ယွမ်ကျိုးက အိပ်ရာပေါ်မှာ လှဲလျောင်းပြီး သူ့ဂုဏ်ပုဒ်ကို တွေးမိသည်။ ထို့ကြောင့် ဂုဏ်ပုဒ်ကို နှိပ်လိုက်ပြီး သူ့တာဝန်အချက်အလက်များကို အသေးစိတ် စစ်ဆေးကြည့်သည်။

ပစ်မှတ် :  စနစ်က မင်း ထိပ်တန်းစားဖိုမှူးဖြစ်လာအောင် အရှေ့တိုင်း နှင့် အနောက်တိုင်းဟင်းလျာများ နှံ့နှံ့စပ်စပ် ကျွမ်းကျင်အောင် ကူညီပေးမည်။

လက်ခံသူဆိုင်ရှင် : ယွမ်ကျိုး (သာမန် ဟန် တရုတ်လူမျိုး)

လိင်အမျိုးအစား  : အမျိုးသား
အသက်  : ၂၄
ရုပ်ပိုင်းဆိုင်ရာ အရည်အသွေး  : C
ဟင်းချက်စွမ်းရည်      : မဆုံးဖြတ်နိုင်သေး
ကျွမ်းကျင်မှု     : မရှိသေး
ကိရိယာ     : မရှိသေး
(ကြက်ဥထမင်းကြော်ကိုသာ ကျွမ်းကျင်စွာ ချက်ပြုတ်တတ်သေးသည့် အတွေ့အကြုံမရှိသေးသူ)

အဆင့်၁

ဂုဏ်ပုဒ် : ဂျုံအစားအသောက် ချက်ပြုတ်မှု ကျွမ်းကျင်သူ
(မီးဖိုချောင်ထဲမှာ အလုပ်လုပ်ရတာ တအားပင်ပန်းနေမှာပဲ။ မင်း ဟင်းချက်စွမ်းရည် တိုးတက်ဖို့ အနားယူချိန် လိုအပ်တယ်။ ဒါကြောင့်မို့ မင်းရဲ့စီးပွားရေးလုပ်တဲ့အချိန်ကို နေ့စဥ် ၆နာရီ လျှော့ချရန် ဆုံးဖြတ်လိုက်တယ်)

“စနစ်ရေ၊ ဒီဂုဏ်ထူးဆောင်ဘွဲ့ကို မလိုချင်တော့ဘူး”

ယွမ်ကျိုးက ယခုမှ စနစ်၏ရည်ရွယ်ချက်ကို သဘောပေါက်သွားသည်။ ဆိုင်ဖွင့်ချိန်က ၆နာရီထက် လျော့နည်းလျှင် သူ ငွေရှာရန် ခက်ခဲလိမ့်မည်။ ဝင်ငွေကလည်း အများကြီး လျော့ကျသွားလိမ့်မည်။ စနစ်က သူ့ကို တမင်တကာ ထောင်ချောက်ဆင်သွားသည်။

စနစ် “  ဂုဏ်ပုဒ်က သူ့အလိုအလျောက် ပျောက်ကွယ်သွားမှာပါ။ ကိုယ့်သဘောနဲ့ကိုယ် ဖယ်ရှားခွင့် မပေးပါဘူး။ အဆင့်မြှင့်တင်လို့ပဲ ရပါတယ်”

ချီးပဲ။

ရေတိုအကျိုးအမြတ်အတွက် ရေရှည်အကျိုးအမြတ်ကို စတေးလိုက်ရသည်။

အရသာရှိသော ရှောင်လုံပေါင်းဖက်ထုပ်ကို ရရှိသွားသော်လည်း ငွေဆုံးရှုံးရသော နာကျင်မှုကို မဖြေသိမ့်နိုင်ပေ။

ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ်ကျိုး)जहाँ कहानियाँ रहती हैं। अभी खोजें