အတိတ်မေ့နေသောကျောင်းလူဆိုးလေး...

بواسطة Cora0411

402K 38.9K 1.2K

This is just Translation. ✨All credits to original author and english translator. Start date-12.1.2021 End da... المزيد

//Description//
//Chapter 1//
//Chapter 2//
//Chapter 3//
//Chapter 4//
//Chapter 5//
//Chapter 6//
//Chapter 7//
//Chapter 8.1//
//Chapter 8.2//
//Chapter 9.1//
//Chapter 9.2//
//Chapter 10.1//
//Chapter 10.2//
//Chapter 11.1//
//Chapter 11.2//
//Chapter 12.1//
//Chapter 12.2//
//Chapter 13.1//
//Chapter 13.2//
//Chapter 14//
//Chapter 16//
//Chapter 17//
//Chapter 18//
//Chapter 19//
//Chapter 20//
//Chapter 21.1//
//Chapter 21.2//
//Chapter 22//
//Chapter 23//
//Chapter 24//

//Chapter 15//

4.8K 1.1K 9
بواسطة Cora0411

Unicode

ရှီပုဖန် ဖုန်းအား ဖျက်ဆီးပစ်လိုက်မှာအတွက်တောင် ကျန်းယွမ်ပိုင်မျှော်လင့်ထားပြီးဖြစ်လေ၏။

အဲ့နောက်မှာတော့ သူထပ်သတိထားလိုက်မိတာက ရှီပုဖန်ဟာ သူ့သူငယ်ချင်းတွေအပေါ်မှာဆို အရမ်းသဘောကောင်းတယ်ဆိုတာကိုပဲ။ ရှီပုဖန်က ရယ်တောင်ရယ်ပြလာပြီး မေးလာသည်
“ ဘာဖြစ်လို့လဲ? ငါမင်းစိတ်ဆိုးအောင် တစ်ခုခုများလုပ်မိလို့လား? ”

ရှီပုဖန်က တကယ်ကို ကြင်နာတတ်တဲ့သူပဲ

ကျန်းယွမ်ပိုင် သူနဲ့တူတူရှိတဲ့အချိန်တွေကြာလာလေလေ ရှီပုဖန်က ဘယ်လောက်ကြင်နာတတ်မှန်း သူပိုသိလာလေလေပင်။ ရှီပုဖန်က သူဒီလိုစကားတွေပြောတဲ့အတွက် ရိုက်တောင်မရိုက်လေတော့ ကျန်းယွမ်ပိုင်မှာ ဆက်ပြောဖို့ရန် အတန်ငယ်ရှက်ရွံ့မိသွားရလေသည်။
“ ငါကဒီတိုင်းနောက်လိုက်တာပါ”

သူနောက်နေတာမဟုတ်မှန်း ရှီပုဖန်သိသော်ငြား သူခေါင်းသာညိတ်ပြ၍ မေးလိုက်သည်
“ မင်းအိမ်စာလုပ်လို့ပြီးသွားပြီလား? ဂိမ်းဆော့ချင်လား? ”

“ ငါဘယ်လိုကစားရမယ်မှန်းမသိဘူး ”

“ ငါမင်းကိုသင်ပေးမယ်လေ ”

ကျန်းယွမ်ပိုင် နှုတ်ခမ်းကို စုဝိုင်းလိုက်ပြီး သူ့မိဘတွေရဲ့စကားတွေကို ပြန်သတိရသွားတော့ သူ “မဆော့တော့ဘူး ”ဟုသာ ပြန်ဖြေလိုက်သည်။

ရှီပုဖန်က သူ့လက်တွေကို ခေါင်းနောက်မှာ ထားလိုက်ပြီး မေးလိုက်၏
“ ဘယ်လိုဖြစ်ရပြန်တာလဲ?”

“ ငါမသင်ချင်ဘူး ”

သူ့မိဘတွေပြောတဲ့ထဲမှာ အကျိုးအကြောင်းသင့်တာအချို့လည်းပါလေသည် ; ရှီပုဖန်က သူ့ကို မကောင်းတဲ့အရာဘက်မှာ လွှမ်းမိုးသွားလိမ့်မယ်ဆိုတာမျိုးပေါ့။ သူပြောလိုက်သည်
“ ဘာမှအထွေအထူးပြောစရာမရှိတော့ရင် ငါဖုန်းချလိုက်တော့မယ်”

“ မင်းဘာလုပ်မို့လဲ?”

“ငါရေချိုးပြီးအိပ်တော့မယ်”

“မင်း ရေချိုးပြီးအိပ်မှာကို ငါမြင်ချင်တယ် ”

“…” ကျန်းယွမ်ပိုင် ချက်ချင်းဖုန်းချလိုက်ပြီး သူ့နှလုံးသားထဲမှာ တစ်ဖက်လူကို မရေတွက်နိုင်လောက်အောင် ဆူပူကြိမ်းမောင်းလိုက်၏။ သူ့ဦးနှောက်က တကယ်ကြီးတစ်ခုခုမှားနေတာပဲ

နိုဝင်ဘာလကိုရောက်နေပြီဖြစ်တာမို့ ရာသီဥတုက အအေးဘက်ကို ကူးပြောင်းလာလျက်။ ကျန်းယွမ်ပိုင်က မနက်ခင်းမှာ ချင်ယင်းရဲ့တံခါးခေါက်သံကြားပြီး နိုးလာလေသည်။
“သားတို့အခု ဆောင်းရာသီကျောင်းဝတ်စုံကိုဝတ်ကြတော့နော်။ ယိုရှို့?”

ကျန်းယိုရှို့က ပြန်ဖြေတော့ ချင်ယင်းက ကျန်းယွမ်ပိုင်ကိုလည်း အော်ခေါ်လာသည်။
“ချုံးမင်?”

“ကျွန်တော်သိပြီ ” ကျန်းယွမ်ပိုင် အိပ်ရာထဲကထွက်လိုက်၏။

ချင်ယင်းက လွန်ခဲ့တဲ့ရက်အနည်းငယ်ထဲက သူ့တို့ရဲ့ဆောင်းရာသီဝတ်စုံတွေကို လျှော်ပြီး အခြောက်ခံကာ သူတို့ဗီရိုအံဆွဲတွေထဲမှာ ထည့်ပေးထားပြီးဖြစ်လေသည်။ ကျန်းယွမ်ပိုင်က အဝတ်အစားတွေလဲလိုက်ပြီး ကျန်းယိုရှို့ကို ခေါ်ရန် လျှောက်သွားလိုက်သည်။ ယိုရှို့က အိပ်မောကျပြီး ဟောက်နေဆဲဖြစ်ကာ အိပ်ရာထဲတွင် မိနစ်အနည်းငယ်လောက်အပိုထပ်နေလို့ရအောင် ကြိုးစားနေလျက်။

ကျန်းယွမ်ပိုင်မှာ ရွေးချယ်စရာမရှိတော့ဘဲ ကိုယ့်ဘာသာကိုယ် ဘတ်စ်ကားမှီအောင်သွားရတော့၏။

ယနေ့၌ ရာသီဥတုက အေးနေလေပြီး ကျန်းယွမ်ပိုင် အဆောက်အအုံအပြင်ကို ထွက်မိတဲ့အခိုက်မှာပဲ သ့ူကျောင်းဝတ်စုံကော်လံကို လည်ပင်းထိရောက်အောင် ဆွဲလိုက်လေ၏ သို့သော်ငြား ယင်းက သူ့ကို ပိုမိုနွေးထွေးလာအောင် အနည်းငယ်မျှတောင်မှ ကူညီမပေးနိုင်ခဲ့။ သူ ကားဂိတ်ဆီပြေးသွားလိုက်ပြီး ဘုတ်ပြားနောက်မှာကွယ်ကာ ကားလည်းစောင့်ရင်း သူ့ကိုယ်သူလည်း လေတိုက်တာကနေ ကာထားလိုက်သည်။ အဲ့အချိန်မှာပဲ ရုတ်ခြည်းဆိုသလို သူရင်းနှီးနေတဲ့အသံကို ကြားလိုက်ရသည်
“ မင်းဘာလို့အဲ့မှာပုန်းနေတာလဲ? ဘာလို့ အဝတ်ကို ဒီထက်ပိုပြီးထူထူမဝတ်ခဲ့တာလဲ? ”

သူမော့ကြည့်လိုက်ရာ ရှီပုဖန်ကို မြင်လိုက်ရတော့ အံ့အားသင့်သွားရ၏။

“ မင်းကဘာလို့ဒီရောက်နေရတာလဲ?”

