#Unicode
Happy New Year ရယ်၊ စနေ တနင်္ဂနွေ ကျောင်းပိတ်ရက်ရယ်၊ လွတ်လပ်ရေးနေ့ရယ်က ဆက်သွားတာမို့ လင်းရာနဲ့မမား အိမ်ပြန်ဖြစ်ခဲ့ကြသည်။
ဒီနေ့ကျောင်းပြန်တက်ရတော့ မတက်ချင်ဘဲ ပျင်းနေပြီး အိမ်ပြန်ချင်နေပါပြီ။ ပြတင်းပေါက်နားမှာ ထိုင်တာကြောင့် ကော်ရစ်တာက ဖြတ်သွားသမျှလူတိုင်းကို မြင်နေရတာမို့ လိုက်ငေးနေမိတော့သည်။
"ချယ်ရေ ပြတင်းပေါက်မှာ ထိုင်နေတဲ့ကောင်လေး အိပ်ငိုက်နေပါတယ်ဗျို့ . . ."
"အမေ့"
အနားကပ်ပြီး အော်လိုက်တဲ့အသံကြောင့် လင်းရာ လန့်ပြီး ယောင်လိုက်မိတဲ့အထိပါ။
ဘယ်ကောင်လဲကွဆိုပြီး မော့ကြည့်မိလိုက်တော့ ဟိုလူကြီး။ ဒီလူကြီး လူကိုသေအောင် သတ်နေတာလား ဘာလား။
"ဟဲ့ . . . ငါက . . . စိတ်ဝင်စားစရာကောင်းအောင် သင်ပြပေးနေလို့ ငါ့ကလေးတွေ အိပ်ငိုက်စရာ အကြောင်းကို မရှိဘူးနော် ဘုန်းစစ်ပိုင်။ နင်သိဖို့ . . ."
စစ်ပိုင်နဲ့ချမ်းမြေ့ ပထမနှစ် MP အခန်းထဲကို ဝင်ပြီး နောက်ဆုံးတန်းမှာ ထိုင်လိုက်ကြသည်။
"ဟဲ့ ဂျပလွတ်တွေ ကိုယ့်အခန်းကိုယ်သွား။ သူများအခန်းထဲ လာပြီး ဝင်ထိုင်မနေနဲ့။ ငါစာသင်ရဦးမယ်"
"ချယ်ကလည်း။ ကိုယ့်တပည့်လေးတွေကို နှင်ထုတ်ရက်တယ်ပေါ့"
"နှင်ထုတ်ရုံနဲ့မရရင် ရိုက်ထုတ်ဖို့လည်း အစီအစဉ်ရှိတယ်"
"လုပ်ရက်တယ်ပေါ့လေ"
"ဟိုဘက်ကမ်းတောင် လွန်နေသေးတယ်"
"မယုံပေါင်။ ချယ်က ဒီလောက်လှတာ စိတ်သဘောထား အဲ့လောက်မဆိုးဘူးဆိုတာ သိပြီးသား ဟဲဟဲ"
"နေပါဦး ဒီကောင်တွေ ငါကသဘောကောင်းလွန်းလို့ ငါ့အချိန်ပဲ စ'နောက်ရဲကြတာလားဟေ။ ဟုတ်လား ကလေးတွေ"
"မဟုတ်ဘူးချယ်။ ချယ့်တစ်ယောက်ထဲပဲ စ'တာမဟုတ်ဘူး။ အဲ့အစ်ကိုတွေ မစ'ရဲတာဆိုလို့ ဌာနမှူး အချိန်ပဲရှိတယ်"
"ဪ . . . ဘုန်းစစ်ပိုင်တို့ ဒေါ်ခင်လဲ့လဲ့သူကြ ကြောက်တယ်ပေါ့လေ။ အေးလေ အဲ့ဒါမှ မကြောက်ရင်လည်း နင်အတီးခံရဖို့ပဲ ရှိတယ်"
"ဟီးးးး"
"အဲ့ဒါဆို ငါ နင့်မေ . . . ."
"ချယ်"
ချယ့်စကားကိုဖြတ်ပြီး စစ်ပိုင်အလုအယက်ခေါ်လိုက်ကာ ချယ့်ကို မျက်လုံးတစ်ဖက် မှိတ်ပြလိုက်တော့ ချယ်ကရယ်လေသည်။
"အေးပါ အေးပါ နင် ဒါကြ ကြောက်တယ်ပေါ့"
"အဟီးးးးဟုတ်။ သားတို့ သွားတော့မယ်နော်ချယ်"
"ကြွ ကြွ အမြန်ကြွပါ အရှုပ်ထုပ်တို့ရေ"
"သွားပြီနော် . . . ဟိုပြတင်းပေါက်က အိပ်ငိုက်နေတဲ့ကောင်လေး။ စာသေချာလိုက်လုပ်"
သွားခါနီး လင်းရာကိုပါ စ'သွားသေးတာကြောင့် လင်းရာ စူပုတ်ပြီး မျက်စောင်းထိုးလိုက်တော့ ပါးပေါ်က ပါးချိုင့်ကြီး ခွက်ဝင်အောင် ရယ်ပြသွားသေးသည်။ ဘယ်လို လူကြီးတုန်း။
တကယ်တော့ စစ်ပိုင်တို့ ယောင်္ကျားလေးအိမ်သာကို လာကြတာပါ။ ပထမနှစ်MPခန်းက စစ်ပိုင်တို့အခန်းနှင့် အိမ်သာကြားတွင် ရှိနေတာမို့ အိမ်သာသွားလို့ ထိုအခန်းရှေ့က ဖြတ်လျှောက်တိုင်း ထိုကလေးကို မြင်နေရပေသည်။
အိမ်သာထဲတွင် စီးကရက် တစ်လိပ်လောက်ထိုင်သောက်ပြီး အခန်းထဲကို ပြန်လာခဲ့ကြသည်။ ပထမနှစ်အခန်းရှေ့ကိုရောက်တော့ စာရေးနေတဲ့ ကလေးလေးကို စချင်စိတ်က ပေါက်လာပြန်သည်။
ထိုကြောင့် ကော်ရစ်တာမှာရပ်လိုက်ပြီး ဘောပင်ကိုထုတ်ကာ ပြတင်းပေါက်ကနေလှမ်းပြီး ထိုကလေးရဲ့ စာအုပ်ထဲကို ခြစ်လိုက်သည်။
