ဒီရေတာသို့တမ်းခြင်း(ဒီရတောသို...

De NanDarDar4

4.4K 364 46

ငါတို့နှစ်ယောက်နီးစပ်ဖို့ဘယ်နေရာကများစပြီးလွဲမှားခဲ့တာလဲ.. ငါတို႔ႏွစ္ေယာက္နီးစပ္ဖို႔ဘယ္ေနရာကမ်ားစၿပီးလြဲမွားခ... Mais

ဒီရေတာသို့တမ်းခြင်း::ဒီရတောသို့တမျးခွငျး
အမွာစာ(၁)
Intro
အပိုင္း(၁)
အပိုင္း(၂)
အပိုင္း(၃)
အပိုင္း(၄)
အပိုင္း(၅)
အပိုင္း(၆)
အပိုင္း(၇)
အပိုင္း(၈)
အပိုင္း(၉)
အပိုင္း(၁၀)
အပိုင္း(၁၁)
အပိုင္း(၁၂)
အပိုင္း(၁၃)
အပိုင္း(၁၄)
အပိုင္း(၁၅)
အပိုင္း(၁၆)
အပိုင္း(၁၇)
အပိုင္း(၁၈)
အပိုင္း(၁၉)
အပိုင်း(၂၀)
အပိုင္း(၂၁)special chapter
အပိုင္း(၂၂)special chapter
အပိုင္း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)

ဇာတ်သိမ်းပိုင်း

61 5 0
De NanDarDar4

ဒီရေတာသို့တမ်းခြင်း

ခေါင်ထက်နှင့်မိုင်လေးသည်ဆန်းအားအိပ်ပျော်
သွားသည်အထိအဖော်ပြုပေးပြီးဆန်းအိပ်ပျော်
သွားသည်သေချာမှသာနှစ်ယောက်သားမှာတိုက်ခန်း
အပြင်ဘက်သို့ထွက်လာကာအိမ်ပြန်ကြရန်ပြင်
လေသည်။ဆန်း၏ယခုအခြေနေအားမည်သို့
လုပ်လျှင်အဆင်ပြေနိုင်မည်အားလည်းနှစ်ယောက်
သားမှာအကြံထုတ်နေကြသည်။ယခုတွင်လည်း
နှစ်ယောက်သားမှာတိုက်ခန်းမှကားရှိရာသို့ဆင်း
လာသည့်လမ်းတွင်လည်းဆန်းအကြောင်းအား
ထပ်ကာဆွေးနွေးကြပြန်သည်။

""ခွန်ဇေဘက်ကအခြေနေဘယ်လိုတဲ့လဲ""

​မိုင်လေး၏အမေးအားပြန်ဖြေရန်အဖို့ခေါင်ထက်
ထံတွင်အဖြေရှိမနေသဖြင့်သူသည်လည်းခေါင်းသာ
ခါရမ်းနိုင်တော့သည်။

""ခုထိမဆက်သွယ်လာသေးဘူး""

""ခွန်ဇေကဘယ်လိုမှာသွားတာလဲ""

ခေါင်ထက်မှပြောပြရန်ဝန်လေးနေသဖြင့်သက်ပြင်း
သာချနိုင်တော့သည်။

""ခွန်ဇေပြောသွားတာကတော့ ထိုင်းကိုရောက်တာ
နဲ့တာ့ကိုခွဲစိတ်ဖို့စီစဉ်ထားကြတယ်တဲ့..ခွဲစိတ်မှု
အောင်မြင်ရင်တော့သူဆက်သွယ်လိုက်မယ်..တကယ်လို့
ခွဲစိတ်မှုသာမအောင်မြင်ရင်တော့..ခွဲစိတ်မှုမအောင်
မြင်မချင်းကိုသူဆက်သွယ်ဖြစ်မှာမဟုတ်သေး
ဘူးတဲ့""

ခေါင်ထက်ဆိုလာသည်အားမိုင်လေးမှနားလည်
ဟန်ခေါင်းငြိမ့်ပြလာလေသည်။

""ငါတို့ဆန်းကိုဆေးရုံတက်ခိုင်းမှဖြစ်မယ်..ငါ
ကိုဆတ်နဲ့အကုန်တိုင်ပင်ထားပြီးသားပဲ၊ကိုဆတ်
ကလဲဆန်းကိုဆေးရုံတက်စေချင်တယ်၊ဆန်းကို
ဒီလိုလွတ်ထားလို့မဖြစ်တော့ဘူး၊ဒီရေတာက
ဘယ်အချိန်ခွဲစိတ်မှုအောင်မြင်ပြီးငါတို့ကို
ပြန်ဆက်သွယ်လာမလဲဆိုတာကိုငါတို့မသိသေး
ဘူးလေ..ဒီအတောတွင်းဆန်းကိုငါတို့ဆေးကုခိုင်းမှ
ဖြစ်မယ်""

""ငါလဲအဲ့တာပဲစဉ်းစားနေတာ..အန်ကယ်နဲ့အန်တီလဲ
ဆန်းကိုအရမ်းစိတ်ပူနေကြတာ..သူတို့မှာက
ဒီသားတယောက်ထဲရှိတော့ခုထိကိုသူတို့လဲ
အစိုးရိမ်လွန်ကဲနေတုန်းပဲ""

""ဖြစ်သင့်ပါတယ်လေ..ဆန်းကိုကသူတို့ရဲ့အမွေဆက်
ခံသူပဲလေ..ငါတို့ဒီရက်ပိုင်းအတွင်းဆန်းကိုဆေးရုံ
တက်ဖို့သွားဖြောင်းဖြရအောင်..နင်ကတော့
ခွန်ဇေနဲ့ဆက်သွယ်လို့ရအောင်လုပ်ကြည့်..အရာအား
လုံးကအဆိုးထဲကအကောင်းဆိုသလိုပဲ..
မတော်လို့များတာသာခွဲစိတ်မှုမအောင်မြင်ခဲ့ရင်
တောင်ဆန်းကိုတော့ဒီလိုမျိုးတသက်လုံးထားသွား
လို့မဖြစ်ဘူး""

""ဟုတ်တယ်..ဒီလိုသာဆိုသူဒီ့ထက်ပိုပြီး
အခြေနေဆိုးလာလိမ့်မယ်""

""တာကသိပ်မကြာခင်မှာပဲခွဲစိတ်မှုအောင်မြင်ပြီး
ဒီကိုဆက်သွယ်လာမှာပါ..ငါလဲသူ့အပေါ်ကျေးဇူး
ကြွေးတွေတင်နေတာအများကြီးပဲ..ပြန်ဆပ်ရအုံး
မှာ..ဒီကျောက်ကပ်အတွက်အပါဝင်ပေါ့""

နှစ်ယောက်သားမှာစကားလည်းဆိုရင်း၊ကားရှိသည့်
ဦးတည်ရာသို့လာပြီးဆန်းအဖို့မည်သို့လုပ်ကြရ
မည်အားစဉ်းစားရခက်နေကြလေသည်။





...................

ဆေးနံ့များထုံမွန်နေသည့်အခန်းတစ်ခန်း။

ထိုအခန်းအားစိတ်ကြည်လင်စေရန်လိုက်ကာမှအစ
စားပွဲခင်း၊အိပ်ယာခင်းမှအဆုံးအပြာရောင်
နုနုလေးကိုသာအသုံးပြုထားလေသည်။ထိုအခန်း
သည်အနည်းငယ်မှောင်မိုက်ချင်နေသော်လည်း
နေရောင်ခြည်လုံလောက်စွာရရှိစေရန် မှန်ပြတင်း
ပေါက်လည်းတပ်ဆင်ထားသည်။အခန်းထဲတွင်
ထိခိုက်ဒဏ်ရာရစေမည့်၊မည်သည့်ပစ္စည်းများမှ
ထားရှိခြင်းမရှိပါပဲအမြင်အေးစေသည့်ကြွေပန်း
အိုးလေးတွေအဖြူရောင်နှင်းဆီပန်းများထိုးထား
လေသည်။

""ဆေးအရှိန်နဲ့အိပ်ပျော်နေတာပါ..နိုးလာပါလိမ့်မယ်"
ထိုစကားဆိုနေသူမှာဒေါက်တာဆတ်ဖြစ်ရာထိုအခန်း
ထဲရှိနေသူမှာ ဆန်းဝံ့ကြယ်၏မိဘ၊ခေါင်ထက်နှင့်
မိုင်လေးသာရှိသည်။

""ဒီကုထုံးကဆန်းအတွက်တော့ထူးခြားမှုရှိမှာပါနော်""

မိုင်လေးဆိုလာသည်၏အဖြေအားကျန်ရှိသည့်
သူများမှလည်းစောင့်စားနေဟန်။

""ရှိမှာပါ..ဆန်းဝံ့ကြယ်ရဲ့အခြေနေကအဲ့လောက်
မဆိုးပါဘူး၊သေချာကုသရင်ဖြည်းဖြည်းချင်း
ပြန်ကောင်းလာမှာပါ""

ထိုအဖြေအားကြားမှသာလျှင်စိတ်သက်သာရာ
ရကြတော့သည်။

""ဒါဆိုကျွန်တော်တို့အပြင်ထွက်ကြရအောင်၊
သူကောင်းကောင်းအနားယူပါစေ၊အခန်းထဲမှာ
တစ်ခုခုထိခိုက်စေမဲ့ဘာပစ္စည်းတွေမပါလို့
သူတယောက်ထဲလွတ်ထားလဲဖြစ်ပါတယ်၊ကျွန်တော်
တို့ရှိနေရင်သူ့အတွက်ပိုပြီးတော့အနှောက်ယှက်
ဖြစ်နေလိမ့်မယ်""

ဆတ်မှထိုသို့ဆိုပြီးဦးစွာထွက်လာရာကျန်ရှိသည့်
သူများသည်လည်းဆန်းအားတစ်ချက်ကြည့်ကြရင်း
အခန်းပြင်သို့ထွက်သွားကြလေတော့သည်။

ဂျက်!!

အခန်းတံခါးပြန်ပိတ်သွားသည်သေချာမှအစောက
ပိတ်ထားသည့်ဆန်း၏မျက်ဝန်းများမှာဖြည်းညင်း
စွာပွင့်လာပြီးသူမြင်နေရသည့်မျက်နှာကျတ်ကိုသာ
အကြောင်းရင်းမရှိပါပဲငေးကြည့်နေမိလေသည်။

အခန်းကနေရောင်ခြည်တွေတိုးဝင်နေတော့
အလင်းထိုးလွန်းလို့သူအိပ်မရတော့ဘူး...

ဆန်းသည်ခံစားချက်မဲ့နေသည့်မျက်နှာဖြင့်အခန်း
တံခါးအားကြည့်နေသည်မှာအတန်ကြာသည်အချိန်
ထိသူ၏အကြည့်တို့အားထိုတံခါးပေါက်ထံမှ
အကြည့်မလွဲမိသေး။သူ၏အတွေးအားသူသာ
လျှင်နားလည်ပေလိမ့်မည်။သို့မဟုတ်
သူကိုယ်တိုင်မှနားမလည်သည်လဲဖြစ်နိုင်သည်။

မိနစ်အချို့ကူးပြောင်းလာသည့်အခါမှသာလျှင်
ဆန်းသည်အခန်းတံခါးအဝင်အားကြည့်နေ
ရာမှသူ၏မျက်ဝန်းအလွာအားမှိတ်ချလိုက်လေသည်။
ပြီးနောက်သူ၏အနည်းငယ်ဖြူစွတ်ချင်နေသည့်
နုတ်ခမ်းသားထက်မှလည်းစကားလုံးအချို့ထွက်
ကျလာလေသည်။

""ရူးချင်ယောင်ဆောင်နေတဲ့လူကိုအတင်းကုနေလို့
လည်း ပြန်ကောင်းလာမှာမှမဟုတ်တာ""

ဟူသည့်စကားလုံးအချို့ပင်ဖြစ်သည်။






...................

၃နှစ်ခန့်ကြာပြီးနောက်......

အချိန်ကာလအားဖြင့်ကုန်ဆုံးမြန်လွန်းလှပါသည်။
သတိပင်မထားမိလိုက်ချိန်မှာပင်၃နှစ်ဟူသည့်
အချိန်မှာလျှင်မြန်စွာပင်ကုန်လွန်သွားခဲ့လေသည်။
ထို၃နှစ်အတွင်းဆတ်နှင့်မြတ်နိုးမိုင်မှလက်ထပ်ပြီး
၆လသားအရွယ်သမီးလေးတယောက်ပင်ရရှိလာ
ခဲ့လေသည်။မိုင်လေးသည်မိခင်ဖြစ်လာသည်မို့
ယခင်ကထက်ပို၍များစွာရင့်ကျက်လာလေသည်။
ဆတ်သည်လည်းဖခင်ဖြစ်ပြီမို့သူ၏အလုပ်အား
တက်ကျွမ်းသည့်ဆရာဝန်အချို့ထံလွဲအပ်ကာ
သမီးနှင့်ဇနီးဖြစ်သူအားအချိန်ပို၍ပေးဖြစ်ခဲ့
လေသည်။

ယခုအချိန်ထိခွန်ဇေထံမှဆက်သွယ်လာခြင်းမရှိ
သဖြင့်အချို့သောမျှော်လင့်ချက်ရေးရေးလေးမှာ
အချိန်ကုန်လွန်လာသည်နှင့်အမျှပျောက်ဆုံးသွား
ကာမေ့နိုင်သွားသည့်ဘက်သို့ကူးပြောင်းစပြု
လာလေသည်။

အပြာနုရောင်ဖြင့်သာဖွဲ့စည်းထားသောရိုးစင်းလှ
သည့်အခန်းတစ်ခန်းတွင်..မနက်စောစောစီးစီး
ကြက်ပျောက်၊ငှက်ပျောက်သကဲ့သို့သူနာပြု
ဆရာဝန်မလေးများအချို့မှာရုန်းရင်းဆန်ခတ်
ဖြစ်နေကြလေသည်။

အကြောင်းမှာ သူတို့အထူးဂရုစိုက်ကြည့်ရှူနေရ
သည့်လူနာမှာပျောက်ချင်းမလှပျောက်သွားသော
ကြောင့်ပင်ဖြစ်သည်။လူနာ၏မိသားစုဝင်များမှာ
မူလူနာပျောက်သွားသည်ဆိုသည့်အသိနှင့်ဆေးရုံသို့
အလောတကြီးရောက်လာကြလေသည်။
အခန်းထဲတွင်လည်းစာတစ်စောင်သာချန်ထားကာ
ထိုစာအားဖတ်ပြီးသည်နှင့်ခေါင်ထက်အဖို့
သွေးကြောများပြောင်းပြန်စီးဆင်းသွားသကဲ့သို့ပင်
ခံစားလိုက်ရလေသည်။

တီ...တီ....

