သံလိုက်

Da AkariShirakawa

394K 38.5K 4K

BL/ OC. Altro

သံလိုက်-၁
သံလိုက်-၂
သံလိုက်-၃
သံလိုက်-၎
သံလိုက်-၅
သံလိုက်-၆
သံလိုက်-၇
သံလိုက် -၈
သံလိုက်-၉
သံလိုက်-၁၀
သံလိုက်- ၁၁
သံလိုက်-၁၂
သံလိုက်-၁၃
သံလိုက်-၁၄
သံလိုက်-၁၅
သံလိုက်-၁၆
သံလိုက် -၁၇
သံလိုက်-၁၈
သံလိုက်-၁၉
သံလိုက်-၂၀
သံလိုက်-၂၁
သံလိုက်-၂၂
သံလိုက်-၂၃
သံလိုက် - ၂၄
သံလိုက်-၂၅
သံလိုက်-၂၆
သံလိုက်-၂၇
သံလိုက်-၂၈
သံလိုက်-၂၉
သံလိုက်-၃၀
သံလိုက်-၃၁
သံလိုက်-၃၂
သံလိုက်-၃၃
သံလိုက်-၃၄
သံလိုက်-၃၅
သံလိုက်-၃၆
သံလိုက်-၃၇
သံလိုက်-၃၈(Rated-M)
သံလိုက်-၃၉
သံလိုက်-၄၀
သံလိုက်-၄၁
သံလိုက်-၄၂
သံလိုက်-၄၃
သံလိုက်- ဇာတ်သိမ်းပိုင်း
(1)UNICODE
(2)UNICODE
(3)UNICODE
(4)UNICODE
(5)UNICODE
(6)UNICODE
(7)UNICODE
(8)UNICODE
(9)UNICODE
(10)UNICODE
(11)UNICODE
(12)UNICODE
(14)UNICODE
(15)UNICODE
(16)UNICODE
(17)UNICODE
(18)UNICODE
(19)UNICODE
(20)UNICODE
(21)UNICODE
(22)UNICODE
(23)UNICODE
(24)UNICODE
(25)UNICODE
(26)UNICODE
(27)UNICODE
(28)UNICODE
(29)UNICODE
(30)UNICODE
(31)UNICODE
(32)UNICODE
(33)UNICODE
(34)UNICODE
(35)UNICODE

(13)UNICODE

440 42 1
Da AkariShirakawa

Warning : This episode contains some adult scenes and sexual content which are not appropriate for minors. Read at your own risk.

____________

" ခြေထောက်ကို အထိခံရတာနဲ့တင် နှာခေါင်းသွေး ယိုရတယ်လို့ "

ခပ်လှောင်လှောင် အသံအနေအထားဖြင့် မချင့်မရဲ ကျွန်တော် ပြောတော့ သူ့မျက်နှာပေါ် အနီရောင် လှိုင်းတစ်ချို့ ဖြတ်ပြေးသွား၏။ ပြန်ပြောစရာ စကားကို မျက်မှောင်ကြုတ်ကာ အပြေးအလွှား စဉ်းစားနေသော သူ့နာဖူးပေါ်မှ တွန့်နေသည့် အရေးအကြောင်းများအား ငေးကြည့်နေရသည်ကို ကျွန်တော် သဘောကျသည်။ နောက်ဆုံးတော့ တုံ့ပြန်ရန် စကားလုံး ရှာမရတော့သည်ထင့်။ ကျွန်တော့်ကို မျက်စောင်းတစ်ချက်ဖြင့်သာ တုံ့ပြန်လာသည်။ ကျွန်တော် သဘောကျစွာ ရယ်လိုက်မိ၏။

" မင်း အခုချိန်ထိ ဘယ်မိန်းကလေးနဲ့မှ မအိပ်ဖူးဘူး မဟုတ်လား "