"ဟာ"
လင်းရာစာအုပ်ကို ဘောပင်နဲ့ အခြစ်ခံလိုက်ရတာကြောင့် အော်လိုက်မိတော့ အရှေ့မှာ စာသင်နေသည့် ချယ်က လှည့်ကြည့်လာသည်။
"သားလေး ဘာဖြစ်တာလဲ"
"ချယ်"
"အင်း"
ငိုမဲ့မဲ့လေးနဲ့ ချယ်လို့ ခေါ်လာတဲ့ကလေးက ပြတင်းပေါက်ကို လက်ညှိုးညွှန်ပြလာတာမို့ လှမ်းကြည့်လိုက်မိသည်။
"ဘုန်းစစ်ပိုင်"
"ဗျာ ချယ်"
"ကလေးကို ဘယ်လိုဖြစ်လို့ လိုက်စနေတာလဲ"
"ချစ်လို့"
"သေတော့မယ် ဒီကောင်တော့။ လာနောက်မနေနဲ့သွား။ ဟိုမှာ ကလေးက ငိုတော့မယ်"
"သူငိုရင် သားတစ်ယောက်လုံး ရှိတယ်ချယ်"
"နင်နော် ထပ် စ'နေရင် ငါ ဌာနမှုးနဲ့ တိုင်တော့မှာ"
ချယ်က ထိုသို့ပြောလိုက်တော့ ဟိုလူကြီး ပြေးတာမှ တန်းရော။ ဝှစ်ခနဲ ပျောက်သွားတာ အမှီးတောင် မမြင်လိုက်ရဘူး။
ဘယ်လိုဖြစ်လို့ လင်းရာကိုပဲ လိုက်စ'နေလဲ မသိဘူး။ သူများ သင်္ချာကို လှလှပပ သပ်သပ်ရပ်ရပ်နဲ့ သေသေချာချာလေး တွက်ထားရတာကို ခုတော့ ဒီလူကြီးလုပ်လို့ အခြစ်ရာတွေ ထင်ကုန်ပြီ။ လူယုတ်မာကြီး။
နေ့ခင်းထမင်းစားတော့ မမားကို လာမခေါ်ရန် မက်ဆေ့ပို့လိုက်သည်။
"မမား သားသား ထူးခြားတို့နဲ့ အနောက်ကန်တင်းကို လိုက်သွားချင်လို့ သားကိုလာမခေါ်နဲ့တော့နော်"
"အင်း သားသား။ ဒါဆို မမား လာမခေါ်တော့ဘူးနော်"
"ဟုတ် မမား ချစ်တယ်"
"မမားက ပိုချစ်ပါတယ် ကလေးလေးရေ"
မမားကို မက်ဆေ့ပို့ပြီးပြီမို့ ထူးခြားတို့နဲ့ လိုက်လို့ရပါပြီ။ အနောက်ကန်တင်းမှာ မမားတို့ထိုင်တာကို လင်းရာတစ်ခါမှ မတွေ့ဖူးပေ။ ပြောင်းဖူးတို့၊ ဖရဲသီးတို့၊ သရက်သီးတို့ ထိုင်ပြီးရောင်းတဲ့ အန်တီတွေဆီမှာတော့ လာဝယ်စားတတ်သည်။
အတန်းတက်နေရတဲ့အချိန်ဆိုလျှင်လည်း နားတဲ့အချိန်ခဏလေးမှာ အနောက်ကန်တင်းက ကော်ဖီဆိုင်သေးသေးလေးမှာ ကော်ဖီလာသောက်တတ်သလို တစ်ခါတစ်ခါလေ ခေါက်ဆွဲပြုတ်လာဝယ်စားတတ်သည်။ သို့ပေသည့် Together လိုမျိုး ဆိုင်ကြီးမှာတော့ မထိုင်ပေ။ မမနွယ်ပြောတာတော့ ဟိုလူကြီးကြောင့်တဲ့။
ထူးခြားတို့ကတော့ အနောက်ကန်တင်းက ဦးတီးကန်တင်းမှာပဲ အများဆုံးထိုင်ကြသည်။ ဦးတီးကန်တင်းက ယောင်္ကျားလေးတွေ အများစု ထိုင်တာဖြစ်ပြီး ယောင်္ကျားလေးတွေရဲ့စုရပ်ဆိုလည်း မမှားပေ။ ဦးတီးဆိုင်မှာ ထမင်းစားကြသလို ထမင်းမစားဘဲ ဇယ်တောက်တဲ့သူ၊ ဂစ်တာတီးကြတဲ့သူတွေလည်းရှိသည်။ တချို့ကတော့ ဖဲလည်းရိုက်ကြပေသည်။ ဖဲရိုက်တာကတော့ အပျော်သဘောမျိုးသာ အပျင်းပြေ ရိုက်ကြခြင်းပင်။
လင်းရာကတော့ ဦးတီးကန်တင်းကို Welcome အကတိုက်တုန်းက တစ်ခါသာ ရောက်ဖူးသည်။
"လင်းရာ ဘာစားမှာလဲ"
"ငါးသေတ္တာရလား"
"အန်တီရေ ငါးသေတ္တာရလား"
"ရတယ် သားထူးရေ"
"ထမင်းဖြူ ငါးသေတ္တာတစ်ပွဲပေးပါ တီတီ"
"ထမင်းဖြူမစားချင်ဘူး သာထူး။ ပုန်ရည်ကြီး ထမင်းနယ်စားချင်တာ ပုန်းရည်ကြီး များများလေးနဲ့ နယ်ပေးပါလို့ ပြောပေး"
"အန်တီရေ ထမင်းဖြူမယူတော့ဘူး ပုန်းရည်ကြီး ထမင်းနယ်။ ပုန်းရည်ကြီးများများလေးနော်"
"ရပါမယ်ရှင့်။ ငါးသေတ္တာရော ယူဦးမှာလားသားထူး"
"ဟုတ်"
