Mr. Professor, please love me...

由 _ERIEALIN_

5.4K 739 151

[ COMPLETED ] Hey Professor! You look like my new boyfriend! Oh Sehun 🗞 x Kim Jongin 🍊 更多

🍊- 1
🍊- 2
🍊- 3
🍊 - 4

Finale 🍊

1.2K 137 21
由 _ERIEALIN_

[ Unicode ]

" သားလေးမွေးရင် Jonghun လို့နာမည်ပေးမယ် "

ဂျုံအင်းကပါးချိုင့်တွေနစ်အောင်ပြုံးရင်း ဆယ်ဟွန်းမျက်နှာကို သေချာမော့ကြည့်ကာပြောသည်။

" သမီးလေးမွေးရင်တော့ Senini "

" ဘယ်လိုတောင်ရုပ်ဆိုးတဲ့နာမည်လဲ "

" ဟုတ်လား? အဲ့ဆို ဘယ်လိုပေးရမလဲ Se...Se...?" ဂျုံအင်းကအတည်ပေါက်ကြီး မျက်ခုံးကြုတ်ကာစဉ်းစားနေသည်။ " ကိုကို့နာမည်ရော ကျွန်တော့်နာမည်ရောပါစေချင်လို့ပါဆို "

ပိုင်စိုးပိုင်နင်းနှင့်ကိုကိုလို့ခေါ်လာတာကြောင့် ဆယ်ဟွန်း မျက်လုံးပြူးကာ ဂျုံအင်းကိုကြည့်သည်။

" ဘာကိုကိုလဲ "

"ဟမ်?..." ဂျုံအင်းက ဆယ်ဟွန်းမျက်နှာရိပ်ကိုကြည့်ပြီး သဘောပေါက်သွားဟန် "အနာဂတ်ကလေးတွေအတွက် နာမည်တောင်မှည့်နေပြီဟာကို... ကိုကိုလို့ခေါ်တာကိုလာရှက်နေတယ် "

" ဘယ်သူကမွေးမှာလဲ အဲ့ကလေးတွေကို "
ဆယ်ဟွန်း ဂျုံအင်းဂွကြားနဲ့ကိုယ့်ဂွကြားကိုမေးဆတ်ပြလိုက်သည်။ တုတ်တုတ်ချင်းရိုက်နေမှာကို :3

ထိုခါ ဂျုံအင်းကရှက်ဝဲဝဲနှင့်...
" ဟား ! ပရော်ဖက်ဆာကလည်း ကျွန်တော့်ကိုချစ်တယ်တောင်မပြောသေးပဲ... ဘာအကြောင်းတွေ ကျော်ပြီးစဉ်းစားနေတာလဲဗျာ "

ဆယ်ဟွန်း ထွေထွေထူးထူးမတုန့်ပြန်တော့ပဲ လက်ထဲကဘီယာသာကုန်အောင်မော့ချလိုက်သည်။ ဂျုံအင်းက သူ့ chocolate ice cream ကိုငုံ့စားလိုက် တစ်ယောက်ထဲပေါက်တတ်ကရတွေပြောလိုက် ရယ်လိုက်နှင့်။

ခဏအကြာတော့ ဂျုံအင်းရေခဲမုန့်ခွက်ကိုပစ်ထုတ်လိုက်ပြီး ဆယ်ဟွန်းပေါင်ပေါ်ခပ်တည်တည်ခေါင်းအုံးလိုက်သည်။

" ဘာလုပ်တာလဲ ပြန်မယ် "

" ဟင့်အင်း ... စိတ်ကောက်မပြေသေးဘူး "

ဆယ်ဟွန်းကိုမော့ကြည့်နေသည့် သူ့ကိုဂရုမစိုက်ပဲ ရှေ့ကလူသွားလူလာနည်းသည့်လျှောက်လမ်းကိုသာငေးရင်း ဘီယာနောက်တစ်ဘူးဖောက်သောက်သည်။ ထိုခါ ဘီယာဘူးမကိုင်ပဲလွတ်နေသည့်လက်တစ်ဖက်ကို ဂျုံအင်းကဆွဲယူကာသူ့လိမ္မော်ရောင်ဆံပင်တွေပေါ်တင်ပေးသည်။

ဆယ်ဟွန်းငုံ့ကြည့်တော့

" ပွတ်ပေးပါ "

ကြောင်ပေါက်လေးတွေလို ပါးကိုပေါင်ပေါ်ပွတ်ရင်း

မျက်လုံးလက်လက်တွေထဲ ကြယ်တစ်ဒါဇင်...

မလိုအပ်တဲ့ခံစားချက်တွေမကြီးထွားစေချင်ပေမယ့်

ပရော်ဖက်ဆာရဲ့လက်တွေက မှော်ညှို့ခံရသလို လိမ္မော်ရောင်ဆံပင်တွေကိုပွတ်သပ်လို့...

ဤသို့နှင့် " ချော့ပါ 🥺 " ဟူသော text အကြောင်းပြု၍ 24hr mart ရှေ့ထိုင်ခုံတွင် ပန်းနုရောင်ချယ်ရီပွင့်ဖတ်များကြွေကျနေသည့်ညကိုကုန်ဆုံးလျက်။


×××

ဂျုံအင်း အစ်ကိုဆယ်ဟွန်ကိုပေါ်တင်ဖွင့်ပြောလိုက်သည့်ညနေကိုပဲပြန်စဉ်းစားနေမိသည်။ ဘယ်ဖက်ကိုလှိမ့်လှိမ့် ညာဖက်ကိုလှိမ့်လှိမ့် အိပ်ပျော်ရန်ခက်ခဲနေသည်။

ဘာမှမဖြစ်သလို အရင်လိုပေါ့ပေါ့ပါးပါးပဲနေချင်ယောင်ဆောင်နေပါသော်လည်း တကယ်တော့မလွယ်ကူလှ။ လင်းချူး ဒီတက္ကသိုလ်မရရအောင်လျှောက်ခဲ့သည်မှာ လိမ္မော်သီးကြောင့်ပင်ဖြစ်တာကြောင့်...

×××

" အရံဟင်းတွေကရှိနေသေးတာကို " ဆယ်ဟွန်း ဆံပင်သုတ်ရင်း ရေခဲသေတ္တာအသေးကိုဖွင့်ကြည့်သည်။

" အဲ့တာတွေကောင်းသေးလို့လား... မကောင်းတော့ရင် ပစ်ထုတ်လိုက်တော့ "

" ဟုတ်ကဲ့ မား "

" မားပြောထားတာစဉ်းစားပြီးပြီလား ? "

ဆယ်ဟွန်း အလိုမကျသလိုမျက်နှာပျက်သွားသည်။
" ကျွန်တော် မတွေ့ချင်ပါဘူးလို့ မားကို ဘယ်နှခါပြောရမလဲ "

" ဒါဆို မင်းဘာသာမင်းရအောင်ရှာလေ... မင်းမရှာသရွေ့တော့ မားကတွန်းအားပေးနေမှာပဲ "

" ကျွန်တော်ကိုယ်တိုင်ကမလိုချင်တာလေ မားကဘာလို့— "

" ငါအိုနေပြီလို့! မင်းလည်းအသက် ၃၀ ရှိနေပြီ... အိုဆယ်ဟွန်း! သူများတွေဆိုဒီချိန်မြေးချီနေရပြီ... ငါလည်းမြေးချီချင်တယ် မသေခင် မိသားစုသိုက်သိုက်ဝန်းဝန်းမြင်ချင်သေးတယ် "

"..."

" အနည်းဆုံးရည်းစားတစ်ယောက်လောက်ဖြစ်ဖြစ်ခေါ်ခဲ့စမ်းပါ "

" အခုလိုအခြေအနေရောက်အောင်လုပ်ခဲ့တာ ဘယ်သူလဲ! ပြောလေ! အဆင့်တူတာတွေမတူတာတွေ စောက်ရေးနည်းနည်းမှမပါတဲ့အကြောင်းပြချက်နဲ့—! " ဆယ်ဟွန်း အော်မိရင်းကစိတ်ကိုထိန်းလိုက်သည်။

" အဲ့လိုတွေဖြစ်ခဲ့တာကြောင့် တောင်းပန်တာမို့ နောင်တရတာမို့... ပြောနေတာပေါ့ "

ထို့နောက် ဖုန်းလိုင်းမှာစက္ကန့်များစွာကြာအောင်တိတ်ဆိတ်သွားသည်။ ဆယ်ဟွန်း စိတ်ကိုထိန်းရင်း... အသက်ရှူနှုန်းထိန်းရင်း... တစ်ဖက်ကတုန်ရီသည့်အသက်ရှူသံကြားတော့ guilty ဖြစ်လာမိသည်။ တံတွေးမျိုချကာ မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း

" message ပို့လိုက် "

" လ-လိမ္မာတယ် ... ကောင်းကောင်းလုပ်ခဲ့နော် "


၁၅ မိနစ်ခန့်အကြာတွင်တော့ blind date လုပ်ရမည့်ရက်, နေရာနှင့် နာမည်တစ်ခု message ရောက်လာသည်။

ဆယ်ဟွန်း သက်ပြင်းချမိသည်။



×××

ဒီနေ့က ပိတ်ရက်။

ပိတ်ရက်ရဲ့အဓိပ္ပာယ်က လတစ်လရဲ့တတိယအပတ်ရောက်နေပြီဖြစ်လို့ ရှယ် broke နေတဲ့ အယ်ရီနဲ့ လင်းချူးအဆောင်မှာပဲအောင်းပြီးနေရတဲ့နေ့။

မ broke သည့်လူတွေကဖြင့် ၂ ရက်ဆက်တိုက်မအိပ်တတမ်းသောက်ကြမည်ဆိုကာ ဘားကိုချီတက်သွားကြလေသည်။

မျက်နှာကျက်ကိုပျင်းရိစွာကြည့်နေတုန်း Message notifications တတောင်တောင်​။ သို့သော်အရေးတယူဖွင့်မကြည့်မိ သေချာပေါက် လေ အင်မတန်ဖုတ်နိုင်သည့် " ပရော်ဖက်ဆာအိုကို simp တဲ့အကြောင်းနေ့တိုင်းပြောမယ် " group chat မှပဲဖြစ်မည်။

အခန်းထဲ လင်းချူးလျှောက်သွား အဝတ်သိမ်းနေတာကိုကြည့်နေရင်း နောက်ထပ်ကျယ်လောင်သည့် notifications နောက်တစ်ခု။

ဒီတစ်ခါတော့ဖုန်းကြည့်မိသည်။

@တကယ်တော့ဆယ်ဟွန်းက အိုင့်ကလေးလေးပါ sent a photo.


ခဏအကြာ Kim Babe but soon to be Oh's babe ဟူသော nickname နှင့် low key နေကြတစ်ယောက်က text တွေကို react လိုက်ပေးသည်။

( one imposter among us 🙊)



အဆဲခံလိုက်ရ၍ အယ်ရီဆူပုတ်သွားသည်။
ဖုန်းပစ်ချလိုက်တော့ မြင်ကွင်းထဲဝင်လာတာ အဝတ်လဲနေသည့် လင်းချူး။


" ချူး ဘယ်သွား "

" Jollibee "

" ဟမ်? တစ်ယောက်ထဲလား "
အယ်ရီက ငါ့ကိုမခေါ်ဘူးဟူသည့်လေသံဖြင့်

" ခဏနေ မေမေလာမှာလေ "
လင်းချူးက ဆံပင်စည်းရင်းဖြေတော့ အယ်ရီမျက်လုံးကျယ်သွားသည်။

" hmm !? နင့်အမေလာမှာ ? "

" အင်း "

" အဲ့တာကို ပြောပြောကမစောဘူး ... အဲ စောစောကမပြောဘူး " အယ်ရီမျက်လုံးမှာ လင်းချူးအမေ လင်းမေ့၏လှပသည့်မျက်နှာကိုမြင်ယောင်မိပြီး ဘလင်းဘလင်းဖြစ်သွားသည်။ သုတ်ကြီးသုတ်ပြာကုန်းထကာအဝတ်လဲဖို့လုပ်သည်။ အန်တီလင်းမေ့... အရမ်းလှတဲ့လင်းမေ့လာမှာ။

" ဘာလို့လဲ "

" လိုက်မလို့ပေါ့ဟ "
ညညတွေ အယ်ရီအိမ်မက်ထဲရောက်ရောက်လာတဲ့ အလှနတ်ဘုရားမကကျောင်းထိရောက်လာမယ်ဆိုတာကို အယ်ရီကဘာလို့အခွင့်အရေးလက်လွှတ်ခံရမှာလဲ။

" ကောင်မ! ကုန်းဆင်းဖို့ဆို နည်းနည်းလေးမှအလွတ်မခံဘူး "

စွပ်စွပ်စွဲစွဲ... ကုန်းဆင်းမလို့မဟုတ်ရပါဘူး...

အယ်ရီ လင်းချူးကိုလှမ်းကြည့်ရင်း နတ်ဆိုးလိုပြုံးမိသည်။

ချစ်သမီးအလောင်းအလျာလေးကလည်း ...

