ဉာဏ်များလွန်းသော ခင်ပွန်းသည်

Av Shi_Sheng

487K 53.6K 1.2K

​ေဖ့က်င္​းသည္​ ဝမ္​းတြင္​းမည္​းမင္​းသားတစ္​ပါး...အျပင္​လူ​ေတြအျမင္​မွာေတာ့ သူက တည္​ၿငိမ္​​ေအး​ေဆးၿပီး ၾကင္​နာ... Mer

အခန်း (၁)
အခန္း (၂)/က
အခန်း (၂)/ ခ
အခန်း (၃)/ က
အခန်း (၃)/ ခ
အခန်း (၄)
အခန်း (၅)/ က
အခန်း (၅)/ ခ
အခန်း (၆)
အခန်း (၇)
အခန်း (၈)
Chapter (9)Part(A)
အခန်း (၉)/ (ခ)
အခန္း (၁၀)
အခန်း (၁၁)
အခန်း (၁၂)/(က)
အခန္း (၁၂)/ခ
အခန္​း (၁၃)/က
အခန္​း (၁၃)/ခ
အခန္​း (၁၄)
အခန္​း (၁၅)/က
အခန္း (၁၅)/ခ
အခန္း (၁၅)/ဂ
အခန္း (၁၆)/က
အခန်း (၁၆ ) / ခ
အခန္း (၁၇)/က
အခန်း (၁၇)/ခ
အခန်း (၁၈) / (က)
အခန်း (၁၈)/ခ
အခန်း (၁၉)
အခန်း (၂၀) / (က)
အခန်း (၂၀)/ ခ
အခန်း (၂၁)
အခန်း (၂၂)/ (က)
အခန်း (၂၂)/ (ခ)
အခန်း (၂၃)/(က)
အခန်း (၂၃)/ (ခ)
အခန်း (၂၄)
အခန်း (၂၅)/(က)
အခန်း (၂၅)/(ခ)
အခန်း (၂၆)
အခန်း (၂၇)
အခန်း (၂၈)
အခန်း (၂၉)
အခန်း (၃၀)
အခန်း (၃၁)
အခန်း (၃၂)
အခန်း (၃၃)
အခန်း (၃၄)
အခန်း (၃၅)
အခန်း (၃၆)/(က)
အခန်း (၃၆)/(ခ)
အခန်း (၃၇)
အခန်း (၃၈)/(က)
အခန်း (၃၈)/(ခ)
အခန်း (၃၉)/ က
အခန်း (၃၉)/(ခ)
အခန်း (၄၀)/(က)
အခန်း (၄၀)/ ခ
အခန်း (၄၁)
အခန်း (၄၂)
အခန်း (၄၃)
အခန်း (၄၄)
အခန်း (၄၅)
အခန်း (၄၆)
အခန်း (၄၇)
အခန်း (၄၈)
အခန်း (၄၉)
အခန်း (၅၀)
အခန်း (၅၁)
အခန်း (၅၂)
အခန်း (၅၃)
အခန်း (၅၄)/ က
အခန်း (၅၄)/ ခ
အခန်း (၅၅)
အခန်း (၅၆)
အခန်း (၅၇)
အခန်း (၅၈)
အခန်း (၅၉)
အခန်း (၆၀)
အခန်း (၆၁)
အခန်း (၆၂)
အခန်း (၆၃)
အခန်း (၆၄)
အခန်း (၆၅)
အခန်း (၆၆)
အခန်း (၆၇)
အခန်း (၆၈)
အခန်း (၆၉)
အခန်း (၇၀)
အခန်း (၇၁)
အခန်း (၇၂)
အခန်း (၇၃)
အခန်း (၇၄)
အခန်း (၇၅)
အခန်း (၇၆)
အခန်း (၇၇)
အခန်း (၇၈)
အခန်း (၈၀)
အခန်း (၈၁)/ ဇာတ်သိမ်းပိုင်း

အခန်း (၇၉)

2.3K 244 0
Av Shi_Sheng

Burmese Translation of Fu Jun You Zhe Dian {夫君,悠着点} by Author 苏行乐.

အခန်း (၇၉)

TRANSLATOR - SHARR

--------------------

ဘုရင်မင်းမြတ် သွေးအန်သွားသည်။

ဖေ့ကျန်းက သေပြီ။ ဖေ့ကျင်းက တရားဝင်မဟုတ်သေးသော်လည်း အိမ်ရှေ့စံမင်းသားဖြစ်သည်ကို မပြောဘဲနှင့်တောင် သိနိုင်သည်။

နန်းတွင်းသက်တော်စောင့်များက ဘုရင်မင်းမြတ်ကို နန်းတော်သု့ိ လိုက်ပါပို့ဆောင်ကြသည်။

အခြွေအရံများနှင့် အစေခံများက ဖေ့ကျင်းအိမ်တော်ကို သန့်ရှင်းရေးလုပ်နေကြသည်။ သို့သော် ဖေ့ကျန်း၏သွေးများကြောင့် သူတို့ အော့အန်ချင်လာကြသည်။

ဖေ့ကျင်းအိပ်ဆောင်တွင် ရန်ရှီးနဥ်သည် ဖေ့ကျင်းကို ဖက်လိုက်၏။ သူမနှလုံးသားလေးက စိတ်သက်သာရာရပြီး ပျော်ရွှင်မှုတို့ဖြင့် လွှမ်းမိုးနေသည်။ သူမမိသားစုလေးက အန္တရာယ်ရှိသောညမှာ အသက်ရှင်နိုင်ခဲ့၍ စိတ်သက်သာရာရပြီး သူမ ပျော်ရွှင်နေသည်။