သူက ဘာစကားမှ မဆိုဘဲ တိတ်ဆိတ်နေပြန်သည်။ ဆိတ်ဆိတ်နေခြင်းသည် ဝန်ခံခြင်းတဲ့။ တကယ်ဆို သူက ကျွန်တော့်ထက်တောင် မိန်းကလေးတွေနှင့် ပိုပြီး အစေးကပ်သေးတာမို့လား။ သူ့ကို ဒီလို အတွေ့အကြုံမရှိသည့် မနူးမနပ်လေးတစ်ယောက် ဖြစ်နေလိမ့်မည်ဟု ဘယ်တုန်းကမှ ထင်မထားမိခဲ့။ ပြီးတော့ သူ့လို အတွေးအခေါ် ပွင့်လင်းသည့် လူတစ်ယောက်က ဒီအသက် ဒီအရွယ်ထိ လူပျိုဆိုတာ ဖြစ်နိုင်လို့လား။

" ငါ့ကို လာပြောမနေဲ့။ မင်းကရော အိပ်ဖူးလို့လား "

စူစူပုတ်ပုတ်ဖြင့် ပြောလာသော သူ့စကား ။ ကျွန်တော် ရယ်မိပြန်သည်။

" အိပ်ဖူးတာပေါ့..။ ငါက ကိလေသာ ကုန်ခန်းနေတဲ့ သူတော်စင်ကြီးမှ မဟုတ်ဘဲ "

သူ့မျက်နှာပေါ် မကျေနပ်သည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားသည်။ ဧကန္တ သူက ပထမဆုံးအကြိမ်တွေ ဘာတွေကိုများ တန်ဖိုးထားတဲ့ ရှေးရိုးစွဲဝါဒီများ ဖြစ်နေရော့လား ။ ထားပါလေ။ ကျွန်တော် စားပွဲပေါ်တွင် တင်ထားသော စီးကရက်ဘူးကို ဖောက်ကာ စီးကရက်တစ်လိပ်ကို ထုတ်ယူရင်း မီးညှိလိုက်သည်။ ထို့နောက် စိမ်ပြေနပြေ သောက်လိုက်တော့ သူက ကျွန်တော့်ကို လူထူးလူဆန်းတစ်ယောက်လို ငေးမောကြည့်လို့။ သူ ကျွန်တော့်ကို ဆေးလိပ် သောက်တတ်လိ်မ့်မည်ဟု ထင်မထားခဲ့သည်မှာ သိသာလှသည်။

" ငါ မင်းကို စီးကရက် သောက်တတ်မယ် ထင်မထားခဲ့ဘူး "

သူ့စိတ်အား ဖတ်ရသည်ကို ကျွန်တော် သဘောကျ၏။ သူက ကျွန်တော်နှင့် ကွဲပြားခြားနာစွာပင် ဟန်မဆောင်တတ်သည့် လူမျိုး။

" အင်း .. အခု သိသွားပြီမို့လား"

" ကြိုက်လား "

တုံးတိတိ သူမေးသည်။ ဟင့်အင်း .. ကျွန်တော်ကိုယ်တိုင်လည်း မသိ။ တစ်ခါတစ်လေတော့လည်း လေထဲ လွင့်သွားသည့် မီးခိုးငွေ့တွေကို အကြောင်းမဲ့ ငေးကြည့်နေရသည်ကို ကျွန်တော် သဘောကျ၏။

" ဆေးလိပ်ကြိုက်မှ ဆေးလိပ်သောက်ရမှာလား "

" မဆိုလိုပါဘူး ..။ သိချင်ရုံပဲ .. ။ ကျန်းမာရေးအတွက် မကောင်းဘူးမို့လား။ အမြဲတမ်းကြီး စွဲသောက်နေမယ်ဆိုရင်တော့ ငါ ဒီတိုင်း ထိုင်ကြည့်မနေနိုင်ဘူး "

ကျွန်တော် သဘောတကျ ပြုံးမိပြန်သည်။ ပွင့်လင်းလွန်း၏။

" အင်းပါ။ ဟုတ်ပါပြီ ။ မင်းရော သောက်ကြည့်ကြည့်ပါ့လား .. မသောက်ဖူးရင် "

