစြတ္ေနတဲ့ အသားအရည္က တခ်က္ၾကည့္လိုက္တာနဲ႔ကို ငယ္႐ြယ္ၿပီး ႏူးညံ့ေနတုန္းဘဲ၊ ဒီမွာ အသားအရည္တြဲက်ေနတာလည္း မ႐ွိဘူး၊ မ်က္လုံးေတြကလည္း ၾကည္လင္ၿပီး ႐ႊန္းစိုေနဆဲဘဲ၊ မ်က္လုံးေထာင့္နားမွာေတာင္ ဘာအေရးအအေၾကာင္းမွ ႐ွိမေနဘူး။

သူမ ငယ္ငယ္ကတည္းက လူတိူင္းက သူမကို နည္းနည္းေတာ့ လွတပတ႐ွိတယ္ဆိုၿပီး ခ်ီးမြမ္းေလ့႐ွိတယ္၊ သူမ 17ႏွစ္ေရာက္လာေတာ့ အႏုပညာေက်ာင္းတစ္ခုကို ဝင္ခြင့္ရခဲ့တယ္၊ ဒါေပမယ့္ ဒီေရာဂါဆိုးႀကီး‌ေၾကာင့္ တႏွစ္ဘဲ တက္ၿပီး ရပ္နားခဲ့ရတယ္။

ဒီသတင္းႀကီးကို လက္ခံရတာက ကူယြမ္အတြက္ ခက္ခဲေနဆဲဆိုေပမယ့္ သူမ ေနာက္ဆူံးေတြ႕တုန္းကလိုဘဲ ငယ္႐ြယ္ေနဆဲ သူမ မ်က္ႏွာကို ေတြ႕လိုက္ရေတာ့ နည္းနည္းေတာ့ ေျဖသာသြားတယ္။

" ဒီေတာ့ ေဒါက္တာ ခ်န္း ႐ွင္က 19xxခုႏွစ္မွာ ေမြးတာလား?"

"ဟုတ္ပါတယ္ " ေဒါက္တာခ်န္းလည္း 25ႏွစ္ၾကာၿပီးမွ ျပန္ႏိုးလာရေတာ့ သူမ အတြက္ ခက္ခဲေနမယ္မွန္း နားလည္ေနတယ္၊ ဒီေတာ့ သူမကို အတတ္ႏိုင္ဆုံး လိုက္ေလ်ာညီေထြ ျဖစ္ေအာင္ ႐ွင္းျပေနတယ္" ငါက 19xxခုႏွစ္ဖြားပါ ၊မင္း ခြဲစိတ္မႈလုပ္ခဲ့တုန္းက ငါက 25ငါးႏွစ္ ႐ွိေနၿပီ၊ မင္းထက္ 5ႏွစ္ပိုႀကီးတယ္၊ အဲ့ခ်ိန္တုန္းက ငါက ေဆးေက်ာင္းသားဘဝဘဲ ႐ွိေသးတယ္ "

"ကြၽန္မ နားလည္ၿပီ "

ကူယြမ္စိတ္ထဲ ဘယ္လိုခံစားေနရမွန္းကို မေဖာ္ျပႏိုင္ေတာ့ဘူး။

သူမ ထက္ 5ႏွစ္ဘဲ ႀကီးတဲ့ လူႀကီးက အသက္ 50႐ွိေနၿပီ၊ ဒါက သူမ အေဖအ႐ြယ္ေလာက္ေတာင္ ႐ွိတယ္၊ ဒါဆို သူမကေရာ ဘာႀကီးလဲ ? အခ်ိန္ကူးေျပာင္းလာတာလား? ျပန္ေမြးဖြားလာတာလား ? ထာဝရ ႏုပ်ိဳေနတာလား?