"ဖေ့ကျင်း ကျွန်မတို့ နိုင်ခဲ့တာလား" ရန်ရှီးနဥ်က မေးလိုက်သည်။

"အင်း" ဖေ့ကျင်းက ပြောလိုက်သည်။

"ဖေ့ကျင်း ခမည်းတော်ရဲ့ အမိန့်စာက ဘယ်အချိန် ရောက်လာလိမ့်မယ်လို့ထင်လဲ" ရန်ရှီးနဥ်က မေးလိုက်၏။ "သူက ရှင့်ကို ဘယ်တုန်းကမှ အိမ်ရှေ့စံဖြစ်စေချင်ခဲ့တာ မဟုတ်ဘူး၊ အမိန့်စာ လက်ခံရလိမ့်မယ်လို့ ကျွန်မတော့ မထင်ဘူး"

ဖေ့ကျင်း နိုင်ခဲ့သော်လည်း ထူးထူးခြားခြားအောင်နိုင်တယ်လို့ မခံစားရပေ။ သူ ပြတင်းပေါက်အပြင်ဘက်သို့ ကြည့်လိုက်ပြီးအတိတ်ကို ပြန်ပြောင်းအောက်မေ့မိသည်။ သူ ဘယ်အချိန်တုန်းကများ ထီးနန်းပလ္လင်ကို ဂရုစိုက်ခဲ့ဖူးသလဲ သိချင်မိသည်။ သူ့ဦးရီးတော် သက်တော်ထင်ရှားရှိစဥ်ကာလကလား၊ သို့မဟုတ် ဟွမ်းကော်၏ ဆက်တိုက်ဖျောင်းဖျနေတုန်းကလား။

ဖေ့ကျင်း အတိတ်အကြောင်း အများကြီး တွေးမိလိုက်သည်။ သူ့အင်အားကို တိတ်တဆိတ် ကူညီတည်ထောင်ပေးခဲ့ကြသောလူများကို သူ တကယ် ကျေးဇူးတင်သည်။ နှစ်ပေါင်းများစွာ သူ့ကိုယ်သူ ပုန်းကွယ်နေထိုင်ခဲ့သည်။ သူ့ခမည်းတော် သို့မဟုတ် ညီ/အစ်ကိုတော်များက သူ့ပုံစံအစစ်အမှန်ကို ရှာတွေ့သွားလျှင် သူနှင့် သူတို့ကြားတွင် ပထမဆုံးသေရမည့်လူမှာ သူသာဖြစ်သည်။

ဖေ့ကျင်း၏ အကြီးမားဆုံးပြိုင်ဘက်များက ကျရှုံးသွားတာတောင် သူ ဘာလို့ ပိုပိုပြီး စိုးရိမ်သောကရောက်​ေနမိလဲ မသိတော့ချေ။

ညဘက်တွင် ဒုက္ခသုက္ခများ ကြုံတွေ့ခဲ့ရပြီး နောက်တစ်နေ့ညီလာခံတွင် ဘုရင်မင်းမြတ်ပေါ်လာ၍ ရုံးတော်မှူးမတ်အရာရှိများ အံ့အားသင့်သွားကြသည်။

ဘုရင်မင်းမြတ်က ရာဇပလ္လင်ပေါ်တွင် ထည်ဝါစွာ ထိုင်တော်မူသည်။ သူက အလွယ်တကူ မရှုံးနိမ့်နိုင်သော ဩဇာတိက္ကမကြီးမားဆဲ ဘုရင်ဆိုတာ အားလုံးကို သိစေချင်သည်။

ထိုနေ့က မှူးမတ်အရာရှိအများအပြား ပျောက်ဆုံးနေခဲ့ကြသည်။တစ်ချို့က ညဘက်တွေမှာ အသတ်ခံလိုက်ရပြီး တစ်ချို့ကတော့ ကွပ်မျက်ခံရမည့်သူများကိုထားရာ နန်းတော်မြေအောက်အကျဥ်းတိုက်တွင် အကျဥ်းချထားခြင်းခံနေရသည်။

အသတ်ခံရ၊ အကျဥ်းချခံရသော ထိုမှူးမတ်အရာရှိများမှာ အံအားသင့်စရာကောင်းလောက်အောင်ပင် နဝမမင်းသားကို ထောက်ခံကြသူများပင်။ ဘုရင်မင်းမြတ်က သူတို့ရာထူးများကို သာမန်လူများနှင့် အစားထိုးလိုက်သည်။

ညီလာခံတွင် မှူးမတ်အရာရှိများမှာ ဘုရင်မင်းမြတ်က သူတို့ကို ထွက်သွားခွင့်မပြုမချင်း တုန်လှုပ်နေကြရသည်။

ဘုရင်မင်းမြတ်က အရူးမဟုတ်ပေ။ သူ့အသက်ကို ကြီးကြီးမားမား ခြိမ်းခြောက်နိုင်သည်များကို ရှင်းပစ်ခဲ့သည်။ သူနှင့် ဖေ့ကျင်း အသက်ရှင်နေသရွေ့ ဖေ့ကျင်းကို ထောက်ခံသူများကို သူ မရှင်းမပစ်လျှင် ပုန်ကန်နိုင်သည့် ခြိမ်းခြောက်မှုက ရှိနေဆဲဖြစ်လိမ့်မည်။

သေခြင်းတရားနှင့် အပြစ်ဒဏ်ကျခံရမှုတို့မှ လွတ်မြောက်လာသော မှူးမတ်အရာရှိတို့သည် ညီလာခံနန်းဆောင်အပြင်ဘက်တွင် လမ်းလျှောက်နေကြပြီး ညှင်းပန်းနှိပ်စက်ခံရခြင်းမှ ထွက်ပေါ်လာသော အော်သံများကို ကြားနေရသည်မှာ ထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်းလှပေသည်။

