Battle 2

11.5K 727 3
                                    

Zawgyi

မှောင်မဲနေသော ကောင်းကင်ပြင်ကြီးထက်မှာ
အိပ်တန်းတက် ငှက်ငယ် လက်ကျန်တစ်ချို့တောင် ရှိမနေကြတော့..။

တစ်ခုတည်းသော ထွန်းလင်းနေသည့် စန္ဒာလမင်း သည်ပင် ငိုက်မြည်းစပြုနေပြီ..။

ဘေးနား ပတ်ဝန်းကျင်မှာလည်း ကွန်တိန်နာ ကြီးတွေ စီတန်းလျက် ရပ်ထားသည်ကလွဲ၍ ပကတိတိတ်ဆိတ်နေသည်..။

"ဘာဖြစ်လို့များ ဒီ အချိန်ကြီး ချိန်းရတာလဲ.."

ဘယ်ဘက်လက်ကောက်ဝတ်ဆီမှာ ပတ်ထားသည့် နာရီက ညွှန်ပြနေသည့် ၁၁ နာရီ ၅၀ မိနစ်ဆိုသော အချိန်သည် ကျွန်တော့်ဒေါသ ကို ဆွနေသလို..။

"မကောင်းမှု လုပ်စားနေတယ်ဆိုပေမယ့်လဲ
ဒီလောက်တောင်မှပဲ အလင်းကြောက်ရလား.."

ဒေါသ ထွက်စ ပြုလာသည့် စိတ်အခြေအနေကို
ပေါက်ကွဲ ခြင်း ဘက်ကို ကူးပြောင်းလိုက်သော
စကားလုံးတစ်ချို့က သာယာ နာပျော်ခြင်း ကင်းမဲ့စွာ ပင် ကျွန်တော့်နှုတ်ဖျား ဆီ က ထွက်ကျလာခဲ့သည်..။

ဘေးနား က Min Hyuk ကတော့ ကျွန်တော်နဲ့ ဆန့်ကျင်စွာ ..။

ကားစတီယာရင် ထက် လက်တစ်ဘက်ကို ခပ်လျော့လျော့ တင်ထားပြီး ကျောကုန်းကို မတ်မတ်ထားကာ ထိုင်နေသည့် သူ့ပုံစံက သတိအနေအထား နဲ့ အသင့်ဖြစ်နေသလိုမျိုး..။

" ကျွန်တော်တို့ ရထားတဲ့ သတင်း က အမှန်ဖြစ်နေမလားမသိဘူး"

"မပြောတတ်တော့ဘူးကွာ.."

ဘာမှ ရှိမနေသည့် အမှောင်ထုထဲကိုပင်
အန္တရာယ် တစ်ခုခု ထွက်ပေါ်လာတော့မည့်အလား စူးစိုက်ကြည့်နေရင်း ပြောလာခဲ့သည့် စကားကြောင့် ကျွန်တော် သက်ပြင်းမော တစ်ချက်သာ ချဖြစ်လိုက်သည်..။

ပြီးနောက် ကားအနောက်ခန်းမှာ ရှိသည့်
ကျွန်တော်တို့ တွေ ဒီအချိန်ကြီးမှာ
လူမပြောနဲ့ ကြောင်တစ်ကောင်တောင် ဖြတ်လျှောက်မနေသည့် ကွန်တိန်နာ အပျက်တွေထားရှိသည့် ဒီလိုနေရာမှာ ရောက်နေရခြင်း၏ အဓိက အကြောင်းခြင်းရာဆီ လှည့်ကြည့်မိတော့
သူက နေရာ မပျက် ပင် ငြိမ်သက်စွာရှိနေသည်..။

Battle [ Completed ]जहाँ कहानियाँ रहती हैं। अभी खोजें