One Shot Collections

De Yeolchennie23

17.4K 874 26

Hunhan Baekyeol Kaisoo Xiuho ChenLay Krisyeol Taoris Mais

Just Hope <Xiuho>
Never Gotta Hate You (Part_1)
Never Gotta Hate You (Part-2 end)
ချယ်ရီမြေနဲ့ ချစ်သက်သေ
☆☆☆Pride☆☆☆ 《HH ♡ Oneshot》

Hold Me Never Let Me Go <Kaisoo>

3.5K 183 3
De Yeolchennie23

~~ဒီနေ့ည Kyung လူကြီးမင်းရဲ့အိမ်တော်မှာ သွေးပင်လယ်တွေဖြစ်ခဲ့ပြီ။ ထိုအိမ်တော်ရဲ့ အလယ်မှာ ရပ်နေကြတဲ့သူနှစ်ယောက် ~~

Soo: Kai Ya! ငါ့ကိုပါ သတ်သွားပါ။

~~မျက်ရည်တွေနဲ့ သူမကို သတ်ဖို့ပြောနေတဲ့ သူမကို ကျတော် ကြည့်နေမိတယ်။ သူမမျက်နှာမှာ ကျတော့်အပေါ် နာကျည်းမှုတွေပါလား မပါလား ကျတော် အကဲမခတ်နိုင်လောက်အောင် ကျတော့် မျက်ဝန်းတွေ မျက်ရည်များနဲ့ ပြည့်လျှံလာခဲ့တယ်~~

Soo: Kai.. ငါ နင့်ကိုမမုန်းပါဘူး။ ဒါငါတို့နှစ်ယောက်ရဲ့ ရှောင်လွဲလို့မရတဲ့ ကံကြမ္မာ ဖြစ်ပါလိမ့်မယ်။ တခုပါပဲ။ ငါ့မိသားစုတွေ အခု တယောက်မှ မရှိဘဲ ငါတယောက်ထဲ မနေနိုင်တော့ဘူး။ ဒါကြောင့် ငါ့ကိုပါ တခါတည်းသတ်သွားပါ။ နင်မဟုတ်တဲ့ တခြားသူရဲ့ ဇနီးဖြစ်ရတာထက် နင့်လက်ထဲမှာပဲ ငါသေသွားပါရစေ။

~~Soo စကားတွေ ကျတော် ဆက်နားမထောင်ရဲတော့ပါ။ ကျတော် သိပ် ချစ်ရတဲ့သူကို ကျတော့်လက်နဲ့ သတ်ပစ်ရမယ်တဲ့။ ဘယ်လိုလုပ် ကျတော်သတ်ရက်ပါ့မလဲ။ ဒီလို ကံကြမ္မာမှာ မွေးဖွားလာတဲ့ ကျတော့်ကို ကျတော်သာ အပြစ်တွေ တင်မိပါတယ်~~

××FlashBack××

~~ဘတ်ဂျယ်မှာ (ဟိဟိ ရာဇဝင်ဆိုတော့ ထည့်ချင်တဲ့ ခေတ်ထည့်မယ်ညော်) အရမ်း ကျော်ကြားတဲ့ ဆရာတယောက်ရှိတယ်။ သူကတော့ Kyung လူကြီးမင်း။ သူ့မှာ အရမ်းချောမောလှပတဲ့ သမီးလေးတယောက်ရှိတယ်။Kyung Sooတဲ့။ ~~

~~သူတို့လိုပဲ ဘတ်ဂျယ်မှာ နောက်ထပ်ကျော်ကြားတဲ့ အမတ်တယောက်ရှိတယ်။ သူ့က Kim လူကြီးမင်းဆိုတဲ့ တယောက်ပေါ့။ သူ့မှာ ဓားရေးရာမှာအရမ်းကျွမ်းကျင်တဲ့ သားတယောက်ရှိတယ် Kim Kai! ~~

~~Sooနဲ့ Kaiက ငယ်ငယ်လေးကတည်းက ခင်မင်နေကြတဲ့ သူငယ်ချင်းတွေပါ။ တယောက်အပေါ်တယောက် အမြဲ အလျော့ပေးဆက်ဆံလေ့ရှိတယ်။ အရွယ်ရောက်လာတော့ Sooကအရမ်းချောမောလှပလာခဲ့တယ်။ Sooကို မြင်တိုင်း Kai ရင်တွေခုန်ခဲ့ရတယ်~~

Kai: Soo!