"အော်သံတွေက ဘယ်ကနေထွက်နေတာလဲ" ပထမမှူးမတ်က မေးလိုက်၏။

"ကြည့်ရတာတော့ နန်းတွင်းသမားတော်ဆောင်ကနေ ထင်တယ်" ဒုတိယမှူးမတ်က ပြောလိုက်၏။

"ဘယ်လို" ပထမမှူးမတ်က မေးလိုက်၏။

"ဖြည်းဖြည်းချင်း အသားတွေကို အပိုင်းပိုင်းဖြစ်အောင် လှီးဖြတ်ပြီးမှ သေစေတဲ့နည်းပဲ၊ ဘုရင်မင်းမြတ်က သူ့ကို လှည့်ဖြားတဲ့သူတွေဆို သိပ်မုန်းတာ" ဒုတိယမှူးမတ်က ပြောလိုက်၏။

သူတို့ခေါင်းများ ကိုယ်မှာ မြဲစေဖို့ရာ အိမ်တော်သို့သာ အလျင်အမြန် ပြန်သွားကြတော့သည်။

လူကြီးမင်း​ေထာင်သည် လူကြီးလူကောင်းတစ်ယောက်ဖြစ်သည်။ သို့သော် သူ့အသားများကို အပိုင်းပိုင်းလှီးဖြတ်ပြီးနောက်မှာတော့ သူ့ကို မမှတ်မိနိုင်တော့ချေ။ အကြိမ်တိုင်း အကြိမ်တိုင်း အသားတစ်ပိုင်း လှီးပြီးလျှင် အရေပြားအောက်တွင် ပေါ်လာသော ကြွက်သားများပေါ် ဆားသိပ်ရန် ကုန်းကုန်းများကို အမိန့်ပေးထားသည်။

သူအယုံကြည်ရဆုံး နန်းတွင်းသမားတော်လေးယောက်ထဲမှ တစ်ယောက်က သူ့အကြံအစည်ကို ဖော်လိုက်မှန်း ဘုရင်မင်းမြတ်က သိသည်။ လူကြီးမင်းထောင်က မုမိဖုရားထံသို့ ရေးထားသော လျှို့ဝှက်စာများကို သူ့သက်တော်စောင့်များက ရှာတွေ့ခဲ့ကြသည်။ ထို့ကြောင့် သူက အပိုင်းပိုင်းလှီးဖြတ်ခံရပြီးမှ သေခြင်းကဲ့သို့သော အရက်စက်ဆုံးပြစ်ဒဏ်ကို လူကြီးမင်းထောင်အား ချီးမြှင့်ခဲ့သည်။

မုမိဖုရားခဗျာ တစ်ညလုံး စိုးတထိတ်ထိတ် ဖြစ်နေရှာသည်။ ဖေ့ကျန်းကို သူမ စိုးရိမ်နေသည်။ ဖေ့ကျန်းအိမ်တော်တွင် ဘာတွေများဖြစ်နေသလဲ သိရရန် သူမအစေခံများကို လွှတ်ချင်သော်လည်း ဘုရင်မင်းမြတ်၏ သက်တော်စောင့်များက သူမနန်းဆောင်အတွင်း အကျယ်ချုပ်ချုပ်ထားပြီး သူမနန်းဆောင်အတွင်း မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဝင်ခွင့်မပြု။

မနက်ရောက်တော့မှ ဖေ့ကျန်းနှင့် သူ့လူများမှာ ပုန်ကန်မှုဖြင့် အသတ်ခံလိုက်ရပြီကို နောက်ဆုံးမှ မုမိဖုရား သိလိုက်ရသည်။ ဖေ့ကျန်းမှာ သူ့အားနည်းချက်ကြီးဖြစ်သော စိတ်မရှည်တတ်မှုကြောင့် သေသွားရမှန်း သူမ သိသော်လည်း ဘယ်လိုဖြစ်သွားသည်ကိုမူ အတိအကျ မသိလိုက်ရ။

မုမိဖုရား ထွက်ပြေးရန် တွေးလိုက်သေးသည်။ သို့သော် ဘုရင်မင်းမြတ်၏ သက်တော်စောင့်များက သူမကို လူကြီးမင်းထောင်၏ အခန်းထဲ ဆွဲခေါ်သွားပြီး လူကြီးမင်းထောင် သေသည်အထိ အပိုင်းပိုင်းလှီးခံနေရသည်ကို သူမအား အတင်းကြည့်ခိုင်းလေသည်။ သူမ လွတ်မြောက်နိုင်စရာ လမ်းစမရှပြီကို သူမ သိလိုက်၏။

လူကြီးမင်းထောင် သေပြီးနောက် မုမိဖုရား တိတ်ဆိတ်စွာ ငိုကြွေးနေသည်ကို ဘုရင်မင်းမြတ်က ကြည့်နေသည်။

"ကိုယ်တော် မယ်မင်းကို သုံးပေအရှည်ပိုးစဖြူချီးမြှင့်မယ်" ဘုရင်မင်းမြတ်က မိန့်၏။

ဘုရင်မင်းမြတ်က မုမိဖုရားကို စက်ဆုပ်သလို ကြည့်ပြီးနောက် အခန်းထဲမှ ထွက်ခွာသွားတော့သည်။

ဖေ့ကျင်းနှင့် ဝမ်ဖုမူတို့မှာ လူကြီးမင်းထောင်၏ အပြစ်ဒဏ်ကြောင့် တုန်လှုပ်သွားမိကြသည်။ လူကြီးမင်းထောင်နေရာတွင် သူတို့မဟုတ်၍ တော်သေးသည်။

ဝမ်ဖုမူက ဘုရင်မင်းမြတ်နောက်လိုက်ပြီး အခန်းပြင်သို့ ထွက်သွားလိုက်တော့သည်။

"မင်းပဲ" မုမိဖုရားက ဖေ့ကျင်းကို စွပ်စွဲလိုက်သည်။

မုမိဖုရားက ဉာဏ်ကောင်းတာတောင် ဖေ့ကျင်း၏ အားနည်းပုံရသည့်အသွင်သဏ္ဍာန်ကြောင့် နှစ်ပေါင်းများစွာ လှည့်စားခံခဲ့ရသည်။

