"အင်း စီးကြည့်တော့ ​ပျော်​စရာ​ကောင်းတယ် ဒယ်ဒီ ။ သား ​နောက်​​နေ့ကစပြီး ကိုကို့ဆိုင်​ကယ်​လိုက်စီးပြီး ​ကျောင်းတူတူသွား​တော့မယ်​ "

"မဖြစ်​ဘူး ယံယံ ။ ရှိုင်း တစ်​​ယောက်​တည်း လွတ်​လွတ်​လပ်​လပ်​ သွားပါ​စေကွယ် "

​​မာမီက ဝင်​ကန့်ကွက်​​တော့ မိုးသောက်ယံသည် ဒယ်ဒီ့ကို ​စစ်ကူတောင်းသလို ကြည့်လိုက်သည် ။

"​ဒယ်ဒီ ၊ သား ဆိုင်​ကယ်​စီးရတာ ​ပျော်​လို့ပါ နော်​ ။ မာမီ့ကို ​ကူပြောပေးပါဦး "

"ခင် ၊ သားကို ​ပေးစီးခိုင်းလိုက်​ပါကွာ ။ နောက်​စိတ်​​ပြောင်းသွားရင်​ အိမ်​က ကားပြန်​စီးမှာ​ပေါ့ ။ ဟုတ်​တယ်​မလား ယံယံ "

"ဟုတ်​တယ် ၊ ဒယ်ဒီက သားစိတ်ကို နားလည်ပေးနိုင်ဆုံးသူပဲ "

အခြားမိသားစုက ဖခင်တွေနှင့် ခြားနားစွာပင် မိုးသောက်ယံကို ဒယ်ဒီသည် သိပ်ချစ်ပြီး အလိုလိုက်သည် ။ သို့သော် မာမီကတော့ ချစ်သော်လည်း သူ့အကန့်အသတ်နှင့် သူ ၊ ဆူစရာရှိ ဆူ ၊ ဆုံးမစရာရှိ ဆုံးမသည် ။ သူ့မှာ ဒယ်ဒီ့ကို လိုရာတောင်းဆို၍ ရသော်လည်း မာမီကတော့ အမြဲ တားဆီးတတ်သည် ။ ဘယ်လိုပဲဖြစ်စေ နောက်ဆုံးမှာ မာမီလည်း လိုက်လျောရသည်ပင် ။

​ယခုလည်း မာမီက မ​ကျေနပ်​​သည့် အမူအယာဖြစ်နေသော်လည်း မိုးသောက်ယံကို ဘာမျှ ထပ်​မ​ပြော​တော့ချေ ။

"ရှိုင်း "

"ဗျာ...ဦး "

"ဆိုင်​ကယ်​ ​မောင်းရင်​ ​သေချာဂရုစိုက်မောင်း ။ ယံယံ တစ်​ခုခုဖြစ်​လာတာမျိုး မမြင်​ချင်​ဘူး​နော်​ ။ မင်းကို စိတ်​ချမယ်​​ ရှိုင်း "

"ဟုတ်​ကဲ့ပါ...ဦး ။ ကျွန်တော် ဂရုစိုက်ပါ့မယ် "

ရှိုင်းသည် သူနှင့် အတူသွားရန် သ​ဘောတူလိုက်​တာ​ကြောင့် မိုးသောက်ယံသည် ​ကျေနပ်​စွာ ပြုံးသည်​။ ​ဒယ်ဒီ့စကားကို အမြဲနား​ထောင်​တတ်သည့် ရှိုင်းကြောင့် သူ နိုင်​ကွက်​​တွေရ​နေ​ခြင်းပင်​ ။

ရှိုင်းသည် မိုးသောက်ယံကို တဖြည်းဖြည်း ပို၍ မုန်းတီးလာမိသည်​။ မိုးသောက်ယံ၏ အမြဲတမ်း အနိုင်​လိုချင်​မှု​တွေကို သူ မုန်းသည်​ ။ အခြေအနေတစ်ခုကြောင့် ရှိုင်းဘက်မှ အမြဲတမ်း သည်းခံ​နေခဲ့ရ​သော်လည်း မိုးသောက်ယံကို မုန်းသည်ဆိုသည့် အချက်ကတော့ အမှန်တရားတစ်ခုလိုပင် သူ့ နှလုံးသားထဲမှာ အမြစ်တွယ်နေခဲ့သည် ။

ချစ်မိသူ  အရှုံး ( Completed) Waar verhalen tot leven komen. Ontdek het nu