Part - 19 ❤️🩺

Start from the beginning
                                    

"ညည်းတို့ကလဲ ကျုပ်ဘက်လှည့်လာတယ်.....ကျုပ်က ညည်းတို့ကို လိုက်ထိန်းနေတာပါနော်"

"ဟုတ်ပါပြီဟယ်......"

"ကဲ.....ငါတို့ လူစုံတုံးလေး စကားလေးပြောကြတာပေါ့"

"အေးပါဟယ် ဂျူဂျူ နင်ကလေ ဘယ်အချိန်စကားမပြောတာရှိလဲ သေရင်တောင်လေ အခေါင်းထဲက ထပြီး ဟိုဟာလုပ်ဒီဟာလုပ်ပြောနေမယ့်ဟာမ"

"နင်ကလဲ.......ငါစကားများတာသိရဲ့သားနဲ့"

"သိပါတယ် နန္ဒာဆို ပိုသိတယ်။ငါတို့ရန်ဖြစ်ရင် သူကကြားထဲကလေ"

"ကဲပါ......အခုနည်းနည်းလေးသောက်တာပေါ့.....ဟိုအစ်မကြီးက ပဲနို့ပဲသောက်နော်"

"နင်တို့နှစ်ယောက်ကို ငါလုပ်မိတော့မယ်နော်"

"ကဲပါဟယ် စကားမများကြနဲ့ စားစရာရှိတာစား ‌သောက်စရာရှိတာသောက် ပြောစရာရှိတာပြောကြမယ်"

"အိုကေ......."

"ဒါနဲ့ နင်မမကို ဘာလို့လက်ခံလိုက်တာလဲ..."

"ချစ်လို့ပေါ့ဟယ်...."

"အမလေး အရင်ကဆို ဘုန်းမင်းထိုက်မှ ဘုန်းမင်းထိုက်ဖြစ်နေတဲ့ဟာမက"

"နင်ကလဲ အဲ့တာအရင်ကလေ.....အခုတော့ ငါချစ်တဲ့သူက မ တစ်ယောက်ထဲ"

"ဂျူဂျူရေ နင်သောက်ဖို့၀ယ်လာတာ မှားပြီထင်တယ် မူးနေရင် အချစ်အကြောင်းတရားနာရတော့မယ်"

"ဟား...ဟား....ထားလိုက်ပါ ဒါမှ မမကို တကယ်ချစ်မချစ်သိရမှာ"

"နင်တို့ကလဲ ငါက မမူးလဲ မ အကြောင်းပဲပြောမှာ...."

"ကောင်မစုတ်လေး..."

"ငါကလေ မကို..........................."

စုတစ်ယောက် သူချစ်ရတဲ့ ကောင်မလေးအကြောင်းပြောရင်း အချိန်တွေကုန်သွားသည်ကို သတိမထားမိပေ။ဂျူဂျူကတော့ မူးပြီးမှောက်သွားလေသည်။သူပြောသမျှကိုနားထောင်ပေးနေရသည်မှာ နန္ဒာတစ်ယောက်ပင်။

ခဏကြာတော့ စုလဲ တော်တော်မူးသွားပြီထင်တယ်။မှောက်သွားတော့သည်။
.
.
.
.
.
.
.
တစ်ဖက်က မြကတော့ သူ့အကြံအစည်အောင်မြင်ရန်သာ စဉ်းစားနေလေရဲ့

ကျွန်မချစ်သော မမဆရာ၀န် (U+Z) (Complete)Where stories live. Discover now