''မသွားသေးဘူးလား''

''အင်း သွားမှာ''

ပြောပြီးသူကားစက်နှိုးလိုက်၏။

အမှန်တိုင်းပြောရရင်တံတိုင်းသူမကိုစတွေ့ကတည်းသူမရဲ့အပြုအမူတွေကိုစိတ်ဝင်စားခဲ့ပြီးသူမရဲ့ချစ်စဖွယ်မျက်နှာလေးကိုလည်းသဘောကျခဲ့မိတာမို့ခုလိုနီးကပ်သွားတဲ့အခါတိုင်းရင်ခုန်သည်။

ဒါကအချစ်လားဆိုပြီးသူ့ကိုယ်သူမေးကြည့်ရင်လည်းမဖြေကမရှိ။
သူမကိုဆိုအရေးပေးချင်နေမိတာကလည်းတစ်ဒုက္ခပါပဲ။

🌳🍁🍁🌳

သူတို့ကုမ္ပဏီရောက်တော့ဝန်ထမ်းတွေကကွက်ကြည့်ကွက်ကြည့်လုပ်နေပြန်လေသည်။

အချင်းချင်းလည်းတီးတိုးတီးတိုးနဲ့ဘာတွေပြောနေကြမှန်းမသိ။

ဒီဇိုင်းအဖွဲ့ထဲတွင်...

''ဟဲ့သိလား မနေ့ကရုံးဆင်းတော့ဘော့စ်ရဲ့အတွင်းရေးမှူးကိုဘော့စ်ရောကိုဟိန်းထွဋ်ရောကိုဓူဝံရောကအိမ်ပြန်လိုက်ပို့မယ်ဆိုပြီးလုနေကြတာ''

''ဟုတ်လား ကြည့်ရတာဇာတ်လမ်းတစ်ပုဒ်ကြားရတော့မယ်ထင်တယ်''

''ငါတော့အဲ့အတွင်းရေးမှူးကိုကြည့်လို့မရပါဘူး သူကဘာအင်တာဗျူးမှမဖြေပဲအလုပ်တန်းဝင်လာတာ ပြီးတော့ဘော့စ်အခန်းထဲမှာနေရတာ ဒီမနက်လည်းသူတို့တူတူလာကြတာ''

ထိုစဥ်

''သူများအတင်းပြောမယ့်အစားကိုယ့်အလုပ်ကိုဖိဖိစီးစီးလုပ်တာမကောင်းဘူးလား''

''ခေါင်း ခေါင်းဆောင်''

''ဒီလပြီးရင်နောက်လအတွက်ဇီဒိုင်းအသစ်ထုတ်ရတော့မှာ နင်တို့ဘာတွေပြင်ဆင်ပြီးပြီလဲ''

သုသုစကားအဆုံးမှာအဖွဲ့တစ်ခုလုံးကအပ်ကျသံပင်မကြားရအောင်တိတ်ဆိတ်သွား၏။

''သူများကိုယ်ရေးကိုယ်တာကိုစိတ်ဝင်စားမယ့်အစားကိုယ့်အလုပ်ကိုပဲပြီးအောင်လုပ်ကြ ငါနောက်ထပ်ဘာသံမှမကြားချင်ဘူးနော်''

''ဟုတ်ကဲ့ပါခေါင်းဆောင်''

ထိုအခိုက်ဟိန်းထွဋ်တစ်ယောက်အညိုရောင်စက္ကူအိတ်လေးတစ်ခုနဲ့ကော်ဖီ​ဗူးကိုကိုင်ကာရောက်လာပြီး

ရူးရူးမူးမူး...အချစ်ဦး[completed]जहाँ कहानियाँ रहती हैं। अभी खोजें