×××

" အဲ့တာလိုချင်တယ် "
ဂျုံအင်း ဆယ်ဟွန်းရဲ့ blazer အစကိုဆုပ်ကိုင်ပြီး အရုပ်ကောက်စက်ထဲကဝက်ဝံရုပ်အညိုရောင်လေးကိုလက်ညှိုးထိုးပြသည်။

ဆယ်ဟွန်း တစ်ခုခုပြောဖို့ပါးစပ်ပြင်လိုက်သော်လည်း ဂျုံအင်းကိုလှည့်ကြည့်တော့ခွေးပေါက်လေးလိုမျက်နှာနှင့်တွဲရက် blazer ပေါ်ကလက်သီးဆုပ်ကိုမြက်ပြီး သက်ပြင်းချကာ ပိုက်ဆံအိတ်ထုတ်လိုက်တော့ ဂျုံအင်းကဟီးခနဲရယ်သည်။

သူ့လက်ထဲ အကြွေစေ့ထည့်ပေးတော့ confused ဖြစ်သလို ဆယ်ဟွန်းကိုကြည့်လာသည်။

" ကောက်မယ်ဆို "

" အယ်... မဟုတ်ဘူးလေ... ပရော်ဖက်ဆာကောက်ပေးတာလိုချင်လို့ပြောတာကို " ပြီးနောက် သူကခွေးပေါက်လိုမျက်လုံးတွေနှင့် ဆယ်ဟွန်းကိုငြင်းရခက်အောင်ကြည့်နေသည်။ စက္ကန့်အနည်းငယ်အကြာတွင်တော့ ဆယ်ဟွန်းအရှုံးပေးသည့်သက်ပြင်းချကာ အရုပ်ကောက်စက်ဖက်လှည့်လိုက်သည်။





" ရတော့မယ်... ရတော့မယ်....အား! ဟားကွာ!"

တဖြည်းဖြည်းနှင့် အကြွေစေ့ ဝမ် ၅၀၀၀ ဖိုးလောက်ကုန်အပြီးထိ အရုပ်မရနိုင်သေးတော့ ဆယ်ဟွန်းစိတ်အချဉ်ပေါက်လာသည်။

" လာပါ... ထားလိုက်တော့မယ် "
ဂျုံအင်းက မရွှင်ပြသည့်မျက်နှာနှင့်လက်မောင်းလာဆွဲသည်။

" နောက်ဆုံးတစ်ခါ "
လက်ပတ်နာရီတစ်ချက်ငုံ့ကြည့်ပြီး ဆယ်ဟွန်းပြောသည်။ တကယ်တော့ နောက်ဆုံးတစ်ခါရယ်မဟုတ် အဲ့ဝက်ဝံရုပ်မရမချင်းကို အိုဆယ်ဟွန်းကပိုက်ဆံဖြုန်းပစ်တော့မှာဖြစ်သည်။

" ဟိုး...! ဟိုး..ဟိုး... ရတော့မယ်... ရတော့မယ်!" တဖြည်းဖြည်းအပေါက်နဲ့နီးလာ၍ ဂျုံအင်းမျက်လုံးစိတ်လှုပ်ရှားစွာကျယ်လာသလို ဆယ်ဟွန်းသည်လည်းရချင်စောများလာသည်။

နောက်ဆုံးတွင် "ရက်စ်!" ဟူသောအသံနှင့်အတူအရုပ်ကျသည့်အသံ။ အပျော်လွန်ပြီး ဆယ်ဟွန်း ဂျုံအင်းဖက်လှည့်လိုက်သလို ဂျုံအင်းကလည်းခုန်ပေါက်ကာ လည်တိုင်ကိုလာဖက်သည်။

" ပရော်ဖက်ဆာ! ပရော်ဖက်ဆာ အတော်ဆုံး!"

ဆယ်ဟွန်းတစ်ချက်ပြုံးကာ ဂျုံအင်းကျောကိုခပ်ဖွဖွပုတ်ရန်လက်မြှောက်ပြီးမှ အသိစိတ်ဝင်လာသလိုတောင့်သွားသည်။

" အင်း... အရုပ်ယူလိုက်အုံး "

" ဟီး.. teddy! "

သူ့မျက်နှာကိုအရုပ်နှင့်ယှဉ်ကာ

" ကျွန်တော့်နဲ့တူလား? ကျွန်တော်က human bear လေ " ထို့နောက်ဖုန်းထုတ်ကာ ထိုအရုပ်နှင့်ဓာတ်ပုံရိုက်သည်။ ဆယ်ဟွန်းဖက်ထိလှည့်လာကာ

" ပရော်ဖက်ဆာဒီကိုကြည့် " ဟုဆိုကာ ဆယ်ဟွန်းအဆင်သင့်မဖြစ်သေးခင် ဓာတ်ပုံတွေရိုက်သည်။

" ဂျုံအင်း.. မရိုက်သေးနဲ့လေ... " ဂျုံအင်းကတခစ်ခစ်ရယ်ပြီး ဆယ်ဟွန်းကိုဓာတ်ပုံတွေပြသည်။

" ဟား! ကိုယ်ရုပ်ဆိုးလိုက်တာ... ဖျက်လိုက်"

" မဆိုးပါဘူး... ခန့်ပါတယ်" ရုပ်ဆိုးတဲ့ပုံကြီးကိုခန့်ပါတယ်လုပ်နေသည့်ဂျုံအင်းကို မျက်မှောင်ကြုတ်ကြည့်တော့ သူကပေါ့ပေါ့ပါးပါးထပ်ရယ်သည်။

" အင်း သေချာကြည့်ရမယ့်ဆို ရုပ်နည်းနည်းတော့ဆိုးပေမယ့်... ဆိုးတယ်ဆိုပေမယ့် ပရော်ဖက်ဆာကကံကောင်းပါတယ် " ဂျုံအင်းက ဆယ်ဟွန်းကိုကြည့်ရင်းပြုံးစစလုပ်နေသည်။

" ဘာကံကောင်းတာလဲ "

" ရုပ်ဆိုးပေမယ့် ကျွန်တော်ချစ်တာခံနေရတယ်လေ ဒါကံကောင်းတာပဲပေါ့ "

သူကနေရောင်တွေအရှုံးပေးရအောင်ရယ်ရင်း လက်တစ်ဖက်ကမြှောက်လာကာ ဆံပင်ကိုသပ်ပေးရင်း...

" အဟမ်း... ဟမ်း... ဟို ကိုယ်ချိန်းထားတာရှိတယ်... အဲ့တာသွားတော့မလို့ "

" အော... ဟုတ်လား..ဒါဆို... ရော့... Nini လို့ခေါ်တယ်... ကျွန်တော့်ကိုယ်ပွားလေး " သူ့အိတ်မှာချိတ်ထားသည့်ဝက်ဝံရုပ် keychain လေးကိုဖြုတ်ပေးသည်။ " keychain ကိုမြင်တိုင်း ကျွန်တော့်ကိုပြန်ချစ်ဖို့သတိရနော် "

ထို့သို့ပြောကာ teddy ကိုယူပြီး ခုန်စွခုန်စွထွက်သွားသည်။ ပြီးမှ သုတ်ကြီးသုတ်ပျာပြန်ပြေးလာပြီး

" အရေးကြီးတာမေ့တော့မလို့! ...ရော့ ဒီညကား ရောက်အောင်လာခဲ့နော် " နောက်ထပ်တစ်ခေါက်အူမြူးစွာ ထပ်ပြေးထွက်သွားသည်။

လက်ထဲကလက်မှတ်ကိုကြည့်တော့ အရင်အပတ်က ဆယ်ဟွန်းကြည့်ချင်သည်ပြောခဲ့သည့် Marvel Movie လက်မှတ်ဖြစ်သည်။

×××

" ချူးချူး... ချူးချူး! "

​ခပ်ကျယ်ကျယ်အသံကြောင့် လင်းချူးအသိပြန်ဝင်လာသည်။

" ဘာလို့အဲ့လောက်စိတ်နဲ့ကိုယ်နဲ့မကပ်တာလဲ "

" ဟင်... ဘာမှမဟုတ်ပါဘူး "
မာမားရဲ့အမေးကိုခေါင်းခါလိုက်သည်။ တကယ်တော့ ခုနကကျောင်းပေါက်ဝအပြင်မှာ အစ်ကိုဆယ်ဟွန်းနှင့်လိမ္မော်သီးကိုတွေ့လိုက်သည်။ တော်တော်ပျော်နေကြပုံ။ ဖက်လည်းဖက်ကြသေးသလို... ဂျုံအင်းကနမ်းလည်းနမ်းလိုက်သေးသည်။ လင်းချူး သက်ပြင်းခိုးချရင်း မျက်နှာကိုမရွှင်မပြဖြစ်မနေအောင်တင်းလိုက်ကာ ကားပေါ်တက်လိုက်သည်။




" အယ်ရီရော ဘာစားမလဲ "

" သူက ကုန်းဆင်းမယ်ဆိုပြီး ဖုတ်ပူမီးတိုက်လိုက်လာတာသိလား မာမား "

" ဒီအချိန်ဆိုတော့ ပိုက်ဆံမကျန်ကြတော့ဘူးမလား "

" ဟဲ မာမားကလည်း.. ကျန်မယ့်ရုပ်ပေါက်နေလို့လား " မာမားကတစ်ချက်ရယ်ကာ လင်းချူးဆံပင်သပ်ပေးရင်း အနောက်ကတစ်ခုခုကိုမြင်သွားဟန်။ ပြီးနောက် မျက်နှာအမူအရာကစူးစမ်းသလိုဖြစ်သွားသည်​။

" ဘာလဲ... အဲ့တာ ဆယ်ဟွန်းမဟုတ်လား "

ဆယ်ဟွန်းဟူသည်ကြောင့် လင်းချူးနဲ့အယ်ရီဆတ်ခနဲလှည့်ကြည့်မိသည်။

Mall ထဲ လင်းချူးတို့ရပ်နေကြသည့်နေရာနှင့်မျက်နှာချင်းဆိုင် dessert ဆိုင်ထဲ အိုဆယ်ဟွန်းက အမျိုးသမီးတစ်ယောက်နှင့်မျက်နှာချင်းဆိုင်ထိုင်ကာစကားပြောနေသည်။

" Ah ဟုတ်သားပဲ... blind date ပဲ မေ့လို့ "

" blind date ? "
ချူးတို့နှစ်ယောက်သား သံယောင်လိုက်မိသွားသည်။

ခုနကပဲ ဂျုံအင်းနဲ့ date နေပြီး...
နမ်းတောင်နမ်းလိုက်သေးတာကို...

ဘာလုပ်နေတာလဲ...?
အိုဆယ်ဟွန်းက ဘာတွေလုပ်နေတာလဲ ?

×××

ဂျုံအင်း Caramel popcorn နှင့် cola ကိုနှစ်ယောက်စာမှာပြီး အချိန်မတန်သေးတာကြောင့် လွတ်နေသည့်ဆိုဖာမှာဝင်ထိုင်လိုက်သည်။

CGV က သံသယဝင်စရာမလိုစွာလူတွေနှင့်ရှုပ်ယှက်လို့။ ဝင်ပေါက်ဖက်ကိုမျက်နှာမူနေသည်ကြောင့် ဝင်လာသူများထဲ ပရော်ဖက်ဆာဘယ်တော့ပါလာမလဲ။ စိတ်လှုပ်ရှားစွာထိုင်စောင့်ရင်း...

ဂျုံအင်း ဆယ်ဟွန်းဝတ်တတ်သည့်အင်္ကျီအရောင်သာဝတ်ထားသည်။ သူများတွေပြောသလို telepathy နဲ့အင်္ကျီအရောင်များတူနေမလားလို့...


×××

စကားကောင်းနေတုန်း စားပွဲပေါ်ချထားသည့် ဖုန်းကဖုန်းဝင်လာတာကြောင့် screen လင်းသွားသည်။ မြင်နေကြ contact name ကြောင့် အရှေ့ကအမျိုးသမီးမမြင်ခင် ဖုန်းကိုအမြန်ယူကာ flight mode တင်လိုက်သည်။ contact name မြင်ပြီးတစ်မျိုးထင်သွားမည်ကိုမလိုလားပါ။

×××

ဖုန်းချပစ်သည်ကြောင့် confused ဖြစ်စွာ နောက်တစ်ခါထပ်ဆက်တော့ဆက်သွယ်၍မရဖြစ်သွားသည်ကြောင့် ရင်ထဲဟာသွားသလို နာရီကိုလှမ်းငေးမိသည်။

ဒါက... ဂျုံအင်း ဆက်နေလို့သက်သက်မဲ့ပိတ်ပစ်တာမျိုးမဟုတ်လား ...

ဒါပေမယ့် ရုပ်ရှင်က...

စတာ နာရီဝက်တောင်ရှိနေပြီကို...

ကုန်နေပြီဖြစ်သည့် popcorn ခွက်ကအထီးကျန်ချင်စရာ...

"ဖုန်းအားကုန်ပြီး ပိတ်သွားတာလည်းဖြစ်နိုင်တာပဲ"

လက်မှတ်ပေါ်က avengers တွေကိုငေးရင်း... စိတ်အခြေအနေကပိုမကောင်းဖြစ်လာသည်။ spoil ခံရတာမကြိုက်ဘူးလို့ ပရော်ဖက်ဆာကပြောလို့ လက်မှတ်တွေစရောင်းပြီဆိုတကည်းက ပထမပတ်ဒီရက်ကိုမရရအောင်တန်းစီဝယ်ခဲ့တာ။

ထိုစဉ်... အပေါက်ဝမှခြေသံကြောင့် ဆတ်ခနဲခေါင်းထောင်မိသည်။ သန့်ရှင်းရေးအဒေါ်ကြီးသာဖြစ်သည်။

အရုပ်ကောက်စက်နားအော်ဟစ်နေသည့် အတွဲအသံကြောင့် ခပ်ချဉ်ချဉ်ရယ်မိတော့မလို့...

