Commando🍁(Complete)
NandarMyintMoh tarafından
38.1K 3K 276
Zawgyi~ #Seke &Seke -ဘုန်းဆက်ရှိန်ဝါ (Zeus) -ညီစေမင်းသော်(Dragon) ဤဇာတ်လမ်းပါအကြောင်းအရာများသည်စာရေးသူ၏စိတ်... Daha Fazla
Author Content
P - 1🍁
P - 2🍁
P - 3🍁
M /P - 4🍁
P - 5🍁
P - 6🍁
P - 7🍁
P - 8🍁
P - 9🍁
P - 10🍁
P - 11🍁
P - 12🍁
P - 13🍁
P - 14🍁
P - 15🍁
P - 16🍁
P - 18🍁
P - 19🍁
P - 20🍁
M/ P - 21🍁
P - 22🍁
R 🚨 /P - 23🍁
P - 24🍁
P - 25🍁
M / P - 26🍁
P - 27 🍁
Not Update🍀တောင်းပန်စာ
P - 28🍁
R🚨 / P - 29 🍁
R🚨/ P - 30🍁
P - 31🍁
P - 32 🍁
P - 33🍁
P - 34🍁
P - 35🍁
P -36🍁 {Zawgyi}
P - 36🍁{Unicode}
M/ P - 37🍁
P - 38🍁
10k Goal...
P - 39 🍁
P - 40 🍁
P - 41🍁
P - 42 🍁
P - 43 🍁
P - 44 🍁
P - 45 🍁
P - 46 🍁
P - 47 🍁Unicode -(Final)
P - 47🍁Zawgyi (Final)
P - 17🍁
627 85 2
NandarMyintMoh tarafından
Zawgyi
အခန်းထဲကိုသွားကြည့်တော့ ရေခပ်ဖို့ရေသံဗုံးနှစ်ပုံးကိုတွေ့တာနဲ့ ညီစေလဲပုံးနှစ်ပုံးလုံးကိုလက်ကဆွဲပြီး ကိုက်၁၀၀အကွာအဝေးလောက်မှာရှိတဲ့ ချောင်းကိုရေခပ်ရန်ထွက်လာခဲ့လိုက်သည်။
"Dragonပြောနေပါတယ်...
"ငါ့ကိုမမေးနဲ့အုံး ငါမေးတာအရင်ဖြေ မင်းတို့နဲ့အတူ ဟိုလင်မယားပါလာလား?
"ဘာကိစ္စမလို့တုန်း!!"
"ဘာ!!
ချပြစ်မယ်ဆိုပဲ"
"ဘော ယောက်ဖပါ့လား!!!"
"အင်း"
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁
# 26.6.2021
#Nandar Myint Moh
Unicode
အခန်းထဲကိုသွားကြည့်တော့ ရေခပ်ဖို့ရေသံဗုံးနှစ်ပုံးကိုတွေ့တာနဲ့ ညီစေလဲပုံးနှစ်ပုံးလုံးကိုလက်ကဆွဲပြီး ကိုက်၁၀၀အကွာအဝေးလောက်မှာရှိတဲ့ ချောင်းကိုရေခပ်ရန်ထွက်လာခဲ့လိူက်သည်။
ရေစပ်ရောက်တာနဲ့ လက်မှာပတ်ထားတဲ့နာရီက အချက်ပြမည်လာတာက တိုက်ဆိုင်မှုရှိစွာထ မည်လာသည်။ဒါက Logoက သတင်းလှမ်းပေးချက်.....
"Dragonပြောနေပါတယ်...
"Dragon ငါKelvinရယ် မင်းတို့အခြေအနေ လှမ်းမေးတာ"
"ငါ့ကိုမမေးနဲ့အုံး ငါမေးတာအရင်ဖြေ မင်းတိူ့နဲ့အတူ ဟိုလင်မယားပါလာလား?
