ကျွန်​​တော်​အနာက်​ကိုပြန်​လှည့်​ပြီး 
ဂျောင်​ဆူးကိုကြည့်​​တော့ တစ်​ရှိက်​ရှိက်​နဲ့ငို​နေသည်​။

ကျွန်​​တော်​ သူကိုယ်​​လေးကိုရင်​ခွင်​ထဲတင်းကြပ်​စွာဖက်​ထားရင်း နဖူး​လေးကိုနမ်းရှိက်​လိုက်​သည်​။

"မငိုပါနဲ့​တော့ ​ဂျောင်​ဆူး "

"ငါ....ငါကိုမထားခဲ့ပါနဲ့​နော်​!ငါမင်းမရှိ​သေသွားလိမ့်​မယ်​ "

"ဒို​ဂျောင်​ဆူး!!​နောက်​တစ်​ခါအဲ့လိုဘယ်​​တော့မှမ​ပြောနဲ့!ကိုယ်​မကြိုက်​ဘူး!"

ကျွန်​​တော်​သူကို မာမာထန်​ထန်​​ပြောလိုက်​​တော့
ခုနကတိတ်​​နေ​သောမျက်​ရည်​စက်​များ
ပြန်​လည်​ရွာသွန်းလာပြန်​သည်​။

"ကိုယ်​​တောင်းပန်​ပါတယ်​....ကိုယ်​...ကိုယ်​သွား​တော့မယ်​"

ကျွန်​​တော်​​ပြောပြီးတာနဲ့ ​ဂျောင်​ဆူးကိုထားပြီး
ပြေးထွက်​လာလိုက်​သည်​။

နောက်​တစ်​ကြိမ်​ သူကျွန်​​တော့်​ကိုဆွဲထားရင်​ ကျွန်​​တော်​ လိုက်​​လျောပြီးသူနဲ့​နေမိလိမ့်​မယ်

အဲဒါ​ကြောင့်​ ထပ်​ဆွဲထားမည့်​​နွေး​ထွေး​သောလက်​တစ်​စုံလေး  မလာခင်​ ကျွန်​​တော်​ထို​​နေရာမှထွက်​လာခြင်းသည်​ ကျွန်​​တော်​ချစ်​ရသူအတွက်​အ​ကောင်းဆုံးလုပ်​​ပေးနိုင်​ခြင်းပဲ..
.
.
.
.
.
.
ဂျောင်​ဆူးနဲ့ မ​တွေ့တာအခုဆိုတစ်​လပြည့်​ပြီ။

အဲ့တစ်​လအတွင်း လွမ်း​နေ​သောကျွန်​​တော့်​နှလုံးသားကို သူကိုခိုးရိုက်​ထားသည့်​ဓာတ်​ပုံများနဲ့သာအလွမ်း​ဖြေခဲ့သည်​။

အခန်းအပြင်​လဲမထွက်​ပဲ ကျွန်​​တော်​ရဲ့ပန်းချီပြခန်းမှာသာ ရက်​​တွေတစ်​ရက်​ပြီးတစ်​ရက်​ကုန်​ဆုံး​စေခဲ့တယ်​။

အခုလဲရေးဆွဲပြီးသည့်​ ​ဂျောင်​ဆူးရဲ့၉၉ပုံ​မြောက်​ပုံတူပန်းချီကားကို နံရံ​ပေါ်မှာချိတ်​ဆွဲလိုက်​သည်​။

*အရမ်းလွမ်းတယ်​ ​ဂျောင်​ဆူး *

ပန်းချီကား​ပေါ်မှာ ဖြူ စင်​စွာရယ်​​နေသည့်​​ကောင်​​လေးရဲ့နှုတ်​ခမ်းကို ကျွန်​​တော်​အချိန်​ကြာစွာထိကပ်​ထားလိုက်​သည်​။

I can't live without you(Kaisoo Yaoi)Место, где живут истории. Откройте их для себя