ခုမှလာစားဖူးသည့် လင်းရာအတွက် သာထူးကမှာပေးလေသည်။
"သာထူး"
"ဟေ"
"ဇယ်တောက်ရအောင်"
"အင်း။ ရှူံးတဲ့သူ ခုစားတဲ့ထမင်းဖိုး ရှင်းကြေး"
"Ok။ မင်း ရှုံးရင် မညစ်နဲ့နော်သာထူး"
"အေးပါကွာ။ ငါယောင်္ကျားပါကွ"
"အဲ့ယောင်္ကျားပါကွဆိုတဲ့အပြောကို ကြောက်တာ"
သာထူးနဲ့ ထူးခြား ဇယ်တောက်တာကို လင်းရာက ဘေးမှာ ထိုင်ကြည့်နေရသည်။ သာထူးက ဇယ်ဖြူတောက်ရမှာ ဖြစ်ပြီး ထူးခြားကတော့ အနီတောက်ရမှာပါ။
အနေအထားအရတော့ သာထူးကရှုံးတော့မှာပါ။ ထူးခြားတောက်ရမယ့်ဇယ်က ၁၉အပါအဝင် သုံးလုံးသာကျန်တော့သည်။ အနီဇယ်တစ်လုံးနဲ့ ၁၉ကို တောက်ပြီးတာနဲ့ နောက်ဆုံးဇယ်ကို တောက်ရတော့မှာပါ။
ထူးခြား တောက်လိုက်တဲ့ ဇယ်တစ်လုံးဝင်သွားတော့ သာထူးက ဇယ်တွေကို လက်နဲ့မွှေနှောက်လိုက်ပြီး ပွဲဖျက်လိုက်ပါတော့သည်။
"သာထူးအောင် မင်းအကျင့်ယုတ်ပြန်ပြီ ခွေးကောင်။ မင်းပြောတော့ ငါယောင်္ကျားပါဆို။ မင်းအခု ယောင်္ကျားမဟုတ်ဘူးလား"
"ယောင်္ကျားတော့ ယောင်္ကျား မင်းယောင်္ကျား ဟဲဟဲ"
"သာထူးအောင်"
တော်ရုံဆို စိတ်မဆိုးတတ်တဲ့ ထူးခြားက ထအော်လိုက်တာမို့ လင်းရာလည်း လန့်သွားရသလို သာထူးလည်း လန့်ပြီး မျက်နှာလေး ငယ်သွားပါတော့တယ်။
သာထူးမျက်နှာငယ်သွားတော့လည်း ထူးခြားစိတ်မကောင်းပေ။ အမြဲတမ်း စကားကို တည်တည်တံ့တံ့ မပြောဘဲ နောက်ပြောင်နေတာကို ထူးခြားမကြိုက်တာပါ။
"မင်းကလည်း ငါကစတာကို"
"အေး ငါကမင်းယောင်္ကျားဆိုလည်း ငါကအပေါ်က မင်းက ငါ့မိန်းမလုပ်ပြီး အောက်မှာပဲနေ Ok"
"ခွေးကောင် . . . ချီးပဲ . . .ပြောချလိုက်တာ တစ်တစ်ခွခွ မိုက်ရိုင်းလိုက်တာ"
"ဒါမျိုးကြ နာတတ်တယ်"
သာထူးနဲ့ ထူးခြားက ချစ်ချင်လျှင်လည်း သူများထက်ပိုချစ်ကြသလို ရန်ဖြစ်ပြီဆိုလျှင်လည်း ဘာမဟုတ်တာလေးနဲ့ထပြီး စကားများတတ်ကြပေသည်။
"ကဲပါကွာ တော်ပါတော့။ ဘာမှလည်း မဟုတ်ဘဲနဲ့ အနိုင်လုနေကြတယ်။ သာထူးကလည်း လွန်တယ်"
"ဘာလွန်တာလဲ . . . လင်းရာ . . . မင်းနော် . . . သူငယ်ချင်း အချင်းချင်းကို မျက်နှာလိုက်ပြန်ပြီ"
"ဘယ်မှာ လိုက်လို့လဲ။ မင်းအကျင့်ယုတ်တာ သိသာနေတာကို"
"ယုတ်မှာပေါ့ သူနဲ့ငါ လက်ရည်ချင်းမှ မမျှတာ"
"လက်ရည်ချင်းမမျှလို့ ထူးခြားက မင်းကို ငါးလုံးကျောတောင် ပေးထားတာလေ"
"ဒါပေမဲ့လည်း မမျှတာက မမျှတာပဲ"
"အကျင့်ယုတ်ရင် ယုတ်တယ်ပေါ့"
သာထူးနဲ့ ထူးခြားရဲ့ ရန်ဝိုင်းကနေ လင်းရာနဲ့ သာထူးရဲ့ ရန်ပွဲအဖြစ် ပြောင်းလဲသွားပါတော့သည်။
"အေး ဟုတ်ပြီ ငါနဲ့လက်ရည်ချင်း မမျှရင် မင်း လင်းရာနဲ့ တောက်မလား"
"တကယ်လား"
"အေး တကယ်။ လင်းရာကို မင်းအကျောလည်း ပေးစရာမလိုသလို မင်းကိုလည်း မပေးဘူး"
"ဖြစ်တယ် ဟျောင့်"
"အေး မင်းဒီတစ်ခါ ညစ်ရင် ငါတကယ်ထထိုးမှာ"
"ဟုတ်တယ် ငါလည်းထိုးမှာ"
"နေပါဦး လင်းရာ။ မင်းသူငယ်ချင်းက ထူးခြားတစ်ယောက်ထဲ မဟုတ်ဘူးနော်။ ငါနဲ့လည်း သူငယ်ချင်း အရင်းကြီး။ ပြီးတော့ မင်းနဲ့ငါ တစ်ဆောင်ထဲ တူတူနေတာ"
"ငါက သူတော်ကောင်းလေးမို့ အကျင့်ယုတ်တဲ့သူကို အကျင့်ယုတ်သလို ဆက်ဆံတာကွာ"
"ဟားးဟားး သာထူးတို့ လင်းရာနဲ့မှပဲ ခံရတော့တယ်"