"ဖေ့ကျင်း နင် ရက်စက်လှချည်လား" မုမိဖုရားက ပြောလိုက်သည်။

"မုမိဖုရားကို ကျေးဇူးတင်ရမှာပဲ" ဖေ့ကျင်းက ပြောလိုက်၏။

မုမိဖုရား အသက်ရှူကျပ်သွားရသည်။

"ကျွန်တော့်မိသားစုအပေါ်ထားတဲ့ ရက်စက်ယုတ်မာမှုကို ခင်ဗျားတို့ကို ပြန်ပေးလိုက်တာပဲ" ဖေ့ကျင်းက ပြောလိုက်သည်။ "ခင်ဗျားက မိဖုရားချန်ကို သတ်ပြီးတော့ ကျွန်တော့်ဇနီးနဲ့ ကလေးကို အန္တရာယ်ပေးခဲ့တယ်၊ ပြီးတော့ ကျွန်တော့်ကိုလည်း သေတွင်းထဲ အကြိမ်ကြိမ် ပို့ဖို့ ကြိုးစားခဲ့သေးတယ်"

"ဒီတော့ မင်းက လက်စားပြန်ချေတာလား" မုမိဖုရားက မေးလိုက်၏။

မုမိဖုရား၏ စွပ်စွဲချက်ကို ဖေ့ကျင်း ပြန်လည်မချေပခဲ့ပေ။

မုမိဖုရားက အေးစက်စက် ရယ်မောလိုက်သည်။

"မိဖုရားချန်ကို ငါ သတ်ခဲ့တယ်လို့ မင်းထင်တာလား"

"ဘယ်သူဖြစ်နိုင်သေးလို့လဲ" ဖေ့ကျင်းက မေးလိုက်၏။ "ကျွန်တော့်ဇနီးကို အဆိပ်ခတ်ဖို့ ဖူကွေ့တောင် သုံးခဲ့သေးတယ်၊ ခင်ဗျား မိဖုရားချန်ကို သတ်တုန်းက သုံးခဲ့တဲ့ အဆိပ်နဲ့ အတူတူပဲ"

"ဖေ့ကျင်း မိဖုရားချန်ကို သတ်ခဲ့တဲ့လူက ငါ မဟုတ်ဘူး" မုမိဖုရားက ပြောလိုက်၏။ "မင်းခမည်းတော်ပဲ"

ဖေ့ကျင်း အံ့အားသင့်သွားသော်လည်း မိဖုရားချန် ဘာတွေဖြစ်ခဲ့သလဲဆိုတာကို မုမိဖုရားက အသေးစိတ်ပြန်ပြောပြသည်ကို နားထောင်လိုက်သည်။

"အဲ့ဒီ့နှစ်က ဟွမ်းကော်ရဲ့ စစ်တပ်က အရမ်းအင်အားကြီးလာတယ်" မုမိဖုရားက ပြောလိုက်၏။ "မိဖုရားချန် ကိုယ်ဝန်ရှိလာတော့ ဟွမ်းကော်က ပုန်ကန်ဖို့ ကြံတယ်၊ မင်းခမည်းတော်ကို လုပ်ကြံဖို့ ကြိုးစားခဲ့ကြတဲ့ လုပ်ကြံသူတွေနောက်မှာ ဟွမ်းကော်ရှိတယ်၊ မင်းခမည်းတော် အသက်ရှင်ခဲ့တယ်၊ မိဖုရားချန်နဲ့ သူ့သားတော်ကို သတ်မှရမယ်ဆိုတာ သူသိလိုက်တယ်၊ မဟုတ်ရင် သူ့မြေးသာအသက်ရှင်နေရင် ဟွမ်းကော်က ပုန်ကန်လိမ့်မယ်၊ မင်းခမည်းတော်က မိဖုရားချန်နဲ့ သူ့သားကို သတ်ဖို့ ဖူကွေ့အဆိပ်ကို သုံးခဲ့တာ"

မုမိဖုရားက ဖေ့ကျင်း အံ့အားသင့်နေသည်ကို ကြည့်ရင်း ရယ်လိုက်၏။

"ဖေ့ကျင်း အခု မိဖုရားချန်ကို ဘယ်သူသတ်လဲ မင်း သိပြီ၊ သူ့အတွက် လာစားချေဦးမှာလား"

ဖေ့ကျင်းတစ်ကိုယ်လုံး အေးစက်သွား၏။

"ဒီပွဲမှာ ဘယ်သူမှ မနိုင်ဘူး
" မုမိဖုရားက ပြောလိုက်သည်။ "ဒါပေမယ့် မင်းအကြံက ငါ့အကြံထက် ပိုကောင်းလို့ ငါ့သားကို ဆုံးရှုံးခဲ့ရတာ၊ ဒါကြောင့် မင်းနိုင်တယ်၊ ငါ သေရတော့မယ်၊ ဖေ့ကျင်း မင်း သတိထားသင့်တယ်၊ မင့်ခမည်းတော်က သူ့ကို လှည့်စားတာကို မုန်းတယ်၊ မင်း သူ့ကို လှည့်စားမှန်း သူသိသွားခဲ့ရင် ငါတို့ထက် ပိုပြီး သနားစရာကောင်းအောင် သေရလိမ့်မယ်"

ဖေ့ကျင်း ပြန်လည် တည်ငြိမ်သွားသည်။ "သတိ​ေပးတဲ့အတွက် အမေ့ကို ကျေးဇူးတင်ပါတယ်"

ဖေ့ကျင်း အခန်းထဲမှ ထွက်လာလိုက်သည်။

ခဏကြာတော့ သုံးပေအရှည်ပိတ်စဖြူက မုမိဖုရားကို အသက်ရှူကျပ်ကာ သေစေခဲ့တော့သည်။

_______

[Zawgyi]

Burmese Translation of Fu Jun You Zhe Dian {夫君,悠着点} by Author 苏行乐.

