လွန်ခဲ့သော အတိတ်ဆီသို့.........
" ဆရာ ဆရာ ကျွန်တော့်စာမူလေး အချိန်ရရင်ကြည့်ပေးပါ လာ"
အရင်တစ်ခေါက်ကလိုပဲ ဒီတစ်ခေါက်လဲအငြင်းခံရအုန်းမယ်ထင်တယ် ဘာလို့ကံကြမ္မာက ကျွန်တော့်အပေါ် ရက်စက်ရတာလဲ
" အားတော့နာပါတယ်ဗျာ ကျွန်တော်တို့စာအုပ်တိုက်က Normal အတွက်စာမူကိုသာ အဓိကထားပြီးလက်ခံတာမို့ ဒီက ညီစိတ်မရှိပါနဲ့ "
" ဟုတ်ကဲ့ ဒါဆိုကျွန်တော့်ကိုခွင့်ပြုပါအုန်း "
ကျွန်တော်လဲ စားပွဲပေါ်က စာမူကိုပြန်ယူလိုက်ပြီး လက်ထဲပိုက်ကာ ပြန်ထွက်လာခဲ့ရသည်
ဘာလို့လဲ ဘာလို့လဲ ကျွန်တော်တို့လို BL ဝတ္ထုရေးတဲ့ သူတွေအတွက်တစ်ကယ်ကို နေရာမရှိတာလား
ကျွန်တော်လဲ စိတ်ပျက်စွာပင် အိမ်သို့ လမ်းလျှောက်ပြန်လာခဲ့သည် အချိန်အားဖြင့် ညနေစောင်းနေလေပြီး
လမ်းထောင့်တစ်နေရာတွင်
" ဟိတ်အချစ်လေး ဘယ်ကပြန်လာတာလဲ "
လူရမ်းကားအုပ်စုနဲ့ သွားတိုနေလေရဲ့
" ခဗျားတို့ မူးနေရင်လဲကိုယ့်လမ်းကိုယ်အေးဆေးသွားပါ "
" အချစ်လေးကလဲကွာ ကြည့်စမ်းပါအုန်း ပါးလေးက ဖြူဥနုထွတ်နေတာပဲ "
ထိုလူကကျွန်တော့်ပါးကိုလာကိုင်တော့ ကျွန်တော်လဲ ထိုလူ့မျက်နှာကို ထိုးလိုက်သည်
" ခွပ် လူယုတ်မာ"
" တောက်စ် မင်းငါ့ကိုထိုးရဲတယ် "
ထိုလူ့ကြည့်ရတာ ဒေါသအတော်ထွက်နေပုံပင် ကျွန်တော်လဲ ကြောက်ကြောက်နဲ့ ပြေးထွက်လာတော့သည်
" ဟျောင့်တွေ ဘာရပ်လုပ်နေတာလဲ သူ့နောက်လိုက်လေ "
ထိုလူတွေက ကျွန်တော့်နောက်ကိုလိုက်လာသည် ကျွန်တော်ကြောက်သည် အရေးထဲလမ်းက လူရှင်းနေလေသည်
ထောင့်တစ်နေရာရောက်တော့ တစ်ယောက်ယောက်က ကျွန်တော့်လက်ကို လှမ်းဆွဲခြင်းခံလိုက်ရသည်
အခု ကျွန်တော်သူ့ရင်ခွင်ထဲရောက်နေသည် သူ့ရဲ့ရင်ခုန်သံကို ကျွန်တော်ကြားနေရသည် ကျွန်တော့်ရင်တွေလဲ သူနဲ့ထပ်တူ ခုန်နေမိသည်
"ကျစ် ဘယ်ရောက်သွားတာလဲ ကွာ "
ခဏနေတော့ ဟိုလူတွေရဲ့ အသံကြားတော့ ကျွန်တော်သူ့ရင်ခွင်ထဲက ရုန်းထွက်ဖို့အလုပ် သူကကျွန်တော့်ကို အတင်းဖက်ထားသည်
နောက်တော့ ဟိုလူတွေရဲ့အသံလဲ တိတ်ဆိတ်သွားတော့ သူကျွန်တော့်ကိုလွှတ် ပေးလိုက်သည်
" ဟို ဟိုလေ တစ်မျိုးမထင်နဲ့ကိုယ်မင်းကို ကူညီလိုက်တာ "
" ရ ရပါတယ် ကျေးဇူးတင်ပါတယ်ကျွန်တော့်ကိုဟိုလူတွေရဲ့လက်ထဲကနေ ကယ်ပေးလို့ "