ချစ်တယ်လို့ပြောလိုက်သေးတာ... သူကဘာမှပြန်အဖက်မလုပ်တာကို

ဂျုံအင်း အရမ်းတွေအပိုလုပ်မိသွားတာလား...

ဒါပေမယ့် နေ့လည်တုန်းကအကောင်းကြီးကို...

ဒါမှမဟုတ် ဂျုံအင်းကိုအားနာလို့လိုက်လျောနေတာလား...







နာရီကအခုတော့ ၉ ခွဲနာရီ... ရောက်မလာမှာသေချာသည်ကြောင့် ၁၀ နာရီ အဆောင်တံခါးမပိတ်ခင်ပြန်မည်ဟုဆုံးဖြတ်ကာထရပ်လိုက်သည်။

ရုပ်ရှင်က ၁၁ နာရီမှပြီးမှာကြောင့် အပြန်ကိုသူ့နဲ့အတူ ခြံကျော်ပြီးဝင်ရရင် အမှတ်တရပိုအုံးမယ်လို့ စိတ်ကူးယဉ်နေခဲ့သည့်ကိုယ့်ကိုကိုယ်သနားရမလိုလို။





" ဒီနေ့အတွက် bus ကားပြေးဆွဲချိန်ပြီးဆုံးသွားပြီပဲဖြစ်ပါတယ် "

Bus gate နားထိရောက်အောင်လျှောက်ပြီးမှ ထွက်လာသည့်အသံကြောင့် အော်ရယ်မိသည်။ popcorn ဝယ်လိုက်တာရော ရုပ်ရှင်ရုံထဲနေရာကောင်းရအောင်သုံးလိုက်တာကြောင့်ရော taxi စီးဖို့ပိုက်ဆံမလောက်တော့....

စိတ်ညစ်စွာ လမ်းလျှောက်ပြန်ရတော့သည်။



အရက်မူးသမားတွေကိုကွေ့ရင်းရှောင်ရင်း တဖြည်းဖြည်းကျောင်းနဲ့နီးလာပြီဟု အားတင်းအသက်ရှူလိုက်စဉ် မိုးစက်တစ်စက်ဟာ နဖူးပေါ်လာကျသည်။

"Are you fucking kidding me !?"

နောက်စက္ကန့်ပိုင်းတွင်တော့မိုးဟာဝေါခနဲ။


ဘဲငြင်းကောင်သွားရာ မိုးလိုက်လို့ရွာ။






ဝတ်ထားသည့် jacket ကိုခြုံရင်း လမ်းတစ်ဖက်ကိုလှမ်းကြည့်တော့ အဆောင်ခြံတံခါးပိတ်ခါနီးလေး။ ကားတစ်စီးအဖြတ်ကိုစောင့်ပြီး လမ်းကူးမယ်လုပ်တုန်း ထိုကားကခြံရှေ့နားရပ်သွားသည်။ ဂျုံအင်းလည်းစူးစမ်းရင်း လမ်းကူးသွားတော့ lover seat မှဆင်းလာသည်က...

ပရော်ဖက်ဆာ ...

ကားမောင်းသည့်နေရာမှာ အမျိုးသမီးပေးသည့် ထီးလှမ်းယူကာ ဖွင့်ဆောင်းသည်။

" နောက်တစ်ပတ်ပိတ်ရက်ပေါ့ ဒါဆို... အိမ်ပြန်ရောက်ရင် message ပို့လိုက်နော် "

အိုဆယ်ဟွန်းက နှုတ်ဆက်စကားပြောပြီး အပေါက်ဝဖက်ဝင်ဖို့လှည့်လာခါမှ မိုးရေထဲ jacket ခြုံထားသည့် ဂျုံအင်းကိုတွေ့သည့်ပုံ။

ဂျုံအင်း ဒီတိုင်းသာရပ်ကြည့်နေမိသည်။ သူက တစ်ခုခု လက်ပူးလက်ကြပ်မိခံရသလိုမျိုး...

" ဂျုံအင်း... စိုရွှဲနေတာပဲ... ဘယ်ကပြန်... လာ " သူကမေးပြီးမှ အသိဝင်လာသလို...

နောက်စက္ကန့်မှာ ဂျုံအင်းသူ့ထီးအောက်ရောက်သွားသည်။

" ဂျုံအင်း ကိုယ်... "

" မပြောသေးနဲ့ "
ဂျုံအင်းစကားကို သူနားမထောင်။

" ကိုယ်က မင်းလိုအပျော်တွဲပြီး ရင်ခုန်လိုက် date လိုက်အချိန်ဖြုန်းရမယ့်အရွယ်မဟုတ်တော့ဘူး ... အတည်တကျအိမ်ထောင်ပြုသင့်တဲ့အရွယ်ဖြစ်နေပြီ... အဲ့တာကြောင့်... ဂျုံအင်း ကိုယ်ပြောတာသဘောပေါက်တယ်မလား "

" ဟက်! ဘာညာအိမ်ထောင်ရေးတွေ... ဒီတိုင်း... ဒီတိုင်း ငါမင်းကိုမကြိုက်နိုင်ဘူးလို့ပဲ ဒဲ့ပြောလိုက်ပါလား.. ကျွန်တော်စိတ်ဖြတ်ရပိုလွယ်အောင် "

" ကိုယ်မင်းကိုမကြိုက်နိုင်ဘူး "

​တစ်ချက်မှတောင်မတုံ့မဆိုင်းပြောထွက်သည်။

ဂျုံအင်းထိုထီးအောက်မှထွက်လာခဲ့သည်။ မပြေးခဲ့သော်ညား ထိုသူဟာဟန်ဆောင်ပြီးတောင် လိုက်မလာခဲ့။

×××

" နွေးနွေးနေအုံးနော် မဖျားစေနဲ့ " ဟုစာရိုက်ပြီးမှ ပြန်ဖျက်လိုက်သည်။ ဖုန်းအတင်းလုကာ သူကိုယ်တိုင်ပေးသွားသည့် contact name ကိုငေးရင်း contact name ကိုပါဖျက်လိုက်သည်။ ရင်ထဲအနည်းငယ်ဟာတာသွားသော်လည်း ဖြစ်သင့်တာဖြစ်အောင်လုပ်ခဲ့သည်ပဲဟုတွေးမှတ်ကာ မျက်လုံးမှိတ်ချလိုက်သည်။





​တနင်္လာနေ့ကျောင်းပြန်ဖွင့်သည့်နေ့တွင် မျှော်လင့်ထားသည့်အတိုင်း ဂျုံအင်းကိုမတွေ့ရ။

ခံစားနေမည်ကိုစိုးမိသည်။ ဘယ်လောက်မှ serious ဖြစ်ခဲ့တဲ့အခြေအနေလည်းမဟုတ်ခဲ့တာကြောင့် မခံစားနေစေချင်။

သို့သော် တနင်္လာနေ့မို့မတွေ့ရသည်မဟုတ်ပဲ ကင်ဂျုံအင်းကိုဘယ်မှာမှမတွေ့ရတော့တာဖြစ်သည်။

အတန်းဆင်းချိန်တိုင်း ဘေးကိုရောက်လာနေကြ
ကန်တင်းသွားရင် ခပ်တည်တည်ရှေ့မှာလာထိုင်နေကြ
ညနေတိုင်းအခန်းရောက်လာပြီး တိတ်ဆိတ်သည့်အခန်းထဲဆူဆူဆာဆာလုပ်နေကြ...

အနည်းငယ်ခြောက်ကပ်သွားသယောင်ထင်ရသည်။







တကယ်တော့ အနည်းငယ်ခြောက်ကပ်ရုံမဟုတ်... လုံးဝခြောက်ကပ်သွားတာဖြစ်သည်။

အမြဲတမ်းရှိနေမှာသေချာသည်ဟူသည့် basketball ကွင်းဖက်ထိသွားရှာတာတောင် ဂျုံအင်း၏အရိပ်အယောင်နည်းနည်းမှမတွေ့ရပါ။

စားပွဲပေါ်က သူ့ကိုယ်ပွားလေးဟူသည့် Nini keychain ကို ယူကိုင်ရင်းမတော်တဆဖိမိတော့ထွက်လာသည့်အသံ

" ပရော်ဖက်ဆာ ဟီးဟီး ကျွန်တော့်ကိုပြန်ချစ်ပါ "

ထိုနေ့က ဂျုံအင်း လက်လွတ်စပယ် keychain ဖြုတ်ပေးလိုက်တာမဟုတ်ပဲ... ဆယ်ဟွန်းကိုပေးဖို့သက်သက်ပြင်ခဲ့သည်လား။

×××

" ပရော်ဖက်ဆာအိုကို simp တဲ့အကြောင်းနေ့တိုင်းပြောမယ် " group chat တွင် popular ဖြစ်နေသည့် topic က ပရော်ဖက်ဆာမျက်နှာမကောင်းဟုပင်ဖြစ်သည်။

အစ်ကိုဆယ်ဟွန်းဘေးကတစ်ကောက်ကောက်ဂျုံအင်းမရှိမှုကိုတော့ လင်းချူးနှင့်အယ်ရီသာသိလေသည်။


×××

" ချူးချူး... " ဆယ်ဟွန်းခေါ်သည်ကို လင်းချူးကအဖက်မလုပ်ပါ။

" ချူးချူး ဂျုံအင်းကိုမတွေ့မိဘူးလားလို့ "

" မတွေ့နဲ့လေ အစ်ကိုကမကောင်းတဲ့ကောင်ပဲဟာ ဂျုံအင်းကိုကြိုးရှည်ရှည်လှန်ပြီး blind date သွားတယ်... ပါပီမသား "

အစ်ကိုဝမ်းကွဲဖြစ်နေလို့ဒီလောက်ပဲဆဲပါမည်။

×××

" ကျွန်တော့်ကိုပြန်ချစ်ပါ "

" ကျွန်တော့်ကိုပြန်ချစ်ပါ "

" ကျွန်တော့်ကိုပြန်ချစ်ပါ "

Nini keychain ကိုထပ်ခါထပ်ခါဖိကာ ဂျုံအင်းအသံနားထောင်ရင်းနွေအစ၏မနက်ခင်းတွင် ဆယ်ဟွန်း လွမ်းနာကျနေပြီမှန်းဝမ်းနည်းစွာသိလိုက်ရသည်။






" ကျောင်းသား ဂျုံအင်း... စာလာမလုပ်တော့လို့ attendance လည်းအရမ်းပျက်— "

" တက္ကသိုလ်ကျောင်းသားဘဝက စာချည်းလုပ်နေဖို့မှမဟုတ်ပဲ... assessment လည်းတက်နေပြီပဲကို " Dean က ဘာကြောင့် ဆယ်ဟွန်းဖက်ဘယ်တော့မှမပါရသနည်း။

" ဒါဆို ခွင့်ပြု— " ဆယ်ဟွန်း ထိုင်ခုံကလှည့်ထွက်တော့အနောက်က Dean ဆီကအသံ...