“ ဒီရက်ပိုင်းပိုပိုပြီးအေးလာတယ်လေ။ အာ့ကြောင့်မို့ ငါအနွေးဓာတ်လေးယူဖို့လာတာ”ရှီပုဖန်က ပြုံးပြလိုက်ပြီး သူ့ကို မနက်စာပေးကာ စကားဆိုလိုက်သည်
“ မင်းမနက်စာမစားရသေးဘူးမလား? ”

“ ဒီနေ့က အတော်လေးအေးတယ်လေ။ အဲ့တော့ငါ့မားလဲ အိပ်ရာထနောက်ကျသွားတာမို့ ဘာမှမချက်သွားဘူး”
ကျန်းယွမ်ပိုင်က သူ့ဆီကနေ မနက်စာကိုယူလိုက်တော့ ပလတ်စတစ်ဘူးထဲမှာ အာဟာရပြည့်တဲ့အရာတွေများစွာနဲ့ ပြုလုပ်ထားတဲ့ ဆန်ပြုတ်နွေးနွေးလေးကို ခံစားလိုက်ရလေသည်။ သူ့မျက်လုံးတွေ တောက်ပသွားကာ မေးလိုက်၏
“ ဒါကမင်းအတွက်အဆင်ပြေရဲ့လား? ”

“ ငါ့ဖင်ကြီးကိုပဲအဆင်ပြေနေ ”
ရှီပုဖန်နှာမှုတ်၍ ပြောလိုက်သည်
“ ငါ့ဒရိုင်ဘာကို ဒီကိုတမင်လာပို့ခိုင်းလိုက်ရတာ။ ငါ့အိမ်ကဘယ်မှာမှန်းမင်းမသိဘူးလား?”

သူ့အိမ်ကနေ ကျောင်းကိုသွားရင် အနည်းဆုံးနာရီဝက်လောက်ကြာတာကို ကျန်းယွမ်ပိုင်သတိရသွားသည်။ ဒါ့ကြောင့် ရှီပုဖန်အိမ်ကနေ ဒီကိုလာဖို့ဆို မိနစ်လေးဆယ် ဒါမှမဟုတ် အဲ့ထက်ပိုကြာလောက်လေသည်။ သူ့နှလုံးသားထဲမှာ အနည်းငယ်ထိရှလို့သွားပြီး
“ မင်းငါ့ကိုမနက်စာပေးဖို့ တမင်တကူးတကကြီးရောက်လာတာလား?”

“ သေချာတာပေါ့။ မဟုတ်လို့ မင်းအေးခဲပြီး သေသွားရင် ဘယ်လိုလုပ်မလဲ?”

သူ့သဘောထားက စိတ်မပါသလို ဖြစ်နေသော်ငြား ကျန်းယွမ်ပိုင်ကတော့ သူ့နှလုံးသားလေး အခုန်မြန်လာတာကိုခံစားလိုက်ရ၏။ သူအခုချိန်မှာ ဘာပြန်ပြောရမလဲမသိတဲ့အတွက် ပိုက်ကို အထဲထည့်၍ တစ်ငုံစုပ်သောက်လိုက်သည်။

အခုချိန်က ကျောင်းတက်ချိန်ရုံးတက်ချိန်ဖြစ်နေတာမို့ ကျန်းယွမ်ပိုင်ခမျာ သူ့ဆန်ပြုတ်လေးကို သောက်လို့မပြီးသေးခင်မှာဘဲ ဘတ်စ်ကားပေါ်ရောက်သွားရပြီး ရှီပုဖန်က သူ့ကို လက်မောင်းတွေနဲ့ ထိန်းပေးထားလေသည်။ သူက ကျန်းယွမ်ပိုင်ကို ဘေးလူတွေဆီကနေ ခွဲထုတ်ကာ ပြောလိုက်သည်
“ ငါ့လက်မောင်းကိုကိုင်ပြီး ဖြေးဖြေးလေးသောက်နေလိုက်။ မသီးစေနဲ့အုံး”

သူပြောလို့ပြီးပြီးချင်းမှာပဲ ကျန်းယွမ်ပိုင်ကချောင်းဆိုးသွားကာ ရှီပုဖန်ရဲ့ပြုံးရိပ်သန်းနေတဲ့အကြည့်နဲ့ တွေ့ဆုံသွားလျက်။ သူ့မျက်နှာက ချက်ချင်းနီရဲသွားပြီး သူ့ပါးစပ်ကို လက်ကိုင်ပဝါနှင့်သုတ်ရန် ခေါင်းငုံ့လိုက်သည်။ ရှီပုဖန်က သူ့ကိုစိုက်ကြည့်လျက် သူ့ရဲ့အနံ့လေးကိုရှူဖို့ ခေါင်းကို ဖြေးညင်းစွာရွေ့သွားလိုက်သည်။

အဲ့အချိန်မှာပဲ ရှီပုဖန်က ရုတ်တရက်အတွန်းခံလိုက်ရပြီး သူ့ကိုယ်က အရှေ့ကိုယိုင်လို့သွားကာ ကျန်းယွမ်ပိုင်အား လန့်သွားစေ၏။ သူ့နဖူးက ရှီပုဖန်ရဲ့ခပ်ဖွဖွအနမ်းနဲ့မိတ်ဆက်လို့သွားပြီး အဲ့အခိုက်မှာ ရှီပုဖန်ရဲ့နှုတ်ခမ်းတွေက အနည်းငယ်စူထွက်နေတယ်လို့ သူခံစားမိလိုက်၏။ သူက သူတို့နှစ်ယောက်သာလျှင် ကြားနိုင်တဲ့ ညင်သာတဲ့အသံလေးတစ်ခု ပြုလုပ်လိုက်၏။

ကျန်းယွမ်ပိုင်က တစ်မဟုတ်ချင်း ခေါင်းငုံ့လိုက်ပြီး သူ၏ရုတ်ခြည်းအတွေးတွေကြောင့် ထိတ်လန့်သွားမိသည်။

ရှီပုဖန်လည်း ဒီလိုဖြစ်သွားလိမ့်မယ်လို့ မထင်မှတ်ထားပေ။ သူ့နှုတ်ခမ်းတွေက အလိုအလျောက်စူသွားတာဖြစ်ပြီး အခြားမည်သည့်အရာကိုမျှ တမင်မရည်ရွယ်ခဲ့ပေ။ သူ့နှုတ်ခမ်းကိုသပ်လိုက်ပြီး နည်းနည်းကို့ရိုးကားရားဖြစ်တယ်လို့ခံစားရကာ တစ်ဖက်လူဆီကနေ နည်းနည်းဝေးအောင်ရွှေ့လိုက်သည်။ ကျန်းယွမ်ပိုင်က သူ့ဆန်ပြုတ်ကိုဆက်သောက်နေလေပြီး ကုန်ခါနီးမို့ တရှုပ်ရှုပ်မြည်သံတောင် ထွက်လာလေသည်။

ဒီခွတီးခွကျအခြေအနေက အသံချဲ့စက်ကနေ ရှန်းယီအထက်တန်းကျောင်းကိုရောက်ပြီလို့ ကြေညာတဲ့အထိ ဆက်လက်ဖြစ်ပွားနေခဲ့သည်။ ရှီပုဖန်က သူ့ကိုဆွဲလိုက်ပြီး
“ ငါတို့ရောက်ပြီ။ ဆင်းကြရအောင် ”

ကားပေါ်ကနေဆင်းဆင်းချင်း ကျန်းယွမ်ပိုင်ပထမဆုံးလုပ်တဲ့အရာကတော့ အမှိုက်လွှင့်ပစ်တာပင်။ ယင်းနောက် သူသတိရသွားပြီး
“ မင်းစားပြီးပြီလား? ”

“ မင်းအခုမှငါ့ကိုမေးဖို့သတိရတာလား? ”

ကျန်းယွမ်ပိုင် အလွန်အမင်း ရှက်ရွံ့မိသွား၏။

ကားဂိတ်ကနေ ကျောင်းကိုဆိုရင် မီတာ၁၀၀လောက်ဝေးလေသည်။ နှစ်ယောက်သား ကျောပိုးအိတ်တွေလွယ်ရင်း ကျောင်းကိုလမ်းလျှောက်သွားနေတဲ့အချိန် ကျန်းယွမ်ပိုင်က မမျှော်လင့်စွာနဲ့ဆွဲဖက်ခံလိုက်ရသည်။ သူ့ကိုယ်က ညာဘက်ကနေဘယ်ဘက်ကိုရွေ့သွားပြီး  လက်သီးဆုပ်အရွယ်လောက်ရှိတဲ့ကျောက်ခဲတစ်ခုက သူနဂိုကသွားနေတဲ့လမ်းကြောင်းကိုဖြတ်ကာ ဘေးဘက်က နံရံကိုသွားမှန်သည်။

ကျန်းယွမ်ပိုင်တစ်ကိုယ်လုံးတောင့်တင်းသွား၏။ သူ့ခေါင်းကွဲခါနီးလေးပဲ!

နှစ်ယောက်လုံးလှည့်ကြည့်လိုက်တော့ အပြာရောင်ကျောင်းဝတ်စုံကိုဝတ်ဆင်ထားလျက် ပြုံးပြီးရပ်နေကြတဲ့ အနီးအနားကျောင်းမှ လူငယ်အနည်းငယ်ကို တွေ့လိုက်ရသည်။

“ ရှီပုဖန် မင်းဘာလို့ခေါ်လာ…ဝါး ဒါလေးက ‘ကျန်းရှာမောင့်’ မဟုတ်ဘူးလား ရှန်းယီအထက်တန်းကျောင်းရဲ့ထိပ်တန်းကျောင်းသားလေးလေ!”