" သောက်ဖူးပါတယ်။ ငါ မကြိုက်ဘူး .. ခါးတယ်"

" မင်း မသောက်တတ်လို့ပါ။ ငါက သောက်တတ်အောင် သင်ပေးမယ် "

" သောက်တတ်ပါတယ်ဆို "

အပြင်ပန်းကြည့်လျှင် ရိုးစင်းသည််ထင်ရသော ကျွန်တော်နှင့် ရဲတင်းသည် ထင်ရသော သူက တကယ်တော့ ပြောင်းပြန်။ တကယ်တော့ သူ ပြောခဲ့ဖူးသည့် YOLOအား လက်ခံကျင့်သုံးသူက သူ ကိုယ်တိုင် မဟုတ်ဘဲ ကျွန်တော် ဖြစ်နေခဲ့သည် ထင်သည်။ ကျွန်တော် သူ့ကို ကျွန်တော် အမှန်တကယ် ရှင်သန်နေထိုင်သည့် ကျွန်တော့် ကမ႓ာထဲကို ခေါ်သွားချင်သည်။

ကျွန်တော့် အားနည်းချက်တွေ ၊ ကျွန်တော့် မလုံခြုံမှုတွေ၊ ကျွန်တော့်အမှားတွေ၊ ကျွန်တော့် အပြစ်တွေ၊ ကျွန်တော့် မပြည့်စုံမှုတွေကို ဖွင့်ဟပြချင်မိသည်။ မှောင်မိုက်နေသော ကျွန်တော့်ဘဝထဲကို သူ့အား ဆွဲသွင်းချင်မိသည်က ကျွန်တော် လောဘကြီးလွန်းနေခဲ့ခြင်းတော့ မဟုတ်ခဲ့ဘူးမို့လားလေ။ အမှောင်ထဲမှာ မျက်စိမှိတ် လမ်းလျှောက်နေရသည်ဆိုရင်တောင် အနည်းဆုံးတော့ ကိုင်ဆုပ်စရာ လက်လေးတစ်ဖက် ရှိနေခဲ့ခြင်းက ကျွန်တော့်အတွက် တန်ဖိုးဖြတ် မရနိုင်သော အနှိုင်းမဲ့ ဆုလာဘ်တစ်ခု ဖြစ်နေခဲ့ခြင်းမို့ ။

" သောက်ကြည့်မလား "

သူက မငြင်း။ စားပွဲပေါ်က စီးကရက်ဘူးကို သူ့ဘက် ဆွဲယူကာ စီးကရက်တစ်ခုကို ထုတ်လိုက်ရင်း နှုတ်ခမ်းတွင် တေ့လိုက်သည်။ ထို့နောက် ကျွန်တော့်ကို မီးညှိပေးဆိုသည့် သဘောဖြင့် မျက်နှာကို ကျွန်တော်ရှေ့ ထိုးပေးတော့ ရင်ခုန်သွားရသူကဖြင့် ကျွန်တော်ပါပေ။

မီးခြစ်ကို ထုတ်လိုက်ရင်း မီးညှိပေးတော့ သူက အရင်ဆုံး မသောက်သေးဘဲ စီးကရက်ကို လုံးစေ့ပတ်စေ့ လှည့်လည် ကြည့်ရှုလိုက်သေးသည်။ ထို့နောက်မှ စီးကရက်ကို ပါးစပ်တွင် တေ့လိုက်ပြီး ခဏနေတော့ မျက်နှာကြီး နီရဲပြီး ချောင်းတွေ ထဆိုးတော့သည်.။

ဒါလား သောက်တတ်ပါတယ်လို့ အတင်း ကန်ငြင်းနေတဲ့သူ။ စိတ်ထဲမှာသာ ရေရွတ်မိသည်။ အပြင်မှာတော့ မပြောရဲ။ သူ့ လက်သီးစာ ကြောက်ရသည် မဟုတ်ပါလား။ ကျွန်တော် ချောင်းဟန့်လိုက်ရင်း

