ASSASSINATE (刺杀) by Priest (M...

Von XiaoMaoMao55

9.6K 1K 39

Author: Priest Genre: Psychological Sci-fi Shounen Ai Status: 8 Chapters (complete) Associated Name: 刺杀 Discl... Mehr

Translator's Note
Prologue (ပဏာမ)(U+Z)
အပိုင်း (၁) (U+Z)
အပိုင်း (၂) (U+Z)
အပိုင်း (၃) (U+Z)
အပိုင်း (၄) (U+Z)

အပိုင်း (၅+၆+နိဂုံး) (U+Z)

979 137 20
Von XiaoMaoMao55

[Unicode]

-၅-

သူ့နောက်ဘက်ဆီမှ ခြေသံရှည်များ ဆက်တိုက်ထွက်ပေါ်လာ၏။ ခြေသံပိုင်ရှင် မည်သူဖြစ်သည်ကို အာနိုသိပါသည်။ သူက အသံမပေးခဲ့ပါချေ။ အဖွဲ့အစည်းသည် သူ့ကို ထိုသောက်သုံးမကျသော သိပ္ပံပညာရှင် ယာယီ မသေအောင်ထားရန်သာ ခိုင်းစေခဲ့ခြင်းဖြစ်ပြီး အကြင်သူကို နတ်ဘုရားသဖွယ် ကိုးကွယ်ရန် မခိုင်းခဲ့ပါချေ။

ခြေလှမ်းများမှာ ရပ်တန့်သွားပြီး လန်ဒါသည် သူ့နောက်ပါးတွင် အချိန်အတန်ကြာသည်အထိ ရပ်နေခဲ့လေသည်။

သူ့မျက်လုံးများထဲမှ အကြည့်သည် အာနိုကို မသက်မသာဖြစ်စေသည်။ အဆုံးတွင်မူ ဆံနွယ်နက်ပိုင်ရှင်သည် စိတ်အားတင်းထားသည့် အမူအရာနှင့် ခွက်အလွတ်များကို တစ်ခွက်ပြီးတစ်ခွက် တင်လိုက်ပြီးနောက် နောက်လှည့်လိုက်ကာ လန်ဒါ၏ ဝမ်းနည်းနေသော အကြည့်ကို လျစ်လျူရှု၍ ထွက်ခွာရန် ဟန်ပြင်လိုက်သည်။

လန်ဒါက သူ့လက်ကို လှမ်းဆွဲလိုက်သည်။

အာနို သူ့ကိုယ်သူ အဝေးသို့ ရုန်းမထွက်နိုင်လိုက်ခင်မှာပဲ ငှက်မွှေးများပြောင်ရှင်းနေသည့် ငန်းတောင်ကလောင်တံကို လက်ထဲသို့ ထိုးထည့်ပေးလာသည်။

ယင်းမှာ ထိုနှစ်ဆီက အနှီကောင်လေးသို့ ပေးခဲ့သော ဖောင်တိန်ဖြစ်သည်။ အာနိုမှာ ကြက်သေသေသွားပြီး သူ့ငယ်ဘဝက တိုတောင်းလှသော သူငယ်ချင်းဆက်ဆံရေးများကို ပြန်လည်မှတ်မိလာသည်။ ပြကွက်ဟောင်းတိုင်းသည် အချိန်ကို ဖြတ်ကျော်လျက် တဟုန်ထိုး တိုးဝင်လာသော်လည်း ချက်ချင်းဆိုသလို သူ၏ ပြည့်လျှံထွက်နေပါသော အတွေးစများကို အတင်းအကျပ် စုစည်းလိုက်သည်။

"အခုထိ အပေါစားမှတ်ဉာဏ်တွေကိုသုံးပြီး ငါ့ဆီက သနားညှာတာမှုကို စုဆောင်းချင်နေသေးတာလား" ဟု အာနိုက အေးစက်စွာ တွေးလိုက်သည်။

လန်ဒါသည် သူ့လက်ကို ကိုင်ကာ ဖောင်တိန်လက်ကိုင်ကို လှည့်ဖွင့်လိုက်သည်။ ယင်းတွင် သံမဏိကွင်းတစ်ခုကို တွဲချိတ်ထားသော်လည်း အလှဆင်သည့် အဆင်တန်ဆာတော့ မဟုတ်ပါချေ။ လှည့်၍ဖွင့်လိုက်သောအခါ ခလုတ်ငယ်တစ်ခုကို ငန်းတောင်ကလောင်တံတွင် ဝှက်ထားသည်ကိုတွေ့လိုက်ရသည်။