"သူတို့ လင်မယားကိုငါတို့ဆီမှာပဲလှို့ဝှက်ထိန်းသိမ်းထားတယ်၊ အဲ့နေ့က ငါတို့ကိုလုပ်ကြံတာက ဝန်ကြီးချုပ်ဘက်က ငါတို့တွေကော လင်မယားနှစ်ယောက်ကောကို ကိစ္စတုံးပြစ်ပြီးသက်သေခံပစ္စည်း ကိုပြန်ယူသွားဖို့လုပ်တာ"
"Laptop ကိုစစ်ကြည့်တော့ ဘာတွေလဲ?"
"မင်းကြားလိုက်ရင် လန့်သွားမှာတောင်စိုးရတယ် Dragon ငါတို့တွေသိသိချင်းတုန်းကဆို အကုန်လုံးကိုShockရသွားတာ"
"ဘာကိစ္စမလို့တုန်း!!"
ညီစေက အလောတကြီးသိလိုစိတ်ပြင်းပြစွာနှင့်တစ်ဖက်က မင်းထက်ကိုမေးလိုက်သည်။
"ဟိုတစ်နှစ်ကဖြစ်ခဲ့တဲ့ ကောင်မလေး၂ယောက်ကိုအုပ်စုဖွဲ့မဒိန်းကျင့်ပြီးအလောင်းဖျောက်ဖျက်မှုတစ်ခုဖြစ်ခဲ့တာကိုမင်းမှတ်မိလား"
"မှတ်မိတာပေါ့!!အထက်လူကြီးတွေပဲဖြေရှင်းလိုက်ပါ့မယ်ဆိုတဲ့သတင်းတွေပဲပေးခဲ့ပြီး အဲ့ရာဇဝတ်ကောင်တွေကိုဒီအတိုင်းလွှတ်ပေးထားပြီး အဲ့ကောင်တွေကိုဖင်လျက်ပေးနေတာလေ!!တောက်!!!!"
ညီစေ က အဲ့မဒိန်းမှုအကြောင်းကိုကြားမိတိုင်း ဒေါသတွေထွက်လာပြီး စိတ်တွေလဲတိုသည်။
တရားမျှတမှုမရခဲ့ပဲ ကောင်မလေးရဲ့မိဘတွေဘက်က အပြစ်မှားစွပ်စွဲပါတယ်ဆိုပြီး သူတို့သိက္ခာကျဆင်းစေတဲ့အတွက် သတင်းစာရှင်းလင်းပွဲတွေပါလုပ်ပေးပြီး တောင်းပန်စကားပါဆိုခဲ့ကြရတဲ့ ကောင်မလေး၂ယောက်ရဲ့မိဘတွေကို အခုချိန်ထိမမေ့နိုင်သေးဘူး။
တွေးမိတိုင်း လူမဆန်တဲ့အလုပ်ကိုလုပ်သွားတဲ့လူ့တိရစ္ဆာန်တွေကို အဲ့လောက် F**kချင်နေလဲကိုယ်အချင်းချင်းပြန်လုပ်ကြစမ်းဆိုပြီး စိတ်ကြွဆေးတွေနင်းကန်ပေးပြီး အခန်းထဲပိတ်ထားပြစ်ချင်တာ၊
"အဲ့ မဒိန်းမှုကိုအခုLaptopထဲမှာ ရှင်းရှင်းလင်းလင်းVideoရိုက်ကူးထားတာ"
"ဘာ!!