" ဂျုံအင်း pneumonia ကြောင့်ခွင့်ယူထားတာ "

" ခင်ဗျာ !? "
Pneumonia က အဆုတ်ရောင်တာ... အဆုတ်ရောင်တာက အအေးပတ်တာကစ—

" မင်းကိုစောက်မြင်ကပ်လို့မပြောပဲနေမလို့ပဲ " ထိုသို့ပြောကာ ဆေးရုံနှင့်လူနာခန်းနံပါတ်ပေးလာသည်။



×××

" ဂျုံအင်း... မင်းကိုကြည့်ဖို့လာတယ်တဲ့ " အမေ့အသံကြောင့် ကုတင်ပေါ်ကဂျုံအင်းမျက်မှောင်ကြုတ်သည်။ ဘယ်သူ့ကိုမှမပြောပါနဲ့ဆို Dean ကလျှောက်ပြောပြန်ပြီလား။

" ဘယ်သူလဲ "

" အိုဆယ်ဟွန်းတဲ့ "

" ဟမ် !? " ဂျုံအင်းဆတ်ခနဲလှည့်ကြည့်တော့ ဆယ်ဟွန်းကအာဟာရဖြည့်ခြင်းတောင်းကြီးနှင့်ဝင်ချလာသည်။

" မေမေမကြားဖူးဘူးရော မင်းအသိလား "
ဂျုံအင်းနှင့်ရွယ်တူဖြစ်မနေသည်ကိုအကဲခတ်ကာ မေးသည်။

" ဟင့်အင်း မသိပါဘူး ဘယ်သူကြီးလဲ မောင်းထုတ်လိုက် "

" တွေ့ရတာဝမ်းသာပါတယ်... ကျွန်တော် ဂျုံအင်းရဲ့ပရော်ဖက်ဆာပါ "

" အဲ ဂျုံအင်း ကိုယ့်ဆရာကိုယ်အဲ့လိုမပြောရဘူးလေ "

" မေမေ ဘာသိလို့လဲ... ကျွန်တော်ဒီလိုဖျားသွားအောင် အဲ့ဆရာလုပ်တာ "

ထိုခါမေမေ့မိုက်ဂိုက်က အိုဆယ်ဟွန်းပေါ်။

" ဟုတ်ပါတယ် ... ကျွန်တော်လုပ်လို့ဖြစ်တာပါ... " ဆယ်ဟွန်းချောင်းဟန့်ပြီး ခေါင်းတစ်ချက်ငုံ့ကာ မေမေ့ကိုတောင်းပန်သည်။ " စိတ်ရင်းနဲ့တောင်းပန်ပါတယ်... တကယ်တော့ အဲ့ညကလေ... ဟို မရည်ရွယ်ပဲ... ဟို... ဟို... ကျွန်တော်တကယ်... တာဝန်ယူမှာပါ... အို..မို..နီး "

" ဘာ !? "
ဟိုရောက်ရောက်ဒီရောက်ရောက်စကားနှင့် အိုမိုးနီးဟုခေါ်လိုက်သည်ကြောင့် မေမေ့အသံကျယ်သွားပြီ မျက်လုံးကျယ်ကြီးက ဂျုံအင်းပေါ်။

" မေမေ မဟုတ်ဘူးနော်... မေမေထင်နေတာမဟုတ်—"

" ဟုတ်ပါတယ်... တကယ်တော့ ပရော်ဖက်ဆာဆိုတာက ပကာသနတွေပါ ... ပကာသနတွေမပါရင် ကျွန်တော့်ဒီတိုင်း... ဂျုံအင်းရည်းစားပါပဲ.." ထိုသို့ပြောကာ မေမေ့ကိုစေ့စေ့ကြည့်သည်။ " ဂျုံအင်းက ကျွန်တော့်ကိုအပျော်ကြံနေတာလားမသိပေမယ့်ပေါ့ "

မေမေ့ ကြောင်တောင်တောင်အကြည့်နှင့် နင်သေမယ်အကြည့်က ဂျုံအင်းပေါ်...

" ဟို ... ဂျုံအင်းကနေလည်းကောင်းတာမဟုတ်ဘူးဆိုတော့ အိုမိုနီးခဏလောက်ထွက်ပေးပါလား "

" ဘာရယ် !? "

" အဲ... ကျွန်တော်ပြောချင်တာက ဂျုံအင်းနဲ့ကျွန်တော် မတွေ့ရတာကြာပြီဆိုတော့ နှစ်ယောက်ထဲ— "

" မရပါဘူး "
ချက်ချင်းပိတ်ငြင်းသည်။ အိုကေလေ။

ဆယ်ဟွန်း blazer ချွတ်... လက်ကိုပိုးသတ်ကာ ဂျုံအင်းကုတင်နားကပ်တော့ ဂျုံအင်းက သူ့အမေကိုတစ်ချက် ဆယ်ဟွန်းကိုတစ်ချက် စက္ကန့်တိုင်းမှာတစ်ခုခုဖြစ်တော့မလိုကြည့်နေသည်။

လူနာကုတင်လွတ်နေသည့်ဘေး​ နေရာဝင်လှဲကာ ဂျုံအင်းကိုယ်ကိုရင်ခွင်ထဲဆွဲဖက်လိုက်သည်။ ဆံပင်တွေကိုခပ်ဖွဖွနမ်းပြီး

" ကိုယ့်ကိုဘာလို့ အဲ့လောက်စိတ်ကောက်နေတာလဲ " ဟုမေးလိုက်ခါမှ ဂျုံအင်းအမေကတစ်ကိုယ်လုံးတွန့်တက်သွားကာ အခန်းထဲကခပ်မြန်မြန်ထွက်သွားသည်။

ထိုနောက်စက္ကန့်တွင် ဆယ်ဟွန်းအားနှင့်ကန်ချခံရသည်။

" အာ့! ခါးရိုးကျိုးပြီထင်တယ် "

" ခင်ဗျားလုပ်သမျှခံမယ့်မိန်းကလေးလိုလာမဆက်ဆံနဲ့နော် လုပ်သတ်ပစ်မယ် "

" ဖျားနေတယ်ဆိုတာ လိမ်နေတာလားမသိဘူး "

ထို့နောက် လူနာခန်းကတိတ်ဆိတ်သွားသည်။ ဂျုံအင်းက ဆယ်ဟွန်းကိုကြည့်နေသည်။ နေရခက်စေသည့် အပြစ်ရှိသလိုခံစားရစေသည့်အကြည့်နှင့်။

" ကိုယ်တောင်းပန်မလို့လာတာပါ... ကိုယ့်ကြောင့်ဖျားသွားတာမဟုတ်လား "

" အင်း... တောင်းပန်ပြီးရင်ပြန်တော့ "

" အဲ့တာပဲမဟုတ်ဘူးလေ... " ဂျုံအင်း အေးစက်စက်မော့ကြည့်တော့ သူကမရေရာတော့ပုံ " ဂျုံအင်း ကိုယ့်ကိုသဘောမကျတော့တာတော့မဟုတ်ပါဘူးမလား "

" ဘာလို့လဲ "

" ကိုယ်ကမင်းကိုပြန်ချစ်နေပြီမလို့လေ " ထို့နောက် Nini keychain ကိုဖိပြလိုက်တော့ ဂျုံအင်းကရှက်ဝဲဝဲတစ်ဖက်လှည့်သွားသည်။ ပြီးနောက် လူနာကုတင်နေရာလွတ်ကိုပုတ်ပြသည်။ ဆယ်ဟွန်း ပြုံးကာကုတင်ပေါ်တက်လိုက်ပြီး မျက်နှာဆွဲလှည့်ကာနေရာအနှံ့ခပ်ဖွဖွလိုက်နမ်းတော့ ဂျုံအင်းကတခစ်ခစ်။

တကယ်တော့ group chat ထဲ ပရော်ဖက်မျက်နှာမကောင်း... ပရော်ဖက်ဆာလွမ်းနာကျနေပုံဟုဝိုင်းပြောနေကတည်းက ဂျုံအင်းဖက်ကသာနေပြီမှန်းသိနေပါသည်။

" ဘာလို့မေမေ့ကို အဲ့လိုလုပ်ပြလိုက်တာလဲ ရူးနေလား "

" ရူးကြောင်ကြောင်ဖြစ်နေတာလေ ဂျုံအင်း တစ်ပတ်ကြီးတောင် အဆက်အသွယ်ဖြတ်သွားလို့ "

" အိုဆယ်ဟွန်းလည်းပေါက်ကရတွေပြောတတ်တာပဲ"

ထိုစဉ်ခြေသံနှင့်တံခါးဖွင့်သံကြောင့် ဆယ်ဟွန်းနောက်တစ်ခါကန်ချခံရသည်။

" သား... ခါးနာနေတာလား "

" ဟဲဟဲ... " ဆယ်ဟွန်း စပ်ဖြီးဖြီးနဲ့ ဂျုံအင်းကိုလှမ်းကြည့်တော့ အိုမိုနီးကမျက်နှာဖျော့သွားသည်။

" ဟို... ဂျုံအင်းက ဟော်မုန်းပြင်းထန်တဲ့အရွယ်ရောက်နေတော့လေ... ဂျုံအင်းအဖေသောက်တဲ့အားဆေးထည့်ပေးလိုက်မယ်နော် "

" သား ကန်ချလိုက်လို့ခါးနာနေတာကို မေမေ ဘာတွေပြောနေတာလဲ ဗျာ "


×××

Group chat မှာ အိုဆယ်ဟွန်းမျက်နှာပုပ်တော့လည်းပုပ်လို့ အပျော်လွန်တော့လည်းလွန်လို့ ယောက်ယက်ခတ်နေသည်။

ဒီလောက်ပျော်နေတာ ရည်းစားရသွားပြီလို့လည်းဝိုင်းထင်ကြေးပေးနေကြသည်။ ပြီးဝမ်းနည်းနေကြသည်။


" စာရေးတာက ခံစားချက်အနုပညာပဲ... ခံစားချက်အတွက်တော့ အချစ်ကနေမြစ်ဖျားခံတာပဲ... နာကျင်တာဖြစ်စေ ကြည်နူးရတာဖြစ်စေပေါ့... ဒါကြောင့် ချစ်သူထားကြပါ ဒိတ်ကြပါ.. ပျော်ရွှင်စရာ white day ဖြစ်ပါစေ " ထူးထူးဆန်းဆန်း နူးညံ့သည့်စကားပြောနေသည့် ပရော်ဖက်ဆာဆယ်ဟွန်း...

" ဆရာ ချစ်သူရနေပြီမလား "
ထိုသို့အမေးကို ဆယ်ဟွန်းပြုံးသာပြုံးပြသည်။

" အဲ့လောက်ချောပြီးပြုံးနေမှတော့ရည်းစားရတာသေချာနေပါပြီ "



ထို့နောက် group chat ထဲဂယ်ထပါတော့သည်။


ဒီ group chat ထဲရှိနေမှာဟု ဂျုံအင်းကလိပြီး တစ်ခစ်ခစ် အဆီပွသလိုရယ်နေသည်။ ဆယ်ဟွန်းက ဂျုံအင်းကိုငေးရင်း ရေခဲမုန့်ခွံကျွေးနေသည်။

" ဘာတွေ ဒီလောက်သဘောကျနေတာလဲ "

" စနေတာလေ "

Kim Babe but soon to be Oh's Babe has been kicked out of the chat.

ဂျုံအင်း ရယ်သံများဟာဆက်တိုက်ထွက်လာသည်။ ဆယ်ဟွန်းက ဂျုံအင်း၏ပေသွားသည့်နှုတ်ခမ်းထောင့်ကိုတစ်ရှူးနှင့်မသုတ်ပဲ နမ်းလိုက်သည်။

" ဘာတွေသဘောကျနေတာလဲလို့ "

ဂျုံအင်း ဆယ်ဟွန်းကိုကြည့်ရင်းပြုံးလိုက်သည်။

လူကိုအပိုင်ရထားပြီပဲ group chat ကအထုတ်ခံရတာလောက်ကတော့... ဖင်မွှေးတောင်မလှုပ်ဘူး...

" နေဝင်တာလေ... သဘောကျစရာကောင်းတယ် ဟား ဟား ဟား "





The End.
Or maybe not. 🌝


[ Zawgyi ]


" သားေလးေမြးရင္ Jonghun လို႔နာမည္ေပးမယ္ "

ဂ်ဳံအင္းကပါးခ်ိဳင့္ေတြနစ္ေအာင္ျပဳံးရင္း ဆယ္ဟြန္းမ်က္ႏွာကို ေသခ်ာေမာ့ၾကည့္ကာေျပာသည္။

" သမီးေလးေမြးရင္ေတာ့ Senini "

" ဘယ္လိုေတာင္႐ုပ္ဆိုးတဲ့နာမည္လဲ "

" ဟုတ္လား? အဲ့ဆို ဘယ္လိုေပးရမလဲ Se...Se...?" ဂ်ဳံအင္းကအတည္ေပါက္ႀကီး မ်က္ခုံးၾကဳတ္ကာစဥ္းစားေနသည္။ " ကိုကို႔နာမည္ေရာ ကၽြန္ေတာ့္နာမည္ေရာပါေစခ်င္လို႔ပါဆို "

ပိုင္စိုးပိုင္နင္းႏွင့္ကိုကိုလို႔ေခၚလာတာေၾကာင့္ ဆယ္ဟြန္း မ်က္လုံးျပဴးကာ ဂ်ဳံအင္းကိုၾကည့္သည္။

" ဘာကိုကိုလဲ "

"ဟမ္?..." ဂ်ဳံအင္းက ဆယ္ဟြန္းမ်က္ႏွာရိပ္ကိုၾကည့္ၿပီး သေဘာေပါက္သြားဟန္ "အနာဂတ္ကေလးေတြအတြက္ နာမည္ေတာင္မွည့္ေနၿပီဟာကို... ကိုကိုလို႔ေခၚတာကိုလာရွက္ေနတယ္ "

" ဘယ္သူကေမြးမွာလဲ အဲ့ကေလးေတြကို "
ဆယ္ဟြန္း ဂ်ဳံအင္းဂြၾကားနဲ႔ကိုယ့္ဂြၾကားကိုေမးဆတ္ျပလိုက္သည္။ တုတ္တုတ္ခ်င္းရိုက္ေနမွာကို :3

ထိုခါ ဂ်ဳံအင္းကရွက္ဝဲဝဲႏွင့္...
" ဟား ! ပေရာ္ဖက္ဆာကလည္း ကၽြန္ေတာ့္ကိုခ်စ္တယ္ေတာင္မေျပာေသးပဲ... ဘာအေၾကာင္းေတြ ေက်ာ္ၿပီးစဥ္းစားေနတာလဲဗ်ာ "

ဆယ္ဟြန္း ေထြေထြထူးထူးမတုန႔္ျပန္ေတာ့ပဲ လက္ထဲကဘီယာသာကုန္ေအာင္ေမာ့ခ်လိုက္သည္။ ဂ်ဳံအင္းက သူ႔ chocolate ice cream ကိုငုံ႔စားလိုက္ တစ္ေယာက္ထဲေပါက္တတ္ကရေတြေျပာလိုက္ ရယ္လိုက္ႏွင့္။

ခဏအၾကာေတာ့ ဂ်ဳံအင္းေရခဲမုန႔္ခြက္ကိုပစ္ထုတ္လိုက္ၿပီး ဆယ္ဟြန္းေပါင္ေပၚခပ္တည္တည္ေခါင္းအုံးလိုက္သည္။

" ဘာလုပ္တာလဲ ျပန္မယ္ "

" ဟင့္အင္း ... စိတ္ေကာက္မေျပေသးဘူး "

ဆယ္ဟြန္းကိုေမာ့ၾကည့္ေနသည့္ သူ႔ကိုဂ႐ုမစိုက္ပဲ ေရွ႕ကလူသြားလူလာနည္းသည့္ေလၽွာက္လမ္းကိုသာေငးရင္း ဘီယာေနာက္တစ္ဘူးေဖာက္ေသာက္သည္။ ထိုခါ ဘီယာဘူးမကိုင္ပဲလြတ္ေနသည့္လက္တစ္ဖက္ကို ဂ်ဳံအင္းကဆြဲယူကာသူ႔လိေမၼာ္ေရာင္ဆံပင္ေတြေပၚတင္ေပးသည္။

ဆယ္ဟြန္းငုံ႔ၾကည့္ေတာ့

" ပြတ္ေပးပါ "

ေၾကာင္ေပါက္ေလးေတြလို ပါးကိုေပါင္ေပၚပြတ္ရင္း

မ်က္လုံးလက္လက္ေတြထဲ ၾကယ္တစ္ဒါဇင္...