လန်ဒါသည် အာနို၏ လက်ချောင်းကို ခလုတ်ပေါ်တွင် တင်လိုက်ပြီး ကြိုတင်ရေးသားထားပြီးသား စာသားများပါသည့် ဆိတ်သားရေကို ထုတ်ကိုင်လာသည်။ "ဒါက ခလုတ်တစ်ခုပဲ၊ တစ်ချက်နှိပ်လိုက်တာနဲ့-- မင်းတို့အားလုံး အကြောက်ဆုံး ငါ့ကိုယ်ထဲမှာ တပ်ထားတဲ့ တစ်မူထူးကဲအင်ဂျင်ကို ပိတ်လိုက်နိုင်တယ်"

အာနိုသည် မှင်တက်သွား၏။

လန်ဒါက အာနို၏ လက်ချောင်းများကို ငြင်သာစွာဆွဲယူလိုက်ကာ တဝဲလည်လည်ဖြင့် မလွှတ်ပေးချင်ခဲ့ပေ။ ထို့နောက် ဆံနွယ်နက်ပိုင်ရှင်အမျိုးသားထံသို့ သူပေးအပ်ထားပါသော ကလောင်တံကို တစ်ချက်လှမ်းကြည့်လာသည်။

ယင်းမှာ သူ့ဘဝတွင် ပြောရမည်ဆိုလျှင် မည်သို့သော အဓိပ္ပါယ်ဖွင့်ဆိုချက်မျိုးတွင်မဆို တန်ဖိုးအကြီးဆုံးသော အရာဖြစ်သည်။

ထို့နောက်တွင် သွေးအေးသိပ္ပံပညာရှင်လေးသည် အပြုံးတစ်ခုကို အတင်းအကျပ်လုပ်ယူလာသည်။ ဤသည်မှာ သူ့အတွက် အလွန်တရာ ခဲယဉ်းလှသည်။ သည်နှစ်များအတွင်း သူသည် အလွန် စိတ်မချမ်းမြေ့စွာနှင့် လှောင်ပြောင်သရော်ဟန်များဖြင့်သာ ရယ်မောခဲ့သည်။ သူ၏ အေးစက်၍ သုန်မှုန်နေပါသော မျက်နှာထားကို ပိုမိုပျော်ရွှင်သည့်ဟန်ပေါက်ရန် မည်သို့ပြုမူရမည်ကို သူ အမှန်တကယ်ပင် မသိခဲ့ပါချေ။

လန်ဒါက သူ့ရင်ဘက်ဆီသို့ ညွှန်ပြလာပြီး ဆိတ်သားရေကို တစ်ဖက်လှန်လိုက်ကာ နောက်ကျောဘက်က စာနောက်တစ်ကြောင်းကို ပြလိုက်သည်။

"မင်းမှာ အခု သေနတ်ရှိလား၊ မင်းသာ အလိုရှိတယ်ဆိုရင်--- ငါ့နှလုံးသားက နည်းနည်း ညာဘက်ယွန်းယွန်းမှာ ရှိပါတယ်"


-၆-

အက်ဒဝပ်လန်ဒါတစ်ယောက်မှာ သူ၏ ယုတ်ညံ့သော တီထွင်မှုများကို သယ်ဆောင်သွားလျက် နောက်ဆုံးတွင်မူ ဤကမ္ဘာလောကကြီးတွင် ထပ်မံ ထွက်ပေါ်မလာတော့ပါချေ။

သူသည် အဆုံးတွင် ထပ်ခိုးခန်းလေးမှ အသက်မဲ့သော ပန်းပွင့်လေးကိုပင် အဆုံးမသတ်လိုက်နိုင်ခဲ့ပါချေ။ ယင်းမှာ ဘယ်သောအခါကမျှ မရှိခဲ့ဖူးပါသော အမှန်တရားတစ်ခုပင် ဖြစ်ကောင်းဖြစ်နိုင်ပါသည်။


-နိဂုံး-

"အဲဒါက သူ့ဘာသာသူ အဝတ်ချုပ်နိုင်တယ်လား၊ ဒါရိုက်စားကြီး မဟုတ်ဘူးလား" နောက်ဖေးလမ်းကြားလေးတွင် ဘေ့စ်ဘောဦးထုပ်ဆောင်းထားသော ဆယ်ကျော်သက်လူငယ်အုပ်စုတစ်စုမှာ ထူးဆန်းဖွယ်အသွင်ရှိသည့် အပ်ချုပ်စက် တစ်လုံးရှေ့တွင် ဝိုင်းဖွဲ့နေလေသည်။