Soo: အင်း ပြောလေ။

~~Sooက ပြုံးပြီး ပြန်ဖြေလိုက်တယ်။ သူမရဲ့အပြုံးလေးတွေက အရမ်းလှလွန်းလို့ အနားမှာရှိတဲ့ လိပ်ပြာလေးတွေတောင် အသက်ရှူမှားသွားနိုင်တယ်~~


Soo: ငါရောပဲ။

Kai: jimja??

Soo: Gadal! ငါတို့က ငယ်ငယ်လေးကတည်းက ခင်လာတာ။ တနေ့တခြား သံယောဇဉ်ပိုလာတာ စကားလုပ်ပြောနေစရာလား။

Kai pov': လွဲပါပြီ။

~~Kai အဲ့လိုပြောလိုက်တိုင်း သူမ အမြဲ ရှောင်နေတတ်တယ်။ ~~

Soo pov': နင်ပြောချင်တာ ငါသိပါတယ် Kaiရယ်။ ဒါပေမယ့် ငါ အိမ်က စီစဉ်ပေးမယ့်သူရှိနေတယ်။ အဲ့လူက ဘယ်သူဖြစ်မလဲမသိပေမယ့် နင်သာဖြစ်ခဲ့ရင် ဘယ်လောက်ကောင်းမလဲ။

~~ဒီလိုနဲ့Kaiလည်း သူ့ရဲ့အချစ်တွေကို သိမ်းထားဖို့ ဆုံးဖြတ်ထားလိုက်တယ်။~~

~~ဒါပေမယ့် သူတို့နှစ်ယောက်ကို ကံတရားက မျကိနှာသာပေးလာခဲ့တယ်။ Kim လူကြီးမင်းနဲ့ Kyung လူကြီးမင်းတို့ သူတို့သားနဲ့သမီးကို စေ့စပ်ပေးဖို့ ကတိပြုလိုက်ကြတယ်။~~

~~သူတို့နှစိယောက် ပျော်လိုက်ကြတာ ကမ္ဘာပေါ်မှာ သူတို့လောက်ပျော်တဲ့အတွဲ ရှိမယ်တောင် မထင်ပါဘူး။~~

**One day**

Soo: Ommonee သမီး ဈေးထဲသွားပြီး ပိတ်စလေးတွေ သွားကြည့်မလို့။

Mom: ကောင်းပြီ။ အရမ်းတော့မကြာစေနဲ့နော်။ မကြာခင် လက်ထပ်တော့မယ့် မိန်းကလေး အိမ်အပြင်မှာ အကြာကြီး မနေမိပါစေနဲ့။

Soo: Nae Ommonee.

~~Soo မျက်နှာလေးကို ပုဝါပါးပါးလေး ဖုံးအုပ်ကာ အိမ်တော်ကနေ သူမအထိန်းတော်နဲ့ ထွက်လာခဲ့တယ်။ ~~

~~ဈေးထဲမှာ ပိတ်စလေးတွေ ငေးကြည့်နေရင်း လမ်းတနေရာရောက်တော့~~

Man: ဘေးဖယ်ကြပါဘေးဖယ်ကြပါ။

Soo: Omoo!!!!

~~နောက်က တစုံတခု သူမကို ဝင်တိုက်တော့မှာကြောင့် Sooရှောင်လိုက်ရင်း ဟန်ချက်ပျက်သွားချိန် တယောက်ယောက်က သူမခါးလေးကို ဖက်ပြီး ထိန်းထားလိုက်တယ်။ အနောက်ကို လှန်ကျသွားတာကြောင့် သူမရဲ့မျက်နှာလေးကို ဖုံးထားတဲ့ပုဝါလေး နဲ့ ဆောင်းထားတဲ့အရာလေး လွင့်ကျသွားတယ်။ ~~

~~သူမကို ဖမ်းထားတဲ့ကောင်လေး.. ချောမောလှပတဲ့ကောင်လေး။ သူမကို အပေါ်ဘက်က စူးစိုက်ကြည့်နေတယ်။ သူမလည်း ရုန်းဖို့မေ့နေခဲ့တယ်။ တယောက်နဲ့တယောက် အကြာကြီး ကြည့်နေမ်တယ်~~

~~ခဏနေတော့မှ~~

Boy: Ah... Gwinchanasaeyeo?

