Junmyeon က​တော့သတိထားမိပုံမရ....~
ရှေ့ကိုသာကြည့်​ရင်းဆက်​​လျှောက်​​နေသည်​...

Yifan ပြုံတုံးတုံးလုပ်​ရင်း... Junmyeon လက်​ကိုသူ့ရဲ့လက်​​​ကြားကျစ်​ကျစ်​ပါ​အောင်​ ဆုပ်​ကိုင်​လိုက်​သည်​...

သူ့လက်​ရက်​​ကြောင့်​ Junmyeon ကိုယ်​​လေးတွန့်​သွားသည်...ဒါမဲ့ဘာမှမ​ပြော ရှက်​ပြုံးကြီးနဲ့သာ ပြုံး​နေ​လေတယ်​...~

ပန်းခြံထဲမှာထိုင်​ရင်း က​လေး​တွေ​ဆော့ကစား​နေတာကိုထိုင်​ကြည့်​ပြီး ဟိုဟိုသည်​သည်​...စပ်​မိစပ်​ရာစကား​တွေ​ပြောကြရင်း... သူတို့နှစ်​​ယောက်​ကြားက ကို့ရိုးကားယားနိုင်​တဲ့အ​ခြေအ​နေက တဖြည်းဖြည်း အဆင်​​ပြေလာသလို... တစိမ်းဆန်​မ​နေ​တော့ဘဲ
တစ်​​ယောက်​နဲ့တစ်​​ယောက်​လဲ ရင်းရင်းနီးနီးပိုရှိလာသည်​...

ကုန်တိုက်တစ်ခုထဲမှာ Window shopping ထွက်ကြပြီး ညနေပိုင်းရောက်တော့

KFCက ကြက်​​ကြော်​နဲ့ cocacola တစ်​ခွက်​​သောက်ပြီး သူတို့နှစ်​​ယောက် အိမ်ပြန်ခဲ့သည်...။

ဆိုင်ကယ်​ကိုအိမ်​​ရှေ့ရပ်​လိုက်​သည်​နှင့်​ Junmyeon ဆိုင်​ကယ်​​ပေါ်ကဆင်းလိုက်​ပြီး...

"ဒီ​နေ့အတွက်​ ​ကျေးဇူးတင်ပါတယ်​ Yifan Hyung ကျွန်​​တော်​ ​ပျော်​ခဲ့ပါတယ်​..."

"​ကျေးဇူးတင်​တာ စကားနဲ့ပဲလား??"

Yifan စကား​ကြောင့်​ Junmyeon ​ခေါင်း​လေး​စောင်းကာ နားမလည်​သလိုဖြင့်

"အင်​...ဘယ်​လိုတင်​ရမှာလဲ?"

Ahhhh... ဘာလို့ချစ်​ဖို့​ကောင်း​အောင်​​ပြော​နေတာလဲ ယုန်​​ပေါက်​​လေးရယ်​!!

"ဒီလို​လေ"

သူ့ရဲ့ နှုတ်​ခမ်းကို လက်​ညိုးညွှန်​ပြရင်း 'နမ်း' ဆိုတဲ့ပုံစံနှင့်​ Yifan နှုတ်​ခမ်းကိုစူလိုက်​သည်​...

ဒါ​လေးနမ်းခိုင်းတာကိုမျက်​လုံးပြူး မျက်​ဆန်​ပြူးဖြစ်​သွား​တဲ့ Yifan ဟပ်​ခနဲရယ်​လိုက်​ပြီး...

Junmyeon ဆံပင်​​လေးကိုဖွရင်း

"Aigoo ​နောက်​တာပါဗျာ...~"

Dragon's Little BunnyOnde histórias criam vida. Descubra agora