Jennie's P.O.V
ဒီအသံကိုရင်းရင်းနှီးနှီးကြားဖူးနေသလို... Ji... Jisoo unnie!!??

Jisoo : တခုခုတော့ပြောပါဦး Jennie လေးရယ်

Jennie ဖုန်းကို ချက်ချင်းလိုက်တယ်

Jisoo ရဲ့နားထဲမှာ ဖုန်းချသွားတဲ့အသံကို ကြားလိုက်ရပြီး

Jisoo : Jen... Jennieya!! hajima!!!

ဖုန်းပြန်ခေါ်သော်လည်း ဖုန်းမကိုင် Jennie စက်ပိတ်လိုက်တယ်

Jennie's P.O.V
Minyanhae unnie... ကျမဒီလိုမလုပ်ရင် အစ်မကို ဆက်ပြီးတွယ်တာနေမိလိမ့်မယ် ... အစ်မသူနဲ့ပဲ ကောင်းကောင်းနေပါနော်... အစ်မကို ဒီအတိုင်းပဲလွမ်းနေပါ့မယ်... Jennie ပြန်လာတဲ့အချိန်ကျ ရင် အစ်မလည်း သူနဲ့ လက်ထပ်လောက်ပြီးပြီပေါ့

-------------------------------------------------------

~~~~~~~Jisoo~~~~~~
သူမထွက်သွားတဲ့တစ်နှစ်ဟာ အရမ်းကိုကြာရှည်လွန်းတယ်
ဘာလို့သူနဲ့ကျမနဲ့ အတူတူရှိနေခဲ့တဲ့ လွန်ခဲ့တဲ့ တစ်နှစ်ကျတော့ အရမ်းမြန်နေပြီး အခုကျတော့မှဘာလို့ အရမ်းနှေးနေရတာလဲ?? Jennie လေးကို ပြန်တွေ့ချင်လှပြီဟာ...... ရင်ထဲမှာအရမ်းဟာလာဟင်းလင်း ဖြစ်နေတယ်... Lisa နဲ့ Rose နဲ့က နှစ်သိမ့်ပေးပေမယ့် ကျမသူ့ကိုမှ မမေ့နိုင်တာ မေ့ဖို့ကြိုးစားခဲ့ဖူးပါတယ် ဒါပေမယ့် ဦးနှောက်ကပြောနေတာတွေကို နှလုံးသားကမှလက်မခံနိုင်ခဲ့တာ ... တစ်နှစ်လုံးလုံးအဆက်အသွယ်ပြတ်နေခဲ့ တယ် Lisa တို့ Rose တို့ရဲ့ဖုန်းmessage တွေ phone call တွေကိုလည်း ရှောင်နေတယ် သူ့ရဲ့ ဘယ်social account ကိုမဆို သူရှောင်နေတယ်... ကျမဘယ်လို လုပ်ရမလဲမသိတော့... သူမကို အကုန်လုံးကိုရှင်းပြချင်တယ် ... ပြီးတော့ပြန်ပြီးလည်းတွေ့ချင်တယ် တစ်ခါတစ်လေတော့လည်း သူမဘာလို့ဒီလိုလုပ်ခဲ့တာလဲလို့
စဉ်းစာရင်းသူမကို နာကြည်းမိတယ် ... ဒါပေမယ့် Jennie မှားခဲ့တဲ့ ကိစ္စမှမဟုတ်တာ ကျမလုပ်ခဲ့တာတွေပဲကို......
Jennie ...... နင့်ကိုပြန်တွေ့ချင်နေပြီ......

~~~~ Jennie ~~~~~
ကျမ ဒီမှာအကောင်းဆုံးကြိုးစာနေတယ်... မကြာခင်တစ်နှစ်ဆိုတာကလည်း ပြီးတော့မှာလေ ...ပြီးရင် SK ကိုပဲပြန်ရမှာပေါ့ ဘာပဲဖြစ်ဖြစ် SK ကကိုယ်မွေးရပ်မြေဆိုတော့ ဒီမှာနေရတာထက် ဟိုမှာနေရ
တာက အများကြီးပိုအဆင်ပြေတယ်...... ဒါပေမယ့် ကျမ မပြန်ချင်တဲ့အကြောင်းတော့ရှိတယ် ... ဟိုပြန်ရောက်ရင် JISOO unnie နဲ့ပြန်တွေ့နေမှာစိုးတယ်......
ကျမတစ်နှစ်လုံးသူ့ကို မေ့နေတဲ့အချိန်ဆိုတာ ရှိမယ်လို့မထင်
သူ့ကိုချစ်ရက်နဲ့ ရှောင်နေတယ်... ပစ်ထားတယ် .... အဲဒါတွေဟာ ကိုယ့်ကိုကိုယ်ရော Jisoo unnie အပေါ်မှာ ရက်စက်ရာကျနေမယ်ဆိုတာ ကျမသိပါတယ်
ဒါပေမယ့် ကြာတော့လည်း သူမ မေ့သွားမှာပါလေ......

You're mine forever [completed]Unde poveștirile trăiesc. Descoperă acum