လင်းရာ အပြောကို ထူးခြားက သဘောတကျရယ်ပါတော့သည်။
လင်းရာ ဇယ်တောက်တတ်တာကို သာထူးမသိပေ။ လင်းရာက တော်တော်များများကို မသိတာကြောင့် ဇယ်တောက်တာလည်း မသိလောက်ဘူးဟု သာထူးက ယူဆလိုက်ပုံပင်။ လင်းရာ ဇယ်မတောက်တတ်ဘူးလို့ထင်ပြီး သူအနိုင်ရမည်ဟု အပိုင်တွေးထားသည့်ပုံပါပဲ။ ခက်တာက လင်းရာတို့အိမ်မှာ ဇယ်ခုံအပိုင်ရှိသလို မမားနဲ့လင်းရာတို့ အားတိုင်း ဇယ်တောက်ဖြစ်ကြသည်။
ဇယ်တောက်ပြီး သိပ်မကြာခင်မှာ လင်းရာက ဇယ်ခြောက်လုံး သွင်းပြီးပေပြီ။
"လင်းရာ"
"ဘာလဲ"
"မင်းဇယ်တောက်တတ်တယ်မို့လား"
"အင်း"
"ငါ့ကိုလည်း မပြောဘူး"
"မေးလို့လား"
"ငါက မင်းဇယ်မတောက်တတ်ဘူး ထင်လို့လေ။ ဒါ မင်းငါ့ကို သက်သက်ညစ်တာ"
"သာထူး မင်း အကျင့်ယုတ်မယ် မကြံနဲ့နော်။ ဒီတစ်ခါဆို တကယ်ထထိုးတော့မှာ"
လင်းရာ ထိုသို့ပြောလိုက်မှပင် ဆူပုတ်ပုတ်နဲ့ ငြိမ်သွားတော့သည်။
လင်းရာ ဇယ်တောက်ဖို့ လေးလုံးသာကျန်တော့သည် လင်းရာရဲ့အရှေ့က လက်ရင်းထိုးဖြစ်နေတဲ့ ဇယ်ကို တောက်ချလိုက်တော့ လမ်းခုလတ်မှာ ဖြတ်ယူခံလိုက်ရသည်။
"သာထူးးးး"
"ငါမဟုတ်ဘူး လင်းရာ"
လင်းရာ စိတ်တိုပြီးအော်လိုက်တော့ သာထူးက ပြာပြာသလဲ ငြင်းရှာသည်။
"ဘယ်သူလဲ"
"ငါ"
ရင်းရင်းနှီးနှီး ကြားဖူးနေတဲ့ အသံမို့ မော့ကြည့်လိုက်တော့ ဟိုလူကြီး။
"ခင်ဗျားကြီး"
"အင်း ကိုယ်ပါ ဘေဘီ"
"ဘယ်လိုဖြစ်လို့ ကျွန်တော့ပဲ လာရှုပ်နေတာလဲ"
"ရှုပ်ချင်လို့လေ"
"လူယုတ်မာကြီး"
ကိုင်ထားတဲ့ ဆိုက်ကာကို ပြစ်ချပြီး လင်းရာတို့ပထမထိုင်တဲ့ စားပွဲကိုပြန်ပြီး ထမင်းစားဖို့ ထလိုက်သည်။
"ဘယ်လဲ"
"ထမင်းစားမလို့"
ဘယ်လို ကလေးလေးလဲ။ စစ်ပိုင်မေးတော့လည်း မျက်နှာလေးဆူပုတ်ထားပေမယ့် ကောင်းကောင်းမွန်မွန် ပြန်ဖြေပါသည်။ တစ်ခြားသူသာဆို သူတို့ကို စ'လိုက်လို့ စိတ်ဆိုးသွားတဲ့အချိန် ထိုသို့မေးလိုက်လျှင် "ကိုယ့်ဘာကိုယ် ဘယ်သွားသွားပေါ့" လို့ ပြန်ဖြေမှာ အသေအချာပင်။ ဒီကောင်လေးကတော့ ထိုသို့မဟုတ်ပေ။ ဒီကလေး စစ်ပိုင်ကို အမြဲထူးဆန်းမှုတွေ ပေးသည်။
"ကိုကြီး စစ်ပိုင် ကျေးဇူးနော်"
သာထူးဆိုသည့်ကောင်လေးက နေရာကထပြီး ထွက်သွားခါနီး အပျော်ကြီးပျော်နေသည့် မျက်နှာနှင့် စစ်ပိုင်နားနားကို ကပ်ပြီး ကျေးဇူးတင်စကား ဆိုလာသည်။
"ဘာလို့လဲ"
"ကျွန်တော်တို့ ထမင်းဝိုင်းရှင်းပေးကြေး တောက်နေတာ။ ကိုကြီး လုပ်လိုက်လို့ ကျွန်တော် သူတို့ကို ကျွေးစရာမလိုတော့ဘူး ဟီးဟီး"
"ဪ. . ."
ဒါ့ကြောင့် မျက်နှာက ဆူပုတ်ပြီး စိတ်ဆိုးသွားတာကိုး။
Tue, Jun 29 (29/6/2021/Tue)
***************
#Zawgyi
Happy New Year ရယ္၊ စေန တနဂၤေႏြ ေက်ာင္းပိတ္ရက္ရယ္၊ လြတ္လပ္ေရးေန႔ရယ္က ဆက္သြားတာမို႔ လင္းရာနဲ႔မမား အိမ္ျပန္ျဖစ္ခဲ့ၾကသည္။
ဒီေန႔ေက်ာင္းျပန္တက္ရေတာ့ မတက္ခ်င္ဘဲ ပ်င္းေနၿပီး အိမ္ျပန္ခ်င္ေနပါၿပီ။ ျပတင္းေပါက္နားမွာ ထိုင္တာေၾကာင့္ ေကာ္ရစ္တာက ျဖတ္သြားသမၽွလူတိုင္းကို ျမင္ေနရတာမို႔ လိုက္ေငးေနမိေတာ့သည္။
"ခ်ယ္ေရ ျပတင္းေပါက္မွာ ထိုင္ေနတဲ့ေကာင္ေလး အိပ္ငိုက္ေနပါတယ္ဗ်ိဳ႕ . . ."
