ရိပေါ်ကထောင်နေတဲ့ခေါင်းမွှေးတွေကိုဆွဲဖွလိုက်သည်။မျက်တွင်းတွေချောင်နေကာအိပ်ရေးလဲဝပုံမရ။ဘယ်လိုတောင်အဆင်မပြေဖြစ်နေတာလဲမသိပေ။

"ငါ့မှာစုထားတဲ့ပိုက်ဆံတွေရှိတယ် နင့်ကိုချေးပေးမယ်လေအဲ့ဒါနဲ့ဆိုလောက်မှာပါ ..ဖြေးဖြေးပြန်ဆပ်ပေါ့အဆင်ပြေမှပေးလဲရတယ်"

ရိပေါ်ကပိုင်ရှန်းကော်ကိုနင့်နဲစွာကြည့်လိုက်သည်။သူ့ကိုပြုံးပြနေတဲ့သူငယ်ချင်းမလေးကသူ့အပေါ်အရမ်းကောင်းလွန်းတယ်။

"အဲ့ပိုက်ဆံတွေကနင်ဘားဖွင့်ဖို့စုထားတာမဟုတ်လာ"

"ရပါတယ်..ငါကအရေးမကြီးဘူးနင်ပဲစားဝတ်နေရေးဒီလောက်ခက်နေတာ ငါမကူညီပဲမနေနိုင်ပါဘူး"

ရိပေါ်ကလက်မခံနိုင်ပေ..လုံးဝကိုလက်မခံချင်တာ။ထိုပိုက်ဆံတွေကရှန်းကော်ဘယ်လောက်ထိကြိုးစားရုန်းကန်ပြီးရှာထားရလဲသူအသိဆုံး။သူ့ရှေ့မှာတင်ပင်ပန်းစွာစုဆောင်းထားရတာ..အဲ့ဒါတွေကိုသူကကျော့ကျော့လေးယူသုံးရမယ်တဲ့လာ.ချေးငှားတာဆိုပေမဲ့ လိပ်ပြာမလုံတာရောမာနစိတ်လေးကပါခွင့်မပြုပေ။သူ့ကိုဖြူစင်စွာပြုံးပြနေတဲ့သူငယ်ချင်းကိုကြည့်ပြီး

"ငါလက်မခံဘူး...ငါအလုပ်တစ်ခုရအောင်ရှာမယ် ကုမ္မဏီအလုပ်မရရင်တောင်တခြားကြုံရာအလုပ် လုပ်မယ်ကွာ နင့်ပိုက်ဆံတွေကိုတော့ဘားဖွင့်ဖို့ပဲစုထားလိုက်ပါ"

"ရိပေါ်..နင်ကလေလုံးဝမပြောင်းလဲဘူးပဲ ဘယ်တော့မှသူများဟာအလကားမလိုချင်ဘူး..အင်းပါနင်မလိုချင်လဲရတယ်အကူအညီလိုရင်တော့အချိန်မရွေးပြောပေါ့..ငါတို့ကသူငယ်ချင်းကောင်းတွေပဲ"

"အင်းကျေးဇုပဲရှန်း​ကော်"

ပိုင်ရှန်းကော်ကသူ့ရဲ့ပင်မှည့်သီးဖျော်ရည်ကိုသောက်လိုက်သည်။ရိပေါ်ကသူမကိုငေးကြည့်လို့နေတယ်။ရိပေါ်အံ့သြမိပါတယ်..ဘယ်လိုစိတ်နဲ့များအနှစ်နှစ်အလလစုဆောင်းထားတာတွေကိုသူ့ကိုပုံပေးရဲရတာလဲ..ငါ့အပေါ်အရမ်းယုံလွန်းမနေဘူးလားအရူးမလေးရဲ့။

ရှောင်းကျန့်ကညစာချက်ဖို့ပြင်ဆင်နေလေသည်။ရေခဲသေတ္တာကိုဆွဲဖွင့်လိုက်တော့ခေါက်ဆွဲထုတ်တွေနဲ့ကြက်ဥကဒ်တွေပဲရှိသည်။ခေါင်းကိုကုပ်ပြီးစျေးထွက်ဝယ်ဖို့ပြင်တယ်..ဒါပေမဲ့ပိုက်ဆံအိပ်ကိုဖြဲကြည့်တော့ရာတန်နှစ်ရွက်ပဲထွက်လာတယ်..

No Reason ✔Waar verhalen tot leven komen. Ontdek het nu