Devil System(U+Z)
Door Yukichan65
488K 44.6K 918
စက်​ပညာတိုးတက်​​ခေတ်​မှီလာ​သောအချိန်​တစ်​ခု.... လူသားများကိုယ်​တိုင်​ဝင်​​ရောက်​ကစားနိုင်​​သောsystemကြီးဟာထိ... Meer
Devil System
Arc1-1
Arc1-2
Arc1-3
Arc1-4
Arc1-5
Arc1-6
Arc1-7
Arc1-8
Arc1-9
Arc1-10
Arc1-final
Devil System (in the space)
တောင်းပန်​ခြင်း...
Arc2-1
Arc2-2
Arc2-3
Arc2-4
အ​ကြောင်းကြားခြင်း....
Arc2-5
Arc2-6
Arc2-7
Arc2-8
Arc2-9
Arc2-10
Arc2-11
Arc2-final..
Arc3-1
Arc3-2
Arc3-3
No update
Arc3-4
Arc3-5
Arc3-6
Arc3-7
Arc3-8
Arc3-9
Arc3-10
Arc3-11
Arc3-12
Arc3-13
Devil System-In Space
Arc4-1
Arc4-2
Arc4-3
Arc4-4
Arc4-5
Arc4-6
sorry for late
Arc4-7
Arc4-8
Arc4-9
Arc4-10(🚨🚨🚨)
Arc4-11
Arc4-12
Devil System-(Real life)
Arc5-1
Arc5-2
Arc5-3
Arc5-4
Arc5-5
Arc5-6
Arc-5-7
Arc5-8
Arc6-1
Arc6-2
Arc6-3
Arc6-4
Arc6-5
Arc6-6
Arc6-7
Arc6-8
Arc6-9
Pov:3
Arc7-1
Arc7-2
Arc7-3
Arc7-4
Arc7-5
Arc7-6
Arc7-7
Arc7-8
Arc7-10
Arc7-11
Arc7-12
Han Hyung
In the Space
Arc8-1
Arc8-2
Arc8-3
Arc8-(4+5)
Arc8-4
Arc8-6
Arc8-7
Hi! I'm Allie
Arc8-8
Arc8-9
Arc8-10
Arc8-11
Arc8-12
Arc8-13
Arc8-Final
Real Life-1
Real life-2
Real Life-3
Real Life-4
Real life-5
Real Life-6
Real Life-7
Real Life-8
Real Life -9
Real Life-10
Real lie-11
Real Life -12
Real Life -13
Real Life-14
Real Life-15
Real Life-16
Real Life -End
Arc7-9
2K 293 2
Door Yukichan65
Zawgyi
" ပါး!!_"
မိမိတို့​ရောက်​သည်​နှင့်​ ထိုသူသည်​ဝမ်းသာစွာဖြင့်​ ကြိုဆိုလာသည်​...။
" ဒါ..ဒါက??_"
Tadatsuမူလလူ၏မှတ်​ဥာဏ်​ထဲ၌ကျန်​ခဲ့သည့်​အတိုင်းဆု​တောင်း​ပေးလိုက်​သည်​...။
မိမိစိတ်​ထဲတွင်​​တော့
..............................................
" အဘိုးကြီးဟန်​!!_"
" ဒါ...ဒါက??_"
" ​တွေ့ရတာဝမ်းသာပါတယ်​_"
" ကိုယ့်​ကိုမှတ်​မိလား??_"
" ဆွဲကြိုး?_"
'သူအသိရှိ​နေတာများလား??_´
^17.8.2021
^Allie_Kim
.......................................................................
Unicode
Zawgyi
" ပါး!!_"
မိမိတို့ရောက်သည်နှင့် ထိုသူူသည်ဝမ်းသာစွာဖြင့် ကြိုဆိုလာသည်...။
ထို့နောက်နောက်ဘက်မှ ပါလာသည့်Luggageများကိုကြည့်ပြီးနောက်တွင်တော့ ထိုသူ၏အပြုံးသည်မယုံကြည်နိုင်ခြင်းများစွာဖြင့် အမေးဆောင်သည့်အပြုံးများကတောက်ပနေ၏....။
" ဒါ..ဒါက??_"
" သားတွေကအဖေအိမ်မှာလာနေတာ မေးခွန်းများဖြစ်စေတာလား??_"
ထိုအခါတွင်တော့ ထိုသူသည် သူ၏သားနှစ်ယောက်အားခုံတွင်ထိုင်စေကာ အလုပ်သမားများအားခေါ်ကာ အပေါ်ထပ်မှအခန်းအသီးသီဆီသို့ပို့စေသည်...။
" ဒါတကယ့်ကို ဒီလူအိုကြီးကိုအံအားသင့်အောင်လုပ်လိုက်တာပဲ..