"အေမ့"
အနားကပ္ၿပီး ေအာ္လိုက္တဲ့အသံေၾကာင့္ လင္းရာ လန႔္ၿပီး ေယာင္လိုက္မိတဲ့အထိပါ။
ဘယ္ေကာင္လဲကြဆိုၿပီး ေမာ့ၾကည့္မိလိုက္ေတာ့ ဟိုလူႀကီး။ ဒီလူႀကီး လူကိုေသေအာင္ သတ္ေနတာလား ဘာလား။
"ဟဲ့ . . . ငါက . . . စိတ္ဝင္စားစရာေကာင္းေအာင္ သင္ျပေပးေနလို႔ ငါ့ကေလးေတြ အိပ္ငိုက္စရာ အေၾကာင္းကို မရွိဘူးေနာ္ ဘုန္းစစ္ပိုင္။ နင္သိဖို႔ . . ."
စစ္ပိုင္နဲ႔ခ်မ္းေျမ့ ပထမႏွစ္ MP အခန္းထဲကို ဝင္ၿပီး ေနာက္ဆုံးတန္းမွာ ထိုင္လိုက္ၾကသည္။
"ဟဲ့ ဂ်ပလြတ္ေတြ ကိုယ့္အခန္းကိုယ္သြား။ သူမ်ားအခန္းထဲ လာၿပီး ဝင္ထိုင္မေနနဲ႔။ ငါစာသင္ရဦးမယ္"
"ခ်ယ္ကလည္း။ ကိုယ့္တပည့္ေလးေတြကို ႏွင္ထုတ္ရက္တယ္ေပါ့"
"ႏွင္ထုတ္႐ုံနဲ႔မရရင္ ရိုက္ထုတ္ဖို႔လည္း အစီအစဥ္ရွိတယ္"
"လုပ္ရက္တယ္ေပါ့ေလ"
"ဟိုဘက္ကမ္းေတာင္ လြန္ေနေသးတယ္"
"မယုံေပါင္။ ခ်ယ္ကဒီေလာက္လွတာ စိတ္သေဘာထား အဲ့ေလာက္မဆိုးဘူးဆိုတာ သိၿပီးသား ဟဲဟဲ"
"ေနပါဦး ဒီေကာင္ေတြ ငါကသေဘာေကာင္းလြန္းလို႔ ငါ့အခ်ိန္ပဲ စ'ေနာက္ရဲၾကတာလားေဟ။ ဟုတ္လား ကေလးေတြ"
"မဟုတ္ဘူးခ်ယ္။ ခ်ယ့္တစ္ေယာက္ထဲပဲ စ'တာမဟုတ္ဘူး။ အဲ့အစ္ကိုေတြ မစ'ရဲတာဆိုလို႔ ဌာနမႉး အခ်ိန္ပဲရွိတယ္"
"ဪ . . . ဘုန္းစစ္ပိုင္တို႔ ေဒၚခင္လဲ့လဲ့သူၾက ေၾကာက္တယ္ေပါ့ေလ။ ေအးေလ အဲ့ဒါမွ မေၾကာက္ရင္လည္း နင္အတီးခံရဖို႔ပဲ ရွိတယ္"
"ဟီးးးး"
"အဲ့ဒါဆို ငါ နင့္ေမ . . . ."
"ခ်ယ္"
ခ်ယ့္စကားကို႔ ျဖတ္ၿပီး စစ္ပိုင္အလုအယက္ေခၚလိုက္ရသည္။ ၿပီးေတာ့ ခ်ယ့္ကို မ်က္လုံးတစ္ဖက္ မွိတ္ျပလိုက္ေတာ့ ခ်ယ္ကရယ္ေလသည္။
"ေအးပါ ေအးပါ နင္ ဒါၾက ေၾကာက္တယ္ေပါ့"
"အဟီးးးးဟုတ္။ သားတို႔ သြားေတာ့မယ္ေနာ္ခ်ယ္"
"ႂကြ ႂကြ အျမန္ႂကြပါ အရႈပ္ထုပ္တို႔ေရ"
"သြားၿပီေနာ္ . . . ဟိုျပတင္းေပါက္က အိပ္ငိုက္ေနတဲ့ေကာင္ေလး။ စာေသခ်ာလိုက္လုပ္"
သြားခါနီး လင္းရာကိုပါ စ'သြားေသးတာေၾကာင့္ လင္းရာ စူပုတ္ၿပီး မ်က္ေစာင္းထိုးလိုက္ေတာ့ ပါးေပၚက ပါးခ်ိဳင့္ႀကီး ခြက္ဝင္ေအာင္ ရယ္ျပသြားေသးသည္။ ဘယ္လို လူႀကီးတုန္း။
တကယ္ေတာ့ စစ္ပိုင္တို႔ ေယာကၤ်ားေလးအိမ္သာကို လာၾကတာပါ။ ပထမႏွစ္MPခန္းက စစ္ပိုင္တို႔အခန္းႏွင့္ အိမ္သာၾကားတြင္ ရွိေနေသာေၾကာင့္ အိမ္သာသြားလို႔ ထိုအခန္းေရွ႕က ျဖတ္ေလၽွာက္တိုင္း ထိုကေလးကို ျမင္ေနရသည္။
အိမ္သာထဲတြင္ စီးကရက္ တစ္လိပ္ေလာက္ထိုင္ေသာက္ၿပီး အခန္းထဲကို ျပန္လာခဲ့ၾကသည္။ ပထမႏွစ္အခန္းေရွ႕ကိုေရာက္ေတာ့ စာေရးေနတဲ့ ကေလးေလးကို စခ်င္စိတ္ေပါက္လာျပန္သည္။
ထိုေၾကာင့္ ေဘာပင္ကိုထုတ္ၿပီး ေကာ္ရစ္တာမွာရပ္ကာ ျပတင္းေပါက္မွေန၍ ထိုကေလးရဲ့ စာအုပ္ထဲကို ျခစ္လိုက္သည္။
"ဟာ"
လင္းရာစာအုပ္ကို ေဘာပင္နဲ႔ ျခစ္ခံလိုက္ရတာေၾကာင့္ ေအာ္လိုက္မိေတာ့ အေရွ႕မွာ စာသင္ေနသည့္ ခ်ယ္က လွည့္ၾကည့္လာသည္။
