တူဆာကြယ်ပေါ်မှဇက်တို့သည် ကုဟွိုက်ကို အကောင်ပေါက်ပုံစံလေးဖြင့်မတွေ့မြင်ခဲ့ကြဖူး၍ အတော်လေးနောင်တရခဲ့ကြရသည်။ ယခုမူ သူတို့၏နောင်တက ရုတ်တရက်ပျောက်ကွယ်သွားခဲ့ပြီ။ ၎င်းတို့၏ အုပ်ထိန်းသူသဘောထားနှင့် ကာကွယ်ပေးလိုသောစိတ်နှစ်ခုလုံးက အမြင့်ဆုံးသို့ရောက်လာခဲ့လေသည်။

ကုဟွိုက်မှာမူ စိတ်ရှုပ်ထွေးနေရဆဲ။ သူဘာကြောင့် ယခုလိုပုံစံဖြင့်နိုးလာရမှန်းမသိသေးပေ။ အစကသူသည် စောင်အောက်တွင်အိပ်နေခဲ့ပြီး အိပ်နေစဉ်မှာပင် အကောင်ပေါက်လေးပုံစံပြောင်းသွားခဲ့သည်။ထို့နောက် သူနိုးလာသည့်အခါ ရုပ်ပိုင်းဆိုင်ရာတွင်ပြောင်းလဲမှုဖြစ်နေသည်ကိုသတိထားမိပြီး စိတ်ဝိညာဉ်ဆက်သွယ်မှုကိုချက်ချင်းချိတ်ဆက်နိုင်ခဲ့၍ အံ့အားသင့်သွားခဲ့ရသည်။

ယခုမူ သူ၏ခန္ဓာကိုယ်က ဤပုံစံအတိုင်းဖြစ်နေခဲ့ပြီး ၎င်းကိုသူကိုယ်တိုင်လုပ်ခဲ့မိခြင်းဖြစ်ကြောင်း သဘောပေါက်သွားခဲ့သည်။ သူပုန်များကိုနှိမ်နင်းနေစဉ်အချိန်တွင် ကုဟွိုက်သည် စိတ်ဝိညာဉ်ဆက်သွယ်မှု၏ဒုတိယအဆင့်ကို အောင်မြင်သွားခဲ့သည်။ ၎င်းက နောက်ဆုံးတွင်သူ သူ့စွမ်းရည်ကိုလှုပ်နှိုးလိုက်နိုင်ပြီဟုလည်းဆိုလိုသည်။

တိုက်ပွဲအပြီး သူအလ်ဗ်ထံကြည့်လိုက်သည့်အခါ ကုဟွိုက်သည်အလ်ဗ်၏မျက်လုံးထဲတွင် သူ့ကိုယ်သူပြန်မြင်လိုက်ရပြီး သူ့ထံတွင်လည်း အရောင်တူဒေါင်လိုက်မျက်ဆံအိမ်များရှိနေကြောင်း သိလိုက်ရသည်။ထို့ကြောင့် သူသည်အနည်းငယ်မျှ အံ့အားသင့်မှုအတွင်းနစ်မြုပ်သွားခဲ့၏။ မတိုင်ခင်က သူ၏ခန္ဓာကိုယ်တွင်ဇက်တို့၏ ဗီဇအရအသွင်အပြင်မျိုးမရှိခဲ့လေရာ ကုဟွိုက်သည်သူ့ကိုယ်သူ လူသားတစ်ယောက်ဟုပင်အထင်မှားခဲ့သည်။ သာမန်ကဲ့သို့သော ဒေါင်လိုက်မျက်ဆံအိမ်မျိုးရှိရန်မလွယ်ကူပေ။ အိပ်နေစဉ်တွင်လည်း ကုဟွိုက်မှာ ခက်ထန်ကြမ်းကြုတ်သည့်အသွင်အပြင်မရှိရသည့်အကြောင်းအရင်းကို သိချင်နေခဲ့သည်။

ဇက်တို့တွင် အခြားသောအသွင်အပြင်မျိုးများရှိတတ်သည်။ ဥပမာဇက်စစ်တပ်ခေါင်းဆောင်လေးယောက်တွင် အလ်ဗ်သည် ၎င်း၏ငွေမှင်ရောင်အမြှီးကိုထိန်းသိမ်းထားသည်၊ ကာ့ပါးလီယာတွင်မူ ပြတ်သားသောဓားပုံစံဘယ်ဘက်လက်နှင့် အရိုးတောင်ပံများရှိသည်၊ အိုင်းယီတွင်မျက်နှာ၌သွေးကြောများနှင့်ဦးချိုများရှိပြီး စီမိုဒိုတွင် သူ့ကိုယ်သူကာကွယ်ရန် အခွံမာများပိုင်ဆိုင်ထားသည်။

ငါ လူသားမဟုတ်တော့ဘူး [ Completed ]Wo Geschichten leben. Entdecke jetzt