" အင်း မျက်စိရှေ့အမြင်မတော်လို့ ပါ "
" ဗျာ "
" အော် မင်းနဲ့ဟိုလူတွေနဲ့ ရန်ဖစ်နေကတည်းက ငါတွေ့တာ သေချာပေါက်မင်း ခံရမှာဆိုးလို့ ဒီနားမှာမင်းကိုစောင့်နေတာ"
"ဘာဖစ်ဖစ် ခဗျားကိုကျွန်တော်တစ်ကယ်ကျေးဇူး တင်ပါတယ် "
ကျွန်တော်လဲ ဒီနေ့မှ ကားပျက်လို့ လမ်းလျှောက်ပြန်လာခဲ့သည် လေကောင်းလေသန့်လေးရှုရင်းနဲ့ပေါ့ လမ်းမှာ လူတွေက ရှင်းနေသည် ထိုကောင်လေးကို မတွေ့ခင်ထိပေါ့
ပြီးတော့ ထိုကောင်လေးရှေ့လူ တစ်စုက ပိတ်ရပ်လိုက်သည်
ကျွန်တော် လဲ အဲ့လိုအားနည်းတဲ့သူတွေကို အနိုင်ကျင့်ရင်လက်ပိုက် ကြည့်မနေနိုင်ပေ
ရန်ဖစ်ပြီး ရဲစခန်းမရောက်ချင်လို့ ထိုကောင်လေးကို ထောင့်တစ်နေရာမှာစောင့်လိုက်သည်
ကောင်လေးက ထွက်ပြေးလာနိူင်သားပဲ
ကျွန်တော်လဲကောင်လေးလက်ကို လှမ်းဆွဲလိုက်တော့ ကောင်လေးမျက်နှာက ကျွန်တော့်ရင်ဘတ်ပေါ်တည့်တည့်
ကျွန်တော့်နှလုံးခုန်သံတွေမြန်နေသည် ကောင်လေးကိုထိလိုက်တာနဲ့ နှလုံးခူန်သံတွေပိုမြန်နေသည်
" ဟို ခဗျား ဘယ်မှာနေတာလဲ ကျွန်တော်ခဗျားကိုကျေးဇူးဆပ်ချင်လို့ "
" ကိုယ်က ဆွန်းဒါး ရပ်ကွက်လေးမှာနေတာလေ "
"အော် ကျွန်တော်ခဗျားနဲ့ တစ်ရပ်ကွက်ကျော်မှာနေတာ ဒါဆို နောက်မှ ဆုံကြတာပေါ့ သေချာပေါက် ခဗျားကိုကျေးဇူးပြန်ဆပ်ပါမယ် "
ကျွန်တော်လဲ ထိုလူ့နားဆက်နေနေရင် နှလုံးသားလေး ပေါက်ထွက်တော့မတတ်ပဲ ဒီတစ်ခါတော့ အချစ်ဆီကနေ
မြန်မြန်ပြေးထွက်လာ ခဲ့သည်
ဒါမဟုတ်ကျွန်တော်ချစ်မိနေပြီးလား ကြည့်ကောင်းသည်
ဆွဲဆောင်မှုရှိသည် smart ကျသည်
တစ်ခါမှ မဖစ်ပေါ်ဖူးတဲ့ ရင်ခုန်သံက ခဗျားကြီးနဲ့တွေ့မှဗျာ
" ဟိတ် "
သူကျွန်တော့်ကိုလှမ်းခေါ်တော့ခြေလှမ်းတွေ ရပ်တန့်သွားခဲ့သည်
" မင်းနာမည်ပြောခဲ့အုန်းလေ "
" ဝေ့ရင်း "
" ဝေ့ရင်း ဝေ့ရင်း ငါ့နာမည်က လန်ကျန့် မှတ်ထားအုန်း ငါသွားပြီး "
ခဗျားကြီးနာမည်က လန်ကျန့်တဲ့လား မပူပါနဲ့ ခဗျားမပြောလဲ ကျွန်တော်မှတ်ထားမှာပါ ဒီနှလုံးသားထဲမှာပေါ့
ဒီလိုနဲ့ သူနဲ့ ကျွန်တော်တွေ့ဆုံခဲ့ပြီး အရမ်းချစ်တဲ့ ချစ်သူတွေဖစ်သွားကြသည်
ကျွန်တော်အစက ဝန်မခံရဲပေ သူကျွန်တော့်ကိုအထင်သေးသွားမှာ ကြောက်လို့လေ အဲ့နေ့က မိုးတွေလဲ ရွာနေခဲ့တာပေါ့
