Stephanotis Ch-3

Začít od začátku
                                    

Jung Woo ကလှလို့ပန်းတွေကိုကြိုက်သွားပေမယ့် ကျွန်တော်ကတော့ ဒီပန်းတွေနဲ့ပတ်သက်ပြီးနည်းနည်းအကျယ်ချဲ့တွေးလိုက်မိသည်။

လူတွေနဲ့မတူတဲ့အချက်တွေအများကြီးပန်းတွေမှာရှိတယ်။

လူအားလုံးရဲ့ကဲ့ရဲ့ခြင်းတွေကြောင့် ငုပ်လျှိုပြီး ကိုယ့်အထင်အမြင်တွေကို လူကြားထဲထုတ်မပြဘဲ တိတ်တိတ်ဆိတ်ဆိတ်နေတတ်တဲ့ လူတွေဒီလောကမှာတစ်ပုံကြီး။

ပန်းတွေကျတော့ သူတို့ဟာ လူသိများတဲ့ပန်းမဟုတ်ရင်တောင် သူတို့ပိုင်ထားတဲ့အလှနဲ့အပြင်ပန်းသွင်ပြင်တွေကို မငုပ်လျှိုကြဘဲ ရဲရဲဝံ့ဝံ့ပွင့်လန်းကြတယ်။

Jung Woo နဲ့ကျွန်တော်တို့ လူကြားလည်းမရှောင် ကိုယ့်အချစ်ရေးကိုလည်းမဖုံးကွယ်ဘဲ သူ့စိတ်ကို ကိုယ်ဘဲအရေးစိုက် ၊ ကိုယ့်စိတ်ကိုသူဘဲဂရုစိုက်ပြီးနေကြတဲ့အချိန်တစ်ခုမှာ...

ဘေးပတ်ဝန်းကျင်ကရိုက်ခတ်လာတဲ့ ရွံရှာစက်ဆုပ်တဲ့အကြည့်တွေ ၊ မလိုမုန်းထားတဲ့စကားတွေကို ကျွန်တော်တို့မြင်ခဲ့ရတယ်၊ ကြားခဲ့ရတယ်။

ဒီစကားလုံးကြမ်းကြမ်းတွေအောက်မှာ ပန်းတွေလိုကိုယ့်အလှနဲ့ကိုယ်ရဲဝံ့စွာပွင့်လန်းမနေတော့ဘဲ ပြန်ငုပ်လျှိုသွားခဲ့တာက ကျွန်တော်မဟုတ်ဘဲ Jung woo သာဖြစ်ခဲ့တယ်။

"လမ်းခွဲရအောင်" ဆိုတဲ့စကားကို သူ့နှလုံးသားအလိုမပါဘဲနဲ့ ဘေးလူတွေရဲ့စိတ်သဘောထားကိုဂရုစိုက်ပြီးပြောလာတဲ့ Jung Woo ကိုအဲ့အချိန်တုန်းကအရမ်းဒေါသထွက်ခဲ့တာ။ သူချစ်တဲ့ကျွန်တော့်ကိုတောင်ထားပြီး သူနဲ့တောင်မသိတဲ့လူတွေရဲ့စကားကိုအလေးစိုက်နေတာတွေကိုကျွန်တော်အရမ်းဒေါသထွက်ခဲ့တာ။

မရမကပြန်ပြီး နားသွင်းစကားတွေအထပ်ထပ်ပြောပြီးချည်ထားလို့သာ ကျွန်တော်တို့ရဲ့ချစ်သက်တမ်းက ၂ နှစ်ကျော်ခဲ့တာဖြစ်တယ်။

ကျွန်တော် အရမ်းနူးညံ့ပြီးသိမ်မွေ့တဲ့ပန်းတွေရဲ့သတ္တိကိုလေးစားပြီး အတိတ်ကမှတ်ဉာဏ်ကိုဆင့်ခေါ်နေချိန်မှာ ကျွန်တော့်ဘေးက Jung Woo က ပန်းတွေပွင့်နေတဲ့နားကိုထထွက်ပြီးပြေးသွားတယ်။

Stephanotis Kde žijí příběhy. Začni objevovat