ပွဲကိုတတ်မဲ့အပြင် ဒီအိမ်မှာနေပြီးတော့ ဒီလူအိုကြီးကိုအထီးမကျန်အောင်ဖန်တီးပေးလိုက်တာပဲ ငါ့သားတွေတကယ်ကိုကြီးလာပြီပဲ_!!"
" မွေးနေ့မှာပျော်ရွှင်ပါစေ! !_"
Tadatsuမူလလူ၏မှတ်ဉာဏ်ထဲ၌ကျန်ခဲ့သည့်အတိုင်းဆုတောင်းပေးလိုက်သည်...။
အမှန်ဆိုလျှင်ယနေ့သည်ထိုသူ၏မွေးနေ့ပင် ....။မူလTadatsuသည် ဖခင်ဖြစ်သူ၏မွေးနေ့အားသိသော်လည်း ထိုသူ၏မွေးနေ့ပွဲတိုင်းတွင်သွားရောက်ခြင်းမရှိပေ...။သို့သော်လည်း
ပန်းတစ်စီးကိုတော့အမည်မဖော်သူအဖြစ်သာပေးပို့လေ့ရှိသည်...။
မိမိစိတ်ထဲတွင်တော့
' အဖေ့ကိုမုန်းတီးနေပေမဲ့ ဂရုစိုက်သေးသား´ဟုသာတွေးလိုက်သည်....။ဆယ်နှစ်အရွယ်ကလေးတစ်ယောက်၏နာကျင်မှုသည် မုန်းတီးသည့်အချိန်ထိတော့မရောက်သေးချေ....။
..............................................
ပွဲအတွင်းတွင်တော့ ဂုဏ်ရှိန်ကြီးမားသည့်သူများသာပြည့်နှက်နေသည်...။အသီးသီးသည် ဟန်ကျစ်ရွှမ်း(Tadatsuနှင့်Arikaအဖေ)နှင့်ရင်းနှီးသူများသာ...။တစ်ချို့သူများသည်တော့ ထိုသူများနှင့်ပါလာသည့်သူများဖြစ်သည်....။
အနည်းဆုံးတော့ ထိုသူများသည် စီးပွားရေးတွင်ထူးချွန်အောင်မြင်သည့်သူများဖြစ်သည်...။
ထိုလူအိုကြီးသည် သူတို့၏သားဖြစ်သူအား တစ်ခြားသောသူများထံတွင်မိတ်ဆက်နေလေသည်...။
တစ်ချို့သူများသည်တော့ မိမိတို့အားသိသည့်သူများဖြစ်တာကြောင့်...ထိုလူအိုကြီး၏မိတ်ဆက်ပေးမှုနောက်တွင်တော့ အံသြမှုတို့အားမဖုံးကွယ်နိုင်ကြချေ....။
" အဘိုးကြီးဟန်!!_"
နောက်မှကြားရသည့်စကားကြောင့်မိတ်ဆက်ပေးနေရင်းဖြင့်ထိုသူသည်လှည့်ကြည့်နေလေသည်...။
" အဘိုးကြီးရှန်း ရောက်တာနောက်ကျတယ်မထင်ဘူးလား??_"
ထိုသူ၏အမေးကိုပင် မိမိတို့ရှေ့မှလူအိုကြီးသည် မဖြေပဲ အကြည့်တို့ဆီမိမိတို့ဆီသို့ရောက်လာ၏....။
ရှန်းဟွမ်စစ်သိချေသည်....အဘိုးကြီးဟန် ၏ဘေးတွင်ရပ်နေသည့်သူနှစ်ယောက်သည် မကြာသေးခင်ကမိမိတို့ကျောင်းတွင်လာ၍ဖျော်ဖြေသွားသည့်သူများပင်...။
လူစုံရှိမနေသော်လည်း ထိုသူတို့သည်မည်သူဖြစ်မည်ကိုရျန်းဟွမ်စစ်သိလေသည်...။
" ဒါ...ဒါက??_"
" ငါ့သားတွေလေ...??_ မင်းသူတို့ကိုသိတယ်မလား??"
