Dear Zheng Ping(Part_1)

322 12 1
                                    

"မင်းခံရတဲ့ စော်ကားမှုတွေကို အဆတစ်ရာ ပြန်ပေးနိုင်အောင် ဒီကိုယ်တော်က လုပ်ပေးမယ်"
Inspired by the Chapter_16.1 of 'The Ugly Emperor'



____________U.N.I.C.O.D.E.___________

ကျမ်းဖျင်ရဲ့ မျက်နှာက ဒေါသကြောင့် နီရဲလို့်နေသည်။
ဘာတစ်ခုမှ မဆိုပေမယ့်
မိန်းကလေးတစ်​ယောက်က ရိုက်လိုက်တာမလို့ ပြန်လည်းမလုပ်နိုင်ဘဲ
သူ့ခါးချည်ကြိုးလေးကို ပြန်မယူနိုင်မှာအကြောက်ဆုံးဖြစ်သည်။

ဟွမ်းဖူကျဲက ေပျာက်သွား​တာကိုတောင် မသိသေးလို့။
အခုပျောက်နေတာလည်း သိသွားပြီ။
ဘာတွေပဲ ဖြစ်နေပါစေ
ကိုယ်လုပ်တော်တွေနဲ့ နှစ်ယောက်တည်း ရှိမနေပါစေနဲ့ ဆိုတဲ့ ကတိ်ကိုလည်း ဖျက်မိပြီ။

"ကျမ်းဖျင်..မင်းကို သူရိုက်လိုက်တာလား!"

"အရှင်မင်းကြီး!"

မိဖုရားယွမ်က သူ့ကို သူခိုးပါလို့ စွပ်စွဲနေတဲ့
ကုန်းကုန်းကို ဘာမှ အပြစ်မပေးတဲ့အပြင်
ထိုကုန်းကုန်းကို ဂရုတစိုက်မေးမြန်းနေတဲ့ ခင်ပွန်းသည်ဧကရာဇ်ကြောင့် မျက်လုံးလေးတွေက နီရဲလို့ ငိုကြွေးတော့မည့်ဟန်။

သို့သော် ဟွမ်းဖူကျဲ မြင်မိသမျှက ဖြူဖွေးနေတဲ့ အသားအရေထက်က လက်ဖဝါးရာအတိုင်းသားကိုပဲ ဖြစ်သည်။
ကျမ်းဖျင်က သူငြင်းလိုက်ရင် ပိုဆိုးသွားမှာကို သိသောကြောင့် ဘာမှ မပြောဘဲ တိတ်တိတ်လေးနေနေသည်။

"ကျမ်းဖျင်..အခုချက်ချင်းထပြီး ဆယ်ချက်ပြန်ရိုက်လိုက်!"

"အရှင်မင်းကြီး!"

ယွမ်ဖေးက ငိုကြွေးမိတော့မည်။
သူမကိုလည်း သူခိုးလို့ စွပ်စွဲသေးသည်။
အခုလည်း မတရားရိုက်တာ ခံရဦးမည်။
ပြီးတော့ အစေခံတွေ အများကြီးရှေ့မှာ..
သူမက မင်းကြီးအတွက်လည်း သားတော်လေးတစ်ပါး ဖွားမြင်ပေးထားတဲ့ မိဖုရားတစ်ပါးပင်။

သူခိုးလို့ စွပ်စွဲသည့် အနှီကုန်းကုန်းကို ဘာမှ အပြစ်မပေးသည့်အပြင် အရိုက်လည်းခံရဦးမည်ဖို့ အရှက်သည်းစွာ ငိုကြွေးမိတော့သည်။

"ချစ်သော မိဘုရားလည်း ထပါ! ကျမ်းဖျင်..ထလေ.."

ဒူးထောက်နေရာက ပြန်ပြီး မတ်တပ်ရပ်လာတဲ့ ကျမ်းဖျင်ကို ကြည့်လို့

Kamu telah mencapai bab terakhir yang dipublikasikan.

⏰ Terakhir diperbarui: Nov 29, 2020 ⏰

Tambahkan cerita ini ke Perpustakaan untuk mendapatkan notifikasi saat ada bab baru!

The Ugly Emperor <Fanfiction>Tempat cerita menjadi hidup. Temukan sekarang