မလိုအပ္တဲ့ခံစားခ်က္ေတြမႀကီးထြားေစခ်င္ေပမယ့္

ပေရာ္ဖက္ဆာရဲ့လက္ေတြက ေမွာ္ညႇို႔ခံရသလို လိေမၼာ္ေရာင္ဆံပင္ေတြကိုပြတ္သပ္လို႔...

ဤသို႔ႏွင့္ " ေခ်ာ့ပါ 🥺 " ဟူေသာ text အေၾကာင္းျပဳ၍ 24hr mart ေရွ႕ထိုင္ခုံတြင္ ပန္းႏုေရာင္ခ်ယ္ရီပြင့္ဖတ္မ်ားေႂကြက်ေနသည့္ညကိုကုန္ဆုံးလ်က္။


×××

ဂ်ဳံအင္း အစ္ကိုဆယ္ဟြန္ကိုေပၚတင္ဖြင့္ေျပာလိုက္သည့္ညေနကိုပဲျပန္စဥ္းစားေနမိသည္။ ဘယ္ဖက္ကိုလွိမ့္လွိမ့္ ညာဖက္ကိုလွိမ့္လွိမ့္ အိပ္ေပ်ာ္ရန္ခက္ခဲေနသည္။

ဘာမွမျဖစ္သလို အရင္လိုေပါ့ေပါ့ပါးပါးပဲေနခ်င္ေယာင္ေဆာင္ေနပါေသာ္လည္း တကယ္ေတာ့မလြယ္ကူလွ။ လင္းခ်ဴး ဒီတကၠသိုလ္မရရေအာင္ေလၽွာက္ခဲ့သည္မွာ လိေမၼာ္သီးေၾကာင့္ပင္ျဖစ္တာေၾကာင့္...

×××

" အရံဟင္းေတြကရွိေနေသးတာကို " ဆယ္ဟြန္း ဆံပင္သုတ္ရင္း ေရခဲေသတၱာအေသးကိုဖြင့္ၾကည့္သည္။

" အဲ့တာေတြေကာင္းေသးလို႔လား... မေကာင္းေတာ့ရင္ ပစ္ထုတ္လိုက္ေတာ့ "

" ဟုတ္ကဲ့ မား "

" မားေျပာထားတာစဥ္းစားၿပီးၿပီလား ? "

ဆယ္ဟြန္း အလိုမက်သလိုမ်က္ႏွာပ်က္သြားသည္။
" ကၽြန္ေတာ္ မေတြ႕ခ်င္ပါဘူးလို႔ မားကို ဘယ္ႏွခါေျပာရမလဲ "

" ဒါဆို မင္းဘာသာမင္းရေအာင္ရွာေလ... မင္းမရွာသေရြ႕ေတာ့ မားကတြန္းအားေပးေနမွာပဲ "

" ကၽြန္ေတာ္ကိုယ္တိုင္ကမလိုခ်င္တာေလ မားကဘာလို႔— "

" ငါအိုေနၿပီလို႔! မင္းလည္းအသက္ ၃၀ ရွိေနၿပီ... အိုဆယ္ဟြန္း! သူမ်ားေတြဆိုဒီခ်ိန္ေျမးခ်ီေနရၿပီ... ငါလည္းေျမးခ်ီခ်င္တယ္ မေသခင္ မိသားစုသိုက္သိုက္ဝန္းဝန္းျမင္ခ်င္ေသးတယ္ "

"..."

" အနည္းဆုံးရည္းစားတစ္ေယာက္ေလာက္ျဖစ္ျဖစ္ေခၚခဲ့စမ္းပါ "

" အခုလိုအေျခအေနေရာက္ေအာင္လုပ္ခဲ့တာ ဘယ္သူလဲ! ေျပာေလ! အဆင့္တူတာေတြမတူတာေတြ ေစာက္ေရးနည္းနည္းမွမပါတဲ့အေၾကာင္းျပခ်က္နဲ႔—! " ဆယ္ဟြန္း ေအာ္မိရင္းကစိတ္ကိုထိန္းလိုက္သည္။

" အဲ့လိုေတြျဖစ္ခဲ့တာေၾကာင့္ ေတာင္းပန္တာမို႔ ေနာင္တရတာမို႔... ေျပာေနတာေပါ့ "

ထို႔ေနာက္ ဖုန္းလိုင္းမွာစကၠန႔္မ်ားစြာၾကာေအာင္တိတ္ဆိတ္သြားသည္။ ဆယ္ဟြန္း စိတ္ကိုထိန္းရင္း... အသက္ရႉႏႈန္းထိန္းရင္း... တစ္ဖက္ကတုန္ရီသည့္အသက္ရႉသံၾကားေတာ့ guilty ျဖစ္လာမိသည္။ တံေတြးမ်ိဳခ်ကာ မ်က္ေတာင္ပုတ္ခတ္ပုတ္ခတ္လုပ္ရင္း

" message ပို႔လိုက္ "

" လ-လိမၼာတယ္ ... ေကာင္းေကာင္းလုပ္ခဲ့ေနာ္ "


၁၅ မိနစ္ခန႔္အၾကာတြင္ေတာ့ blind date လုပ္ရမည့္ရက္, ေနရာႏွင့္ နာမည္တစ္ခု message ေရာက္လာသည္။

ဆယ္ဟြန္း သက္ျပင္းခ်မိသည္။



×××

ဒီေန႔က ပိတ္ရက္။

ပိတ္ရက္ရဲ့အဓိပၸာယ္က လတစ္လရဲ့တတိယအပတ္ေရာက္ေနၿပီျဖစ္လို႔ ရွယ္ broke ေနတဲ့ အယ္ရီနဲ႔ လင္းခ်ဴးအေဆာင္မွာပဲေအာင္းၿပီးေနရတဲ့ေန႔။

မ broke သည့္လူေတြကျဖင့္ ၂ ရက္ဆက္တိုက္မအိပ္တတမ္းေသာက္ၾကမည္ဆိုကာ ဘားကိုခ်ီတက္သြားၾကေလသည္။

မ်က္ႏွာက်က္ကိုပ်င္းရိစြာၾကည့္ေနတုန္း Message notifications တေတာင္ေတာင္​။ သို႔ေသာ္အေရးတယူဖြင့္မၾကည့္မိ ေသခ်ာေပါက္ ေလ အင္မတန္ဖုတ္နိုင္သည့္ " ပေရာ္ဖက္ဆာအိုကို simp တဲ့အေၾကာင္းေန႔တိုင္းေျပာမယ္ " group chat မွပဲျဖစ္မည္။

အခန္းထဲ လင္းခ်ဴးေလၽွာက္သြား အဝတ္သိမ္းေနတာကိုၾကည့္ေနရင္း ေနာက္ထပ္က်ယ္ေလာင္သည့္ notifications ေနာက္တစ္ခု။

ဒီတစ္ခါေတာ့ဖုန္းၾကည့္မိသည္။

@တကယ္ေတာ့ဆယ္ဟြန္းက အိုင့္ကေလးေလးပါ sent a photo.





ခဏအၾကာ Kim Babe but soon to be Oh's babe ဟူေသာ nickname ႏွင့္ low key ေနၾကတစ္ေယာက္က text ေတြကို react လိုက္ေပးသည္။

( one imposter among us 🙊)


အဆဲခံလိုက္ရ၍ အယ္ရီဆူပုတ္သြားသည္။
ဖုန္းပစ္ခ်လိုက္ေတာ့ ျမင္ကြင္းထဲဝင္လာတာ အဝတ္လဲေနသည့္ လင္းခ်ဴး။


" ခ်ဴး ဘယ္သြား "

" Jollibee "

" ဟမ္? တစ္ေယာက္ထဲလား "
အယ္ရီက ငါ့ကိုမေခၚဘူးဟူသည့္ေလသံျဖင့္

" ခဏေန ေမေမလာမွာေလ "
လင္းခ်ဴးက ဆံပင္စည္းရင္းေျဖေတာ့ အယ္ရီမ်က္လုံးက်ယ္သြားသည္။

" hmm !? နင့္အေမလာမွာ ? "

" အင္း "

" အဲ့တာကို ေျပာေျပာကမေစာဘူး ... အဲ ေစာေစာကမေျပာဘူး " အယ္ရီမ်က္လုံးမွာ လင္းခ်ဴးအေမ လင္းေမ့၏လွပသည့္မ်က္ႏွာကိုျမင္ေယာင္မိၿပီး ဘလင္းဘလင္းျဖစ္သြားသည္။ သုတ္ႀကီးသုတ္ျပာကုန္းထကာအဝတ္လဲဖို႔လုပ္သည္။ အန္တီလင္းေမ့... အရမ္းလွတဲ့လင္းေမ့လာမွာ။

" ဘာလို႔လဲ "

" လိုက္မလို႔ေပါ့ဟ "
ညညေတြ အယ္ရီအိမ္မက္ထဲေရာက္ေရာက္လာတဲ့ အလွနတ္ဘုရားမကေက်ာင္းထိေရာက္လာမယ္ဆိုတာကို အယ္ရီကဘာလို႔အခြင့္အေရးလက္လႊတ္ခံရမွာလဲ။

" ေကာင္မ! ကုန္းဆင္းဖို႔ဆို နည္းနည္းေလးမွအလြတ္မခံဘူး "

စြပ္စြပ္စြဲစြဲ... ကုန္းဆင္းမလို႔မဟုတ္ရပါဘူး...

အယ္ရီ လင္းခ်ဴးကိုလွမ္းၾကည့္ရင္း နတ္ဆိုးလိုျပဳံးမိသည္။

ခ်စ္သမီးအေလာင္းအလ်ာေလးကလည္း ...

×××

" အဲ့တာလိုခ်င္တယ္ "
ဂ်ဳံအင္း ဆယ္ဟြန္းရဲ့ blazer အစကိုဆုပ္ကိုင္ၿပီး အ႐ုပ္ေကာက္စက္ထဲကဝက္ဝံ႐ုပ္အညိဳေရာင္ေလးကိုလက္ညႇိုးထိုးျပသည္။

ဆယ္ဟြန္း တစ္ခုခုေျပာဖို႔ပါးစပ္ျပင္လိုက္ေသာ္လည္း ဂ်ဳံအင္းကိုလွည့္ၾကည့္ေတာ့ေခြးေပါက္ေလးလိုမ်က္ႏွာႏွင့္တြဲရက္ blazer ေပၚကလက္သီးဆုပ္ကိုျမက္ၿပီး သက္ျပင္းခ်ကာ ပိုက္ဆံအိတ္ထုတ္လိုက္ေတာ့ ဂ်ဳံအင္းကဟီးခနဲရယ္သည္။

သူ႔လက္ထဲ အေႂကြေစ့ထည့္ေပးေတာ့ confused ျဖစ္သလို ဆယ္ဟြန္းကိုၾကည့္လာသည္။

" ေကာက္မယ္ဆို "

" အယ္... မဟုတ္ဘူးေလ... ပေရာ္ဖက္ဆာေကာက္ေပးတာလိုခ်င္လို႔ေျပာတာကို " ၿပီးေနာက္ သူကေခြးေပါက္လိုမ်က္လုံးေတြႏွင့္ ဆယ္ဟြန္းကိုျငင္းရခက္ေအာင္ၾကည့္ေနသည္။ စကၠန႔္အနည္းငယ္အၾကာတြင္ေတာ့ ဆယ္ဟြန္းအရႈံးေပးသည့္သက္ျပင္းခ်ကာ အ႐ုပ္ေကာက္စက္ဖက္လွည့္လိုက္သည္။





" ရေတာ့မယ္... ရေတာ့မယ္....အား! ဟားကြာ!"