" လန်ကျန့် အချစ်ဆိုတာ ဘာလဲ ဟင် "
" အချစ်ဆိုတာ မင်းလေ "
" ငါအကောင်းမေးနေတာ မနောက်နဲ့ "
" ငါ့ရုပ်က နောက်နေတဲ့ပုံပေါ်လို့လား ဝေ့ရင်း ကိုယ် မင်းကိုချစ်တယ် ကိုယ့်ကိုပြန်ချစ်နိုင်မလား "
" ဘာ "
" ကိူယ်လေ ဒီစကားကိူပြောဖို့အချိန်ယူခဲ့ရတယ် အခုကိုယ်မခံစားနိုင်တော့လို့ ဖွင့်ပြောမိတာပါ ထားလိုက်ပါ
ကိုယ်ဒီစကားကိုမပြောခဲ့ဘူးထားလိုက်ပါတော့ "
" မဟုတ်ဘူး ငါလဲ မင်းကိုချစ်တယ် ဟိုးစတွေ့တွေ့ကတည်း မင်းကိုချစ်ခဲ့တာ သိရဲ့လား "
" ဒါဆို မင်း မင်းလဲ ငါ့ကိုချစ်နေတာပေါ့ "
" အင်းငါချစ်ပေမဲ့ မင်းငါ့ကိုအထင်သေးသွားမှာကြောက်လို့ ဘာလို့ဆို ငါက ယောကျ်ားလေးတစ်ယောက်လေ"
" မဟုတ်တာ အချစ်မှာ ကျားမ ခွဲခြားတာမရှိပါဘူး ချစ်နေရင်ရပြီး "
" ဟုတ် "
"ဝေ့ရင်းအခုကစပြီးကိုယ့်ကို ကိုကိုလို့ခေါ်နော် ကိုယ်ကမင်းလေးကို ငယ်လို့်ခေါ်မယ်သဘောကျလား"
" ဟုတ်သဘောကျတယ် ကိုကို "
"ချစ်လိုက်တာ ငယ်ရာ"
မိုးလေးတစ်ဖွဲဖွဲကျတဲ့နေ့မှာ ကျွန်တော်တို့ အချစ်ဇာတ်လမ်းလေးစခဲ့ကြတာပေါ့
ကျွန်တော့် အိမ်မက်က စာရေးဆရာတစ်ယောက် ဖစ်ချင်တယ်လို့ပြောပြလိုက်တော့
" ငယ်ဖစ်ချင်တဲ့အရာကို ကိုယ်ကဖန်တီးပေးမှာမို့ မပူပါနဲ့"
တဲ့လေ ပြီးတော့ ကိုကိုက ကျွန်တော့်ကို အိမ်လေးတစ်လုံးဆီခေါ်သွားခဲ့သည်
" ငယ် ဒါက ကိုယ်တို့လက်ထပ်ပြီး ရင်နေဖို့လေ ကိုယ်တို့ရဲ့ အဖိုးအဖွားပိုင်အိမ်ပေါ့"
ကျွန်တော်ငယ့်ကို အရမ်းချစ်သည် ကံကြမ္မာကလဲ ဘာလို့ ကျွန်တော်တို့အပေါ်ရက်စက်ရတာလဲ မသိဘူးဗျာ ထိုနေ့က ကျွန်တော်အိမ်ပြန်သွားတော့
" သား ဒီမှာလာထိုင်မေမေပြောစရာရှိတယ် "
" ဘာများလဲ "
" မင်း ကလေကချေတစ်ယောက်နဲ့ တွဲနေတယ်ဆို ပြီးတော့ သူက ယောကျ်ားလေး တစ်ယောက် ဟုတ်လား "
" မေမေ ဒါတွေကိုဘယ်ကသိတာလဲပြီးတော့ ငယ်က ကလေကချေတစ်ယောက်မဟုတ်ဘူး "
" မင်း အမေ့ကိုပြန်ပြောနေတာလား စာရေးဆရာယောင်ယောင်ဘာယောင်ယောင်နဲ့ လူတစ်ကာကိုလိုက်ချူစားနေတဲ့ သူ့လိုယောကျ်ားပိုင်းလုံးကို မသိစရာလား "
" မေမေ တော်လိုက်တော့ငယ့် ကိုဘာမှပြောစရာမလိုဘူး ငယ်က မေမေပြောသလိုမဟုတ်ဘူး "
" အေး မင်းသူနဲ့ အဆက်သွယ်ဖြတ်မလား ငါဖြတ်ပေးရမလား "