ကျန်းယွမ်ပိုင်၏မျက်နှာကဖြူဖျော့သွားပြီး ရှီပုဖန်က သူ့နား,နားကပ်ကာ ညင်ညင်သာသာပြောလိုက်သည်။
“ ကျောင်းကိုအရင်သွားနှင့်လိုက်နော်”

ကျန်းယွမ်ပိုင်လည်း တုံ့ဆိုင်းမနေတော့ဘဲ ကျောင်းဆီပြေးသွားတော့သည်။ အဲ့အချိန်မှာ ကောင်လေးတွေက အကျယ်ကြီးထရယ်၏
“ ကျောင်းသားကောင်းကတော့ ကျောင်းသားကောင်းပါပဲ။ အသေးအမွှားကိစ္စလေးကိုတောင် ကြောက်ပြီး ထွက်ပြေးဖို့ပဲသိကြတာ”

ရှီပုဖန်က သူ့ကျောပိုးအိတ်ကို ဘေးတစ်ဖက်ကိုလွှင့်ပစ်လိုက်ပြီး ကျန်းယွမ်ပိုင်ကို ထိလုနီးပါးဖြစ်သွားတဲ့ ကျောက်ခဲကိုကောက်ယူလိုက်သည်။ တစ်ဖက်လူတွေဆီကို သူ အဲ့ကျောက်ခဲနဲ့ပြန်ပစ်ပေါက်လိုက်သည်။

ကောင်လေးတွေက အလျင်အမြန်ဆတ်ခနဲရှောင်လိုက်ကြပေမဲ့ ကျောက်ခဲက တစ်ယောက်ရဲ့ပခုံးကိုတော့ထိမှန်သွားဆဲ။ တစ်ချိန်တည်းမှာပဲ ရှီပုဖန်က လျှပ်စီးလိုအလျင်နဲ့ပြေးသွားပြီး ဦးဆောင်တဲ့ကောင်လေးရဲ့ဆံပင်ကို ဆွဲလိုက်သည်။

ဒီနေရာမှာ ရှန်းယီအထက်တန်းကျောင်းပဲရှိတာ မဟုတ်လေဘူး။ ဘေးမှာ အလယ်တန်းကျောင်းတစ်ကျောင်းရှိတဲ့အပြင် ရှန်းစန်းအထက်တန်းကျောင်းလည်းရှိသေး၏။ ဒီဧရိယာမှာ မရေမတွက်နိုင်လောက်တဲ့ရန်ပွဲတွေ ဖြစ်လေ့ရှိတဲ့အပြင် လူတွေဆီကနေကာကွယ်စောင့်ရှောက်စရိတ်(ဆက်ကြေး) လာတောင်းတဲ့သူတွေပါရှိကြသည်။ အဓိကအကြောင်းရင်းကတော့ ဒီကျောင်းတွေမှ ကျောင်းသားတွေက ချမ်းသာပြီးဉာဏ်မရှိတာကြောင့်ပင်။ လွန်ခဲ့တဲ့နှစ်ဝက်လောက်တုန်းက ရှီပုဖန်က အုပ်စုလိုက်ရန်ပွဲတစ်ခုမှာပါခဲ့ပြီး ယငိးက သတင်းထဲမှာတောင်ပါသွားသေးသည်; လူရမ်းကားတွေက သူ့ဆီကနေ ဆက်ကြေးလာတောင်းတာကြောင့်ပင်။

ဒီဧရိယာမှာဖြစ်တဲ့အဲ့လိုကိစ္စသေးသေးမွှားမွှားလေးတွေနဲ့ ကြမ်းတမ်းတဲ့အုပ်စုလိုက်ရန်ပွဲတွေကြောင့် အာဏာပိုင်တွေက ဒီနေရာကိုကင်းလှည့်ဖို့နဲ့ ကျောင်းသားတွေ အတန်းကို လုံလုံခြုံခြုံငြိမ်းငြိမ်းချမ်းချမ်းရောက်ရှိစေဖို့အတွက် အဖွဲ့တစ်ဖွဲ့ကို အထူးတလည်ပို့ပေးထားလေသည်။ ရှန်းယီအထက်တန်းကျောင်းက ထိပ်တန်းကျောင်းတစ်ကျောင်းဖြစ်တာမို့ လုံခြုံရေးအဖွဲ့ကလည်း အဲ့နေရာမှာ စခန်းချနေရာယူထားသည်။

ကျန်းယွမ်ပိုင်က ရှီပုဖန်ကို ချန်ထားပြီးတဲ့နောက်မှာ အမြန်ပြေးပြီး လုံခြုံရေးရုံးခန်းရဲ့ဖန်ပြတင်းပေါက်ထံ ပစ်ဝင်၍ ကျယ်လောင်စွာအော်လိုက်၏
“ ရန်ဖြစ်နေကြတယ်! အုပ်စုလိုက်ကြီးရန်ဖြစ်နေကြပါတယ်ဗျို့! ”

ကျန်းယွမ်ပိုင်ရဲ့အဆင့်တွေက အမြဲတမ်းထိပ်ဆုံးမှာပဲရှိနေပြီးတော့ ကျောင်းမဂ္ဂဇင်းကလည်း သူ့ရဲ့အံ့သြဖွယ်အဆင့်တွေကို အမြဲဖော်ပြလေ့ရှိသည်။ အနီးနားကဆိုင်ပိုင်ရှင်တွေကို မပြောနှင့်ဦး လုံခြုံရေးအဖွဲ့ကတောင်မှ သူ့ကိုမှတ်မိလေသည်။ အရပ်ရှည်ပြီးသန်မာတဲ့ရဲဝန်ထမ်းအနည်းငယ်က သူတို့ရဲ့လျှပ်စစ်တုတ်တွေကိုကိုင်ကာ ချက်ချင်းပြေးထွက်လာကြပြီး သူ့ကိုမေးလိုက်သည်
“ သူတို့ကဘယ်မှာလဲ?”

ကျန်းယွမ်ပိုင်က ဦးတည်ရာတစ်ခုကိုညွှန်ပြလိုက်ပြီး အမောတကော အသက်ရှူလိုက်သည်။
“ ဘတ်စ်ကားဂိတ်နားမှာ ”

ချက်ချင်းပဲ တစ်စုံတစ်ယောက်က လှည့်ကင်းကားကိုမောင်းလိုက်ပြီး ရဲအရာရှိတွေကလည်း လျင်မြန်သွက်လက်စွာ ခုန်ဝင်၍ ကားဂိတ်ကို ဦးတည်လိုက်ကြသည်။

ကျန်းယွမ်ပိုင်က ရှီပုဖန်ထိခိုက်သွားမှာကြောက်တာကြောင့် အသက်ပြင်းပြင်းရှူကာ ခဏလေးတောင်မနားတော့ဘဲ ပြန်ပြေးသွား၏။ သူရောက်သွားတဲ့အခါမှာတော့ ရဲတွေရဲ့စစ်မေးခြင်းခံနေရတဲ့ရှီပုဖန်ကလွဲရင် လူတိုင်းက ထွက်ပြေးသွားကြတာကို သတိပြုမိလိုက်သည်။

ကျန်းယွမ်ပိုင်ရဲ့လည်ချောင်းက ခြောက်ကပ်နေပေမဲ့လည်း သူဖျစ်ညှစ်ကာ ရှီပုဖန်အတွက ်စကားပြောပေးလိုက်၏။
“ ကျွန်တော်…ကျွန်တော်က သူနဲ့တူတူလာတာပါ။ ကျွန်တော့်ကို ကျောက်ခဲနဲ့လှမ်းပေါက်တဲ့လူတွေရှိလို့ သူ_သူက ကျွန်တော့်ကိုအရင်ပြေးခိုင်းခဲ့တာ ”

တစ်ယောက်ကမေးလာသည် “ဒါကအမှန်ပဲလား? ”

“အမှန်ပါပဲ!” ကျန်းယွမ်ပိုင်က ခိုင်မာစွာခေါင်းညိတ်ပြလိုက်ပြီး တစ်ဖက်ကိုလှည့်ကာ ရှီပုဖန်ရဲ့ဒဏ်ရာတွေကိုစစ်ဆေးလိုက်သည်။ သူခိုင်မာသေချာတဲ့လေသံဖြင့် ဆက်ပြောလိုက်သည်
“ အဲ့အုပ်စုက ပြဿနာအရင်ရှာဖို့ ကြိုးစားခဲ့တာ ”

ရဲဝန်ထမ်းတွေက ရှီပုဖန်ကို မယုံပေမဲ့ ကျန်းယွမ်ပိုင်ကိုတော့ ယုံလေသည်။ ခေါင်းဆောင်က တစ်ခုခုကိုတီးတိုးပြောလိုက်စဉ် ကျန်လူတွေကခေါင်းညိတ်ပြသည်။ သူပြောလာသည်
“ ရှီပုဖန် မင်းသူတို့ကိုသိလား? ရှန်းစန်းကိုသွားမေးဖို့အတွက် ငါလူလွှတ်ပေးမယ်လေ”