" မင်းသားတွေတဲ့လား??_ မင်းဆီမှာဒီလောက်တော်တဲ့သားတွေရှိတာငါမသိခဲ့ပါလား?? ပြီးတော့ မင်းကသားတွေအကြောင်းနည်းနည်းတောင်ထုတ်မပြောခဲ့ဘူးလေ..ငါသိတာဆိုလို့ မင်းမှာသားနှစ်ယောက်ရှိတယ် သူတို့ကမင်းနဲ့အတူမနေဘူး ဒီလောက်ပဲသိတာ_"
" ငါသာမပြောတာ မင်းကတော့ မင်းသားရဲ့အကြောင်းကိုတွေ့တိုင်းပြောနေတာလေ??_"
ထိုသူသည် နောက်မှတဖြည်းဖြည်းလျောက်လာသည့်သူကိုကြည့်၍ပြောလိုက်သည်....။
" ဒီလူအိုကြီးက ကျွန်တော့်အကြောင်းဘာများပြောထားတာလဲ သိပါရစေ??_"
နောက်မှထိုသူသည် ရှေ့သို့ထွက်လာလေရင်းမေးလိုက်လေသည်..။
" တွေ့ရတာဝမ်းသာပါတယ်.. ကျွန်တော်ကဒီလူကြီမင်းရှန်းရဲ့သားရှန်းစီနျန်ပါ_"
" ဦးလေးမင်းကိုမမြင်ဖူးပေမဲ့ မင်းကိုတွေ့တည်းက အေးစက်စက်ပုံကဒီလူကြီးဆီကအမွေရထားမှန်းသိပါတယ် "
" တွေ့ရတာဝမ်းသာပါတယ်_"
ထိုသူသည်မိမိအဖေအားနှုတ်ဆက်ပြီးသည်နှင့်မိမိဘက်သို့လှည့်ကာနှုတ်ဆက်လာသည်...။
Tadatsuအတွေးထဲတွင်တော့
'မူလပိုင်ရှင်ရဲ့အဖေက သူ့အဖေနဲ့သိနေတာတဲ့လား??_ဒါတောင်သတ်ပြစ်တဲ့အထိရက်စက်သေးတယ် ကိုယ်သတ်မဲ့လူရဲ့အကြောင်းစုံစမ်းသင့်တယ်မထင်ဘူးလား??_ ငါလိုချင်တာရပြီးတာနဲ့ မင်းကိုလဲမူလပိုင်ရှင်ကိုယ်စားလက်စားချေပေးရမယ်..´
" ကိုယ့်ကိုမှတ်မိလား??_"
ထိုသူ၏အမေးကြောင့်စကားဝိုင်းမှလူများအားလုံး၏မျက်ဝန်းများသည်မိမိတို့ဆီသို့...။
" မင်းတို့ကသိနေကြတာလား??_"
ထိုအမေးကိုတော့အဆုံးထိဘာမျှမပြောပဲငြိမ်နေသည့်Arikaထံမှထွက်လာခြင်း......။
" ဆုံဖူးတယ်ရယ်မဟုတ်ပါဘူး ဒီအတိုင်းမျက်လုံးချင်းဆုံဖူးတာပဲလို့ဆိုရမှာပေါ့_"
ထိုအဖြေသည်မိမိဆီမှထွက်လာခြင်းမဟုတ်ပဲ ရှန်းစီနျန် ဆိုသည့်မိမိရှေ့မှသူထံကထွက်လာခြင်း....။
ထို့နောက်မိမိသတိထားမိသည်က ထိုသူ၏အကြည့်သည်မိမိ၏လည်ပင်းနေရာဆီသို့တစ်ခုခုကိုစူးစမ်းနေဟန်....။
ထို့နောက်တွင်တော့ လူအိုကြီးနှစ်ယောက်၏စကားဝိုင်းတွင်မိမိတို့သည်ဘေးထွက်ပေးလိုက်ရသည်....။
ထိုအခါမှTadatsuလဲ နေရသက်သာစွာဖြင့် လူလွတ်သည့်နေရာတွင်သာထိုင်နေလိုက်တော့သည်....။
Arikaဆီသို့အကြည့်ရောက်မိပြန်တော့ ထိုသူသည် ဖုန်းပြောနေဟန်ရကာ နှုတ်ခမ်းတို့သည်ပြန်ပင်မစိတော့ချေ....။
' ဘာတွေအဲ့လောက်ဝမ်းသာနေတာလဲ??_´
ထို့နောက် မိမိရှေ့တွင်ဝင်ထိုက်လိုက်သည့်ပုံရိပ်တစ်ခု......။
" ဒီနေ့တော့လမင်းရဲ့အာရုံစူးစိုက်မှုက ဆွဲကြိုးဆီမှာမဟုတ်ဘူးပဲ"