"သားေလး ဘာျဖစ္တာလဲ"
"ခ်ယ္"
"အင္း"
ငိုမဲ့မဲ့ေလးနဲ႔ ခ်ယ္လို႔ ေခၚလာတဲ့ကေလးက ျပတင္းေပါက္ကို လက္ညႇိုးညႊန္ျပလာတာမို႔ လွမ္းၾကည့္လိုက္သည္။
"ဘုန္းစစ္ပိုင္"
"ဗ်ာ ခ်ယ္"
"ကေလးကို ဘယ္လိုျဖစ္လို႔ လိုက္စေနလဲ"
"ခ်စ္လို႔"
"ေသေတာ့မယ္ ဒီေကာင္ေတာ့။ လာေနာက္မေနနဲ႔သြား။ ဟိုမွာ ကေလးက ငိုေတာ့မယ္"
"သူငိုရင္ သားတစ္ေယာက္လုံး ရွိတယ္ခ်ယ္"
"နင္ေနာ္ ထပ္ စ'ေနရင္ ငါ ဌာနမႈးနဲ႔ တိုင္ေတာ့မွာ"
ခ်ယ္က ထိုသို႔ေျပာလိုက္ေတာ့ ဟိုလူႀကီး ေျပးတာမွ တန္းေရာ။ ဝွစ္ခနဲ ေပ်ာက္သြားတာ အမွီးေတာင္ မျမင္လိုက္ရဘူး။
ဘယ္လိုျဖစ္လို႔ လင္းရာကိုပဲ လိုက္စ'ေနလဲ မသိဘူး။ သူမ်ား သခၤ်ာေလး လွလွပပ သပ္သပ္ရပ္ရပ္ ေသေသခ်ာခ်ာေလးတြက္ထားတာကို ခုေတာ့ ဒီလူႀကီးလုပ္လို႔ အျခစ္ရာေတြ ထင္ကုန္ၿပီ။ လူယုတ္မာႀကီး။
ေန႔ခင္းထမင္းစားေတာ့ မမားကို လာမေခၚရန္ မက္ေဆ့ပို႔လိုက္သည္။
"မမား သားသား ထူးျခားတို႔နဲ႔ အေနာက္ကန္တင္းကို လိုက္သြားခ်င္လို႔ သားကိုလာမေခၚနဲ႔ေတာ့ေနာ္"
"အင္း သားသား။ ဒါဆို မမား လာမေခၚေတာ့ဘူးေနာ္"
"ဟုတ္ မမား ခ်စ္တယ္"
"မမားက ပိုခ်စ္ပါတယ္ ကေလးေလးေရ"
မမားကို မက္ေဆ့ပို႔ၿပီးၿပီမို႔ ထူးျခားတို႔နဲ႔ လိုက္လို႔ရပါၿပီ။ အေနာက္ကန္တင္းမွာ မမတို႔ထိုင္တာ လင္းရာတစ္ခါမွ မေတြ႕ဖူးေပ။ ေျပာင္းဖူးတို႔၊ ဖရဲသီးတို႔၊ သရက္သီးတို႔ ထိုင္ၿပီးေရာင္းတဲ့ အန္တီေတြဆီမွာေတာ့ လာဝယ္စားတတ္သည္။
အတန္းတက္ေနရတဲ့အခ်ိန္ဆိုလၽွင္လည္း နားတဲ့အခ်ိန္ခဏေလးမွာ အေနာက္ကန္တင္းက ေကာ္ဖီဆိုင္ေသးေသးေလးမွာ ေကာ္ဖီလာေသာက္တတ္သလို တစ္ခါတစ္ခါေလ ေခါက္ဆြဲျပဳတ္လာဝယ္စားတတ္သည္။ သို႔ေပသည့္ Together လိုမ်ိဳး ဆိုင္ႀကီးမွာေတာ့ မထိုင္ေပ။ မမႏြယ္ေျပာတာေတာ့ ဟိုလူႀကီးေၾကာင့္တဲ့။
ထူးျခားတို႔ကေတာ့ အေနာက္ကန္တင္းက ဦးတီးကန္တင္းမွာပဲ အမ်ားဆုံးထိုင္ၾကသည္။ ဦးတီးကန္တင္းက ေယာကၤ်ားေလးေတြ အမ်ားစု ထိုင္တာျဖစ္ၿပီး ေယာကၤ်ားေလးေတြရဲ့စုရပ္ဆိုလည္း မမွားေပ။ ဦးတီးဆိုင္မွာ ထမင္းစားၾကသလို ထမင္းမစားဘဲ ဇယ္ေတာက္တဲ့သူ၊ ဂစ္တာတီးၾကတဲ့သူေတြလည္းရွိသည္။ တခ်ိဳကေတာ့ ဖဲလည္းရိုက္ၾကေပသည္။ ဖဲရိုက္တာကေတာ့ အေပ်ာ္သေဘာမ်ိဳးသာ အပ်င္းေၿပ ရိုက္ၾကျခင္းပင္။
လင္းရာ ဦးတီးကန္တင္းကို Welcome အကတိုက္တုန္းက တစ္ခါသာ ေရာက္ဖူးသည္။
"လင္းရာ ဘာစားမွာလဲ"
"ငါးေသတၱာရလား"
"အန္တီေရ ငါးေသတၱာရလား"
"ရတယ္ သားထူးေရ"
"ထမင္းျဖဴ ငါးေသတၱာတစ္ပြဲေပးပါ တီတီ"
"ထမင္းျဖဴမစားခ်င္ဘူး သာထူး။ ပုန္ရည္ႀကီး ထမင္းနယ္စားခ်င္တာ ပုန္းရည္ႀကီး မ်ားမ်ားေလးနဲ႔ နယ္ေပးပါလို႔ ေျပာေပး"
"အန္တီေရ ထမင္းျဖဴမယူေတာ့ဘူး ပုန္းရည္ႀကီး ထမင္းနယ္။ ပုန္ရည္းႀကီးမ်ားမ်ားေလးေနာ္"
"ရပါမယ္ရွင့္။ ငါးေသတၱာေရာ ယူဦးမွာလားသားထူး"
"ဟုတ္"
