" နှင်းရည်.... သူတို့က "

" ​သြော်....ငါ ခေါ်ထားတာလေ။ "

" လူတွေ အများကြီးဟယ်။ ငါ ကြောက်တယ်။ "

ခပ်ရွံ့ရွံ့လေး ဖြေလာသည့် သျှင်မင်းကြောင့် နှင်းရည်က စိတ်ဆိုးသွားဟန်ရသည်။

" ငါ့ဘဝမှာ တစ်ခါမှ လူအများကြီးနဲ့ မွေးနေ့ပွဲ မလုပ်ဖူးလို့ပါ။ နင် ပြန်ချင် ပြန်လေ။ ငါက နင့်ကိုတော့ ငါ့မွေးနေ့မှာ ရှိစေချင်ခဲ့တာ။ "

သျှင်မင်း စိတ်မကောင်းလေး ဖြစ်သွားရသလို နှင်းရည်ကို ကမန်းကတန်း လက်လေးဖေးကိုင်မိသည်။

" မဟုတ်ပါဘူးဟာ....ငါ နေပါ့မယ်။ စိတ်မဆိုးနဲ့နော်။ "

အခုမှ ပြုံးရွှင်သွားသည့် သူငယ်ချင်း ဖြစ်သူကို ကြည့်ပြီး သျှင်မင်း တကယ် ရင်ထဲမကောင်းနိုင်။ အေးလေ...ငယ်ငယ်ထဲက တစ်ကောင်ကြွက် မို့ နှင်းရည်ဘဝဟာ ခြောက်ကပ်ကပ်နိုင်သည်။ဘသူလဲ ပျော်ရွှင်တဲ့ မွေးနေ့လေးပဲ ဖြတ်သန်းချင်မှာပေါ့။

နှင်းရည် သျှင်မင်းလက်ကို ဆွဲလာရင်းမှ အိမ်ထဲ ဝင်လာရင်း နှုတ်ခမ်းလေးကို မသိမသာမဲ့မိသည်။

ဟုတ်တယ် သျှင်မင်းယာ...ငါ့မွေးနေ့မှာ နင့်ကို ရှိစေချင်တယ်။ နင့်အတွက် ဖန်တီးထားတဲ့ ငရဲတွင်းမို့ပဲ။

@@@@@@@@@@

စည်းချက်ကင်း အပြင်ထွက်သွားသည်ဆိုသော သျှင်မင်းကြောင့် ဖုန်းလှမ်းဆက်ကြည့်ပေမယ့် သူမလေးက မကိုင်တာမို့ ရင်ထဲ ပူသွားရသည်။ သူ့ကို အရမ်းများ စိတ်ဆိုးသွားသလား စိုးရိမ်မိရင်း လူက ထူပူလာကာ ဘယ်လိုမှ မနေတတ် မထိုင်တတ်။

" ကျစ်....ဒုက္ခပါပဲကွာ။ "

တစ်ယောက်ထဲ မချင့်မရဲ ငြီးငြူလိုက်မိရင်းမှ လိုင်းပေါ်မှာများ ရှိမလား အတွေး နဲ့အတူ ဖုန်းဖွင့်ကြည့်လိုက်တော့ သူမလေးက လိုင်းပေါ်ပင် မရှိ။

" ဟင်...."

ဖုန်းမြည်သံကြောင့် အသဲအသန် ကြည့်မိတော့ နှင်းရည်ဆီကမို့ မကိုင်ချင်ပေမယ့် သူမလေးနဲ့ များ အတူရှိနေမလား တွေးမိကာ ဖုန်းကိုင်လိုက်သည်။

ချစ်ကြိုးရှုပ် ( Complete) जहाँ कहानियाँ रहती हैं। अभी खोजें