အပ်ချုပ်စက်နောက်မှ လူငယ်လေးမှာ မည်သို့မျှ စကားမဆိုပါချေ။ သူက ပြုံးလျက် လက်ကို မြှောက်လိုက်ပြီး ကြီးမားသော အပ်ချုပ်စက်အောက်မှာ မြှုပ်ထားသော အနက်ရောင်ဘူးငယ်အတွင်းမှ ပရိုဂရမ်ခလုတ်ကို လက်ချောင်းလေးဖြင့် ဖိနှိပ်လိုက်သည်။ ထိုအခိုက် ရေနွေးငွေ့များ ဆူတက်လာပြီး တစ်မူထူးကဲအင်ဂျင်ကွန်ပျူတာသည် ကြိုတင်တပ်ဆင် အမိန့်ရေးသားထားသော ပရိုဂရမ်ချပ်စ်ပြားကို စတင်ဖတ်တော့သည်။

စားပွဲပေါ်ရှိ အဝတ်စလေးမှာ စက်ဘေးတွင် အပေါ်တက်လိုက် အောက်ဆင်းလိုက်ဖြင့် စုန်ဆန်တက်နေသည်။ အဖြတ်အတောက်နှင့် အပေါ်မှအပ်ချုပ်လိုက်သည့် အပ်ချုပ်ကြောင်းများမှာ သေသပ်လှသည်။ ပါးစပ်များ ပွင့်ဟနေသော ဆယ်ကျော်သက်ကလေးတစ်သိုက် မျက်စိရှေ့မှောက်မှာပင် ချစ်စဖွယ် လည်စည်းလေးတစ်ခုမှာ စတင် ပုံပေါ်လာခဲ့သည်။

"ဝါး..."

"ကျွန်တော်... ကျွန်တော်နည်းနည်းလောက် ကိုင်ကြည့်လို့ရလား"

"ကျွန်တော်ရော ကိုင်ကြည့်လို့ရမလား"

အပ်ချုပ်စက်နားမှ လူငယ်လေးက အိုဟောင်းနေသော ငှက်မွှေးကလောင်တံကို ထုတ်လိုက်ပြီး ဘုတ်ပေါ်တွင် ရေးသားလိုက်သည် "၂ ပေါင်၊ လာကြည့်တဲ့အတွက် ကျေးဇူးတင်ပါတယ်"

မင်စက် ခပ်ကြီးကြီး တစ်ပေါက် စိမ့်ထွက်လာသည်မှာ လက်ရေးကို ပို၍ နက်မှောင်လာစေလိုသည့် အလားပင်။

ဆယ်ကျော်သက်ကလေးများ၏ လေချွန်သံများမှာ ရွှီကနဲ ပေါ်ထွက်လာသည်။ "အရမ်းဈေးကြီးလွန်းတယ် အစ်ကို"

လူငယ်လေးသည် စကားတစ်ခွန်းမှ မဆိုဘဲ တိတ်တိတ်လေး ပခုံးတွန့်ပြလိုက်သည်။ ထိုအချိန်မှာပဲ သူက မိန်းကလေးတစ်ဦး ပန်းရောင်းနေသည်ကို တွေ့လိုက်ရသည်။ ထိုမိန်းကလေးသည် ဝါးဖြင့်ရက်လုပ်ထားသော ပန်းများအပြည့်ဖြင့် ခြင်းတောင်းလေးကို ကိုင်ဆောင်ထားပြီး သူမ၏ အဝတ်အစားများမှာ ဆုတ်ပြဲနေလေသည်။ သူမက လေအေးများကြောင့် တုန်ယင်နေသော်လည်း သူတို့ရှိရာဖက်သို့ စပ်စုစွာ ခြေဖျားထောက်လျက် လှည်းကြည့်နေလေသည်။

လူငယ်လေးသည် ထခုန်လိုက်ပြီး စားပွဲထက်ရှိ လည်စည်းပုဝါလေးကို ဆွဲကာ သူမအရှေ့သို့ ပြေးထွက်သွားလေသည်။ ကြောက်လန့်သွားသော ပန်းသည်မိန်းကလေးမှာ နောက်သို့ ခြေလှမ်းတစ်ဝက်ခန့် ဆုတ်လိုက်ကာ သူမ၏ ဖြူဖျော့သော ပါးပြင်များမှာ နီရဲနေလေတော့သည်။

လူငယ်လေးက ခေါင်းကို ငုံ့လိုက်ပြီး သူမ၏ ခြင်းတောင်းထဲမှ ပန်းများကို တောက်ပနေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ ထို့နောက် လက်ဟန်သင်္ကေတကို ဖြည်းညင်းစွာ သုံးလာသည်။ "ငါတို့ အလဲအလှယ်လုပ်ကြမလား"

ပန်းသည်မိန်းကလေးသည် အချိန်အကြာကြီး အံ့အားသင့်သွားပြီးနောက် ပန်းခြင်းတစ်ခြင်းလုံးကို ထိုသူထံသို့ အနေခက်စွာဖြင့် ပေးလိုက်သည်။ "ရှင့်..ရှင့်အတွက်"