ရှီပုဖန်က မရိုမသေပြန်ပြောလာသည်
“ ဘယ်သူတွေ ဖြစ်နိုင်အုံးမှာလဲ? အဲ့ဒါက ခင်ဗျားတို့ရဲ့သူငယ်ချင်းဟောင်းတွေပဲလေ ”

ကျန်းယွမ်ပိုင်က သူ့ကိုမြန်မြန်ဆန်ဆန်ဆွဲလိုက်ပြီး အသံတိုးတိုးနဲ့သတိပေးလိုက်သည်
“ ယဉ်ယဉ်ကျေးကျေးပြောစမ်းပါ။ ရဲအရာရှိတွေက ငါတို့ကိုကူညီပေးမယ့်ဟာကို”

ကျန်းယွမ်ပိုင်ကြောင့် ခေါင်းဆောင်က ရယ်လိုက်ပြီး
“ ရပါတယ် ငါကိုယ်တိုင်ကိုယ်ကျ ရှန်းစန်ဆီသွားပြီး ငါ့သူငယ်ချင်းဟောင်းတွေအကြောင်းသွားမေးလိုက်မယ် ”

ရဲအရာရှိက သူ့လူတွေနဲ့ပြန်သွားပြီးတော့ ရှီပုဖန်နဲ့ကျန်းယွမ်ပိုင်ကို ကျောင်းလိုက်ပို့ပေးဖို့အတွက် ငယ်ရွယ်တဲ့ရဲဝန်ထမ်းနှစ်ယောက်ကို ချန်ထားပေးခဲ့သည်။ ကျိယန့်ဖျင်က ဒီအကြောင်းကိုမေးဖို့ အလျင်အမြန်ပြေးထွက်လာသည်။ သူတို့နှစ်ယောက်ထဲမှတစ်ယောက်က ရှီပုဖန်ကို တစ်ချက်ကြည့်လိုက်ပြီး
“ သူပြဿနာထပ်ရှာပြန်ပြီလေ။ ဒီတစ်ခေါက်ဒီကျောင်းသားလေးပါ ပါလာတယ်။ ကျေးဇူးပြုပြီး…သူ့မိဘတွေကိုသတိပေးလိုက်ပါအုံးလား ..ဒီလိုစာတော်တဲ့ကျောင်းသားလေးက ဘယ်လိုလုပ်ပြီး ရှီပုဖန်လိုလူမျိုးနဲ့ နေ့တိုင်းပတ်သက်သွားလာနေရတာလဲ”

ရှီပုဖန်ကခေါင်းမော့လာ၍ သူ့ကို စူးစိုက်ကြည့်လိုက်သည်။ ကျိယန့်ဖျင်က အမြန်အဆန်ပဲ အာရုံလွှဲကာ
“ကျန်းယွမ်ပိုင် သူ့ကိုကျောင်းဆေးပေးခန်းခေါ်သွားလိုက်။ သူဘယ်နေရာတွေမှာ ဒဏ်ရာရထားလဲဆိုတာ ကြည့်ရအောင် ”

ကျန်းယွမ်ပိုင်က ခေါင်းညိတ်လိုက်ပြီး ခုထိမရွေ့သေးတဲ့ရှီပုဖန်ကို ဆွဲလိုက်သည်။ သူဒုတိယတစ်ခေါက်ထပ်ဆွဲတော့မှ ရှီပုဖန်က နောက်ဆုံး သူ့ကိုသာမန်ကာလျှံကာတစ်ချက်လောက်ကြည့်လာပြီး ကျန်းယွမ်ပိုင်ကို ဆွဲခေါ်သွားခွင့်ပြုလိုက်သည်။

ကျန်းယွမ်ပိုင်က သူ့ဒဏ်ရာကိုမကြာခဏကြည့်နေတာက ရှီပုဖန်အား စိတ်မသက်မသာဖြစ်စေသည်။
“ တစ်ယောက်နဲ့ခြောက်ယောက်ချမှတော့ ငါဒဏ်ရာရတာကပုံမှန်ပဲမဟုတ်ဘူးလား? ”

ကျန်းယွမ်ပိုင်က သူ့လက်ကိုအလျင်စလိုဝေ့ယမ်းပြကာ ရှင်းပြလိုက်သည်။
“ ငါအဲ့လိုဆိုလိုတာမဟုတ်ပါဘူး။ အဲ့ဒါက နာလားလို့ မေးချင်လို့ပါ ”

“ ကျိန်းသေပေါက်နာတာပေါ့ကွ” ရှီပုဖန်က မပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။

နှစ်ယောက်သားက ဆေးခန်းဆီကို လျှောက်သွားလိုက်ပြီး တံခါးကိုဖွင့်လိုက်ပေမဲ့ ဆရာဝန်က ရှိမနေလေဘူး။ သူတို့ကန်တင်းမှာ မနက်စာစားနေတာဖြစ်နိုင်သည်။ ကျန်းယွမ်ပိုင်က သူ့ကို တိုက်ရိုက်ပင် အထဲဆွဲခေါ်၍ ပြောလိုက်၏
“ ငါတို့အိမ်မှာ ကြက်ခြေနီသေတ္တာရှိတော့ ငါဒီနေရာက ဆေးတော်တော်များများကို သိတယ် ”

သူ ဆေးပုလင်းတစ်ခုနဲ့လျှောက်လာပြီး နူးညံ့စွာပြောလိုက်သည်။
“ နည်းနည်းနာလိမ့်မယ်နော် ”

“ မင်းမှုတ်ပေးမယ်ဆိုရင် နာမှာမဟုတ်တော့ဘူး ” ရှီပုဖန်က ပြန်ပြောလိုက်သည်။

ကျန်းယွမ်ပိုင်က ဝါဂွမ်းစကို ဆေးရည်နဲ့တို့လိုက်ပြီး သူ့နဖူးကို မှုတ်ပေးလိုက်သည်။
“ ငါအခုဆေးထည့်တော့မယ်နော်။ နာရင်သည်းခံထား ”

ဆေးရည်က ဒဏ်ရာကိုထိတဲ့အချိန်မှာ ရှီပုဖန်က မျက်မှောင်ကြုတ်၍ အသံပြုလိုက်သည်။
“ မလုံလောက်သေးဘူး။ မင်းနည်းနည်းလောက်ထပ်မှုတ်ပေးတာ လိုချင်သေးတယ် ”

ကျန်းယွမ်ပိုင်က ဆေးထည့်နေရင်း လေမှုတ်ပေးတာကိုလည်း အဆုံးသတ်လိုက်သည်။ သူရုတ်တရက်တွေးမိလိုက်တာက သူဟာ သူ့ကလေးကိုချော့မြှူနေတဲ့အဖေတစ်ယောက်နဲ့ တကယ်တူနေတာဟုပင်။ သူ့ရဲ့အတွေးတွေကို သူခပ်မြန်မြန်ဖိနှိပ်လိုက်ပြီး ရှီပုဖန်အား မေးလိုက်သည်။
“ တကယ်တော့ အဲ့လောက်မနာဘူးမလား? ”

“ တစ်ခုခုလိုနေသေးတယ် ”

“ ဘာလိုနေတာလဲ? ”

ရှီပုဖန်က သူ့ကိုစိုက်ကြည့်ကာ နှုတ်ခမ်းထောင့်စွန်းက အနည်းငယ်ကော့တက်သွားပြီး
“ မင်းဆီက အနမ်းလေးတစ်ပွင့်လိုနေသေးတာ ”

***
စာရေးသူမှာ ပြောစရာရှိတယ် :

ယွမ်ယွမ် : !!!

ရှီကော : စိတ်မလှုပ်ရှားပါနဲ့ကွာ

_____________________________________________

Zawgyi

ရွီပုဖန္ ဖုန္းအား ဖ်က္ဆီးပစ္လိုက္မွာအတြက္ေတာင္ က်န္းယြမ္ပိုင္ေမွ်ာ္လင့္ထားၿပီးျဖစ္ေလ၏။

အဲ့ေနာက္မွာေတာ့ သူထပ္သတိထားလိုက္မိတာက ရွီပုဖန္ဟာ သူ႕သူငယ္ခ်င္းေတြအေပၚမွာဆို အရမ္းသေဘာေကာင္းတယ္ဆိုတာကိုပဲ။ ရွီပုဖန္က ရယ္ေတာင္ရယ္ျပလာၿပီး ေမးလာသည္
“ ဘာျဖစ္လို႔လဲ? ငါမင္းစိတ္ဆိုးေအာင္ တစ္ခုခုမ်ားလုပ္မိလို႔လား? ”

ရွီပုဖန္က တကယ္ကို ၾကင္နာတတ္တဲ့သူပဲ

က်န္းယြမ္ပိုင္ သူနဲ႕တူတူရွိတဲ့အခ်ိန္ေတြၾကာလာေလေလ ရွီပုဖန္က ဘယ္ေလာက္ၾကင္နာတတ္မွန္း သူပိုသိလာေလေလပင္။ ရွီပုဖန္က သူဒီလိုစကားေတြေျပာတဲ့အတြက္ ရိုက္ေတာင္မရိုက္ေလေတာ့ က်န္းယြမ္ပိုင္မွာ ဆက္ေျပာဖို႔ရန္ အတန္ငယ္ရွက္႐ြံ႕မိသြားရေလသည္။
“ ငါကဒီတိုင္းေနာက္လိုက္တာပါ”