အခန္း (၇၉)

TRANSLATOR - SHARR

--------------------

ဘုရင္မင္းျမတ္ ေသြးအန္သြားသည္။

ေဖ့က်န္းက ေသၿပီ။ ေဖ့က်င္းက တရားဝင္မဟုတ္ေသးေသာ္လည္း အိမ္ေရ႔ွစံမင္းသားျဖစ္သည္ကို မေျပာဘဲႏွင့္ေတာင္ သိႏိုင္သည္။

နန္းတြင္းသက္ေတာ္ေစာင့္မ်ားက ဘုရင္မင္းျမတ္ကို နန္းေတာ္သု႔ိ လိုက္ပါပို႔ေဆာင္ၾကသည္။

အေႁခြအရံမ်ားႏွင့္ အေစခံမ်ားက ေဖ့က်င္းအိမ္ေတာ္ကို သန္႔ရွင္းေရးလုပ္ေနၾကသည္။ သို႔ေသာ္ ေဖ့က်န္း၏ေသြးမ်ားေၾကာင့္ သူတို႔ ေအာ့အန္ခ်င္လာၾကသည္။

ေဖ့က်င္းအိပ္ေဆာင္တြင္ ရန္ရွီးနဥ္သည္ ေဖ့က်င္းကို ဖက္လိုက္၏။ သူမႏွလံုးသားေလးက စိတ္သက္သာရာရၿပီး ေပ်ာ္ရႊင္မႈတို႔ျဖင့္ လႊမ္းမိုးေနသည္။ သူမမိသားစုေလးက အႏၲရာယ္ရိွေသာညမွာ အသက္ရွင္ႏိုင္ခဲ့၍ စိတ္သက္သာရာရၿပီး သူမ ေပ်ာ္ရႊင္ေနသည္။

"ေဖ့က်င္း ကြၽန္မတို႔ ႏိုင္ခဲ့တာလား" ရန္ရွီးနဥ္က ေမးလိုက္သည္။

"အင္း" ေဖ့က်င္းက ေျပာလိုက္သည္။

"ေဖ့က်င္း ခမည္းေတာ္ရဲ့ အမိန္႔စာက ဘယ္အခ်ိန္ ေရာက္လာလိမ့္မယ္လို႔ထင္လဲ" ရန္ရွီးနဥ္က ေမးလိုက္၏။ "သူက ရွင့္ကို ဘယ္တုန္းကမွ အိမ္ေရ႔ွစံျဖစ္ေစခ်င္ခဲ့တာ မဟုတ္ဘူး၊ အမိန္႔စာ လက္ခံရလိမ့္မယ္လို႔ ကြၽန္မေတာ့ မထင္ဘူး"

ေဖ့က်င္း ႏိုင္ခဲ့ေသာ္လည္း ထူးထူးျခားျခားေအာင္ႏိုင္တယ္လို႔ မခံစားရေပ။ သူ ျပတင္းေပါက္အျပင္ဘက္သို႔ ၾကည့္လိုက္ၿပီးအတိတ္ကို ျပန္ေျပာင္းေအာက္ေမ့မိသည္။ သူ ဘယ္အခ်ိန္တုန္းကမ်ား ထီးနန္းပလႅင္ကို ဂရုစိုက္ခဲ့ဖူးသလဲ သိခ်င္မိသည္။ သူ႔ၪီးရီးေတာ္ သက္ေတာ္ထင္ရွားရိွစဥ္ကာလကလား၊ သို႔မဟုတ္ ဟြမ္းေကာ္၏ ဆက္တိုက္ေဖ်ာင္းဖ်ေနတုန္းကလား။

ေဖ့က်င္း အတိတ္အေၾကာင္း အမ်ားႀကီး ေတြးမိလိုက္သည္။ သူ႔အင္အားကို တိတ္တဆိတ္ ကူညီတည္ေထာင္ေပးခဲ့ၾကေသာလူမ်ားကို သူ တကယ္ ေက်းဇူးတင္သည္။ ႏွစ္ေပါင္းမ်ားစြာ သူ႔ကိုယ္သူ ပုန္းကြယ္ေနထိုင္ခဲ့သည္။ သူ႔ခမည္းေတာ္ သို႔မဟုတ္ ညီ/အစ္ကိုေတာ္မ်ားက သူ႔ပံုစံအစစ္အမွန္ကို ရွာေတြ့သြားလ်ွင္ သူႏွင့္ သူတို႔ၾကားတြင္ ပထမဆံုးေသရမည့္လူမွာ သူသာျဖစ္သည္။

ေဖ့က်င္း၏ အႀကီးမားဆံုးၿပိဳင္ဘက္မ်ားက က်ရႈံးသြားတာေတာင္ သူ ဘာလို႔ ပိုပိုၿပီး စိုးရိမ္ေသာကေရာက္​ေနမိလဲ မသိေတာ့ေခ်။

ညဘက္တြင္ ဒုကၡသုကၡမ်ား ႀကံဳေတြ့ခဲ့ရၿပီး ေနာက္တစ္ေန့ညီလာခံတြင္ ဘုရင္မင္းျမတ္ေပၚလာ၍ ရံုးေတာ္မွဴးမတ္အရာရိွမ်ား အံ့အားသင့္သြားၾကသည္။