ဖုန်းဝင်သည်။ဖုန်းမကိုင်ပါ။

တီ...တီ...

ဒုတိယအကြိမ်ထပ်မံဖုန်းခေါ်ဆိုရာ

""ဟဲလို""

တဖက်မှဖုန်းကိုင်လေပြီ..သို့သော်လည်းခေါင်ထက်
သည်ဒေါသသွေးများဆူပွနေသကဲ့သို့ရောက်နေ
သည်မှာဆေးရုံမှန်းပင်သတိမထားမိတော့ပါပဲ
အော်ဟစ်လိုက်လေသည်။

""ကယ်ရကျိုးမနပ်တဲ့ကောင်!!.မင်းအခုဘယ်မှာလဲ""

""ဖြည်းဖြည်းပြောလည်းကြားပါတယ်""

""မင်းလိုကောင်ကိုဖြည်းဖြည်းပြောစရာလား..
ဒီ၃နှစ်လုံးငါတို့ကိုအရူးလုပ်ထားတာ..ပြော
မင်းအခုဘယ်မှာလဲ""

""လေဆိပ်မှာ""

""ဘာ!!""

""လေဆိပ်မှာလို့""

""မင်းအခုမှတကယ်ရူးသွားတာထင်တယ်""

""အင်း...မင်းပြောတာဖြစ်နိုင်ချေရှိတယ်..ထိုင်း
နိုင်ငံသွားဖို့လေဆိပ်ကိုရောက်နေပြီး..""

""မင်းကမပြောမဆိုနဲ့ထွက်သွားမှတော့ ငါတို့က
ဘာလုပ်ရမလဲ""

""ငါ့မိဘတွေကိုမင်းကြည့်ကြပ်ဖြေပေးလိုက်ပေါ့
ငါ့မိဘတွေကနားလည်မှုအပြည့်ရှိပါတယ်..မင်းက
တော့နောက်လေယာဉ်နဲ့ငါ့ဆီလိုက်လာခဲ့လေ..ဒါပဲ
ငါလေယာဉ်ပေါ်တက်ရတော့မယ်""

တီ...ခနဲကျသွားသည့်ဖုန်းသံအဆုံးခေါင်ထက်မှ
ဒေါသထွက်ရင်းထွက်လာရပြန်သည်။

ဒီကောင်သူ့ကိုပြသနာအလုံးလိုက်၊အခဲလိုက်ချန်သွား
ခဲ့တာ..ဒီ၃နှစ်လုံးရူးချင်ယောင်ဆောင်ပြီးအကုန်လုံး
ကိုအကွက်ကျကျစီစဉ်သွားတာ၊ဒီကောင်ကွာ..လွန်ခဲ့
တဲ့၃နှစ်ကဖြစ်ချင်ရာဖြစ်ဆိုပြီးပစ်ထားခဲ့ရမှာ..ဒါဆို
သူအခုလိုကျန်ရှိနေတဲ့ပြသနာတွေကိုဖြေရှင်းနေ
စရာမလိုတော့ဘူး..အခုတော့
""တာကိုကိုယ်တိုင်တောင်းပန်ချင်လို့ထိုင်းကို
တစ်ယောက်ထဲအရင်သွားနှင့်ပြီ""ဆိုတဲ့စာနဲ့သူ့ကို့အရူးလုပ်သွားတာ..
ခံပေအုံးပေါ့ခေါင်ထက်ရာ..ရှိရှိသမျှဝဋ်ကြွေးတွေ
ခံလိုက်ပေအုံးပေါ့....

လေဆိပ်မှကောင်လေးမှာမူသူငယ်ချင်းအပေါ်
ပြုလုပ်ခဲ့သည်အားကျေနပ်လျက်ရှိပြီးသူ၏အပြုံး
မှာနုတ်ခမ်းထောင့်စွန်းထိကော့တက်လာလေသည်။

သူသည်အနက်ရောင်suitအားဝတ်စုံပြည့်ဝတ်ဆင်ထား
ကာ,နေကာမျက်မှန်နှင့်အထာကျစွာပြင်ဆင်ထား၍
လက်ထဲတွင်လည်းခရီးသွားluggageအားဆွဲကိုင်
ထားလျက်နှင့်ယုံကြည်ချက်ရှိစွာပင်သူ၏ခြေလှမ်း
များအားရှေ့သို့ဦးတည်သွားလေသည်။
၃နှစ်ကြာခဲ့ပြီ။ထိုကောင်လေးမှသူ့အားမဆက်သွယ်
လျှင်သူကိုယ်တိုင်ထိုကောင်လေးရှိရာသို့သွား
ကာထိုကောင်လေးအားသူကိုယ်တိုင်လိုက်ရှာမည်ဖြစ်
သည်။

ထိုကောင်လေးအားရှာဖွေသည်မှာမည်မျှကြာမည်မှန်း
သေချာမသိပါသော်လည်းသည်တစ်ခါတွင်သူ
သေချာစိတ်ပိုင်းဖြစ်ထားပါသည်။ထိုကောင်လေးမှ
သူ့အားခွင့်လွတ်လာသည်အထိသူဝန်ချတောင်းပန်
မည်။ထိုကောင်လေးသည်ယခုအချိန်ထိရှင်သန်
နေသေးကြောင်းသူခံစားမိသည်။ထို့ကြောင့်လဲ
အရဲစွန့်ကာဤသို့ဆုံးဖြတ်လိုက်ခြင်းပင်ဖြစ်သည်။

ဒီရေတာဆိုသည်မှာဆန်းဝံ့ကြယ်အနားရှိမှသာလျှင်
ပြီးပြည့်စုံမည်...အလားတူစွာပင်ဆန်းဝံ့ကြယ်ဆိုသည်
မှာလည်းဒီရေတာအားတွေ့မြင်နေရမှဆက်ကာ
အသက်ရှင်နိုင်မည်ဖြစ်သည်။အကြိမ်ကြိမ်လွဲမှား
နေခဲ့ရင်းက..သည်တစ်ခါမှာမူကျိန်းသေမလွဲမှား
တော့ပါလေ၊သူကိုယ်၌ကလည်းလွဲမှားခွင့်ပေးမည်
မဟုတ်တော့ပါ...

ဘယ်သောအခါကမှ...နောက်တစ်ကြိမ်ထပ်၍လွဲမှား
ခွင့်ပေးမည်မဟုတ်တော့ပါ....




.......................

ပြီးခဲ့သည့်၃နှစ်အတွင်းဆန်းသည်ခွန်ဇေထံမှအဆက်သွယ်ရခဲ့သည်။အမှန်တကယ်ဆိုလျှင်ခွန်ဇေသည်ခေါက်ထက်ထံသာဆက်သွယ်လာပြီးထိုနေ့ကခေါင်ထက်သည်ဆန်းအားလူနာလာကြည့်ရာမှသူ၏ဖုန်းသည်ဆန်းရှိရာလူနာခန်းသို့ကျန်ခဲ့လေသည်။ခေါင်ထက်မှအိမ်ပြန်သွားသည့်အခါကျန်နေခဲ့သည့်စားပွဲပေါ်တင်ထားသည့်ဖုန်းမှ message ဝင်လာသည်။

ဆန်းသည်အစပိုင်းတွင်ဝင်လာသည့်ထိုmessageအားစိတ်ဝင်စားခြင်းမရှိပါသော်လည်းသတိမထားမိပါပဲသူ၏လက်သည်ခေါင်ထက်ဖုန်းအားကိုင်မိသွားလေသည်။ဖုန်းမျက်နှာပြင်ထက်တွင်သေချာစွာအထင်းသားပေါ်နေသည့်messageမှစာသားများသည်ဆန်းအား
အာရုံမစိုက်ရပါပဲမနေနိုင်သည်အထိဖြစ်စေသည်။

""ခွဲစိတ်မှုအဖြေသိရပြီး""

ရိုးရှင်းသည့်စာအားကြည့်လိုက်သည်နှင့်ထိုစာသည်ခွန်ဇေမှပို့လာမှန်းဆန်းရိပ်မိသွားလေသည်။

သည်တလောခေါင်ထက်နှင့်ခွန်ဇေမှအဆက်သွယ်ရှိနေကြသည်တဲ့လား..ဒါဆိုဘာလို့များသူ့ကိုလိမ်ခဲ့ကြတာလဲ..သူ့ကိုဘာလို့တာနဲ့ပက်သက်ပြီးတစ်ခုမှမဖွင့်ဟခဲ့ကြတာလဲ
သို့လောသို့လောအတွေးများဖြင့် ဆန်းသည်တဖက်မှဆက်သွယ်လာမည့်အချိန်အားစောင့်နေခြင်းမပြုတော့ပါပဲသူကိုယ်တိုင်လျှင်ဒီရေတာရှိရာသို့သွားရန်ပြင်ဆင်ခဲ့လေသည်။

အတန်ကြာလေယာဉ်စီးပြီးထိုင်းနိုင်ငံသို့ရောက်သော်ထိုင်းနိုင်ငံလေဆိပ်မှထွက်လာသည်နှင့်လေဆိပ်အဝင်ဝတွင်ရင်းနှီးလှသည့်အရိပ်ယောင်အားဆန်းမြင်လိုက်ရသည်။
ဆန်းသည်သူတပ်ထားသည့်နေကာမျက်မှန်အားချွတ်ကာထိုရင်းနှီးလှသည့်အရိပ်ယောင်ထံသို့ဦးတည်သွားလေသည်။

""သတင်းရောက်တာမြန်လိုက်တာ""

ဆန်းသည်မျက်မှန်ချွတ်နေရင်းနှင့်ပင်တဖက်လူမှသူ့အားလာတွေ့မည်မှန်းသေချာသည်အသိနှင့်စကားဆိုလိုက်သည်။

""ငါတွေးထားတာတော့ထိုင်းနိုင်ငံတစ်ခုလုံးကိုမြေလှန်ပစ်မယ်ပေါ့ ပြီးတော့ငါတွေ့ချင်နေတဲ့သူကိုရှာမယ်..မထင်မှတ်ပဲရောက်လာတာနဲ့အကြိုဆိုခံရတာပဲ""

""ခေါင်ထက်ကအခုချက်ချင်းလိုက်လာနေပြီ နာရီပိုင်းအတွင်းဒီကိုရောက်လာလိမ့်မယ်""

တစ်ဖက်သူဆိုလာသည်အားဆန်းမှခန့်မှန်းထားသည့်အ​ဖြေဖြစ်ရာ ထွေထွေထူးထူးအံ့ဩပြမနေတော့ပါ။

""တာရော ငါတာနဲ့တွေ့ချင်တယ်""

""မင်းတွေ့ရမှာပါ ငါအခုပဲမင်းကိုတာဆီခေါ်သွားပေးမယ်""

ဆန်းအားလေဆိပ်သို့လာကြိုသူမှာခွန်ဇေဖြစ်ပြီးသူသည်ခေါင်ထက်ထံမှသတင်းရသည်နှင့်ချက်ချင်းပင်ဆန်းအားလာကြိုလေသည်။ခွန်ဇေသည်ဆန်းနှင့်သေချာရင်းနှီးမှုမရှိခဲ့ပါသော်လည်းဆန်း၏တဇွတ်ထိုးလုပ်တက်သည့်အကျင့်ရှိသည်အားတော့သေချာနားလည်ထားပါသည်။

ဆန်းသည်ခွန်ဇေခေါ်ရာနောက်သို့လိုက်လာရာ တစ်နာရီခန့်ကြာသော်နှစ်ယောက်သားစီးလာသည့်ကားမှာဦးတည်ရာသို့ရောက်လာလေသည်။

အပန်းဖြေဥယျဉ်နှင့်ဆင်တူသည်။ခြံတံခါးနှင့်နေအိမ်မှာအတော်ကွာဝေးသည်။ခြံထဲတွင်အပန်းဖြေဇိမ်ခံရန်ရေကူးကန်လဲရှိသည်။အိမ်မှာ၃ထပ်တိုက်သာဆိုသော်လည်းတန်ဖိုးကြီးလှသည့်ကျွန်းသစ်များဖြင့်တံခါးအဝင်ပေါက်အားသေချာအလှဆင်ထားသည်။နေရာအနှံ့အပြားတွင်လည်းစိမ်းစိုနေသည့်အပင်များစိုက်ပျိုးထားပြီးခြံတစ်ခုလုံးအတွင်းရှိမြေပြင်အားကျောက်စရစ်ခဲများဖြင့်ပုံဖော်ထုဆစ်ထားသည်။လူကုံထံသာလျှင်နေနိုင်သည့်အဆောက်အဦးမျိုး။

ခွန်ဇေမှာကားပေါ်မှဆင်းလာသဖြင့်ဆန်းသည်လည်းလိုက်ဆင်းလာလေသည်။ဆန်းသည်သူရောက်ရှိနေသည်ပတ်ဝန်းကျင်ပတ်ပတ်လည်အားသေချာအာရုံစိုက်ကြည့်နေသည်။

""သွားရအောင်..အထဲမှာစောင့်နေတယ်""

""ဒါ..တာရဲ့အိမ်လား""

""ဟုတ်တယ် ထိုင်းမှာရှိတဲ့တာ့အဖေရဲ့အိမ်""

တာသည်ချမ်းသာမှန်းဆန်းသိသည်။သို့သော်ထိုမျှထိချမ်းသာမည်မှန်းဆန်းမထင်ထားခဲ့။နှစ်ယောက်သားခင်မင်ခဲ့သည့်အတောတွင်း၌ဆန်းသည်ထိုင်းနိုင်ငံရှိတာ၏နေအိမ်အားတစ်ကြိမ်တစ်ခါမှရောက်ရှိဖူးခြင်းမရှိခဲ့ပါ။

ခွန်ဇေသည်ဆန်းနှင့်အတူအိမ်ထဲသို့ဝင်ရန်ပြင်စဉ် အိမ်ထဲမှလူတစ်ယောက်ထွက်လာလေသည်။ထိုသူသည်အလွန်ဆုံးအသက်၅၀ကျော်ခန့်ရှိပြီးအသားဖြူသည်။
ဘောင်းဘီရှည်အားအင်္ကျီလက်ရှည်အကွက်နှင့်လူကြီးဆန်ဆန်တွဲဝတ်ထားကာ ညာဘက်လက်တွင်တန်ဖိုးကြီးသည့်လက်ပတ်နာရီအားပတ်ထားသည်။