ထိုလူဆိုးလေးများသည် ကျယ်လောင်စွာ လေချွန်လိုက်ကြလေသည်။

"ဟေး ကိုယ်လူချော ပန်းတွေက ဘယ်သူ့အတွက်လဲ"

လူငယ်လေးက ပြန်မဖြေခဲ့ပါချေ။ ကပ်စေးနဲသောကြောင့်တော့မဟုတ်ပေ။ ထို့နောက် တောက်ပလှသော အပြုံးတစ်ခုနှင့်အတူ မြင်ရခဲလှသည့် "တမူထူးကဲအင်ဂျင်ကွန်ပျူတာဖြင့်ချုပ်ထားသည့်" လည်စည်းကို ပန်းသည်မိန်းကလေး၏ လည်ပင်းထက်တွင် ပတ်ပေးကာ တုန့်ဆိုင်းခြင်းမရှိဘဲ ပစ္စည်းများကို သိမ်းဆည်းကာ ပန်းခြင်းနှင့်အတူ ထွက်သွားတော့သည်။

သူ့တွင် စက်ပစ္စည်းများ အကြီး အသေး အစုံအလင်ပါသည့်အပြင် အိတ်ကပ်များတွင်လည်း ပရိုဂရမ်ချပ်စ်ပြားများ အပြည့်ထည့်လျက် လမ်းဘေးဈေးသည်လေးတစ်ဦးကဲ့သို့ လမ်းသွယ်၊ နောက်ဖေးလမ်းကြားများ တစ်လျှောက် လျှောက်သွားနေသော်လည်း သူ့ခြေလှမ်းများမှာမူ ပျော်ရွှင်မူအတိဖြင့် ဖြစ်သည်။

လမ်း၏ ဘေးနှစ်ဘက်တွင် မိုးထိမြင့်မားလှသော စက်ရုံများဖြင့် ပြည့်နေပြီး ကောင်းကင်ယံထက်ဆီသို့ အဖြူရောင် ရေနွေးငွေ့များမှာ ဆန်တက်လျက်ရှိသည်။ လူအုပ်များမှာ ဆူညံလျက်ရှိပြီး အညစ်အကြေး ရနံ့ဆိုးများလည်း ရနိုင်သေးသည်။

တမူထူးကဲအင်ဂျင်ကွန်ပျူတာကို ကျောတွင်လွယ်ထားပြီး လက်တွင် လတ်ဆက်သော ပန်းများကိုင်ဆောင်ထားသော လူငယ်လေး၏ အရိပ်သည် စတင်မှုတစ်ခုနှင့် ဆင်တူနေသော်လည်း အဆုံးသတ်တစ်ခုလည်း ဖြစ်နေသေးပြန်သည်။

နောက်ဆုံးတွင်တော့ သူ ထိုပန်းစည်းကို ပေးနိုင်ခဲ့ချေပြီ။


ဤသည်မှာ အကောင်းဆုံးခေတ်တစ်ခေတ်လည်းဖြစ်သလို အဆိုးဆုံးခေတ်တစ်ခေတ်လည်း ဖြစ်၏။

ဤသည်မှာ အသိဉာဏ်ပညာခေတ်ဖြစ်သကဲ့သို့ ဆင်ခြင်ဉာဏ်မဲ့ခြင်း၏ခေတ်လည်း ဖြစ်ချေသည်။

(A tale of Two Cities by Charles Dickens)

...........................xxx.............................


[Zawgyi]

-၅-

သူ႔ေနာက္ဘက္ဆီမွ ေျခသံ႐ွည္မ်ား ဆက္တိုက္ထြက္ေပၚလာ၏။ ေျခသံပိုင္႐ွင္ မည္သူျဖစ္သည္ကို အာႏိုသိပါသည္။ သူက အသံမေပးခဲ့ပါေခ်။ အဖြဲ႕အစည္းသည္ သူ႔ကို ထိုေသာက္သံုးမက်ေသာ သိပၸံပညာ႐ွင္ ယာယီ မေသေအာင္ထားရန္သာ ခုိင္းေစခဲ့ျခင္းျဖစ္ၿပီး အၾကင္သူကုိ နတ္ဘုရားသဖြယ္ ကိုးကြယ္ရန္ မခိုင္းခဲ့ပါေခ်။

ေျခလွမ္းမ်ားမွာ ရပ္တန္႔သြားၿပီး လန္ဒါသည္ သူ႔ေနာက္ပါးတြင္ အခ်ိန္အတန္ၾကာသည္အထိ ရပ္ေနခဲ့ေလသည္။