ဘုရင္မင္းျမတ္က ရာဇပလႅင္ေပၚတြင္ ထည္ဝါစြာ ထိုင္ေတာ္မူသည္။ သူက အလြယ္တကူ မရႈံးနိမ့္ႏိုင္ေသာ ဩဇာတိကၠမႀကီးမားဆဲ ဘုရင္ဆိုတာ အားလံုးကို သိေစခ်င္သည္။

ထိုေန့က မွဴးမတ္အရာရိွအမ်ားအျပား ေပ်ာက္ဆံုးေနခဲ့ၾကသည္။တစ္ခ်ိဳ႕က ညဘက္ေတြမွာ အသတ္ခံလိုက္ရၿပီး တစ္ခ်ိဳ႕ကေတာ့ ကြပ္မ်က္ခံရမည့္သူမ်ားကိုထားရာ နန္းေတာ္ေျမေအာက္အက်ဥ္းတိုက္တြင္ အက်ဥ္းခ်ထားျခင္းခံေနရသည္။

အသတ္ခံရ၊ အက်ဥ္းခ်ခံရေသာ ထိုမွဴးမတ္အရာရိွမ်ားမွာ အံအားသင့္စရာေကာင္းေလာက္ေအာင္ပင္ နဝမမင္းသားကို ေထာက္ခံၾကသူမ်ားပင္။ ဘုရင္မင္းျမတ္က သူတို႔ရာထူးမ်ားကို သာမန္လူမ်ားႏွင့္ အစားထိုးလိုက္သည္။

ညီလာခံတြင္ မွဴးမတ္အရာရိွမ်ားမွာ ဘုရင္မင္းျမတ္က သူတို႔ကို ထြက္သြားခြင့္မျပဳမခ်င္း တုန္လႈပ္ေနၾကရသည္။

ဘုရင္မင္းျမတ္က အရူးမဟုတ္ေပ။ သူ႔အသက္ကို ႀကီးႀကီးမားမား ၿခိမ္းေျခာက္ႏိုင္သည္မ်ားကို ရွင္းပစ္ခဲ့သည္။ သူႏွင့္ ေဖ့က်င္း အသက္ရွင္ေနသေရြ့ ေဖ့က်င္းကို ေထာက္ခံသူမ်ားကို သူ မရွင္းမပစ္လ်ွင္ ပုန္ကန္ႏိုင္သည့္ ၿခိမ္းေျခာက္မႈက ရိွေနဆဲျဖစ္လိမ့္မည္။

ေသျခင္းတရားႏွင့္ အျပစ္ဒဏ္က်ခံရမႈတို႔မွ လြတ္ေျမာက္လာေသာ မွဴးမတ္အရာရိွတို႔သည္ ညီလာခံနန္းေဆာင္အျပင္ဘက္တြင္ လမ္းေလ်ွာက္ေနၾကၿပီး ၫွင္းပန္းႏိွပ္စက္ခံရျခင္းမွ ထြက္ေပၚလာေသာ ေအာ္သံမ်ားကို ၾကားေနရသည္မွာ ထိတ္လန္႔ေၾကာက္ရြံ႔ဖြယ္ေကာင္းလွေပသည္။

"ေအာ္သံေတြက ဘယ္ကေနထြက္ေနတာလဲ" ပထမမွဴးမတ္က ေမးလိုက္၏။

"ၾကည့္ရတာေတာ့ နန္းတြင္းသမားေတာ္ေဆာင္ကေန ထင္တယ္" ဒုတိယမွဴးမတ္က ေျပာလိုက္၏။

"ဘယ္လို" ပထမမွဴးမတ္က ေမးလိုက္၏။

"ျဖည္းျဖည္းခ်င္း အသားေတြကို အပိုင္းပိုင္းျဖစ္ေအာင္ လွီးျဖတ္ၿပီးမွ ေသေစတဲ့နည္းပဲ၊ ဘုရင္မင္းျမတ္က သူ႔ကို လွည့္ျဖားတဲ့သူေတြဆို သိပ္မုန္းတာ" ဒုတိယမွဴးမတ္က ေျပာလိုက္၏။

သူတို႔ေခါင္းမ်ား ကိုယ္မွာ ၿမဲေစဖို႔ရာ အိမ္ေတာ္သို႔သာ အလ်င္အျမန္ ျပန္သြားၾကေတာ့သည္။

လူႀကီးမင္း​ေထာင္သည္ လူႀကီးလူေကာင္းတစ္ေယာက္ျဖစ္သည္။ သို႔ေသာ္ သူ႔အသားမ်ားကို အပိုင္းပိုင္းလွီးျဖတ္ၿပီးေနာက္မွာေတာ့ သူ႔ကို မမွတ္မိႏိုင္ေတာ့ေခ်။ အႀကိမ္တိုင္း အႀကိမ္တိုင္း အသားတစ္ပိုင္း လွီးၿပီးလ်ွင္ အေရျပားေအာက္တြင္ ေပၚလာေသာ ႂကြက္သားမ်ားေပၚ ဆားသိပ္ရန္ ကုန္းကုန္းမ်ားကို အမိန္႔ေပးထားသည္။

သူအယံုၾကည္ရဆံုး နန္းတြင္းသမားေတာ္ေလးေယာက္ထဲမွ တစ္ေယာက္က သူ႔အႀကံအစည္ကို ေဖာ္လိုက္မွန္း ဘုရင္မင္းျမတ္က သိသည္။ လူႀကီးမင္းေထာင္က မုမိဖုရားထံသို႔ ေရးထားေသာ လ်ိႈ႔ဝွက္စာမ်ားကို သူ႔သက္ေတာ္ေစာင့္မ်ားက ရွာေတြ့ခဲ့ၾကသည္။ ထို႔ေၾကာင့္ သူက အပိုင္းပိုင္းလွီးျဖတ္ခံရၿပီးမွ ေသျခင္းကဲ့သို႔ေသာ အရက္စက္ဆံုးျပစ္ဒဏ္ကို လူႀကီးမင္းေထာင္အား ခ်ီးျမႇင့္ခဲ့သည္။

