စဝ်စံမိသားစု၏ အရိပ်တချို့မှ ရုန်းမလွတ်နိုင်သော သွေးသားများဖြစ်နေသောကြောင့် ဘွားဥတို့စိတ်ပူသည်မှာမဆန်း။ ဤသို့ သွေးအေးသတိပေးချက်ကို ခွန်းနှောင်းက မသိလိုက်၍သာတော်တော့သည်။

"လာ လူကြီး၊ အာလူးဖုတ်စားကြမယ်လေ"

မီးထဲတွင် အုံ့ကာဖုတ်ထားသော အာလူးတချို့ကို ခွန်နှောင်းက ဘေးတွင်ချထားသောတုတ်ဖြင့်ဆွဲယူထုတ်ပေးသည်။

"ပြောရော့ ဒီအတတ်ပညာရော ဘယ်ကတတ်လာလေသလဲ"

"အကိုစိုင်းနောင် ဖုတ်ပေးတာ၊ ကျွန်တော်က ခွါရုံတင်၊ ကျော်ကျော်တို့ ဘွားဥတို့ကိုလည်း ကျွန်တော်ခွါထားပေးတာ"

မျက်နှာတွေပေကျံနေသော အမည်းရာလေးများအား သုတ်ပေးချင်သော်ညား စိတ်ကို ထိန်းကာ ခေါင်းသာပွတ်သပ်ပေးလိုက်ရ၏။

"ပူတယ် ပူတယ်"

"ပူရင်လည်း အတန်ကြာမှ ခွါရော့လေ"

"ပူတုန်းစားမှ စားကောင်းတာတဲ့"

အာလူးမီးဖုတ်စားရသည်မှာ ခံတွင်းချဉ်လှသောကြောင့် ဆယ်နှစ်လောက်မစားတော့ပါဘူး စိတ်ဆုံးဖြတ်ခဲ့သော ဦးသာသည်လည်း မနေသာ။ ခွံ့ကျွေးနေသော ခွန်နှောင်းအား အားနာသည့်စိတ် တစ်ပုံ၊ ချစ်မြတ်နိုးသောစိတ် ကိုးပုံတို့ဖြင့် ပါးစပ်ထဲသွင်းကာ မျိုချရုံ တတ်နိုင်ပေသည်။

"အကို ခွန်နှောင်း ဒီမှာ အရက်ဖြူ"

သံခွက် ခပ်ကြီးကြီးဖြင့် ထည့်ကာ အရက်ဖြူများကို သယ်လာသော ကျော်ကျော်သည် ဦးသာကို မြင်မှ ကြောက်အားလန့်အားဖြင့် ခွက်ကို အနောက်သို့ပို့လေ၏။

"ရတယ် ကျော်ကျော် ပေး၊ လူကြီးက ခွင့်ပြုထားတာသောက်လို့ရတယ်တဲ့ ..နော်"

ရှေ့စကားများသည် ကျော်ကျော်ကိုပြောခြင်း ဖြစ်လင့်ကစား နောက်မှ "နော်" ဟု သံရှည်ဆွဲကာ ပြောခြင်းသည် ဦးသာဘက်လှည့်ကာ ပြောလိုက်ခြင်းပင်။

ဆယ့်နှစ်ကြိုးကဝေထက်ပိုသော တစ်ရာ့နှစ်ကြိုးကဝေလေးသည် သံခွက်ထဲမှ သေရည်သေရက်တို့ကို ရေနွေးကြမ်းခွက်ထဲငှဲ့ကာ အနည်းငယ်စီသောက်လိုက် လှမ်းကြည့်လိုက်လုပ်နေပေသည်။

နှောင်းဦးသက်လည်တည်စေအံ့Opowieści tętniące życiem. Odkryj je teraz