သူ႔မ်က္လံုးမ်ားထဲမွ အၾကည့္သည္ အာႏိုကို မသက္မသာျဖစ္ေစသည္။ အဆံုးတြင္မူ ဆံႏြယ္နက္ပိုင္႐ွင္သည္ စိတ္အားတင္းထားသည့္ အမူအရာႏွင့္ ခြက္အလြတ္မ်ားကို တစ္ခြက္ၿပီးတစ္ခြက္ တင္လိုက္ၿပီးေနာက္ ေနာက္လွည့္လိုက္ကာ လန္ဒါ၏ ဝမ္းနည္းေနေသာ အၾကည့္ကို လ်စ္လ်ဴ႐ႈ၍ ထြက္ခြာရန္ ဟန္ျပင္လိုက္သည္။

လန္ဒါက သူ႔လက္ကို လွမ္းဆြဲလိုက္သည္။

အာႏို သူ႔ကိုယ္သူ အေဝးသို႔ ႐ုန္းမထြက္ႏိုင္လုိက္ခင္မွာပဲ ငွက္ေမႊးမ်ားေျပာင္႐ွင္းေနသည့္ ငန္းေတာင္ကေလာင္တံကို လက္ထဲသို႔ ထိုးထည့္ေပးလာသည္။

ယင္းမွာ ထိုႏွစ္ဆီက အႏွီေကာင္ေလးသို႔ ေပးခဲ့ေသာ ေဖာင္တိန္ျဖစ္သည္။ အာႏိုမွာ ၾကက္ေသေသသြားၿပီး သူ႔ငယ္ဘဝက တိုေတာင္းလွေသာ သူငယ္ခ်င္းဆက္ဆံေရးမ်ားကို ျပန္လည္မွတ္မိလာသည္။ ျပကြက္ေဟာင္းတိုင္းသည္ အခ်ိန္ကို ျဖတ္ေက်ာ္လ်က္ တဟုန္ထိုး တိုးဝင္လာေသာ္လည္း ခ်က္ခ်င္းဆိုသလို သူ၏ ျပည့္လွ်ံထြက္ေနပါေသာ အေတြးစမ်ားကို အတင္းအက်ပ္ စုစည္းလုိက္သည္။

"အခုထိ အေပါစားမွတ္ဉာဏ္ေတြကိုသံုးၿပီး ငါ့ဆီက သနားညွာတာမႈကို စုေဆာင္းခ်င္ေနေသးတာလား" ဟု အာႏိုက ေအးစက္စြာ ေတြးလိုက္သည္။

လန္ဒါသည္ သူ႔လက္ကို ကိုင္ကာ ေဖာင္တိန္လက္ကိုင္ကို လွည့္ဖြင့္လိုက္သည္။ ယင္းတြင္ သံမဏိကြင္းတစ္ခုကို တြဲခ်ိတ္ထားေသာ္လည္း အလွဆင္သည့္ အဆင္တန္ဆာေတာ့ မဟုတ္ပါေခ်။ လွည့္၍ဖြင့္လုိက္ေသာအခါ ခလုတ္ငယ္တစ္ခုကို ငန္းေတာင္ကေလာင္တံတြင္ ဝွက္ထားသည္ကိုေတြ႕လုိက္ရသည္။

လန္ဒါသည္ အာႏို၏ လက္ေခ်ာင္းကို ခလုတ္ေပၚတြင္ တင္လုိက္ၿပီး ႀကိဳတင္ေရးသားထားၿပီးသား စာသားမ်ားပါသည့္ ဆိတ္သားေရကို ထုတ္ကိုင္လာသည္။ "ဒါက ခလုတ္တစ္ခုပဲ၊ တစ္ခ်က္ႏွိပ္လိုက္တာနဲ႔-- မင္းတို႔အားလံုး အေၾကာက္ဆံုး ငါ့ကိုယ္ထဲမွာ တပ္ထားတဲ့ တစ္မူထူးကဲအင္ဂ်င္ကို ပိတ္လိုက္ႏိုင္တယ္"

အာႏိုသည္ မွင္တက္သြား၏။

လန္ဒါက အာႏို၏ လက္ေခ်ာင္းမ်ားကို ျငင္သာစြာဆြဲယူလိုက္ကာ တဝဲလည္လည္ျဖင့္ မလႊတ္ေပးခ်င္ခဲ့ေပ။ ထုိ႔ေနာက္ ဆံႏြယ္နက္ပိုင္႐ွင္အမ်ိဳးသားထံသို႔ သူေပးအပ္ထားပါေသာ ကေလာင္တံကို တစ္ခ်က္လွမ္းၾကည့္လာသည္။

ယင္းမွာ သူ႔ဘဝတြင္ ေျပာရမည္ဆိုလွ်င္ မည္သို႔ေသာ အဓိပၸါယ္ဖြင့္ဆိုခ်က္မ်ိဳးတြင္မဆို တန္ဖိုးအႀကီးဆံုးေသာ အရာျဖစ္သည္။