မုမိဖုရားခဗ်ာ တစ္ညလံုး စိုးတထိတ္ထိတ္ ျဖစ္ေနရွာသည္။ ေဖ့က်န္းကို သူမ စိုးရိမ္ေနသည္။ ေဖ့က်န္းအိမ္ေတာ္တြင္ ဘာေတြမ်ားျဖစ္ေနသလဲ သိရရန္ သူမအေစခံမ်ားကို လႊတ္ခ်င္ေသာ္လည္း ဘုရင္မင္းျမတ္၏ သက္ေတာ္ေစာင့္မ်ားက သူမနန္းေဆာင္အတြင္း အက်ယ္ခ်ဳပ္ခ်ဳပ္ထားၿပီး သူမနန္းေဆာင္အတြင္း မည္သူတစ္ၪီးတစ္ေယာက္ကိုမ်ွ ဝင္ခြင့္မျပဳ။

မနက္ေရာက္ေတာ့မွ ေဖ့က်န္းႏွင့္ သူ႔လူမ်ားမွာ ပုန္ကန္မႈျဖင့္ အသတ္ခံလိုက္ရၿပီကို ေနာက္ဆံုးမွ မုမိဖုရား သိလိုက္ရသည္။ ေဖ့က်န္းမွာ သူ႔အားနည္းခ်က္ႀကီးျဖစ္ေသာ စိတ္မရွည္တတ္မႈေၾကာင့္ ေသသြားရမွန္း သူမ သိေသာ္လည္း ဘယ္လိုျဖစ္သြားသည္ကိုမူ အတိအက် မသိလိုက္ရ။

မုမိဖုရား ထြက္ေျပးရန္ ေတြးလိုက္ေသးသည္။ သို႔ေသာ္ ဘုရင္မင္းျမတ္၏ သက္ေတာ္ေစာင့္မ်ားက သူမကို လူႀကီးမင္းေထာင္၏ အခန္းထဲ ဆြဲေခၚသြားၿပီး လူႀကီးမင္းေထာင္ ေသသည္အထိ အပိုင္းပိုင္းလွီးခံေနရသည္ကို သူမအား အတင္းၾကည့္ခိုင္းေလသည္။ သူမ လြတ္ေျမာက္ႏိုင္စရာ လမ္းစမရွၿပီကို သူမ သိလိုက္၏။

လူႀကီးမင္းေထာင္ ေသၿပီးေနာက္ မုမိဖုရား တိတ္ဆိတ္စြာ ငိုေႂကြးေနသည္ကို ဘုရင္မင္းျမတ္က ၾကည့္ေနသည္။

"ကိုယ္ေတာ္ မယ္မင္းကို သံုးေပအရွည္ပိုးစျဖဴခ်ီးျမႇင့္မယ္" ဘုရင္မင္းျမတ္က မိန္႔၏။

ဘုရင္မင္းျမတ္က မုမိဖုရားကို စက္ဆုပ္သလို ၾကည့္ၿပီးေနာက္ အခန္းထဲမွ ထြက္ခြာသြားေတာ့သည္။

ေဖ့က်င္းႏွင့္ ဝမ္ဖုမူတို႔မွာ လူႀကီးမင္းေထာင္၏ အျပစ္ဒဏ္ေၾကာင့္ တုန္လႈပ္သြားမိၾကသည္။ လူႀကီးမင္းေထာင္ေနရာတြင္ သူတို႔မဟုတ္၍ ေတာ္ေသးသည္။

ဝမ္ဖုမူက ဘုရင္မင္းျမတ္ေနာက္လိုက္ၿပီး အခန္းျပင္သို႔ ထြက္သြားလိုက္ေတာ့သည္။

"မင္းပဲ" မုမိဖုရားက ေဖ့က်င္းကို စြပ္စြဲလိုက္သည္။

မုမိဖုရားက ဉာဏ္ေကာင္းတာေတာင္ ေဖ့က်င္း၏ အားနည္းပံုရသည့္အသြင္သ႑ာန္ေၾကာင့္ ႏွစ္ေပါင္းမ်ားစြာ လွည့္စားခံခဲ့ရသည္။

"ေဖ့က်င္း နင္ ရက္စက္လွခ်ည္လား" မုမိဖုရားက ေျပာလိုက္သည္။

"မုမိဖုရားကို ေက်းဇူးတင္ရမွာပဲ" ေဖ့က်င္းက ေျပာလိုက္၏။

မုမိဖုရား အသက္ရႉက်ပ္သြားရသည္။

"ကြၽန္ေတာ့္မိသားစုအေပၚထားတဲ့ ရက္စက္ယုတ္မာမႈကို ခင္ဗ်ားတို႔ကို ျပန္ေပးလိုက္တာပဲ" ေဖ့က်င္းက ေျပာလိုက္သည္။ "ခင္ဗ်ားက မိဖုရားခ်န္ကို သတ္ၿပီးေတာ့ ကြၽန္ေတာ့္ဇနီးနဲ႔ ကေလးကို အႏၲရာယ္ေပးခဲ့တယ္၊ ၿပီးေတာ့ ကြၽန္ေတာ့္ကိုလည္း ေသတြင္းထဲ အႀကိမ္ႀကိမ္ ပို႔ဖို႔ ႀကိဳးစားခဲ့ေသးတယ္"

"ဒီေတာ့ မင္းက လက္စားျပန္ေခ်တာလား" မုမိဖုရားက ေမးလိုက္၏။

မုမိဖုရား၏ စြပ္စြဲခ်က္ကို ေဖ့က်င္း ျပန္လည္မေခ်ပခဲ့ေပ။

မုမိဖုရားက ေအးစက္စက္ ရယ္ေမာလိုက္သည္။

"မိဖုရားခ်န္ကို ငါ သတ္ခဲ့တယ္လို႔ မင္းထင္တာလား"