" ဆွဲကြိုး?_"
'ဆွဲကြိုး??_ဘယ်ဆွဲကြိုးကိုပြောနေတာလဲ?? ´
" omm..ဒါပေမဲ့ဒီနေ့တော့မင်းဝတ်ထားမတွေ့ရဘူး..ဒါကြောင့်မင်းရဲ့စိတ်ဝင်စားမှုတွေကတစ်ခြားနေရာတွေဖြစ်နေတာလားလို့??_"
Tadatsuမယုံနိုင်သည့်မျက်ဝန်းတို့ဖြင့်သာမိမိရှေ့မှ ဇာတ်လိုက်ကိုသာစိုက်ကြည့်နေလိုက်သည်...။အတွေးတို့သည်တော့ရပ်နားမနေပေ....။
' သူကဆွဲကြိုးကိုမြင်နေရတာလား??_တကယ်ဆိုငါပဲမြင်ရတာလေ_??´
[ De..သူကဆွဲကြိုးကိုမြင်နေရတာလား? ?_]
ထိုအခါမှဘယ်အချိန်တည်းကမှန်းမသိရှိနေသည့်Deသည်အဖြေပေးလာသည်...။
[ ကျွန်တော်သေချာတော့မသိဘူး..ဒါပေမဲ့ သူ့ဝိညာဉ်ရှိတဲ့ဟာမို့ သတိထားမိတာလားမသိဘူး??_]
မိမိအားဖြေပြီးသည်နှင့်အသံသည်ချက်ချင်းပြန်ပျောက်သွားပြန်၏...။
ထို့နောက်မိမိအရှေ့မှလူ၏းကားသံအားထပ်မံကြားရသည်...။
" ကိုယ်စိတ်ပဲထင်တာလားတော့မသိဘူး..ကိုယ်သေချာသိတာကတစ်ခါပဲအဲ့ဆွဲကြိုးကိုမြင်ဖူးတယ်ဆိုပေမဲ့ အကြိမ်အကြိမ်မင်းရဲ့အဲ့ဆွဲကြိုးအပေါ်အာရုံစိုက်မှုကိုတွေ့ဖူးနေသလိုပဲ.. အဲ့နေ့မင်းနဲ့ဆုံတဲ့နေ့က ညဘက်မှာကိုယ်အိပ်မက်မက်တယ် မင်းဆိုပေမဲ့ မင်းမဟုတ်တဲ့မင်းရဲ့ပုံစံတွေကိုပေါ့_!!"
ထို့နောက်မိမိအတွေးထဲဝင်လာသည်မှာ
'သူအသိရှိနေတာများလား??_´
^17.8.2021
^Allie_Kim
(A/N-နောက်ကျသွားတယ်လို့စ် Miannae yoಥ_ಥ)
.......................................................................
Ga verder met lezen
Dit interesseert je vast
2.5M 283K 200
Wáng Yì(ဝမ်ရိ)ဟာ Novelတစ်ခုရဲ့ အချိန်အပိုင်းအခြားထဲကို မတော်တဆဝင်ရောက်သွားပြီး အဲ့ဝတ္ထုထဲမှာ Villain roleနေရာကနေ သရုပ်ဆောင်ပေးရတဲ့ System Manhuaလေးပါ...
129K 11.9K 47
ဒါကUnicodeမရခဲ့တဲ့အပိုင်း​တွေအတွက်​ပြန်​​ရေး​ပေးတာပါဒီထဲမှာunicodeပဲပါမှာမယ်​အစကဟိုအထဲမှာပဲတင်​​ပေးဖို့ဒါ​ပေမဲ့လဲအခုဖတ်​​နေတဲ့သူ​တွေကရ​ရောကုန်​မှာဆိ...
1.2M 213K 92
ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ The General's Vampire Omega Title - 上将的omega吸血鬼 Author - Little Baldy (秃子小贰) Translation Status - Completed ...
28.7K 1.7K 10
Commentလေးတွေလိုက်ဖတ်ကြည့်တော့တစ်ယောက်တစ်မျိုးဆီဘယ်ဟာတော့ဘာရေးပေးပါလို့တောင်းထားတာလေးတွေတွေ့တယ် ဒါကြောင့်ဒီတစ်ခေါက်ရေးထားတဲ့One Shot မှာအကုန်ပေါင်းေ...