ဝမ်းနည်းစရာကောင်းစွာပင် သူ လူမှားယုံမိခဲ့၏။

ထိုစာသင်ဖက်သည် အချိန်ခရီးသွားသူ ဖြစ်နေခဲ့သည်။ ထိုလူသည် အလွန်တစ်ကိုယ်ကောင်းဆန်ပြီး ကလေးဘဝကတည်းကပင် ရင့်ကျက်မှု မရှိခဲ့သလို မည်သည့်အခါကမျှလည်း ရင့်ကျက်လာခြင်းမရှိခဲ့ပေ။ သူသည် သူ့ကိုယ်သူ ကမ္ဘာ၏ အဓိကဇာတ်ကောင် ဖြစ်သင့်သည်ဟုအမြဲတွေးခဲ့ပြီး သခင်လေးသည်လည်း ထိုအချိန်က သူ့အတွက် အကူအညီရရန် ရှိနေခဲ့သောရွှေလက်ချောင်းဟု သတ်မှတ်ခဲ့၏။ သူ၏ဘ၀ကို စတင်မည်ဖြစ်ပြီး ထိုသခင်လေးသည်လည်း ရှင်သန်နိုင်မည်ဟု မထင်ခဲ့ချေ။ ထိုလူသည် မိသားစုတံဆိပ်ကိုယူ၍ သခင်လေးအယောင်ဆောင်ကာ စစ်သူကြီးကိုရှာခဲ့သည်။

ထိုအချိန်မှစ၍ ချောမွေ့သော ခရီးလမ်းဖြစ်ခဲ့၏။ အချိန်ခရီးသွားခြင်းမှ ရထားသော မှတ်ဉာဏ်များနှင့် သခင်လေးအနားတွင်နေ၍ သခင်လေး၏ ဆောင်းပါးများစွာကို ဖတ်ရှူထားလိုက်ရခြင်းတို့ကို ထိုလူက တိတ်တဆိတ် ကျေးဇူးတင်မိသွားသည်။ သူသည် ဧကရာဇ်စာမေးပွဲတွင်ကောင်းစွာရေးဖြေနိုင်ခဲ့ပြီး တစ်မုဟုတ်ချင်း ထိပ်တန်းကျောင်းသား ဖြစ်လာခဲ့၏။

စစ်သူကြီးက သူ့အားကျေးဇူးရှင်၏သားအဖြစ်ရှုမြင်သည့်အပြင် ထိပ်တန်း‌ကျောင်းသား ဖြစ်လာသောကြောင့်လည်း အလွန်သဘောကျအထင်ကြီးခဲ့သည်။ စာသင်ဖက်၏ ရည်ရွယ်ချက်ရှိရှိ သို့မဟုတ် ရည်ရွယ်ချက်မရှိသော အစီအစဉ်များနှင့်အကြံအစည်များကြောင့် ထိုလူနှစ်ဦး အတူတကွရှိလာကြ၏။ ထိုအချိန်မှစ၍ သူတို့လမ်းကြောင်းတွင် ရှိသော ဆူးညောင့်ခလုတ်များကို အတူတကွ ဖယ်ရှားကြသည်။ နောက်ပိုင်းတွင် ထိုသူနှစ်ဦး မြို့တော်တွင် ခြေကုပ်မိလာပြီး ယောက်ျားနှစ်ဦး ဖြစ်သော်ငြား ဂုဏ်သတင်းကျော်စောခဲ့၏။

သခင်လေးသည် ခရီးတစ်လျှောက်လုံနေမကောင်းဖြစ်နေပြီး ဆေးဝါးများကို ရေလိုသောက်သုံးနေခဲ့ရသည်။ သူသည်လမ်းတစ်လျှောက်လုံး နေမကောင်းသောကြောင့် ငွေများကိုမြန်မြန်ဆန်ဆန် အသုံးပြုခဲ့ရ၏။ သူ့အစေခံလေးသည်လည်း သူ့သခင်လေးအတွက် ဆေးဝါးများခိုးယူမိသောကြောင့် သေသည် အထိအရိုက်ခံခဲ့ရသည်။ သခင်လေး၏နာမကျန်းမှုသည် မည်သည့်အခါကမျှ သက်သာမှုမရှိသော်ငြား  ကိုယ်တိုင်စစ်သူကြီးရုံးသို့ သွားေရာက် မေးမြန်းခဲ့၏။ ထိုအချိန်မှသာ သူ၏ စာသင်ဖက်နှင့် စစ်သူကြီး အကြောင်းအား ကြားသိလိုက်ရတော့သည်။

ငါ့အမြှီးကို ဘယ်ကောင်ထိတာလဲကွ 🦊Unde poveștirile trăiesc. Descoperă acum