အပိုင်း -၁၆. (Zawgyi)

Começar do início
                                    

"မောင်အိမ်ရှေ့ကြီးမှာ အိမ်ထဲမှာဖေဖေနဲ့မေမေရယ် ညီမလေးလဲရှိနေတာကို တော်ကြာမြင်သွားရင် မကောင်းဘူး။"

"ယောက္ခမကြီးနှစ်ယောက်နဲ့ ခယ်မလေးက အိမ်ထဲမှာလေ။ မောင်တို့က အိမ်အပြင်မှာ ဘယ်လိုလုပ်မြင်မှာလဲကွာ။ အမောပြေ အနမ်းတစ်ချက်ထဲကို သွင်ကနှမျောတွန့်တိုနေပြန်ပြီ။"

Sheinနှုတ်ခမ်းလွှာပေါ်သို့ ကျရောက်လာသော နှုတ်ခမ်းတစ်စုံနွေးနွေးကြောင့် သူအံ့သြမိသည်။ Sheinထင်ထားတာက သူ့ပါးပြင်ပေါ်ကိုပဲ နမ်းမည်သာထင်ထားသည်။ သို့သော် သွင်ကထင်ထားတဲ့အတိုင်းမဟုတ်ဘဲ Sheinနှုတ်ခမ်းကိုနမ်းလိုက်ခြင်းဖြစ်သည်။
ရုတ်တရက်နှုတ်ခမ်းကို အနမ်းခံလိုက်ရသောကြောင့် Sheinလဲ အနည်းငယ်ရှက်သွေးလေးများ မျက်နာပေါ်သို့ ဖြတ်သန်းသွားသည်။

"ဒီလောက်ဆိုအမောပြေပြီလား..."

သွင်အမေးကြောင့် Sheinပြုံးကာ ခေါင်းညိတ်မိလိုက်သည်။ သွင့်ရဲ့ အ​ပြုအမူတစ်ခုချင်းဆီတိုင်းဟာ Sheinအတွက်တော့အချိန်တိုင်း ရင်ခုန်စိတ်လှုပ်ရှားစရာများဖြစ်သည်။

"ကိုကိုအိမ်ရှေ့ကြီးမှာ ဘာလုပ်နေတာလဲ။ မေမေက အိမ်ထဲမြန်မြန်ဝင်လာခဲ့ပါတဲ့။"

နှင်းမိုးစက် အကိုဖြစ်သူရဲ့ လန့်သွားတာကို သဘောကျကာ အိမ်ထဲသို့ပြန်ဝင်လာခဲ့သည်။

ညီမလေးရဲ့အသံကြောင့် သွင်နဲ့အတူမောင်ပါအနည်းငယ်လန့်သွားမိသည်။

"အဲ့တာမောင့်ကြောင့် ညီမလေးမြင်သွားလားမသိဘူး။ ဘယ်လိုမျက်နာနဲ့ ညီမလေးရှေ့မှာ ဘယ်လိုနေရမလဲမသိဘူး။"

မောင်နဲ့အတူသွင်ပါ ထမင်းစားခန်းထဲသို့ဝင်လာခဲ့ပြီး မေမေတို့ရှေ့မှခုံကိုဆွဲကာ ဝင်ထိုင်လိုက်သည်။

အန်တီနဲ့ဦးတို့စောင့်နေရတာကြာသွားလို့ တောင်းပန်ပါတယ်။

Shein မတော်ရသေးသော ယောက္ခထီးနဲ့ယောက္ခမဖြစ်သူကို အခုထဲကရိုကျိုးစွာနဲ့ တောင်းပန်လိုက်သည်။

"ရပါတယ်ကွယ်။ ဦးတို့ကလဲ သားနဲ့အတူ တစ်ခါမှထမင်းလက်ဆုံမစားရသေးတာကြောင့် အခုလိုညစာဖိတ်ကျွေးလိုက်ရတာပါ။ အခြားအကြောင်းတွေမရှိပေမယ့် ဦးတို့မိသားစုနဲ့သား ဒီထက်ပိုရင်နှီးသွားရင်လကောင်းမယ်ထင်လို့ပါ။"

မောင့်ရဲ့ကြင်ရာတော်👨‍❤️‍👨Onde as histórias ganham vida. Descobre agora