" မေမေ "
" လန်ကျန့် မင်းမေမေ့ကိုမအော်နဲ့ ကိုယ့်သားကို ဘယ်အမေက ယောကျ်ားလေးတစ်ယောက်နဲ့ ပေးစားနိုင်မှာလဲ ဟမ်ပြောလေ အမေ့ဘက်ကိုဝင်ကြည့်အုန်း "
" မေမေရောသားဘက်ကိုဝင်ကြည့်ဖူးလို့လား မေမေ့ ကိုတစ်ခါထဲပြောထားမယ် ကျွန်တော်ငယ်နဲ့လုံးဝလမ်းမခွဲပေးနိုင်ဘူး "
ကျွန်တော်လဲ မေမေ့ကို ပြောကာ အိမ်ကနေထွက်လာခဲ့တယ်
" ကိုကို ငယ်ပြောတာကြားရဲ့လား "
" ဟမ် ငယ် ဘာပြောလိုက်တာလဲ "
" ကိုကိုနော် သွားလာမခေါ် နဲ့ ငယ်ပြောနေတာကိုဂရုမစိုက်ဘူး ကွာ "
" အမလေး စိတ်တော့မဆိုးလိုက်ပါနဲ့ဗျာ "
" ဟွန့် နောက်တစ်ခါဆို မလွယ်ဘူးမှတ်"
ကျွန်တော့်ရဲ့ငယ်ကအရမ်းချစ်ဖို့်ကောင်းလွန်းသည် ငယ့်ကိုဘယ်လိုမှမခွဲနိုင်ပါ မေမေ့ကိုလဲ ရင်ဆိုင်ရအုန်းမည်
" ပြန်လာပြီးလား တော်တော်မှ ပျော် ခဲ့တာပေါ့ "
" မေမေ "
" မင်း သူနဲ့ လမ်းမခွဲသေးဘူးလား ပြီးမှ ငါ့အဆိုးမဆိုနဲ့နော် "
" ကျစ် မေမေ ဘာဖစ်ချင်နေတာလဲ ကျွန်တော့်ခံစားချက်ကိုရောထည့်မတွက်တော့ဘူးလား "
" သူက သားကိုမြူဆွယ်ထားလို့ဒီလိုဖစ်နေတာ နောင်ကြာရင်မေ့သွားမှာပါ တစ်ဘက်ခါ မင်းနိုင်ငံခြားကိုသွားရမယ် "
" ဘာ ကျွန်တော်မသွား နိူင်ဘူး "
" မင်းရဲ့ ငယ် တစ်ခုခုဖစ်တာ မြင်ချင်လို့လား "
" ဟာ မေမေရာ "
ကျွန်တော်အခု ဘယ်လိုလုပ်ရမလဲ မေမေက ပြောရင်ပြောတဲ့အတိုင်းတစ်ကယ်လုပ်သည် ငယ် ထိခိုက်မှာမလိုလားဘူး အား ငယ်နဲ့လဲ မခွဲနိုင်ဘူး
ကျွန်တော် ဘာဆက်လုပ်ရမှာလဲ ဘာဆက်လုပ်ရမှာလဲ
နောက်တစ်နေ့သို့ရောက်သော်......
" ငယ် "
ကျွန်တော်ငယ့်ဆီထွက်လာခဲ့သည် မေမေမသိအောင်ပေါ့
" ကိုကို အာ့ "
ဒီနေ့မှ ကျွန်တော့်ရဲ့ အစာအိမ်က ပြန်ထလာသည် ကိုကိုကလဲ ရောက်ချလာသည်
" ငယ် ငယ်ဘာဖစ်တာလဲ "
ငယ်ကကျွန်တော့်ဘက်လှည့်ပြီးမှ ဗိုက်ကိုနှိပ်ထားပြီး ကြမ်းပြင်ပေါ်ထိုင်ချသွားတော့ ကျွန်တော့်မှာငယ့်အနားအပြေးသွားပြီး
" ငယ် ငယ်ဗိုက်အောင့်တယ် အား "
" ဟင်ငယ် ခဏလေး ကိုကိုဆေးရုံခေါ်သွား မယ် "
" ကိုကို အားအရမ်းနာတာပဲ "
" ငယ် ငယ် ခဏလေးနော် ကိုယ်တို့ဆေးရုံရောက်တော့မယ် "
" ငယ် မခံနိုင်တော့ဘူး အာ့ "
" ငယ် ငယ် သတိထားအုန်းလေ ငယ် "