ထိုသူသည်နေအိမ်မှထွက်လာပြီးသည်နှင့်ခြံထဲသို့ရောက်နေပြီဖြစ်သည့်ခွန်ဇေနှင့်ဆန်းအနားသို့ခြေလှမ်းလာလေသည်။

""အန်ကယ်""

ခွန်ဇေမှထိုသူအားနုတ်ဆက်စကားဆိုသည်။ထိုသူသည်လည်းခွန်ဇေအားပြန်နုတ်ဆက်လိုက်လေသည်။

""ရောက်လာကြပြီလား""

ထိုသူသည်မြန်မာစကားအားဆိုလာသော်လည်းအနဲငယ်စကားဝဲချင်နေသည်။ထိုင်းနိုင်ငံတွင်အနေများ၍မြန်မာစကားဝဲနေရသည်လည်းဖြစ်နိုင်သည်။

""အန်ကယ် ကျွန်တော်သူ့ကိုခေါ်လာပါပြီ""

""တွေ့ရတာဝမ်းသာပါတယ် အန်ကယ်ကတော့ဒီရေတာရဲ့ဖခင်ပါ""

""ဟုတ် ကျွန်တော်လဲတွေ့ရတာဝမ်းသာပါတယ် ကျွန်တော့နာမည်ကဆန်းဝံ့ကြယ်ပါ""

""အန်ကယ်သိပါတယ် ""

ထိုသူသည်ဒီရေတာ၏ဖခင်ဖြစ်ပြီးဆန်းအားသိထားနှင့်
သူဖြစ်သည်။

""အန်ကယ်ဟိုးအရင်ထဲကမင်းနဲ့တွေ့ချင်နေခဲ့တာ ဒါပေမဲ့ကံချင်းမတိုက်ဆိုင်လို့ထင်ပါတယ် ခုမှတွေ့ရမဲ့ကံပါလာတယ်""

ဆန်းသည်တာ၏ဖခင်နှင့်သာစကားဆိုနေရသော်လည်းသူ၏အကြည့်တို့သည်နေအိမ်ထဲနှင့်အိမ်၏ဘေးပတ်ဝန်းကျင်သို့သာခဏခဏရောက်ချင်နေသည်။

တာဘယ်မှာပါလိမ့်!!

""အန်ကယ် တာရော""

သည်တခါစကားဆိုလာသူမှာခွန်ဇေဖြစ်ပြီးခွန်ဇေသည်တာအားမတွေ့မိသဖြင့်မေးလိုက်ခြင်း။

""တာလား..အခုထိအိမ်ထဲမှာပဲ..ဒီနေ့ဘတ်စကက်ဘောဆော့ဖို့လေ ပြင်ဆင်နေတာခုထိအိမ်ထဲကထွက်မလာသေးဘူး""

ဘတ်စကက်ဘော?တာကဘတ်စကက်ဘောဆော့တက်သည်တဲ့လား၊ဘယ်တုန်းကမှဆန်းမသိခဲ့သည့်အမှန်တရားတစ်ခု၊

""ဒါဆိုကျွန်တော်သူ့ကိုသွားဝင်ခေါ်လိုက်အုံးမယ်""

""အေးအေး သွားခေါ်လိုက်ပါအုံး ဧည့်သည်ပါလာတယ်ပါပြောလိုက်အုံး မဟုတ်ရင်ဒီနေ့တော့ဘတ်စကက်ဘောကစားဖို့လမ်းစမမြင်တော့ဘူးရယ်""

တာ၏ဖခင်မှရယ်နှောက်နှောက်လေသံဖြင့်ခွန်ဇေအားဆိုလိုက်ရာ ခွန်ဇေသည်လည်းအိမ်ထဲသို့ဝင်ရန်ပြင်စဉ်အိမ်ထဲမှနေ၍ခပ်စူးစူးအသံတစ်သံထွက်ပေါ်လာသည်။

""ဒယ်ဒီ!!...ဘောလုံးရော ဘောလုံးမတွေ့ဘူးလို့""

အသံစူးစူးလေးဖြင့်နေအိမ်ထဲမှအိမ်ပြင်သို့ထွက်လာသည့်ကောင်လေး။

ထိုကောင်လေးသည်အိမ်ပြင်သို့ရောက်လာသည်နှင့်အစောပိုင်းအသံစူးနေရာမှသူ၏ခြေလှမ်းအားရပ်ကာ မြင်ကွင်းထက်မှပေါ်လာသူအားအံ့ဩသွားဟန်ဖြင့်ကြောင်ကြည့်နေလေသည်။

တာ!!

ဆန်းသည်သူ၏အမူရာပင်မထိန်းနိုင်တော့သည်အထိပြိုလဲခါနီးဖြစ်ချင်သည်။ယခုသူနှင့်သိပ်မဝေးသည့်အနေထားတွင်ရပ်နေသူမှာ ဒီရေတာရောဟုတ်ပါရဲ့လား..
တာကိုသူတွေ့ချင်လွန်းလို့အမြင်တွေပါမှားကုန်တာများလား..

တစ်ဖက်မှတာသည်လည်းသူ့အားကြောင်ကြည့်နေပြန်သည်။တာ့မျက်နှာထက်တွင်ဆန်းအားတွေ့လိုက်ရသဖြင့်အံ့ဩနေဟန်အပြည့်ဖြင့်

တာသည်သူတအံ့တဩကြည့်နေသည့်သူရှေ့သို့ခြေလှမ်းလာကာ မြင်နေရသည့်ထိုသူအားသေချာကြည့်နေပြန်သည်။

""မင်းက...""

တာသည်သူ့ရှေ့တွင်မျက်နှာချင်းဆိုင်ရပ်ကာ သူ့အားအကြည့်ပို့ထားပါသော်လည်းတာ၏အကြည့်ထဲတွင်သူနှင့်ရင်းနှီးနေသည့်ခံစားချက်တို့တစိုးစေမျှပါဝင်ခြင်းမရှိပါပဲသူ့အားတွေ့လိုက်ရသဖြင့်အံ့ဩနေသည့်ခံစားချက်တို့သာရှိနေသည်။

""မင်းပဲ..ဟုတ်တယ်မလား..ရုပ်ရှင်ရုံမှာတွေ့ခဲ့တဲ့လူလေ..မင်းငါ့ကိုမှတ်မိလား..မဟုတ်သေးဘူး မင်းဒီကိုဘယ်လိုရောက်လာတာလဲ..ငါမင်းကိုမြန်မာနိုင်ငံမှာပဲရှိနေမယ်ထင်ခဲ့တာ..အခုကျဘယ်လိုလုပ်..ဒယ်ဒီ ဘယ်လိုဖြစ်တာလဲ""

တာသည်ဆန်းအားအကြည့်ပို့ထားရာမှဖခင်ထံသို့အံ့ဩနေဟန်နှင့်ပြန်မေးလာလေသည်။

တာ၏ဖခင်မှမည်သည်မျှပြန်မဖြေပါပဲသားဖြစ်သူအား ပြုံးပြူုံလေးသာပြန်ကြည့်နေလေသည်။ထို့အတူခွန်ဇေသည်လည်းတာအားသည်တိုင်းသာကြည့်နေပြီး အခြေနေအားနားမလည်နိုင်သူမှာဆန်းဝံ့ကြယ်သာပင်။

ဘာတွေဖြစ်နေတာလဲ..တာသူ့ကိုစိတ်မဆိုးဘူးလား..
တကယ်ဆိုသူ့ကိုဒေါသထွက်ပြီးမောင်းထုတ်ရမှာလေ..
တာပြောနေတာတွေလဲသူတစ်ခုမှနားမလည်ဘူး..တာဘာတွေပြောနေတာလဲ..





.............

""ခွဲစိတ်မှုကပြီးခဲ့တဲ့နှစ်ကမှအောင်မြင်သွားတာ..ခွဲစိတ်ပြီးတစ်ပတ်အကြာမှာပဲတာပြန်နိုးလာခဲ့တယ်..သူပြန်နိုးလာတော့မင်းနဲ့ပက်သက်တဲ့မှတ်ညဏ်တွေ၊ပြီးတော့မြန်မာနိုင်ငံမှာနေခဲ့တဲ့မှတ်ဉာဏ်တွေမရှိတော့ဘူး..သူ့မှာဆယ်တန်းအောင်ခါစမှတ်ဉာဏ်ပဲကျန်တော့တယ်..ကျိန်းသေခွဲစိတ်တာနဲ့တော့မဆိုင်ဘူးပေါ့ မဆိုင်ပေမဲ့သူမေ့ချင်နေတဲ့မှတ်ညဏ်တွေဖြစ်နေလို့လဲမေ့သွားတာဖြစ်နိုင်တာပဲ..မင်းနဲ့ပက်သက်တဲ့မှတ်ညဏ်တွေကအမှတ်ရစရာမှမကောင်းတာ..တာ့အတွက်တော့ဒဏ်ရာတွေပဲလေ ဟုတ်တယ်မလား..""

တာသည်ဘတ်စကက်ဘောဆော့ရန်အိမ်ထဲသို့ပြန်ဝင်ကာအဝတ်စားလဲနေသည်။တာ၏ဖခင်မှလည်းအလုပ်ကိစ္စရှိသဖြင့်အပြင်ထွက်သွားရာကျန်ရှိနေသည့်ခွန်ဇေမှဆန်းအားအချို့သောအကြောင်းရာအားရှင်းပြနေလေသည်။

""မင်းခုနကပြောတာ..တာငါ့ကိုမေ့သွားတယ်ဆို..ဒါပေမဲ့သူ..""

""သူဘာလို့မင်းကိုတွေ့တော့အံ့ဩနေတာလဲဆိုပြီးမေးမလို့မလား..သူမင်းကိုမေ့သွားတယ် အဲ့တာအမှန်ပဲ ဒါပေမဲ့မင်းနဲ့စတွေ့တဲ့အချိန်ကိုတော့သူမေ့မသွားခဲ့ဘူး""

ဆန်းနားမလည်မိသေး။

""တာနဲ့စတွေ့တဲ့အချိန်ကိုမှတ်မိသေးလား..အဲ့တုန်းကမင်းတို့တက္ကသိုလ်အတူတက်ရင်းဆုံတာလေ ..တကယ်တော့အဲ့ဒီမတိုင်ခင်ကမင်းတို့တစ်ခါဆုံခဲ့ကြသေးတယ် ပြောရင်မင်းယုံချင်မှယုံမှာ တာကအဲ့မှာပဲမင်းကိုတွေ့ပြီးမင်းကိုသဘောကျခဲ့တာ""

ဆန်းဘယ်တုန်းအခါကမှမသိခဲ့သည့်အမှန်တရား။

တက္ကသိုလ်မတက်ခင်သူတို့ဆုံခဲ့ကြသလားတောင်
ဆန်းသေချာမမှတ်မိတော့။

""အစက မင်းကိုအန်ကယ်ကခွင့်မလွတ်ဘူး..မင်းကသူ့ရဲ့တစ်ဦးတည်းသောသားကိုဒီလိုဖြစ်အောင်လုပ်လိုက်တာလေ သူမင်းကိုခွင့်လွတ်မယ်ဆိုတာဖြစ်နိုင်ပါ့မလား..ဒါပေမဲ့တာနိုးလာတော့ မင်းနဲ့တွေ့ချင်တယ်ဆိုပြီးမင်းကိုပဲမေးနေခဲ့တာ..တစ်နှစ်ပတ်လုံး..ငါတို့အားလုံးနားပူလာရတဲ့အထိကိုမင်းအကြောင်းပဲမေးနေခဲ့တာ ဒါကြောင့်မို့..ငါခေါင်ထက်ကိုဆက်သွယ်လိုက်တာ""

""ဒါပေမဲ့ပြီးခဲ့တဲ့တစ်နှစ်လုံး မင်းဆက်သွယ်လာတဲ့အကြောင်းခေါင်ထက်ငါ့ကိုဘာမှမပြောဘူး""

""ငါသိတယ် သူမပြောဘူးဆိုတာကအဲ့တုန်းကမင်းဆေးရုံတက်နေခဲ့ရတာလေ ပြီးတော့မင်းစိတ်အခြေနေကမငြိမ်သေးဘူး ဒါကြောင့်လဲခေါင်ထက်ကမင်းကိုတာအကြောင်းမပြောပြသေးဖို့စီစဉ်လိုက်တာဖြစ်မယ်..""

ဆန်းမှနားလည်စပြုလာလေပြီ

""အမှန်ပြောရရင် ငါတော့တာကိုမင်းနဲ့ထပ်မဆုံစေချင်ဘူး တာရဲ့အနားမှာငါအနီးကပ်ဆုံးရှိလာခဲ့တာ သူ့ရဲ့နာကျင်မှု၊သူ့ရဲ့ဝမ်းနည်းမှု၊ပြီးတော့သူ့ရဲ့မျက်ရည်..အားလုံးကိုငါအနီးစပ်ဆုံးမြင်လာခဲ့ရတာ..တာကငါ့ဘဝရဲ့ငါအချစ်ရဆုံးသောသူပဲ..သူကငါ့အတွက်တော့ညီအရင်းလိုပဲ..တကယ်ဆိုမင်းကိုငါသတ်ပစ်ချင်ခဲ့တဲ့အထိပဲ..တာ့ဘဝကိုမင်းဖျက်ဆီးခဲ့တုန်းက..အဲ့နေ့ကတာပြိုလဲနေတဲ့ပုံကိုကြည့်ပြီးငါပါနာကျင်ခဲ့ရတာ..""