" အဟမ်း .. မီးခို့ငွေ့တွေကို ရှူမသွင်းလိုက်နဲ့လေ။ ပြန်ပြီး မှုတ်ထုတ် "

" ငါ သောက်ဖူးပါတယ်။ အရင်တစ်ခါ အရက်မူးတုန်းကတောင် နှစ်လိပ်ကုန်အောင် သောက်ခဲ့သေးတယ် "

သူက ပြောရင်း ဆေးလိပ်ကို နှုတ်ခမ်းတွင် ပြန်ခဲသည်။ ဒီတစ်ခါတော့ ရှောရှောရှှူရှူ ။ သူက ကဲ ဘယ်လိုလဲ ဆိုသည့် ကျေနပ်ဟန်ဖြင့် ကျွန်တော့်ကို မေးငေါ့ပြသည်.။

" ငါ အရင်တစ်ခါ သောက်တုန်းကတော့ ခါးတယ် ထင်ခဲ့တာ။ အခု မခါးဘူးပဲ "

" ငါ့အတွက်တော့ ဘာအရသာမှတောင် မရှိဘူး "

ထို့နောက် ကျွန်တော်တို့နှစ်ယောက်လုံး ဘာစကားမှ မပြောဘဲ တိတ်ဆိတ်သွားသည်။ သူက တစ်ဝက်တောင် မကုန်သေးသော ဆေးလိပ်ကို မီးငြှိမ်းလိုက်ပြီး ကျွန်တော့်ကို ငေးကြည့်လာ၏။ သူ့မျက်ဝန်းတွေက ရီဝေနေခဲ့ပြန်သည်။

" မင်း ငါ့အပေါ် စိတ်ရှိလား "

တဲ့တိုးဆန်သော သူ့စကား။ ကျွန်တော် မဖြေချင်။ ဘာဖြေရမှန်း မသိတာလဲ ပါသည်။ သာယာလွန်းစွာ နာကျင်နေခဲ့မည့် ဆွဲဆောင်မှု ရှိလွန်းနေမည်ဖြစ်သော အိပ်ရာထဲက သူ့ပုံစံကို ကျွန်တော် တစ်ခါမှ စိတ်ကူးယဉ် မကြည့်ခဲ့ဖူးမိဆိုလျှင် လိမ်ရာကျပေမည်။

" ရော် .. ခက်ပြီ။ ငါက ကိလေသာ ကင်းနေတဲ့ လူလည်း မဟုတ်ပါဘူးဆို "

မယုတ်မလွန် အဖြေကို ကျွန်တော်ပေးတော့ သူက နှုတ်ခမ်းကို ကိုက်သည်။ ဟင့်အင်း .. မင်း ဘာတွေ လုပ်နေတာလဲ ။ ငါ့ကို ရူးသွားစေချင်တာလား။

" ငါက မင်းနဲ့ အိပ်ခဲ့ဖူးတဲ့ မိန်းမတွေလို ရင်ဘတ်က မလှတာတောင်မှလား "

" မင်းသာဆို စာအုပ်ကြီးလို ပြားနေလည်း ရတယ် "

" ငါ့အထိအတွေ့က သူတို့လို မနူးညံ့ဘူး ဆိုရင်ရော "

" တစ်သက်နဲ့တစ်ကိုယ် ငါ ကိုင်ဖူးသမျှ လက်တွေထဲမှာ မင်းလက်က အနူးညံံ့ဆုံးပဲ "

" ငါက သူတို့လို ညည်းသံချိုချိုလေးတွေ လုပ်မပေးနို်င်လောက်ဘူး "

" ဒီတိုင်း မင်း စကားပြောတာ နားထောင်နေရတာကပဲ ငါ့အတွက် ပြည့်စုံတယ် "

" ငါက မင်း စိတ်ကျေနပ်အောင် ပြုစုပေးနိုင်မှာ မဟုတ်ဘူးနော် "