တျဖည္းျဖည္းႏွင့္ အေႂကြေစ့ ဝမ္ ၅၀၀၀ ဖိုးေလာက္ကုန္အၿပီးထိ အ႐ုပ္မရနိုင္ေသးေတာ့ ဆယ္ဟြန္းစိတ္အခ်ဥ္ေပါက္လာသည္။

" လာပါ... ထားလိုက္ေတာ့မယ္ "
ဂ်ဳံအင္းက မရႊင္ျပသည့္မ်က္ႏွာႏွင့္လက္ေမာင္းလာဆြဲသည္။

" ေနာက္ဆုံးတစ္ခါ "
လက္ပတ္နာရီတစ္ခ်က္ငုံ႔ၾကည့္ၿပီး ဆယ္ဟြန္းေျပာသည္။ တကယ္ေတာ့ ေနာက္ဆုံးတစ္ခါရယ္မဟုတ္ အဲ့ဝက္ဝံ႐ုပ္မရမခ်င္းကို အိုဆယ္ဟြန္းကပိုက္ဆံျဖဳန္းပစ္ေတာ့မွာျဖစ္သည္။

" ဟိုး...! ဟိုး..ဟိုး... ရေတာ့မယ္... ရေတာ့မယ္!" တျဖည္းျဖည္းအေပါက္နဲ႔နီးလာ၍ ဂ်ဳံအင္းမ်က္လုံးစိတ္လႈပ္ရွားစြာက်ယ္လာသလို ဆယ္ဟြန္းသည္လည္းရခ်င္ေစာမ်ားလာသည္။

ေနာက္ဆုံးတြင္ "ရက္စ္!" ဟူေသာအသံႏွင့္အတူအ႐ုပ္က်သည့္အသံ။ အေပ်ာ္လြန္ၿပီး ဆယ္ဟြန္း ဂ်ဳံအင္းဖက္လွည့္လိုက္သလို ဂ်ဳံအင္းကလည္းခုန္ေပါက္ကာ လည္တိုင္ကိုလာဖက္သည္။

" ပေရာ္ဖက္ဆာ! ပေရာ္ဖက္ဆာ အေတာ္ဆုံး!"

ဆယ္ဟြန္းတစ္ခ်က္ျပဳံးကာ ဂ်ဳံအင္းေက်ာကိုခပ္ဖြဖြပုတ္ရန္လက္ေျမႇာက္ၿပီးမွ အသိစိတ္ဝင္လာသလိုေတာင့္သြားသည္။

" အင္း... အ႐ုပ္ယူလိုက္အုံး "

" ဟီး.. teddy! "

သူ႔မ်က္ႏွာကိုအ႐ုပ္ႏွင့္ယွဥ္ကာ

" ကၽြန္ေတာ့္နဲ႔တူလား? ကၽြန္ေတာ္က human bear ေလ " ထို႔ေနာက္ဖုန္းထုတ္ကာ ထိုအ႐ုပ္ႏွင့္ဓာတ္ပုံရိုက္သည္။ ဆယ္ဟြန္းဖက္ထိလွည့္လာကာ

" ပေရာ္ဖက္ဆာဒီကိုၾကည့္ " ဟုဆိုကာ ဆယ္ဟြန္းအဆင္သင့္မျဖစ္ေသးခင္ ဓာတ္ပုံေတြရိုက္သည္။

" ဂ်ဳံအင္း.. မရိုက္ေသးနဲ႔ေလ... " ဂ်ဳံအင္းကတခစ္ခစ္ရယ္ၿပီး ဆယ္ဟြန္းကိုဓာတ္ပုံေတြျပသည္။

" ဟား! ကိုယ္႐ုပ္ဆိုးလိုက္တာ... ဖ်က္လိုက္"

" မဆိုးပါဘူး... ခန႔္ပါတယ္" ႐ုပ္ဆိုးတဲ့ပုံႀကီးကိုခန႔္ပါတယ္လုပ္ေနသည့္ဂ်ဳံအင္းကို မ်က္ေမွာင္ၾကဳတ္ၾကည့္ေတာ့ သူကေပါ့ေပါ့ပါးပါးထပ္ရယ္သည္။

" အင္း ေသခ်ာၾကည့္ရမယ့္ဆို ႐ုပ္နည္းနည္းေတာ့ဆိုးေပမယ့္... ဆိုးတယ္ဆိုေပမယ့္ ပေရာ္ဖက္ဆာကကံေကာင္းပါတယ္ " ဂ်ဳံအင္းက ဆယ္ဟြန္းကိုၾကည့္ရင္းျပဳံးစစလုပ္ေနသည္။

" ဘာကံေကာင္းတာလဲ "

" ႐ုပ္ဆိုးေပမယ့္ ကၽြန္ေတာ္ခ်စ္တာခံေနရတယ္ေလ ဒါကံေကာင္းတာပဲေပါ့ "

သူကေနေရာင္ေတြအရႈံးေပးရေအာင္ရယ္ရင္း လက္တစ္ဖက္ကေျမႇာက္လာကာ ဆံပင္ကိုသပ္ေပးရင္း...

" အဟမ္း... ဟမ္း... ဟို ကိုယ္ခ်ိန္းထားတာရွိတယ္... အဲ့တာသြားေတာ့မလို႔ "

" ေအာ... ဟုတ္လား..ဒါဆို... ေရာ့... Nini လို႔ေခၚတယ္... ကၽြန္ေတာ့္ကိုယ္ပြားေလး " သူ႔အိတ္မွာခ်ိတ္ထားသည့္ဝက္ဝံ႐ုပ္ keychain ေလးကိုျဖဳတ္ေပးသည္။ " keychain ကိုျမင္တိုင္း ကၽြန္ေတာ့္ကိုျပန္ခ်စ္ဖို႔သတိရေနာ္ "

ထို႔သို႔ေျပာကာ teddy ကိုယူၿပီး ခုန္စြခုန္စြထြက္သြားသည္။ ၿပီးမွ သုတ္ႀကီးသုတ္ပ်ာျပန္ေျပးလာၿပီး

" အေရးႀကီးတာေမ့ေတာ့မလို႔! ...ေရာ့ ဒီညကား ေရာက္ေအာင္လာခဲ့ေနာ္ " ေနာက္ထပ္တစ္ေခါက္အူျမဴးစြာ ထပ္ေျပးထြက္သြားသည္။

လက္ထဲကလက္မွတ္ကိုၾကည့္ေတာ့ အရင္အပတ္က ဆယ္ဟြန္းၾကည့္ခ်င္သည္ေျပာခဲ့သည့္ Marvel Movie လက္မွတ္ျဖစ္သည္။

×××

" ခ်ဴးခ်ဴး... ခ်ဴးခ်ဴး! "

​ခပ္က်ယ္က်ယ္အသံေၾကာင့္ လင္းခ်ဴးအသိျပန္ဝင္လာသည္။

" ဘာလို႔အဲ့ေလာက္စိတ္နဲ႔ကိုယ္နဲ႔မကပ္တာလဲ "

" ဟင္... ဘာမွမဟုတ္ပါဘူး "
မာမားရဲ့အေမးကိုေခါင္းခါလိုက္သည္။ တကယ္ေတာ့ ခုနကေက်ာင္းေပါက္ဝအျပင္မွာ အစ္ကိုဆယ္ဟြန္းႏွင့္လိေမၼာ္သီးကိုေတြ႕လိုက္သည္။ ေတာ္ေတာ္ေပ်ာ္ေနၾကပုံ။ ဖက္လည္းဖက္ၾကေသးသလို... ဂ်ဳံအင္းကနမ္းလည္းနမ္းလိုက္ေသးသည္။ လင္းခ်ဴး သက္ျပင္းခိုးခ်ရင္း မ်က္ႏွာကိုမရႊင္မျပျဖစ္မေနေအာင္တင္းလိုက္ကာ ကားေပၚတက္လိုက္သည္။




" အယ္ရီေရာ ဘာစားမလဲ "

" သူက ကုန္းဆင္းမယ္ဆိုၿပီး ဖုတ္ပူမီးတိုက္လိုက္လာတာသိလား မာမား "

" ဒီအခ်ိန္ဆိုေတာ့ ပိုက္ဆံမက်န္ၾကေတာ့ဘူးမလား "

" ဟဲ မာမားကလည္း.. က်န္မယ့္႐ုပ္ေပါက္ေနလို႔လား " မာမားကတစ္ခ်က္ရယ္ကာ လင္းခ်ဴးဆံပင္သပ္ေပးရင္း အေနာက္ကတစ္ခုခုကိုျမင္သြားဟန္။ ၿပီးေနာက္ မ်က္ႏွာအမူအရာကစူးစမ္းသလိုျဖစ္သြားသည္​။

" ဘာလဲ... အဲ့တာ ဆယ္ဟြန္းမဟုတ္လား "

ဆယ္ဟြန္းဟူသည္ေၾကာင့္ လင္းခ်ဴးနဲ႔အယ္ရီဆတ္ခနဲလွည့္ၾကည့္မိသည္။

Mall ထဲ လင္းခ်ဴးတို႔ရပ္ေနၾကသည့္ေနရာႏွင့္မ်က္ႏွာခ်င္းဆိုင္ dessert ဆိုင္ထဲ အိုဆယ္ဟြန္းက အမ်ိဳးသမီးတစ္ေယာက္ႏွင့္မ်က္ႏွာခ်င္းဆိုင္ထိုင္ကာစကားေျပာေနသည္။

" Ah ဟုတ္သားပဲ... blind date ပဲ ေမ့လို႔ "

" blind date ? "
ခ်ဴးတို႔ႏွစ္ေယာက္သား သံေယာင္လိုက္မိသြားသည္။

ခုနကပဲ ဂ်ဳံအင္းနဲ႔ date ေနၿပီး...
နမ္းေတာင္နမ္းလိုက္ေသးတာကို...

ဘာလုပ္ေနတာလဲ...?
အိုဆယ္ဟြန္းက ဘာေတြလုပ္ေနတာလဲ ?

×××

ဂ်ဳံအင္း Caramel popcorn ႏွင့္ cola ကိုႏွစ္ေယာက္စာမွာၿပီး အခ်ိန္မတန္ေသးတာေၾကာင့္ လြတ္ေနသည့္ဆိုဖာမွာဝင္ထိုင္လိုက္သည္။

CGV က သံသယဝင္စရာမလိုစြာလူေတြႏွင့္ရႈပ္ယွက္လို႔။ ဝင္ေပါက္ဖက္ကိုမ်က္ႏွာမူေနသည္ေၾကာင့္ ဝင္လာသူမ်ားထဲ ပေရာ္ဖက္ဆာဘယ္ေတာ့ပါလာမလဲ။ စိတ္လႈပ္ရွားစြာထိုင္ေစာင့္ရင္း...

ဂ်ဳံအင္း ဆယ္ဟြန္းဝတ္တတ္သည့္အကၤ်ီအေရာင္သာဝတ္ထားသည္။ သူမ်ားေတြေျပာသလို telepathy နဲ႔အကၤ်ီအေရာင္မ်ားတူေနမလားလို႔...


×××

စကားေကာင္းေနတုန္း စားပြဲေပၚခ်ထားသည့္ ဖုန္းကဖုန္းဝင္လာတာေၾကာင့္ screen လင္းသြားသည္။ ျမင္ေနၾက contact name ေၾကာင့္ အေရွ႕ကအမ်ိဳးသမီးမျမင္ခင္ ဖုန္းကိုအျမန္ယူကာ flight mode တင္လိုက္သည္။ contact name ျမင္ၿပီးတစ္မ်ိဳးထင္သြားမည္ကိုမလိုလားပါ။

×××

ဖုန္းခ်ပစ္သည္ေၾကာင့္ confused ျဖစ္စြာ ေနာက္တစ္ခါထပ္ဆက္ေတာ့ဆက္သြယ္၍မရျဖစ္သြားသည္ေၾကာင့္ ရင္ထဲဟာသြားသလို နာရီကိုလွမ္းေငးမိသည္။

ဒါက... ဂ်ဳံအင္း ဆက္ေနလို႔သက္သက္မဲ့ပိတ္ပစ္တာမ်ိဳးမဟုတ္လား ...

ဒါေပမယ့္ ႐ုပ္ရွင္က...

စတာ နာရီဝက္ေတာင္ရွိေနၿပီကို...

ကုန္ေနၿပီျဖစ္သည့္ popcorn ခြက္ကအထီးက်န္ခ်င္စရာ...

"ဖုန္းအားကုန္ၿပီး ပိတ္သြားတာလည္းျဖစ္နိုင္တာပဲ"

လက္မွတ္ေပၚက avengers ေတြကိုေငးရင္း... စိတ္အေျခအေနကပိုမေကာင္းျဖစ္လာသည္။ spoil ခံရတာမႀကိဳက္ဘူးလို႔ ပေရာ္ဖက္ဆာကေျပာလို႔ လက္မွတ္ေတြစေရာင္းၿပီဆိုတကည္းက ပထမပတ္ဒီရက္ကိုမရရေအာင္တန္းစီဝယ္ခဲ့တာ။

ထိုစဥ္... အေပါက္ဝမွေျခသံေၾကာင့္ ဆတ္ခနဲေခါင္းေထာင္မိသည္။ သန႔္ရွင္းေရးအေဒၚႀကီးသာျဖစ္သည္။

အ႐ုပ္ေကာက္စက္နားေအာ္ဟစ္ေနသည့္ အတြဲအသံေၾကာင့္ ခပ္ခ်ဥ္ခ်ဥ္ရယ္မိေတာ့မလို႔...

