Loop 10 (အနိုင်ယူတတ်သူ)

Ξεκινήστε από την αρχή
                                    

"ထားတာပေါ့ ..... ဒါပေမယ့် ကျနော် ကောင်မလေးတစ်ယောက်ကို ရည်းစားအဖြစ် ရွေးလိုက်တဲ့ အကြောင်းရင်းက အမြဲလိုလို တစ်ခုတည်းပဲ .. အဲဒီကောင်မလေးက လှလို့  စိတ်ဝင်စားဖို့ ကောင်းလို့ ..
ချစ်သူထားဖို့ ဒီထက်ပိုပြီး ခိုင်လုံတဲ့ ခံစားချက်မျိုး ကျနော့်မှာမကြုံဖူးဘူး.. သိပ်ချစ်တဲ့ စုံတွဲတွေ တစ်ယောက်ကို တစ်ယောက် တစ်ဘဝစာ ဘာကြောင့် ရွေးချယ်ထားသလဲ ဆိုတာ ကျနော်သိပ်သိချင်မိတယ်"

"ကျနော်က မကောင်းဘူးဗျ ... လူတစ်ယောက်ကို ဒီနေ့ စိတ်ဝင်စားနေပေမယ့် နောက်နေ့ဆို စိတ်ဝင်စားမှုမရှိတော့ ပြန်ဘူး .. အဲ့လို စိတ်မဝင်စားတော့ရင်လည်း ဘာအကြောင်းနဲ့မှ အားမနာတတ်ပြန်ဘူး .."

Wow... ကျနော့်ရဲ့ Nong Tol လေးက သွေးအေးအေးနဲ့ အသည်းခွဲတတ်တဲ့ ကောင်လေးတစ်ယောက်လည်း ဖြစ်ပုံရ၏

"အဲ့လို စိတ်ဝင်စားမှု လျော့တတ်တာ အချစ်ရေးမှာ ပဲလား .... တခြား ကြာကြာ စိတ်ဝင်စားတဲ့ အရာတွေရော တကယ် မရှိဘူးလား"..

"အင်း ရှိပါတယ် .... ရုပ်ရှင်, Game, Sport Carတွေ ... ပြီးတော့ ball တွေ"

"ဟင် .. ဒါဆို Phi ကို စိတ်ဝင်စားပေးလို့ ရပြီပဲ .."

(Tolက basketball, volleyball, football ဆိုတဲ့ အားကစားတွေကို ပြောတာပါ
P'Tihnကတော့ မိန်းမကို boobs, ယောကျာ်းကို balls လို့ စကားပြောင် ခေါ်ကြတာကို ယူပြီး ballsကြိုက်ရင် သူ့ကို ပြန်ကြိုက်လို့ ရပြီလို့ ဖောက်လိုက်တာပါ)

Tol က အိမ်ပြန်ဖို့ ကားပေါ်ရောက်ကတည်းက ပထမဆုံးအကြိမ်အနေနဲ့ ကျနော့်ဘက်ကို လှည့်လာပြီး...

"လုပ်လာပြန်ပြီလား ..
Phi ကိုယ့်ကိုယ့်ကို Gay ဆိုတာတော့ သေချာပါတယ်နော်  ..
အရင်ကရော ကောင်လေးတွေနဲ့ Date ဖူးလား"

"Oy oyy, ဘာတွေမေးနေတာလဲ Nong ..
Phi က မိန်းကလေးပဲ ကြိုက်တာပါ ... အတည်တွဲခဲ့တာလဲ မိန်းကလေးပဲ .."

Tol က ဘာမှ ဖြတ်မပြောဘဲ နားစွင့်နေပုံပေါက်တာကြောင့် ကျနော်လည်း ဆွေးဆွေ့မြေ့မြေ့ ပြုံးလိုက်ပြီး ..

"Phiရဲ့ ချစ်သူဟောင်းက Phi က သူများကိစ္စတွေ ခေါင်းထဲထည့်ထားပြီး အရမ်း ဝင်ကူညီတတ်တာကို မကြိုက်ဘူး ..
သူဟာ Phi အတွက် ဘာမှ အရေးမကြီးတဲ့သူလို ခံစားရတယ်တဲ့ .... သည်းမခံနိုင်တော့တဲ့ အဆုံး သူ Phi ကို ထားသွားခဲ့တယ်"

TRIAGE (Myanmar Translation)Όπου ζουν οι ιστορίες. Ανακάλυψε τώρα