" မင်းကို ငါက ပြုစုပေးမှာပေါ့ "

သူက တိတ်ဆိတ်သွားပြန်သည်။ ထို့နောက် သူ့မျက်နှာက ကျွန်တော် ရှိရာဆီ တိုးလာပြီး

" ငါ့ကို နမ်း .. "

ကျွန်တော် ကြောင်အ သွားရသည်။လက်ရှိအခြေအနေအရတော့ ဒီကိစ္စက နမ်းရုံနဲ့တော့ ပြီးပြတ်သွားမည် မဟုတ်တာ သေချာသည်။

" မင်း သေချာလို့လား ။ ငါက နမ်းတဲ့အဆင့်နဲ့ ရပ်ပေးမယ်လို့တော့ အာမမခံနိုင်ဘူးနော် "

ညစ်ကျယ်ကျယ် သူ ပြုံးသည်။ မသိသယောင်နှင့် ။

" မင်းက ဘယ်အဆင့်ထိ သွားချင်လို့လဲ "

" မင်း သိပ်ကို သိတဲ့ အဆင့်ပေါ့ "

သူက နှုတ်ခမ်းကို မဲ့ကာ ပြုံးပြန်သည်။ ဘုရားရေ ကျွန်တော့် သည်းခံနို်င်စွမ်း ဒီဂရီက အဆုံးစွန်ထိ ကျော်လွန်သွားပြီ။ သူ့မျက်နှာကို အလျင်စလိုနှင့် ခပ်ကြမ်းကြမ်း ဆွဲယူကာ အနမ်းတို့ကို ခြွေမိသည်။ ပထမဆုံး နမ်းတဲ့ အနမ်းက ချစ်ခြင်းသက်သက်ထက် ပြင်းပြမှု နှင့် ရမ္မက်တို့၏ ပါဝင်မှုက ရာနှုန်းများနေခဲ့တာကိုတော့ ဝန်ခံရမည်။

သူ့နှုတ်ခမ်းတွေက ထင်ထားတာထက် ပိုနူးညံံ့သည်။ ပိုပူနွေးသည်။ အငမ်းမရ နမ်းနေသော ကျွန်တော့်ကို သူကလည်း မွတ်သိ်ပ်စွာ ပြန်တုံ့ပြန်သည်။ ကျွန်တော့် လျှာဖျားလေးက သူ့နှုတ်ခမ်းကို တိုက်ခိုက်မိတော့ သူက အလိုက်သိစွာ နှုတ်ခမ်းကို ဟပေးသည်။ သူ့အာခံတွင်းတစ်ခုလုံးကို ကျွန်တော် နယ်ချဲ့မိတော့ သူ့ဆီမှ ညည်းညူသံတွေ ထွက်ကျလာသည်။

မကြာသေးမီကမှ စီးကရက်ခဲထားသော သူ့ခံတွင်းက စီးကရက်လို ခံစားရသည်။ စီးကရက်လို အနံ့ရသည်။ တစ်ဖြည်းဖြည်းနှင့် ကျွန်တော်တို့ အသက်ရှူသံတွေက ပြင်းထန်လာသည်။ နမ်းတာ အရှိန်ရလာသည်နှင့် အမျှ ပတ်ဝန်းကျင်၏ လေထုကပါ ပူနွေးလာသလို ခံစားရ၏။ အရာရာတိုင်းက ပူနွေးပြီး လျင်မြန်စွာ ဖြစ်ပျက်နေသလို ခံစားရသည်။

ကျွန်တော်တို့ အသွေးအသားတွေကလည်း ပူနွေးလွန်းကာ ဆာလောင်နေသည်။ နောက်ဆုံး ကျွန်တော်တို့ နှစ်ယောက်လုံး အသက်ရှူမဝ ဖြစ်တော့မှ အနမ်းကို အဆုံးသတ်လိုက်၏်။ ပါးစပ်ကလေးကို ဟကာ မျက်လုံးကို မှိတ်ပြီး အသက်ကို လုရှုနေသော သူ့ကို ကြည့်ပြီး ကျွန်တော် မချင့်မရဲ ထပ်ပြီး ဆွဲနမ်းပစ်ချင်မိလာပြန်သည်။