ထို႔ေနာက္တြင္ ေသြးေအးသိပၸံပညာ႐ွင္ေလးသည္ အၿပံဳးတစ္ခုကို အတင္းအက်ပ္လုပ္ယူလာသည္။ ဤသည္မွာ သူ႔အတြက္ အလြန္တရာ ခဲယဥ္းလွသည္။ သည္ႏွစ္မ်ားအတြင္း သူသည္ အလြန္ စိတ္မခ်မ္းေျမ့စြာႏွင့္ ေလွာင္ေျပာင္သေရာ္ဟန္မ်ားျဖင့္သာ ရယ္ေမာခဲ့သည္။ သူ၏ ေအးစက္၍ သုန္မႈန္ေနပါေသာ မ်က္ႏွာထားကို ပိုမိုေပ်ာ္ရႊင္သည့္ဟန္ေပါက္ရန္ မည္သို႔ျပဳမူရမည္ကို သူ အမွန္တကယ္ပင္ မသိခဲ့ပါေခ်။

လန္ဒါက သူ႔ရင္ဘက္ဆီသို႔ ညႊန္ျပလာၿပီး ဆိတ္သားေရကို တစ္ဖက္လွန္လိုက္ကာ ေနာက္ေက်ာဘက္က စာေနာက္တစ္ေၾကာင္းကို ျပလိုက္သည္။

"မင္းမွာ အခု ေသနတ္႐ွိလား၊ မင္းသာ အလို႐ွိတယ္ဆိုရင္--- ငါ့ႏွလံုးသားက နည္းနည္း ညာဘက္ယြန္းယြန္းမွာ ႐ွိပါတယ္"


-၆-

အက္ဒဝပ္လန္ဒါတစ္ေယာက္မွာ သူ၏ ယုတ္ညံ့ေသာ တီထြင္မႈမ်ားကို သယ္ေဆာင္သြားလ်က္ ေနာက္ဆံုးတြင္မူ ဤကမာၻေလာကႀကီးတြင္ ထပ္မံ ထြက္ေပၚမလာေတာ့ပါေခ်။

သူသည္ အဆံုးတြင္ ထပ္ခိုးခန္းေလးမွ အသက္မဲ့ေသာ ပန္းပြင့္ေလးကိုပင္ အဆံုးမသတ္လိုက္ႏိုင္ခဲ့ပါေခ်။ ယင္းမွာ ဘယ္ေသာအခါကမွ် မ႐ွိခဲ့ဖူးပါေသာ အမွန္တရားတစ္ခုပင္ ျဖစ္ေကာင္းျဖစ္ႏိုင္ပါသည္။


-နိဂံုး-

"အဲဒါက သူ႔ဘာသာသူ အဝတ္ခ်ဳပ္ႏိုင္တယ္လား၊ ဒါ႐ုိက္စားႀကီး မဟုတ္ဘူးလား" ေနာက္ေဖးလမ္းၾကားေလးတြင္ ေဘ့စ္ေဘာဦးထုပ္ေဆာင္းထားေသာ ဆယ္ေက်ာ္သက္လူငယ္အုပ္စုတစ္စုမွာ ထူးဆန္းဖြယ္အသြင္႐ွိသည့္ အပ္ခ်ဳပ္စက္ တစ္လံုးေ႐ွ႕တြင္ ဝိုင္းဖြဲ႕ေနေလသည္။

အပ္ခ်ဳပ္စက္ေနာက္မွ လူငယ္ေလးမွာ မည္သို႔မွ် စကားမဆိုပါေခ်။ သူက ၿပံဳးလ်က္ လက္ကို ေျမွာက္လုိက္ၿပီး ႀကီးမားေသာ အပ္ခ်ဳပ္စက္ေအာက္မွာ ျမွဳပ္ထားေသာ အနက္ေရာင္ဘူးငယ္အတြင္းမွ ပ႐ိုဂရမ္ခလုတ္ကို လက္ေခ်ာင္းေလးျဖင့္ ဖိႏွိပ္လုိက္သည္။ ထိုအခိုက္ ေရေႏြးေငြ႕မ်ား ဆူတက္လာၿပီး တစ္မူထူးကဲအင္ဂ်င္ကြန္ပ်ဴတာသည္ ႀကိဳတင္တပ္ဆင္ အမိန္႔ေရးသားထားေသာ ပ႐ိုဂရမ္ခ်ပ္စ္ျပားကို စတင္ဖတ္ေတာ့သည္။

စားပြဲေပၚ႐ွိ အဝတ္စေလးမွာ စက္ေဘးတြင္ အေပၚတက္လိုက္ ေအာက္ဆင္းလုိက္ျဖင့္ စုန္ဆန္တက္ေနသည္။ အျဖတ္အေတာက္ႏွင့္ အေပၚမွအပ္ခ်ဳပ္လိုက္သည့္ အပ္ခ်ဳပ္ေၾကာင္းမ်ားမွာ ေသသပ္လွသည္။ ပါးစပ္မ်ား ပြင့္ဟေနေသာ ဆယ္ေက်ာ္သက္ကေလးတစ္သိုက္ မ်က္စိေရွ႕ေမွာက္မွာပင္ ခ်စ္စဖြယ္ လည္စည္းေလးတစ္ခုမွာ စတင္ ပံုေပၚလာခဲ့သည္။

"ဝါး..."