သူေနာက္ေနတာမဟုတ္မွန္း ရွီပုဖန္သိေသာ္ျငား သူေခါင္းသာညိတ္ျပ၍ ေမးလိုက္သည္
“ မင္းအိမ္စာလုပ္လို႔ၿပီးသြားၿပီလား? ဂိမ္းေဆာ့ခ်င္လား? ”

“ ငါဘယ္လိုကစားရမယ္မွန္းမသိဘူး ”

“ ငါမင္းကိုသင္ေပးမယ္ေလ ”

က်န္းယြမ္ပိုင္ ႏႈတ္ခမ္းကို စုဝိုင္းလိုက္ၿပီး သူ႕မိဘေတြရဲ႕စကားေတြကို ျပန္သတိရသြားေတာ့ သူ “မေဆာ့ေတာ့ဘူး ”ဟုသာ ျပန္ေျဖလိုက္သည္။

ရွီပုဖန္က သူ႕လက္ေတြကို ေခါင္းေနာက္မွာ ထားလိုက္ၿပီး ေမးလိုက္၏
“ ဘယ္လိုျဖစ္ရျပန္တာလဲ?”

“ ငါမသင္ခ်င္ဘူး ”

သူ႕မိဘေတြေျပာတဲ့ထဲမွာ အက်ိဳးအေၾကာင္းသင့္တာအခ်ိဳ႕လည္းပါေလသည္ ; ရွီပုဖန္က သူ႕ကို မေကာင္းတဲ့အရာဘက္မွာ လႊမ္းမိုးသြားလိမ့္မယ္ဆိုတာမ်ိဳးေပါ့။ သူေျပာလိုက္သည္
“ ဘာမွအေထြအထူးေျပာစရာမရွိေတာ့ရင္ ငါဖုန္းခ်လိဳက္ေတာ့မယ္”

“ မင္းဘာလုပ္မို႔လဲ?”

“ငါေရခ်ိဳးၿပီးအိပ္ေတာ့မယ္”

“မင္း ေရခ်ိဳးၿပီးအိပ္မွာကို ငါျမင္ခ်င္တယ္ ”

“…” က်န္းယြမ္ပိုင္ ခ်က္ခ်င္းဖုန္းခ်လိဳက္ၿပီး သူ႕ႏွလုံးသားထဲမွာ တစ္ဖက္လူကို မေရတြက္နိုင္ေလာက္ေအာင္ ဆူပူႀကိမ္းေမာင္းလိုက္၏။ သူ႕ဦးေႏွာက္က တကယ္ႀကီးတစ္ခုခုမွားေနတာပဲ

နိုဝင္ဘာလကိုေရာက္ေနၿပီျဖစ္တာမို႔ ရာသီဥတုက အေအးဘက္ကို ကူးေျပာင္းလာလ်က္။ က်န္းယြမ္ပိုင္က မနက္ခင္းမွာ ခ်င္ယင္းရဲ႕တံခါးေခါက္သံၾကားၿပီး နိုးလာေလသည္။
“သားတို႔အခု ေဆာင္းရာသီေက်ာင္းဝတ္စုံကိုဝတ္ၾကေတာ့ေနာ္။ ယိုရွို႔?”

က်န္းယိုရွို႔က ျပန္ေျဖေတာ့ ခ်င္ယင္းက က်န္းယြမ္ပိုင္ကိုလည္း ေအာ္ေခၚလာသည္။
“ခ်ဳံးမင္?”

“ကြၽန္ေတာ္သိၿပီ ” က်န္းယြမ္ပိုင္ အိပ္ရာထဲကထြက္လိုက္၏။

ခ်င္ယင္းက လြန္ခဲ့တဲ့ရက္အနည္းငယ္ထဲက သူ႕တို႔ရဲ႕ေဆာင္းရာသီဝတ္စုံေတြကို ေလွ်ာ္ၿပီး အေျခာက္ခံကာ သူတို႔ဗီရိုအံဆြဲေတြထဲမွာ ထည့္ေပးထားၿပီးျဖစ္ေလသည္။ က်န္းယြမ္ပိုင္က အဝတ္အစားေတြလဲလိုက္ၿပီး က်န္းယိုရွို႔ကို ေခၚရန္ ေလွ်ာက္သြားလိုက္သည္။ ယိုရွို႔က အိပ္ေမာက်ၿပီး ေဟာက္ေနဆဲျဖစ္ကာ အိပ္ရာထဲတြင္ မိနစ္အနည္းငယ္ေလာက္အပိုထပ္ေနလို႔ရေအာင္ ႀကိဳးစားေနလ်က္။

က်န္းယြမ္ပိုင္မွာ ေ႐ြးခ်ယ္စရာမရွိေတာ့ဘဲ ကိုယ့္ဘာသာကိုယ္ ဘတ္စ္ကားမွီေအာင္သြားရေတာ့၏။

ယေန႕၌ ရာသီဥတုက ေအးေနေလၿပီး က်န္းယြမ္ပိုင္ အေဆာက္အအုံအျပင္ကို ထြက္မိတဲ့အခိုက္မွာပဲ သ့ူေက်ာင္းဝတ္စုံေကာ္လံကို လည္ပင္းထိေရာက္ေအာင္ ဆြဲလိုက္ေလ၏ သို႔ေသာ္ျငား ယင္းက သူ႕ကို ပိုမိုေႏြးေထြးလာေအာင္ အနည္းငယ္မွ်ေတာင္မွ ကူညီမေပးနိုင္ခဲ့။ သူ ကားဂိတ္ဆီေျပးသြားလိုက္ၿပီး ဘုတ္ျပားေနာက္မွာကြယ္ကာ ကားလည္းေစာင့္ရင္း သူ႕ကိုယ္သူလည္း ေလတိုက္တာကေန ကာထားလိုက္သည္။ အဲ့အခ်ိန္မွာပဲ ႐ုတ္ျခည္းဆိုသလို သူရင္းႏွီးေနတဲ့အသံကို ၾကားလိုက္ရသည္
“ မင္းဘာလို႔အဲ့မွာပုန္းေနတာလဲ? ဘာလို႔ အဝတ္ကို ဒီထက္ပိုၿပီးထူထူမဝတ္ခဲ့တာလဲ? ”

သူေမာ့ၾကည့္လိုက္ရာ ရွီပုဖန္ကို ျမင္လိုက္ရေတာ့ အံ့အားသင့္သြားရ၏။

“ မင္းကဘာလို႔ဒီေရာက္ေနရတာလဲ?”

“ ဒီရက္ပိုင္းပိုပိုၿပီးေအးလာတယ္ေလ။ အာ့ေၾကာင့္မို႔ ငါအေႏြးဓာတ္ေလးယူဖို႔လာတာ”ရွီပုဖန္က ၿပဳံးျပလိုက္ၿပီး သူ႕ကို မနက္စာေပးကာ စကားဆိုလိုက္သည္
“ မင္းမနက္စာမစားရေသးဘူးမလား? ”

“ ဒီေန႕က အေတာ္ေလးေအးတယ္ေလ။ အဲ့ေတာ့ငါ့မားလဲ အိပ္ရာထေနာက္က်သြားတာမို႔ ဘာမွမခ်က္သြားဘူး”
က်န္းယြမ္ပိုင္က သူ႕ဆီကေန မနက္စာကိုယူလိုက္ေတာ့ ပလတ္စတစ္ဘူးထဲမွာ အာဟာရျပည့္တဲ့အရာေတြမ်ားစြာနဲ႕ ျပဳလုပ္ထားတဲ့ ဆန္ျပဳတ္ေႏြးေႏြးေလးကို ခံစားလိုက္ရေလသည္။ သူ႕မ်က္လုံးေတြ ေတာက္ပသြားကာ ေမးလိုက္၏
“ ဒါကမင္းအတြက္အဆင္ေျပရဲ႕လား? ”

“ ငါ့ဖင္ႀကီးကိုပဲအဆင္ေျပေန ”
ရွီပုဖန္ႏွာမႈတ္၍ ေျပာလိုက္သည္
“ ငါ့ဒရိုင္ဘာကို ဒီကိုတမင္လာပို႔ခိုင္းလိုက္ရတာ။ ငါ့အိမ္ကဘယ္မွာမွန္းမင္းမသိဘူးလား?”

သူ႕အိမ္ကေန ေက်ာင္းကိုသြားရင္ အနည္းဆုံးနာရီဝက္ေလာက္ၾကာတာကို က်န္းယြမ္ပိုင္သတိရသြားသည္။ ဒါ့ေၾကာင့္ ရွီပုဖန္အိမ္ကေန ဒီကိုလာဖို႔ဆို မိနစ္ေလးဆယ္ ဒါမွမဟုတ္ အဲ့ထက္ပိုၾကာေလာက္ေလသည္။ သူ႕ႏွလုံးသားထဲမွာ အနည္းငယ္ထိရွလို႔သြားၿပီး
“ မင္းငါ့ကိုမနက္စာေပးဖို႔ တမင္တကူးတကႀကီးေရာက္လာတာလား?”

