အကြီးအကျယ်ကိုအံသြနေတဲ့ကောင်လေးရဲ့နှာခေါင်းချွန်ချွန်လေးကိုမနာအောင်ဆွဲဖျစ်ပြီးမေးလိုက်တော့
"ငါ..ငါ့ပါးပါးက ငါတို့အကြောင်းကိုသိသွားပြီ၊အဲ့ဒါ မင်းမိဘတွေလက်ခံမှ သဘောတူမယ်တဲ့၊အဲ့ဒါကြောင့်ငါကပြောတာ၊
ဒါနဲ့ မင်းက ငါ ရှောင်းကျန့်ဆိုတာကိုဘယ်အချိန်ထဲကသိနေတာလဲ "အရမ်းကိုသိချင်နေတဲ့ကောင်လေးက သူ့အင်္ကျီစကိုဆွဲပြီး အဖြေမချင်းမေးနေတော့တာပဲ။
"ဘယ်အချိန်ထဲကသိလဲဆိုတာကအရေးကြီးလို့်လားကွာ"
"ကြီးတယ်၊ငါ ကရှောင်းအိမ်တော်ကမှန်းသိသိကြီးနဲ့မင်းငါ့အနားမှာနေတာထူးဆန်းတယ်၊ပြီးတော့ငါကမင်းကိုလိမ်ထားတာလေမင်းစိတ်မဆိုးဘူးလား"
ဟိုးအဝေးကြီးတွေလျှောက်တွေးနေတဲ့ ကောင်လေးရဲ့ခေါင်းကိုမနာအောင်ထုလိုက်ပြီး
"Hunza ကငါ့မွေးရပ်မြေလေ၊ ဘယ်နေရာမှာဘယ်လိုလူတွေနေတယ်ဆိုတာကိုတော့ ငါကောင်းကောင်းသိတာပေါ့"
"ဒါဆို ငါနဲ့စသိကတည်းကသိနေတာလား"
လန်ကျန့်ကခေါင်းငြိမ့်ပြလိုက်တော့ ရှောင်းကျန့်က ဒေါသထွက်ပြီးပေါက်ကွဲပါလေရော!!
ထွေးပိုက်ထားတဲ့ရင်ခွင်ထဲကအတင်းရုန်းပြီး လန့်ကျန့်ကိုမျက်နှာချင်းဆိုင်ကြည့်ကာရင်ဘက်ကိုတဘုန်းဘုန်းနဲ့ထုရိုက်နေတော့တယ်။"ဘာဖြစ်လို့ ငါ့ကို ရင်းလို့ပဲခေါ်တာလဲ၊ငါ့မှာငါ့ဖြစ်တည်မှုကိုမင်းသိသွားရင်ငါ့ကိုမောင်းထုတ်မှာဆိုးလို့ ဖုံးလိုက်ကွယ်လိုက်ရတာ၊နေ့စဉ်ရက်ဆက်မင်းများသိသွားရင်ဆိုတဲ့စိတ်နဲ့ စိုးရိမ်ထိတ်လန့်နေခဲ့ရတာ၊လူဆိုးကောင် မင်းကတော့ငါ့ပါးစပ်ရှိသမျှပြောပြခဲ့တဲ့ငါ့မိဘအကြောင်းလုပ်ကြံဇာတ်တွေနားထောင်ပြီးငါ့ကိုဟားနေမှာပေါ့၊
တော်ပြီ မင်းကို ငါ စိတ်ဆိုးတယ်၊ငါ့ကိုစကားလာမပြောနဲ့"