ေဒါက္တာခ်န္းလည္း ကူယြမ္က လြယ္လြယ္ကူကူလက္ခံသြားတာကို ျမင္မွ အသက္ဝဝ႐ႈႏိုင္ေတာ့တယ္၊ သူက ကူယြမ္ကို အဲ့ႏွစ္က ခြဲစိတ္မႈ အေၾကာင္းကို အေသးစိတ္႐ွင္းျပၿပီး ဆက္ၿပီး လိုက္နာရမယ့္ အခ်က္အလက္ေတြကို ေျပာျပေနတယ္။

အဲ့ဒီအခ်ိန္တုန္းက ခြဲစိတ္မႈကို ေဒါက္တာေလာ္ကိုယ္တိုင္ ျပဳလုပ္ခဲ့တာ၊ ခြဲစိတ္မႈ 75%ေလာက္ ၿပီးစီးေနတဲ့ အခ်ိန္မွာဘဲ ပုံမွန္မဟုတ္တဲ့ အေျခေနေတြ ျဖစ္ေပၚလာၿပီး က်႐ႈံးဖို႔ ျဖစ္လာတယ္၊ ဒါနဲ႔ ေဒါက္တာေလာ္က အေျခေန အရပ္ရပ္ကို သုံးသပ္ၿပီး ခ်က္ခ်င္းဘဲ ဆုံးျဖတ္ခ်က္တစ္ခုခ် လိုက္တယ္၊ဒါက သူမ ခႏၶာကိုယ္ကို အလြန္အမင္းေအးခဲေနတဲ့ အေျခေနမွာ ထားဖို႔ဘဲ၊ ေအးခဲေနလ်က္နဲ႔ သူမ ကိုယ္က ဆဲလ္ေတြ အသက္႐ွင္ေနႏိုင္ဖို႔ဘဲ၊ ဒါက ပုံမွန္ ေအးခဲတဲ့ အေျခေနမ်ိဳးေတြနဲ႔ ကြာျခားၿပီးေတာ့ သူမ ခႏၶာကိုယ္တစ္ခုလုံးက ဆဲလ္ေတြကို ႐ွင္သန္လ်က္နဲ႔ ေအးခဲထားတယ္။

ေဒါက္တာေလာ္က ဒီခြဲစိတ္မႈကို ေက်ာ္လႊားခဲ့ၿပီးတာနဲ႔ ကူယြမ္ကို ေနာက္တႀကိမ္ ခြဲစိတ္မႈ ထပ္လုပ္ေဆာင္တယ္။

ေနာက္ေတာ့ ေဆးပညာက တျဖည္းျဖည္း တိုးတက္ ဖြံ႕ၿဖိဳးလာေတာ့ သူက ကူယြမ္ရဲ႕ ေအးခဲထားတဲ့ ကိုယ္ကို အမ်ိဳးမ်ိဳးေသာကုသ‌မႈေတြ ထပ္မံလုပ္ေဆာင္ေပးၿပီးေတာ့ သူမ ကိုယ္က ပ်က္စီးလုနီးပါး ဆဲလ္ေသေတြကိုပါ ျပန္လည္ ကုသႏိုင္ခဲ့တယ္။

"တကယ္ေတာ့ မင္းခႏၶာကိုယ္က လြန္ခဲ့တဲ့ 13ႏွစ္ေက်ာ္ကတည္းက ျပန္ က်န္းမာေနၿပီ၊ ဒါေပမယ့္ ကုသမႈက ဘာျဖစ္သြားမွန္း မသိဘူး၊ မင္းကိုယ္က ဆဲလ္ေတြက အိပ္ေမာက်သြားသလိူနဲ႔ ႏိုးမလာဘူး ျဖစ္သြားတယ္၊ ဒီေတာ့ ငါတို႔ေတြက မင္းရဲ႕ ခႏၶာကိုယ္ကို အေျခခံေလ့က်င့္ခန္းလုပ္ၿပီး ဂ႐ုစိုက္ေပးဖို႔ဘဲ လုပ္ႏိုင္ခဲ့တယ္၊ မင္းအခုလို ႐ုတ္တရက္ႀကီး ႏိုးလာမယ္လို႔ ငါတကယ္မေမွ်ာ္လင့္ထားဘူး"

ႏွစ္ေတြ ၾကာလာေတာ့ ကမ႓ာႀကီးကလည္း ေျပာင္းလဲေနၿပီ ၊ကူယြမ္ကို ကုသေပးခဲ့တဲ့ ေဒါက္တာေလာ္ေတာင္ လူသိမ်ားတဲ့ ေဆးဘက္ဆိုင္ရာ ပါရဂူႀကီး ျဖစ္ေနၿပီ။