ခုမွလာစားဖူးသည့္ လင္းရာအတြက္ သာထူးကမွာေပးေလသည္။
"သာထူး"
"ေဟ"
"ဇယ္ေတာက္ရေအာင္"
"အင္း။ ရႉံးတဲ့သူ ခုစားတဲ့ထမင္းဖိုး ရွင္းေၾကး"
"Ok။ မင္း ရႈံးရင္ မညစ္နဲ႔ေနာ္"
"ေအးပါကြာ။ ငါေယာကၤ်ားပါကြ"
"အဲ့ေယာကၤ်ားပါကြဆိုတဲ့အေျပာကို ေၾကာက္တာ"
သာထူးနဲ႔ ထူးျခား ဇယ္ေတာက္တာကို လင္းရာက ေဘးမွာ ထိုင္ၾကည့္ေနရသည္။ သာထူးက ဇယ္ျဖဴေတာက္ရမွာ ျဖစ္ၿပီး ထူးျခားက အနီေတာက္ရမွာပါ။
အေနအထားအရေတာ့ သာထူးကရႈံးေတာ့မွာပါ။ ထူးျခားေတာက္ရမယ့္ ဇယ္က ၁၉အပါအဝင္ သုံးလုံးသာက်န္ေတာ့သည္။ အနီဇယ္တစ္လုံးနဲ႔ ၁၉ကိုေတာက္ၿပီးတာနဲ႔ ေနာက္ဆုံးဇယ္ကို ေတာက္ရေတာ့မွာပါ။
ထူးျခား ေတာက္လိုက္တဲ့ ဇယ္တစ္လုံးဝင္သြားေတာ့ သာထူးက ဇယ္ေတြကို လက္နဲ႔ေမႊေႏွာက္ျပစ္ၿပီး ပြဲဖ်က္လိုက္ပါေတာ့သည္။
"သာထူးေအာင္ မင္းအက်င့္ယုတ္ျပန္ၿပီ ေခြးေကာင္။ မင္းေျပာေတာ့ ငါေယာကၤ်ားပါဆို။ မင္းအခု ေယာကၤ်ားမဟုတ္ဘူးလား"
"ေယာကၤ်ားေတာ့ ေယာကၤ်ား မင္းေယာကၤ်ား ဟဲဟဲ"
"သာထူးေအာင္"
ေတာ္႐ုံဆို စိတ္မဆိုးတတ္တဲ့ ထူးျခားက ထေအာ္လိုက္တာမို႔ လင္းရာလည္း လန႔္သြားရသလို သာထူးလည္း လန႔္ၿပီး မ်က္ႏွာေလး ငယ္သြားပါေတာ့တယ္။
သာထူးမ်က္ႏွာငယ္သြားေတာ့လည္း ထူးျခားစိတ္မေကာင္းေပ။ အျမဲတမ္း စကားကို တည္တည္တံ့တံ့ မေျပာဘဲ ေနာက္ေျပာင္ေနတာကို ထူးျခားမႀကိဳက္တာပါ။
"မင္းကလည္း ငါကစတာကို"
"ေအး ငါကမင္းေယာကၤ်ားဆိုလည္း ငါကအေပၚက မင္းက ငါ့မိန္းမလုပ္ၿပီး ေအာက္မွာပဲေန Ok"
"ေခြးေကာင္ . . . ခ်ီးပဲ . . .ေျပာခ်လိုက္တာ တစ္တစ္ခြခြ မိုက္ရိုင္းလိုက္တာ"
"ဒါမ်ိဳးၾက နာတတ္တယ္"
သာထူးနဲ႔ ထူးျခားက ခ်စ္ခ်င္လၽွင္လည္း သူမ်ားထက္ပိုခ်စ္ၾကသလို ရန္ျဖစ္ၿပီဆိုလၽွင္လည္း ဘာမဟုတ္တာေလးနဲ႔ထၿပီး စကားမ်ားတတ္ၾကေပသည္။
"ကဲပါကြာ ေတာ္ပါေတာ့။ ဘာမွလည္း မဟုတ္ဘဲနဲ႔ အနိုင္လုေနၾကတယ္။ သာထူးကလည္း လြန္တယ္"
"ဘာလြန္တာလဲ . . . လင္းရာ . . . မင္းေနာ္ . . . သူငယ္ခ်င္း အခ်င္းခ်င္းကို မ်က္ႏွာလိုက္ျပန္ၿပီ"
"ဘယ္မွာ လိုက္လို႔လဲ။ မင္းအက်င့္ယုတ္တာ သိသာေနတာကို"
"ယုတ္မွာေပါ့ သူနဲ႔ငါ လက္ရည္ခ်င္းမွ မမၽွတာ"
"လက္ရည္ခ်င္းမမၽွလို႔ ထူးျခားက မင္းကို ငါးလုံးေက်ာေတာင္ ေပးထားတာေလ"
"ဒါေပမဲ့လည္း မမၽွတာက မမၽွတာပဲ"
"အက်င့္ယုတ္ရင္ ယုတ္တယ္ေပါ့"
သာထူးနဲ႔ ထူးျခားရဲ့ ရန္ဝိုင္းကေန လင္းရာနဲ႔ သာထူးရဲ့ ရန္ပြဲအျဖစ္ ေျပာင္းလဲသြားပါေတာ့သည္။
"ေအး ဟုတ္ၿပီ ငါနဲ႔လက္ရည္ခ်င္း မမၽွရင္ မင္း လင္းရာနဲ႔ ေတာက္မလား"
"တကယ္လား"
"ေအး တကယ္။ လင္းရာကို မင္းအေက်ာလည္း ေပးစရာမလိုသလို မင္းကိုလည္း မေပးဘူး"
"ျဖစ္တယ္ ေဟ်ာင့္"
"ေအး မင္းဒီတစ္ခါ ညစ္ရင္ ငါတကယ္ထထိုးမွာ"
"ဟုတ္တယ္ ငါလည္းထိုးမွာ"
"ေနပါဦး လင္းရာ။ မင္းသူငယ္ခ်င္းက ထူးျခားတစ္ေယာက္ထဲ မဟုတ္ဘူးေနာ္။ ငါနဲ႔လည္း သူငယ္ခ်င္း အရင္းႀကီး။ ၿပီးေတာ့ မင္းနဲ႔ငါ တစ္ေဆာင္ထဲ တူတူေနတာ"