ဒီနေရာတွင်ဆန်းနားမလည်တော့..ဖျက်ဆီးတယ်..ဘာကို။

ခွန်ဇေသည်သူ့ဆိုလိုရင်းအားနားမလည်ပါပဲသူ့အားကြောင်ကြည့်နေသည့်ဆန်းအားတွေ့သော်

""တာကနာကျည်းစရာအတိတ်တွေကိုမေ့သွားပေမဲ့မင်းကိုစတွေ့တဲ့အချိန်ကိုတော့မှတ်မိနေခဲ့တာထင်တယ်""

ပြီးခဲ့သည့်ကိစ္စအားခွန်ဇေမှပြန်မပြောလိုတော့သဖြင့်တမင်သက်သက်ပင်စကားလမ်းကြောင်းလွဲလိုက်သည်။

""မြန်မာနိုင်ငံကိုသွားပြီးမင်းကိုသွားရှာမယ်ဆိုလို့ အန်ကယ်က တမင်အရှုံးပေးလိုက်ပြီးမင်းကိုလက်ခံလိုက်တာ နောက်အချိန်ရရင်အန်ကယ်နဲ့သေချာစကားပြောကြည့်ပေါ့""

""အင်း ငါနားလည်ပြီး ဒါပေမဲ့အစောကမင်းပြောတဲ့ ဖျက်ဆီးတယ်ဆိုတာကလေ""

""မင်းတို့ဘာလုပ်နေတာလဲ..ငါအဝတ်စားလဲလို့ပြီးပြီ""

ဆန်းမှမရှင်းသဖြင့်ခွန်ဇေအားမေးမည်ဆိုရုံသာရှိသေး..
တာမှာအိမ်ထဲမှပြန်ထွက်လာလေပြီ။

တာသည်ဘတ်စကက်ဘောဆော့ရန်ဝတ်စုံအသင့်ပြင်ဝတ်ထားကာ နဖူးစည်းပင်ပတ်ထားလိုက်သေးသည်။လက်ထဲတွင်လည်းဘောလုံးအားပိုက်လာသည်။
သူသည်အိမ်ထဲမှထွက်လာပြီးစကားကောင်းနေကြသည့်ဆန်းနှင့်ခွန်ဇေနားသို့ခြေလှမ်းလာလေသည်။

""ဟိုလေ..ငါဘယ်လိုလဲ အဆင်ပြေလား""

""ငါ့နာမည်ဆန်းဝံ့ကြယ်လို့ခေါ်တယ်..""

""ဟုတ်လား ငါ့နာမည်ကဒီရေတာလို့ခေါ်တယ်""

တာသည်ဆန်းနှင့်ရင်းရင်းနှီးနှီးစကားဆိုရသည်အားသဘောကျသော်လည်းနေသားမကျပဲနေရခက်သေးသည်။

""တာလို့ခေါ်မယ် ရတယ်မလား""

""ရတာပေါ့ ကြိုက်သလိုခေါ်လို့ရတယ် သဘောပဲ..ဟိုလေ ဘတ်စကက်ဘောအတူဆော့ကြမလား..""

""ဆော့လို့ရလား""

""အင်း""

""မင်းတို့ပဲသွားဆော့ကြပါ..ငါမပါတော့ဘူး ဧည့်သည်ထပ်ရောက်လာမှာမို့ စောင့်နေလိုက်အုံးမယ်""

ခွန်ဇေမှထိုသို့ဆိုပြီးသည်နှင့်နှစ်ယောက်သားကြားဝင်မပါတော့ပါပဲ ငြိမ်နေလိုက်တော့သည်။ခွန်ဇေမှထွက်သွားသော် နှစ်ယောက်သားအကြားနေရခက်စွာဖြင့် တာသည်ဆန်းအားမဝံ့ရဲစွာကြည့်ကာ

""မင်းဘတ်စကက်ဘောဆော့တက်လား""

တာ့အမေးအား ဆန်းခေါင်းငြိမ့်ပြလာသည်။

""ဒါဆိုကောင်းလိုက်တာ..ဒီနေ့ကစပြီးဘတ်စကက်ဘောကစားဖို့အတွက်အဖော်ရသွားပြီပေါ့""

""တာ""

""အင်း ပြောလေ""

ဆန်းမှစကားပြောလာရန်ပြင်သော်လည်း မပြောလျှင်ပိုကောင်းမည်ဟူသည့်အသိကပိုနေသဖြင့် နှုတ်ခမ်းဝနားတစ်နေခဲ့သည့်စကားလုံးများအား မြိုသိပ်လိုက်ရင်း သူပြောလာမည့်စကားအား ကြားခွင့်ရရန်စောင့်နေသည့် တာထံခေါင်းခါပြလိုက်သည်။

""တောင်းပန်ပါတယ် ဒီလောက်အချိန်တွေအကြာကြီးစောင့်ခိုင်းခဲ့မိလို့ တကယ်တောင်းပန်ပါတယ် ဒီနေ့ကစပြီး အတူမရှိပေးနိုင်တဲ့နေ့ရက်တွေအတွက်ပါ ဖြည်းဖြည်းချင်းအစားထိုးပြီးပြန်ပေးဆပ်ပါ့မယ် တစ်ခါလောက်ပဲအခွင့်ရေးထပ်ပေးပါ..ဒီတစ်ခါတော့မင်းကိုဘယ်လိုမှနာကျင်အောင်ထပ်မလုပ်တော့ပါဘူးလို့ ငါ့ရဲ့ကျန်ရှိနေတဲ့ဘဝနဲ့ရင်းပြီးကတိပေးပါတယ် ""

ထိုသို့ဆိုလာရင်း ပါးပြင်ထက်မှဆန်းမျက်ရည်များသည်မဖိတ်ခေါ်ပါပဲ သူ့အလိုလိုကျဆင်းလာသည်။ ဒီကောင်လေးအပေါ်မှားခဲ့တဲ့သူ့အပြစ်တွေကကြီးမားလွန်းလို့ တစ်သက်လုံးပြန်ဆပ်ရင်တောင်ကြေပါ့မလားလေ။

မျက်နှာချင်းဆိုင်ခြေစုံရပ်နေရာမှ တောင်းပန်စကားဆိုရင်းမျက်ရည်ကျနေသည့်ဆန်းအားမြင်သော် တာသည်ဆန်းအနားတိုးကပ်လာကာ ဆန်းမျက်ရည်အား သူ၏လက်ဖြင့်သုတ်နေရင်း စကားဆိုလာသည်။

""ဘာလို့မျက်ရည်ကျနေတာလဲ ဘယ်သူကမင်းကိုနာကျင်အောင်လုပ်တာလဲ""

""မဟုတ်ပါဘူး မင်းနဲ့ပြန်တွေ့တော့ဝမ်းသာပြီးမျက်ရည်ကျလာတာပါ""

""တောင်းပန်ပါတယ်နော် ငါဘာမှမမှတ်မိတော့လို့ မင်းအများကြီးပင်ပန်းခဲ့မှာပဲ""

အတိတ်မေ့သွားခဲ့တာတောင်အဆုံးထိသူ့အတွက်ပဲတွေးပေးနေခဲ့တဲ့ကောင်လေး။

""အတိတ်မှာဘာတွေပဲဖြစ်ခဲ့ပါစေ ငါမင်းကိုခွင့်လွတ်ပါတယ် အပြစ်လဲမတင်ဘူး ဘာတွေဖြစ်ခဲ့လဲဆိုတာကိုမမှတ်မိပေမဲ့သေချာတာတစ်ခုက အတိတ်ကဒီရေတာလည်း အခုလက်ရှိမင်းကိုခွင့်လွတ်မှာပါပဲ""

""ဒီနေ့ကစပြီးနေ့ရက်တိုင်းအတွက်အပြစ်ရှိတဲ့စိတ်နဲ့ရှင်သန်ရင်း အနားမှာရှိနေပေးပါ့မယ်""

""ကတိနော်""

""အင်း ကတိပေးတယ်""

အနီးအနားတစ်ဝိုက်တိုက်ခတ်သည့်လေပြေလေညင်းလေးနှင့် ရာသီဥတုသည် ဘတ်စကက်ဘောကစားရန်အချိန်ကောင်းဖြစ်နေသဖြင့် နှစ်ယောက်သားသည် စကားဆိုလက်စအားအဆုံးသတ်ကာ ဘတ်စကက်ဘောကစားရန်ကိုသာအာရုံထားကြလေတော့သည်။

ထိုအခိုက်အတန့်၌ မြန်မာနိုင်ငံမှVIPလေကြောင်းလမ်းဖြင့် ထိုင်းနိုင်ငံသို့အလောတကြီးရောက်လာသည့် ခေါင်ထက်အားခွန်ဇေမှသွားရောက်ခေါ်ဆောင်မှုအပြီးတွင် ဒီရေတာအိမ်သို့ရောက်လာကြပြီး အပူပင်ကင်းမဲ့စွာဖြင့် ဘတ်စကက်ဘော ကစားနေကြသည့်ကောင်လေးနှစ်ယောက်အားမြင်သော် တစ်ယောက်မျက်နှာတစ်ယောက်ပြန်ကြည့်ကာ အချင်းချင်းပြောစရာစကားများပျောက်ရှသွားလေသည်။

""ဒီရေတာ အတိတ်မေ့နေတာရောဟုတ်ရဲ့လား""

ခေါင်ထက်ဆိုလာသည်အား ခွန်ဇေမှ တာထံအကြည့်ပို့လိုက်ရင်း ယခုလက်ရှိတာ၏အခြေအနေအား သဘောကျပုံရစွာဖြင့်

""တာကအတိတ်သာမေ့သွားခဲ့တာ ဆန်းနဲ့ပတ်သက်တဲ့ဘယ်အရာကိုမှမေ့မသွားခဲ့ဘူး နာကျင်စရာကောင်းတဲ့မှတ်ဉာဏ်တွေအကုန်လုံးကိုမေ့ပျောက်သွားတဲ့တာက ဆန်းနဲ့စတွေ့တုန်းကအခိုက်တန့်ကိုတော့အမြဲတမ်းအမှတ်ရနေခဲ့ပြီး အဲ့ဒီခံစားချက်တွေကပဲဘယ်သူ့မှတားဆီးလို့မရနိုင်အောင်ခိုင်မြဲခဲ့တာ""

""ချီးကျူးစရာပါပဲ မှတ်ဉာဏ်တွေသာမရှိတော့တာ သူရဲ့မသိစိတ်ထဲမှာကတော့အဲ့ဒီလူနဲ့ပတ်သတ်သမျှအကုန်နေရာယူထားတုန်းပဲ""

""တာ့ကိုကြည့်ပါအုံး သူဒီလိုပြုံးလာအောင်ဘယ်သူ့မှမလုပ်နိုင်ဘူး ဆန်းဝံ့ကြယ်ကလွဲရင်ပေါ့""

""ဒါကလဲ ဆန်းကို တာနဲ့ပေးတွေ့ဆုံဖို့အတွက် မင်းဆုံးဖြတ်လိုက်ရတဲ့အကြောင်းရင်းပဲမဟုတ်လား""

""အစွဲလမ်းကြီးလွန်းတဲ့စိတ်ကြောင့်နဲ့ပဲ ဒီလောက်နှစ်တွေအကြာကြီးသူနာကျင်ခဲ့ရတာ အခုတော့ဒီအခြေအနေလေးကိုမြင်ရရုံနဲ့စိတ်ချနိုင်ပါပြီ ဘာမှတ်ဉာဏ်မှမရှိတော့တဲ့တာက ဒီနေ့ကစပြီးအများကြီးပျော်ရွင်ရမှာပါ""

""အဲ့လိုပဲမျှော်လင့်မိပါတယ်""

နှစ်ယောက်သားသည်ရောက်ရာအရပ်တွင်သာခြေစုံရပ်နေရင်း မြင်နေရသည့်မြင်ကွင်းတစ်ခုထံသို့သာအကြည့်ပို့ထားကြလေသည်။ထိုမြင်ကွင်းအားကြည့်ရင်း ပြန့်နှံ့လာသည့်ရယ်မောသံများနှင့် ပျော်ရွင်မှုများသည်ထိုသူနှစ်ယောက်ထံကူးစက်လာသယောင်။

မြင်ကွင်းထက်တွင်ရှိနေသည့် ဆန်းဝံ့ကြယ်နှင့်ဒီရေတာဟူသောကောင်လေးနှစ်ယောက်သည်လည်း နာကျင်စရာကောင်းသည့်မှတ်ဉာဏ်အားလွတ်ချနိုင်ခဲ့ပြီးဖြစ်ရာ ရောက်လာမည့်နေ့ရက်များသည်အလှပဆုံးနှင့်အချိုမြိန်ဆုံးသောနေ့ရက်များအဖြစ်သာ ရောက်ရှိလာနိုင်ရန်အဖို့ များစွာ စောင့်စားမိလေတော့သည်။

ချစ်ခြင်းဆိုသည့်သဘောတရားသည် တစ်ခါရစ်နွယ်ဖူးလျှင် ပြတ်တောက်ရခက်ပါသည်။ ထိုအရာအား ဒီရေတာဆိုသောကောင်လေးမှ သက်သေပြသွားခဲ့လေပြီဖြစ်သည်။







owncreation...နှင်းကြွေ




ဒီေရတာသို႔တမ္းျခင္း

ေခါင္ထက္ႏွင့္မိုင္ေလးသည္ဆန္းအားအိပ္ေပ်ာ္
သြားသည္အထိအေဖာ္ျပဳေပးၿပီးဆန္းအိပ္ေပ်ာ္
သြားသည္ေသခ်ာမွသာႏွစ္ေယာက္သားမွာတိုက္ခန္း
အျပင္ဘက္သို႔ထြက္လာကာအိမ္ျပန္ၾကရန္ျပင္
ေလသည္။ဆန္း၏ယခုအေျခေနအားမည္သို႔
လုပ္လၽွင္အဆင္ေျပနိုင္မည္အားလည္းႏွစ္ေယာက္
သားမွာအႀကံထုတ္ေနၾကသည္။ယခုတြင္လည္း
ႏွစ္ေယာက္သားမွာတိုက္ခန္းမွကားရွိရာသို႔ဆင္း
လာသည့္လမ္းတြင္လည္းဆန္းအေၾကာင္းအား
ထပ္ကာေဆြးေႏြးၾကျပန္သည္။

""ခြန္ေဇဘက္ကအေျခေနဘယ္လိုတဲ့လဲ""

​မိုင္ေလး၏အေမးအားျပန္ေျဖရန္အဖို႔ေခါင္ထက္
ထံတြင္အေျဖရွိမေနသျဖင့္သူသည္လည္းေခါင္းသာ
ခါရမ္းနိုင္ေတာ့သည္။

""ခုထိမဆက္သြယ္လာေသးဘူး""

""ခြန္ေဇကဘယ္လိုမွာသြားတာလဲ""

ေခါင္ထက္မွေျပာျပရန္ဝန္ေလးေနသျဖင့္သက္ျပင္း
သာခ်နိုင္ေတာ့သည္။

""ခြန္ေဇေျပာသြားတာကေတာ့ ထိုင္းကိုေရာက္တာ
နဲ႔တာ့ကိုခြဲစိတ္ဖို႔စီစဥ္ထားၾကတယ္တဲ့..ခြဲစိတ္မွု
ေအာင္ျမင္ရင္ေတာ့သူဆက္သြယ္လိုက္မယ္..တကယ္လို႔
ခြဲစိတ္မွုသာမေအာင္ျမင္ရင္ေတာ့..ခြဲစိတ္မွုမေအာင္
ျမင္မခ်င္းကိုသူဆက္သြယ္ျဖစ္မွာမဟုတ္ေသး
ဘူးတဲ့""

