အခန်း7

291 55 1
                                    

အခန်း 7

ယန်ကျုံ အထက်တန်းကျောင်းတွင် စုစုပေါင်း အတန်း 26 တန်းရှိပြီး အတန်းအလိုက် အပိုင်းတစ်နှင့် အပိုင်းနှစ် ဟူ၍ခွဲခြားထားသည်။ ပထမဆုံး ဆယ့်သုံးတန်းသည် ပထမအတန်းနှင့်သက်ဆိုင်သည်။ အခန်း7 ၏ဘတ်စကတ်ဘောကစားသည့်အရည်အချင်းသည် အလွန်မြင့်မားခြင်းမရှိသော်လည်း သိသာထင်ရှားသောချို့ယွင်းချက်များလည်းမရှိပေ။  အခန်း4 နှင့် လက်ရည်ညီသည်ပင်။

ဘတ်စကတ်ဘောကွင်း ၁၃ ကွင်းကို တစ်ပြိုင်နက်တည်း ဖွင့်လှစ်ခဲ့ပြီး ပြိုင်ပွဲ13ပွဲအား တစ်ချိန်တည်းတွင် စတင်ခဲ့သည်။

အခန်း 4 သည် "လူတိုင်း အတူတကွပါဝင်ကစားမှုသည် အရေးကြီးဆုံးဖြစ်သည်" ဟူသော နိယာမကို လိုက်နာပြီး ‌နင်အာ ကို ပထမအဖွဲ့တွင် တာဝန်ပေးအပ်ခဲ့သည်။နင်အာသည် ရိုးရှင်းသော တီရှပ်အင်္ကျီကို ၀တ်ဆင်ထားပြီး ယခုလို တရားဝင်အားကစားပြိုင်ပွဲတွင် ပါဝင်ရခြင်းမှာ သူ၏ ပထမဆုံး အကြိမ်ဖြစ်သည်။ အေးမြသောလေနုအေးသည် သူ့အား ဖြည်းညှင်းစွာ တိုက်ခတ်သွားလေ၏။ စတုတ္ထ‌‌မြောက်ပြိုင်သည့်အသင်းပြီးဆုံးသွားချိန်တွင်နင်အာ ထိတ်လန့်တုန်လှုပ်စွာဖြင့် ကွင်းထဲသို့ တိတ်တဆိတ်ဝင်ရောက်လာခဲ့သည်။

ကျန်းချန် သည် ဘေးမှ ရုတ်တရက် ထွက်လာကာ သူ့ပုခုံးကို ပုတ်လျက် ပြုံးလိုက်၏။ "ဒီမှာ၊ ငါ့နောက်ကို လိုက်ခဲ့"

‌နင်အာ က ခေါင်းညိတ်ပြလိုက်သည်။

ဘတ်စကတ်ဘောကွင်းရှိ နှစ်ဖက်စလုံးမှာ အမှတ်အညီအမျှ လိုက်နေ၏။ မင်းနှစ်မှတ်ရရင် ငါတစ်မှတ်ရသွားတယ် ဆိုသည့်အတိုင်းပင်ဖြစ်နေကာ ဂိမ်းက ရှေ့မတိုးတော့ချေ။

‌နင်အာ ကွင်းမှ ထွက်သွားသောအခါ အခန်း 4 က 29 မှတ်ရခဲ့ပြီး အခန်း 7 က သူတို့နှင့်သိပ်မကွာဟသည့် 27 မှတ်ရခဲ့သည်။ အားကစားကွင်းထဲရှိ သူနဲ့ တခြားကောင်လေးတွေက   ထိတ်လန့်တကြား စိုက်ကြည့်နေကြ၏။အခန်း7 မှ အတန်းဖော်များဟာ သူတို့ မျှော်လင့်မထားသည့် ဘောလုံးဟာ ပြုတ်ကျတာကိုတွေ့တော့ သူတို့အသည်းကွဲသွားကြ၏၊

သူတို့ ၏စည်းလုံးညီညွတ်တဲ့ စိတ်ဓာတ်ကြောင့် အခန်း 4 ဟာ ဒီတစ်ကြိမ်မှာ ထူးထူးခြားခြား စွမ်းဆောင်နိုင်ခဲ့ကြသည်။ အခန်း 7 ဟာ အစပိုင်းမှာ ခုခံနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အခန်း 4 က သူတို့ရဲ့ အရှိန်ကို လုံးဝ ဖိနှိပ်ခဲ့၏။ ဒုတိယပိုင်းမှာတော့ အခန်း 4 ရဲ့ အတော်ဆုံးလူစာရင်းမှ လူတစ်ယောက်က ကွင်းထဲသို့ရောက်လာပြီး ဆက်တိုက် ဂိုးတွေသွင်းယူနိုင်ခဲ့ကာ ရမှတ်ကွာခြားချက်က ရမှတ် 20 ကျော်အထိ ရုတ်ချည်းတက်သွား၏။
    ကျွမ်းကျင်သည့် ပညာရှင်မဟုတ်သော အထက်တန်းကျောင်းသူကျောင်းသားများအတွက်၊ ဤကွာဟချက်သည် ကျော်လွန်ရန် မဖြစ်နိုင်သလောက်ဖြစ်ပြီး အခန်း 4 အနိုင်ရတော့မည်မှာ သေချာပါသည်။

A LITTLE LOVE SONG {Complete} Όπου ζουν οι ιστορίες. Ανακάλυψε τώρα