Soo: Na..nae..

~~သူမကိုဖမ်းထားတဲ့ ကောင်လေး စကားစပြောကာမှ သတိပြန်ဝင်လာခဲ့တယ်။ Kaiကလွဲပြီး တခြားယောင်္ကျားလေးတယောက် သူမ ခါးလေးကို ဖက်တာ ဒါပထမဆုံးပဲလေ။ ~~

Girl: သခင်မလေး။သခင်မလေး။ ဒီမှာ ပုဝါ။

ွှ~~အထိန်းတော်ကောင်မလေး လှမ်းပေးလိုက်တဲ့ ပုဝါစလေးနဲ့ အဆောင်းလေးကို မြန်မြန်ယူလိုက်ပြီး သူမမျက်နှာကို အလျင်အမြန်ဖုံးအုပ်လိုက်တယ်။~~

Soo: gomasanida.. လူကြီးမင်း။

~~အလျင်အမြန်ပြောပြီး ချက်ချင်းထွက်လာခဲ့တယ်~~

Boy pov': အရမ်းချောတဲ့မိန်းကလေးပဲ။ အသံလေးက ချိုသာနေတာပဲ။ နီရဲနေတဲ့ အသည်းပုံနှုတ်ခမ်းလေး။ ဖြူဖွေးနေတဲ့ပါးပြင်လေးတွေ။ ဘယ်အိမ်တော်က သခင်မလေးပါလိမ့်။

Boy: သူတို့သွားတဲ့ နောက်ကိုလိုက်ပြီး ဘယ်အိမ်တော်ကလဲ စုံစမ်းခဲ့။

~~သူ့မှာပါလာတဲ့ ကိုယ်ရံတော် နှစ်ယောက်ကို အမိန့်ပေးလိုက်တယ်~~

~~ခဏအကြာ~~

Bodyguard: မင်းသားလေး။ ခုဏက အမျိုးသမီးက Kyung လူကြီးမင်းရဲ့ တဦးတည်းသောသမီးလေး Sooပါ။

Boy: Gadal? ငါ့ဘဝမှာ သူမလောက် လှတာ တခါမှ မမြင်ဖူးခဲ့ဘူး။ သူမကို အိမ်ရှေ့စံမိဖုရားအရာထားမယ်။ ခုချက်ချင်း နန်းတော်ပြန်ပြီး ခမည်းတော်ကို လျှောက်တင်ရမယ်။ Gaja!

BG: Nae Mama..(မင်းသားကိုကျောတာနော် = Mama)

××××××××

~~ဒီလိုနဲ့ တနေ့ Kyung လူကြီးမင်းတို့အိမ်ကို သံတမန်ရောက်လာခဲ့တယ်။ ~~

သံတမန်: အမိန့်တော်နာခံ!!

Kyung: အမိန့်ရှိတော်မူပါ...

သံတမန်: ယခုအိမ်တော် မှ Kyungလူကြီးမင်းရဲ့ သမီးတော် Kyung Sooအား Uri ဘတ်ဂျယ်မင်းသားလေးရဲ့ အိမ်ရှေ့မိဖုရားအဖြစ် တင်မြှောက်မယ့် အမိန့်တော်လွှာအား Kyung လူကြီးမင်း လက်ခံစေ...

~~Kyung အိမ်တော်မှာ ရှိသမျှ သူတွေ အကုန် အံ့သြသွားကြတယ်။ ဒါပေမယ့် မင်းကြီးအမိန့်ဆိုတော့ လွန်ဆန်လို့မှမရတာ။ အားလုံးကို ကံတရားအဖြစ်နဲ့ပဲ သတ်မှတ်လိုက်ကြရတယ်~~

Soo pov': Kaiမရှိလို့မဖြစ်ဘူး။ ငါ့ဘဝမှာ Kaiကအရေးကြီးဆုံးပဲ။ Kaiနဲ့မှ ဖြစ်မှာ။ Kaiလက်ကိုတော့ သေတဲ့အထိ ငါမလွှတ်ချင်ဘူး။ ဒီတော့ ငါဘယ်လိုလုပ်ရမလဲ။