“ ေသခ်ာတာေပါ့။ မဟုတ္လို႔ မင္းေအးခဲၿပီး ေသသြားရင္ ဘယ္လိုလုပ္မလဲ?”

သူ႕သေဘာထားက စိတ္မပါသလို ျဖစ္ေနေသာ္ျငား က်န္းယြမ္ပိုင္ကေတာ့ သူ႕ႏွလုံးသားေလး အခုန္ျမန္လာတာကိုခံစားလိုက္ရ၏။ သူအခုခ်ိန္မွာ ဘာျပန္ေျပာရမလဲမသိတဲ့အတြက္ ပိုက္ကို အထဲထည့္၍ တစ္ငုံစုပ္ေသာက္လိုက္သည္။

အခုခ်ိန္က ေက်ာင္းတက္ခ်ိန္႐ုံးတက္ခ်ိန္ျဖစ္ေနတာမို႔ က်န္းယြမ္ပိုင္ခမ်ာ သူ႕ဆန္ျပဳတ္ေလးကို ေသာက္လို႔မၿပီးေသးခင္မွာဘဲ ဘတ္စ္ကားေပၚေရာက္သြားရၿပီး ရွီပုဖန္က သူ႕ကို လက္ေမာင္းေတြနဲ႕ ထိန္းေပးထားေလသည္။ သူက က်န္းယြမ္ပိုင္ကို ေဘးလူေတြဆီကေန ခြဲထုတ္ကာ ေျပာလိုက္သည္
“ ငါ့လက္ေမာင္းကိုကိုင္ၿပီး ေျဖးေျဖးေလးေသာက္ေနလိုက္။ မသီးေစနဲ႕အုံး”

သူေျပာလို႔ၿပီးၿပီးခ်င္းမွာပဲ က်န္းယြမ္ပိုင္ကေခ်ာင္းဆိုးသြားကာ ရွီပုဖန္ရဲ႕ၿပဳံးရိပ္သန္းေနတဲ့အၾကည့္နဲ႕ ေတြ႕ဆုံသြားလ်က္။ သူ႕မ်က္ႏွာက ခ်က္ခ်င္းနီရဲသြားၿပီး သူ႕ပါးစပ္ကို လက္ကိုင္ပဝါႏွင့္သုတ္ရန္ ေခါင္းငုံ႕လိုက္သည္။ ရွီပုဖန္က သူ႕ကိုစိုက္ၾကည့္လ်က္ သူ႕ရဲ႕အနံ႕ေလးကိုရႉဖို႔ ေခါင္းကို ေျဖးညင္းစြာေ႐ြ႕သြားလိုက္သည္။

အဲ့အခ်ိန္မွာပဲ ရွီပုဖန္က ႐ုတ္တရက္အတြန္းခံလိုက္ရၿပီး သူ႕ကိုယ္က အေရွ႕ကိုယိုင္လို႔သြားကာ က်န္းယြမ္ပိုင္အား လန႔္သြားေစ၏။ သူ႕နဖူးက ရွီပုဖန္ရဲ႕ခပ္ဖြဖြအနမ္းနဲ႕မိတ္ဆက္လို႔သြားၿပီး အဲ့အခိုက္မွာ ရွီပုဖန္ရဲ႕ႏႈတ္ခမ္းေတြက အနည္းငယ္စူထြက္ေနတယ္လို႔ သူခံစားမိလိုက္၏။ သူက သူတို႔ႏွစ္ေယာက္သာလွ်င္ ၾကားနိုင္တဲ့ ညင္သာတဲ့အသံေလးတစ္ခု ျပဳလုပ္လိုက္၏။

က်န္းယြမ္ပိုင္က တစ္မဟုတ္ခ်င္း ေခါင္းငုံ႕လိုက္ၿပီး သူ၏႐ုတ္ျခည္းအေတြးေတြေၾကာင့္ ထိတ္လန႔္သြားမိသည္။

ရွီပုဖန္လည္း ဒီလိုျဖစ္သြားလိမ့္မယ္လို႔ မထင္မွတ္ထားေပ။ သူ႕ႏႈတ္ခမ္းေတြက အလိုအေလ်ာက္စူသြားတာျဖစ္ၿပီး အျခားမည္သည့္အရာကိုမွ် တမင္မရည္႐ြယ္ခဲ့ေပ။ သူ႕ႏႈတ္ခမ္းကိုသပ္လိုက္ၿပီး နည္းနည္းကို႔ရိုးကားရားျဖစ္တယ္လို႔ခံစားရကာ တစ္ဖက္လူဆီကေန နည္းနည္းေဝးေအာင္ေ႐ႊ႕လိုက္သည္။ က်န္းယြမ္ပိုင္က သူ႕ဆန္ျပဳတ္ကိုဆက္ေသာက္ေနေလၿပီး ကုန္ခါနီးမို႔ တရႈပ္ရႈပ္ျမည္သံေတာင္ ထြက္လာေလသည္။

ဒီခြတီးခြက်အေျခအေနက အသံခ်ဲ့စက္ကေန ရွန္းယီအထက္တန္းေက်ာင္းကိုေရာက္ၿပီလို႔ ေၾကညာတဲ့အထိ ဆက္လက္ျဖစ္ပြားေနခဲ့သည္။ ရွီပုဖန္က သူ႕ကိုဆြဲလိုက္ၿပီး
“ ငါတို႔ေရာက္ၿပီ။ ဆင္းၾကရေအာင္ ”

ကားေပၚကေနဆင္းဆင္းခ်င္း က်န္းယြမ္ပိုင္ပထမဆုံးလုပ္တဲ့အရာကေတာ့ အမွိုက္လႊင့္ပစ္တာပင္။ ယင္းေနာက္ သူသတိရသြားၿပီး
“ မင္းစားၿပီးၿပီလား? ”

“ မင္းအခုမွငါ့ကိုေမးဖို႔သတိရတာလား? ”

က်န္းယြမ္ပိုင္ အလြန္အမင္း ရွက္႐ြံ႕မိသြား၏။

ကားဂိတ္ကေန ေက်ာင္းကိုဆိုရင္ မီတာ၁၀၀ေလာက္ေဝးေလသည္။ ႏွစ္ေယာက္သား ေက်ာပိုးအိတ္ေတြလြယ္ရင္း ေက်ာင္းကိုလမ္းေလွ်ာက္သြားေနတဲ့အခ်ိန္ က်န္းယြမ္ပိုင္က မေမွ်ာ္လင့္စြာနဲ႕ဆြဲဖက္ခံလိုက္ရသည္။ သူ႕ကိုယ္က ညာဘက္ကေနဘယ္ဘက္ကိုေ႐ြ႕သြားၿပီး  လက္သီးဆုပ္အ႐ြယ္ေလာက္ရွိတဲ့ေက်ာက္ခဲတစ္ခုက သူနဂိုကသြားေနတဲ့လမ္းေၾကာင္းကိုျဖတ္ကာ ေဘးဘက္က နံရံကိုသြားမွန္သည္။

က်န္းယြမ္ပိုင္တစ္ကိုယ္လုံးေတာင့္တင္းသြား၏။ သူ႕ေခါင္းကြဲခါနီးေလးပဲ!

ႏွစ္ေယာက္လုံးလွည့္ၾကည့္လိုက္ေတာ့ အျပာေရာင္ေက်ာင္းဝတ္စုံကိုဝတ္ဆင္ထားလ်က္ ၿပဳံးၿပီးရပ္ေနၾကတဲ့ အနီးအနားေက်ာင္းမွ လူငယ္အနည္းငယ္ကို ေတြ႕လိုက္ရသည္။

“ ရွီပုဖန္ မင္းဘာလို႔ေခၚလာ…ဝါး ဒါေလးက ‘က်န္းရွာေမာင့္’ မဟုတ္ဘူးလား ရွန္းယီအထက္တန္းေက်ာင္းရဲ႕ထိပ္တန္းေက်ာင္းသားေလးေလ!”