ေခါင္ထက္ဆိုလာသည္အားမိုင္ေလးမွနားလည္
ဟန္ေခါင္းၿငိမ့္ျပလာေလသည္။

""ငါတို႔ဆန္းကိုေဆး႐ုံတက္ခိုင္းမွျဖစ္မယ္..ငါ
ကိုဆတ္နဲ႔အကုန္တိုင္ပင္ထားၿပီးသားပဲ၊ကိုဆတ္
ကလဲဆန္းကိုေဆး႐ုံတက္ေစခ်င္တယ္၊ဆန္းကို
ဒီလိုလြတ္ထားလို႔မျဖစ္ေတာ့ဘူး၊ဒီေရတာက
ဘယ္အခ်ိန္ခြဲစိတ္မွုေအာင္ျမင္ၿပီးငါတို႔ကို
ျပန္ဆက္သြယ္လာမလဲဆိုတာကိုငါတို႔မသိေသး
ဘူးေလ..ဒီအေတာတြင္းဆန္းကိုငါတို႔ေဆးကုခိုင္းမွ
ျဖစ္မယ္""

""ငါလဲအဲ့တာပဲစဥ္းစားေနတာ..အန္ကယ္နဲ႔အန္တီလဲ
ဆန္းကိုအရမ္းစိတ္ပူေနၾကတာ..သူတို႔မွာက
ဒီသားတေယာက္ထဲရွိေတာ့ခုထိကိုသူတို႔လဲ
အစိုးရိမ္လြန္ကဲေနတုန္းပဲ""

""ျဖစ္သင့္ပါတယ္ေလ..ဆန္းကိုကသူတို႔ရဲ့အေမြဆက္
ခံသူပဲေလ..ငါတို႔ဒီရက္ပိုင္းအတြင္းဆန္းကိုေဆး႐ုံ
တက္ဖို႔သြားေျဖာင္းျဖရေအာင္..နင္ကေတာ့
ခြန္ေဇနဲ႔ဆက္သြယ္လို႔ရေအာင္လုပ္ၾကည့္..အရာအား
လုံးကအဆိုးထဲကအေကာင္းဆိုသလိုပဲ..
မေတာ္လို႔မ်ားတာသာခြဲစိတ္မွုမေအာင္ျမင္ခဲ့ရင္
ေတာင္ဆန္းကိုေတာ့ဒီလိုမ်ိဳးတသက္လုံးထားသြား
လို႔မျဖစ္ဘူး""

""ဟုတ္တယ္..ဒီလိုသာဆိုသူဒီ့ထက္ပိုၿပီး
အေျခေနဆိုးလာလိမ့္မယ္""

""တာကသိပ္မၾကာခင္မွာပဲခြဲစိတ္မွုေအာင္ျမင္ၿပီး
ဒီကိုဆက္သြယ္လာမွာပါ..ငါလဲသူ႔အေပၚေက်းဇူး
ေႂကြးေတြတင္ေနတာအမ်ားႀကီးပဲ..ျပန္ဆပ္ရအုံး
မွာ..ဒီေက်ာက္ကပ္အတြက္အပါဝင္ေပါ့""

ႏွစ္ေယာက္သားမွာစကားလည္းဆိုရင္း၊ကားရွိသည့္
ဦးတည္ရာသို႔လာၿပီးဆန္းအဖို႔မည္သို႔လုပ္ၾကရ
မည္အားစဥ္းစားရခက္ေနၾကေလသည္။





...................

ေဆးနံ႔မ်ားထုံမြန္ေနသည့္အခန္းတစ္ခန္း။

ထိုအခန္းအားစိတ္ၾကည္လင္ေစရန္လိုက္ကာမွအစ
စားပြဲခင္း၊အိပ္ယာခင္းမွအဆုံးအျပာေရာင္
ႏုႏုေလးကိုသာအသုံးျပဳထားေလသည္။ထိုအခန္း
သည္အနည္းငယ္ေမွာင္မိုက္ခ်င္ေနေသာ္လည္း
ေနေရာင္ျခည္လုံေလာက္စြာရရွိေစရန္ မွန္ျပတင္း
ေပါက္လည္းတပ္ဆင္ထားသည္။အခန္းထဲတြင္
ထိခိုက္ဒဏ္ရာရေစမည့္၊မည္သည့္ပစၥည္းမ်ားမွ
ထားရွိျခင္းမရွိပါပဲအျမင္ေအးေစသည့္ေႂကြပန္း
အိုးေလးေတြအျဖဴေရာင္ႏွင္းဆီပန္းမ်ားထိုးထား
ေလသည္။

""ေဆးအရွိန္နဲ႔အိပ္ေပ်ာ္ေနတာပါ..နိုးလာပါလိမ့္မယ္"
ထိုစကားဆိုေနသူမွာေဒါက္တာဆတ္ျဖစ္ရာထိုအခန္း
ထဲရွိေနသူမွာ ဆန္းဝံ့ၾကယ္၏မိဘ၊ေခါင္ထက္ႏွင့္
မိုင္ေလးသာရွိသည္။

""ဒီကုထုံးကဆန္းအတြက္ေတာ့ထူးျခားမွုရွိမွာပါေနာ္""

မိုင္ေလးဆိုလာသည္၏အေျဖအားက်န္ရွိသည့္
သူမ်ားမွလည္းေစာင့္စားေနဟန္။

""ရွိမွာပါ..ဆန္းဝံ့ၾကယ္ရဲ့အေျခေနကအဲ့ေလာက္
မဆိုးပါဘူး၊ေသခ်ာကုသရင္ျဖည္းျဖည္းခ်င္း
ျပန္ေကာင္းလာမွာပါ""

ထိုအေျဖအားၾကားမွသာလၽွင္စိတ္သက္သာရာ
ရၾကေတာ့သည္။

""ဒါဆိုကၽြန္ေတာ္တို႔အျပင္ထြက္ၾကရေအာင္၊
သူေကာင္းေကာင္းအနားယူပါေစ၊အခန္းထဲမွာ
တစ္ခုခုထိခိုက္ေစမဲ့ဘာပစၥည္းေတြမပါလို႔
သူတေယာက္ထဲလြတ္ထားလဲျဖစ္ပါတယ္၊ကၽြန္ေတာ္
တို႔ရွိေနရင္သူ႔အတြက္ပိုၿပီးေတာ့အေႏွာက္ယွက္
ျဖစ္ေနလိမ့္မယ္""

ဆတ္မွထိုသို႔ဆိုၿပီးဦးစြာထြက္လာရာက်န္ရွိသည့္
သူမ်ားသည္လည္းဆန္းအားတစ္ခ်က္ၾကည့္ၾကရင္း
အခန္းျပင္သို႔ထြက္သြားၾကေလေတာ့သည္။

ဂ်က္!!

အခန္းတံခါးျပန္ပိတ္သြားသည္ေသခ်ာမွအေစာက
ပိတ္ထားသည့္ဆန္း၏မ်က္ဝန္းမ်ားမွာျဖည္းညင္း
စြာပြင့္လာၿပီးသူျမင္ေနရသည့္မ်က္ႏွာက်တ္ကိုသာ
အေၾကာင္းရင္းမရွိပါပဲေငးၾကည့္ေနမိေလသည္။

အခန္းကေနေရာင္ျခည္ေတြတိုးဝင္ေနေတာ့
အလင္းထိုးလြန္းလို႔သူအိပ္မရေတာ့ဘူး...

ဆန္းသည္ခံစားခ်က္မဲ့ေနသည့္မ်က္ႏွာျဖင့္အခန္း
တံခါးအားၾကည့္ေနသည္မွာအတန္ၾကာသည္အခ်ိန္
ထိသူ၏အၾကည့္တို႔အားထိုတံခါးေပါက္ထံမွ
အၾကည့္မလြဲမိေသး။သူ၏အေတြးအားသူသာ
လၽွင္နားလည္ေပလိမ့္မည္။သို႔မဟုတ္
သူကိုယ္တိုင္မွနားမလည္သည္လဲျဖစ္နိုင္သည္။

မိနစ္အခ်ိဳ႕ကူးေျပာင္းလာသည့္အခါမွသာလၽွင္
ဆန္းသည္အခန္းတံခါးအဝင္အားၾကည့္ေန
ရာမွသူ၏မ်က္ဝန္းအလြာအားမွိတ္ခ်လိုက္ေလသည္။
ၿပီးေနာက္သူ၏အနည္းငယ္ျဖဴစြတ္ခ်င္ေနသည့္
ႏုတ္ခမ္းသားထက္မွလည္းစကားလုံးအခ်ိဳ႕ထြက္
က်လာေလသည္။

""႐ူးခ်င္ေယာင္ေဆာင္ေနတဲ့လူကိုအတင္းကုေနလို႔
လည္း ျပန္ေကာင္းလာမွာမွမဟုတ္တာ""

ဟူသည့္စကားလုံးအခ်ိဳ႕ပင္ျဖစ္သည္။






...................

၃ႏွစ္ခန႔္ၾကာၿပီးေနာက္......

အခ်ိန္ကာလအားျဖင့္ကုန္ဆုံးျမန္လြန္းလွပါသည္။
သတိပင္မထားမိလိုက္ခ်ိန္မွာပင္၃ႏွစ္ဟူသည့္
အခ်ိန္မွာလၽွင္ျမန္စြာပင္ကုန္လြန္သြားခဲ့ေလသည္။
ထို၃ႏွစ္အတြင္းဆတ္ႏွင့္ျမတ္နိုးမိုင္မွလက္ထပ္ၿပီး
၆လသားအရြယ္သမီးေလးတေယာက္ပင္ရရွိလာ
ခဲ့ေလသည္။မိုင္ေလးသည္မိခင္ျဖစ္လာသည္မို႔
ယခင္ကထက္ပို၍မ်ားစြာရင့္က်က္လာေလသည္။
ဆတ္သည္လည္းဖခင္ျဖစ္ၿပီမို႔သူ၏အလုပ္အား
တက္ကၽြမ္းသည့္ဆရာဝန္အခ်ိဳ႕ထံလြဲအပ္ကာ
သမီးႏွင့္ဇနီးျဖစ္သူအားအခ်ိန္ပို၍ေပးျဖစ္ခဲ့
ေလသည္။

ယခုအခ်ိန္ထိခြန္ေဇထံမွဆက္သြယ္လာျခင္းမရွိ
သျဖင့္အခ်ိဳ႕ေသာေမၽွာ္လင့္ခ်က္ေရးေရးေလးမွာ
အခ်ိန္ကုန္လြန္လာသည္ႏွင့္အမၽွေပ်ာက္ဆုံးသြား
ကာေမ့နိုင္သြားသည့္ဘက္သို႔ကူးေျပာင္းစျပဳ
လာေလသည္။

အျပာႏုေရာင္ျဖင့္သာဖြဲ႕စည္းထားေသာရိုးစင္းလွ
သည့္အခန္းတစ္ခန္းတြင္..မနက္ေစာေစာစီးစီး
ၾကက္ေပ်ာက္၊ငွက္ေပ်ာက္သကဲ့သို႔သူနာျပဳ
ဆရာဝန္မေလးမ်ားအခ်ိဳ႕မွာ႐ုန္းရင္းဆန္ခတ္
ျဖစ္ေနၾကေလသည္။

အေၾကာင္းမွာ သူတို႔အထူးဂ႐ုစိုက္ၾကည့္ရွူေနရ
သည့္လူနာမွာေပ်ာက္ခ်င္းမလွေပ်ာက္သြားေသာ
ေၾကာင့္ပင္ျဖစ္သည္။လူနာ၏မိသားစုဝင္မ်ားမွာ
မူလူနာေပ်ာက္သြားသည္ဆိုသည့္အသိႏွင့္ေဆး႐ုံသို႔
အေလာတႀကီးေရာက္လာၾကေလသည္။
အခန္းထဲတြင္လည္းစာတစ္ေစာင္သာခ်န္ထားကာ
ထိုစာအားဖတ္ၿပီးသည္ႏွင့္ေခါင္ထက္အဖို႔
ေသြးေၾကာမ်ားေျပာင္းျပန္စီးဆင္းသြားသကဲ့သို႔ပင္
ခံစားလိုက္ရေလသည္။

တီ...တီ....

ဖုန္းဝင္သည္။ဖုန္းမကိုင္ပါ။

တီ...တီ...

ဒုတိယအႀကိမ္ထပ္မံဖုန္းေခၚဆိုရာ

""ဟဲလို""

တဖက္မွဖုန္းကိုင္ေလၿပီ..သို႔ေသာ္လည္းေခါင္ထက္
သည္ေဒါသေသြးမ်ားဆူပြေနသကဲ့သို႔ေရာက္ေန
သည္မွာေဆး႐ုံမွန္းပင္သတိမထားမိေတာ့ပါပဲ
ေအာ္ဟစ္လိုက္ေလသည္။

""ကယ္ရက်ိဳးမနပ္တဲ့ေကာင္!!.မင္းအခုဘယ္မွာလဲ""

""ျဖည္းျဖည္းေျပာလည္းၾကားပါတယ္""

""မင္းလိုေကာင္ကိုျဖည္းျဖည္းေျပာစရာလား..
ဒီ၃ႏွစ္လုံးငါတို႔ကိုအ႐ူးလုပ္ထားတာ..ေျပာ
မင္းအခုဘယ္မွာလဲ""

""ေလဆိပ္မွာ""

""ဘာ!!""

""ေလဆိပ္မွာလို႔""

""မင္းအခုမွတကယ္႐ူးသြားတာထင္တယ္""

""အင္း...မင္းေျပာတာျဖစ္နိုင္ေခ်ရွိတယ္..ထိုင္း
နိုင္ငံသြားဖို႔ေလဆိပ္ကိုေရာက္ေနၿပီး..""