ထိုင်ရာမှထကာ သူ့ကိုယ်လုံးကို ဆွဲမပွေ့ပြီး ကျွန်တော် စားပွဲဘေး အိပ်ရာရှိရာဆီ အမြန် ဦးတည်မိ၏။ သူ့ကို အိပ်ရာပေါ် အသာချပြီး မပြီးဆုံးသေးသော အနမ်းတွေကို တစ်ခန်းဆက်မိပြန်သည်။ ဦးစွာ သူ့နဖူးကို နမ်းသည်။ သူ့မျက်ခွံမို့မို့ကို နမ်းသည်။ သူ့ပါးပြင်ကို နမ်းသည်။ သူ့ မေးရိုးချွန်ချွန်တွေကို နမ်းသည်။

မျက်နှာဆီမှ တစ်ဆင့် လည်တိုင်ကို ရောက်တော့ ဖုထစ်နေသော ပန်းသီးလေးကို အားမလိုအားမရ ကိုက်ခဲမိတော့ သူ့ဆီမှ မသဲကွဲသော ညည်းသံတစ်ချို့ ထွက်ကျလာပြန်သည်။ ကျွန်တော် သဘောကျသည်။ သူ့ကို ဒီလို ညည်းသံထွက်အောင် လုပ်နေသော သူက ကျွန်တော် ဖြစ်နေသည်ကို ကျွန်တော် သိပ် သဘောကျသည်။ သူ့လည်တိုင်ဖွေးဖွေးကို နှုတ်ခမ်းနှင့် အားရပါးရ စုပ်ယူလိုက်ရင်း အမှတ်အသားတွေ ကျွန်တော် ပေးမိတော့ သူ့ညည်းသံတွေက စိပ်သထက် စိပ်စိပ်လာသည်။

ထို့နောက် သူ့လက်ကို မြှောက်စေပြီး အကျင်္ီကို ဆွဲချွတ်တော့ သူ့ရင်ဘတ်သား ဖြူဖြူဝင်းဝင်းက ပေါ်လာတော့ ကျွန်တော် မက်မောစွာ ငေးကြည့်နေမိ၏။ သူက ရင်ဘတ်နေရာကို လက်တွေဖြင့် အုပ်လိုက်ရင်း

" ဘာလို့ အဲ့လောက် ကြည့်နေတာလဲ .. ။ရှက်တယ် "

ကျွန်တော် သူ့လက်တွေကို အသာဖယ်လိုက်ရင်း ကျွန်တော့်မျက်နှာကို သူ့ရင်ခွင်ထဲ ထိုးအပ်မိသည်။ ထို့နောက် သူ့ရင်လွှာနှစ်စုံကို အားမလို အားမရ ကိုက်ခဲမိတော့ သူ့ဆီမှ ကျွန်တော့်နာမည် ခေါ်သံတွေ လွင့်ပျံ့လာ၏။ ရင်လွှာမှတစ်ဆင့် သူ့ဗိုက်သားချပ်ချပ်ဆီ တစ်ဆင့်တိုးမိသည်။ နှုတ်ခမ်းဖြင့် ပွတ်တို်က်ကာ ကိုက်လိုက်တော့ သူ့ကိုယ်လေး တစ်ချက်တုန်သွား၏။ ထို့နောက် အိမ်နေရင်း ဝတ်ထားသော သူ့ဘောင်းဘီပွပွ၏ မျှော့ကြိုးရှိရာဆီ ကျွန်တော့်လက်တို့ နယ်ကျော်မိတော့ သတိထားမိလိုက်သည်က သူ တစ်သိမ့်သိမ့် ရှိုုက်ငိုနေသည်ဆိုတာပင်။