က်န္းယြမ္ပိုင္၏မ်က္ႏွာကျဖဴေဖ်ာ့သြားၿပီး ရွီပုဖန္က သူ႕နား,နားကပ္ကာ ညင္ညင္သာသာေျပာလိုက္သည္။
“ ေက်ာင္းကိုအရင္သြားႏွင့္လိုက္ေနာ္”

က်န္းယြမ္ပိုင္လည္း တုံ႕ဆိုင္းမေနေတာ့ဘဲ ေက်ာင္းဆီေျပးသြားေတာ့သည္။ အဲ့အခ်ိန္မွာ ေကာင္ေလးေတြက အက်ယ္ႀကီးထရယ္၏
“ ေက်ာင္းသားေကာင္းကေတာ့ ေက်ာင္းသားေကာင္းပါပဲ။ အေသးအမႊားကိစၥေလးကိုေတာင္ ေၾကာက္ၿပီး ထြက္ေျပးဖို႔ပဲသိၾကတာ”

ရွီပုဖန္က သူ႕ေက်ာပိုးအိတ္ကို ေဘးတစ္ဖက္ကိုလႊင့္ပစ္လိုက္ၿပီး က်န္းယြမ္ပိုင္ကို ထိလုနီးပါးျဖစ္သြားတဲ့ ေက်ာက္ခဲကိုေကာက္ယူလိုက္သည္။ တစ္ဖက္လူေတြဆီကို သူ အဲ့ေက်ာက္ခဲနဲ႕ျပန္ပစ္ေပါက္လိုက္သည္။

ေကာင္ေလးေတြက အလ်င္အျမန္ဆတ္ခနဲေရွာင္လိုက္ၾကေပမဲ့ ေက်ာက္ခဲက တစ္ေယာက္ရဲ႕ပခုံးကိုေတာ့ထိမွန္သြားဆဲ။ တစ္ခ်ိန္တည္းမွာပဲ ရွီပုဖန္က လွ်ပ္စီးလိုအလ်င္နဲ႕ေျပးသြားၿပီး ဦးေဆာင္တဲ့ေကာင္ေလးရဲ႕ဆံပင္ကို ဆြဲလိုက္သည္။

ဒီေနရာမွာ ရွန္းယီအထက္တန္းေက်ာင္းပဲရွိတာ မဟုတ္ေလဘူး။ ေဘးမွာ အလယ္တန္းေက်ာင္းတစ္ေက်ာင္းရွိတဲ့အျပင္ ရွန္းစန္းအထက္တန္းေက်ာင္းလည္းရွိေသး၏။ ဒီဧရိယာမွာ မေရမတြက္နိုင္ေလာက္တဲ့ရန္ပြဲေတြ ျဖစ္ေလ့ရွိတဲ့အျပင္ လူေတြဆီကေနကာကြယ္ေစာင့္ေရွာက္စရိတ္(ဆက္ေၾကး) လာေတာင္းတဲ့သူေတြပါရွိၾကသည္။ အဓိကအေၾကာင္းရင္းကေတာ့ ဒီေက်ာင္းေတြမွ ေက်ာင္းသားေတြက ခ်မ္းသာၿပီးဉာဏ္မရွိတာေၾကာင့္ပင္။ လြန္ခဲ့တဲ့ႏွစ္ဝက္ေလာက္တုန္းက ရွီပုဖန္က အုပ္စုလိုက္ရန္ပြဲတစ္ခုမွာပါခဲ့ၿပီး ယငိးက သတင္းထဲမွာေတာင္ပါသြားေသးသည္; လူရမ္းကားေတြက သူ႕ဆီကေန ဆက္ေၾကးလာေတာင္းတာေၾကာင့္ပင္။

ဒီဧရိယာမွာျဖစ္တဲ့အဲ့လိုကိစၥေသးေသးမႊားမႊားေလးေတြနဲ႕ ၾကမ္းတမ္းတဲ့အုပ္စုလိုက္ရန္ပြဲေတြေၾကာင့္ အာဏာပိုင္ေတြက ဒီေနရာကိုကင္းလွည့္ဖို႔နဲ႕ ေက်ာင္းသားေတြ အတန္းကို လုံလုံၿခဳံၿခဳံၿငိမ္းၿငိမ္းခ်မ္းခ်မ္းေရာက္ရွိေစဖို႔အတြက္ အဖြဲ႕တစ္ဖြဲ႕ကို အထူးတလည္ပို႔ေပးထားေလသည္။ ရွန္းယီအထက္တန္းေက်ာင္းက ထိပ္တန္းေက်ာင္းတစ္ေက်ာင္းျဖစ္တာမို႔ လုံၿခဳံေရးအဖြဲ႕ကလည္း အဲ့ေနရာမွာ စခန္းခ်ေနရာယူထားသည္။

က်န္းယြမ္ပိုင္က ရွီပုဖန္ကို ခ်န္ထားၿပီးတဲ့ေနာက္မွာ အျမန္ေျပးၿပီး လုံၿခဳံေရး႐ုံးခန္းရဲ႕ဖန္ျပတင္းေပါက္ထံ ပစ္ဝင္၍ က်ယ္ေလာင္စြာေအာ္လိုက္၏
“ ရန္ျဖစ္ေနၾကတယ္! အုပ္စုလိုက္ႀကီးရန္ျဖစ္ေနၾကပါတယ္ဗ်ိဳ႕! ”

က်န္းယြမ္ပိုင္ရဲ႕အဆင့္ေတြက အၿမဲတမ္းထိပ္ဆုံးမွာပဲရွိေနၿပီးေတာ့ ေက်ာင္းမဂၢဇင္းကလည္း သူ႕ရဲ႕အံ့ၾသဖြယ္အဆင့္ေတြကို အၿမဲေဖာ္ျပေလ့ရွိသည္။ အနီးနားကဆိုင္ပိုင္ရွင္ေတြကို မေျပာႏွင့္ဦး လုံၿခဳံေရးအဖြဲ႕ကေတာင္မွ သူ႕ကိုမွတ္မိေလသည္။ အရပ္ရွည္ၿပီးသန္မာတဲ့ရဲဝန္ထမ္းအနည္းငယ္က သူတို႔ရဲ႕လွ်ပ္စစ္တုတ္ေတြကိုကိုင္ကာ ခ်က္ခ်င္းေျပးထြက္လာၾကၿပီး သူ႕ကိုေမးလိုက္သည္
“ သူတို႔ကဘယ္မွာလဲ?”

က်န္းယြမ္ပိုင္က ဦးတည္ရာတစ္ခုကိုၫႊန္ျပလိုက္ၿပီး အေမာတေကာ အသက္ရႉလိုက္သည္။
“ ဘတ္စ္ကားဂိတ္နားမွာ ”

ခ်က္ခ်င္းပဲ တစ္စုံတစ္ေယာက္က လွည့္ကင္းကားကိုေမာင္းလိုက္ၿပီး ရဲအရာရွိေတြကလည္း လ်င္ျမန္သြက္လက္စြာ ခုန္ဝင္၍ ကားဂိတ္ကို ဦးတည္လိုက္ၾကသည္။

က်န္းယြမ္ပိုင္က ရွီပုဖန္ထိခိုက္သြားမွာေၾကာက္တာေၾကာင့္ အသက္ျပင္းျပင္းရႉကာ ခဏေလးေတာင္မနားေတာ့ဘဲ ျပန္ေျပးသြား၏။ သူေရာက္သြားတဲ့အခါမွာေတာ့ ရဲေတြရဲ႕စစ္ေမးျခင္းခံေနရတဲ့ရွီပုဖန္ကလြဲရင္ လူတိုင္းက ထြက္ေျပးသြားၾကတာကို သတိျပဳမိလိုက္သည္။

က်န္းယြမ္ပိုင္ရဲ႕လည္ေခ်ာင္းက ေျခာက္ကပ္ေနေပမဲ့လည္း သူဖ်စ္ညွစ္ကာ ရွီပုဖန္အတြက ္စကားေျပာေပးလိုက္၏။
“ ကြၽန္ေတာ္…ကြၽန္ေတာ္က သူနဲ႕တူတူလာတာပါ။ ကြၽန္ေတာ့္ကို ေက်ာက္ခဲနဲ႕လွမ္းေပါက္တဲ့လူေတြရွိလို႔ သူ_သူက ကြၽန္ေတာ့္ကိုအရင္ေျပးခိုင္းခဲ့တာ ”

တစ္ေယာက္ကေမးလာသည္ “ဒါကအမွန္ပဲလား? ”

“အမွန္ပါပဲ!” က်န္းယြမ္ပိုင္က ခိုင္မာစြာေခါင္းညိတ္ျပလိုက္ၿပီး တစ္ဖက္ကိုလွည့္ကာ ရွီပုဖန္ရဲ႕ဒဏ္ရာေတြကိုစစ္ေဆးလိုက္သည္။ သူခိုင္မာေသခ်ာတဲ့ေလသံျဖင့္ ဆက္ေျပာလိုက္သည္
“ အဲ့အုပ္စုက ျပႆနာအရင္ရွာဖို႔ ႀကိဳးစားခဲ့တာ ”

ရဲဝန္ထမ္းေတြက ရွီပုဖန္ကို မယုံေပမဲ့ က်န္းယြမ္ပိုင္ကိုေတာ့ ယုံေလသည္။ ေခါင္းေဆာင္က တစ္ခုခုကိုတီးတိုးေျပာလိုက္စဥ္ က်န္လူေတြကေခါင္းညိတ္ျပသည္။ သူေျပာလာသည္
“ ရွီပုဖန္ မင္းသူတို႔ကိုသိလား? ရွန္းစန္းကိုသြားေမးဖို႔အတြက္ ငါလူလႊတ္ေပးမယ္ေလ”