""မင္းကမေျပာမဆိုနဲ႔ထြက္သြားမွေတာ့ ငါတို႔က
ဘာလုပ္ရမလဲ""

""ငါ့မိဘေတြကိုမင္းၾကည့္ၾကပ္ေျဖေပးလိုက္ေပါ့
ငါ့မိဘေတြကနားလည္မွုအျပည့္ရွိပါတယ္..မင္းက
ေတာ့ေနာက္ေလယာဥ္နဲ႔ငါ့ဆီလိုက္လာခဲ့ေလ..ဒါပဲ
ငါေလယာဥ္ေပၚတက္ရေတာ့မယ္""

တီ...ခနဲက်သြားသည့္ဖုန္းသံအဆုံးေခါင္ထက္မွ
ေဒါသထြက္ရင္းထြက္လာရျပန္သည္။

ဒီေကာင္သူ႔ကိုျပသနာအလုံးလိုက္၊အခဲလိုက္ခ်န္သြား
ခဲ့တာ..ဒီ၃ႏွစ္လုံး႐ူးခ်င္ေယာင္ေဆာင္ၿပီးအကုန္လုံး
ကိုအကြက္က်က်စီစဥ္သြားတာ၊ဒီေကာင္ကြာ..လြန္ခဲ့
တဲ့၃ႏွစ္ကျဖစ္ခ်င္ရာျဖစ္ဆိုၿပီးပစ္ထားခဲ့ရမွာ..ဒါဆို
သူအခုလိုက်န္ရွိေနတဲ့ျပသနာေတြကိုေျဖရွင္းေန
စရာမလိုေတာ့ဘူး..အခုေတာ့
""တာကိုကိုယ္တိုင္ေတာင္းပန္ခ်င္လို႔ထိုင္းကို
တစ္ေယာက္ထဲအရင္သြားႏွင့္ၿပီ""ဆိုတဲ့စာနဲ႔သူ႔ကို႔အ႐ူးလုပ္သြားတာ..
ခံေပအုံးေပါ့ေခါင္ထက္ရာ..ရွိရွိသမၽွဝဋ္ေႂကြးေတြ
ခံလိုက္ေပအုံးေပါ့....

ေလဆိပ္မွေကာင္ေလးမွာမူသူငယ္ခ်င္းအေပၚ
ျပဳလုပ္ခဲ့သည္အားေက်နပ္လ်က္ရွိၿပီးသူ၏အျပဳံး
မွာႏုတ္ခမ္းေထာင့္စြန္းထိေကာ့တက္လာေလသည္။

သူသည္အနက္ေရာင္suitအားဝတ္စုံျပည့္ဝတ္ဆင္ထား
ကာ,ေနကာမ်က္မွန္ႏွင့္အထာက်စြာျပင္ဆင္ထား၍
လက္ထဲတြင္လည္းခရီးသြားluggageအားဆြဲကိုင္
ထားလ်က္ႏွင့္ယုံၾကည္ခ်က္ရွိစြာပင္သူ၏ေျခလွမ္း
မ်ားအားေရွ႕သို႔ဦးတည္သြားေလသည္။
၃ႏွစ္ၾကာခဲ့ၿပီ။ထိုေကာင္ေလးမွသူ႔အားမဆက္သြယ္
လၽွင္သူကိုယ္တိုင္ထိုေကာင္ေလးရွိရာသို႔သြား
ကာထိုေကာင္ေလးအားသူကိုယ္တိုင္လိုက္ရွာမည္ျဖစ္
သည္။

ထိုေကာင္ေလးအားရွာေဖြသည္မွာမည္မၽွၾကာမည္မွန္း
ေသခ်ာမသိပါေသာ္လည္းသည္တစ္ခါတြင္သူ
ေသခ်ာစိတ္ပိုင္းျဖစ္ထားပါသည္။ထိုေကာင္ေလးမွ
သူ႔အားခြင့္လြတ္လာသည္အထိသူဝန္ခ်ေတာင္းပန္
မည္။ထိုေကာင္ေလးသည္ယခုအခ်ိန္ထိရွင္သန္
ေနေသးေၾကာင္းသူခံစားမိသည္။ထို႔ေၾကာင့္လဲ
အရဲစြန႔္ကာဤသို႔ဆုံးျဖတ္လိုက္ျခင္းပင္ျဖစ္သည္။

ဒီေရတာဆိုသည္မွာဆန္းဝံ့ၾကယ္အနားရွိမွသာလၽွင္
ၿပီးျပည့္စုံမည္...အလားတူစြာပင္ဆန္းဝံ့ၾကယ္ဆိုသည္
မွာလည္းဒီေရတာအားေတြ႕ျမင္ေနရမွဆက္ကာ
အသက္ရွင္နိုင္မည္ျဖစ္သည္။အႀကိမ္ႀကိမ္လြဲမွား
ေနခဲ့ရင္းက..သည္တစ္ခါမွာမူက်ိန္းေသမလြဲမွား
ေတာ့ပါေလ၊သူကိုယ္၌ကလည္းလြဲမွားခြင့္ေပးမည္
မဟုတ္ေတာ့ပါ...

ဘယ္ေသာအခါကမွ...ေနာက္တစ္ႀကိမ္ထပ္၍လြဲမွား
ခြင့္ေပးမည္မဟုတ္ေတာ့ပါ....




.......................

ၿပီးခဲ့သည့္၃ႏွစ္အတြင္းဆန္းသည္ခြန္ေဇထံမွအဆက္သြယ္ရခဲ့သည္။အမွန္တကယ္ဆိုလၽွင္ခြန္ေဇသည္ေခါက္ထက္ထံသာဆက္သြယ္လာၿပီးထိုေန႔ကေခါင္ထက္သည္ဆန္းအားလူနာလာၾကည့္ရာမွသူ၏ဖုန္းသည္ဆန္းရွိရာလူနာခန္းသို႔က်န္ခဲ့ေလသည္။ေခါင္ထက္မွအိမ္ျပန္သြားသည့္အခါက်န္ေနခဲ့သည့္စားပြဲေပၚတင္ထားသည့္ဖုန္းမွ message ဝင္လာသည္။

ဆန္းသည္အစပိုင္းတြင္ဝင္လာသည့္ထိုmessageအားစိတ္ဝင္စားျခင္းမရွိပါေသာ္လည္းသတိမထားမိပါပဲသူ၏လက္သည္ေခါင္ထက္ဖုန္းအားကိုင္မိသြားေလသည္။ဖုန္းမ်က္ႏွာျပင္ထက္တြင္ေသခ်ာစြာအထင္းသားေပၚေနသည့္messageမွစာသားမ်ားသည္ဆန္းအား
အာ႐ုံမစိုက္ရပါပဲမေနနိုင္သည္အထိျဖစ္ေစသည္။

""ခြဲစိတ္မွုအေျဖသိရၿပီး""

ရိုးရွင္းသည့္စာအားၾကည့္လိုက္သည္ႏွင့္ထိုစာသည္ခြန္ေဇမွပို႔လာမွန္းဆန္းရိပ္မိသြားေလသည္။

သည္တေလာေခါင္ထက္ႏွင့္ခြန္ေဇမွအဆက္သြယ္ရွိေနၾကသည္တဲ့လား..ဒါဆိုဘာလို႔မ်ားသူ႔ကိုလိမ္ခဲ့ၾကတာလဲ..သူ႔ကိုဘာလို႔တာနဲ႔ပက္သက္ၿပီးတစ္ခုမွမဖြင့္ဟခဲ့ၾကတာလဲ
သို႔ေလာသို႔ေလာအေတြးမ်ားျဖင့္ ဆန္းသည္တဖက္မွဆက္သြယ္လာမည့္အခ်ိန္အားေစာင့္ေနျခင္းမျပဳေတာ့ပါပဲသူကိုယ္တိုင္လၽွင္ဒီေရတာရွိရာသို႔သြားရန္ျပင္ဆင္ခဲ့ေလသည္။

အတန္ၾကာေလယာဥ္စီးၿပီးထိုင္းနိုင္ငံသို႔ေရာက္ေသာ္ထိုင္းနိုင္ငံေလဆိပ္မွထြက္လာသည္ႏွင့္ေလဆိပ္အဝင္ဝတြင္ရင္းႏွီးလွသည့္အရိပ္ေယာင္အားဆန္းျမင္လိုက္ရသည္။
ဆန္းသည္သူတပ္ထားသည့္ေနကာမ်က္မွန္အားခၽြတ္ကာထိုရင္းႏွီးလွသည့္အရိပ္ေယာင္ထံသို႔ဦးတည္သြားေလသည္။

""သတင္းေရာက္တာျမန္လိုက္တာ""

ဆန္းသည္မ်က္မွန္ခၽြတ္ေနရင္းႏွင့္ပင္တဖက္လူမွသူ႔အားလာေတြ႕မည္မွန္းေသခ်ာသည္အသိႏွင့္စကားဆိုလိုက္သည္။

""ငါေတြးထားတာေတာ့ထိုင္းနိုင္ငံတစ္ခုလုံးကိုေျမလွန္ပစ္မယ္ေပါ့ ၿပီးေတာ့ငါေတြ႕ခ်င္ေနတဲ့သူကိုရွာမယ္..မထင္မွတ္ပဲေရာက္လာတာနဲ႔အႀကိဳဆိုခံရတာပဲ""

""ေခါင္ထက္ကအခုခ်က္ခ်င္းလိုက္လာေနၿပီ နာရီပိုင္းအတြင္းဒီကိုေရာက္လာလိမ့္မယ္""

တစ္ဖက္သူဆိုလာသည္အားဆန္းမွခန႔္မွန္းထားသည့္အ​ေျဖျဖစ္ရာ ေထြေထြထူးထူးအံ့ဩျပမေနေတာ့ပါ။

""တာေရာ ငါတာနဲ႔ေတြ႕ခ်င္တယ္""

""မင္းေတြ႕ရမွာပါ ငါအခုပဲမင္းကိုတာဆီေခၚသြားေပးမယ္""

ဆန္းအားေလဆိပ္သို႔လာႀကိဳသူမွာခြန္ေဇျဖစ္ၿပီးသူသည္ေခါင္ထက္ထံမွသတင္းရသည္ႏွင့္ခ်က္ခ်င္းပင္ဆန္းအားလာႀကိဳေလသည္။ခြန္ေဇသည္ဆန္းႏွင့္ေသခ်ာရင္းႏွီးမွုမရွိခဲ့ပါေသာ္လည္းဆန္း၏တဇြတ္ထိုးလုပ္တက္သည့္အက်င့္ရွိသည္အားေတာ့ေသခ်ာနားလည္ထားပါသည္။

ဆန္းသည္ခြန္ေဇေခၚရာေနာက္သို႔လိုက္လာရာ တစ္နာရီခန႔္ၾကာေသာ္ႏွစ္ေယာက္သားစီးလာသည့္ကားမွာဦးတည္ရာသို႔ေရာက္လာေလသည္။

အပန္းေျဖဥယ်ဥ္ႏွင့္ဆင္တူသည္။ၿခံတံခါးႏွင့္ေနအိမ္မွာအေတာ္ကြာေဝးသည္။ၿခံထဲတြင္အပန္းေျဖဇိမ္ခံရန္ေရကူးကန္လဲရွိသည္။အိမ္မွာ၃ထပ္တိုက္သာဆိုေသာ္လည္းတန္ဖိုးႀကီးလွသည့္ကၽြန္းသစ္မ်ားျဖင့္တံခါးအဝင္ေပါက္အားေသခ်ာအလွဆင္ထားသည္။ေနရာအႏွံ့အျပားတြင္လည္းစိမ္းစိုေနသည့္အပင္မ်ားစိုက္ပ်ိဳးထားၿပီးၿခံတစ္ခုလုံးအတြင္းရွိေျမျပင္အားေက်ာက္စရစ္ခဲမ်ားျဖင့္ပုံေဖာ္ထုဆစ္ထားသည္။လူကုံထံသာလၽွင္ေနနိုင္သည့္အေဆာက္အဦးမ်ိဳး။

ခြန္ေဇမွာကားေပၚမွဆင္းလာသျဖင့္ဆန္းသည္လည္းလိုက္ဆင္းလာေလသည္။ဆန္းသည္သူေရာက္ရွိေနသည္ပတ္ဝန္းက်င္ပတ္ပတ္လည္အားေသခ်ာအာ႐ုံစိုက္ၾကည့္ေနသည္။

""သြားရေအာင္..အထဲမွာေစာင့္ေနတယ္""

""ဒါ..တာရဲ့အိမ္လား""

""ဟုတ္တယ္ ထိုင္းမွာရွိတဲ့တာ့အေဖရဲ့အိမ္""

တာသည္ခ်မ္းသာမွန္းဆန္းသိသည္။သို႔ေသာ္ထိုမၽွထိခ်မ္းသာမည္မွန္းဆန္းမထင္ထားခဲ့။ႏွစ္ေယာက္သားခင္မင္ခဲ့သည့္အေတာတြင္း၌ဆန္းသည္ထိုင္းနိုင္ငံရွိတာ၏ေနအိမ္အားတစ္ႀကိမ္တစ္ခါမွေရာက္ရွိဖူးျခင္းမရွိခဲ့ပါ။

ခြန္ေဇသည္ဆန္းႏွင့္အတူအိမ္ထဲသို႔ဝင္ရန္ျပင္စဥ္ အိမ္ထဲမွလူတစ္ေယာက္ထြက္လာေလသည္။ထိုသူသည္အလြန္ဆုံးအသက္၅၀ေက်ာ္ခန႔္ရွိၿပီးအသားျဖဴသည္။
ေဘာင္းဘီရွည္အားအကၤ်ီလက္ရွည္အကြက္ႏွင့္လူႀကီးဆန္ဆန္တြဲဝတ္ထားကာ ညာဘက္လက္တြင္တန္ဖိုးႀကီးသည့္လက္ပတ္နာရီအားပတ္ထားသည္။

ထိုသူသည္ေနအိမ္မွထြက္လာၿပီးသည္ႏွင့္ၿခံထဲသို႔ေရာက္ေနၿပီျဖစ္သည့္ခြန္ေဇႏွင့္ဆန္းအနားသို႔ေျခလွမ္းလာေလသည္။

""အန္ကယ္""

ခြန္ေဇမွထိုသူအားႏုတ္ဆက္စကားဆိုသည္။ထိုသူသည္လည္းခြန္ေဇအားျပန္ႏုတ္ဆက္လိုက္ေလသည္။

""ေရာက္လာၾကၿပီလား""

ထိုသူသည္ျမန္မာစကားအားဆိုလာေသာ္လည္းအနဲငယ္စကားဝဲခ်င္ေနသည္။ထိုင္းနိုင္ငံတြင္အေနမ်ား၍ျမန္မာစကားဝဲေနရသည္လည္းျဖစ္နိုင္သည္။

""အန္ကယ္ ကၽြန္ေတာ္သူ႔ကိုေခၚလာပါၿပီ""

""ေတြ႕ရတာဝမ္းသာပါတယ္ အန္ကယ္ကေတာ့ဒီေရတာရဲ့ဖခင္ပါ""

""ဟုတ္ ကၽြန္ေတာ္လဲေတြ႕ရတာဝမ္းသာပါတယ္ ကၽြန္ေတာ့နာမည္ကဆန္းဝံ့ၾကယ္ပါ""

""အန္ကယ္သိပါတယ္ ""

ထိုသူသည္ဒီေရတာ၏ဖခင္ျဖစ္ၿပီးဆန္းအားသိထားႏွင့္
သူျဖစ္သည္။

""အန္ကယ္ဟိုးအရင္ထဲကမင္းနဲ႔ေတြ႕ခ်င္ေနခဲ့တာ ဒါေပမဲ့ကံခ်င္းမတိုက္ဆိုင္လို႔ထင္ပါတယ္ ခုမွေတြ႕ရမဲ့ကံပါလာတယ္""

ဆန္းသည္တာ၏ဖခင္ႏွင့္သာစကားဆိုေနရေသာ္လည္းသူ၏အၾကည့္တို႔သည္ေနအိမ္ထဲႏွင့္အိမ္၏ေဘးပတ္ဝန္းက်င္သို႔သာခဏခဏေရာက္ခ်င္ေနသည္။

တာဘယ္မွာပါလိမ့္!!