~~ဒါနဲ့Sooတယောက် Kaiနဲ့ ထွက်ပြေးဖု့် စိတ်ကူးရသွားတယ်။ တဖက်မှာလည်း Kaiရင်တွေဆူပွက်နေတယ်။ သူအရမ်းချစ်ရတဲ့ Sooက မင်းသားရဲ့မိန်းမဖြစ်တော့မယ်။ ဒီနန်းတက်လက်ထပ်ပွဲကို သူကြည့်နေနိုင်မယ်မထင်ဘူး။ ဒါကြောင့် Sooသာ ဆန္ဒရှိရင် Sooနဲ့ သံသရာဆုံးတိုင် ထွက်ပြေးချင်တယ်။ Sooလက်ကို လွှတ်မပေးနိုင်ဘူး။~~

~~ဒီလိုနဲ့သူတို့နှစ်ယောက် တယောက်သဘောထားတယောက်သိပြီး ထွက်ပြေးလာကြတယ်။~~

~~ဒီလိုထွက်ပြေးသွားကြတာကို နန်းတော်ကသိသွားတဲ့အချိန် မင်းသားနဲ့ မင်းကြီး အမျက်တော် ရှသွားကြပြီး ပုန်ကန်မှုနဲ့ Kimအိမ်တော်က ရှိသမျှ လူတွေကို ဖမ်းထားဖို့ အမိန့်ပေးလိုက်တယ်။~~

~~ဒီအကြောင်းကို Sooတို့ကြားသွားတဲ့အချိန်မှာ~~

Soo: Kai Ya! ငါတို့ရေစက်က ဒီမှာပဲ ပြီးပြီထင်ပါတယ်။ ငါ့ကြောင့် နင့်မိသားစု အသတ်ခံရတော့မယ်။ နင် အခု ငါ့လက်ကို လွှတ်ပြီး အိမ်ပြန်ပါတော့ဟာ။ ငါလည်း အိမ်ပြန်တော့မယ်။

Kai: Mor? နင်ရူးနေပြီလား။ နင်ပြန်သွားရင် နင့်ကို မင်းသားလေးက သတ်မှာလေ။ အခု ငါတို့ နောက်ပြန်ဆုတ်လို့မရတော့တဲ့လမ်းဆုံးကိုရောက်နေပြီ။ နင့်လက်ကိုတော့ မလွှတ်ပါရစေနဲ့ဟာ။ Soo: Kai Ya...

~~Kaiကို ပြောမရတဲ့အဆုံး Sooဆက်မပြောတော့။ ဒါပေမယ့် သူမဆုံးဖြတ်လိုက်တယ်။ ~~

~~ညဖက် Kaiအိပ်ပျော်နေတဲ့အချိန် သူမ တယောက်ထဲ အိမ်တော်ကို ပြန်လာခဲ့တယ်။ ဒါပေမယ့် အခြေအနေတွေက သူမ ထင်မှတ်မထားတာတွေဖြစ်လာခဲ့တယ်။ သူမ ဖခင်က သူမရဲ့သိက္ခာ အိမ်တော်ရဲ့သိက္ခာအတွက် Kim Kaiက Sooကို ဖမ်းခေါ်သွားတာပါဆိုပြီး လျှောက်တင်ခဲ့တယ်။ ဒါကြောင့် Kim လူကြီးမင်းတို့ တအိမ်သားလုံး ခေါင်းဖြတ်သတ်ခံခဲ့ရတယ်။~~

×××

~~Kaiနိုးလာတော့ Soo သူ့ဘေးမှာမရှိတော့ဘူး။ သူသိလိုက်ပါပြီ။ Sooက သူပြောတဲ့အတိုင်း လုပ်သွားခဲ့ပြီ။ ဒါဆို သူဘာဆက်လုပ်ရအုံးမလဲ။ သူလည်း အိမ်တော်ကို ပြန်ရတော့မှာပေါ့။ ဒါပေမယ့် သူ့မိသားစု ရှိပါအုံးမလား။ Sooတခုခုတော့ လုပ်ပေးမှာပါဆိုတဲ့ မျှော်လင့်ချက်လေးတခုထဲနဲ့ ပြန်လာခဲ့တယ်။~~

~~Kai ရုပ်ဖျက်ပြီး မြို့ကိုဝင်လာခဲ့တယ်။ဒါပေမယ့် ဂိတ်ဝမှာတင် သူအသက်ရှူရပ်သွားခဲ့တယ်။ သူ့ရဲ့ ဖခင်ရဲ့ ခေါ်င်းကို ချိတ်ဆွဲထားကြတယ်။ လူတွေဝိုင်းအုံကြည့်နေကြပြီး သူတို့ရဲ့ စကားသံတွေ Kaiနားထဲ တလုံးချင်းစီ ဝင်လာခဲ့တယ်~~