ခ်စ္တယ္လို႔ေျပာလိုက္ေသးတာ... သူကဘာမွျပန္အဖက္မလုပ္တာကို

ဂ်ဳံအင္း အရမ္းေတြအပိုလုပ္မိသြားတာလား...

ဒါေပမယ့္ ေန႔လည္တုန္းကအေကာင္းႀကီးကို...

ဒါမွမဟုတ္ ဂ်ဳံအင္းကိုအားနာလို႔လိုက္ေလ်ာေနတာလား...







နာရီကအခုေတာ့ ၉ ခြဲနာရီ... ေရာက္မလာမွာေသခ်ာသည္ေၾကာင့္ ၁၀ နာရီ အေဆာင္တံခါးမပိတ္ခင္ျပန္မည္ဟုဆုံးျဖတ္ကာထရပ္လိုက္သည္။

႐ုပ္ရွင္က ၁၁ နာရီမွၿပီးမွာေၾကာင့္ အျပန္ကိုသူ႔နဲ႔အတူ ၿခံေက်ာ္ၿပီးဝင္ရရင္ အမွတ္တရပိုအုံးမယ္လို႔ စိတ္ကူးယဥ္ေနခဲ့သည့္ကိုယ့္ကိုကိုယ္သနားရမလိုလို။





" ဒီေန႔အတြက္ bus ကားေျပးဆြဲခ်ိန္ၿပီးဆုံးသြားၿပီပဲျဖစ္ပါတယ္ "

Bus gate နားထိေရာက္ေအာင္ေလၽွာက္ၿပီးမွ ထြက္လာသည့္အသံေၾကာင့္ ေအာ္ရယ္မိသည္။ popcorn ဝယ္လိုက္တာေရာ ႐ုပ္ရွင္႐ုံထဲေနရာေကာင္းရေအာင္သုံးလိုက္တာေၾကာင့္ေရာ taxi စီးဖို႔ပိုက္ဆံမေလာက္ေတာ့....

စိတ္ညစ္စြာ လမ္းေလၽွာက္ျပန္ရေတာ့သည္။



အရက္မူးသမားေတြကိုေကြ႕ရင္းေရွာင္ရင္း တျဖည္းျဖည္းေက်ာင္းနဲ႔နီးလာၿပီဟု အားတင္းအသက္ရႉလိုက္စဥ္ မိုးစက္တစ္စက္ဟာ နဖူးေပၚလာက်သည္။

"Are you fucking kidding me !?"

ေနာက္စကၠန႔္ပိုင္းတြင္ေတာ့မိုးဟာေဝါခနဲ။


ဘဲျငင္းေကာင္သြားရာ မိုးလိုက္လို႔ရြာ။






ဝတ္ထားသည့္ jacket ကိုျခဳံရင္း လမ္းတစ္ဖက္ကိုလွမ္းၾကည့္ေတာ့ အေဆာင္ၿခံတံခါးပိတ္ခါနီးေလး။ ကားတစ္စီးအျဖတ္ကိုေစာင့္ၿပီး လမ္းကူးမယ္လုပ္တုန္း ထိုကားကၿခံေရွ႕နားရပ္သြားသည္။ ဂ်ဳံအင္းလည္းစူးစမ္းရင္း လမ္းကူးသြားေတာ့ lover seat မွဆင္းလာသည္က...

ပေရာ္ဖက္ဆာ ...

ကားေမာင္းသည့္ေနရာမွာ အမ်ိဳးသမီးေပးသည့္ ထီးလွမ္းယူကာ ဖြင့္ေဆာင္းသည္။

" ေနာက္တစ္ပတ္ပိတ္ရက္ေပါ့ ဒါဆို... အိမ္ျပန္ေရာက္ရင္ message ပို႔လိုက္ေနာ္ "

အိုဆယ္ဟြန္းက ႏႈတ္ဆက္စကားေျပာၿပီး အေပါက္ဝဖက္ဝင္ဖို႔လွည့္လာခါမွ မိုးေရထဲ jacket ျခဳံထားသည့္ ဂ်ဳံအင္းကိုေတြ႕သည့္ပုံ။

ဂ်ဳံအင္း ဒီတိုင္းသာရပ္ၾကည့္ေနမိသည္။ သူက တစ္ခုခု လက္ပူးလက္ၾကပ္မိခံရသလိုမ်ိဳး...

" ဂ်ဳံအင္း... စိုရႊဲေနတာပဲ... ဘယ္ကျပန္... လာ " သူကေမးၿပီးမွ အသိဝင္လာသလို...

ေနာက္စကၠန႔္မွာ ဂ်ဳံအင္းသူ႔ထီးေအာက္ေရာက္သြားသည္။

" ဂ်ဳံအင္း ကိုယ္... "

" မေျပာေသးနဲ႔ "
ဂ်ဳံအင္းစကားကို သူနားမေထာင္။

" ကိုယ္က မင္းလိုအေပ်ာ္တြဲၿပီး ရင္ခုန္လိုက္ date လိုက္အခ်ိန္ျဖဳန္းရမယ့္အရြယ္မဟုတ္ေတာ့ဘူး ... အတည္တက်အိမ္ေထာင္ျပဳသင့္တဲ့အရြယ္ျဖစ္ေနၿပီ... အဲ့တာေၾကာင့္... ဂ်ဳံအင္း ကိုယ္ေျပာတာသေဘာေပါက္တယ္မလား "

" ဟက္! ဘာညာအိမ္ေထာင္ေရးေတြ... ဒီတိုင္း... ဒီတိုင္း ငါမင္းကိုမႀကိဳက္နိုင္ဘူးလို႔ပဲ ဒဲ့ေျပာလိုက္ပါလား.. ကၽြန္ေတာ္စိတ္ျဖတ္ရပိုလြယ္ေအာင္ "

" ကိုယ္မင္းကိုမႀကိဳက္နိုင္ဘူး "

​တစ္ခ်က္မွေတာင္မတုံ႔မဆိုင္းေျပာထြက္သည္။

ဂ်ဳံအင္းထိုထီးေအာက္မွထြက္လာခဲ့သည္။ မေျပးခဲ့ေသာ္ညား ထိုသူဟာဟန္ေဆာင္ၿပီးေတာင္ လိုက္မလာခဲ့။

×××

" ေႏြးေႏြးေနအုံးေနာ္ မဖ်ားေစနဲ႔ " ဟုစာရိုက္ၿပီးမွ ျပန္ဖ်က္လိုက္သည္။ ဖုန္းအတင္းလုကာ သူကိုယ္တိုင္ေပးသြားသည့္ contact name ကိုေငးရင္း contact name ကိုပါဖ်က္လိုက္သည္။ ရင္ထဲအနည္းငယ္ဟာတာသြားေသာ္လည္း ျဖစ္သင့္တာျဖစ္ေအာင္လုပ္ခဲ့သည္ပဲဟုေတြးမွတ္ကာ မ်က္လုံးမွိတ္ခ်လိုက္သည္။





​တနလၤာေန႔ေက်ာင္းျပန္ဖြင့္သည့္ေန႔တြင္ ေမၽွာ္လင့္ထားသည့္အတိုင္း ဂ်ဳံအင္းကိုမေတြ႕ရ။

ခံစားေနမည္ကိုစိုးမိသည္။ ဘယ္ေလာက္မွ serious ျဖစ္ခဲ့တဲ့အေျခအေနလည္းမဟုတ္ခဲ့တာေၾကာင့္ မခံစားေနေစခ်င္။

သို႔ေသာ္ တနလၤာေန႔မို႔မေတြ႕ရသည္မဟုတ္ပဲ ကင္ဂ်ဳံအင္းကိုဘယ္မွာမွမေတြ႕ရေတာ့တာျဖစ္သည္။

အတန္းဆင္းခ်ိန္တိုင္း ေဘးကိုေရာက္လာေနၾက
ကန္တင္းသြားရင္ ခပ္တည္တည္ေရွ႕မွာလာထိုင္ေနၾက
ညေနတိုင္းအခန္းေရာက္လာၿပီး တိတ္ဆိတ္သည့္အခန္းထဲဆူဆူဆာဆာလုပ္ေနၾက...

အနည္းငယ္ေျခာက္ကပ္သြားသေယာင္ထင္ရသည္။







တကယ္ေတာ့ အနည္းငယ္ေျခာက္ကပ္႐ုံမဟုတ္... လုံးဝေျခာက္ကပ္သြားတာျဖစ္သည္။

အျမဲတမ္းရွိေနမွာေသခ်ာသည္ဟူသည့္ basketball ကြင္းဖက္ထိသြားရွာတာေတာင္ ဂ်ဳံအင္း၏အရိပ္အေယာင္နည္းနည္းမွမေတြ႕ရပါ။

စားပြဲေပၚက သူ႔ကိုယ္ပြားေလးဟူသည့္ Nini keychain ကို ယူကိုင္ရင္းမေတာ္တဆဖိမိေတာ့ထြက္လာသည့္အသံ

" ပေရာ္ဖက္ဆာ ဟီးဟီး ကၽြန္ေတာ့္ကိုျပန္ခ်စ္ပါ "

ထိုေန႔က ဂ်ဳံအင္း လက္လြတ္စပယ္ keychain ျဖဳတ္ေပးလိုက္တာမဟုတ္ပဲ... ဆယ္ဟြန္းကိုေပးဖို႔သက္သက္ျပင္ခဲ့သည္လား။

×××

" ပေရာ္ဖက္ဆာအိုကို simp တဲ့အေၾကာင္းေန႔တိုင္းေျပာမယ္ " group chat တြင္ popular ျဖစ္ေနသည့္ topic က ပေရာ္ဖက္ဆာမ်က္ႏွာမေကာင္းဟုပင္ျဖစ္သည္။

အစ္ကိုဆယ္ဟြန္းေဘးကတစ္ေကာက္ေကာက္ဂ်ဳံအင္းမရွိမႈကိုေတာ့ လင္းခ်ဴးႏွင့္အယ္ရီသာသိေလသည္။


×××

" ခ်ဴးခ်ဴး... " ဆယ္ဟြန္းေခၚသည္ကို လင္းခ်ဴးကအဖက္မလုပ္ပါ။

" ခ်ဴးခ်ဴး ဂ်ဳံအင္းကိုမေတြ႕မိဘူးလားလို႔ "

" မေတြ႕နဲ႔ေလ အစ္ကိုကမေကာင္းတဲ့ေကာင္ပဲဟာ ဂ်ဳံအင္းကိုႀကိဳးရွည္ရွည္လွန္ၿပီး blind date သြားတယ္... ပါပီမသား "

အစ္ကိုဝမ္းကြဲျဖစ္ေနလို႔ဒီေလာက္ပဲဆဲပါမည္။

×××

" ကၽြန္ေတာ့္ကိုျပန္ခ်စ္ပါ "

" ကၽြန္ေတာ့္ကိုျပန္ခ်စ္ပါ "

" ကၽြန္ေတာ့္ကိုျပန္ခ်စ္ပါ "

Nini keychain ကိုထပ္ခါထပ္ခါဖိကာ ဂ်ဳံအင္းအသံနားေထာင္ရင္းေႏြအစ၏မနက္ခင္းတြင္ ဆယ္ဟြန္း လြမ္းနာက်ေနၿပီမွန္းဝမ္းနည္းစြာသိလိုက္ရသည္။






" ေက်ာင္းသား ဂ်ဳံအင္း... စာလာမလုပ္ေတာ့လို႔ attendance လည္းအရမ္းပ်က္— "

" တကၠသိုလ္ေက်ာင္းသားဘဝက စာခ်ည္းလုပ္ေနဖို႔မွမဟုတ္ပဲ... assessment လည္းတက္ေနၿပီပဲကို " Dean က ဘာေၾကာင့္ ဆယ္ဟြန္းဖက္ဘယ္ေတာ့မွမပါရသနည္း။

" ဒါဆို ခြင့္ျပဳ— " ဆယ္ဟြန္း ထိုင္ခုံကလွည့္ထြက္ေတာ့အေနာက္က Dean ဆီကအသံ...