""အန္ကယ္ တာေရာ""

သည္တခါစကားဆိုလာသူမွာခြန္ေဇျဖစ္ၿပီးခြန္ေဇသည္တာအားမေတြ႕မိသျဖင့္ေမးလိုက္ျခင္း။

""တာလား..အခုထိအိမ္ထဲမွာပဲ..ဒီေန႔ဘတ္စကက္ေဘာေဆာ့ဖို႔ေလ ျပင္ဆင္ေနတာခုထိအိမ္ထဲကထြက္မလာေသးဘူး""

ဘတ္စကက္ေဘာ?တာကဘတ္စကက္ေဘာေဆာ့တက္သည္တဲ့လား၊ဘယ္တုန္းကမွဆန္းမသိခဲ့သည့္အမွန္တရားတစ္ခု၊

""ဒါဆိုကၽြန္ေတာ္သူ႔ကိုသြားဝင္ေခၚလိုက္အုံးမယ္""

""ေအးေအး သြားေခၚလိုက္ပါအုံး ဧည့္သည္ပါလာတယ္ပါေျပာလိုက္အုံး မဟုတ္ရင္ဒီေန႔ေတာ့ဘတ္စကက္ေဘာကစားဖို႔လမ္းစမျမင္ေတာ့ဘူးရယ္""

တာ၏ဖခင္မွရယ္ေႏွာက္ေႏွာက္ေလသံျဖင့္ခြန္ေဇအားဆိုလိုက္ရာ ခြန္ေဇသည္လည္းအိမ္ထဲသို႔ဝင္ရန္ျပင္စဥ္အိမ္ထဲမွေန၍ခပ္စူးစူးအသံတစ္သံထြက္ေပၚလာသည္။

""ဒယ္ဒီ!!...ေဘာလုံးေရာ ေဘာလုံးမေတြ႕ဘူးလို႔""

အသံစူးစူးေလးျဖင့္ေနအိမ္ထဲမွအိမ္ျပင္သို႔ထြက္လာသည့္ေကာင္ေလး။

ထိုေကာင္ေလးသည္အိမ္ျပင္သို႔ေရာက္လာသည္ႏွင့္အေစာပိုင္းအသံစူးေနရာမွသူ၏ေျခလွမ္းအားရပ္ကာ ျမင္ကြင္းထက္မွေပၚလာသူအားအံ့ဩသြားဟန္ျဖင့္ေၾကာင္ၾကည့္ေနေလသည္။

တာ!!

ဆန္းသည္သူ၏အမူရာပင္မထိန္းနိုင္ေတာ့သည္အထိၿပိဳလဲခါနီးျဖစ္ခ်င္သည္။ယခုသူႏွင့္သိပ္မေဝးသည့္အေနထားတြင္ရပ္ေနသူမွာ ဒီေရတာေရာဟုတ္ပါရဲ့လား..
တာကိုသူေတြ႕ခ်င္လြန္းလို႔အျမင္ေတြပါမွားကုန္တာမ်ားလား..

တစ္ဖက္မွတာသည္လည္းသူ႔အားေၾကာင္ၾကည့္ေနျပန္သည္။တာ့မ်က္ႏွာထက္တြင္ဆန္းအားေတြ႕လိုက္ရသျဖင့္အံ့ဩေနဟန္အျပည့္ျဖင့္

တာသည္သူတအံ့တဩၾကည့္ေနသည့္သူေရွ႕သို႔ေျခလွမ္းလာကာ ျမင္ေနရသည့္ထိုသူအားေသခ်ာၾကည့္ေနျပန္သည္။

""မင္းက...""

တာသည္သူ႔ေရွ႕တြင္မ်က္ႏွာခ်င္းဆိုင္ရပ္ကာ သူ႔အားအၾကည့္ပို႔ထားပါေသာ္လည္းတာ၏အၾကည့္ထဲတြင္သူႏွင့္ရင္းႏွီးေနသည့္ခံစားခ်က္တို႔တစိုးေစမၽွပါဝင္ျခင္းမရွိပါပဲသူ႔အားေတြ႕လိုက္ရသျဖင့္အံ့ဩေနသည့္ခံစားခ်က္တို႔သာရွိေနသည္။

""မင္းပဲ..ဟုတ္တယ္မလား..႐ုပ္ရွင္႐ုံမွာေတြ႕ခဲ့တဲ့လူေလ..မင္းငါ့ကိုမွတ္မိလား..မဟုတ္ေသးဘူး မင္းဒီကိုဘယ္လိုေရာက္လာတာလဲ..ငါမင္းကိုျမန္မာနိုင္ငံမွာပဲရွိေနမယ္ထင္ခဲ့တာ..အခုက်ဘယ္လိုလုပ္..ဒယ္ဒီ ဘယ္လိုျဖစ္တာလဲ""

တာသည္ဆန္းအားအၾကည့္ပို႔ထားရာမွဖခင္ထံသို႔အံ့ဩေနဟန္ႏွင့္ျပန္ေမးလာေလသည္။

တာ၏ဖခင္မွမည္သည္မၽွျပန္မေျဖပါပဲသားျဖစ္သူအား ျပဳံးျပဴုံေလးသာျပန္ၾကည့္ေနေလသည္။ထို႔အတူခြန္ေဇသည္လည္းတာအားသည္တိုင္းသာၾကည့္ေနၿပီး အေျခေနအားနားမလည္နိုင္သူမွာဆန္းဝံ့ၾကယ္သာပင္။

ဘာေတြျဖစ္ေနတာလဲ..တာသူ႔ကိုစိတ္မဆိုးဘူးလား..
တကယ္ဆိုသူ႔ကိုေဒါသထြက္ၿပီးေမာင္းထုတ္ရမွာေလ..
တာေျပာေနတာေတြလဲသူတစ္ခုမွနားမလည္ဘူး..တာဘာေတြေျပာေနတာလဲ..





.............

""ခြဲစိတ္မွုကၿပီးခဲ့တဲ့ႏွစ္ကမွေအာင္ျမင္သြားတာ..ခြဲစိတ္ၿပီးတစ္ပတ္အၾကာမွာပဲတာျပန္နိုးလာခဲ့တယ္..သူျပန္နိုးလာေတာ့မင္းနဲ႔ပက္သက္တဲ့မွတ္ညဏ္ေတြ၊ၿပီးေတာ့ျမန္မာနိုင္ငံမွာေနခဲ့တဲ့မွတ္ဉာဏ္ေတြမရွိေတာ့ဘူး..သူ႔မွာဆယ္တန္းေအာင္ခါစမွတ္ဉာဏ္ပဲက်န္ေတာ့တယ္..က်ိန္းေသခြဲစိတ္တာနဲ႔ေတာ့မဆိုင္ဘူးေပါ့ မဆိုင္ေပမဲ့သူေမ့ခ်င္ေနတဲ့မွတ္ညဏ္ေတြျဖစ္ေနလို႔လဲေမ့သြားတာျဖစ္နိုင္တာပဲ..မင္းနဲ႔ပက္သက္တဲ့မွတ္ညဏ္ေတြကအမွတ္ရစရာမွမေကာင္းတာ..တာ့အတြက္ေတာ့ဒဏ္ရာေတြပဲေလ ဟုတ္တယ္မလား..""

တာသည္ဘတ္စကက္ေဘာေဆာ့ရန္အိမ္ထဲသို႔ျပန္ဝင္ကာအဝတ္စားလဲေနသည္။တာ၏ဖခင္မွလည္းအလုပ္ကိစၥရွိသျဖင့္အျပင္ထြက္သြားရာက်န္ရွိေနသည့္ခြန္ေဇမွဆန္းအားအခ်ိဳ႕ေသာအေၾကာင္းရာအားရွင္းျပေနေလသည္။

""မင္းခုနကေျပာတာ..တာငါ့ကိုေမ့သြားတယ္ဆို..ဒါေပမဲ့သူ..""

""သူဘာလို႔မင္းကိုေတြ႕ေတာ့အံ့ဩေနတာလဲဆိုၿပီးေမးမလို႔မလား..သူမင္းကိုေမ့သြားတယ္ အဲ့တာအမွန္ပဲ ဒါေပမဲ့မင္းနဲ႔စေတြ႕တဲ့အခ်ိန္ကိုေတာ့သူေမ့မသြားခဲ့ဘူး""

ဆန္းနားမလည္မိေသး။

""တာနဲ႔စေတြ႕တဲ့အခ်ိန္ကိုမွတ္မိေသးလား..အဲ့တုန္းကမင္းတို႔တကၠသိုလ္အတူတက္ရင္းဆုံတာေလ ..တကယ္ေတာ့အဲ့ဒီမတိုင္ခင္ကမင္းတို႔တစ္ခါဆုံခဲ့ၾကေသးတယ္ ေျပာရင္မင္းယုံခ်င္မွယုံမွာ တာကအဲ့မွာပဲမင္းကိုေတြ႕ၿပီးမင္းကိုသေဘာက်ခဲ့တာ""

ဆန္းဘယ္တုန္းအခါကမွမသိခဲ့သည့္အမွန္တရား။

တကၠသိုလ္မတက္ခင္သူတို႔ဆုံခဲ့ၾကသလားေတာင္
ဆန္းေသခ်ာမမွတ္မိေတာ့။

""အစက မင္းကိုအန္ကယ္ကခြင့္မလြတ္ဘူး..မင္းကသူ႔ရဲ့တစ္ဦးတည္းေသာသားကိုဒီလိုျဖစ္ေအာင္လုပ္လိုက္တာေလ သူမင္းကိုခြင့္လြတ္မယ္ဆိုတာျဖစ္နိုင္ပါ့မလား..ဒါေပမဲ့တာနိုးလာေတာ့ မင္းနဲ႔ေတြ႕ခ်င္တယ္ဆိုၿပီးမင္းကိုပဲေမးေနခဲ့တာ..တစ္ႏွစ္ပတ္လုံး..ငါတို႔အားလုံးနားပူလာရတဲ့အထိကိုမင္းအေၾကာင္းပဲေမးေနခဲ့တာ ဒါေၾကာင့္မို႔..ငါေခါင္ထက္ကိုဆက္သြယ္လိုက္တာ""

""ဒါေပမဲ့ၿပီးခဲ့တဲ့တစ္ႏွစ္လုံး မင္းဆက္သြယ္လာတဲ့အေၾကာင္းေခါင္ထက္ငါ့ကိုဘာမွမေျပာဘူး""

""ငါသိတယ္ သူမေျပာဘူးဆိုတာကအဲ့တုန္းကမင္းေဆး႐ုံတက္ေနခဲ့ရတာေလ ၿပီးေတာ့မင္းစိတ္အေျခေနကမၿငိမ္ေသးဘူး ဒါေၾကာင့္လဲေခါင္ထက္ကမင္းကိုတာအေၾကာင္းမေျပာျပေသးဖို႔စီစဥ္လိုက္တာျဖစ္မယ္..""

ဆန္းမွနားလည္စျပဳလာေလၿပီ

""အမွန္ေျပာရရင္ ငါေတာ့တာကိုမင္းနဲ႔ထပ္မဆုံေစခ်င္ဘူး တာရဲ့အနားမွာငါအနီးကပ္ဆုံးရွိလာခဲ့တာ သူ႔ရဲ့နာက်င္မွု၊သူ႔ရဲ့ဝမ္းနည္းမွု၊ၿပီးေတာ့သူ႔ရဲ့မ်က္ရည္..အားလုံးကိုငါအနီးစပ္ဆုံးျမင္လာခဲ့ရတာ..တာကငါ့ဘဝရဲ့ငါအခ်စ္ရဆုံးေသာသူပဲ..သူကငါ့အတြက္ေတာ့ညီအရင္းလိုပဲ..တကယ္ဆိုမင္းကိုငါသတ္ပစ္ခ်င္ခဲ့တဲ့အထိပဲ..တာ့ဘဝကိုမင္းဖ်က္ဆီးခဲ့တုန္းက..အဲ့ေန႔ကတာၿပိဳလဲေနတဲ့ပုံကိုၾကည့္ၿပီးငါပါနာက်င္ခဲ့ရတာ..""

