" ကျေးဇူးပါ ကိုကို့အပိုင်ဖြစ်ပေးလို့ ! ကျန့်ကျန့်ကိုပဲနေ့တိုင်းအလိုလိုက်ပါမယ်၊ဘဝဆက်ဆက်တိုင်းကျန့်ကျန့်ကိုပဲကိုကိုအမြဲချစ်သွားမှာပါ ကိုကိုရဲ့
ကျန့်ကျန့် ပြီးတော့ကျန့်ကျန့်ရဲ့ထာဝရနေမင်းကြီးကကိုကိုဖြစ်ပါရစေ ကျန့်ကျန့်လက်ခံမယ်မလား "

" လက်ခံပါတယ်အကိုကျန့်ကျန့်ရဲ့နေမင်းကြီးဖြစ်ပေးတဲ့အတွက်လည်းအကို့ကိုကျေးဇူးအများကြီးတင်ပါတယ်လို့ ချစ်တယ် "

" ကိုယ်ရောမင်းကိုချစ်တယ် "

ကိုကိုကကျန့်ကျန့်ရဲ့နှုတ်ခမ်းလေးကိုကိုင်ကာညင်သာစွာဖြင့်နမ်းရှိုက်လိုက်တော့ လူအများရဲ့လက်ခုပ်တီးသံတွေကြားရတော့တာပဲ။
_____________________________

" ကျန့်ကျန့် "

လမင်းကြီးကိုပြတင်းပေါက်ကနေမတ်တပ်ရပ်ကြည့်နေတုန်းအကိုကကျန့်ကျန့်ရဲ့ခါးကိုအနောက်ကနေဖက်ထားပြီးကျန့်ကျန့်ဟုခေါ်လာလို့ ပြန်ပြောလိုက်တယ်။

" ပြောလေ အကို "

" ကိုကိုတို့အချိန်ကောင်းဖန်တီးကြမလား "

" အကိုနော် "

နှုတ်ခမ်းလေးကိုက်ပြလာလို့ ရိပေါ်စိတ်မထိန်းနိုင်ပဲအသည်းယားစွာဖြင့် ကျန့်ကျန့်ခါးလေးဖက်ထားရင်း ပန်းရောင်းသန်းနေတဲ့နှုတ်ခမ်းလေးကိုနမ်းရှိုက်မိတော့သည်။နှုတ်ခမ်းကိုအဝနမ်းပြီးမှကျန့်ကျန့်ရဲ့နှုတ်ခမ်းအောက်ကမှည့်နက်သေးသေးလေးကိုမြတ်နိုးစွာဖြင့်မွခနဲနမ်းလိုက်မိတယ်။

" ကိုယ် မထိန်းနိုင်တော့ဘူး "

" အကိုနော် "

အကိုကကျန့်ကျန့်ကိုကောက်ပွေ့ချီလိုက်တော့အလန့်တကြားအကို့ပခုံးကိုဖက်လိုက်မိသား၊အောက်ချခိုင်းဖို့ပြောလည်းအကိုကအောက်မချပေးပဲမွေ့ယာပေါ်ညှင်းသားစွာချလာတယ်။ကျန့်ကျန့်အပေါ်အုပ်မိုးလာတဲ့ကိုကို့ကိုအောက်ကနေငေးကြည့်ရင်းကျန့်
ကျန့်ဘက်ကအရင်စကားပြန်စလိုက်တယ်။

" ကျန့်ကျန့် တစ်ခါမှအဲ့လိုမျိုး ~~~ "

" ရှူး ကိုယ်မင်းကိုချစ်တယ်ကျန့်ကျန့် "

ကိုယ့်ရဲ့ထာဝရနေမင်ကြီး  ( Completed ) Unde poveștirile trăiesc. Descoperă acum