>>အဲ့ဒါ ပုန်ကန်သူတွေ ရဲ့ နောက်ဆုံးရလဒ်ပဲပေါ့<<

>>သားမိုက်တယောက်ကြောင့် ငါတို့Kimလူကြီးမင်း ခုလိုဖြစ်သွားရရှာတာ သနားပါတယ်<<

>>အိမ်ရှေ့စံမိဖုရားကိုမှ ဖမ်းသွားရတယ်လို့ကွာ။ <<

>>တော်သေးတာပေါ့။ မိဖုရား ဘေးမသီရန်မခ မှဲ့တပေါက်မစွန်းဘဲ ပြန်ရောက်လာခဲ့လို့<<

~~တချို့စကားများးကို Kaiနားမလည်ခဲ့။ လူတွေ ဘာတွေပြောနေတာလဲ။ မိဖုရားကို ဖမ်းသွားတယ်တဲ့လား။ ဘာတွေလဲ~~

~~ဒါနဲ့ သူစုံစမ်းလိုက်တော့ Kyung Sooဆိုတဲ့ အိမ်ရှေ့စံမိဖုရားကို Kim Kaiဆိုတဲ့ ကောင်လေးက အမုန်းတရားနဲ့ ဖမ်းသွားတယ်တဲ့။ Sooကို မင်းသားလေးက သိပ်ချစ်တာကြောင့် Sooပြန်ရောက်လာတာကို ဝမ်းသာအားရ ကြိုဆိုခဲ့တယ်။ ပြီးတော့ နန်းတက်မင်္ဂလာပွဲ ထပ်မံကျင်းပဖို့ အမိန့်ထုတ်လိုက်တယ်~~

~~ဒါပေမယ့် Kaiမယုံနိုင်ပါ။ Sooကတော့ သူ့မိဘတွေ အတွကိ တခုခုတော့ လုပ်ပေးခဲ့မှာပါပဲ ဆိုတဲ့ အတွေးလေးနဲ့ Sooကို သွားတွေ့ဖို့ ဆုံးဖြတ်ခဲ့တယ်။~~

~~ဒါပေမယ့် ~~

Soo: Hahaha...

Girl: Uri သခင်မလေးရယ်နေပြီ

~~Kaiမျက်လုံးတွေ မယုံနိုင်ခဲ့ပါ။ Sooကအခုပျော်နေတယ်။ သူ့မှာတော့ သွေးမျက်ရည်တွေနဲ့။ Sooကအဲ့လိုမိန်းမမျိုးလား~~

Kai pov': Kyung Soo! နင့်ကြောင့် ငါ့မိသားစု ဒီလိုဖြစ်ခဲ့တာ။ နင်က အခု ဒီလို ရယ်မောနေနိုင်သေးတယ်။ နင်တို့မိသားစု ဒီလို ကြာကြာရယ်နိုင်မလား။ အခုတော့ရယ်ထားနှင့်ပေါ့။ ငါလက်စားချေမှာကို နင်စောင့်နေလိုက်ပါ Kyung Soo...

~~Kaiအမုန်းတရားတွေနဲ့ လှည့်ထွက်သွားခဲ့တယ်။ ~~

~~Soo ရယ်နေရင်းနဲ့ အပြင်ဘက်ကို တချက်လှည့်ကြည့်လိုက်တယ်~~

Girl: wae သခင်မလေး။

Soo: unnyee တစုံတယောက်များလာကြည့်နေတာလားလို့ လှမ်းကြည့်တာပါ။

Girl: သခင်မလေးကို အခုမှပဲ ရယ်အောင်လုပ်နိုင်တော့တယ်။ မင်္ဂလာပွဲမှာ အခုလိုလေး ရယ်နော်။ သခင်လေး Kim နဲ့ Kimလူကြီးမင်းကြောင့် ကိုယ့်ကိုယ်ကို စိတ်အဆင်းရဲမခံပါနဲ့တော့။ သခင်မလေး တနေ့တခြား ပိန်သွားတာကို မင်းသားလေး မြင်သွားရင် မကောင်းဘူးလေ။