ကူယြမ္လည္း ေဒါက္တာခ်န္းရဲ႕ ေျပာျပခ်က္ေတြကို ‌နားေထာင္ၿပီး သူ႕ရဲ႕ စိတ္ပိုင္းဆိုင္ရာ လမ္းၫႊန္မႈေတြကို လက္ခံခဲ့တယ္၊ ေနာက္ၿပီး လက္႐ွိ အမွန္တရားကိုပါ ျဖည္းျဖည္းခ်င္း လက္ခံလာခဲ့တယ္။

"ကြၽန္မ ...ကြၽန္မ အခု ဒီေနရာက ထြက္သြားလို႔ ရၿပီလား" ကူယြမ္က ႐ုပ္ပိုင္းဆိုင္ရာ ေလ့က်င့္ခန္းေတြကို ပုံမွန္ လုပ္ခဲ့ၿပီးေတာ့ အားလုံးက ေကာင္းမြန္ေနတယ္၊သူမ တကယ္ဘဲ က်န္းမာသြားၿပီ။

ျပတင္းေပါက္ကေန ၾကည့္လိုက္ေတာ့ ေကာင္းကင္က ၾကည္လင္ၿပီး တိမ္ ကင္းစင္ေနတယ္၊ သူမ တကယ္ဘဲ အျပင္ထြက္ခ်င္ေနၿပီ။

'ငါ 18ႏွစ္ကတည္းက ဒီမွာ ေရာက္ေနခဲ့တာ၊ တကယ္ဘဲ အခ်ိန္အၾကာႀကီး ကမ႓ာႀကီးနဲ႔ အဆက္အသြယ္ ျပတ္ေနၿပီ '

"ရတာေပါ့ " ေဒါက္တာခ်န္းက အလ်င္စလိုနဲ႔ ေျဖလာတယ္။

"ဒါေပမယ့္ မင္း‌ေဒါက္တာေလာ္ကို ေစာင့္ခ်င္ေသးလား ၊သူက အခု ျပည္ပမွာ အေရးႀကီးတဲ့ အစည္းေဝးတစ္ခု သြားတက္ေနရေတာ့ ဒီမွာ မ႐ွိေသးဘူး၊ ေနာက္ရက္ပိုင္းေလာက္ဆို သူျပန္လာေတာ့မွာ၊ မင္းႏိုးလာတာကိုလည္း သူသိတယ္၊ အရမ္းစိတ္လႈပ္႐ွားၿပီး မင္းကို ေတြ႕ခ်င္ေနတာ "

မရပ္မနားေျပာၿပီးတာနဲ႔ ေဒါက္တာခ်န္းက ကူယြမ္ကို အထူးတဆန္းနဲ႔ ၾကည့္လာတယ္။

ကူယြမ္က အေတြးထဲ ေမ်ာေနေတာ့ ေဒါက္တာခ်န္း သူမကို ဘာေျပာေနမွန္းကို မသိလိုက္ဘူး။

သူမ မွတ္ဉာဏ္ထဲမွာေတာ့ ေဒါက္တာေလာ္က အသက္ 28ႏွစ္အ႐ြယ္ ေဆးပညာမွာ ထူးခြၽန္တဲ့ ဆရာဝန္ေလးဘဲ၊သူ အသက္28ႏွစ္မွာဘဲ သူမရဲ႕ ကုသရခက္တဲ့ ေရာဂါ ေဝဒနာအတြက္ တာဝန္ခံဆရာဝန္ ျဖစ္လာခဲ့တယ္။

သူမ မွတ္ဉာဏ္ထဲက ေဒါက္တာေလာ္က ရည္မြန္ၿပီးတည္ၾကည္တယ္၊ ဗဟုသုတနဲ႔ ျပည့္စုံၿပီး ခံ့ညားတယ္၊ ‌အျဖဴေရာင္ ဂ်ဴတီကုတ္ကို ဝတ္ထားတဲ့ သူ႕ပုံစံက ၾကည့္တာနဲ႔ကို ထက္ျမတ္တဲ့ အ႐ွိန္အဝါေတြ အျပည့္ဘဲ။

ဒါက လူနာတစ္ေယာက္ရဲ႕ မသိစိတ္က ဆရာဝန္အေပၚ မွီခိုခ်င္တဲ့ စိတ္ထား ျဖစ္ႏိုင္တယ္၊ သူမ တကယ္ဘဲ ေဒါက္တာေလာ္ကို သေဘာက်ပါတယ္။

အထူးသျဖင့္ ခ်န္းရန္ဆီက သစၥာေဖာက္မႈကို ၾကဳံေတြ႕ခဲ့ရေတာ့ ေဒါက္တာေလာ္ဆီမွာ ေမွ်ာ္လင့္ခ်က္ေသးေသးေလး ထားမိသြားတယ္နဲ႔ တူတယ္။

ဒါေပမယ့္ အခု အဲ့လို ခံ့ညားၿပီး ရည္မြန္တဲ့ ‌ပေရာ္ဖက္ဆာေလာ္က အသက္ 50ေက်ာ္ေနၿပီတဲ့လား?  လူအိုႀကီး တစ္ေယာက္‌ျဖစ္ေနၿပီလား?