ရွီပုဖန္က မရိုမေသျပန္ေျပာလာသည္
“ ဘယ္သူေတြ ျဖစ္နိုင္အုံးမွာလဲ? အဲ့ဒါက ခင္ဗ်ားတို႔ရဲ႕သူငယ္ခ်င္းေဟာင္းေတြပဲေလ ”

က်န္းယြမ္ပိုင္က သူ႕ကိုျမန္ျမန္ဆန္ဆန္ဆြဲလိုက္ၿပီး အသံတိုးတိုးနဲ႕သတိေပးလိုက္သည္
“ ယဥ္ယဥ္ေက်းေက်းေျပာစမ္းပါ။ ရဲအရာရွိေတြက ငါတို႔ကိုကူညီေပးမယ့္ဟာကို”

က်န္းယြမ္ပိုင္ေၾကာင့္ ေခါင္းေဆာင္က ရယ္လိုက္ၿပီး
“ ရပါတယ္ ငါကိုယ္တိုင္ကိုယ္က် ရွန္းစန္ဆီသြားၿပီး ငါ့သူငယ္ခ်င္းေဟာင္းေတြအေၾကာင္းသြားေမးလိုက္မယ္ ”

ရဲအရာရွိက သူ႕လူေတြနဲ႕ျပန္သြားၿပီးေတာ့ ရွီပုဖန္နဲ႕က်န္းယြမ္ပိုင္ကို ေက်ာင္းလိုက္ပို႔ေပးဖို႔အတြက္ ငယ္႐ြယ္တဲ့ရဲဝန္ထမ္းႏွစ္ေယာက္ကို ခ်န္ထားေပးခဲ့သည္။ က်ိယန႔္ဖ်င္က ဒီအေၾကာင္းကိုေမးဖို႔ အလ်င္အျမန္ေျပးထြက္လာသည္။ သူတို႔ႏွစ္ေယာက္ထဲမွတစ္ေယာက္က ရွီပုဖန္ကို တစ္ခ်က္ၾကည့္လိုက္ၿပီး
“ သူျပႆနာထပ္ရွာျပန္ၿပီေလ။ ဒီတစ္ေခါက္ဒီေက်ာင္းသားေလးပါ ပါလာတယ္။ ေက်းဇူးျပဳၿပီး…သူ႕မိဘေတြကိုသတိေပးလိုက္ပါအုံးလား ..ဒီလိုစာေတာ္တဲ့ေက်ာင္းသားေလးက ဘယ္လိုလုပ္ၿပီး ရွီပုဖန္လိုလူမ်ိဳးနဲ႕ ေန႕တိုင္းပတ္သက္သြားလာေနရတာလဲ”

ရွီပုဖန္ကေခါင္းေမာ့လာ၍ သူ႕ကို စူးစိုက္ၾကည့္လိုက္သည္။ က်ိယန႔္ဖ်င္က အျမန္အဆန္ပဲ အာ႐ုံလႊဲကာ
“က်န္းယြမ္ပိုင္ သူ႕ကိုေက်ာင္းေဆးေပးခန္းေခၚသြားလိုက္။ သူဘယ္ေနရာေတြမွာ ဒဏ္ရာရထားလဲဆိုတာ ၾကည့္ရေအာင္ ”

က်န္းယြမ္ပိုင္က ေခါင္းညိတ္လိုက္ၿပီး ခုထိမေ႐ြ႕ေသးတဲ့ရွီပုဖန္ကို ဆြဲလိုက္သည္။ သူဒုတိယတစ္ေခါက္ထပ္ဆြဲေတာ့မွ ရွီပုဖန္က ေနာက္ဆုံး သူ႕ကိုသာမန္ကာလွ်ံကာတစ္ခ်က္ေလာက္ၾကည့္လာၿပီး က်န္းယြမ္ပိုင္ကို ဆြဲေခၚသြားခြင့္ျပဳလိုက္သည္။

က်န္းယြမ္ပိုင္က သူ႕ဒဏ္ရာကိုမၾကာခဏၾကည့္ေနတာက ရွီပုဖန္အား စိတ္မသက္မသာျဖစ္ေစသည္။
“ တစ္ေယာက္နဲ႕ေျခာက္ေယာက္ခ်မွေတာ့ ငါဒဏ္ရာရတာကပုံမွန္ပဲမဟုတ္ဘူးလား? ”

က်န္းယြမ္ပိုင္က သူ႕လက္ကိုအလ်င္စလိုေဝ့ယမ္းျပကာ ရွင္းျပလိုက္သည္။
“ ငါအဲ့လိုဆိုလိုတာမဟုတ္ပါဘူး။ အဲ့ဒါက နာလားလို႔ ေမးခ်င္လို႔ပါ ”

“ က်ိန္းေသေပါက္နာတာေပါ့ကြ” ရွီပုဖန္က မေပ်ာ္႐ႊင္စြာျဖင့္ ေျပာလိုက္သည္။

ႏွစ္ေယာက္သားက ေဆးခန္းဆီကို ေလွ်ာက္သြားလိုက္ၿပီး တံခါးကိုဖြင့္လိုက္ေပမဲ့ ဆရာဝန္က ရွိမေနေလဘူး။ သူတို႔ကန္တင္းမွာ မနက္စာစားေနတာျဖစ္နိုင္သည္။ က်န္းယြမ္ပိုင္က သူ႕ကို တိုက္ရိုက္ပင္ အထဲဆြဲေခၚ၍ ေျပာလိုက္၏
“ ငါတို႔အိမ္မွာ ၾကက္ေျခနီေသတၱာရွိေတာ့ ငါဒီေနရာက ေဆးေတာ္ေတာ္မ်ားမ်ားကို သိတယ္ ”

သူ ေဆးပုလင္းတစ္ခုနဲ႕ေလွ်ာက္လာၿပီး ႏူးညံ့စြာေျပာလိုက္သည္။
“ နည္းနည္းနာလိမ့္မယ္ေနာ္ ”

“ မင္းမႈတ္ေပးမယ္ဆိုရင္ နာမွာမဟုတ္ေတာ့ဘူး ” ရွီပုဖန္က ျပန္ေျပာလိုက္သည္။

က်န္းယြမ္ပိုင္က ဝါဂြမ္းစကို ေဆးရည္နဲ႕တို႔လိုက္ၿပီး သူ႕နဖူးကို မႈတ္ေပးလိုက္သည္။
“ ငါအခုေဆးထည့္ေတာ့မယ္ေနာ္။ နာရင္သည္းခံထား ”

ေဆးရည္က ဒဏ္ရာကိုထိတဲ့အခ်ိန္မွာ ရွီပုဖန္က မ်က္ေမွာင္ၾကဳတ္၍ အသံျပဳလိုက္သည္။
“ မလုံေလာက္ေသးဘူး။ မင္းနည္းနည္းေလာက္ထပ္မႈတ္ေပးတာ လိုခ်င္ေသးတယ္ ”

က်န္းယြမ္ပိုင္က ေဆးထည့္ေနရင္း ေလမႈတ္ေပးတာကိုလည္း အဆုံးသတ္လိုက္သည္။ သူ႐ုတ္တရက္ေတြးမိလိုက္တာက သူဟာ သူ႕ကေလးကိုေခ်ာ့ျမႇူေနတဲ့အေဖတစ္ေယာက္နဲ႕ တကယ္တူေနတာဟုပင္။ သူ႕ရဲ႕အေတြးေတြကို သူခပ္ျမန္ျမန္ဖိႏွိပ္လိုက္ၿပီး ရွီပုဖန္အား ေမးလိုက္သည္။
“ တကယ္ေတာ့ အဲ့ေလာက္မနာဘူးမလား? ”

“ တစ္ခုခုလိုေနေသးတယ္ ”

“ ဘာလိုေနတာလဲ? ”

ရွီပုဖန္က သူ႕ကိုစိုက္ၾကည့္ကာ ႏႈတ္ခမ္းေထာင့္စြန္းက အနည္းငယ္ေကာ့တက္သြားၿပီး
“ မင္းဆီက အနမ္းေလးတစ္ပြင့္လိုေနေသးတာ ”

***
စာေရးသူမွာ ေျပာစရာရွိတယ္ :

ယြမ္ယြမ္ : !!!

ရွီေကာ : စိတ္မလႈပ္ရွားပါနဲ႕ကြာ





واصل القراءة

ستعجبك أيضاً

269K 21.6K 129
🍀Best Actors Apartment🍀 Original Author: LIBRA/ Jin Jiang Literature Artist: CAST SHARK Script: Xiao Ying Producer: White Dream Club Editor: Yi...
287K 10.3K 42
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
58.3K 7.3K 30
⚡THIS IS A PURE FUN TRANSLATION.All credits to original authors and English translators. I don't own any part of this novel. I'm just a translator. ⚡...
13.2K 1K 8
sequel of "ရှီပိုင်ကုန်းလွဲ့"(ဗီလိန်ဗျူဟာ) Total: 8chapters အဓိကဇာတ်ဆောင်: ကျန်းရွှင်းယီ || မင်းသား: မိစ္ဆာဘုရင်ရွှမ်လီ၊ ယွင်ရှဲ့။ ဒါက"ရှီပိုင်ကုန်းလ...