Soo: Ardasorrt ငါဒီလိုလုပ်လို့ရောဖြစ်ရဲ့လားမသိတော့ပါဘူး။ Kaiမိသားစုကို ငါမကာကွယ်နိုင်ခဲ့ဘူး။ ဒီအပြစ်တွေအတွက် ငါပေးဆပ်သွားမှာပါ။

Soo pov'; Kaiရယ် နင်ဘယ်တွေများရောက်နေပြီလဲ။

~~Kaiမကျေနပ်ပါ။ Kyung အိမ်တော်ကို လက်စားချေမှကို ဖြစ်မှာ။ သူ့မိသားစု အသတ်ခံရသလို Kyungအိမ်တော်ကို လည်း ခံစားစေရမယ်ဆိုတဲ့ဆုံးဖြတ်ချက်နဲ့ ညဖက် Kyung အိမ်တော်ကို ဝင်လာခဲ့တယ်~~

~~ရှိသမျှ အစောင့်တွေအကုန် သူ့လက်ချက်နဲ့ အကုန်သေကုန်တယ်။ (Kaiက အတော်ဆူံး ဓားသမားဆိုတော့) Kyung လူကြီးမင်းဓားသံတွေကြောင့် အခန်းထဲက ထွက်လာခဲ့တယ်။ ထွက်လာလာချင်းပဲ~~

Kyung: Ar....

Soo: Appa!!!!

~~Kaiအသံလာရာဖက်ကို လှည့်ကြည့်မိလိုက်သည်။ ~~

Kai pov': Soo!

~~Sooက ဓားနဲ့ခုတ်ခံလိုက်ရတဲ့ သူမအဖေကို ပွေ့ထားလျက် ကျတော့်ကို မော့ကြည့်သည်။ ~~

Soo: ရှင်... ရှင် ဘယ်သူလဲ။

~~Kai မျက်နှာမှာ ဖုံးကာထားတဲ့အဝတ်ကိုဖယ်လိုက်သည်~~

Soo: ဟင် Kai!

~~Sooမျက်နှာမှာ ကြေကွဲမှုတွေဝမ်းနည်းမှုတွေ ဝမ်းသာမှုတွေ မျိုးစုံရောနှောနေတယ်~~

~~Kaiအနားကို တဖြည်းဖြည်းကပ်လာခဲ့တယ်~~

Kai: ငါ့အနားကို မကပ်နဲ့။ နင့်ကြောင့် ငါ့ဘဝပျက်ခဲ့တာ။ အခု နင့်ဘဝကြီး ပျက်စီးအောင် ငါလက်စားချေနေတာ။ နောက်ဆုံး နင်ပဲကျန်တော့တယ်။

××Flashend××

Soo: Kai Ya! ငါ့ကိုပါ သတ်သွားပါ။

~~မျက်ရည်တွေနဲ့ သူမကို သတ်ဖို့ပြောနေတဲ့ သူမကို ကျတော် ကြည့်နေမိတယ်။ သူမမျက်နှာမှာ ကျတော့်အပေါ် နာကျည်းမှုတွေပါလား မပါလား ကျတော် အကဲမခတ်နိုင်လောက်အောင် ကျတော့် မျက်ဝန်းတွေ မျက်ရည်များနဲ့ ပြည့်လျှံလာခဲ့တယ်~~

Soo: Kai.. ငါ နင့်ကိုမမုန်းပါဘူး။ ဒါငါတို့နှစ်ယောက်ရဲ့ ရှောင်လွဲလို့မရတဲ့ ကံကြမ္မာ ဖြစ်ပါလိမ့်မယ်။ တခုပါပဲ။ ငါ့မိသားစုတွေ အခု တယောက်မှ မရှိဘဲ ငါတယောက်ထဲ မနေနိုင်တော့ဘူး။ ဒါကြောင့် ငါ့ကိုပါ တခါတည်းသတ်သွားပါ။ နင်မဟုတ်တဲ့ တခြားသူရဲ့ ဇနီးဖြစ်ရတာထက် နင့်လက်ထဲမှာပဲ ငါသေသွားပါရစေ။

~~Soo စကားတွေ ကျတော် ဆက်နားမထောင်ရဲတော့ပါ။ ကျတော် သိပ် ချစ်ရတဲ့သူကို ကျတော့်လက်နဲ့ သတ်ပစ်ရမယ်တဲ့။ ဘယ်လိုလုပ် ကျတော်သတ်ရက်ပါ့မလဲ။ ဒီလို ကံကြမ္မာမှာ မွေးဖွားလာတဲ့ ကျတော့်ကို ကျတော်သာ အပြစ်တွေ တင်မိပါတယ်~~