ဒီေနရာတြင္ဆန္းနားမလည္ေတာ့..ဖ်က္ဆီးတယ္..ဘာကို။

ခြန္ေဇသည္သူ႔ဆိုလိုရင္းအားနားမလည္ပါပဲသူ႔အားေၾကာင္ၾကည့္ေနသည့္ဆန္းအားေတြ႕ေသာ္

""တာကနာက်ည္းစရာအတိတ္ေတြကိုေမ့သြားေပမဲ့မင္းကိုစေတြ႕တဲ့အခ်ိန္ကိုေတာ့မွတ္မိေနခဲ့တာထင္တယ္""

ၿပီးခဲ့သည့္ကိစၥအားခြန္ေဇမွျပန္မေျပာလိုေတာ့သျဖင့္တမင္သက္သက္ပင္စကားလမ္းေၾကာင္းလြဲလိုက္သည္။

""ျမန္မာနိုင္ငံကိုသြားၿပီးမင္းကိုသြားရွာမယ္ဆိုလို႔ အန္ကယ္က တမင္အရွုံးေပးလိုက္ၿပီးမင္းကိုလက္ခံလိုက္တာ ေနာက္အခ်ိန္ရရင္အန္ကယ္နဲ႔ေသခ်ာစကားေျပာၾကည့္ေပါ့""

""အင္း ငါနားလည္ၿပီး ဒါေပမဲ့အေစာကမင္းေျပာတဲ့ ဖ်က္ဆီးတယ္ဆိုတာကေလ""

""မင္းတို႔ဘာလုပ္ေနတာလဲ..ငါအဝတ္စားလဲလို႔ၿပီးၿပီ""

ဆန္းမွမရွင္းသျဖင့္ခြန္ေဇအားေမးမည္ဆို႐ုံသာရွိေသး..
တာမွာအိမ္ထဲမွျပန္ထြက္လာေလၿပီ။

တာသည္ဘတ္စကက္ေဘာေဆာ့ရန္ဝတ္စုံအသင့္ျပင္ဝတ္ထားကာ နဖူးစည္းပင္ပတ္ထားလိုက္ေသးသည္။လက္ထဲတြင္လည္းေဘာလုံးအားပိုက္လာသည္။
သူသည္အိမ္ထဲမွထြက္လာၿပီးစကားေကာင္းေနၾကသည့္ဆန္းႏွင့္ခြန္ေဇနားသို႔ေျခလွမ္းလာေလသည္။

""ဟိုေလ..ငါဘယ္လိုလဲ အဆင္ေျပလား""

""ငါ့နာမည္ဆန္းဝံ့ၾကယ္လို႔ေခၚတယ္..""

""ဟုတ္လား ငါ့နာမည္ကဒီေရတာလို႔ေခၚတယ္""

တာသည္ဆန္းႏွင့္ရင္းရင္းႏွီးႏွီးစကားဆိုရသည္အားသေဘာက်ေသာ္လည္းေနသားမက်ပဲေနရခက္ေသးသည္။

""တာလို႔ေခၚမယ္ ရတယ္မလား""

""ရတာေပါ့ ႀကိဳက္သလိုေခၚလို႔ရတယ္ သေဘာပဲ..ဟိုေလ ဘတ္စကက္ေဘာအတူေဆာ့ၾကမလား..""

""ေဆာ့လို႔ရလား""

""အင္း""

""မင္းတို႔ပဲသြားေဆာ့ၾကပါ..ငါမပါေတာ့ဘူး ဧည့္သည္ထပ္ေရာက္လာမွာမို႔ ေစာင့္ေနလိုက္အုံးမယ္""

ခြန္ေဇမွထိုသို႔ဆိုၿပီးသည္ႏွင့္ႏွစ္ေယာက္သားၾကားဝင္မပါေတာ့ပါပဲ ၿငိမ္ေနလိုက္ေတာ့သည္။ခြန္ေဇမွထြက္သြားေသာ္ ႏွစ္ေယာက္သားအၾကားေနရခက္စြာျဖင့္ တာသည္ဆန္းအားမဝံ့ရဲစြာၾကည့္ကာ

""မင္းဘတ္စကက္ေဘာေဆာ့တက္လား""

တာ့အေမးအား ဆန္းေခါင္းၿငိမ့္ျပလာသည္။

""ဒါဆိုေကာင္းလိုက္တာ..ဒီေန႔ကစၿပီးဘတ္စကက္ေဘာကစားဖို႔အတြက္အေဖာ္ရသြားၿပီေပါ့""

""တာ""

""အင္း ေျပာေလ""

ဆန္းမွစကားေျပာလာရန္ျပင္ေသာ္လည္း မေျပာလၽွင္ပိုေကာင္းမည္ဟူသည့္အသိကပိုေနသျဖင့္ ႏွုတ္ခမ္းဝနားတစ္ေနခဲ့သည့္စကားလုံးမ်ားအား ၿမိဳသိပ္လိုက္ရင္း သူေျပာလာမည့္စကားအား ၾကားခြင့္ရရန္ေစာင့္ေနသည့္ တာထံေခါင္းခါျပလိုက္သည္။

""ေတာင္းပန္ပါတယ္ ဒီေလာက္အခ်ိန္ေတြအၾကာႀကီးေစာင့္ခိုင္းခဲ့မိလို႔ တကယ္ေတာင္းပန္ပါတယ္ ဒီေန႔ကစၿပီး အတူမရွိေပးနိုင္တဲ့ေန႔ရက္ေတြအတြက္ပါ ျဖည္းျဖည္းခ်င္းအစားထိုးၿပီးျပန္ေပးဆပ္ပါ့မယ္ တစ္ခါေလာက္ပဲအခြင့္ေရးထပ္ေပးပါ..ဒီတစ္ခါေတာ့မင္းကိုဘယ္လိုမွနာက်င္ေအာင္ထပ္မလုပ္ေတာ့ပါဘူးလို႔ ငါ့ရဲ့က်န္ရွိေနတဲ့ဘဝနဲ႔ရင္းၿပီးကတိေပးပါတယ္ ""

ထိုသို႔ဆိုလာရင္း ပါးျပင္ထက္မွဆန္းမ်က္ရည္မ်ားသည္မဖိတ္ေခၚပါပဲ သူ႔အလိုလိုက်ဆင္းလာသည္။ ဒီေကာင္ေလးအေပၚမွားခဲ့တဲ့သူ႔အျပစ္ေတြကႀကီးမားလြန္းလို႔ တစ္သက္လုံးျပန္ဆပ္ရင္ေတာင္ေၾကပါ့မလားေလ။

မ်က္ႏွာခ်င္းဆိုင္ေျခစုံရပ္ေနရာမွ ေတာင္းပန္စကားဆိုရင္းမ်က္ရည္က်ေနသည့္ဆန္းအားျမင္ေသာ္ တာသည္ဆန္းအနားတိုးကပ္လာကာ ဆန္းမ်က္ရည္အား သူ၏လက္ျဖင့္သုတ္ေနရင္း စကားဆိုလာသည္။

""ဘာလို႔မ်က္ရည္က်ေနတာလဲ ဘယ္သူကမင္းကိုနာက်င္ေအာင္လုပ္တာလဲ""

""မဟုတ္ပါဘူး မင္းနဲ႔ျပန္ေတြ႕ေတာ့ဝမ္းသာၿပီးမ်က္ရည္က်လာတာပါ""

""ေတာင္းပန္ပါတယ္ေနာ္ ငါဘာမွမမွတ္မိေတာ့လို႔ မင္းအမ်ားႀကီးပင္ပန္းခဲ့မွာပဲ""

အတိတ္ေမ့သြားခဲ့တာေတာင္အဆုံးထိသူ႔အတြက္ပဲေတြးေပးေနခဲ့တဲ့ေကာင္ေလး။

""အတိတ္မွာဘာေတြပဲျဖစ္ခဲ့ပါေစ ငါမင္းကိုခြင့္လြတ္ပါတယ္ အျပစ္လဲမတင္ဘူး ဘာေတြျဖစ္ခဲ့လဲဆိုတာကိုမမွတ္မိေပမဲ့ေသခ်ာတာတစ္ခုက အတိတ္ကဒီေရတာလည္း အခုလက္ရွိမင္းကိုခြင့္လြတ္မွာပါပဲ""

""ဒီေန႔ကစၿပီးေန႔ရက္တိုင္းအတြက္အျပစ္ရွိတဲ့စိတ္နဲ႔ရွင္သန္ရင္း အနားမွာရွိေနေပးပါ့မယ္""

""ကတိေနာ္""

""အင္း ကတိေပးတယ္""

အနီးအနားတစ္ဝိုက္တိုက္ခတ္သည့္ေလေျပေလညင္းေလးႏွင့္ ရာသီဥတုသည္ ဘတ္စကက္ေဘာကစားရန္အခ်ိန္ေကာင္းျဖစ္ေနသျဖင့္ ႏွစ္ေယာက္သားသည္ စကားဆိုလက္စအားအဆုံးသတ္ကာ ဘတ္စကက္ေဘာကစားရန္ကိုသာအာ႐ုံထားၾကေလေတာ့သည္။

ထိုအခိုက္အတန႔္၌ ျမန္မာနိုင္ငံမွVIPေလေၾကာင္းလမ္းျဖင့္ ထိုင္းနိုင္ငံသို႔အေလာတႀကီးေရာက္လာသည့္ ေခါင္ထက္အားခြန္ေဇမွသြားေရာက္ေခၚေဆာင္မွုအၿပီးတြင္ ဒီေရတာအိမ္သို႔ေရာက္လာၾကၿပီး အပူပင္ကင္းမဲ့စြာျဖင့္ ဘတ္စကက္ေဘာ ကစားေနၾကသည့္ေကာင္ေလးႏွစ္ေယာက္အားျမင္ေသာ္ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ျပန္ၾကည့္ကာ အခ်င္းခ်င္းေျပာစရာစကားမ်ားေပ်ာက္ရွသြားေလသည္။

""ဒီေရတာ အတိတ္ေမ့ေနတာေရာဟုတ္ရဲ့လား""

ေခါင္ထက္ဆိုလာသည္အား ခြန္ေဇမွ တာထံအၾကည့္ပို႔လိုက္ရင္း ယခုလက္ရွိတာ၏အေျခအေနအား သေဘာက်ပုံရစြာျဖင့္

""တာကအတိတ္သာေမ့သြားခဲ့တာ ဆန္းနဲ႔ပတ္သက္တဲ့ဘယ္အရာကိုမွေမ့မသြားခဲ့ဘူး နာက်င္စရာေကာင္းတဲ့မွတ္ဉာဏ္ေတြအကုန္လုံးကိုေမ့ေပ်ာက္သြားတဲ့တာက ဆန္းနဲ႔စေတြ႕တုန္းကအခိုက္တန႔္ကိုေတာ့အျမဲတမ္းအမွတ္ရေနခဲ့ၿပီး အဲ့ဒီခံစားခ်က္ေတြကပဲဘယ္သူ႔မွတားဆီးလို႔မရနိုင္ေအာင္ခိုင္ျမဲခဲ့တာ""

""ခ်ီးက်ဴးစရာပါပဲ မွတ္ဉာဏ္ေတြသာမရွိေတာ့တာ သူရဲ့မသိစိတ္ထဲမွာကေတာ့အဲ့ဒီလူနဲ႔ပတ္သတ္သမၽွအကုန္ေနရာယူထားတုန္းပဲ""

""တာ့ကိုၾကည့္ပါအုံး သူဒီလိုျပဳံးလာေအာင္ဘယ္သူ႔မွမလုပ္နိုင္ဘူး ဆန္းဝံ့ၾကယ္ကလြဲရင္ေပါ့""

""ဒါကလဲ ဆန္းကို တာနဲ႔ေပးေတြ႕ဆုံဖို႔အတြက္ မင္းဆုံးျဖတ္လိုက္ရတဲ့အေၾကာင္းရင္းပဲမဟုတ္လား""

""အစြဲလမ္းႀကီးလြန္းတဲ့စိတ္ေၾကာင့္နဲ႔ပဲ ဒီေလာက္ႏွစ္ေတြအၾကာႀကီးသူနာက်င္ခဲ့ရတာ အခုေတာ့ဒီအေျခအေနေလးကိုျမင္ရ႐ုံနဲ႔စိတ္ခ်နိုင္ပါၿပီ ဘာမွတ္ဉာဏ္မွမရွိေတာ့တဲ့တာက ဒီေန႔ကစၿပီးအမ်ားႀကီးေပ်ာ္ရြင္ရမွာပါ""

""အဲ့လိုပဲေမၽွာ္လင့္မိပါတယ္""

ႏွစ္ေယာက္သားသည္ေရာက္ရာအရပ္တြင္သာေျခစုံရပ္ေနရင္း ျမင္ေနရသည့္ျမင္ကြင္းတစ္ခုထံသို႔သာအၾကည့္ပို႔ထားၾကေလသည္။ထိုျမင္ကြင္းအားၾကည့္ရင္း ျပန႔္ႏွံ့လာသည့္ရယ္ေမာသံမ်ားႏွင့္ ေပ်ာ္ရြင္မွုမ်ားသည္ထိုသူႏွစ္ေယာက္ထံကူးစက္လာသေယာင္။

ျမင္ကြင္းထက္တြင္ရွိေနသည့္ ဆန္းဝံ့ၾကယ္ႏွင့္ဒီေရတာဟူေသာေကာင္ေလးႏွစ္ေယာက္သည္လည္း နာက်င္စရာေကာင္းသည့္မွတ္ဉာဏ္အားလြတ္ခ်နိုင္ခဲ့ၿပီးျဖစ္ရာ ေရာက္လာမည့္ေန႔ရက္မ်ားသည္အလွပဆုံးႏွင့္အခ်ိဳၿမိန္ဆုံးေသာေန႔ရက္မ်ားအျဖစ္သာ ေရာက္ရွိလာနိုင္ရန္အဖို႔ မ်ားစြာ ေစာင့္စားမိေလေတာ့သည္။

ခ်စ္ျခင္းဆိုသည့္သေဘာတရားသည္ တစ္ခါရစ္ႏြယ္ဖူးလၽွင္ ျပတ္ေတာက္ရခက္ပါသည္။ ထိုအရာအား ဒီေရတာဆိုေသာေကာင္ေလးမွ သက္ေသျပသြားခဲ့ေလၿပီျဖစ္သည္။







owncreation...ႏွင္းေႂကြ

Continue lendo

Você também vai gostar

13.9K 1.6K 5
SEKAI. Fanfiction . SHORT STORY In a Relationship with my baby bear
394K 27.7K 33
ခန္​႔ခန္​႔ဆိုတဲ့​ေၾကာင္​​ေတာင္​​ေတာင္​ ma ma boy​ေလးရယ္​ ႐ွိန္​းဆက္​ဆိုတဲ့ ခပ္​​ေခ်​ေခ်​ေကာင္​​ေလးရယ္​... မ​ေတာ္​တဆမႈကတစ္​ဆင္​့ ခန္​႔ခန္​႔နဲ႔႐ွိန္​း ...
6.1K 318 2
အခ်စ္ဟာ ေအးခ်မ္းခဲ႔တယ္...။ ႀကည္ႏူးဖို႔ေကာင္းခဲ႔တယ္...။ ျဖဴစင္သန္႔ရွင္းခဲ႔တယ္...။ ေထြးေပြ႔ေစာင့္ေရွာက္ျပီး လံုျခံဳေႏြးေထြးေစခဲ႔တယ္...။ အခ်စ္ဟာ...အျမ...
4.7M 526K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...