" ဂ်ဳံအင္း pneumonia ေၾကာင့္ခြင့္ယူထားတာ "

" ခင္ဗ်ာ !? "
Pneumonia က အဆုတ္ေရာင္တာ... အဆုတ္ေရာင္တာက အေအးပတ္တာကစ—

" မင္းကိုေစာက္ျမင္ကပ္လို႔မေျပာပဲေနမလို႔ပဲ " ထိုသို႔ေျပာကာ ေဆး႐ုံႏွင့္လူနာခန္းနံပါတ္ေပးလာသည္။



×××

" ဂ်ဳံအင္း... မင္းကိုၾကည့္ဖို႔လာတယ္တဲ့ " အေမ့အသံေၾကာင့္ ကုတင္ေပၚကဂ်ဳံအင္းမ်က္ေမွာင္ၾကဳတ္သည္။ ဘယ္သူ႔ကိုမွမေျပာပါနဲ႔ဆို Dean ကေလၽွာက္ေျပာျပန္ၿပီလား။

" ဘယ္သူလဲ "

" အိုဆယ္ဟြန္းတဲ့ "

" ဟမ္ !? " ဂ်ဳံအင္းဆတ္ခနဲလွည့္ၾကည့္ေတာ့ ဆယ္ဟြန္းကအာဟာရျဖည့္ျခင္းေတာင္းႀကီးႏွင့္ဝင္ခ်လာသည္။

" ေမေမမၾကားဖူးဘူးေရာ မင္းအသိလား "
ဂ်ဳံအင္းႏွင့္ရြယ္တူျဖစ္မေနသည္ကိုအကဲခတ္ကာ ေမးသည္။

" ဟင့္အင္း မသိပါဘူး ဘယ္သူႀကီးလဲ ေမာင္းထုတ္လိုက္ "

" ေတြ႕ရတာဝမ္းသာပါတယ္... ကၽြန္ေတာ္ ဂ်ဳံအင္းရဲ့ပေရာ္ဖက္ဆာပါ "

" အဲ ဂ်ဳံအင္း ကိုယ့္ဆရာကိုယ္အဲ့လိုမေျပာရဘူးေလ "

" ေမေမ ဘာသိလို႔လဲ... ကၽြန္ေတာ္ဒီလိုဖ်ားသြားေအာင္ အဲ့ဆရာလုပ္တာ "

ထိုခါေမေမ့မိုက္ဂိုက္က အိုဆယ္ဟြန္းေပၚ။

" ဟုတ္ပါတယ္ ... ကၽြန္ေတာ္လုပ္လို႔ျဖစ္တာပါ... " ဆယ္ဟြန္းေခ်ာင္းဟန႔္ၿပီး ေခါင္းတစ္ခ်က္ငုံ႔ကာ ေမေမ့ကိုေတာင္းပန္သည္။ " စိတ္ရင္းနဲ႔ေတာင္းပန္ပါတယ္... တကယ္ေတာ့ အဲ့ညကေလ... ဟို မရည္ရြယ္ပဲ... ဟို... ဟို... ကၽြန္ေတာ္တကယ္... တာဝန္ယူမွာပါ... အို..မို..နီး "

" ဘာ !? "
ဟိုေရာက္ေရာက္ဒီေရာက္ေရာက္စကားႏွင့္ အိုမိုးနီးဟုေခၚလိုက္သည္ေၾကာင့္ ေမေမ့အသံက်ယ္သြားၿပီ မ်က္လုံးက်ယ္ႀကီးက ဂ်ဳံအင္းေပၚ။

" ေမေမ မဟုတ္ဘူးေနာ္... ေမေမထင္ေနတာမဟုတ္—"

" ဟုတ္ပါတယ္... တကယ္ေတာ့ ပေရာ္ဖက္ဆာဆိုတာက ပကာသနေတြပါ ... ပကာသနေတြမပါရင္ ကၽြန္ေတာ့္ဒီတိုင္း... ဂ်ဳံအင္းရည္းစားပါပဲ.." ထိုသို႔ေျပာကာ ေမေမ့ကိုေစ့ေစ့ၾကည့္သည္။ " ဂ်ဳံအင္းက ကၽြန္ေတာ့္ကိုအေပ်ာ္ႀကံေနတာလားမသိေပမယ့္ေပါ့ "

ေမေမ့ ေၾကာင္ေတာင္ေတာင္အၾကည့္ႏွင့္ နင္ေသမယ္အၾကည့္က ဂ်ဳံအင္းေပၚ...

" ဟို ... ဂ်ဳံအင္းကေနလည္းေကာင္းတာမဟုတ္ဘူးဆိုေတာ့ အိုမိုနီးခဏေလာက္ထြက္ေပးပါလား "

" ဘာရယ္ !? "

" အဲ... ကၽြန္ေတာ္ေျပာခ်င္တာက ဂ်ဳံအင္းနဲ႔ကၽြန္ေတာ္ မေတြ႕ရတာၾကာၿပီဆိုေတာ့ ႏွစ္ေယာက္ထဲ— "

" မရပါဘူး "
ခ်က္ခ်င္းပိတ္ျငင္းသည္။ အိုေကေလ။

ဆယ္ဟြန္း blazer ခၽြတ္... လက္ကိုပိုးသတ္ကာ ဂ်ဳံအင္းကုတင္နားကပ္ေတာ့ ဂ်ဳံအင္းက သူ႔အေမကိုတစ္ခ်က္ ဆယ္ဟြန္းကိုတစ္ခ်က္ စကၠန႔္တိုင္းမွာတစ္ခုခုျဖစ္ေတာ့မလိုၾကည့္ေနသည္။

လူနာကုတင္လြတ္ေနသည့္ေဘး​ ေနရာဝင္လွဲကာ ဂ်ဳံအင္းကိုယ္ကိုရင္ခြင္ထဲဆြဲဖက္လိုက္သည္။ ဆံပင္ေတြကိုခပ္ဖြဖြနမ္းၿပီး

" ကိုယ့္ကိုဘာလို႔ အဲ့ေလာက္စိတ္ေကာက္ေနတာလဲ " ဟုေမးလိုက္ခါမွ ဂ်ဳံအင္းအေမကတစ္ကိုယ္လုံးတြန႔္တက္သြားကာ အခန္းထဲကခပ္ျမန္ျမန္ထြက္သြားသည္။

ထိုေနာက္စကၠန႔္တြင္ ဆယ္ဟြန္းအားႏွင့္ကန္ခ်ခံရသည္။

" အာ့! ခါးရိုးက်ိဳးၿပီထင္တယ္ "

" ခင္ဗ်ားလုပ္သမၽွခံမယ့္မိန္းကေလးလိုလာမဆက္ဆံနဲ႔ေနာ္ လုပ္သတ္ပစ္မယ္ "

" ဖ်ားေနတယ္ဆိုတာ လိမ္ေနတာလားမသိဘူး "

ထို႔ေနာက္ လူနာခန္းကတိတ္ဆိတ္သြားသည္။ ဂ်ဳံအင္းက ဆယ္ဟြန္းကိုၾကည့္ေနသည္။ ေနရခက္ေစသည့္ အျပစ္ရွိသလိုခံစားရေစသည့္အၾကည့္ႏွင့္။

" ကိုယ္ေတာင္းပန္မလို႔လာတာပါ... ကိုယ့္ေၾကာင့္ဖ်ားသြားတာမဟုတ္လား "

" အင္း... ေတာင္းပန္ၿပီးရင္ျပန္ေတာ့ "

" အဲ့တာပဲမဟုတ္ဘူးေလ... " ဂ်ဳံအင္း ေအးစက္စက္ေမာ့ၾကည့္ေတာ့ သူကမေရရာေတာ့ပုံ " ဂ်ဳံအင္း ကိုယ့္ကိုသေဘာမက်ေတာ့တာေတာ့မဟုတ္ပါဘူးမလား "

" ဘာလို႔လဲ "

" ကိုယ္ကမင္းကိုျပန္ခ်စ္ေနၿပီမလို႔ေလ " ထို႔ေနာက္ Nini keychain ကိုဖိျပလိုက္ေတာ့ ဂ်ဳံအင္းကရွက္ဝဲဝဲတစ္ဖက္လွည့္သြားသည္။ ၿပီးေနာက္ လူနာကုတင္ေနရာလြတ္ကိုပုတ္ျပသည္။ ဆယ္ဟြန္း ျပဳံးကာကုတင္ေပၚတက္လိုက္ၿပီး မ်က္ႏွာဆြဲလွည့္ကာေနရာအႏွံ့ခပ္ဖြဖြလိုက္နမ္းေတာ့ ဂ်ဳံအင္းကတခစ္ခစ္။

တကယ္ေတာ့ group chat ထဲ ပေရာ္ဖက္မ်က္ႏွာမေကာင္း... ပေရာ္ဖက္ဆာလြမ္းနာက်ေနပုံဟုဝိုင္းေျပာေနကတည္းက ဂ်ဳံအင္းဖက္ကသာေနၿပီမွန္းသိေနပါသည္။

" ဘာလို႔ေမေမ့ကို အဲ့လိုလုပ္ျပလိုက္တာလဲ ႐ူးေနလား "

" ႐ူးေၾကာင္ေၾကာင္ျဖစ္ေနတာေလ ဂ်ဳံအင္း တစ္ပတ္ႀကီးေတာင္ အဆက္အသြယ္ျဖတ္သြားလို႔ "

" အိုဆယ္ဟြန္းလည္းေပါက္ကရေတြေျပာတတ္တာပဲ"

ထိုစဥ္ေျခသံႏွင့္တံခါးဖြင့္သံေၾကာင့္ ဆယ္ဟြန္းေနာက္တစ္ခါကန္ခ်ခံရသည္။

" သား... ခါးနာေနတာလား "

" ဟဲဟဲ... " ဆယ္ဟြန္း စပ္ၿဖီးၿဖီးနဲ႔ ဂ်ဳံအင္းကိုလွမ္းၾကည့္ေတာ့ အိုမိုနီးကမ်က္ႏွာေဖ်ာ့သြားသည္။

" ဟို... ဂ်ဳံအင္းက ေဟာ္မုန္းျပင္းထန္တဲ့အရြယ္ေရာက္ေနေတာ့ေလ... ဂ်ဳံအင္းအေဖေသာက္တဲ့အားေဆးထည့္ေပးလိုက္မယ္ေနာ္ "

" သား ကန္ခ်လိုက္လို႔ခါးနာေနတာကို ေမေမ ဘာေတြေျပာေနတာလဲ ဗ်ာ "


×××

Group chat မွာ အိုဆယ္ဟြန္းမ်က္ႏွာပုပ္ေတာ့လည္းပုပ္လို႔ အေပ်ာ္လြန္ေတာ့လည္းလြန္လို႔ ေယာက္ယက္ခတ္ေနသည္။

ဒီေလာက္ေပ်ာ္ေနတာ ရည္းစားရသြားၿပီလို႔လည္းဝိုင္းထင္ေၾကးေပးေနၾကသည္။ ၿပီးဝမ္းနည္းေနၾကသည္။


" စာေရးတာက ခံစားခ်က္အႏုပညာပဲ... ခံစားခ်က္အတြက္ေတာ့ အခ်စ္ကေနျမစ္ဖ်ားခံတာပဲ... နာက်င္တာျဖစ္ေစ ၾကည္ႏူးရတာျဖစ္ေစေပါ့... ဒါေၾကာင့္ ခ်စ္သူထားၾကပါ ဒိတ္ၾကပါ.. ေပ်ာ္ရႊင္စရာ white day ျဖစ္ပါေစ " ထူးထူးဆန္းဆန္း ႏူးညံ့သည့္စကားေျပာေနသည့္ ပေရာ္ဖက္ဆာဆယ္ဟြန္း...

" ဆရာ ခ်စ္သူရေနၿပီမလား "
ထိုသို႔အေမးကို ဆယ္ဟြန္းျပဳံးသာျပဳံးျပသည္။

" အဲ့ေလာက္ေခ်ာၿပီးျပဳံးေနမွေတာ့ရည္းစားရတာေသခ်ာေနပါၿပီ "



ထို႔ေနာက္ group chat ထဲဂယ္ထပါေတာ့သည္။

ဒီ group chat ထဲရွိေနမွာဟု ဂ်ဳံအင္းကလိၿပီး တစ္ခစ္ခစ္ အဆီပြသလိုရယ္ေနသည္။ ဆယ္ဟြန္းက ဂ်ဳံအင္းကိုေငးရင္း ေရခဲမုန႔္ခြံေကၽြးေနသည္။

" ဘာေတြ ဒီေလာက္သေဘာက်ေနတာလဲ "

" စေနတာေလ "


Kim Babe but soon to be Oh's Babe changed their name to Officially Oh's Babe 🥰.

Officially Oh's Babe 🥰 has been kicked out of the chat.

ဂ်ဳံအင္း ရယ္သံမ်ားဟာဆက္တိုက္ထြက္လာသည္။ ဆယ္ဟြန္းက ဂ်ဳံအင္း၏ေပသြားသည့္ႏႈတ္ခမ္းေထာင့္ကိုတစ္ရႉးႏွင့္မသုတ္ပဲ နမ္းလိုက္သည္။

" ဘာေတြသေဘာက်ေနတာလဲလို႔ "

ဂ်ဳံအင္း ဆယ္ဟြန္းကိုၾကည့္ရင္းျပဳံးလိုက္သည္။

လူကိုအပိုင္ရထားၿပီပဲ group chat ကအထုတ္ခံရတာေလာက္ကေတာ့... ဖင္ေမႊးေတာင္မလႈပ္ဘူး...

" ေနဝင္တာေလ... သေဘာက်စရာေကာင္းတယ္ ဟား ဟား ဟား "






La Fin.
Or maybe not 🌝

繼續閱讀

You'll Also Like

2.6K 382 4
614 အတွက် short Story ဖြစ်ပြီး အပိုင်း(၁)+အပိုင်း(၂)+အပိုင်း(၃) ကို 13.6.2023 မြန်မာစံတော်ချိန် ည 10:20တွင် upblish ပေးထားပြီး ဇာတ်သိမ်းပိုင်းကို 1...
1.3M 31.7K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
10.9M 252K 60
𝐅𝐫𝐨𝐦 𝐄𝐧𝐞𝐦𝐢𝐞𝐬 𝐭𝐨 𝐋𝐨𝐯𝐞𝐫𝐬 Enzo Mariano is known for being nothing but ruthless. He is feared by all in the Italian mafia. He kills on...
1.6K 150 4
Sung Han Bin X Seok Matthew ( Uni + Zawgyi ) Start Date - 7.5.2023