"ကၽြန္ေတာ္... ကၽြန္ေတာ္နည္းနည္းေလာက္ ကိုင္ၾကည့္လို႔ရလား"

"ကၽြန္ေတာ္ေရာ ကိုင္ၾကည့္လုိ႔ရမလား"

အပ္ခ်ဳပ္စက္နားမွ လူငယ္ေလးက အိုေဟာင္းေနေသာ ငွက္ေမႊးကေလာင္တံကို ထုတ္လိုက္ၿပီး ဘုတ္ေပၚတြင္ ေရးသားလုိက္သည္ "၂ ေပါင္၊ လာၾကည့္တဲ့အတြက္ ေက်းဇူးတင္ပါတယ္"

မင္စက္ ခပ္ႀကီးႀကီး တစ္ေပါက္ စိမ့္ထြက္လာသည္မွာ လက္ေရးကို ပို၍ နက္ေမွာင္လာေစလိုသည့္ အလားပင္။

ဆယ္ေက်ာ္သက္ကေလးမ်ား၏ ေလခၽြန္သံမ်ားမွာ ႐ႊီကနဲ ေပၚထြက္လာသည္။ "အရမ္းေဈးႀကီးလြန္းတယ္ အစ္ကို"

လူငယ္ေလးသည္ စကားတစ္ခြန္းမွ မဆိုဘဲ တိတ္တိတ္ေလး ပခံုးတြန္႔ျပလိုက္သည္။ ထိုအခ်ိန္မွာပဲ သူက မိန္းကေလးတစ္ဦး ပန္းေရာင္းေနသည္ကို ေတြ႕လုိက္ရသည္။ ထိုမိန္းကေလးသည္ ဝါးျဖင့္ရက္လုပ္ထားေသာ ပန္းမ်ားအျပည့္ျဖင့္ ျခင္းေတာင္းေလးကို ကိုင္ေဆာင္ထားၿပီး သူမ၏ အဝတ္အစားမ်ားမွာ ဆုတ္ၿပဲေနေလသည္။ သူမက ေလေအးမ်ားေၾကာင့္ တုန္ယင္ေနေသာ္လည္း သူတို႔႐ွိရာဖက္သို႔ စပ္စုစြာ ေျခဖ်ားေထာက္လ်က္ လွည္းၾကည့္ေနေလသည္။

လူငယ္ေလးသည္ ထခုန္လုိက္ၿပီး စားပြဲထက္႐ွိ လည္စည္းပုဝါေလးကို ဆြဲကာ သူမအေ႐ွ႕သို႔ ေျပးထြက္သြားေလသည္။ ေၾကာက္လန္႔သြားေသာ ပန္းသည္မိန္းကေလးမွာ ေနာက္သို႔ ေျခလွမ္းတစ္ဝက္ခန္႔ ဆုတ္လိုက္ကာ သူမ၏ ျဖဴေဖ်ာ့ေသာ ပါးျပင္မ်ားမွာ နီရဲေနေလေတာ့သည္။

လူငယ္ေလးက ေခါင္းကို ငံု႔လိုက္ၿပီး သူမ၏ ျခင္းေတာင္းထဲမွ ပန္းမ်ားကို ေတာက္ပေနေသာ မ်က္လံုးမ်ားျဖင့္ ၾကည့္လိုက္သည္။ ထို႔ေနာက္ လက္ဟန္သေကၤတကို ျဖည္းညင္းစြာ သံုးလာသည္။ "ငါတို႔ အလဲအလွယ္လုပ္ၾကမလား"

ပန္းသည္မိန္းကေလးသည္ အခ်ိန္အၾကာႀကီး အံ့အားသင့္သြားၿပီးေနာက္ ပန္းျခင္းတစ္ျခင္းလံုးကို ထိုသူထံသို႔ အေနခက္စြာျဖင့္ ေပးလုိက္သည္။ "႐ွင့္..႐ွင့္အတြက္"

ထိုလူဆိုးေလးမ်ားသည္ က်ယ္ေလာင္စြာ ေလခၽြန္လိုက္ၾကေလသည္။

"ေဟး ကိုယ္လူေခ်ာ ပန္းေတြက ဘယ္သူ႔အတြက္လဲ"