ကူယြမ္ ႏွာေခါင္းကို ႐ႈံ႕လိုက္မိတယ္ " ကြၽန္မ သူနဲ႔ ေနာက္မွ ေတြ႕လိုက္ပါ့မယ္၊ အခုေတာ့ အိမ္အရင္ ျပန္လိုက္မယ္ "

အရာရာတိုင္းက ကြဲျပားသြားေပမယ့္ သူမကေတာ့ အမွတ္ရေနဆဲဘဲ။

ကူယြမ္က ေဆး႐ုံဆင္းဖို႔ လုပ္ငန္းစဥ္ေတြကို ျမန္ျမန္ဘဲ လုပ္ေဆာင္လိုက္တယ္ ၊ ေနာက္ေတာ့ မ်ားျပားလွတဲ့ ဆရာဝန္ေတြ သူနာျပဳေတြၾကားကေနၿပီး သူမရဲ႕ ေသးငယ္တဲ့ခရီးေဆာင္အိတ္ကို ဆြဲလို႔ ေဒါက္တာခ်န္းေနာက္ကေန ေလဆိပ္ကို လိုက္လာတယ္။

အိတ္ထဲမွာ ေဒါက္တာခ်န္းက သူမ အတြက္ျပင္ဆင္ေပးထားတဲ့  ႐ိုး႐ွင္းတဲ့ အဝတ္အစားနဲ႔ အသုံးအေဆာင္ေတြ ထည့္ထားတယ္၊သူက သူမရဲ႕ မွတ္ပုံတင္နဲ႔ အတူ မခြဲစိတ္ခင္က သူမရဲ႕ ပိုက္ဆံအိတ္နဲ႔ ေငြသားတို႔ကိုပါ ျပန္ေပးတယ္။

ေဒါက္တာ ခ်န္းက သူမကို ေလဆိပ္ကို ပို႔ရင္းနဲ႔ တစ္ခါထပ္ သတိေပးလာတယ္ " မင္းရဲ႕ ႐ုပ္ပိုင္းဆိုင္ရာ စစ္ေဆးမႈအတြက္ အခ်ိန္မွီ ျပန္လာဖို႔ မေမ့နဲ႔ "

ကူယြမ္က ထပ္ၿပီး ကတိေပးလိုက္ၿပီးေတာ့ သူကို လက္ယမ္းၿပီး ႏႈတ္ဆက္လိုက္တယ္ ။

အဲ့ခ်ိန္မွာ ေဒါက္တာခ်န္က ႐ုတ္တရက္ႀကီး စကားေျပာတာရပ္သြားတယ္ ။

ကူယြမ္လည္း ရပ္လိုက္ၿပီးေတာ့ " ကြၽန္မကို ဘာေျပာစရာက်န္ေနေသးလို႔လဲ?"

ေဒါက္တာခ်န္းက သူ႕စိတ္ကို ျပန္စုစည္းၿပီး ေျပာလာတယ္ " မင္း မေအးခဲခင္တုန္းက မမ်ိဳးဥ 5လုံးကို မွတ္မိေသးလား?"

ကူယြမ္ ခဏေလာက္ငိုင္သြားတယ္၊ ၿပီးေတာ့ သူတို႔ကို မွတ္မိသြားတယ္။

Continuă lectura

O să-ți placă și

566K 30.7K 49
𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐨𝐟 𝐈𝐬𝐡𝐪 𝐤𝐢 𝐝𝐚𝐬𝐭𝐚𝐧 advika: "uski nafrat mere pyaar se jeet gayi bhai meri mohabbat uski nafrat ke samne kamzor padh gay...
3M 95.8K 28
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
1.4M 34.7K 47
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
4.6M 289K 106
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...