"ငါက သူေတာ္ေကာင္းေလးမို႔ အက်င့္ယုတ္တဲ့သူကို အက်င့္ယုတ္သလိုဆက္ဆံတာကြာ"
"ဟားးဟားး သာထူးတို႔ လင္းရာနဲ႔မွပဲ ခံရေတာ့တယ္"
လင္းရာ အေျပာကို ထူးျခားက သေဘာတက်ရယ္ပါေတာ့သည္။
လင္းရာ ဇယ္ေတာက္တတ္တာကို သာထူးမသိေပ။ လင္းရာက ေတာ္ေတာ္မ်ားမ်ားကို မသိတာေၾကာင့္ ဇယ္ေတာက္တာလည္း မသိေလာက္ဘူးဟု သာထူးက ယူဆလိုက္ပုံပင္။ လင္းရာ ဇယ္မေတာက္တတ္ဘူးလို႔ထင္ၿပီး သူအနိုင္ရမည္ဟု အပိုင္ေတြးထားသည့္ပုံပါပဲ။ ခက္တာက လင္းရာတို႔အိမ္မွာ ဇယ္ခုံအပိုင္ရွိသလို မမားနဲ႔လင္ရာ အားတိုင္း ဇယ္ေတာက္ျဖစ္ၾကသည္။
ဇယ္ေတာက္ၿပီး သိပ္မၾကာခင္မွာ လင္းရာက ဇယ္ေျခာက္လုံး သြင္းၿပီးေပၿပီ။
"လင္းရာ"
"ဘာလဲ"
"မင္းဇယ္ေတာက္တတ္တယ္မို႔လား"
"အင္း"
"ငါ့ကိုလည္း မေျပာဘူး"
"ေမးလို႔လား"
"ငါက မင္းဇယ္မေတာက္တတ္ဘူး ထင္လို႔ေလ။ ဒါ မင္းငါ့ကို သက္သက္ညစ္တာ"
"သာထူး မင္း အက်င့္ယုတ္မယ္ မႀကံနဲ႔ေနာ္။ ဒီတစ္ခါဆို တကယ္ထထိုးေတာ့မွာ"
လင္းရာ ထိုသို႔ေျပာလိုက္မွပင္ ဆူပုတ္ပုတ္နဲ႔ ၿငိမ္သြားေတာ့သည္။
လင္းရာ ဇယ္ေတာက္ဖို႔ ေလးလုံးသာက်န္ေတာ့သည္ လင္းရာရဲ့အေရွ႕က လက္ရင္းထိုးျဖစ္ေနတဲ့ ဇယ္ကို ေတာက္ခ်လိုက္ေတာ့ လမ္းခုလတ္မွာ ျဖတ္ယူခံလိုက္ရသည္။
"သာထူးးးး"
"ငါမဟုတ္ဘူး လင္းရာ"
လင္းရာ စိတ္တိုၿပီးေအာ္လိုက္ေတာ့ သာထူးက ျပာျပာသလဲ ညင္းရွာသည္။
"ဘယ္သူလဲ"
"ငါ"
ရင္းရင္းႏွီးႏွီး ၾကားဖူးေနတဲ့ အသံမို႔ ေမာ့ၾကည့္လိုက္ေတာ့ ဟိုလူႀကီး။
"ခင္ဗ်ားႀကီး"
"အင္း ကိုယ္ပါ ေဘဘီ"
"ဘယ္လိုျဖစ္လို႔ ကၽြန္ေတာ့ပဲ လာရႈပ္ေနတာလဲ"
"ရႈပ္ခ်င္လို႔ေလ"
"လူယုတ္မာႀကီး"
ကိုင္ထားတဲ့ ဆိုက္ကာကို ျပစ္ခ်ၿပီး လင္းရာတို႔ပထမထိုင္တဲ့ စားပြဲကိုျပန္ၿပီး ထမင္းစားဖို႔ ထလိုက္သည္။
"ဘယ္လဲ"
"ထမင္းစားမလို႔"
ဘယ္လို ကေလးေလးလဲ။ စစ္ပိုင္ေမးေတာ့လည္း မ်က္ႏွာေလးဆူပုတ္ထားေပမယ့္ ေကာင္းေကာင္းမြန္မြန္ ျပန္ေျဖပါသည္။ တစ္ျခားသူသာဆို သူတို႔ကို စ'လိုက္လို႔ စိတ္ဆိုးသြားတဲ့အခ်ိန္ ထိုသို႔ေမးလိုက္လၽွင္ "ကိုယ့္ဘာကိုယ္ ဘယ္သြားသြားေပါ့" လို႔ ျပန္ေျဖမွာ အေသအခ်ာပင္။ ဒီေကာင္ေလးကေတာ့ ထိုသို႔မဟုတ္ေပ။ ဒီကေလး စစ္ပိုင္ကို အျမဲထူးဆန္းမႈေတြ ေပးသည္။
"ကိုႀကီး စစ္ပိုင္ ေက်းဇူးေနာ္"
သာထူးဆိုသည့္ေကာင္ေလးက ေနရာကထၿပီး ထြက္သြားခါနီး အေပ်ာ္ႀကီးေပ်ာ္ေနသည့္ မ်က္ႏွာႏွင့္ စစ္ပိုင္နားနားကို ကပ္ၿပီး ေက်းဇူးတင္စကား ဆိုလာသည္။
"ဘာလို႔လဲ"
"ကၽြန္ေတာ္တို႔ ထမင္းဝိုင္းရွင္းေပးေၾကး ေတာက္ေနတာ။ ကိုႀကီး လုပ္လိုက္လို႔ ကၽြန္ေတာ္ သူတို႔ကို ေကၽြးစရာမလိုေတာ့ဘူး ဟီးဟီး"
"ဪ. . ."
ဒါ့ေၾကာင့္ မ်က္ႏွာက ဆူပုတ္ၿပီး စိတ္ဆိုးသြားတာကိုး။
Tue, Jun 29 (29/6/2021/Tue)
***************