ညီစေ့အသံ ဘာဆိုတာက အံ့သြထိတ်လန့်မှုသာမက စိတ်တိုဒေါသထွက်နေသည်မှာအတိုင်းသားသိသာနေရသည်။မင်းထက်က လေသံအေးလေးနဲ့ဆက်ပြီးရှင်းပြလာသည်။
"ဟုတ်တယ်Dragon တရားခံတွေရဲ့မျက်နှာတွေကိုပါရှင်းရှင်းလင်းလင်းကြီးမြင်နေရတော့ သက်သေက ထင်ရှားလွန်းနေပြီလေ.....နောက်တစ်ခုက ဂျူလီယာပြောတဲ့ Softwareကိစ္စက အမှန်ပဲ ၊မှားနေတာတစ်ခုတော့ရှိတယ် အဲ့ဒါက ငွေတွေကို အသာလေးရောက်နေစေတဲ့Softwareက Laptopထဲမှာပေမယ့် Accနဲ့Passwordက ဂျူလီယာယောကျာ်းရဲ့Accဖြစ်နေတယ်၊
အဲ့ဒါကြောင့် အဲ့လင်မယားကလဲLaptopရှိမှ ပိုက်ဆံကထုပ်ရမယ်၊ဟိုလူကြီးကလဲ သူ့သားနဲ့အပေါင်းအပါတစ်စုရဲ့Videoရုပ်သံကြီးကလဲအဲ့Laptopထဲမှာပဲဖြစ်နေတော့
မင်းပြောခဲ့ဖူးတဲ့နောက်အသစ်ပြန်ဝယ်လိုက်ပေါ့ဆိုတဲ့Laptopကြီးကို လိုက်လုနေကြတာပါဗျားးးးး"
"စောက်အဆင့်အတန်းမရှိတဲ့ဟာတွေ ၊ အဲ့မိန်းမ ရုပ်ကိုကြည့်ကတည်းက ဗြောင်လိမ်ဗြောင်စားလုပ်မယ့်ရုပ်ဆိုတာသိသားပဲ၊ ငါတို့ကိုများသူ့ ပုံပြင်တွေထဲမြောသွားမယ်ထင်နေသလားပဲ !!တောက် !!!!အဲ့လင်မယားနှစ်ယောက်စလုံးကိုလုံးဝ အလွတ်မပေးနဲ့ သူ့ကိုယ်သူ ဂရုဏာရှင်မကြီးပုံစံနဲ့ သူတစ်ပါးချွေးနည်းစာတွေကော ဘာကောပြောသွားတာ သောက်ကောင်မပါးစပ်ထဲကို ရေနွေးပူသာလောင်းချပေးလိုက်စမ်း...."
"အင်းပါ ညီစေရာ အဲ့လောက်လဲဒေါသတွေထွက်မနေပါနဲ့ကွာ... မင်းအဲ့မှာရောက်နေတာလဲ တော်သေးတာပဲ ...မဟုတ်လို့ကတော့ ဒီကလင်မယားနှစ်ယောက်ကော ဟိုဝန်ကြီးရဲ့သားတွေရော မင်းနှိမ့်စက်တာနဲ့ တရားခွင်တောင်ရင်ဆိုင်လိုက်ရမယ်မထင်ဘူး ၊
"တစ်ခါတည်း သေအောင်နှိမ့်စက်ပြစ်မှာ အဲ့လူ့တိရစ္ဆာန်တွေကို!!!"