~~အဲ့လိုတွေးနေတဲ့အချိန် ကျတော်တောင် မသိလိုကိမိဘဲ သူမ ကျတော့်ဆီပြေးဝင်လာခဲ့တယ်။ အတိအကျပြောရရင် ကျတော့်ဆီ ကျတော့်ရင်ခွင်ထက် ကျတော့်လက်မှာ ကိုင်ထားတဲ့ ဓားဆီကို ပြေးဝင်လာခဲ့တာပါ~~

Soo: Ah...

Kai: Soo.....!!! Undwalll......

~~Sooတချက်သာအော်နိုင်ပါသည်။ ပြီးတော့ နီရဲရဲနှုတ်ခမ်းလေးမှ သွေးများထွက်ကာ လဲကျသွားသည်။~~

Kai: Soo.. Soo ya! ငါ... ငါ့ကိုထားခဲ့တော့မှာလားဟာ...

Soo: ငါ... ငါ့လက်ကလေးက်ု ကိုင်ထားပေးပါလား

~~Sooခန္ဓာကိုယ်လေးကို ပွေ့ထားလျက် လက်ကလေးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားမိတယ်။ ~~

Soo: ငါအခု ရင်.. ရင် ထဲမှာ အရမ်း ပျော် တယ် နင့် ရင် ခွင် လေး ထဲ မှာ နင့် လက် က လေး ကိုဆုပ် ကိုင် ထား ခွင့် ရ လို့ ငါ အ ရမ်း ပျော် တယ်။ နင် လည်း ငါ့ လို ပဲ လား ဟင်

Kai: Gadal! ငါ... ငါ ဘယ်လို ဖြစ်သွားမှန်း ငါ့စိတ်တွေ စိတ်ရိုင်းတွေ ဝင်သွား ခဲ့တယ်။ ငါ့... ငါ့ကို ခွင့် လွှတ်ပါ ... နော် Soo...

~~Kaiခေါင်းလေးကို ငုံ့ထားပြီး ပြောနေရာကနေ Sooစကားသံမကြားလို့ Sooကို ကြည့်လိုက်တော့ Sooအသက်မရှိတော့။ သူမရဲ့လက်ကလေးကသာ Kaiဆုပ်ကိုင်ထားတာကြောင့် လျော့လျော့လေး ရှိနေသည်~~

Kai pov'; Sooရယ် ငါ့ကို ခွင့်လွှတ်တယ်တောင် ပြောမသွားနိုင်ပါလား။ ငါနင့်ခွင့်လွှတ်မှုမရှိရင် ငါအသက်ရှငိနိုင်မှာမဟုတ်ဘူး။ ပြီးတော့ နင့်လက်ကလေးကို လွှတ်မပေးနိုင်ဘူး။ ငါ့ကို ထာဝရ လက်တွဲထားပါနော်။

~~Kai သူ့ရဲ့ အိတ်ကပ်ထဲက ဓားလေးကို ထုတ်လိုက်ပြီး ကိုယ့်ကိုယ်ကို တချက် ထိုးလိုက်သည်။ ခဏကြာတော့ သွေးတွေ အန်ကာ Sooဘေးနားလေးမှာ လဲကျသွားသည်။ Sooမျက်နှာလေးကို ကြည့်ရင်း Sooလက်ကလေးကို ကိုင်ထားရင်း~~

Kai pov': ထာဝရ နင်နဲ့အတူတူ။ ငါ့လက်ကလေးကို တွဲထားပါ။ နင့်လက်ကလေးကို ငါ ဘယ်တော့မှ မလွှတ်တော့ဘူး Sooရယ်....

U & I together, dun ever let go of my hands

Even though I bid u goodbye

To me this world is just u

Just You & I

Forever ... & Ever ...

Continue lendo

Você também vai gostar

408K 39K 119
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်
397K 3K 4
"ဘယ်သူကမှ သူရဲကောင်းအဖြစ်မွေးဖွားလာတာမဟုတ်ဘူး သူရဲကောင်းတစ်ယောက်၊ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ ပင်ကိုယ်အရည်အသွေးနဲ့ ကိုယ်တိုင်လုပ်ယူထားတဲ...
328K 34.6K 172
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...
302K 15.2K 84
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...