ကျွန်တော် အလန့်တကြားဖြင့်ပင် ဆက်မသွားတော့ဘဲ ထထိုင်ကာ ကြည့်မိတော့ သူ့မျက်နှာတစ်ခုလုံး မျက်ရည်တွေ ရွှဲလို့။

" ဘာဖြစ်လို့လဲ ... ဘာဖြစ်လို့လဲ ဟင် .....ပိုင်စေ ။ ငါ..... ငါ ကိုက်တာ မင်း အရမ်းနာသွားလား "

သူက စကားမဆိုဘဲ ခေါင်းရမ်းပြသည်။ မျက်ရည်တွေကတော့ မတိတ်သေး ။

" မင်း ..... ဆက်လုပ်ပါ။ အဆုံးထိ ..။ ငါ ခွင့်ပြုတယ် "

မဟုတ်သေးဘူးလေ။ ကျွန်တော် ခေါင်းခါမိသည်။ တကယ်ဆို ကျွန်တော့်ဘက်ကလည်း အလျင်စလို ဖြစ်သွားမိသည် ထင်သည်။ သူလည်း ကြောက်ရှာမှာပေါ့။ ယောကျာ်းတစ်ယောက်ဖြစ်နေရက်နဲ့ တစ်ခြား ယောကျ်ားတစ်ယောက်၏ ကျူးလွန်ခြင်းကို ခံရမှာ။ ပြီးတော့ ဒါက သူ့ရဲ့ ပထမဆုံး အကြိမ် ဖြစ်နေတာ ပိုဆိုးသည်။

" တော်တော့ .....။ ပိုင်စေ ......။ မင်း အလိုမပါဘဲ ငါ့ သာယာမှုအတွက်ဘဲ ငါ ကြည့်ရင် ဒါဟာ rape ဖြစ်သွားမှာပေါ့။ ငါ အဲ့လောက်ထိ တဏှာစိတ်များတဲ့ ခပ်ညံ့ညံ့ ယောကျ်ားမဟုတ်ဘူး .."

ကျွန်တော် ပြောရင်းဖြင့် သူ့မျက်နှာပေါ်က မျက်ရည်များကို အသာသုတ်ပေးမိတော့ သူက အသုတ်မခံဘဲ မျက်နှာကို တစ်ဖက်သို့ လှည့်သွား၏။

" တစ်နေ့ ...... မင်း အဆင်သင့်ဖြစ်တဲ့ တစ်နေ့ .. အဲ့ဒီတစ်နေ့မှာ ငါတို့ ရှေ့ဆက်ကြတာပေါ့ .. ဟုတ်ပြီလား "

သူက ခေါင်းကို အသာလေး ငြိတ်ပြသည်။ကျွန်တော်လည်း အိပ်ရာပေါ်မှ ထပြီး ရေချိုးခန်းရှိရာဆီ လျှောက်သွားလိုက်၏။ ရေချိုးခန်းထဲ ရောက်တော့မှ နံရံကို မှီလိုက်ပြီး ထိုင်ချမိသည်မှာ အရုပ်ကြိုးပြတ်။ ဒီပုံစံအတိုင်းသာဆို ကျွန်တော် ထိန်းချုပ်ဖို့ ခက်မည်။ မဟုတ်ဘူး ...... ကျွန်တော် ထိန်းချုပ်နို်င်ပါ့မလား ?

_____________

25.12.2017
6:48P.M.
To be continued

Continua a leggere

Ti piacerà anche

301K 7.4K 76
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
228K 37.4K 99
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
86.5K 4.6K 38
Zawgyi အခ်စ္နဲ႔အတၱလြန္ဆြဲလာတဲ့အခါ ေနာက္ဆံုးမွာ ဘယ္အရာက အနုိင္ရမလဲ Chel Unicode အချစ်နဲ့အတ္တလွန်ဆွဲလာတဲ့အခါ နောက်ဆုံးမှာ ဘယ်အရာက အနိုင်ရမလဲ Chel
2.4M 153K 97
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...