ညီစေ့ရဲ့စကားပြောတာတွေနဲ့အသက်ရှူသံခပ်ပြင်းပြင်းကိုနားထောင်ကြည့်ယုံနဲ့ဘယ်လောက်တောင်ခံပြင်းဒေါသ ထွက်နေမလဲဆိုတာ မြင်သာသည်။
"အင်းပါ ဒီက ကိစ္စတွေကိုငါနဲ့ မာန်ပြည့်ဆက်ပြီးဖြေရှင်းလိုက်မယ်၊ ကူညီပါရစေလက်ထဲထည့်လိုက်ရင် ထပ်ပြီး သက်သေပြောက်မယ့်အဖြစ်ပဲဖြစ်လိမ့်မယ် ရေများရေနိုင်ဆိုသလို ထပ်ပြီး ငွေလမ်းခင်းလိုက်ရင်ပြဿနာကဒီတိုင်းပြီးသွားမှာကြောင့် မနက်ဖြန် Online Mediaတွေကနေတရားဝင်ထုပ်ပြလိုက်မှာ၊
ဒီလိုဆိုရင်တော့ မိန်းကလေးရဲ့မိဘတွေအတွက်လဲတရားမျှတမှုရပြီးသားလဲဖြစ်၊ပြီးတော့ မုဒိန်းကောင်တွေလဲ ငြင်းချက်ထုပ်မရတော့ပဲ သက်သေသကာယနဲ့အတူထွက်လာတာဆိုတော့ ချည်ပြီးတုပ်ပြီးဖြစ်ရော ၊
ဟိုလင်မယားကိစ္စကတော့ မာန်ပြည့်နဲ့ သူ့အငယ်တွေ လုပ်နေကြတယ် ၊သူတို့လဲတစ်ညလုံးကိုမနားရသေးဘူး Accountတွေထဲပြန်လွှဲရတာက ပမာဏနဲ့ပါ သေချာစီစစ်ရတော့ တော်တော်တော့ဉီးနှောက်အလုပ်ပေးရတာပေါ့ကွာ "
မင်းထက်က စကားအရှည်ကြီးပြောပြီးတော့မှ ဘေးကရေဘူးကိုရေဖွင့်သောက်နေသံကြားနေရသည်။ မင်းထက်ကောမာန်ပြည့်ကောတော်တော်ပင်ပန်းနေကြမယ်ဆိုတာ ညီစေသိသည်။ Logo က လူတွေရဲ့ကူညီမှုနဲ့မလို့သာ အလျှင်အမြန်ဖြေရှင်းနိုင်နေတာဖြစ်သည်။
"ဒါနဲ့ငါနားမရှင်းတာတစ်ခုရှိတယ် အရာရာမှာဉီးနှောက်ကြီးလှတဲ့အဲ့လူကြီးက ဒီVideoလေးကြမှဘာလို့ဖျက်မပျက်ပဲ Laptopထဲထည့်သိမ်းထားတာလဲ!!ဘာလဲ....အဲ့Videoကိုပြန်ပြန်ကြည့်ပြီးသူကအာသာဖြေနေတာမလို့လား!!"
ညီစေက သူတစ်ချိန်လုံးမေးချင်နေတဲ့မေးခွန်းကို ဒေါသသံတွေနဲ့​မေးလာပြန်သည်။ညီစေဆိုတာက ဒေါသတအားကြီးပြီး စိတ်တိုလွယ်သည့်လူစားမျိုးလေး....
"အဲ့Videoကိုဖျက်မပြစ်တဲ့အကြောင်းက သူ့သားရဲ့အပေါင်းအသင်းတွေကလဲ အသိုင်းအဝိုင်းကြီးထဲက ငွေလျှံမျိုးရိုးတွေလေ၊ သူ့ကိုကောင်းကောင်းထောက်ပံ့မှုတွေရဖို့အတွက် အဲ့Videoနဲ့သူတို့မိဘတွေကိုထိန်းချုပ်ထားတာကွ"
"လူမဆန်တဲ့ လူ့တိရစ္ဆာန်တွေ!!!"
နေစမ်းပါဉီး မင်းကအခုငါ့ကို အများချိတ်ဆက်တဲ့ဟာနဲ့ပြောနေတာကောသတိရသေးလားKelvin!!!မင်းအမှားလုပ်ပြန်ပြီလား!!!
"ငါအမှားမလူပ်ပါဘူးကွာ ငါ့ဖုန်းနဲ့ချိတ်ပြီးမှ သီးသန့်ခေါ်တာပါ မင်းဖုန်းအသစ်ကလေးက ရှောနေခဲ့ပြီလေ "
ညီစေက Missionတစ်ခုသွားတိူင်း ဖုန်းအသစ်ပြန်ပြန်လဲတတ်သည်။ တခြားအချိန်မှာကိုင်တဲ့ဖုန်းထဲကSim Cardနဲ့နံပါတ်တူ ကဒ်နှစ်ခု လုပ်ထားပြီး တစ်ကဒ်ကိုတော့Missionတွေသွားတိုင်းဖုန်းအသစ်ဝယ်ပြီးထည့်သုံးသည်။
Missionတော်တော်များများတော့ နံပါတ်ပါအသစ်လဲပြီးကိုင်တတ်သည်။
တိုက်ကြခိုက်ကြနဲ့ ချကြပြုကြရပြီဆိုရင်ဖုန်းတွေက ဘောင်းဘီအိတ်ကပ်ထဲကနေ ပတ်ဝန်းကျင်ကိုလေ့လာဖို့ခုန်ခုန်ထွက်သွားတတ်လွန်းလို့ ဘယ်ရောက်ရောက်နေခဲ့မှန်းမသိခဲ့တဲ့ဖုန်းတွေကအများသား.....