ကျွန်တော့်ရင်ခွင်ထဲမှာမေ့မျောသွားသောငယ်ကြောင့် ကျွန်တော့်မှာ ရင်ကွဲမတတ် ဘယ်လိုစိတ်မျိုးနဲ့ ငယ်နဲ့ ခွဲရက်မှာလဲကွာ
ဆေးရုံကိုရောက်တော့ ငယ်က operation ဝင်ရမယ်တဲ့ အစာအိမ်ရောဂါကို ခံစားနေရတာဘယ်လောက်ကြာပြီးလဲ ငယ်ရယ်ကိုကို ဘာမသိတာ တော်တော်အသုံးမကျတာပဲ
တစ်နာရီလောက်ရှိပြီး ငယ် operation အခန်းကနေထွက်မလာသေးပါ
ကျွန်တော့်ကမ္ဘာကြီးပြိုမတတ်ခံစားနေရသည် ထိုအချိန်ဖုန်းကဝင်လာခဲ့သည်
"ဟဲလို "
" သားမင်းရဲ့ ငယ်ကိုကယ်ချင်ရင် မေမေပြောတာလက်ခံလိုက်ပါ"
တဲ့ လေ မေမေအရမ်းရက်စက်တယ်
ကျွန်တော့်မှာ ရွေးစရာလမ်းမရှိတော့ပေ ငယ့်အသက်ကအရေးကြီးတယ်မလား ကျွန်တော်လဲဆေးရုံမှာတင်မေမေနဲ့အပေးယူလုပ်ခဲ့တယ်
"မေမေ ကျွန်တော်တောင်းဆိုတာလိုက်လျောပေးရင်ပေါ့"
"ပြောကြည့်လေ"
"ငယ်ဖစ်ချင်တဲ့ စာရေးဆရာတစ်ယောက်ဖစ်အောင်မေမေလုပ်ပေးရမယ်ပြီးတော့ အခုငယ့်အသက်ကိုကယ်ရမယ်"
"ကောင်းပြီးလေ သားသာ သူနဲ့အဆက်သွယ်ဖြတ်ပြီးမေမေစီစဉ်တဲ့ နိုင်ငံခြားကိုသွားပါ "
ထိုနေ့က ကျွန်တော့်ဘဝကြီးစုတ်ပြတ်သတ်ခဲ့ရတဲ့ နေ့တစ်နေ့ပေါ့ဗျာ ငယ့်ကိုတောင်နှုတ်မဆက်ဘဲ ကျွန်တော်ထွက်သွားခဲ့သည် ငယ့် နိုးလာရင် ကျွန်တော်ပေးထားတဲ့စာကို တွေ့မှာပါ လေ
ပစ္စပ္ပန်ကာလ ........................
"Darling သူတို့ဘဝက သနားစရာလေးနော် နောက်ဆုံးတော့ Babe ရဲ့ ကလောင်နာမည်က ကောင်လေးရဲ့ နာမည်နဲ့တူနေတာကို
ပြီးတော့သူလဲ Babe လို စာရေးဆရာတစ်ယောက်ဖစ်ချင်ခဲ့တာကို "
"ဟုတ်တယ် လူလေးရဲ့ သူတို့်ဘဝက သနားစရာပါကွယ် အဲ့ဒီနောက်ပိုင်း ဘာဖစ်သွားလဲ ဆိုတာ အဖိုးလဲ ဘာမသိတော့ဘူး တစ်ယောက်ထဲသောသိနိုင်သူက ဝေ့ရင်းပေ "
ကျွန်တော်နဲ့ Babe လဲထိုနေ့က ခြံစောင့်အဖိုးဆီသွားပြီး ထိုအိမ်မှာဖစ်ပျက်ခဲ့သမျှကိုသွားမေးလိုက်သည် ဇာတ်ကြောင်းတစ်ချို့တစ်ဝက်ကို သိခဲ့ရပေမဲ့ ဘာလို့ ထိုအိမ်ကြီးထဲမှာ သူတိုနှစ်ယောက်အတူလာရှိနေရပြီး မကျွတ်မလွတ်ဘဝနဲ့ ရှိနေရတာလဲ သူတို့ကိုဘယ်သူသတ်လိုက်တာလဲဆိုတာ ဘယ်သူမသိ
ကာယကံရှင်ကိုယ်တိုင်သာသိလိမ့်မည်.......
😑😑အမလေး မောတာ မိုတီလေးပေးသွားကြပါ
တစ်ခါထဲနဲ့ ရေးမလို့ပဲ အရမ်းရှည်လွန်းလို့ နောက်တစ်ပိုင်းထပ်ဆက်လိုက်တယ်
🤧🤧🤧 စိတ်ဝင်စားကြသေးလား