"ငါခေါ်နေတာကြာပြီ နင်ဘာတွေတွေးနေတာလဲ.....''

"Arni...ဒီအတိုင်းပဲ.....''

"လာလေ....သွားရအောင်.....''

ဖျက်ခနဲဆို သူ့လက်မောင်း နှစ်ဖက်ကို ချိတ်တွဲလာတဲ့ Sang Mi ရဲ့ လက်တွေကို ဖယ်ထုတ်ရင်း မေးလိုက်မိသည်။

"နင့်ကိုမေးမလို့....နင်ဘာလို့ ငါ့ကို ခေါ်လိုက်တာလဲ....''

သူ့အပြုအမူတွေကြောင့် Sang Mi က အံ့သြသွားပေမယ့် မျက်နှကို ထိန်းပြီး ချက်ချင်းပြန်ပြုံးလိုက်ကာ....

"အဟင်း....Tae ရယ် နင့်စကားကလည်း အဆန်းပဲ ငါ LA က ပြန်ရောက်ရောက်ချင်း နင့်ကို မြင်ချင်လို့ပေါ့.....''

"ဘာအတွက်လဲ Sang Mi....နင် LA သွားမယ်လို့ ပြောကတည်းက နင်နဲ့ငါ့ရဲ့ ဇာတ်လမ်းက ပြီးသွားပြီလေ....အခုမှ ဘာလို့ ငါ့ကို တွေ့ချင်ရတာလဲ Sang Mi.....''

"နင့်အတွက် ငါ့မှာ အဖြေရှိနေတယ် Tae.....''

"မလိုတော့ဘူး Sang Mi.....''

"ဘာ!!....''

"ဟုတ်တယ် နင့်အဖြေက ငါ့အတွက် ဘာဘဲဖြစ်နေဖြစ်နေ အခုအချိန်မှာ ငါ့အတွက် မလိုအပ်တော့ဘူး.....''

"နင်ဘာလို့ ပြောင်းလဲသွားတာလဲ Tae....''

Sang Mi က အံကြိတ်ကာ Tae Hyung ကို မယုံနိုင်သလိုကြည့်ရင်း ပြောသည်။

"အချိန်က ဆုံးဖြတ်ပေးသွားတာ Sang Mi....အခုငါ့မှာ ချစ်ရမယ့်သူ ရှိနေပြီ.....''

Sang Mi ရဲ့မျက်လုံးအစုံပြူးကျယ်လျှက် Tae Hyung ကို မယုံနိုင်သလို ထပ်မံစိုက်ကြည့်နေမိသည်။

"ဟုတ်တယ် ငါ့ချစ်သူက ကောင်လေးတစ်ယောက်.....သူ့ကို ငါအရမ်းချစ်သလို သူကလည်းငါ့ကို သိပ်ချစ်တာ...အခုငါနင့်ကို လာတွေ့တယ်ဆိုတာ နင်နဲ့ ထပ်ပြီး မပတ်သက်ချင်တော့လို့....ငါသွားတော့မယ်.....''

ပြောပြီးလှည့်ထွက်သွားတဲ့ Tae Hyung ရဲ့ ကျောပြင်ကို ကြည့်ပြီး Sang Mi မှာ တက်ကို ပြင်းပြင်းခေါက်ရင်းကျန်ခဲ့သည်။

"ဘာ!!..Tae နင့်ချစ်သူက ကောင်လေးတစ်ယောက် ဟုတ်လား.....ဘာမဟုတ်တဲ့ ကောင်လေးတစ်ယောက်ကို ငါက အရှုံးပေးရမှာလား....Yoo Sang Mi ရဲ့ ဘဝမှာ လိုချင်တာကို ရအောင်ယူတက်တယ်ဆိုတာ နင်မြဲမြဲ မှတ်ထားလိုက်....စောင့်ကြည့်နေလိုက် နင့်က ငါ့အပိုင်ပဲ ဖြစ်စေရမယ်.....''

Remember(Completed)Unde poveștirile trăiesc. Descoperă acum