ထိုအသံကို သူရင်းရင်းနှီးနှီးသိတာပေါ့

ယောန်ဂျွန်းဟျောင်းရဲ့အသံဘဲကို-

သူ့ရဲ့အသက်သခင်ဘဲ..

-

-

-

ထယ်ဟျွန်းအသက် ၈နှစ်တုန်းက ပန်းခြံတစ်ခုမှာပျော်ပျော်ရွှင်ရွှင်ကစားနေရင်း သူ့ရဲ့ဘောလုံးလေးဟာရေထဲကိုကျသွားတော့တယ်။

ထယ်ဟျွန်းဟာအနားမှာရှိတဲ့တုတ်နဲ့လှမ်းယူဖို့လုပ်ပေမဲ့တုတ်ကတိုနေခဲ့တယ်။အဲ့တာနဲ့ အရှေ့ကိုအနည်းငယ်တိုးလိုက်တဲ့အချိန်မှာ ထိုရေကန်ထဲကိုပြုတ်ကျသွားခဲ့တယ်။

အမေဖြစ်သူဟာချက်ချင်းပြေးလာခဲ့ပေမဲ့ ရေမကူးတတ်တော့တစ်ခြားသူကိုအကူညီလှမ်းတောင်းနေခဲ့တယ်။

လူတွေဟာကူညီဖော်မရှိဘဲဘေးကနေ ကြောင်ကြည့်နေခဲ့ကြတယ်။

ထယ်ဟျွန်းဟာ တစ်ဖြေးဖြေးမျှော်လင့်ချက်မဲ့လာခဲ့တယ်။

သူ့ဘဝကဒီတိုင်းဘဲအဆုံးသတ်သွားတော့မှာလား..

ထိုချိန်မှာ ရေထဲကိုလူတစ်ယောက်ဒိုက်ပင်ထိုးလိုက်တဲ့အသံကြားလိုက်ရတယ်။သူမျက်လုံးမမှိတ်ခင်နောက်ဆုံးမြင်းလိုက်ရတဲ့ အရာက ထိုသူကအလယ်တန်းကျောင်းသားတစ်ယောက်ဆိုတာဘဲ။

ထိုသူဟာ သူ့ကိုကယ်တင်သွားခဲ့တယ်။

ထိုသူကျေးဇူးကြောင့် သူသေမဲ့ဘေးကလွတ်လာခဲ့တယ်။

မကြာပါဘူး လူနာတင်ယာဉ်တွေရောက်လာခဲ့တယ်။သူမသ်လိုက်ခင်မှာဘဲထိုသူရဲ့ရင်ဘက်က ရင်ထိုးတံဆိပ်လေးကို ထယ်ဟျွန်းဆွဲထားခဲ့တယ်။

-

-

-

ထယ်ဟျွန်းသတိပြန်လည်လာတဲ့အချိန်မှာ ဆေးရုံကိုရောက်နေခဲ့ပြီ။

သူ့အမေပြောတာတော့သူက ထိုသူရဲ့တံဆိပ်ကိုဆွဲထားခဲ့တာကြောင့် ကယ်တင်ရှင်ရဲ့နာမည်ကိုသိလိုက်ရတယ်။

ထိုသူက-

ချွဲယောန်ဂျွန်း

-
ထိုအခန်းထဲမှာပစ္စည်းတွေရှာဖွေကြည့်လိုက်တဲ့အချိန်ထိုရင်ထိုးတံဆိပ်လေးကိုတွေ့လိုက်ရတယ်။

Deja VuNơi câu chuyện tồn tại. Hãy khám phá bây giờ