"ဘယ္သူျဖစ္ႏိုင္ေသးလို႔လဲ" ေဖ့က်င္းက ေမးလိုက္၏။ "ကြၽန္ေတာ့္ဇနီးကို အဆိပ္ခတ္ဖို႔ ဖူေကြ့ေတာင္ သံုးခဲ့ေသးတယ္၊ ခင္ဗ်ား မိဖုရားခ်န္ကို သတ္တုန္းက သံုးခဲ့တဲ့ အဆိပ္နဲ႔ အတူတူပဲ"

"ေဖ့က်င္း မိဖုရားခ်န္ကို သတ္ခဲ့တဲ့လူက ငါ မဟုတ္ဘူး" မုမိဖုရားက ေျပာလိုက္၏။ "မင္းခမည္းေတာ္ပဲ"

ေဖ့က်င္း အံ့အားသင့္သြားေသာ္လည္း မိဖုရားခ်န္ ဘာေတျြဖစ္ခဲ့သလဲဆိုတာကို မုမိဖုရားက အေသးစိတ္ျပန္ေျပာျပသည္ကို နားေထာင္လိုက္သည္။

"အဲ့ဒီ့ႏွစ္က ဟြမ္းေကာ္ရဲ့ စစ္တပ္က အရမ္းအင္အားႀကီးလာတယ္" မုမိဖုရားက ေျပာလိုက္၏။ "မိဖုရားခ်န္ ကိုယ္ဝန္ရိွလာေတာ့ ဟြမ္းေကာ္က ပုန္ကန္ဖို႔ ႀကံတယ္၊ မင္းခမည္းေတာ္ကို လုပ္ႀကံဖို႔ ႀကိဳးစားခဲ့ၾကတဲ့ လုပ္ႀကံသူေတြေနာက္မွာ ဟြမ္းေကာ္ရိွတယ္၊ မင္းခမည္းေတာ္ အသက္ရွင္ခဲ့တယ္၊ မိဖုရားခ်န္နဲ႔ သူ႔သားေတာ္ကို သတ္မွရမယ္ဆိုတာ သူသိလိုက္တယ္၊ မဟုတ္ရင္ သူ႔ေျမးသာအသက္ရွင္ေနရင္ ဟြမ္းေကာ္က ပုန္ကန္လိမ့္မယ္၊ မင္းခမည္းေတာ္က မိဖုရားခ်န္နဲ႔ သူ႔သားကို သတ္ဖို႔ ဖူေကြ့အဆိပ္ကို သံုးခဲ့တာ"

မုမိဖုရားက ေဖ့က်င္း အံ့အားသင့္ေနသည္ကို ၾကည့္ရင္း ရယ္လိုက္၏။

"ေဖ့က်င္း အခု မိဖုရားခ်န္ကို ဘယ္သူသတ္လဲ မင္း သိၿပီ၊ သူ႔အတြက္ လာစားေခ်ၪီးမွာလား"

ေဖ့က်င္းတစ္ကိုယ္လံုး ေအးစက္သြား၏။

"ဒီပြဲမွာ ဘယ္သူမွ မႏိုင္ဘူး
" မုမိဖုရားက ေျပာလိုက္သည္။ "ဒါေပမယ့္ မင္းအႀကံက ငါ့အႀကံထက္ ပိုေကာင္းလို႔ ငါ့သားကို ဆံုးရႈံးခဲ့ရတာ၊ ဒါေၾကာင့္ မင္းႏိုင္တယ္၊ ငါ ေသရေတာ့မယ္၊ ေဖ့က်င္း မင္း သတိထားသင့္တယ္၊ မင့္ခမည္းေတာ္က သူ႔ကို လွည့္စားတာကို မုန္းတယ္၊ မင္း သူ႔ကို လွည့္စားမွန္း သူသိသြားခဲ့ရင္ ငါတို႔ထက္ ပိုၿပီး သနားစရာေကာင္းေအာင္ ေသရလိမ့္မယ္"

ေဖ့က်င္း ျပန္လည္ တည္ၿငိမ္သြားသည္။ "သတိ​ေပးတဲ့အတြက္ အေမ့ကို ေက်းဇူးတင္ပါတယ္"

ေဖ့က်င္း အခန္းထဲမွ ထြက္လာလိုက္သည္။

ခဏၾကာေတာ့ သံုးေပအရွည္ပိတ္စျဖဴက မုမိဖုရားကို အသက္ရႉက်ပ္ကာ ေသေစခဲ့ေတာ့သည္။

Fortsätt läs

Du kommer också att gilla

89.9K 9.8K 120
"မှားယွင်းသော လက်ထပ်ခြင်းမှသည်.....ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၁)" ***MM Translation (Just for fun) "မွားယြင္းေသာ လက္ထပ္ျခင္းမွသည္.....ေကာင...
116K 8.2K 87
My wife spoil me too much.... translated by :Triple - M20 အျမဲလိုလို သူ့ကို သေစေချင်နေသည့်သူ့ဇနီးက ကားမတော်တဆမှုဖြစ်ပြီးနောက် အတိတ်မေ့သွားတာကို သိလို...
389K 37.7K 176
Title: My Mom's Second Marriage Gifted Me Seven Brothers Author: Jay English Translator: EndlessFantasy Translation Genre: Drama, Romance This co...
367K 39.9K 29
- အရင်နေရာ အရင်အချိန်ကိုပြန်သွားနိုင်ဖို့ ဘယ်လိုမစ်ရှင်(Mission)တွေမဆို ထမ်းဆောင်နိုင်ပါ့မလား - အဲ့ဒီမစ်ရှင်တွေဟာ မဖြစ်နိုင်လောက်အောင်ခက်ခဲနေမယ်ဆိုရ...