"အင်း ငါတို့အခုဝရမ်းပြေးဖြစ်နေပြီမလား"
"ဟုတ်တယ် တစ်နိုင်ငံလုံးမင်းနဲ့Zeusရဲပုံတွေဖျန့်ထားပြီး တွေ့ရင်အကြောင်းကြားဖို့ မှာကြားထားတယ်...ခေါင်းစဉ်ကြီးကတော့ ကဗျာတော်တော်ဆန်တယ်ကွ အထက်လူကြီးရဲ့အမိန့်ကိုCommandoလုပ်တဲ့နှစ်ယောက်က မနာခံပဲ အစိုးရ အထူးတပ်ဖွဲ့ကိုပြန်လည်တိုက်ခတ်မှုနဲ့ သေဒဏ်သို့မဟုတ် တစ်သက်တစ်ကျွန်းပြစ်ဒဏ်
ချပြစ်မယ်ဆိုပဲ"
"ဟားဟားဟားးးးးးးဟားဟား ဟာသကြီး ရယ်ရတာဗိုက်တောင်နာတယ်...
Zeusနဲ့ငါနဲ့အခု လုံခြုံတဲ့နေရာမှာရောက်နေတယ် စိတ်ပူမနေနဲ့ ကိုယ့်ဝမ်းစာကိုယ်ရှာစားတတ်သေးတယ်"
"အေးပါ မင်းတို့နှစ်ယောက်လဲအချိန်ပြည့်ရန်ပဲဖြစ်မနေနဲ့.....Dragonမင်းကလေ  Crushနေတဲ့လူကို ပြေပြလေည်လည်ပြောဆိုပြီးရေလာမြောင်းပေးလုပ်ရတယ်ဆိုတာကိုမသိတာတော့မဟုတ်ဘူးမလား?"
"ဘာရေလာမြောင်းပေးလုပ်ရမှာလဲ!!သူ့လိုလူအတွက်က ဆည်ပါဆောက်ပေးမယ့်လူတွေအများကြီးနေမှာ အဲ့လို လူတွေနဲ့အတူတူငါကရေလာမြောင်းပေးသွားလုပ်ရင် ငါ့ကိုလဲသူ့ပြစ်ပယ်တဲ့လူတွေထဲကလို ဖြစ်သွားမှာပေါ့ကွ!!"
"မင်းပဲတတ်တယ်.....ဒီဘက်ကအခြေအနေငြိမ်မှငါထပ်ပြီးဆက်သွယ်လိုက်မယ် Zeusကိုလဲ Missionအကြောင်းပြောပြလိုက်အုံး "
"သူ လက်မောင်းမှာသေနတ်မှန်ထားတယ်"
"မင်းသေချာပြုစုပေးထားတယ်မလား ဒီဘက်က ကိစ္စတွေပြီးမှ ငါပြန်လာခေါ်မယ် ၊မင်းတို့ရဲ့ အချစ်ခရီးလေးကိုလွတ်လွတ်လပ်လက်ပျော်ပျော်ရွှင်ရွှင် နေခဲ့ကြ ကြားလားညီစေ ငါတို့တွေယောက်ဖလေးကိုစောင့်နေမယ်နော် "
"ဘော ယောက်ဖပါ့လား!!!"