လူငယ္ေလးက ျပန္မေျဖခဲ့ပါေခ်။ ကပ္ေစးနဲေသာေၾကာင့္ေတာ့မဟုတ္ေပ။ ထို႔ေနာက္ ေတာက္ပလွေသာ အၿပံဳးတစ္ခုႏွင့္အတူ ျမင္ရခဲလွသည့္ "တမူထူးကဲအင္ဂ်င္ကြန္ပ်ဴတာျဖင့္ခ်ဳပ္ထားသည့္" လည္စည္းကို ပန္းသည္မိန္းကေလး၏ လည္ပင္းထက္တြင္ ပတ္ေပးကာ တုန္႔ဆိုင္းျခင္းမရွိဘဲ ပစၥည္းမ်ားကို သိမ္းဆည္းကာ ပန္းျခင္းႏွင့္အတူ ထြက္သြားေတာ့သည္။

သူ႔တြင္ စက္ပစၥည္းမ်ား အႀကီး အေသး အစံုအလင္ပါသည့္အျပင္ အိတ္ကပ္မ်ားတြင္လည္း ပ႐ိုဂရမ္ခ်ပ္စ္ျပားမ်ား အျပည့္ထည့္လ်က္ လမ္းေဘးေဈးသည္ေလးတစ္ဦးကဲ့သို႔ လမ္းသြယ္၊ ေနာက္ေဖးလမ္းၾကားမ်ား တစ္ေလွ်ာက္ ေလွ်ာက္သြားေနေသာ္လည္း သူ႔ေျခလွမ္းမ်ားမွာမူ ေပ်ာ္ရႊင္မူအတိျဖင့္ ျဖစ္သည္။

လမ္း၏ ေဘးႏွစ္ဘက္တြင္ မိုးထိျမင့္မားလွေသာ စက္႐ံုမ်ားျဖင့္ ျပည့္ေနၿပီး ေကာင္းကင္ယံထက္ဆီသို႔ အျဖဴေရာင္ ေရေႏြးေငြ႕မ်ားမွာ ဆန္တက္လ်က္႐ွိသည္။ လူအုပ္မ်ားမွာ ဆူညံလ်က္႐ွိၿပီး အညစ္အေၾကး ရနံ႔ဆိုးမ်ားလည္း ရႏိုင္ေသးသည္။

တမူထူးကဲအင္ဂ်င္ကြန္ပ်ဴတာကို ေက်ာတြင္လြယ္ထားၿပီး လက္တြင္ လတ္ဆက္ေသာ ပန္းမ်ားကိုင္ေဆာင္ထားေသာ လူငယ္ေလး၏ အရိပ္သည္ စတင္မႈတစ္ခုႏွင့္ ဆင္တူေနေသာ္လည္း အဆံုးသတ္တစ္ခုလည္း ျဖစ္ေနေသးျပန္သည္။

ေနာက္ဆံုးတြင္ေတာ့ သူ ထိုပန္းစည္းကို ေပးႏိုင္ခဲ့ေခ်ၿပီ။


ဤသည္မွာ အေကာင္းဆံုးေခတ္တစ္ေခတ္လည္းျဖစ္သလို အဆိုးဆံုးေခတ္တစ္ေခတ္လည္း ျဖစ္၏။

ဤသည္မွာ အသိဉာဏ္ပညာေခတ္ျဖစ္သကဲ့သို႔ ဆင္ျခင္ဉာဏ္မဲ့ျခင္း၏ေခတ္လည္း ျဖစ္ေခ်သည္။

(A tale of Two Cities by Charles Dickens)

...........................xxx.............................

Weiterlesen

Das wird dir gefallen

3.4K 296 4
This is just a translation work. It doesn't belong to me. I See You [看见你了] Author: Gu Jin [古今] Total Chapters: 15
6.3K 836 19
လူသားမျိုးနွယ်တွေကို ဘယ်သူမြှုပ်နှံမှာလဲ.. Orwell လား ဒါမှမဟုတ် Huxley လား... ချက်ချင်းကြီး ပြန်ဖြေစရာတော့မလိုပါဘူး... အရင်ဆုံး ပုံပြင်လေးတစ်ပုဒ်ကို...
4.9K 448 6
Myanmar translation of "Your Distance" Author - Gong Zi You Chapters - 74(Part-2) to Final + 3 Extras Status - Ongoing English translation - Foxaholi...
1.3M 215K 92
ဗိုလ္ခ်ဳပ္ႀကီးရဲ့ ဗန္ပိုင္းယားအိုမီဂါ The General's Vampire Omega Title - 上将的omega吸血鬼 Author - Little Baldy (秃子小贰) Translation Status - Completed ...