Zawgyi
________ရိပေါ် Camera Lensလေးများစုံမစုံ စစ်ကြည့်ပြီး အားလုံးအပြည့်အစုံပါသည်သေချာမှ Wheelchairလေးအား ကိုယ့်အားကိုယ်ကိုးကာ တွန်းရင်း အဆောင်မှ ထွက်လာခဲ့လိုက်သည်။ သိပ်ဝေးဝေးလံလံသွားသည်မဟုတ်ပဲ
တက္ကသိုလ်ကျောင်းဝန်းထဲရှိ ပန်းခြံကိုသာ သွားသည်ဖြစ်ရာ မည်သူ့ကိုမှ အဖော်မခေါ်တော့ပါ၊ ပုံမှန်ဆိုလျှင် အခန်းဖော်လည်းဖြစ် သူငယ်ချင်းလည်းဖြစ်သူ ကျိုးချန်က အဖော်လိုက်ပေးလေ့ရှိသည်၊ ဒီလိုကြာသာပတေးနေ့
ညနေ၅နာရီ ပန်းခြံသို့ ခြေဆန့်သည့် ကျွန်တော့်ရဲ့ ခရီးစဉ်တိုလေးကိုတော့ သူအဖော်မလိုက်တတ်။ ကျွန်တော်က မခေါ်သလို သူကလည်း ကျွန်တော်ခြေဆန့်ရသည့် အကြောင်းအရင်းကို သိသောကြောင့်
မလိုက်ပေးခြင်းဖြစ်သည်။ ထိုအကြောင်းအရင်းသည်ကား ကျွန်တော့်ရဲ့ တစ်ဖတ်သက်ချစ်ရသူ တစ်နည်း..ကျွန်တော်အဝေးမှ မျှော်လင့်ရသူ..ထိုတစ်ဦးတည်းသောလူသားအား ဒီအချိန်လေးမှာ ကျွန်တော်အခစားဝင်သောကြောင့်
ဖြစ်သည်။ ယခုပင် ၄နာရီခွဲလုပြီ။ သိပ်မဝေးလှသော ကျောင်းပန်းခြံလေးသည် ရိပေါ်အတွက် မိနစ်၂၀စာတော့ အားစိုက်ရသော ခရီးဖြစ်ခဲ့သည်။ရိပေါ်ရောက်ရှိပြီ မိမိနေရာယူနေကျ ထင်းရှူးပင်ဘေး ခုံတန်းဖြူလေးတွင်ပင်နေရာယူလိုက်သည်။ ထို့နောက် ကောကောတစ်ဦးတည်းအတွက်သာရည်ရွယ်ထားတဲ့ Canon EOS M50 Cameraလေးအား အိတ်ထဲမှ ထုတ်ယူလိုက်သည်။
ကောကောပုံလေးကို ဒီနေ့တော့ Portraitပဲ ရိုက်ယူတော့မည် စိတ်ကူးထားသောကြောင့် Canon EF-M 55-200 f4.5 lensလေးကို ထုတ်လိုက်သည်။ ကျွန်တော်ကြာသာပတေးနေ့တိုင်း ကောကောထက်စောစော
ပန်းခြံကို လာရသည့်အကြောင်းအရင်းက ဒါလည်းအပါအ၀င်တစ်ခုပင်။ ရိပေါ်လို ဓာတ်ပုံပညာအထူးပြုကျောင်းသားတစ်ယောက်အတွက် လှပသောအရာများအားမြင်တွေ့ရလျှင် မှတ်တမ်းတင်တတ်သည်မှာ
အကျင့်တစ်ခုထက်ပိုသော အကျင့်ပင်။ ကောကောက ရိပေါ်မှတ်တမ်းတင်ရာ အလှအပများထဲမှာ အလှပဆုံးဖြစ်တည်မှုလေးပေါ့။ ရိပေါ်တစ်ပတ်တစ်မျိုး မရိုးရအောင် ကောကောကို မှတ်တမ်းတင်နေရတာနဲ့တင်
ကျေနပ်နိုင်နေပါပြီ၊ရိပေါ်Cameraကို ကွက်တိစိတ်တိုင်းကျတပ်ဆင်ပြီးသည်နှင့် ကောကောထိုင်နေကျ ရိပေါ်နဲ့ မျက်စောင်းထိုး ခပ်လှမ်းလှမ်းက ခုံတန်းဖြူလေးကို Focusချိန်ကြည့်လိုက်သည်၊ မဆိုးလှ။ Portraitရိုက်ယူသည်မို့ နောက်ခံ
လှလွန်းစရာမလိုသောလည်း ဒီနေ့လေးက လှနေသည်။ ကောကောနဲ့တွေ့မှာ မို့လို့များလား။ ကိုယ့်အတွေးနဲ့ကိုယ် ရိပေါ်တစ်ချက်ပြုံးမိသည်။ နှုတ်ခမ်းတွန့်ရုံလောက်။
DU LIEST GERADE
Deuxième moitié ( Zawgyi + Uni )
RomantikYiZhan ( Fiction ) ~I found my second half~ ....... BJYX one shot of over 4900 words. ဝေဖန်အကြံပေးနိုင်သလို ချစ်ပေးလို့လည်းရပါတယ် ^^ First ever and may be last YiZhan ( BJYX fanfiction ) inspired by first snow.