"ဟားးးဟားးးးးဟားးးးညီစေရာ မင်းကိုယ့်ယောကျာ်းတော်ကိုသေချာဂရုစိုက်လိုက်အုံးနော် ဟားဟားဟားးးးးဘိုင်ညီစေရေ!!"""
"အင်း"
မင်းထင်ကတဟားဟားရယ်မောပြီးဖုန်းချသွားခဲ့သည်။မင်းထက်နဲ့ပြောပြီးတော့လူက တော်တော်လေးပေါ့ပါးသွားသည်။ ဒီMissionပြီးမြောက်ဖို့ ၃ပုံပုံရင်၁ပုံစာပဲကျန်တော့တယ်။ တစ်ခါတစ်လေ ကိုယ်ကိုယ်တိုင်အပြီးထိဆောင်ရွက်ရတာမဟုတ်ပဲ နောက်ကွယ်ကနေ ကာကွယ်မှုတွေပေး၊ကိုယ့်ကိုယ်ကိုယ်စတေးခံပြီး ကာကွယ်ရတဲ့အခါမျိုးလဲရှိသည်။
အခုMissionကလဲကိုယ်ကအဆုံးထိမဆောင်ရွက်ရပေမယ့် အထောက်အပံ့ကောင်းကောင်းပေးလိုက်နိုင်သည်။ကျန်တဲ့LaptopထဲကVideoကိုInternetမှာ ထုပ်လွှင့်ပြသဖို့နဲ့ Accထဲက ငွေတွေကို ပိုင်ရှင်Accတွေဆီပြန်လွှဲပေးရမည့်အလုပ်က Joleလို့ခေါ်တဲ့ အချောအလှလေးမာန်ပြည့်နဲ့ သူ့အဖွဲ့သားတွေရဲ့အလုပ်ဖြစ်သည်။
မင်းထက်ပြောခဲ့တဲ့စကားတွေကိုပြန်တွေးပြီးညီစေတစ်ယောက်ပြုံးစိပြုံးစိနဲ့မြှုံးမိတဲ့ငါးလို မျက်နှာပေးနဲ့ ချောင်းထဲဆင်းပြီးရေခပ်နေတော့သည်။
"မင်းထက်ပြောတာမှန်တယ် Laptop missionကပြီးသွားပြီ.... ဆိုတော့ကာ ညီစေမင်းသော်ရဲ့ ဘုန်းဆက်ရှိန်ဝါ၏အချစ်ရရှိရေးMissionပဲကျန်တော့တယ် ဟားဟားဟားးးးးးဘဲကြီး ခင်ဗျားဘယ်ပြေးမလဲ ကျွန်တော်ကခင်ဗျားအချစ်ကိုရအောင်ယူတော့မှာပါ ဟားဟားဟားးးးးးးး"
ချောင်းစပ်မှာအရူးလေးတစ်ယောက်လို တစ်ယောက်တည်းစကားတွေပြောနေပြီး တစ်ဟားဟားအော်ရယ်နေတဲ့ ညီစေမင်းသော်လေးဟာ ဘုန်းဆက်ရှိန်ဝါရဲ့အချစ်ကို အတင်းလက်ရဖမ်းဆီးဖို့အကြံတွေထုပ်နေတော့သည်။
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁
# 26.6.2021
#Nandar Myint Moh
I really Want your Feedback and Voting😘
Laptop Missionကတော့ပြီးသွားပါပြီ👍👊
ညီစေပြောတဲ့ ဘုန်းဆက်အချစ်ရရှိရေးMissionပဲကျန်ပါတော့တယ် 😍နောက်ပိုင်းတွေကတော့ မင်းလေးတို့နှာခေါင်းသွေးလျှံရရေးMissionတို့ ဘုန်းညီ ကားမောင်းတဲ့Missionတို့ပေါ့🤪🤒
Okumaya devam et
Bunları da Beğeneceksin
37.8M 1.1M 68
Deadly assassins Allegra and Ace have been trying in vain to kill each other for years. With a mutual enemy threatening their mafias, they find thems...